လူသူအရောက်ပေါက်နည်းတဲ့ လျှိုတစ်ခုအနားကိုရောက်တာ့ “ဒီနေရာက အရိပ်လဲရတယ် လူသွားလူလာလဲမရှိဘူး ဒါကြောင့်သင်ပြောချင်တာကို လွပ်လပ် စွာပြောလို့ရပါပြီ” “ ကျုပ်အခုဖြစ်နေတာတွေကို ဘယ်လိုမှမယုံနိုင်သေးဘူးဖြစ်နေတယ် ကျုပ်မှတ်မိတာက တစ်နေ့ညအချိန်ထိ ကျုပ်အိမ်မှာရှိနေသေးတယ် အိပ်ယာကနိုးလာတော့ တစ်ခါမှမရောက်ဘူးတဲ့ တောတစ်နေရာကိုရောက်နေခဲ့တယ် ကျုပ်လဲတစ်ခါမှမ‌ရောက်ဘူးတဲ့နေရာကနေ ရွာရှိတဲ့ဘက်ကို ခက်ခက်ခဲခဲကြိုးစားရှာဖွေပြီး ပြန်လာခဲ့တာ ရွာထိပ်အစပ်ကိုရောက်ခဲ့တယ် ဒါပေမယ့် ကျုပ် ရွာထဲကို ဝင်မယ်လုပ်ရင် တစ်ကိုယ်လုံးနီရဲနေပြီး လုံချည်ကိုခါးထောင်းကျိုက်ထားတဲ့ လူနှစ်ယောက်ပေါ် လာပြီး ကျုပ်လက်နှစ်ဖက်ကိုချုပ်ကိုင်ပစ်ထုတ်ကြတယ် ကျုပ်လဲငိုယိုတောင်းပန်ပြီး ရွာထဲကို ဝင်ဖို့ ပြောပေမယ့် ဘယ်လိုမှပြောလို့မရခဲ့ဘူး ဒါကြောင့်စိတ်ညစ်ညစ်နဲ့ ထွက်လာခဲ့တာ ဘုရားထီးတင်တဲ့ နေရာကိုရောက်လာခဲ့တယ် ...

ဒန့်ဒလွန်သီးဗျို့။ တစ်ခါတစ်ခါကျတော့လည်း မန်ကျည်းရွက်နုလေး တွေနဲ့ ဒန့်ဒလွန်သီးဗျ။ ကျုပ်က ဘွားမယ်ထုံ ချက်တဲ့ ချဉ်ရည်သောက်ကို လွှတ်ကြိုက်တာ ဗျို့။ ချဉ်ရည်ပူပူလေးကို ဖူးကနဲ ဖူးကနဲ မှုတ်သောက်ပစ်တာ။ ကျုပ် အဲဒီလို မြိန်ရည်ယှက်ရည် စားနေတာ တွေ့ရင် ဘွားမယ်ထုံက လွှတ်သဘောကျတာဗျ။ ပြုံးပြုံး ပြုံးပြုံးနဲ့။ “ဟဲ့ တာတေ၊ စားဟဲ့၊ ဘွားက နင့်ကို ကျွေး ချင်လို့ကို သက်သက်ခေါ်ခိုင်းပြီး ကျွေးရတာ “ လို့ ပြောသေးတာဗျ။ စားတာပြီးရင်တော့ စ ကားတွေ ပြောတော့တာပဲဗျာ။ ...

