ကလေး လုပ်မယ်ကြံရုံရှိသေး။
“အောင်မာ တာတေ၊ စည်းစိမ်ရစ်နေ
တယ်ပေါ့လေ”
ဒီအသံကြားဖူးပါတယ်ဆိုပြီး ခေါင်းထောင်
ကြည့်လိုက်တော့ ဝိုင်းပေါက်မှာ မားမားကြီး
ရပ်နေတဲ့ ကိုဘစိန်ကြီးဗျ။
” ဟာ…ကိုကြီးဘစိန် လာလေဗျာ၊ ခင်ဗျား
တောင်မှ ရွာပြန်မရောက်တာ အတော်ကြနေပြီပဲ”
ခါးကိုင်းကိုင်းကြီးနဲ့ ကိုဘစိန်ကြီး ကျုပ်ဆီကို လျှောက်လာတယ်။ကိုဘစိန်ကြီးက ကျုပ်ထက်
ဆယ်နှစ်လောက်တော့ ကြီးသဗျ။ပိန်ပိန်ရှည်ရှည်
ခါးကြီးကိုင်းကိုင်းနဲ့ သစ်သားပုန်းကလေး တစ်
လုံး ဆွဲပြီး ဆံပင်လိုက်ညှပ်တဲ့ ဆံသ သမားလေ။
ထနောင်းကုန်းတင် မကဘူး။အနီးအနား
ရွာတွေမှာပါ ညှပ်ရသားဗျ။ သူကလည်း
ကျုပ်လိုပဲ လူစုံတစ်ယောက်ဗျ။ သူနဲ့ မတွဲ
ဖူးတဲ့ သူ သိပ်မရှိဘူး။ အဲ ကျုပ်တို့ရွာက
တော့ သူ့ကို ဆံပင်ညှပ်ခေါ်တာကလွဲရင်
သိပ်ပြီး ဆေးဖော်ကြောဖက်မလုပ်ကြဘူး
ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကိုဘစိန်ကြီး
မှာကလည်း လူရွံ့တဲ့ အကျင့်ဆိုးက ရှိ
နေတယ်လေဗျာ။ တခြားတော့ မဟုတ်
ပါဘူး။ ဘိန်းစားတာလေ။
ဘိန်းမဲကလေးတွေ မီးခြစ်ဆံခေါင်းလောက်
လုံးထားတာဗျ။ သစ်သားမီးခြစ်ပုန်းကလေး
နဲ့ ထည့်လို့။ ဆီကလေးလည်း သုတ်ထား
တော့ မဲမဲပြောင်ပြောင် အလုံးလေးတွေဗျ။
အဲဒီအလုံးကလေးတွေ ထုတ်ထုတ်ပြီး မျို
တာပဲဗ်။
“ငါက ရွာစဉ်လှည့်ပြီး ဆံပင်ညှပ်ရတာ
ဆိုတော့ ဒါလေးစားမှ အပင်ပန်းခံနိုင်တာကွ
ဘိန်းဆိုတာ ဆေးလိုသုံးရင် ဆေးဖြစ်တာပေါ့
ကွာ။ တောင်ပေါ်က အထမ်းသမားတွေ သုံး
တာကွ။ ဝန်ဆွဲတဲ့ လားတွေကိုတောင် ကျွေး
ထားရတာ။ သစ်ဆွဲတဲ့ဆင်တွေကိုလည်း ဒါပဲ
ကျွေးရတာကွ။ဒါပေမဲ့ လူတွေကတော့ ဘိန်း
ဆိုတာနဲ့ နှာခေါင်းရှုံ့ကြတော့တာပေါ့ကွာ။
ဒါကြောင့်လည်း ငါ့ကို ငါ့ကွယ်ရာမှာ ဘိန်း
စား ဘစိန်လို့ခေါ်ကြတာပေါ့၊ ငါ ဆံပင်ညှပ်
ကောင်းလို့သာ ငါ့ကို ခေါ်ကြတာကွ။နို့မို့ဆို
ရင် ငါ့ကိုစကားတောင် ပြောကြမှာ မဟုတ်
ဘူး တာတေရ”
ကိုဘစိန်ကြီးက ခါးကြီးကိုင်းကိုင်းနဲ့ ဝင်
လာပြီး ကျုပ်ဘေးမှာ ဝင်ထိုင်လိုက်ရောဗျ။
“ဇိမ့်လုပ်တာ မဟုတ်ပါဘူးဗျာ။တစ်လလောက်
ရှိပြီဗျ၊ ဘုရားပွဲအတွက် လုံးပန်းနေရတာ ကို
ကြီးဘစိန်ရ။ အခုမှပဲ အားလုံးပုံစံကြသွားလို့
စိတ်လျော့လိုက်တော့မှ လူလည်း ခြေကုန်
လက်ပန်းကျသွားတာဗျို့။ ဒီနေ့တော့ ဘယ်မှ
မသွားဘဲ နားမလို့ တွေးပြီး လဲနေတာဗျ”
“အော် ဒီလိုလား ၊ အေးအေးနားပါကွာ။
ငါကလည်း မင်းကို မတွေ့တာ ကြာလို့
လာတွေ့တာပါ။ မင်းနဲ့ တိုင်ပင်စရာ
ကလေးလည်း ရှိလို့ ”
ဘိန်းစာဘစိန်လို့ ခေါ်တဲ့ ကိုကြီးဘစိန်က
စကားကို ခပ်လေးလေးကြီးပြောပြီး မန်ကျည်း
ပင်ကြီးကို မော့ကြည့်နေတယ်ဗျ။ ကျုပ်ကလည်း
ကွပ်ပျစ်ပေါ်မှာ ချထားတဲ့ နဂါးဆေးပေါ့လိပ်
တစ်လိပ်ကို ယူပြီး ဘိန်းစားဘစိန်ကို ပေးလိုက်
တယ်။
“ရော့ …ဖွာဦးဗျ။ ဖက်ကြမ်းကလေးဘာလေး
အော်…ဒါနဲ့ ကိုကြီးဘစိန် ဟိုဟာလုပ်သေးလား”
“ဘာလဲ ဘိန်းလား”
“အေးလေ”
“ဟာ တာတေကလည်း လုပ်တာပေါ့ကွာ
မင်းကို ငါ ပြောပြဖူးပါတယ်။ ဒါက ငါ့အတွက်
ဆေးပါလို့”
“ဟုတ်ပါတယ်ဗျ၊ ဒါထက် ခင်ဗျား မြို့ဟောင်းသွားတာကြာပြီဆိုတော့
ဟိုမှာရော ဒါတွေကဝယ်ရတာ
လွယ်ရဲ့လား”
“ဟာ တာတေကလည်း မြို့ပါဆိုနေမှ
ကြိုက်တာဝယ်လို့ ရတာပေါ့ကွ”
“မဟုတ်ဘူးလေ ကိုကြီးဘစိန်ရဲ့၊ ဟိုမှာက
ရဲတွေ၊ စစ်တပ်တွေ၊ ထောက်လှမ်းရေးတွေက
ပေါမှပေါသနဲ့ ၊ ဒါတွေ လွယ်ရဲ့လားလို့ ”
“အေး …မင်းပြောတာတော့ ဟုတ်တယ်ကွ။
နာမည်မထွက်အောင်တော့ နေရတာပေါ့ကွ။
ဒီမှာလိုသာ ဘိန်းစားဘစိန်လို့ လူတကာသိ
နေရင်တော့ အဖမ်းခံရတာ ကြာပြီပေါ့ကွာ၊
မြို့ဆိုတော့ လူတွေက အများသားကွ၊ သူ့
ငါ မသိ၊ ငါ့သူ့မသိတွေချည်းဘဲ ဆိုတော့
လွတ်လပ်မှုတော့ ရှိတာပေါ့ကွာ။ သိုသို
သိပ်သိပ်တော့ ရှိရတာပေါ့ကွ”
“အေး ကျုပ်ပြောတာ အဲဒါဗျ။ သတိတော့
ထားနော် ကိုကြီးဘစိန်”
“စိတ်ချပါတာတေရာ၊ ဒါထက် ဘန့်ဘွေးကုန်း
က ပေသီးသတင်း ငါကြားတယ်ကွ၊ ဟိုတစ်
လောက ငွေတွင်းကုန်းက ငထွန်းတို့ ညီအ
ကို မြို့လာလို့ သူတို့ပြောမှ ငါသိတာ”
“မပြောတတ်ပါဘူးဗျာ၊ လူတွေပြောမှပဲ
ကျုပ်လည်း သိတာဗျ”
“ဒါထက် သူ့ကိုသင်္ဂြိုဟ်တော့ ဘန့်ဘွေးကုန်း
မှာလား ငွေတွင်းကုန်းမှာလား”
“ဒါက လူသတ်မှုလို ဖြစ်နေတော့ စခန်းက
အလောင်းကိုယူပြီး မြို့ကဆေးရုံပို့ပြီး စစ်ဆေး
