လက်ရေးဝိုင်းဝိုင်းကိုတွေ့လိုက်ရတယ်။ “အိမ်သာထရံမချိုးရ” ကျုပ်လည်း ကိစ္စက ထွက်တော့မယ်ဆိုတော့ အကိုကြီးပြောတဲ့နည်းလမ်းကို သွားသတိရတယ်။ “အလတ်ကောင်ရ၊ ခနောင်းရှာမရရင် အိမ်သာထရံသာချိုးကွ” “ဟာ၊ ဖြစ်ပါ့မလားအကိုကြီးကလည်း၊ အဖေက ထရံမချိုးရလို့ရေးထားတယ်မဟုတ်လား” “မင်းတော်တော်တုံးတဲ့ကောင်ပဲကွ၊ ငါပြောမယ်၊ ထရံကို မြင်သာတဲ့နေရာကမချိုးနဲ့ကွာ၊ ထရံအောက်နားက တိုင်နဲ့အုပ်နေတဲ့နေရာတို့၊ ထရံအထက်နားက ခေါင်မိုးနဲ့ကပ်နေတဲ့နေရာတို့ကနေ ချိုးကွ၊ တခြားနေရာက ချိုးရင် အဖေမြင်လိမ့်မယ်” ကျုပ်လည်း အဲဒီစကားကို ပြန်သတိရလိုက်ပြီးတော့ ထရံနဲ့သစ်သားတိုင်နဲ့တွဲထားတဲ့ ထရံအောက်နားကို လက်နဲ့စမ်းလိုက်တယ်၊ အံမယ်၊ အကိုကြီးက တော်တော်ချိုးထားတဲ့ပုံပဲ၊ ထရံစတွေ သိပ်မရှိတော့ဘူးဗျ၊ ကျုပ်လည်း ဒါနဲ့ ထရံအပေါ်က ...

ကနေဇာတ်လမ်းစလိုက်ကြစို့ဗျာ။ ဒေါ်မယ်အိုက ကျုပ်ထက်ငါးနှစ်ကြီးတယ်.. ကျုပ်အသက်၁၀နှစ်မှာ သူက၁၅နှစ်ရှိပြီဗျ။ ကျုပ်အဖေကသူတို့အိမ်မှာ သူရင်းငှါးလုပ်ရင်းကနေ ပိုးထိဆုံးသွားတော့ မိဘမဲ့တစ်ကောင်ကြွက်ကျုပ်ကို သူတို့ကခေါ်ထားတယ်လေ။ နေစရာ၊ စားစရာပေးတဲ့အပြင် မုန့်ဖိုးပါပေးသေးတာ။ ဒေါ်မယ်အိုရဲ့မိဘနှစ်ပါးကလည်း အတော်လေးသဘောကောင်းရှာပါတယ်။ အင်း ဒီလိုနဲ့ တဖြည်းဖြည်းအရွယ်ရောက်လာကြတော့ အစ်မမယ်အိုက အတော်ကလေးလှလာတယ်ဗျ။ ရွှေငွေလေးကလည်းရှိ ရုပ်ကလေးကလည်းရှိဆိုတော့ ရွာကကာလသားတိုင်းလိုလို အစ်မယ်အိုအိမ်ရှေ့ သီချင်းကလေးငြီးရင်း ချစ်တေးဆိုတာပေါ့ဗျာ။ ယောက်ျားလေးအဖွဲ့နှစ်ဖွဲ့ဆုံမိရင်လည်း ပြဿနာတက်တာတောက်လျှောက်ပဲ။ ဒါပေမဲ့ အစ်မမယ်အိုက မာနကြီးတယ်။ ရွှေလင်ဗန်းနဲ့အချင်းဆေးခဲ့တဲ့ ရွှေဘုံပေါ်ကမင်းသမီးဆိုတော့ တော်ရုံယောကျ်ားကို အစ်မမယ်အိုက စိတ်မဝင်စားဘူး။ ငယ်ငယ်တည်းက ဂုဏ်ဂုဏ်ခြင်းထပ်မှမြတ်တယ်ဆိုတဲ့ သူ့အဘွားရဲ့ ရိုက်သွင်းခံရတဲ့စကားတွေလည်းပါတာပေါ့။ ...

