မနုသမုဆိုး

ရင်နင့်ဖွယ် ပြောပြပါတော့သည်။

~~~~~~~

    ညောင်ပင်သာရွာသည် အိမ်ခြေ သုံးရာခန့် ရှိပြီး မိရိုးဖလာ တောင်ယာအလုပ်ဖြင့် အသက် မွေးဝမ်းကြောင်း ပြုကြသောရွာပင်ဖြစ်၏။

“ဟဲ့…လှလေးနွယ်…ဇာတ်ပွဲက…စတော့မှာဟ… ကျုပ်တို့စောင့်နေတာကြာပေါ့… မြန်မြန်လုပ်ပါဟ”

အိမ်ရှေ့မှ အဖော်တသိုက်က လာခေါ်နေပြီမို့ ရွာ၏ ကွမ်းထောင်ကိုင် လှလေးနွယ် အိမ်ရှေ့သို့ ခပ်မြန်မြန် ထွက်လာခဲ့ပါသည်။ ဟိုဘက်ရွာ၏ဘုရားပွဲသို့ သွားရန် ပြင်ဆင်ထားသော လှလေးနွယ်မှာ လှပကျော့ရှင်းလျှက် ကာလသားများ သဲသဲလှုပ်ပင် ဖြစ်ပေတော့မည်။

“ကဲ….သွားကြမယ်ဟ့…”

လှလေးစိန်တို့ သူငယ်ချင်းတစ်စု ဇာတ်ပွဲသွားကြည့်ရန် ထွက်လာခဲ့ကြပါသည်။ ကျေးလတ် ဇနပုဒ်မို့ လျှပ်စစ်မီးဆိုတာ ရွာမှာ ရှိသေးပေ။
သူငယ်ချင်းတစ်စု စကားတပြောပြောနှင့် လျှောက်လာကြရင်း နေဝင်ရီတရော် အချိန်မို့ လူလုံးသိပ်မကွဲချင်တော့ပါပေ။

“ဟေ့ကောင်…ချက်ကြီး…ဟိုမှာကြည့်လိုက်စမ်း”

မြင့်သန်း ညွှန်ပြရာသို့ အရက်သောက်နေရင်းက ချက်ကြီး လှမ်းကြည့်လိုက်သည်။

“ဟာ….လှချက်ပဲကွာ…အဲ့ဒါ…လှလေးနွယ်..မဟုတ်လားကွ…”

နေဝင်ရီတရောမှာ လှပနေသော လှလေးနွယ်၏ ခန္ဓာကိုယ်မှ ချက်ကြီးရဲ့ တဏှာရမက် အခိုးထနေသော အကြည့်တို့က မခွာနိုင်တော့ပေ။ အရက်တန်ခိုးကလဲ အတော်ပင် အရှိန်တတ်နေပြီမို့ ချက်ကြီး မြင့်သန်းဘက်သို့လှည့်ကာ မျက်စပစ်ပြလိုက်သည်။ မြင့်သန်းလဲ သဘော ပေါက်သွားဟန်ဖြင့် နှစ်ယောက်သား လှလေးနွယ်တို့ သူငယ်ချင်းတစ်စု အရှေ့သို့  သူတို့မသိအောင် ကြိုသွားလိုက်၏။

ရွာအပြင် ညောင်ပင်ကြီးနား အရောက်မှာတော့။

“ဟီး…ဟီး….ဟား….ဟား….ဟား….”

“အမေရေ….သ…သရဲ…လုပ်…လုပ်ကြပါဦး..”

သရက်ပင်ကြီးပေါ်မှ ဇောက်ထိုးဆင်းလာပြီး ရယ်မောသော အရာကြောင့် လှလေးနွယ်တို့ သူငယ်ချင်းတစ်စု ကြောက်လန့်တကြားဖြင့် ခြေဦးတည့်ရာ ပြေးကြရင်း လူစုကွဲသွားတော့သည်။ လှလေးနွယ်ကိုတော့ တစ်စုံ တစ်ယောက်က အနောက်မှနေ၍ ဦးခေါင်းအား တစ်ခုခုနှင့် ရိုတ်လိုက်သောကြောင့် မူးဝေကာ အသိစိတ်တို့ ဝေဝါးလျှက် တောထဲသို့ဆွဲခေါ်သွားတာကိုတော့ သူမ သိနေခဲ့ပါသည်။