ခံရတာပေါ့ဗျ။ အဲဒီက ပြန်သယ်လာတော့
ဘန့်ဘွေးကုန်းကိုပဲ သယ်လာပြီး သူ့အိမ်ကပဲ
သင်္ဂြိုဟ်တာပေါ့”
“မင်းနဲ့လည်း အတော်ခင်တာပဲ။မင်းလိုက်
ပို့လိုက်မှာပေါ့”
“ဟာ မပို့ဖြစ်ဘူးဗျ။ ကျုပ်ကလည်း အဲဒီရက်
မှာ ဖျားနေတာဗျို့။ အိပ်ယာထဲမှာ တစ်ပတ်
လောက်ကို လဲနေတာ ဆေးထိုးဆရာတောင်
ခေါ်ပြီး ဆေးထိုးလိုက်ရသေးတာဗျ”
“အော်”
ကျုပ်ပြောတာတကယ်ဗျ။ ကိုပေသီးနဲ့
လိုက်သွားပြီး အိမ်ပြန်ရောက်တော့ နောက်
တစ်နေ့မှာ ကျုပ် အပြင်းဖျားရော တစ်ပါတ်
လောက်ကိုကြာတယ်။ လန့်ဖျားခေါ်မလားဗျာ၊
ဒါနဲ့ ဆရာကိုပေသီး အသုဘကို ကျုပ်သွားမ
ပို့နိုင်ခဲ့ဘူးဗျ။
“ဒါနဲ့ ကိုကြီးဘစိန် စောစောက ပြောတဲ့
တိုင်ပင်စရာဆိုတာ ဘာများတုံးဗျ”
“အော် ဖြေးဖြေးပေါ့ကွာ၊ မင်းလည်း
နားချင်တယ် ဆိုရင် နားပါဦး”
“ဟာဗျာ ကိုကြီးဘစိန်ကလည်း ခင်ဗျားက
ပြောမယ်သူ ကျုပ်က နားထောင်ရမဲ့သူ
ဘာပင်ပန်းစရာရှိလို့လဲ ကဲပြော”
“အေး အေး ဒါဆိုလည်း ပြောတာပေါ့ကွာ၊
အော် ဒါထက် မင်းအမေ အရီးလေးငွေစိန်ရဲ့
အဘတို့ရော မမြင်ပါလားကွ”
“မရှိကြဘူးဗျ၊ သူတို့ကလည်း ဆွမ်းတော်ကြီး
အဖွဲ့လေဗျာ။ ချက်ဖို့ပြုတ်ဖို့တွေ စလုပ်နေပြီ
ပေါ့”
“အေး ဒါဆိုရင်တော့ ဟန်ကြသပေါ့ကွာ
လွတ်လွတ်လပ်လပ်ပြောလို့ရတာပေါ့”
“ကိုကြီးဘစိန်ပြောတဲ့ ကိစ္စက ဘာများတုံးဗျ”
“ဒီလိုကွ တာတေရ မင်းအကြောင်းကို ငါက
ဟိုထဲက သိပြီး သားလေး မင်းက အင်မတန်
စိတ်ဓါတ်မာတဲ့ကောင်၊ ပြီးတော့ စွန့်စွန့်စားစား
လုပ်ရတာလည်း အားကြီးဝါသနာပါတာမို့လား၊
ဒါကြောင့် အခုကိစ္စမှာ မင်းနဲ့တွဲမှဖြစ်မှာကွ”
“အလို ဘာကိစ္စများတုံး ကိုကြီးဘစိန်ရဲ့”
“မင်းကြားဖူးမလားတော့ မသိဘူး တာတေရ၊
ဟိုဘက်ရွာ ဘန့်ဘွေးကုန်းမှာနေတဲ့ တရုတ်
ကြီးဟုတ်စိန်လေ”
“ဟာ ကြားဖူးတာပေါ့ဗျ၊ ရွှေသွားဟုတ်စိန်ဆိုတဲ့
တရုတ်ကြီးမို့လား”
“အေး အေး ဟုတ်တယ် သူ့မိန်းမက
ဒေါ်ကျင်ဖော့တဲ့”
“အဲ ဒါတော့ မသိဘူးဗျ၊ ရွှေသွားဟုတ်စိန်
ဆိုတာတော့ ကျုပ်ကြားဖူးတယ်။ ကျုပ်တို့
မမွေးခင်ကတည်းက သေသွားတဲ့လူတွေ
မို့လား ကိုကြီးဘစိန်ရဲ့သူတို့အကြောင်း
တော့ သေသေချာချာ မသိဘူးပေါ့ဗျ”
“အေး ဟုတ်တာပေါ့ကွာ၊ ကဲ ကဲ ငါပြောပြမယ်၊
အဲဒီဟုတ်စိန်ဆိုတဲ့ တရုတ်က ပြည်ကြီးပေါက်
တရုတ်အစစ်ကြီးတဲ့ကွ။ ငါလည်း မမီလိုက်
ပါဘူး။ သူများပြောတာပါ။ သူ့မိန်းမ မကျင်
ဖော့ကတော့ ဒီမှာမွေးတဲ့ တရုတ်မကြီးတဲ့ကွ။
ဘန့်ဘွေးကုန်းမှာ နာမည်ကြီး တရုတ်ဆိုင်
ကြီးလေကွာ၊ ငါတို့ထနောင်းကုန်းတို့ ငွေ
တွင်းကုန်းတို့ဆိုတာ တော်ရုံနဲ့ မြို့တက်စျေး
ဝယ်နိုင်တာမှ မဟုတ်တာ။ဘန့်ဘွေးကုန်း
ကိုပဲ စျေးဝယ်သွားရတာ ပြီးတော့ ရွှေသွား
ဟုတ်စိန်ဆိုတဲ့တရုတ်ကြီးက အပေါင်အနှံ
လည်း ခံတယ်ကွ။ ပဲပေး၊ နှမ်းပေးလည်း
ပေးတယ်ဆိုတော့ ဒီအနီးအနားက ရွာ
သားတွေက အဆင်ပြေတာပေါ့ကွာ”
“ဟာ ဒီတရုတ်လင်မယားကတော့
တော်တော်ကို ချမ်းသာမှာနော်”
“ချမ်းသာတာပေါ့ကွာ၊ သူတို့မှာ သားတစ်
ယောက်ပဲ ရှိတာ ကျင်စိန်းတဲ့။ ဒီလူကို ရန်ကုန်
မှာထားတာ ရွာကို တစ်ခါတလေမှ လာတာကွ
နောက်တော့လည်း ပြန်ပြောင်းသွားတယ်ဆို
လားပဲ”
“ဒါဆို အသက်ကြီးလာတော့ ခက်မှာပေါ့ဗျ”
“အေး အဲဒါပြောမလို့ကွ။ရွှေသွားဟုတ်စိန်ကြီး
သေတာ တရုတ်ရိုးရာအတိုင်း အကြီးအကျယ်
ကို အသုဘအခန်းအနား လုပ်တာတဲ့ကွ။မြို့
က ဘုံကျောင်းက လူတွေဆင်းလာပြီး လုပ်
ပေးကြတာတဲ့ကွ။ဘန့်ဘွေးကုန်းသုသာန်မှာ
အုတ်ဂူကြီး အကြီးကြီးလုပ်ထားတာ မင်းလည်း
မြင်သားပဲ။ အေး တစ်နှစ်လောက်ကြာတော့
တရုတ်မကြီး ဒေါ်ကျင့်ဖော့က သိပ်မမာတော့
ဘူးကွာ။ အဲဒီမှာ မြို့က ဘုံကျောင်းက လူကြီး
တွေ လာခေါ်သွားကြတယ်။ သူတို့နေတဲ့ အိမ်
ကြီးကိုလည်း ဘန့်ဘွေးကုန်းက ဦးတက်ခါးတို့
က စျေးပေါပေါနဲ့ ဝယ်ယူလိုက်ကြတာတဲ့ကွ”
“အော် ဒါနဲ့ နေပါဦး ကိုကြီးဘစိန်ရဲ့၊ ကျနော့်ကို
ပြောမှာ ဒီတရုတ်လင်မယားရဲ့ ဇာတ်လမ်းလား”
“ဟာ မဟုတ်ပါဘူးကွာ မင်းကလည်း အေးအေးနားထောင်စမ်းပါ လာမှာပေါ့”
“ကဲ ကဲ ပြောပါတော့ဗျာ”
” တရုတ်ကြီးက ပိုက်ဆံချမ်းသာတော့ ပါးစပ်
ထဲလည်း ရွှေသွေးတွေ ဆယ်ချောင်းလောက်
စိုက်ထားတာတဲ့ တာတေရေ”
“အင်း ဟုတ်မှာပေါ့ဗျာ ကျုပ်အဘပြောဖူးတယ်ဗျ
ရှေးခေတ်က တရုတ်ကြီးတွေက ပိုက်ဆံရှိလာရင်
ရွှေသွားစိုက်တယ် ဘိန်းရှူတယ် ဆိုပဲဗျ”