သုံးလေးရက်ကြာအောင် စိုက်ရတာပေါ့ဗျာ၊ ကျုပ်လည်း ကျုပ်တို့ဆွေမျိုးအိမ်တွေကိုဆင်းပြီးတော့ ကောက်စိုက်သမရှာပေးရတယ်။ ဒါပေမယ့် လယ်တွေအက အပြိုင်စိုက်နေကြတာဆိုတော့ ဟိုလူ့ကိုငှားမရ၊ ဒီလူ့ကိုငှားမရနဲ့ အတော်ကိုတိုင်ပတ်တာဗျ၊ ကျုပ်တို့ဆီမှာတော့ အဲဒီလိုအမျိုးအိမ်တွေကို တစ်ယောက်တစ်လှည့်လိုက်ဆင်းပေးကြတယ်၊ သူ့လယ်စိုက်တဲ့ရက်ဆို ကိုယ်ကဆင်းပေးရတယ်၊ ကိုယ့်လယ်စိုက်တဲ့ရက်ဆိုရင်လည်း သူတို့ဆီက လူက ပြန်ဆင်းပေးရတာပေါ့၊ အဲဒါကို လက်စားလိုက်တယ်လို့ ခေါ်တာပေါ့ဗျာ၊ တစ်ရွာလုံးက အမျိုးတွေချည်းပဲမို့ လူဆယ်ယောက်လောက်ရှာတာ သိပ်မကြာဘူးပေါ့ဗျာ။ လူတွေရတော့ ကျုပ်လည်း အိမ်ကိုပြန်လာခဲ့တယ်ဗျ၊ ဦးဘသာကတော့ အိမ်ရှေ့မှာ ရေနွေးထိုင်သောက်နေလို့ဗျ။ “ဦးဘသာရော ကောက်စိုက်သမတွေရပြီလား” ဦးဘသာက အေးအေးလူလူပဲဗျ၊ ခေါင်းကိုအသာညိတ်တယ်။ သူ့လို ရွာထဲအပေါင်းအသင်းသိပ်မရှိတဲ့လူက ...

ပညာစက် တတ်ကျတယ်ပေါ့ အဲ့လိုလား” “ဆိုပါတော့ဗျာ … စုန်း တေက အနည်းဆုံး စက်တစ်မျိုး တော့ တတ်မြောက်တယ် တစ်ချို့က မွေးကတည်းက တတ်မြောက်ပြီး တစ်ချို့က မိမိ မှာ အဲ့ ပညာ ရှိလို့ရှိမှန်းတောင် မသိဘဲ ဆုံးသွားကျတယ် ဗျ.” “ဟင် စုန်းတေက သေတာဘဲလား” “သေတာပေါ့ဗျာ သူတို့လည်း လူဘဲ ဒါပေမဲ့ မသေချင်တဲ့ စုန်းတေ က  အသက်ရှည်အောင် နေကျတယ် ကျင့်ကျတယ်” “အော် အဲ့လို ကျင့်ရတာလား ” ...

လည်းမသိပါဘူးဗျာ၊ အမအရင်းဆုံးသွားတာဆိုတော့ ဝမ်းနည်းပြီး မြေပုံဘေးနားမှာပဲ ထိုင်ငိုနေမိတယ်။ “ဟေ့ကောင်လေး၊ မင်းဒီမှာဘာလုပ်နေတာလဲကွ၊ မကြောက်ဘူးလား” ညနေစောင်းခါနီးရောက်တော့ လူကြီးတစ်ယောက်က သုဿန်ထဲကိုဝင်လာတယ်ဗျာ၊ ဒီလူကြီးက သျှောင်ထုံးကြီးထုံးလို့ဗျ၊ ပြီးတော့ ဖျင်နီတိုက်ပုံနဲ့အောက်က ပုဆိုးအကွက်ကျဲကြီးဝတ်ထားတယ်၊ လွယ်အိတ်ဖောင်းဖောင်းကြီးတစ်လုံးကိုလည်း ချိုင်းအောက်မှာကပ်ပြီးလွယ်ထားသေးသဗျာ။ သူ့ပုံစံကြည့်ရတာ ဆေးဆရာကြီးတစ်ယောက်နဲ့တောင်တူတယ်ဗျ၊ ဒီလူကြီးက ကျုပ်အနားမှာလာထိုင်ပြီး “ကောင်လေး၊ ဒီမြေပုံက သေသွားတဲ့အပျိုကြီးဆိုတဲ့ မိန်းကလေးရဲ့ မြေပုံလား” “ဟုတ်တယ်ဗျ၊ သူက ကျုပ်အမပဲ” ဦးလေးကြီးက တစ်ချက်ပြုံးလိုက်ပြီးတော့ “ဟန်ကျတာပေါ့ကွာ၊ အလောင်းရှင်နဲ့တန်းတွေ့တာပဲဟေ့၊ ဒါနဲ့ မင်းအမအလောင်းကို ငါ့ကိုရောင်းမလား” “ဘယ်လိုဗျ” “မင်းနားရှုှုပ်သွားမယ်ထင်တယ်၊ ငါထပ်ပြောမယ်၊ ...