ကြာလာတာပေါ့ဗျာ… ကျုပ်ကတော့ထွေးခင် မန္တလေးကပြန်လာမယ့်ရက်ကို မျှော်နေရတာပေါ့.. ဒါပေမယ့်ဗျာ…တစ်ရက်ကျတော့ကျုပ်ဘဝကြီးအမှောင်ကျသွားသလိုခံစားလိုက်ရတယ်လေ… အဲ့တာဘာကြောင့်လည်းဆိုတော့ ထွေးခင်ပေါ့ဗျာ… ထွေးခင်လုပ်ရက်လွန်းပါတယ်… ကျုပ်သူ့ကိုချစ်ကြိုက်နေတာကိုဒင်းသိသိနဲ့မြို့သားကိုရွာထိခေါ်ပြီး ကျုပ်အသည်းကိုရက်ရက်စက်စက်ခွဲသွားတာပဲဗျ… ထွေးခင်တို့မင်္ဂလာဆောင်ကတစ်ရွာလုံး မီးခိုးတိတ်ကျွေးတာတဲ့လေ… ဝက်သားဘယ်နပိဿကျွေးတာ… သတိုးသားဘက်ကဘယ်လိုတင်တောင်းတာဆိုတဲ့ သတင်းတွေကတော့ ကျုပ်နားနဲ့ မဆန့်အောင်ကြားခဲ့ရတယ်ဗျာ… ကျုပ်အသည်းကလည်းအဲ့လောက်မမာနိုင်ဘူးဗျာ… ခံစားရလွန်းလို့မသောက်ဖူးတဲ့အရက်တွေကို တစ်နေကုန်တစ်ညလုံးသောက်နေမိတော့တာပဲ… ကျုပ်ဦးလေး ကံပေါ်ကတော့… “ငါ့တူကြီး…မင်းကွာ…” လို့ပဲဲပြောနိုင်ပြီး ကျုပ်အတွက် စိတ်မကောင်းဖြစ်နေရှာတယ်။ တားတော့မတားဘူးခင်ဗျ… ဒါပေမယ့်ပစ်လည်းမထားရှာပါဘူး။ ကျုပ်ကလည်းအသည်းအခုမှကွဲဖူးတာဆိုတော့ မခံစားနိုင်ဘူးဖြစ်နေတာပေါ့ဗျာ…။ ဒီလိုနဲ့မိုးတွေရွာနေတဲ့တစ်ရက် ကျုပ်လေးလေးကံပေါ် အိမ်မှာမရှိတဲ့အခိုက် ကျုပ်တစ်ယောက်ထဲအရက်ပုလင်းကိုင်ပြီးအိမ်ကထွက်လာခဲ့လိုက်တယ်။ ရွာထဲလမ်းကသွားရင် ကျုပ်ကိုရွာကလူတွေမြင်မှာဆိုးလို့ ရွာပြင်ဘက်ကနေလျှောက်လာခဲ့တာပေါ့။ ရွံ့တွေဗွက်တွေကိုလည်းကျုပ်ဖြတ်နင်းပြီးလာတော့ ကျုပ်တစ်ကိုယ်လုံးလည်းကြွက်စုတ်လေးတစ်ကောင်လို ဖြစ်နေတာပေါ့ဗျာ…။ ...