“အေးကွ ဒီတရုတ်ကြီးသေတော့ တရုတ်မကြီး
ဒေါ်ကျော့ဖေါ့က သူတို့တရုတ်ထုံးစံအတိုင်း
နောက်ဘဝမှာ မဆင်းရဲအောင်ဆိုပြီးတော့
တရုတ်ကြီးကို ခေါင်းသွင်းကာနီးမှာ ကျောက်
စိမ်းလက်စွပ်ကြီးတိတ်တိတ်ပေးလိုက်သတဲ့
ဗျား အဲဒီကျောက်စိမ်းလက်စွပ်ကြီးက အခု
ဆိုရင် ဘယ်လောက်တန်မယ်လို့ မင်းထင်လဲ”
“ဟာ မသိဘူးလေဗျာ ကိုကြီး ဘစိန်ကလည်း”
“အေး အနည်းဆုံး ဆယ်သိန်းလောက်တန်မယ်
တဲ့ဗျာ”
“နေပါဦး ကိုကြီးဘစိန်ရဲ့ ခင်ဗျားက သေချာ
လှချည်လား”
“အော် တာတေရေ သေချာဆို ငါ့ကို ပြောပြတဲ့
သူက အရီးပုမေလကြာ”
“ဘန့်ဘွေးကုန်းက အေးကြည်မ အမေလေ”
“အေးလေ အဲဒီတုံးက အရီးပုမက ဒေါ်ကျင်ဖေါ့
ကြီးနဲ့ အားကြီးခင်ဆိုပဲ။ ဦးဟုတ်စိန်ကြီးသေ
တော့ ဒေါ်ကျော့ဖေါ့နဲ့ သွားနေပေးရတာဆိုပဲ
ခေါင်းသွင်းခါနီးမှာ ညဘက်ကြီးလူတွေအိပ်မှ
အရီးပုမကို နှိုးပြီး ရွှေသွားဟုတ်စိန်ကြီးရဲ့
အလောင်းမှာ ကျောက်စိမ်းလက်စွပ်ကြ်ီး
ဝတ်ပေးလိုက်တာတဲ့ကွ၊ အရီးပုမကို ခိုင်းလို့
အဲဒီလက်စွပ်ကြီးကို ကိုင်ပေးရတာတဲ့ကွ။
နောက်တစ်နေ့ ခေါင်းသွင်းတော့ ပါသွား
တာပေါ့ကွာ”
“ဒါကို ကိုကြီးဘစိန်ဘယ်တုံးက သိတာလဲ”
“မနှစ်က အရီးပုမမြို့ကို ဆေးရုံလာတက်
တော့၊ ငါသွားစောင့်ပေးရတယ်လေကွာ၊
အဲဒီမှာတင် ငါ့ကိုအရီးပုမက ရှေးဟောင်း
နှောင်းဖြစ်တွေ ပြန်ပြောပြတော့ ဒီအကြောင်း
တွေပါလာတာကွ”
“အေးဗျ အရီးပုမဆုံးသွားတာ လေး၊ ငါး
လတောင် ရှိရော့မယ်”
“အဲဒီကိစ္စမင်းကို ငါတိုင်ပင်ချင်တာကွ”
“ဗျာ ဘယ်လိုဗျ ကိုကြီးဘစိန်”
“ငါ အဲဒီရွှေသွားဟုတ်စိန်ဂူကို
ဖောက်ချင်တယ်ကွ ”
“ဗျာ”
“မဗျာနဲ့ တာတေ နည်းနည်းနောနောတန်တဲ့
ရတနာမဟုတ်ဘူးကွ၊ အလဟဿဖြစ်နေမဲ့
အတူတူ တစ်ယောက်ရတာမကောင်းဘူးလား”
“ဟာ ဂူဖောက်တာ ရာဇဝတ်မှုနော်
ကိုကြီးဘစိန်”
“ငါ သိပါတယ်ကွာ။လူဆိုတာ စွန့်စားသင့်ရင်
စွန့်စားရမှာပေါ့ကွ။ငါမနက်ကပဲ အဲဒီဂူကို
သွားကြည့်ပြီးပြီကွ အနှစ်ငါးဆယ်လောက်
ရှိပြီဆိုတော့ တော်တော်ကို ဆွေးနေပါပြီ
ကွာ ဖောက်ဖို့ မခက်တော့ပါဘူး”
“ဟာ ခင်ဗျားက သွားတောင်ကြည့်ပြီးပြီ
ဟုတ်လား”
“အေး ငါကြည့်ပြီးပြီ တာတေ၊ ဖောက်ဖို့
အကောင်းဆုံးက ဘုရားပွဲညပဲကွ၊ မင်း
သိတဲ့အတိုင်းတို့ ရွာသားတွေရော…
ဘန့်ဘွေးကုန်းသားတွေပါ တစ်ယောက်
မကျန် ပွဲကြည့်ကြမဲ့ ညလေကွာ။လူမပြော
နဲ့ ခွေးတွေတောင် ဘုရားပွဲနားရောက်တဲ့
အချိန်မို့လား။ပြီးတော့ ဆိုင်းသံ ဗုံသံတွေ
နဲ့ ဆူညံနေတဲ့ အချိန်ဆိုတော့ ဂူဖောက်
ဖို့ အကောင်းဆုံးအချိန်ကွ”
“အင်း ခင်ဗျား အခါရွေးတာတော့ တော်
တော်ဟုတ်တာပဲဗျ၊ ကိုကြီးဘစိန်”
“ဟာ ငါက ဘိန်းစားဘစိန်လေကွာ။
ဘိန်းလေးမူးမူးနဲ့ ဒါကိုပဲ တတွေးတွေးလုပ်
နေတာ ကြာလှပြီလေကွာ”
ကျုပ်ဘိန်းစား ဘစိန်ပြောတာကို ဆေးလိပ်
ဖွာရင်းတွေးကြည့်နေမိတယ်။ မိရင်တော့
မလွယ်ဘူးဗျ။ ဒါပေမဲ့ ကျောက်စိမ်းလက်စွပ်
ကြီးကိုတော့ တော်တော်ကို စိတ်ဝင်စား
သွားတာဗျို့။ ဒါမျိုးကြားရရင် ဘယ်သူမဆို
စိတ်ဝင်စားကြမှာပါဗျာ
“ကဲ၊ ဘယ်လိုလဲ တာတေ”
“ကိုကြီးဘစိန်ရာ တာတေပါဗျာ”
“အေး ကြိုက်ပြီပေါ့၊ ငါသိပြီးသားပါကွာ။
မင်းလိုလူက ဒီလိုစွန့်စားရမဲ့ ကိစ္စကို လက်
လွှတ်မှာ မဟုတ်ပါဘူး”
“ဒါပေမဲ့ ကိုကြီးဘစိန် ခင်ဗျားသိတဲ့အတိုင်း
ဘုရားပွဲရက်ဆိုတော့ ရွာကလူတွေလည်း
ပြန်ရောက်နေကြတာ တခြားရွာက လူ
တွေလည်း ရောက်နေကြတာဆိုတော့
ရွာမှာ လူတွေပြည့်နေပြီဗျ။ တော်တော်
တော့ သေသေသပ်သပ် လုပ်မှရမယ်”
“ဟုတ်တာပေါ့ကွ။ အဲဒီတော့ မင်းနဲ့ငါလည်း
ထပ်မတွေ့တော့ဘူး။ မင်းသဘောတူပြီဆို
တော့ ဘာမှထပ်ပြောစရာလည်း မရှိတော့
ဘူးလေ။ လပြည့်ညမှာ ညဆယ်နာရီ အ
ရောက် ဘန့်ဘွေးကုန်းသုသာန်ကို မင်း
အရောက်လာခဲ့ တာတေ။ ရွှေသွားဟုတ်
စိန်ရဲ့ ဂူကိုတော့ မင်းသိတယ်မို့လား”
“ဟာ သိပါတယ်ဗျာ။သင်္ချိုင်းမြောက်ဘက်
ကုက္ကိုပင်ကြီးတွေအောက်က ဂူကြီးအကြီး
လေ”
“အေး ဟုတ်ပြီ လိုတဲ့ပစ္စည်းကိရိယာတွေ
ငါအားလုံးယူခဲ့မယ် ။ မင်းဘာမှ ယူခဲ့စရာ
မလိုဘူး။လူသာရောက်အောင်လာခဲ့ မင်း
ဝေစုကတော့ တစ်ဝက်တိတိပဲ”
“ဟာ…ရပါတယ်ဗျာ။ ကျုပ်က စွန့်စွန့်စားစား
လုပ်ရရင် ကျေနပ်တဲ့ကောင်ပါဗျာ”
“အေး ကောင်းပြီ ငါသွားမယ် တာတေ”
ပြောပြောဆိုဆို ဘိန်းစားဘစိန်က ခါးကြီး
ကိုင်းကိုင်း ကိုင်းကိုင်းနှင့် အိမ်ဝိုင်းထဲက