“ဟိတ်ကောင်…မြင့်သန်း…မင်းလူကြည့်ထား….ငါကိစ္စအရင်….ရှင်းလိုက်မယ်…ပြီးရင် မင်းအလှည့်ပေါ့”

လှလေးနွယ်နားထဲ မြင့်သန်းဆိုသည့် နာမည်ကို ကြားရသည်နှင့် ထိုသူများအား တစ်ရွာထဲသားခြင်းမို့ သိနေပါသည်။

“မ…မလုပ်ကြပါနဲ့…တောင်း…တောင်းပန်ပါတယ်..”

သူမ ပါးစပ်မှ မပီမပြင် တောင်းပန်သံကို မြင့်သန်းဆိုသည့်လူ ကြားသွားတဲ့အခါ။

“ဟေ့ကောင်..ချက်ကြီး…ပြသနာတော့တတ်ပြီကွ…ကောင်မလေးက…သတိလစ်နေတာမဟုတ်ဘူး…ငါတို့ကိုသိသွားပြီ….ပြသနာပါပဲကွာ…ဘယ်လိုလုပ်မလဲ…”

မြင့်သန်းစကားကြောင့် ချက်ကြီးလဲ ခေတ္တမျှ စဥ်းစားလိုက်ပြီး ထိုနောက် သူတို့ခြင်း တိုးတိုး ကပ်ပြောကာ အစီအစဥ်တစ်ခုကို ကိုယ်စီ ခေါင်းညိတ်လိုက်ကြပါတော့သည်။

လှလေးနွယ်တစ်ယောက် တနှာရမက် ငယ်ထိပ်ကပ်နေသော မနုဿမုဆိုးများ၏ အလှည့်ကြ ခြွေယူချိုးဖဲ့ ဖျက်ဆီးခြင်းအား မျက်ရည်များကြားမှ အားမတန်သည့်ကြောင့် မတွန်းလှန်နိုင်ခဲ့ပါပေ။ အချိန်အတော်ကြာသည့်နောက်။

“ကဲ…ချက်ကြီး…ငါတို့ကိစ္စပြီးပြီ… လုပ်စရာရှိတာ…အမြန်လုပ်တော့…”

ချက်ကြီးဆိုသောလူသည်။ အသင့်ယူဆောင်လာသော သစ်သားတုတ်ကိုကိုင်ကာ အဝတ်အစားများ ကင်းမဲ့နေသော လှလေးနွယ်၏ ခန္ဓာကိုယ်အား  အားရသော အကြည့်တို့ဖြင့်ကြည့်ကာ လှလေးနွယ်၏ ဦးခေါင်းအား တအားလွှဲရိုတ်လိုက်ပါတော့သည်။

နာကျင်မှု့နဲ့အတူ မိမိအား အားရအောင် ဖျက်ဆီးကာ လူသိမှာစိုးသည်ကြောင့် သေအောင် ရိုတ်သတ်နေသည့် ထိုလူနှစ်ယောက်၏ မျက်နှာအား နောက်ဆုံး အသိမှာ နာကြည်းမုန်းတီးစိတ်တို့ဖြင့် ကြည့်ရင်း လှလေးနွယ်တစ်ယောက် အသက်ပျောက်သွားခဲ့လေပြီ။ ချက်ကြီးနဲ့ မြင့်သန်းလဲ လှလေးနွယ်၏ အလောင်းအား ​ကျင်းတူးမြုပ်ကာ သစ်ကိုင်းများဖြင့် ဖုံးအုပ်ပြီးနောက် ဟန်မပျက် ထွက်သွားကြပါတော့သည်။ အပြန်လမ်းမှာ သူတို့အား နာကြည်းမုန်းတီးစိတ်ဖြင့် လှမ်းကြည့်နေသည့် ပရလောကသူကိုတော့ သူတို့ သတိမထားမိခဲ့ပါပေ။

