တယ်၊ ကျွန်တော်လဲ အဖွားအိမ်ကနေ မိဘအိမ်ကိုပြန်ပြောင်းနေထိုင်ခဲ့တာပေါ့၊ ကျွန်တော်တို့မိသားစုနေထိုင်ရတာက အစိုးရပိုင်အိမ်ရာဝန်းကြီးတခုထဲမှာပါ နှစ်ထပ်အိမ်ကလေး ခြံကျယ်ကျယ်လေးဆိုတော့ သစ်ပင်စိုက်တာဝါသနာပါတဲ့ မိသားစုအတွက်တော့ ပျော်စရာ ရေကန်အသင့်ကြာအတင့်လေးပေါ့၊ ထားပါတော့လေ ပြောချင်တာက ကျွန်တော်တို့မိသားစု ဒီအိမ်လေးကိုပြောင်းလာပြီး ၂ ပါတ်လောက်အကြာ တညနေမှာ အိမ်ကို အန်တီကြီးတယောက်လာလယ်ပါတယ်၊ ပထမ နယ်မြို့ကလေးမှာနေတုန်းက သမီး ၂ ယောက်ရှိတဲ့ အန်တီကြီးပါ၊ မိတ်ဆွေဟောင်းတွေပြန်တွေ့ရလို့ ဝမ်းသာအားရပေါ့၊ သူတို့က ကျွန်တော်တို့အိမ်နောက်ဘက်က နှစ်လမ်းကျော်မှာနေထိုင်ကြောင်းပြောပြီး အမေကလဲ ဝမ်းသာလို့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြ မိသားစုအကြောင်းတွေမေးကြပြောကြပေါ့၊ အဲဒီအန်တီကြီးက သမီးကြီးအကြောင်းတွေပဲ ရွှန်းရွှန်းဝေအောင်ပြောနေပါတယ်၊ ကျွန်တော်အမေက အငယ်မလေးကော တက္ကသိုလ်တက်နေပြီးလား ခုအပျိုကြီးဖြစ်လာတော့ ပိုချောလာမှာနော် ငယ်ငယ်ကလေးဘဝ ကတောင်တော်တော်ချောတာလို့ ပြောတော့ အန်တီကြီးမျက်နှာပျက်သွာပါတယ်၊ မျက်ရေလေးစမ်းတမ်း စမ်းတမ်းနဲ့ အစ်မရယ် ဘာပြောရမှန်းလဲမသိတော့ပါဘူး ဘာမျှလဲအပြောချင်တော့ပါဘူးလို့ပြောနေတော့ အမေက ဟဲ့ဘာဖြစ်လို့လဲ ညည်းဟာက ရင်တုန်လိုက်တာအေ ပြောစမ်းပါ တခုခုများဖြစ်လို့လား၊ လို့မေးတော့မှ အမ်ထောင်ကျသွားပြီဖြစ်ကြောင်း ယခုလောလောဆယ်စီးပွားရေးအဆင်မပြေဒုက္ခရောက်နေလို့ အိမ်မှာခေါ်ထားကြောင်း ၂ နှစ်အရွယ်သားလေးတယောက် နဲ့ ခုလက်ရှိကိုယ်ဝန်ကြီးနဲ့ဖြစ်ကြောင်းတွေကို ငိုလိုက်ပြောလိုက်ပေါ့ဗျာ၊ မျက်ရည်လွယ်တဲ့ ကျွန်တော့်အမေကလဲ မျက်ရည်လေးစမ်းတမ်းစမ်းတမ်းပေါ့၊ ဆက်ပြောတာကတော့ သူ့ယောက်ကျားက ပညာမတတ် မိဘဖက်ကလဲဆင်းရဲတော့ ကြုံရာကျဘမ်းအလုပ်တွေလုပ်ရကြောင်း၊ တခါတလေ ဘုရင့်နောင်က ပွဲရုံတွေမှာလုပ်သလို တခါတလေတော့ ပျော်ဘွယ် ရမည်းသင်းဘက်က ရွှေတူးတဲ့ ဘက်မှာ ရွှေတူးလုပ်သားအဖြစ်သွားရောက်လုပ်ကိုင်ကြောင်း၊ သူသမီးကို ကောင်မကရုပ်ရည်လေးမက်ပြီးယူတာလေ ခုတော့ဒုက္ခတွေ ပင်လယ်ဝေနေလို့ သူ့အဖေက မကြည့်ရက်နိုင်လို့ အိမ်မှာခေါ်ထားတာမကြာသေးကြောင်း ကျွန်မကတော့ ကိုယ့်ရင်ဘတ်ခြေစုံကန်သွားတဲ့ကောင်မ အိမ်မှာကျွန်လိုပဲထားကြောင်း၊ ပြောပြနေပါတယ်၊ အော် မိခင်တယောက်သောကကလဲ ဘာနဲနှိုင်းပြရမှန်းတောင်မသိတော့ပါဘူးဗျာ၊ ကျွန်တော်အမေကတော့ ဖြောင်းဖြောင်းဖြဖြပေါ့ သားသမီးဆိုတာ ကိုယ့်သွေးတွေနဲ့တည်ဆောက်ထားတာ မတော်ချင်လို့မရကြောင်း သူတို့အားနဲနေချိန်ကိုယ်က နွေးနွေးထွေးထွေး ဂရုစိုက်စီမံစောင့်ရှောက်ပေးရမှာဖြစ်ကြောင်း၊ ဘဝကြီးဆိုတာ တခါတလေ ကိုယ်ဖြစ်ချင်တိုင်းဖြစ်တတ်တာမျိုးမဟုတ်ကြောင်း၊ ပြောပုံအရဆို ကောင်လေးက အလုပ်ကိုတော့ ကြိုးကြိုးစားစားတော့လုပ်ကြောင်း ရိုရိုကျိုးကျိုးလေးရှိကြောင်း အလုပ်ကြိုးစားလုပ်တဲ့သူဟာ တနေ့တော့အောင်မြင်မှာပေါ့လေ ဆိုပြီးဖြောင်းဖြနှစ်သိမ့်နေရပါတယ်၊ ဒီလိုနဲ့ နောက်ပိုင်းမှာ သူ့တို့အိမ်သွားလယ်လိုက် ကိုယ့်အိမ်လာလယ်လိုက်နဲ့ ခင်ခင်မင်မင်ပေါ့ဗျာ၊ ကောင်မလေးကလဲ ကျွန်တော့်အမေက သူ့ကိုချစ်မှန်းသိလို့အိမ်ကိုမကြာမကြာလာလယ်ပါတယ်၊ သူ့အကြောင်းလေးတွေလဲ အမေ့ကိုပြောပြောပြတယ်ဗျ၊ သူအိမ်ထောင်ပြုတာကို သူ့အမေက တော်တော်စိတ်ဆိုးနေကြောင်း၊ အဖေက အိမ်ခေါ်ထားပေမဲ့ အမေက မကြည်ဖြုကြောင်း၊ ထမင်းသာကျွေးထာပြီးတခြားကိစ္စတွေဆို မေမြန်းဖေါ်တောင်မရှိကြောင်း၊ သူ့အမျိုးသား တခါတလေ နယ်ကပိတ်ရက်ပြန်လာလျှင်လဲ စကားမပြောကြောင်း အော်ဟစ်မာန်မဲနေတတ်ပြီး အိမ်နောက်ဖေးမှာပဲ နေရကြောင်း ဧည့်သည်လာရင်တောင်အိမ်ရှေ့ထွက်ခွင့်မရကြောင်း ပြောလိုက်ငိုလိုက်ပေါ့ဗျာ၊ အမေကတော့ ရွှေပြည်အေးပေါ့ ကောင်မလေးကိုလဲဖြောင်းဖြ မိဘဆိုတာစိတ်ဆိုးတုန်းခဏပေါ့ မိဘဆိုတာ သားသမီးကိုချစ်လွန်းလို့ ဒီလိုတွေဖြစ်နေတာဖြစ်ကြောင်း မိဘကိုစိတ်နဲ့တောင်မပြစ်မှားပဲ ကိုယ့်ဘက်က လုပ်စရာတွေရှိတာ လုပ်ပေးပြီးလိမ်လိမ်မာမာနေရင်တချိန်မှာ စိတ်ဆိုးပြေသွားမှာဖြစ်ကြောင်းဆုံမတတ်တာပေါ့၊ ကောင်မလေးက အိမ်ကိုမကြာခဏလာရောက်ပြီးအမေ့ကိုတိုင်ပင်ရင်ဖွင့်ပါတယ်၊ တကယ်တော့ ကောင်မလေးမှာ မွေးရာပါသွေးအားနဲရောဂါရှိပါတယ် သူခုကိုယ်ဝန်နဲ့မှာနေသိပ်မကောင်းပြီး တရှောင်ရှောင်ဖြစ်နေလို့ အမေကတောင် ကိုယ်ဝန်ဆောင်အားဆေးတွေ လိုအပ်မဲ့ဆေးတွေဝယ်ပေးခဲ့ပါသေးတယ် တကယ်တော့ ကောင်မလေးက စိတ်ဓာတ်ကျပြီးသွေးအားနဲနေတာပါ၊ ဒီလိုနဲ့ ကောင်မလေးဆေးရုံတက် ကလေးမွေးတယ်လို့ကြားပါတယ် သမီးလေးမွေးပါတယ်၊ မွေးတာတောင် လင်မယား၂ယောက်ထဲ ရန်ကုန်မြို့စွန်က အစိုးရဆေးရုံသေးသေးလေးမှာသွားမွေးတာပါ ကုန်ကျစရိတ်သက်သာအောင်ထင်ပါတယ်ဗျာ သိတင်းကြားတော့ ကျွန်တော်အမေ့ကိုတောင်ဆေးရုံလိုက်ပို့လိုက်ပါသေးတယ် ကလေးပစ္စည်းတွေလဲ ဝယ်သွားပေါ့ဗျာ သူ့အမေကတော့လာတောင်မကြည့်ပါဘူးတဲ့ စိတ်ဆိုးမပြေသေးဘူးထင်ပါတယ်၊ ကောင်မလေးလဲမျက်ရေဆက်လက်ပေါ့၊ မိခင်ကော ကလေးကော သိပ်နေမကောင်းလို့ဆေးရုံမဆင်းရပဲတော်တော်ကြာကြာလေးဆေးရုံမှာနေလိုက်ရပါတယ်၊ ကျွန်တော်အမေ့ကိုတောင် ၃ ခေါက်လောက်လိုက်ပို့လိုက်ရပါသေးတယ် ကောင်မလေးရဲ့အမျိုးသားကို ဆေးရုံစရိတ်ကုန်ကျတာများလို့ အမေကပိုက်ဆံပေးတော့ ကောင်လေးက မယူပါဘူး မွေးဖို့အတွက်ပိုက်ဆံစုထားတာရှိတယ်ဆိုပြီးငြင်လိုက်ပါသေးတယ် ယဉ်ယဉ်ကျေးကျေးလေးပါပဲ၊ ဆေးရုံဆင်းလာပြီးအိမ်ပြန်ရောက်လာပေမဲ့နေသိပ်မကောင်းသေးပါဘူး၊ သူ့အမျိုးသားကတော့ ခွင့်ရက်စေ့လို့ ရွှေတောကိုပြန်သွားပါတယ်၊ ဒီလိုနဲ့ ကောင်မလေးနေမကောင်းတာ တရှောင်ရှောင်နဲ့ ၃ လလောက်ကြာတော့ ဆေးရုံပြန်တင်လိုက်ရပါတယ် ကျွန်တော့်အမေလဲ ဆေးရုံလိုက်သွားတော့ ကောင်မလေးက အမေ့ကို အားကိုးတကြီးရင်ဖွင့်ပါတယ်၊ သူမနေရတော့ဘူးဆိုတာသူ့ကိုယ်သူသိကြောင်း၊ သူ့သားလေးနဲ့သမီးလေးကို သူ့အမေက အသိအမှတ်မပြုလို့ သူစိတ်မချကြောင်း၊ ကလေးတွေလူ့လောကကြီးမှာ ကူရာမဲ့တွယ်ရာမဲ့ဘဝမှာ သူမထာခဲ့ရက်နိုင်ကြောင်း၊ သူ့အစ်မကိုလဲ သူ့ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ တတွတ်တွတ်မှာနေပါတယ်၊ အစ်မကတော့ စိတ်ချပါညီမလေးပေါ့၊ ညည်းဘာမှမဖြစ်ပါဘူး နေပြန်ကောင်းသွားမှာပါဆိုပေမဲ့ အကြီးမလဲ အမေကိုကြောက်ရလို့ ဆေးရုံကိုတောင် ခိုးပြီးလာတွေ့ရတဲ့အခြေအနေပါ၊ ဆေးရုံတက်နေပြီး ၃ ရက်မြောက်ညမှာ ဆုံးသွားပြီဆိုတဲ့သိတင်းရပါတယ်၊ ကျွန်တော်တို့မိသားစုလဲ ညဘက်တွေဆိုနာရေးသွား လိုအပ်တာလေးကူညီပေါ့၊ ညဘက်စောင့်တဲ့သူတွေပြောတာတော့ တော်တော်ခြောက်တယ်တဲ့ ကလေးကိုချီရင်လဲ အနံ့တွေပေးတယ်ပြောကြတယ် သူ့အမေကတော့ လူတွေရှေ့မှာမငိုပေမဲ့ မျက်လုံးတွေတော့ ရောင်ကိုင်းလို့၊ သားသမီးကို အချစ်ကြီးတော့ သူလဲတော်တော်ခံစားရမှာပါဗျာ၊ ရက်လည်ပြီးတော့ ၂ ရက်လောက်နေတော့ ကောင်မလေးအမျိုးသားကို ဒီအိမ်မှာဆက်မနေဖို့ပြောတယ်ကြားပါတယ်၊ ကလေးတွေကိုတော့ ခေါ်ထားလိုက်ပြီး ကောင်မလေးအမျိုးသားကတော့ မိဘအိမ်ပြန်သွားရတယ်ပေ့ါဗျာ၊ ကလေးတွေကိုတော့ အချိန်မရွေးလာကြည့်ခွင့်တော့ ပေးထားတယ်လို့သိရပါတယ်၊ ရက်လည်ပြီးနောက်ပိုင်းတော့ ခြောက်တယ်လို့တော့မကြားရတော့ပါဘူး၊ ဒီလိုနဲ့ အချိန်တွေကြာလာလိုက်တာ ၅ နှစ်လောက်ကြာတော့ အဲဒီ အန်တီကြီးတို့အိမ်မှာ ရှင်ပြုပွဲလေးရှိလို့ လာဖိတ်ပါတယ်၊ သူတို့အိမ်က သမီးအကြီးမရဲ့သားလေးတွေရှင်ပြုတဲ့ပွဲပေါ့၊ သေသွားတဲ့ ကောင်မလေးရဲ့သားလေးလဲ (ရ)နှစ်ကျော်ကျော်လောက်ရှိပြီဆိုတော့ သူ့အဖိုးအဖွားကရှင်ထည့်ပြုပါတယ်၊ မနက်ပိုင်းရှင်လောင်းလှည့် ကိုရင်င်္သခန်းစည်း နေ့လည်တရားနာရေစက်ချအမျှဝေ ပရိတ်သတ်ကိုကျွေးမွေး နဲ့ အလှုပြီးမြောက်သွားပါတယ်၊ ညနေစောင်းကိုရင်လေးတွေအိမ်ကြွလို့ လာပါအုံးလို့ဖိတ်တာနဲ့ ကျွန်တော်ရယ် အဖေရယ်အမေရယ် သူတို့အိမ်ကိုသွားခဲ့ပါတယ်၊ မုန့်တွေနဲ့ ဧည့်ခံတာပေါ့ လာတဲ့ ဧည့်သည်တွေက ၁၅ ယောက်လောက်ပဲရှိပါတယ်၊ အဲလိုနဲ့ ရ နာရီခွဲလောက်မှာ အားလုံးထိုင်စကားပြောနေကြတုန်း အကြီးမက လက်ဖက်ပုံဂံလာချရင်း ဘုန်းဆိုလဲသွားရင်း ငိုပါလေရောဗျာ၊ လူတွေကလဲ ဟာ … ဘာဖြစ်တာလဲ ဆိုပြီးဆွဲထူကြတော့ အဟီးဟီးနဲ့ ငိုရင်းမိခင်ဆုံးသွားတဲ့ ကိုရင်လေးခြေထောက်ကိုပြေးဖက်ထားပါတယ်၊ ကိုရင်လေးကလဲ လန့်ပြီးငိုတော့မှ ဖက်ထားတဲ့ခြေထောက်ကိုလွှတ်လိုက်ပါတယ်၊ ငိုသံကြီးကလဲ သူ့အသံမဟုတ်ပါဘူး ကြောက်စရာ ဝမ်းခေါင်းသံကြီးနဲ့ပါ၊ ဘာမေးမေး ဘာမှပြန်မပြောပဲ ခေါင်းပဲခါရမ်းငိုနေပါတော့ထယ်၊ နားလည်တဲ့သူတယောက်ကတော့ ဒါအပမှီတာ သရဲပူးတာ သရဲထုတ်ပစ်မှရမယ်ပြောတော့ ငိုရင်းပါးစပ်ပိတ် ခေါင်းခါပြီး လက်ကာပြပါတယ်၊ မထုတ်ပါနဲ့ ဆိုလိုတာကို လူတိုင်းသဘောပေါက်လိုက်ကြပါတယ်၊ သူတို့အဖေက အခုဝင်ပူးနေတာ ဘယ်သူလဲ သမီးငယ်လား သမီးငယ်ဟုတ်လား ပြောစမ်းဘာပြောချင်လို့လဲလို့ မေးတော့လဲ တခွန်းမှပြန်မပြောပဲ ငိုရင်းပါးစပ်ကိုစိပြီး လက်ကာပြနေပါတယ်၊ သဘောပေါက်လိုက်ကြတာကတော့ သူ့စကားပြောလို့မရဘူး တယောက်ယောက်ကသူ့ကိုစကားပြောခွင့်မပေးဘူးဆိုတာသိလိုက်ကြတော့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေကြတာပေါ့ဗျာ၊ လူတယောက်က ဟိုဘက်နားလေးမှာ အထက်လမ်းဆရာတယောက်ရှိတယ် ရတယ် ကျွန်တော်အကြိုးအကြောင်းပြောပြီးခေါ်လာမယ်ပြောပြီးပြောပြီးသွားခေါ်တာ မကြာပါဘူးပြန်ရောက်လာပါတယ်၊ အထက်လမ်းဆရာကလဲ တော်တော်စွမ်းတဲ့သူတယောက်ပါ ရောက်ရောက်ချင်းဘုရားဦးချ ပုတီးကိုလက်မှာကိုင်ပြီးရွတ်ဖတ်လုပ်ကိုင်ပြီး သရဲပူးတဲ့ သူရဲ့ခေါင်းကိုကိုင်ပြီးမေးတော့လဲ ဘာမျှမပြောပဲခေါင်းပဲခါနေပါတယ်၊ နောက်မှအထက်လမ်းဆရာက ဘုရားဂိုဏ်တော်ကျေးဇူး ငါအထက်လမ်းဆရာရဲ့ အမိန့်ကြောင့် အနှောင့်အယှက်တွေအကုန်ဘေးဖယ်ကြပြီး အဝေးမှာသွားနေကြစမ်း အနှောင့်အယှက်တွေငါခွင့်မပြုဘူး လို့အမိန့်ပေးသံနဲ့ပြောလိုက်ပြီး ကဲပြော မင်းကဘယ်သူလဲလို့မေးတော့မှ ကျွန်မ အငယ်မပါဆိုပြီးမျက်ရေဆက်လက်နဲ့ပေါ့ဗျာ ကြည့်နေတဲ့သူတွေလဲ သနားလို့မျက်ရည်တွေကျလို့ပေါ့၊ သူ့အဖေကတော့ ဘယ်လိုဖြစ်တာလဲသမီးရယ် လောကကြီးလူ့ဘဝမှာသမီးကောင်းကောင်းမွန်မွန်နေခဲ့တာပဲ ဘာကြောင့် နာနာဘာဝ ပရလောကရောက်နေရတာလဲဆိုတော့ သမီးရဲ့ သား နဲ့ သမီးကို စိတ်မချဘူးအဖေ၊ သားသမီးနှစ်ယောက်အတွက် သမီးဘယ်ကိုမှမသွားနိုင်ဘူး သမီးသူတို့တွေနဲ့ နီးရာလေးမှာပဲနေတယ်အဖေ လို့ ငိုလိုက်ပြောလိုက်ပေါ့၊ သူ့အဖေက အခုသမီးဘယ်မှာနေလဲ အဖေကိုသေချာပြောပြစမ်းဆိုတော့ လမ်းထိပ်ကမူလတန်းကျောင်းထဲက သရက်ပင်ကြီးမှာနေနေရတယ်အဖေ အဲဒီမှာလဲ နေတဲ့သူတွေများလို့ကျပ်သပ်နေတာပဲအဖေရယ်၊ နေရထိုင်ရတာလဲအဆင်မပြေပါဘူး၊ သမီးရဲ့သားလေးက အဲ့ဒီကျောင်းမှာတက်တော့ သားလေးနဲ့နီးချင်လို့အဲဒီအပင်မှာ တောင်းတောင်းပန်ပန်နေရတာ သူတို့ကသမီးကိုမနေစေချင်တော့ ထွက်သွားအောင်နေ့တိုင်းလိုလိုဝိုင်းပြီးနှိပ်စက်ကြတယ်၊ သားလေးကိုလဲနေ့တိုင်းတွေ့နေရတယ် အဖေတို့အိမ်ကိုလဲလှမ်းမြင်နေရလို့သာကပ်ရပ်ပြီးနေနေရတာ ဒုက္ခကတော့မျိုးစုံပါပဲအဖေရယ် လို့ပြောတော့ သူ့အဖေက အားရပါးရအော်ငိုရင်း ဖြစ်မှဖြစ်ရလေ သမီးလေးရယ် အဲဒါစောစောလာပြောပါတော့လား ငါ့ကိုစောစောလာပြောပါတော့လားဆိုပြီး ဝုန်းဒိုင်းတွေကြဲပါကောဗျာ၊ ပူးကပ်နေတဲ့သရဲကောင်မလေးက ပြောလို့မရဘူးအဖေ၊ သမီးတို့မှာ နယ်ပိုင် နေရာပိုင်အချုပ်လူကြီးတွေရှိတယ် သူတို့ခွင့်ပြုချက်မရပဲ ဘယ်မှသွားလို့ ဘာမှလုပ်လို့မရဘူး သူတို့ကိုအရမ်းကြောက်ရတယ် ကိုယ်လုပ်ချင်တာ တခုခုလုပ်ဖို့ကြိုးစားလိုက်တာနဲ့ အရမ်းအနှိပ်စက်တွေခံရတယ် သမီးအပင်ပေါ်ကနေပဲ သားလေးကိုကြည့်နေရတယ် အနားသွားလို့မရဘူး တခါတလေသားလေးကိုသူများကလေးကအနိုင်ကျင့်တာတွေ့လို့သွားချင်တာတောင်သွားလို့မရဘူး သမီးရင်နာလိုက်တာအဖေရယ် သမီးရဲ့သားလေးကိုလဲရရုစိုက်ပေးပါ၊ အဖေတို့ဆီလဲလာချင်ပေမဲ့ နေတဲ့အပင်က အချုပ်လူကြီးက သွားခွင့်မပြူလို့မလာရဘူးအဖေ ဒီအပင်မှာနေတဲ့ မိသားစုတွေအားလုံးသူ့ကိုကြောက်ရတယ် အရမ်းလဲဆိုးတယ် ပြောရင်းတဆက်ထဲမှာပဲ သမီးကသူ့ရဲ့သဘောအလိုကိုမလိုက်လို့ သမီးကပိုပြီးနှိပ်စက်ခံရတယ်အဖေ လို့ပြောတော့ ဦးလေးကြီးဒေါသ ငယ်ထိပ်တက်ဆောင့်ပါပြီ၊ ဝုန်းဒိုင်းတွေကြဲ ပါစပ်ကလဲ ဆဲနည်းမျိုးစုံနဲ့သရဲအချုပ်လူကြီးကိုဆဲပြီး အိမ်ထဲက ငှက်ကြီးတောင်ဓားကိုဆွဲထုတ်လာပါတယ်၊ နောက်ဖေးမှာ လာကူညီလုပ်ကိုင်ပေးနေတဲ့ သူ့တပည့် လေးငါးယောက်ကိုလဲ ဟိတ်ကောင်တွေလာကြ ဒီသစ်ပင်ကို အပိုင်းပိုင်းခုတ်ပြီး အမြစ်ကနေလှန်မယ် ဒီကောင့်ကိုငါသတ်မယ် လာကြစမ်းလို့ခေါ်နေပါတယ်၊ တအိမ်လုံးလဲ ဝုန်းဒိုင်းတွေကြဲ ငိုတဲ့သူကငို အော်တဲ့သူတွေကလဲအော်နဲ့ ဆွဲကြလွဲကြထိမ်းမနိုင်သိမ်းမရပေါ့ဗျာ၊ ကိုရင်လေးတွေကလဲ ဘာမှန်းညာမှန်းမသိတော့ မျက်လုံးလေးတွေကလယ်ကလယ်နဲ့ငိုကြတာပေါ့၊ အထက်လမ်းဆရာက အဲလိုမလုပ်ပါနဲ့ အဲလိုလုပ်လို့မရဘူး စိတ်ကိုထိန်းပါပြောတာတောင်သိပ်မရချင်ဘူးဗျ၊ နောက်မှဝင်ပူးနေတဲ့သူ့သမီးက အဖေရယ် အဲ့ဒီလိုမလုပ်ပါနဲ့ သမီးကိုသနားပါ အဖေအဲဒီလိုလုပ်လိုက်ရင် သမီးကိုပိုပြီးနှိပ်စက်ကြတော့မှာလို့ပြောတော့မှ ဦးလေးကြီးငြိမ်သွားပါတယ်၊ ကိုယ့်သားသမီးအတွက် ဘာမျှလုပ်ပေးကူညီကယ်ဆယ်လို့မရတဲ့ အလျှော့ပေး အရှုံးခံလိုက်ရတဲ့ ခံပြင်းတဲ့ ဒေါသတခုကို ဦးလေးကြီးမျက်ဝန်းက မျက်ရေတွေကြားမှာတွေ့လိုက်ရပါတယ်၊ ဦးလေးကြီးကတော့ ငိုရင်း အောင်မလေးရင်တွေနာလိုက်တာဗျာ ငါရင်တွေနာလိုက်တာ ဆိုပြီးရင်ဘတ်ကိုလက်သီးဆုပ်ပြီးထုလို့နေတာပေါ့၊ အထက်လမ်းလူကြီးကလဲ ခင်ဗျား စိတ်ကိုလျှော့ပါ လောကကြီးမှာ လုပ်ချင်တိုင်မဖြစ်တဲ့အရာတွေအများကြီးပဲ စိတ်ကိုလျှော့ သူတို့ကဝိဥာည်လောက ဘဝခြားနေတယ် မေတ္တာထားပြီး အမျှဝေ မေတ္တာပို့ပေးပါလို့သာပြောနေပါတယ်၊ ဝိဥာည်ပူးနေတဲ့သမီးဆက်ပြောတာကတော့ အဖေတို့ သမီးရဲ့သားလေးကိုရှင်ပြုအလှူလုပ်တာ သမီးဟိုကနေအကုန်မြင်နေရတယ်အဖေ၊ သမီးရဲ့သားလေးကို ရှင်ပြုသာသနာ့ဘောင်ထဲထည့်လိုက်လို့သမီးအရမ်းဝမ်းသာတယ်၊ အလှူရေစက်ချအလှူမှာ အမျှဝေလိုက်တာကိုလဲ သမီးသာဓုခေါ်လိုက်ရတယ်၊ သားလေးသာသနာ့ဘောင်ဝင်လိုက်လို့လဲ ကုသိုလ်တွေထပ်တိုးပြီး ကုသိုလ်အားကောင်းလာလို့ ဒီနေ့အဖေ့အိမ်ကို လာလို့ရတာ အိမ်ထဲဝင်လို့ရတာ ဒါတောင်အနှောင်အယှက်တွေအများကြီး အတားအဆီးတွေကိုမနဲကျော်ဖြတ်ခဲ့ရတာပါအဖေရယ်လို့ပြောရင်းငိုရင်းပေါ့၊ သမီးသားလေး သာသနာ့ဘောင်ဝင်လိုက်တဲ့ ကုသိုလ်ရယ်၊ အဖေတို့အလှူအမျှဝေတာရတဲ့ကုသိုလ်ရယ်ကြောင့်သမီးမကြာခင်ကျွတ်တမ်းဝင်ရတော့မယ်၊ အဖေစိတ်မကောင်းမဖြစ်ပါနဲ့ သားလေးကိုရှင်ပြုပေးတဲ့အတွက်လဲ အရမ်းဝမ်းသာတယ် ကျေးဇူးလဲတင်လိုက်တာအဖေရယ်ဆိုပြီး အဖေကိုကန်တော့နေပါတယ် သမီးဝမ်းသာလိုက်တာအဖေရယ်ဆိုပြီးမျက်ရေတွေကလဲ တတွေတွေစီးကျပေါ့၊ နောက်ဆက်ပြီး သမီးဒီမှာ ၁ပါတ်ပဲနေရတော့မယ် အဖေ၊ နောက်အပါတ်ကနေစပြီး သမီး ဝဋ်ကြွေးတော်ပြေဖုရားကိုပြောင်းနေရမယ် (ဝဋ်ကြွေးတော်ပြေဖုရားက မြောက်ဥက္ကလာ မယ်လမုစေတီ မြစ်တဖက်ကမ်းမှာရှိပါတယ်) စေတီတော်က တည်နေတုန်းဆိုတော့ ဖုရားအမှုတာဝန်တွေ တစ်လ ထမ်းဆောင် ကုသိုလ်ယူပြီးရင် နောက်ဘဝကို ကူးရတော့မယ်အဖေ၊ သမီးကိုလဲ စိတ်ချပါ၊ သမီးရဲ့ သားလေးနဲ့သမီးလေးကိုလဲ စောင့်ရှောက်ပါပြောပြီး အဖေကိုကန်တော့ပါတယ်၊ သူ့အမေကိုလဲ သမီးလူ့လောကကြီးတုန်းက မှားခဲ့တာရှိရင်ခွင့်လွှတ်ပါအမေရယ် ဆိုပြီးကန်တော့ပါတယ်၊ ကိုရင်လေးကိုဦးချ သူသမီးလေးရင်ဘတ်ကို ပါးလေးနဲ့ကပ်၊ အထက်လမ်းဆရာကြီးကို ဦးချကန်တော့ပါပြီး ဝိဥာည်ထွက်သွားပါတယ် …
အနီးမှာရှိတဲ့သူတွေကတော့ ကြက်သေသေပြီးငြိမ်ကျန်ခဲ့ကြတာပါ၊ အားလုံးရဲ့ပါးမှာလဲ မျက်ရည်တွေနဲ့ပေါ့။
ကဲ စာဖတ်ပရိတ်သတ်ကြီးလဲ ဒီကိုယ်တွေ့အဖြစ်အပျက်လေးကို သိရှိပြီး ဘဝကြီးကိုဆင်ခြင်သုံးသပ် မိလိမ့်မယ်လို့ယုံကြည်မိပါတယ်ဗျ။ စာဖတ်ပရိတ်သတ်ကြီး လူ့လောကမှာ ချမ်းသာအေးချမ်းစွာနေထိုင်ပြီး လောကီ လောကုတ္တရာ တရားအားထုပ်ရင်းဘဝကူးဖြောင့်ကြပါစေဗျာ။
(စာချပ်။ ။ ဝိဥာည်ကောင်မလေးမိဘတွေကတော့ ဝဋ်ကြွေးတော်ပြေဖုရားမှာ ဖုရားတည်လုပ်အားပေးအလှူသွားလုပ်ကြတယ်ကြာသိရပြီး၊ သရဲဝိဥာည်နိုင်တဲ့ အောက်လမ်းဆရာတယောက်ဆီမှာ ဟိုသစ်ပင်က ဟိုအချုပ်ကောင်သရဲကြီးကို အောက်လမ်းနဲ့ခေါ်ပြီးနှိပ်စက်ကြတယ်ဆိုလားကြားမိတာပါပဲဗျာ … အော် လူ့လောကမှာ မိဘဆိုတဲ့ လူမျိုးတွေက သားသမီးအတွက်ဆိုရင် သောက ဗျာပါဒတွေကို ဘဝနဲ့ရင်းရဲကြတဲ့ လူစားမျိုးတွေပါလားနော်။)
Leave a Reply