ထွက်သွားလေရဲ့။
ကျုပ်မျှော်လင့်နေတဲ့လပြည့်ညတော့
ရောက်ပြီဗျ။ ကျုပ်တို့ ရွာဘုရားပွဲကလည်း
လွှတ်ကိုစည်တာဗျို့။ကျုပ်စိတ်ထဲမှာ ခါတိုင်း
ထက်ကို ပိုစည်တယ်လို့ ထင်တယ်ဗျ။
ပွဲခင်းကြီးထဲမှာ ညနေထဲကကို လူပြည့်
နေတာဗျ။ စျေးတန်းမှာလည်း တိုးမပေါက်
ဘူးဗျ။ ကျုပ်ကတော့ အချိန်တကြည့်ကြည့်
နဲ့ပေါ့ဗျာ။ ကျုပ်ကို လူတိုင်းမြင်အောင်လည်း
ဟိုဟာလုပ်သလို ဒီဟာလုပ်သလို လုပ်ပြ
ရသေးတယ်ဗျ။
ကိုးနာရီခွဲလောက်ကြာတော့ ကျုပ်ပွဲစျေး
ထဲက ထွက်လာခဲ့တယ်။ဘန့်ဘွေးကုန်း
ဘက်ကို သုတ်ခြေတင်တာပေါ့ဗျာ။တ
ပေါင်းလပြည့်ညဆိုတော့ လကလည်း
လင်းထိန်အောင်သာနေကိုးဗျ။သစ်ပင်
ရိပ်ကလေးတွေခိုပြီး ခပ်သုတ်သုတ်
လျှောက်လာခဲ့ရတာပေါ့။
ဘန့်ဘွေးကုန်းသုဿာန်ရောက်တော့ပဲ
ဆယ်နာရီခွဲပြီဗျ။ ကျုပ်လည်း ကုက္ကိုပင်
ကြီးတွေ အရိပ်ခိုပြီး မှောင်ရိပ်က ကပ်
လျှောက်ရတာပေါ့။ ဘန့်ဘွေးကုန်းသု
ဿာန်ကြီးက ကျယ်သလောက် ကုက္ကို
ပင်ကြီးတွေနဲ့ မှိုင်းညို့နေတာဗျ။
ကျုပ်လည်း ဟိုကြည့် သည်ကြည့် နောက်ပြန်
ကြည့်ပြီး သုဿာန်မြောက်ဘက်ကို ဦးတည်
လိုက်တယ်။ အဲ့ဒီမှာက တရုတ်ကြီးရွှေသွား
ဟုတ်စိန်ရဲ့ဂူဟောင်းကြီးရှိတယ်လေဗျာ။
ဟိုရောက်လို့ ဘိန်းစားဘစိန်ကြီးသာ ရောက်
မနေရင်တော့ ဒုက္ခပဲ။ ကျုပ်တစ်ယောက်
တည်း ထိုင်နေရမှာ သိပ်တော့မလွယ်ဘူး
လို့ တွေးလိုက်မိတယ်ဗျ။
“ဟေ့ကောင်တာတေ ဒီဘက်လာကွ၊
ဒီဘက်က ယာပြင်ပဲ ရှိတာ ဟိုဘက်က
ရွာလမ်းဆိုတော့ လူသူအသွားအလာ
ရှိတယ် တို့က ဒီဘက်ကနေ အလုပ်
လုပ်ရမှာကွ”
“တော်ပါသေးရဲ့ဗျာ၊ ကိုကြီးဘစိန်မရောက်
သေးဘူးလားလို့ တွေးပူနေတာဗျ ကျုပ်က ”
“ဟာ ရောက်ပါတယ်ကွ။ ငါကသာ
မင်းမလာမှာစိုးရိမ်နေမိတာ။မင်းက
ရပ်ရေးရွာရေးကလည်း တစ်ဖက်က
ရှိနေတာမို့လား”
“အဲဒါတော့ သူဟာနဲ့သူပုံစံချပြီးသား
တွေပါဗျာ”
“အေး ဒါဆိုပြီးတာပေါ့ကွာ။ ကဲ ငါတို့
အလုပ်စလုပ်ကြရအောင်ကွာ။ပထမဆုံး
တော့ ဒီထမင်းထုပ်ကို ဂူကြီးပေါ်တင်လိုက်
မယ်ကွာ။ မဖဲဝါအတွက် ထမင်းထုပ်လေကွာ၊
အမဲသားနဲ့ကွ”
“ဗျာ…မဖဲဝါ ဟုတ်လားကိုကြီးဘစိန်”
“အေး ဟုတ်တယ်လေ သင်္ချိုင်းမှာလုပ်တဲ့
ကိစ္စ သူကျေနပ်မှ ဖြစ်တာကွ၊ ဒီတော့ သူ့ကို
အမဲသားဟင်းနဲ့ ထမင်းအရင်ကျွေးရမွေးရတာ
ကွ တာတေရ၊ အေး မင်းလည်း ဗဟုသုတ
ရတာပေါ့ကွာ”
ကျုပ်စိတ်ထဲမှာတော့ မဖဲဝါဆိုတဲ့ နာမည်
ကြားရုံနဲ့ ကျောထဲမှာ စိမ့်ခနဲဖြစ်သွားတယ်ဗျို့။
ဒါပေမဲ့ ကျုပ်ဘာမှမပြောပါဘူး ကိုကြီးဘစိန်
လုပ်တာကိုပဲ အသာထိုင်ကြည့်နေတာပါ။
ဘေးက ယာခင်းပြင်ကြီးထဲမှာ လကထိန်
နေတာဗျ။ကျုပ်တို့ရောက်နေတဲ့နေရာက
ကုက္ကိုပက်အုပ်ကြီးထဲမှာဆိုတော့ မှောင်ရိပ်
ကြီးကျနေတာလေ။
အလင်းလေးတစ်ကွက်တလေပဲ ရှိတာ။
ရွှေသွားကြီးရဲ့ အုတ်ဂူကလည်း လူတစ်ရပ်
ကျော်ကျော် မြင့်တာဗျ။ ကိုကြီးဘစိန်က
ဂူကြီးပေါ်ကို ကုတ်ဖဲ့ တက်သွားတယ်။
ကျုပ်က ထမင်းထုပ်ကြီး လှမ်းပေးရတယ်။
ငှက်ပျောဖက်နဲ့ ထုတ်ထားတဲ့ ထမင်းထုပ်ကို ဘိန်းစားဘစိန်က ဂူပေါ်မှာဖြန့်ချလိုက်တယ်။
အမဲသားဟင်းနံ့ကထောင်းခနဲ ခွက်လာတာ
ပေါ့။ အတော်တော့ မွှေးသားဗျ။
“သင်္ချိူင်းစောင့်ကြီးမဖဲဝါ၊ မဖဲဝါစားဖို့၊
အမဲသားဟင်းနဲ့ ထမင်းထုပ်ဗျို့၊ ကျုပ်နဲ့
ကျုပ်ညီက ယူလာတာပါ။ မြိန်မြိန်ယှက်ယှက်
သာစားဗျာ။ ပြီးတော့ ကျုပ်တို့အလုပ်လုပ်မှာ
ကိုလည်း မဖဲဝါပဲ စောင့်ရှောက်ပါ။ဘာ
အန္တရာယ်မှ မကျရောက်အောင်လည်း
ကာကွယ်ပေးပါ မဖဲဝါ”
ဘိန်းစာဘစိန်က ပြောစရာရှိတာပြောပြီး
ဂူကြီးပေါ်ကနေ ကုတ်ဖဲ့ဆင်းလာတယ်ဗျ။
အောက်ရောက်တော့ သူယူလာတဲ့ အိတ်
ကြီးထဲကနေ သံစို့ကြီးတွေ၊ သံကလော်နဲ့
တူကြီးကို ထုတ်တယ်ဗျ၊ တူကတော့
ခြောက်ပေါင်းတူကြီးဗျ။
“ကဲ…တာတေရေ တို့လုပ်ငန်းစကြစို့ဟေ့၊
ငါဖောက်လို့ လွယ်မဲ့နေရာကိုကြည့်ထား
တယ်ကွ၊ ဟောဒီဘေးဖက်က အုတ်တွေ
က အနောက်ဘက်ဆိုတော့ မိုးရေအထိ
များပြီး ပိုဆွေးနေတာကွ၊ အဲဒီဘက်က
ဖောက်ရမယ်”
“ဟာ ကိုကြီးဘစိန် သံစို့တွေရဲ့ အနောက်
ဘက်မှာ ပုဆိုးစုတ်တွေ ပတ်ထားပါလားဗျ”
“အေးလေကွာ ဒါမှတူနဲ့ရိုက်ရင် အသံ
မထွက်မှာပေါ့”
“အော် ဒီလိုလား ကိုကြီးဘစိန်က အလုပ်
လုပ်တာ တော်တော်သေသပ်တာပဲ”
“ဒါပေါ့ တာတေရာ ဘာပဲလုပ်လုပ် စနစ်
တကျသာလုပ်ကွ။သတိဆိုတာ ပိုတယ်လို့
ရှိတာမဟုတ်ဘူးကွ”
ပြောပြောဆိုဆို ဘိန်းစားဘစိန်က သူ့ရဲ့