ဒါဆို ဆရာပြောပုံအရ လမ်းမပေါ်ဆွဲတင်ရမယ့်လူတွေရှိနေတယ်ပေါ့ ဟုတ်လားဆရာ” “အင် အဲ့လိုပြောလည်းရတယ် ဒါပေမဲ့ အခုက ခက်ခဲမယ့်ကိန်းရှိတယ်။ ထားပါ ရွာထဲကိုရောက်မှသိရမှာပေါ့ ရွာနဲ့ကအတော်ဝေးသေးတော့ ညနေလောက်မှရောက်လောက်မယ်ထင်တယ်” သည်လိုနှင့် နှစ်ယောက်သားထွက်လာခဲ့တာအချိန်အတော်ကြာမှာတော့ ထန်းနှစ်ပင်ရွာအထိပ်ကိုရောက်လာခဲ့သည်။ ရွာထိပ်ဇရပ်ကိုတွေ့တော့ ဇရပ်ပေါ်တက်ကာ နားနေဖို့နေရာအတွက်ရပြီးဟုတွေးကာ ဇရပ်ပေါ်ရှိအမိုက်သရိုက်များကိုရှင်းလင်းလိုက်ကြသည်။ဇရပ်ပေါ်မှာတော့ မထင်ထားတဲ့အရာတစ်ခုကို သူရ,ကတွေ့လိုက်ရတော့ ဝမ်းသာသွားခဲ့သည်။ “ဆရာ ဒီဇရပ်မှာ ဘုရားကျောင်းဆောင်နဲ့ ဘုရားဆင်းတုတော်ရှိနေတာပဲဆရာ” “ဟုတ်တယ် ဒါက သာမန်ဆင်းတုတော်မဟုတ်ဘူးသူရ။ ရှေးဆရာတွေဒီရွာကိုရောက်ရင် ဖူးမျှော်ဖို့ ပူဇော်ထားခဲ့တာ။ ဒီဘုရာဆင်းတုတော်နဲ့ကျောင်းဆောင်ကို သာမန်လူတွေမမြင်ရဘူး။ သာမန်ဘဝနဲ့မြင်ရတဲ့သူကတော့ ပဌာန်းဆက်ရှိလို့ပဲသူရ” “ဟုတ်ဆရာ ဒါဆိုကျွန်တော်ဘုရားကျောင်းဆောင်ကိုသန့်ရှင်းရေးလုပ်လိုက်အုံးမယ်ဆရာ” သူရလည်း ...

ဒေါ်ဆူနားတွေး‌ေနေတဲ့အချိန် ကောင်မလေး ကပဲပြုတ်ကိုလက်နဲ့နှိုက်ပြီးအငမ်းမရစားနေခဲ့တယ်။ကောင်မလေးကလည်း ပါးစပ်ကြီးကိုဖြဲပြီး ပဲပြုတ်တွေကိုစားရင်း အရမ်းကြောက်ဖို့ကောင်းတဲ့ ပုံစံကို ပြောင်းလဲသွားခဲ့တယ်။ဒေါ်ဆူနားလည်း ကြောက်လန့်ပြီး အဲ့ဒီနေရာကနေ ပြေးလာခဲ့ကာခရေညိုရွာရဲ့ အိမ်တစ်အိမ်မှာ ဝင်ပြီး နားနေရတယ်။နေတော်တော်မြင့်မှ ခရေဒေါ်ဆူနားတစ်‌ေယောက် ရွတ်မြိုင်ရွာကိုပြန်ခဲ့တယ်။ အဲ့ဒါကတော့ ဒေါ်ဆူနားပြောပြတဲ့ သူ့ရဲ့အဖြစ်ပျက်လေးပေါ့။ဒေါ်ဆူနားလည်း အဲ့ဒီနေ့ကစပြီး ခရေညိုရွာကို ပဲပြုတ်သွားမရောင်းရဲ့တော့ဘူး။ဒီလိုအကြောင်းတွေကြောင့် ခရေညိုရွာနဲ့ ရွတ်မြိုင်ရွာကလူတွေရော ကုက္ကိုလ်ပင်ကြီးကို ကြောက်နေကြတာပေါ့။ ********** နွေရာသီကျောင်းပိတ်ရက် ဖြစ်ပေမယ့် ဆရာလေးမြတ်သာတစ်ယောက် သူ့ရဲ့ဇာတိကိုမပြန်ပဲ ကျောင်းမြေကွက်လပ်က အ‌ေဆာင်(အိမ်)မှာ နေတယ်။ဆရာလေး မြတ်သာက မိဘမဲ့ဖြစ်ပြီး သူငယ်စဥ်က ရွာဦးကျောင်းက မွေးစားပြီး ပညာသင်ပေးခဲ့လို့ ...