ရော သူတို့အကုန် အနောက်ဆုတ်သွားကြတယ်ဗျ။ ကျွန်တော်တို့လည်းစကားများမှားပြီလားလို့ထိတ်ကနဲဖြစ်သွားကြ တာပေါ့။ သူတို့ထဲကအသက် ၆၀ ဝန်းကျင်ဦးလေးကြီးတစ်ယောက် ကပြောတယ်။ ” ငါ့တူရီးတို့… ဒီလောက ကမစမနောက်ကောင်းဘူး… မစူးစမ်းချင် ကြနဲ့… လှည့်သာပြန်ကြတော့ ” ” ဒီလိုပါဦးလေး…ကျွန်တော်တို့ကလေ့လာချင်ရုံပါ… စဖို့နောက်ဖို့ မဟုတ်ပါဘူးခင်ဗျာ… တကယ်ရှိမရှိပဲသိရရုံတော်ပါပြီ… နှုတ်စည်း လည်းစောင့်ပါမယ်ဗျ ” ရွာကလူတွေက လက်မခံချင်ကြဘူး။ ကျွန်တော်တို့ကိုပြန်ပဲပြန်ခိုင်း ကြတယ်။ ကျွန်တော်တို့ကလည်း မသိရမချင်းမပြန်ဘူးလို့ခံငြင်းကြ တာပေါ့။ တကယ်ခံငြင်းတာက ကျွန်တော်နဲ့ဘုန်းမြတ်ကဒိုင်ခံ။ ဟို ကောင်တွေက နဂိုကမှမလိုက်ချင်တာ ပြန်မယ်ချည်းပဲဗျ။ နောက် တော့ ...

စောင့်နေရောပေါ့ဗျာ။ မျက်စိအောက်မှာ တင် မှိုတွေက မြေကြီးထဲကနေ ထိုးထွက်လာ ပြီး တဖြည်းဖြည်း ကြီးလာတာဗျို့။ နေမွန်းတည့် လောက်ရှိရင် မှိုစုံပြီပေါ့ဗျာ။ အဲဒီတော့မှ မှိုတွေ ကို နှုတ်ရတာဗျို့။ တစ်ချို့မှိုကျင်းတွေများဆို ရင် တစ်တင်းလောက် တစ်တင်းခွဲလောက်ကို ရတာဗျ။ ဒါကြောင့်လည်း မှိုကျင်းရတဲ့လူက လွှတ်ပျော်တာပေါ့ဗျာ။ ဒီနေ့ ကိုထွန်းအုံကြီး တွေ့တဲ့ မှိုကျင်းကလည်း အကြီးသားဗျ။ တစ်တင်းခွဲလောက်ကို ရဆိုပဲ။ ကျုပ်အမေကလည်း မှိုအချက်ကောင်းဗျ။ င ရုတ်ပွကလေးထောင်းပြီး စပ်ရှားရှားကလေး ချက်တာဗျ။ ပဲဟင်းလေးက တစ်ခွက်၊ မျှင်ငပိ ...

ရပ်ရန်အဆင်လည်းပြေတာကြောင့်ရောင်းကောင်းလှသည်။ ညနေလေးနာရီမှညဆယ့်နှစ်နာရီထိရောင်းချပေးသည်။ …… ……… ……… ……… ……… ……… ………       နန်းကျင်တို့မိသားစု သူတို့ရိုးရာပွဲသွားပြီးပန်လာပြီးနောက်ဆိုင်၏ဟင်းလျာတစ်မျိုးတိုးလာသည်။ဟင်းလျာသစ်က ‘ဆာရှိမီ’။ထိုဟင်းသည်လည်းရောင်းကောင်းလှသည်။လာစားကြသူအများစုမှာ ဂန္တလရာဇ်မျိုးနွယ်များဖြစ်ကြသည်။ထိုဟင်းရောင်းကောင်းလေ နန်းကျင်တို့စားဖိုဆောင်ထဲမှမထွက်ရလေဖြစ်သည်။       တစ်ရက်တွင် ကျွန်တော်သည်စားဖိုဆောင်သို့ဝင်သွားခဲ့သည်။နန်းကျင်သည် ငါးကြီးတစ်ကောင်ကိုကျွမ်းကျင်ပိုင်နိုင်စွာကိုင်တွယ်နေသည်။နန်းကျင်လုပ်သမျှကိုအသေအချာကြည့်တော့အံ့သြလွန်းသဖြင့် ကြက်သေ သေသွားရတော့သည်။       နန်းကျင် ကဖောက်သည်ရွေးထားသောငါးကြီးကိုသန့်စင်၍ ဘေးတစ်ဖက်တစ်ချက်ကိုလေးထောင့်ဓားကြီးဖြင့် ၃ ချက်စီ အပေါ်ယံရှပ်၍လှီးချလိုက်သည်။ အရှင်လတ်လတ်ဓားဖြင့်အလှီးခံရသော ငါးကြီးမှာ သူ့လက်ထဲတွင်နာကျင်သော ဝေဒနာကိုမချိမဆန့်ခံစားရင်း ဖျတ်ဖျတ်လူးရုန်းကန်နေသည်။ ဓားဖြင့်မွန်းပြီးသည်နှင့် ငါးကြီး၏ခေါင်းကိုမြှောက်ကိုင်ထားပြီး ဓားဖြင့်မွှန်းထားသော အောက်ပိုင်းကို ပွက်ပွက်ဆူနေသော ဆီအိုးထဲသို့ နှစ်ချလိုက်သည်။ ...