ခါးကိုင်းကိုင်းကြီးကို ကုန်းပြီး အုတ်ဂူရဲ့
ဘေးဘက်ကနေစပြီး ဖောက်တော့တာပဲ
ဗျို့။ဟုတ်သားဗျ။ တူထုတဲ့ အသံက ခပ်
အုပ်အုပ်ပဲ ထွက်လာတယ်
“ဒုတ်…ဒုတ်…ဒုတ်…ဒုတ်”
ဘိန်းစားဘစိန်က သုံးလေးချက်ဆက်ရိုက်
လိုက်၊ အသာရပ်လိုက်၊ ဘေးဘီကအသံကို
နားစွင့်လိုက်နဲ့ လုပ်နေတာဗျ။ ကျုပ်ကလည်း
ပတ်ဝန်းကျင်ကို အကဲခတ်ပေးနေရတာပေါ့
ဗျာ။ ဆွေးနေတဲ့ ကွန်ကရစ်တွေက ဖွားခနဲ
ဖွားခနဲ ပဲ့ကြတာပေါ့ဗျာ။ ခဏကလေးနဲ့
အထဲက အုတ်တွေပေါ်လာတယ်ဗျ။
ကိုဘစိန်ကြီးက အထဲက အုတ်တွေကို
ထပ်ဖောက်တယ်။ သူထင်သလောက်
တော့ မလွယ်ဘူးဗျ။ရှေးခေတ်က အုတ်
သရိုးကိုင်တာ တော်တော်ကောင်းတာပဲ
ကို။ ဘိန်းစားဘစိန်ကြီး ချွေးတောင်ပြန်
လာပြီဗျို့။ နောက်တော့မှ အုတ်တစ်လုံး
ပဲ ထွက်လာတယ်
အဲဒီထွက်လာတဲ့ အုတ်ကို ကျုပ်က
အသာကလေးဆွဲထုတ်လိုက်တယ်ဗျ။
ကိုဘစိန်ကြီးက နောက်တစ်လုံးထပ်
ဖဲ့ပြန်တယ်။ အုတ်ကလည်း တော်တော်
ကောင်းတာဗျ။ မီးကိုတော်တော်ကျက်
ထားပုံရတယ်။ ထန်ခနဲ ထန်ခနဲ နေတာဗျ။
ဒါပေမဲ့ တစ်လုံးထွက်သွားပြီဆိုတော့
ပိုပြီးတော့ ဖဲ့ရတာလွယ်လာပါတယ်
ဟော နောက်တစ်လုံး…
“ဒုတ် …ဒုတ်…ဒုတ်…ဒုတ်”
ဟော နောက်တစ်လုံးဗျ။ကိုဘစိန်ကြီးလည်း
ချွေးတွေပြန်နေပြီဗျ။
“ကိုကြီးဘစိန် ပေးလေ ကျုပ်တလှည့်လုပ်မယ်”
“ဟာ နေပစေ တာတေ ငါလုပ်မယ်၊ အချိန်အဆ
သိမှ ဖြစ်မှာကွ၊ဂူကြီးကဟောင်းနေတာ မတော်
ပြိုကျလို့ ပိသွားပါဦးမယ်ကွာ”
“ဝူး…ဝူး …ဝူး…ဝူး”
ဒီချိန်မှာပဲ သင်္ချိုင်းအနောက်ဘက်က
ဆွဲဆွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံကြီးကို
ကြားလိုက်ရတယ်ဗျ ။ ကျုပ်လည်း ခွေးအူသံ
ကြားတဲ့ဘက်ကို လှည့်ကြည့်မိတယ်။ကိုဘ
စိန်ကြီးတောင် တူထူတာ ရပ်သွားတယ်ဗျ။
သူလည်း ခွေးအူသံကို နားစွင့်နေပုံရတယ်ဗျ။
“ဝူး …ဝူး …ဝူး…ဝူး”
ကျုပ်စိတ်ထဲတော့ ခွေးအူသံကြီးက တဖြေး
ဖြေး ရွေ့လာနေသလိုပဲဗျ။ဘိန်းစားဘစိန်
ကြီးကတော့ အုတ်တွေတစ်လုံးပြီး တစ်လုံး
ထုတ်တော့တာပါပဲ။ခဏကြာတော့ ဂူပေါက်
ကတော်တော်ကျယ်သွားပြီဗျ။ လူတစ်ယောက်
ခပ်ကျယ်ကျယ် တိုးဝင်လို့တော့ရသွားပြီ။
“ဒီလောက်နဲ့မရသေးဘူးကွ၊အရေးအကြောင်း
ဆို ချက်ချင်းပြန်ထွက်လို့ရမှာ ဖြစ်မှာ”
“ဒုတ် ဒုတ် ဒုတ် ဒုတ်”
ဆက်ထုတယ်၊ အုတ်ခဲတွေလည်း ဘေးမှာ
ပုံလာပြီ၊ကိုဘစိန်ကလည်း ဂူကိုသေသေ
သပ်သပ်ကိုဖောက်နေတာဗျို့။တော်တော်
ကြာတော့မှ ကိုဘစိန်က ဂူပေါက်ကြီးကို
သေသေချာချာကြည့်ပြီး…
“ကဲ ဒီလောက်ဆိုရပြီကွ။ ဂူကြီးက အကျယ်
ကြီးပါလားကွ၊ နေဦး တာတေ ငါ့အိတ်ထဲ
မှာ ဓါတ်မီးတစ်လက်ပါတယ်ကွ”
ကျုပ်က ဘိန်းစားဘစိန်ရဲ့အိတ်ကြီးထဲက
ဓါတ်မီးနှိုက်ယူလိုက်တယ်ဗျ။ သုံးတောင့်
ထိုး ဓါတ်မီးဗျ။
“ရော့ ကိုကြီးဘစိန် ဓါတ်မီး”
“ဟာ အဲဒါ မင်းယူထား မင်းက ငါ့ကိုမီးထိုး
ပြရမှာ မီ်းကိုအောက်စိုက်ပြီး ခပ်အုပ်အုပ်
ထိုးနော် ဘေးကိုဝေ့ မထိုးမိစေနဲ့။ဓါတ်မီး
အရောင်ဆိုတာ တော်တော်ဝေးဝေးက
မြင်ရတာကွ”
“စိတ်ချ စိတ်ချ ကိုကြီးဘစိန်”
“ဟို ပလယာနဲ့ သံကလော် ယူလိုက်၊
ငါ့ကိုပေး”
ကျုပ်ကလည်း သူခိုင်းတဲ့အတိုင်း ပလယာ
နဲ့ သံကလော်အတိုကလေးကို ယူပေးလိုက်
တယ်။
“ကဲ ငါအရင်ဝင်မယ် ပြီးမှ မင်းဝင်ခဲ့”
ပြောပြောဆိုဆို ဘိန်းစားဘစိန်က ပုဆိုးကို
ခါးတောင်းကြိုက်လိုက်တယ်။ကျုပ်လည်း
သူလုပ်သလို လိုက်လုပ်လိုက်တယ်။ကို
ကြီးဘစိန်က ခါးတောင်းကြိုက်ကြီးနဲ့
အရင်ဝင်လိုက်တယ်။ ကျုပ်က ဓါတ်မီး
ကို အောက်စိုက်ပြီး ခပ်အုပ်အုပ်ထိုးပေး
လိုက်တယ်။ ပြီးတော့မှ ကျုပ်ပါ အထဲ
ကို ဝင်လိုက်တယ်။
ဂူကြီးက အထဲမှာလည်း တော်တော်
မြင့်တာပဲဗျ။ ကျုပ်အရပ်သာကလေး
လွတ်တယ်ဗျ။ သစ်သားခေါင်းကြီးက
တော့ အကောင်းကြီးဗျ။ ကျွန်းသား
ခေါင်းကြီးကိုး။ ကောင်းမှာပေါ့။
ကျုပ်က ခေါင်းကြီးကို မီးထိုးပြထားတယ်။
ဘိန်းစားဘစိန်က ခေါင်းကိုအဖုံးဖွင့်ပြီး
ကြိုးစားတယ်။
“တော်တော်သေသပ်တဲ့လက်ရာတွေ၊
ဒါတရုတ်လက်သမားတွေစပ်တဲ့ ခေါင်းပဲ”
ဘိန်းစားဘစိန်က သံကလော်ကို တစ်နေရာ
မှာ စိုက်ချပြီး လက်ဖနောင့်နဲ့ ရိုက်ကြည့်တယ်။
“မရဘူးကွ တာတေ ဂူပြင်ပြန်ထွက်ပြီး
တူနဲ့ စို့ သွားယူ ဓါတ်မီးငါ့ကိုပေးခဲ့”
ကျုပ်လည်း ဂူပြင်ပြန်ထွက်လိုက်တယ်။
“ဝူး …ဝူး…ဝူး…ဝူး…”
ခွေးအူသံကြီးက ဆွဲဆွဲငင်ငင်ထွက်လာပြီ
ဒီတစ်ခါ အသံက တော်တော်ကို နီးနေသလိုပဲ