ကြောင့် သူရနဲ့ညီအစ်ကို တစ်ဝမ်းကွဲတော်လေ၏။ “ဟ ကိုကြီးပြည့်စုံ လာလေဗျာ ကျုပ်ကဒီမှာဗျ” ကိုကြီး ပြည့်စုံက ဝိုင်းထဲသို့ဝင်လာပြီး ဝါးခမောက်လေးကိုချွတ်လိုက်သည်။ သူရလည်း အိမ်ပေါ်သို့တက်ကာ ရေနွေးကြမ်းပန်းကန်နှင့်လက်ဖက်သုပ်ပေးလိုက်လေ၏။ “ကဲ ကို​ကြီးပြည့်စုံ အမောပြေ အကြမ်းရည်လေသောက် လက်ဖက်ကလေးစားဗျာ” ”အေးကွာ ဒီနှစ်နွေကတော့ အတော့်ကို ပူတာဟေ့” ‘”ဟုတ်ပါ့ ကိုကြီးပြည့်စုံရေ နွေဦးပိုင်းမှာကို ပူတာဗျ” “ကဲထားပါ ငါလာတာ မင်းကိုပြောစရာရှိလို့ကွ” ”နို့ ဘာကိစ္စ လဲဗျ” “ကိုကြီးရဲမာန်ကွာ အခုတလော တစ်မျိုးပဲကွ” ”ဗျာ မနက်က ကျုပ်ဆွမ့်းချိုင့်သွားပို့တုန်းကတောင် တွေ့ခဲ့သေးတယ် ...

လူးအိုင် သို့ဖြစ်သည် ထိုလူးအိုင်တွင်ဖားငါးအလွန်ပေါ၏ လူသူအရောက်အပေါက်နည်း ပြီး သရဲအလွန်ခြောက်သောနေရာဖြစ်သည်။ ကိုမြင့်ဆောင်မီးဖိုထဲသို့ထင်းချောင်းများထပ် ထည့်လိုက်သည် ထင်းတုံးကြီးနှစ်တုံးကိုလည်း ရှေ့သို့ အနည်းငယ်ထပ်တိုးလိုက်၏ မိမိဖားရိုက်ထွက်နေခိုက် နွားကြီးနှစ်ကောင်ခြင်ကိုက်သက်သာစေရန်ဖြစ်သည်။ (၂၊) နေဝင်သွားပြီဖြစ်၍အမှောင်ရိပ်များကြီးဆိုးလာ သည် လက်နှိပ်ဓာတ်မီးကိုအားပြု၍ကိုမြင့်ဆောင်တစ်ယောက် လူးအိုင်ရှိရာဘက်သို့ ထွက်ခဲ့လိုက်တော့သည် သိပ် မကြာခင်မှာပဲ လူးအိုင်ဟုခေါ်သောနေရာသို့ရောက်လာသည်။ အိုင်ကြီး၏ဘေးပတ်လည်မှာ သိုက်ဝါးရုံများ အတော်အတန်ကြီးသောသစ်ပင်ကြီးများရှိသည် လေတစ်ချက်အဝေ့တွင် ဝါးရုံပင်ထိပ်ဖြားသစ်ပင်ထိပ်ဖြားတို့သည် တရှဲရှဲမြည်ကုန်သည် တော်ရုံလူဆိုပါက ထိုလေတိုးသံကိုကြားသည်နှင့်ပင် လှည့်ပြန်ကြမည်ဖြစ်သည်။ မိုးဦးကြစအချိန်ဖြစ်၍ ဖားအော်သံများ ပုရစ် အော်သံများဆူညံနေသည် အသံသာကြားပြီးအကောင် တွေကိုတော့မမြင်ရ ကိုမြင့်ဆောင် လက်နှိပ်ဓာတ်မီးဖြင့် အိုင်စပ်တစ်လျှောက်လိုက်၍ ...