မလို့လဲ” ၊ “သာကေတဘက်မှာနေတာ၊ ရန် ကင်းသွားမလို့ ကားစောင့်နေတာ၊ ဘကြီးရော ဘယ်မှာနေလဲ၊ ဘယ်သွား မလို့လဲ” “ဘကြီးက မြောက်ဥက္ကလာပမှာ နေတာ၊ သမီးနဲ့ လိုက်နေတာ၊ သားမက် အိမ်မှာပေါ့၊ ခုမြောက်ဥက္ကလာပပြန်ဖို့ ကားစောင့်နေတုန်း မင်းနဲ့ဆုံခဲ့တာ၊ တို့ တွေကွဲသွားတာ အနှစ်နှစ်ဆယ်ကျော် လောက်ရှိပြီထင်တယ်” “ဖြစ်နိုင်ပါတယ် – ကျွန်တော် အလုပ်စဝင်ကတည်းကရန်ကုန်ရောက် နေခဲ့တာ” “မင်းကို ဘာကြောင့် ရုက္ခစိုးလို့ခေါ် တာသိရဲ့လား” “ဟာ- ဘကြီးကလည်းသိတာပေါ့၊ ကျွန်တော့်အဖေနဲ့ အမေ၊ ကလေးမရ သေးလို့ ကလေးလိုချင်လွန်းလို့ ...

ရှင်းလိုက်ကြတာများတယ်ဗျ။ ဗိုက်ဆိုတာကလည်း အချိန်ပြည့်နာတာမဟုတ်ဘူးလေ၊ ကိစ္စက ထိပ်၀ရောက်လာမှသာ နာတတ်ကြတာမဟုတ်လား၊ တစ်ခါတစ်လေ အလုပ်နဲ့လက်နဲ့မပြတ်ရင် အောင့်ထားလိုက်ကြသေးတယ်၊ မထိန်းနိုင်တော့ဘူးဆိုမှ အိမ်နောက်ဖေးကိုပြေးကြတာမဟုတ်လားဗျာ။ ကျုပ်တို့လည်းဒီအတိုင်းပေါ့၊ မအောင့်နိုင်တော့ အိမ်နောက်ကိုပြေးခဲ့တာပေါ့ဗျာ။ ကိစ္စက နီးနေပါပြီဆိုမှ အရေးထဲ ခနောင်းတံက ရှာနေရသေးတယ်၊ လမ်းသွားရင်းနဲ့ ဘယ်တုတ်ကို ခနောင်းလုပ်ရပါ့မလဲဆိုပြီး ကြည့်သွားတာ၊ ဖြစ်ချင်တော့ အမေတို့က တံမြက်စည်းလှဲထားတော့ ဘာတုတ်တစ်ချောင်းမှကိုမတွေ့ဘူးဗျာ၊ ဒါနဲ့အိမ်သာအနားကိုရောက်လာတာပေါ့၊ အိမ်သာထရံကိုကြည့်လိုက်တော့ အဖေက ထုံးနဲ့ရေးထားတဲ့ လက်ရေးဝိုင်းဝိုင်းကိုတွေ့လိုက်ရတယ်။ “အိမ်သာထရံမချိုးရ” ကျုပ်လည်း ကိစ္စက ထွက်တော့မယ်ဆိုတော့ အကိုကြီးပြောတဲ့နည်းလမ်းကို သွားသတိရတယ်။ “အလတ်ကောင်ရ၊ ခနောင်းရှာမရရင် ...