ဗျ။ ကျုပ်လည်း တူနဲ့သံစို့ကို ကောက်ယူလိုက်
ပြီး ဂူထဲကို ခပ်သုပ်သုပ်ပြန်ဝင်လိုက်တယ်
ဘ်ိန်းစားဘစိန်က ကျုပ်ကို ဓါတ်မီးထိုးပြတယ်
“ပေး ငါ့ကို မင်းဓါတ်မီးထိုးပြ”
ကျုပ်လက်ထဲက သံစို့နဲ့ သံကလော်
ဆွဲယူလိုက်တယ်။
“ဘုတ်…ဘုတ်…ဘုတ်…ဘုတ်”
ကျွန်းခေါင်းကြီးကို သံစို့နဲ့ ရိုက်ပြီးအစ
လန်အောင် လုပ်နေတယ်။ပြီးတော့
သံကလော်နဲ့ ကလော်တယ်။
“ကျွိ”ဆိုတဲ့အသံကြီး ထွက်လာပြီး၊
ခေါင်းဖုံးကြီးနည်းနည်းဟလာတယ်
ဘိန်းစားဘစိန်က လန်သွားတဲ့ နေရာ
ကစပြီး သံကလော်နဲ့ လိုက်ကလော်တယ်။
“ကျွိ …ကျွိ …ကျွိ”
သံတွေတစ်ချောင်းပြီး တစ်ချောင်း
ကျွတ်ကုန်ပြီ။ နောက်ဆုံးတော့
ခေါင်းဖုံးကြီးပွင့်သွားပြီ။ ကိုဘစိန်က
ခေါင်းဖုံးကြီးကို မယူပြီး ဘေးကို တွန်းချ
လိုက်တယ်။ ကျုပ်က ဓါတ်မီးကို ခေါင်းထဲ
ထိုးလိုက်တယ်။
“ဟင် အမှုန့်တွေ ဖြစ်နေပါလား”
“ဖြစ်ပြီပေါ့ တာတေရာ အနှစ်ငါးဆယ်တောင်
ကျော်ပြီဆိုတော့ မြေကြီးဖြစ်ပြီပေါ့၊ ခေါင်းခွံနဲ့
လက်ဖျံရိုးတော့ ကျန်နေသေးတာပဲ”
ပြောပြောဆိုဆို ကိုဘစိန်ကြီးက ခါးကိုင်းကိုင်း
ကြီးကို ကုန်းလိုက်ပြီး အမှုန့်တွေထဲမှာ တစ်
ခုခုကို လိုက်စမ်းတယ်ဗျ။ တော်တော်ကြာ
အောင် စမ်းပြီးတော့မှ လက်ထဲမှာ တစ်ခုခု
ကို ဆုပ်ထားတယ်။ လက်ကိုလည်း ဆကြည့်
သေးတယ်ဗျ။
“အင်း ဟုတ်လောက်ပါတယ်”
လို့ တစ်ယောက်တည်းပြောပြီး ကျုပ်ထိုး
ပြထားတဲ့ မီးရောင်အောက် သူ့လက်ကို
ဖြန့်ပြီးကြည့်တယ် မဲမဲအရာတစ်ခုကို
လက်နှစ်ဖက်နဲ့ ပွတ်တိုက်ကြည့်တယ်။
“ဟာ လက်စွပ်ကြီး”
“အေးလေ ငါတို့လာရှာတဲ့ဟာပေါ့ကွ
တာတေရ”
ပြောပြောဆိုဆိုနဲ့ ပုဆိုးခါးပုံစကို ဆွဲပြီး
တိုက်နေပြန်တယ်။ ခဏကြာအောင်
တိုက်ပြီးမှ မီးရောင်အောင်ကို ထုတ်
ကြည့်တယ်။
“ဟာ ကျောက်စိမ်းကြီးဗျ တောက်နေတာပဲဗျ။
ရွှေကလည်း ဝင်းနေတာပဲဗျို့”
“ရော့ ယူထား၊ အိတ်ကပ်ထဲကို
ထည့်ထားလိုက်”
ကျုပ်က ကျောက်စိမ်းလက်စွပ်ကို အိတ်ကပ်ထဲ ထည့်လိုက်တယ်။ကျုပ် တော်တော်ပျော်သွားတာဗျို့။
ဘိန်းစားဘစိန်ကြီးကတော့ အမှုန့်တွေထဲမှာ
လိုက်စမ်းနေပြန်တယ်။ ပြီးတော့ ဆွဲထုတ်လိုက်
တယ်။ ပုဆိုးနဲ့ ပွတ်လိုက်၊ မီးရောင်မှာကြည့်လိုက်
လုပ်ပြီးရော…
” ဒါလည်း အိတ်ထဲထည့်ထာ
ရွှေဒင်္ဂါးတွေကွ။ ရှိသေးသလား။ငါရှာကြည့်
ဦးမယ်။ ဟောဒီမှာတစ်ပြား။ ဟာ ဒီမှာဘက်
တစ်ပြား။ မရှိတော့ဘူး ထင်တယ်ကွ ။
ဒီသုံးပြားပဲ ထည့်ပေးလိုက်တာထင်တယ်။
ကဲ ရော့ မင်းအိတ်ထဲကို သေသေချာချာ
ထည့်ထားတာတေ”
ကျုပ်လည်း ဘိန်းစားဘစိန်လုပ်ခိုင်းတဲ့အတိုင်း
သေသေချာချာ အိတ်ထဲကိုထည့်လိုက်တယ်။
ကိုဘစိန်က ခေါင်းခွံကြီးကိုယူပြီး ပါးစပ်ထဲက
သွားတွေကို ပွတ်ကြည့်နေတယ်။
“ဟာ ဟုတ်သားပဲကွ၊ အားလုံးရွှေသွားတွေဟ
ပေးစမ်း၊ ငါ့ကို ပလယာ”
ကျုပ်က ပလယာလှမ်းပေးလိုက်တယ်။ကိုဘစိန်
ကြီးက ခေါင်းခွံကြီးထဲက သွားတစ်ချောင်းကို
ဆွဲနှုတ်လိုက်တယ်။ ပြီးတော့ ကျုပ်ကိုလှမ်း
ပေးတယ်။ ကျုပ်ကလည်း လက်ဝါးဖြန့်လိုက်
တယ်။ ကိုဘစိန်က သူ့ပလယာမှာ ညှပ်
ထားတဲ့ သွားကို ကျုပ်လက်ဖဝါးထဲ ထည့်
လိုက်တယ်။ ကျုပ်ကလည်း တစ်ဖက်အိတ်
ကပ်ထဲထည့်လိုက်တယ်။ကျုပ်အင်္ကျီက
အိတ်ကပ်နှစ်ဖက်ပါတဲ့ အင်္ကျီလေဗျာ။
“ရော့ ဒီမှာ နောက်တစ်ချောင်း”
ကျုပ်ကလည်း အိတ်ကပ်ထဲ ထည့်လိုက်တယ်။
နောက်ချောင်း၊ နောက်ထပ်တစ်ချောင်း၊အားလုံး
ကိုးချောင်းရှိပြီဗျ။
“ဟီး ဟီး ဟီး ဟီး ဟီး”
“ဟင် ဘာသံကြီးလဲဗျ၊ ဂူပေါ်က လာတဲ့
အသံကြီးဗျ”
ကျုပ်ရော ကိုဘစိန်ကြီးပါ လန့်သွားတယ်ဗျ”
“ဟား…ဟား…ဟား…ဟား…ဟား”
ရယ်သံကြီး တစ်မျိုးပြောင်းသွားတယ်။
“ဝူး…ဝူး…ဝူး…ဝူး…”
စောစောက ကြားနေတဲ့ ခွေးအူသံကြီး
ကလည်း ဂူနားက ကပ်ထွက်လာနေတယ်
“ဘယ်လိုလုပ်ကြမလဲ ကိုကြီးဘစိန်”
“ဒါမဖဲဝါပါကွ၊ ငါကျွေးမွေးထားတာကို
လာစားနေတာ ဖြစ်မှာပေါ့၊ ဒီတော့ ဒီလိုလုပ်
မင်းဂူထဲက ထွက်ပြီး တစ်ချိုးတည်း ထွက်ပြေး
ပေတော့ ငါက နောက်က ထွက်မယ်”
“ဟာ ကျုပ်ရှေ့က မထွက်ရဲဘူးဗျ၊
ကိုကြီးဘစိန် အရင်ထွက်ဗျာ ခင်ဗျားပြေးတဲ့
နောက်ကို ကျုပ်လိုက်ပြေးမယ်ဗျာ”
“ကဲ ဒါဆိုရင် ငါအရင်ထွက်မယ် ဒီပစ္စည်း
တွေတော့ ထားခဲ့တော့မယ် အခြေအနေ
ကြည့်ပြီးတော့ လာယူသင့်လည်း လာယူ
မယ်။ ဓါတ်မီးတော့ မင်းယူသွား ခါးမှာ
ထိုးလိုက်၊ ကဲ ငါထွက်ပြီ”
ပြောပြောဆိုဆို ကိုဘစိန်ကြီးက ဖောက်