ခဲ့တာ ‌နောက်ပြီး မင်းကိုငါပေးခဲ့တဲ့ ဆေးမြစ်ကိုလည်း သူပဲပေးခဲ့တာ” “အခုရော အဲ့ဒီမှာရှိသေးလားဗျ” ကိုမြင့်ဆောင်မေးလိုက်တော့ “အခုတော့ မရှိတော့ဘူ သူသရဲဘဝကနေ ကျွတ်သွားပြီ” ဦးဖိုးခေါင် ပြန်ဖြေလိုက်တယ် “ဘာလို့ ကျုပ်ကို ဆေးမြစ်ပေးတာတုန်” ကိုမြင့်ဆောင်အမေးကို ဦးဖိုခေါင်ကြီးက ပြန်ဖြေလိုက်သည် “အေး အဲ့ဒီဆေးမြစ်မင်းဆီမှာ ရှိနေတော့ အခုလို လွယ်လွယ်ကူကူ လာလို့ရတယ် အခက်အခဲ မရှိတော့ဘူး” ဦးဖိုးခေါင်ဆက်၍ “ဒါပေမဲ့ မင်းကိုသတိပေးစရာတခုတော့ရှိတယ် အဲ့ဒီဆေးမြစ်ကို မင်းရဲ့ လက်နဲ့ဆုပ်ကိုင်ထားရင်တော့ ငါတို့လိုနာနာဘာဝ မကောင်းဆိုးဝါးတွေကို သူတို့ရဲ့ပုံပန်းသဏ္ဍန်အစစ်အမှန်အတိုင်း မြင်‌နေရလိမ့်မယ် ငါနဲ့ ငလူးကြီးကိုမင်းတွေ့ရသလိုပေါ့” ...

လက်အုပ်ချီထားတဲ့ ထွေးစိန် မျက်လုံးတွေ ပြူးဝိုင်းပြီး တကိုယ်လုံးတုန်နေတယ်။ “ အေး အခု နင့်သားကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်သေအောင် ငါတခါတည်းသေအောင် လုပ်လိုက်ရလို့နော် ” “ မလုပ်ပါနဲ့…မလုပ်ပါနဲ့ … အမေ …ဒေါ်ကျတ်ကြီးကို ပြောပါဦး ကျုပ်သားလေးကို မလုပ်ပါနဲ့လို့ ” အဘွားအိုက ဝုန်းခနဲ တခါခုန်လိုက်ပြန်တယ်။ “ ဟဲ့…ထွေးစိန်၊ နတ်ဝင်နေတာကို အဲ့လို မပြောရဘူး။ ဒီကောင်မလေးနဲ့တော့ ” ဆိုတဲ့ အထိတ်တလန့်သံတွေ ထွက်လာတယ်။ “ အမိုက်အမဲမို့ မသိလို့ပါဘုရား၊ မသိလို့ပါ…ထွေးစိန်ဟဲ့ ...

သွေးပွက်ပွက်အန်ကာ၊ လူးလှိမ့်ရင်း ဆန့်ငင် ဆန့်ငင် ဖြစ်ကာ၊ သေသွားသူကို ကြည့်ရင်းမှ ရှေးလူကြီးသူမများ၏ စကားကို ငတော ပိုသဘော ပေါက်သည်။ အချို့ မြွေက ဆေးမမီ။ အချို့မြွေက ကုသခွင့်မပေး။ အချို့မြွေက ဆေးမီသည်။ အချို့ မြွေက ကုသခွင့်ပေးသည်။ သည်အချက်ကို လက်တွေ့ မျက်မြင် ငတော သင်ခန်းစာ ရခဲ့ ၏။ သင်ခန်းစာရခဲ့သောကြောင့် ငတော မြွေမဖမ်းဘဲ နေခဲ့သလား၊ နေမရပါ။ မြွေဖမ်းသမားဟူသည်၊ ကြာကြာဝါးမှ ခါးမှန်းသိလာသူ မဟုတ်။ ခါးမှန်းသိပါလျက်နှင့် ကြိတ်မှိတ် ...