ထားတဲ့ ဂူပေါက်ကြီးထဲ ခါးကိုင်းကိုင်းကြီး
နဲ့ ငုံ့ထွက်လိုက်တယ်။
“အင့်”
ဂူပေါ်က လက်ကြီးတစ်ချောင်းကကိုဘစိန်ကြီးရဲ့
ဆံပင်ဘုတ်သိုက်ကြီးကိုဆောင့်ဆွဲလိုက်တယ်”
“တာတေ ပြေးတော့ ”
ကျုပ်လည်း ဂူပေါက်ကြီးထဲကနေ ခုန်ထွက်ပြီး
ကျုပ်လာတဲ့ လမ်းအတိုင်းပြေးခဲ့တယ်၊ နောက်
ကိုတော့ တစ်ချက်မှ လှည့်မကြည့်ရဲဘူးဗျာ။
ကိုကြီးဘစိန်ကို ဒီအတိုင်းပဲ ပစ်ထားခဲ့ရတော့
တာပေါ့။ ကျုပ်ပြေးလာလိုက်တာ ဘန့်ဘွေး
ကုန်း သုသာန်အဝင်ဝကိုတောင် မြင်နေရပြီ။
ဒီတုံးမှာပဲ သင်္ချိုင်းဝမှာ ဘွားခနဲ ပေါ်လာတဲ့
အရိပ်လိုလိုကြီးတစ်ခုလို လှမ်းတွေ့လိုက်ရ
တယ်ဗျ။ ကျုပ်မြင်ရတာတော့ ဖြူဖြူကြီးဗျ။
ဆံပင်ဖားလျားကြီးချလို့၊ ကျုပ်လည်း တုန့်
ခနဲ ရပ်လိုက်မိတယ်။ ဖြူဖြူကြီးက ကျုပ်
ဘက်ကို လက်ဝါးကြီး ဖြန့်ပြတယ်။
တောင်းနေတာဗျ။ သူ ကျုပ်ဆီက တစ်ခုခု
ကို တောင်းနေတာ။ ကျုပ်သတိရပြီး အိတ်
ကပ်ထဲက ရွှေဒင်္ဂါးပြားသုံးပြားကို ထုတ်ယူ
ပြီး အဲဒီဖြူဖြူကြီးရှိတဲ့ဘက်ကို လှမ်းပစ်
လိုက်တယ်။ ဖြူဖြူကြီးက လေထဲမှာ
ခုန်ပြီး ရွှေဒင်္ဂါးသုံးပြားကို လက်နဲ့ဝှေ့ပြီး
ဖမ်းလိုက်တယ်။
ကျုပ်က ရပ်ကြည့်နေတုံးမှာ လက်ဝါးကြီး
ထပ်ဖြန့်ပြတယ်။ ကျုပ်က ဒီဘက်အိတ်ထဲက
ရွှေသွားတွေကို အကုန်ဆုပ်ပြီး သူ့ဆီကို
လှမ်းပစ်လိုက်တယ်။ ခုနကလိုပဲ လေထဲမှာ
ခုန်ပြီး ဝှေ့ဖမ်းသွားပြီးတယ်။ ပြီးတော့ ကျုပ်
ဘက်ကို လှည့်ပြီး လက်ဝါးဖြန့်ပြန်တယ်
ဒီတစ်ခါတော့ လက်စွပ်တောင်းမှန်း
ကျုပ်သိတယ် ဒါတော့ ကျုပ်မပေးနိုင်
တော့ဘူး။
ကျုပ်ချက်ချင်းပဲ ညာဘက်ကို ချိုးပြီး
ပြေးတယ် ဖြူဖြူကြီးကလည်း ရိပ်ခနဲ
ပျောက်သွားပြီး ကျုပ်ပြေးတဲ့လမ်းတည့်
တည့်မှာ ပိတ်ရပ်နေပြန်တယ်။ကျုပ်နဲ့တော့
သိပ်မနီးဘူးဗျ။ သူ့ကိုလရောင်အောက်မှာ
ဖြူဖြူကြီးတစ်ခုလို့ပဲ သိရတာ။ကျုပ်ဘက်ကို
လက်ကြီးဖြန့်နေပြန်တယ်။ကျုပ်ဘာလုပ်ရ
မှန်း မသိတော့ဘူးဗျ။
“ဟီး…ဟီး…ဟီး…မဖဲဝါဟဲ့”
“ဟာ”
ကျုပ်တစ်ကိုယ်လုံး ကြက်သီးဖျန်းကနဲ
ထသွားတယ်။ ကျုပ်လည်း နှမြောတဲ့စိတ်
တွေပျောက်သွားပြီး အိတ်ထဲကို ကပျာကယာ
နှိုက်ပြီး လက်စွပ်ကြီးကို ထုတ်ယူလိုက်တယ်။
ကျုပ်စိတ်ထင် အရပ်ကြီးက ရှစ်ပေ ကိုးပေ
လောက်မြင့်တယ်ဗျ။ ရုပ်တော့ ကျုပ်မမြင်
ရပါဘူး။ မမြင်ရပေလို့ပေါ့ဗျာ။မြင်ရရင်လည်း
အသက်ပါထွက်သွားမလား မပြောတတ်ဘူး။
ကျုပ်လက်စွပ်ကြီးကို တစ်ချက်ငုံ့ကြည့်ပြီး
သူ့ကို လှမ်းကြည့်လိုက်တယ်
“နင့်ဟာမဟုတ်ဘူး၊ တရုတ်ဟာ ပေး”
အသံကြီးက ပီပီသသမဟုတ်ဘူးဗျ။
ဒါပေမဲ့ သူပြောတာကို နားတော့လည်ပါတယ်။
ကျုပ်ချက်ချင်းပဲ လှမ်းပစ်လိုက်တယ်။
စောစောကလိုပဲ။လေထဲမှာ ခုန်ပြီးဖမ်းလိုက်
တယ် ပြီးတော့ အဲဒီဖြူဖြူကြီးက မြေကြီး
ပေါ်ကိုပြန်မကျတော့ဘူးဗျ။ လေထဲမှာတင်
ပျောက်သွားတယ်။ ကျုပ်ကိုတောင် အေး
စက်နေတဲ့လေတွေ၊ ဟပ်သွားတယ်ဗျ။
နောက်ပြန်လှည့်ပြီး သင်္ချိုင်းအဝကို စွတ်
ပြေးတော့တာပေါ့ဗျာ။
ဆွဲဆွဲငင်ငင်အူနေတဲ့ ခွေးအူသံကြီးက
တဖြေးဖြေးဝေးသွားသလိုပဲဗျ။
ကျုပ်လည်းအသက်လုပြေးရတော့တာပေါ့ဗျာ။
ကိုကြီးဘစိန်တော့ ဘာဖြစ်တယ် မသိဘူးဗျာ။
သူ့ကိုလည်း ပြန်မကြည့်ဝံ့တော့ဘူးဗျို့။
ထနောင်းကုန်းကိုပြန်ရောက်တော့မှာပဲ။
ကျုပ်ခါးကခါးတောင်းကျိုက်ကြီးကို ဖြုတ်ချ
လိုက်ရတော့တယ်ဗျို့။ ကျုပ်လည်း
မန်ကျည်းပင်ကြီးတစ်ပင်နောက်မှာ
အသာဝင်ထိုင်ပြီး အမောဖြေရတော့
တာပေါ့ဗျာ။
ပြီးတော့မှ မျက်နှာက ချွေးသီးချွေး
ပေါက်တွေ သုတ်ပြီး ပွဲစျေးတန်းဘက်ကို
ဟန်မပျက် လျှောက်လာခဲ့ရတယ်။
တရုတ်အပိန်ရဲ့ ခေါက်ဆွဲကြော်ဆိုင်ထဲ
တန်းဝင်လိုက်ပြီး…
“ဟေ့ ကိုပိန် ကျုပ်ကို ရမ်သုံးပတ်နဲ့ ဆော်ဒါ
တစ်လုံးပေးဗျာ ရေခဲရောရသေးလား”
“ဟာ ရတာပေါ့ တာတေရ၊ မင်းလည်း ခုမှပဲ
ရောက်လာတော့တယ်၊ ဘာလဲ အလုပ်များ
နေလို့လား”
“ဟုတ်ပဗျာ၊ ကိုပိန်ရာ ဒီနှစ် ပရိတ်သတ်
ပိုများတော့ ပိုထိန်းပေးရတာပေါ့ဗျာ။
ခင်ဗျားကော”
” ဒီနှစ်တော်တော်ရောင်းရပါတယ်ကွာ
အခုထိ လူပြည့်နေတာသာ ကြည့်လေ
တာတေရာ”
“ဝမ်းသာပါတယ်ဗျာ ဝမ်းသာပါတယ်”
“ရော့ ရမ်နဲ့ဆိုဒါ ဒီမှာရေခဲတုံး ဟောဒါက
အပိန်ကြွေးတာ အခေါက်ကင် ပိုက်ဆံမပေးနဲ့
ရမ်ဖိုးပဲ ပေးခဲ့”
ကျုပ်လည်း အပိန့်ချပေးတဲ့ ရမ်ထဲကို ဆော်ဒါ
ရောပြီး ရေခဲတစ်တုံးထည့်ပြီး တစ်ချက်တည်း
မော့ပစ်လိုက်တယ်။ ပြီးတော့မှ အခေါက်ကင်
ထိုင်စားတယ်။နောက်နှစ်ပတ်ထပ်သောက်တယ်
“ဟာ ကိုကြီးတာတေ ဘယ်ပျောက်သွားလဲလို့
ဒီမှာလာပြီး ဇိမ်ယစ်နေတာကိုးဗျ”
“ဟေ့ကောင်တွေ လာ ဘာသောက်မလဲ”
“မလာတော့ဘူး ကိုကြီးတာတေ ကျုပ်တို့က
အပိန့်ဆိုင်ကို ဒါသုံးခေါက်မြောက်လာတာ
ဒီမှာပဲ ထိုင်မယ်။ ကိုကြီးတာတေ အရမ်းပင်
ပန်းနေတာ ကျုပ်တို့သိပါတယ် အေးအေး
ဆေးဆေးနားပါ အားလုံး အေးအေးဆေးဆေး
ပါပဲ ပွဲလည်းငြိမ်နေတာပါပဲဗျာ”
“အေး အေး ကောင်းတယ်”
ကျုပ်မြင်ခဲ့ရတဲ့ သွေးပျက်စရာကိစ္စကြီးကို
ထိုင်တွေးရင်း မနက်(၂)နာရီထိုးလောက်မှာ
ကျုပ်လည်းမူးလာတော့ ပွဲခင်းဘက်မသွား
တော့ဘဲ။ အိမ်ကိုပဲ တန်းပြန်ခဲ့တယ်။ အိပ်
ယာထဲမှာ ချက်ချင်း မအိပ်နိုင်သေးပဲ လင်း
အားကြီးကြမှ မှေးခနဲ အိပ်ပျော်သွားတယ်။
ပွဲပြီးသွားတာ လူတွေပြန်လာကြတာတွေ
ကျုပ်ဘာမှ မသိတော့ဘူး။ ကျုပ်သိတာ
ကတော့ မဖဲဝါဆိုတဲ့ အရိပ်ဖြူဖြူကြီးက
ကျုပ်ရှေ့မှာ တဟီးဟီးရယ်နေတာကြီး
ကိုပဲ အိပ်မက်,မက်နေတာဗျို့။အဲဒီနေ့
က ကျုပ်မနက်(၁၀)နာရီလောက်မှ
အိပ်ယာက နိုးတယ်။
အဘနဲ့အမေကလည်း ကျုပ်ကို မနှိုးကြဘူးဗျ။
ကျုပ် ဒီရက်တွေ သိပ်ပင်ပန်းနေမှန်းသိကြတာ
ကိုး။ကျုပ်အိပ်ယာက နိုးပြီး မျက်နှာသစ်ပြီး
ထွက်လာတော့။ကျုပ်တို့ အိမ်မြောက်ဘက်ဝိုင်း
က အရီးရွှေမြနဲ့ အမေနဲ့ တိုးတိုးပြောနေကြတာ
တွေ့ရသဗျ။ ကျုပ်လည်းအသာမသိမသာ
နားစွင့် ကြည့်ရတာပေါ့။
“ဟဲ့ လူကလေး ဒီကိုလာဦး ခဏ”
ကျုပ် အမေနားရောက်တော့ အမေက
“နင်က ခုမှအိပ်ယာက နိုးလို့ ဘာမ
ှမသိသေးတာ တာတေရဲ့ ရွာထဲမှာတော့
ကျွတ်စီကျွတ်စီ ဖြစ်နေပြီ”
“ဟင် ဘာဖြစ်လို့တုံးဗျ”
“ဘိန်းစားဘစိန်ကြီး သေပြီဟဲ့”
“ဟင် ကိုကြီးဘစိန်က ဘာဖြစ်လို့တုံး
ညကလည်း ကျုပ်ရှိနေတာပဲ ရန်တွေ
ဘာတွေ ဖြစ်သံမကြားပါဘူး”
“ရန်ဖြစ်တာမဟုတ်ဘူးဟဲ့၊ ဘန့်ဘွေးကုန်း
သုဿန်မှာ တရုတ်ဂူဖောက်တာတဲ့ဟေ့၊
အဲဒါ သူရဲဂုတ်ချိုးသတ်တာတဲ့။ ပါးစပ်ကြီး
ထဲမှာလည်း အမဲသားတုံးကြီးတစ်တုံး ငုံလို့
တဲ့ ဂုတ်ကြီးက ကျိုးပြီးသေနေတာတဲ့ လူ
တွေ တစ်ရွာလုံး သွားကြည့်ကြလို့ ရွာထဲ
လူတောင် မကျန်တော့ဘူး နင်လည်း
သွားကြည့်ချင် သွားကြည့်ချေပေါ့”
“ဟဲ့ ငွေစိန် မရှိတော့ဘူး။ ပုလိပ်တွေ
အလောင်း သယ်သွားပြီးတဲ့ မြို့ကို
ပို့ရမှာဆိုပဲ”
“ဟင် ဟုတ်လား အရီး သယ်သွားပြီတဲ့လား”
“ကိုကြီးဘစိန်က ဘာဖြစ်လို့များ
ဂူဖောက်ရတာတုံးဗျာ”
“ဟဲ့ တာတေရဲ့ ဘစိန်က ဘိန်းစားပဲဟဲ့
သူမှာ ဘိန်းက မစားဘဲ နေလို့ ရတော့တာ
မဟုတ်ဘူးဟဲ့။ ဘိန်းဖိုးပြတ်ရင် မရရတဲ့
နည်းနဲ့ ရှာမှာပဲပေါ့။ရွာပြန်ရောက်တာ
(၂)ရက်လား ရှိသေးတာတဲ့ ”
“အော် ဘိန်းစားဘစိန် ခုတော့ ဇာတ်သိမ်း
သွားပြီပေါ့။ ဆံပင်ညှပ်တာ လက်ရာကလေး
ကောင်းရဲ့သားနဲ့ ဒီဘိန်းသွားစားလို့ နာမည်
လည်းပျက်၊ အခုတော့ ဘိန်းဖိုးရှာရင်းနဲ့
သရဲဂုတ်ချိုးသတ်ခံလိုက်ရတာပေါ့လေ”
ကျုပ်လည်း အမေတို့နှစ်ယောက် ပြောဆို
နေတာတွေဆက်ပြီး မကြားချင်တော့တာနဲ့
ရွာထဲက ထွက်လာခဲ့တယ်
“ကိုကြီးတာတေ၊ ခုမှနိုးလာတာလား”
“အေးကွ ငပြူးရ ၊ ငါခုမှနိုးတာ”
“ဒါဆို ဘိန်းစားဘစိန်ကြီးသတင်း
မကြားရသေးဘူးပေါ့”
“ကြားပြီးပါပြီကွာ၊ အိမ်မှာ အရီးရွှေမြနဲ့
အမေတို့ ပြောနေကြတာ ငါကြားပြီးပါပြီ”
“ဘိန်းစားဘစိန် ဂူဖောက်တာဗျ။သရဲဂုတ်ချိုး
သတ်ခံလိုက်ရတာ။ သူ့ပါးစပ်ထဲမှာ အမဲသား
တုံးကြီးရော ထမင်းစေ့တွေရော ငုံထားဆိုပဲဗျ။
ပုလိပ်တွေက ဂူပေါ်တက်ကြည့်တော့ ဂူပေါ်မှာ
ငှက်ပျောဖက်ကြီးနဲ့ ထမင်းတွေ၊ အမဲသား
ဟင်းတွေ၊ တွေ့တယ်တဲ့ဗျ။ ကျုပ်တို့သွား
ကြည့်တော့ ဂူဘေးမှာမှီလျက်သားကြီး
သေနေတာဗျ။ ဇာက်ကြီးကျိုးကျနေတယ်။
ခါးတောင်းကြီးကလည်း ကျိုက်ထားသေး
တယ်ဗျ”
ငပြူးက သူသွားကြည့်ခဲ့တာတွေကို ကျုပ်ကို
တစ်လုံးမကျန် ပြန်ပြောပြတယ်။ ပုလိပ်တွေ
က တခြားဘယ်သူပါသေးလဲ ဆိုတာ စုံစမ်း
နေတယ်တဲ့။
ဒါပေမဲ့ အဲဒီညက ဘိန်းစားဘစိန်နဲ့ အတူတူ
ကျုပ်ပါတယ်ဆိုတာ ဒီကနေ့အထိ ဘယ်သူမှ
မသိကြပါဘူးဗျာ။
အဲ ခင်ဗျားတစ်ယောက် လွဲရင်ပေါ့လေ…။
ဆရာတာတေ ပထမဆုံးရေးတဲ့
ကိုယ်တွေ့မဖဲဝါ စာအုပ်မှ လက်ခ
စာဖတ်သူကို ကောက်နုတ်ကူးယူ
တင်ပြထားသည်။
Credit
ပြီးပါပြီ
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
Leave a Reply