~~~~~~

    အဖြစ်အပျက်ကတော့ အဲ့ဒါပဲ ဆရာလေးရယ်….အဟင့်….ဟင့်….”

ရှိုက်သံသဲ့သဲ့ကြား ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှသော မလှလေးနွယ်၏ အဖြစ်ကို သိရတဲ့အခါ ကျွန်တော် သနားမိပါသည်။

“ကဲ…. မလှလေးနွယ်…မပူပါနဲ့….ခင်များရဲ့ပြသနာကို…မျှတမှု့ရအောင်လို့ ကျွန်တော် စီမံပေးပါမယ်”

မလှလေးနွယ် ထိုင်နေရာမှ ဝမ်းသာအားရ ထလိုက်ပြီး မျက်ရည်များကိုသုတ်ကာ။

“ကျေးဇူးကြီးလှပါတယ်…ဆရာလေးရယ်…ကျွန်မဒီစိတ်နဲ့ မကျွတ်မလွတ်နိုင်ဖြစ်နေခဲ့တာ…ကြာပါပြီဆရာလေး…မနက်ဖြန်ကြရင်…ညောင်ပင်သာရွာကို….ဆရာလေးလာခဲ့ပေးပါ..ကျွန်မ..ရွာထိပ်ကနေ စောင့်နေပါ့မယ်… ရွာထဲကို…ဆရာလေးမပါပဲ… ကျွန်မဝင်လို့မရဘူး…ရွာစောင့်နတ်က….ကျွန်မကို… ဝင်ခွင့်မပြုလို့ပါ..”

“ကောင်းပါပြီ…မလှလေးနွယ်”

ကျွန်တော် အပယ်ဘုံသူ မလှလေးနွယ်အား နှုတ်ဆက်ခါ အိမ်သို့ ပြန်ခဲ့ပါတော့သည်။

~~~~~~~

    မနက်ခင်းသည် တိတ်ဆိတ်ငြိမ်သက်လျှက် အာရုံဏ်တတ်ကတည်းက နိုးနေပြီဖြစ်သော ကျွန်တော် မျက်နှာသစ် ကိုယ်လက်သန့်စင်ကာ ဘုရားဝတ်ပြုပြီး အိမ်အလုပ်များကို ကူလုပ်နေခဲ့သည်။ တစ်​ဖြေးဖြေး နေတတ်လာခဲ့ပြီမို့ အဝတ်အစားလဲ ဆေးလွယ်အိတ်ကိုယူကာ ညက အပယ်ဘုံသူ မလှလေးနွယ်ပြောသည့် ညောင်ပင်သာရွာဘက်သို့ ထွက်ခဲ့ပါတော့သည်။

နေ့ဝက်လောက် ခရီးဆက်လာတဲ့အခါမှာတော့ နေကလဲပူ ဗိုက်ကလဲ ဆာပြီမို့ ရွာတစ်ရွာ၏ အဝင်၌ရှိသော ပန်းတောက်ပင်ကြီးအောက် ပုဆိုးခြမ်းလေးခင်းကာ အမေထည့်ပေးလိုက်သော ဆိက်သားခြောက်ဖုတ် ဆီဆမ်းလေးနဲ့ ထိုင်စားလိုက်ပါတော့သည်။

“ဟေ့…အပင်ပေါ်က…ဘယ်သူလဲကွ…အောက်ဆင်းခဲ့စမ်း…”

ကျွန်တော် အာရုံဏ်ထဲ ညောင်ပင်ပေါ်မှာ တစ်စုံတစ်ယောက်ရှိနေသည်ကို ခံစားမိနေသောကြောင့်ပင် ဖြစ်သည်။ သိပ်မကြာလိုက်ပါဘူး အဖိုးကြီးတစ်ယောက် ပိတောက်ပင် အနောက်ဘက်မှ ထွက်လာပါတော့သည်။

“လူ….လူလေးရယ်… အဖိုးက…ဒီပိတောက်ပင်မှာ… နေရတာပါ…အခု…ဗိုက်ဆာလွန်းလို့… သေလုမတတ်….ခံစားနေရပါတယ်… အဖိုးကို.. လူလေးဆီက… အစားအစာလေး…နည်းနည်းလောက်မျှပါလားကွယ်…”

မျက်နှာငယ်နှင့် ပြောလာသော အဖိုးကြီးအားကြည့်ပြီး ဂရုဏာ သက်မိသည်မို့။

“ကဲ….ဒါအဖိုးအတွက်…ယူသွားလိုက်တော့… ကျွန်တော်က…ငှက်ပျော်သီး ပါသေးတယ်… အဲ့ဒါပဲစားလိုက်မယ်…”

အဖိုးကြီးမှာ ဝမ်းသာအားရဖြင့် ကျွန်တော်ကမ်းပေးသော အစားအစာများကို လှမ်းယူလိုက်တဲ့အခါ။

“အား…ပူ…ပူလိုက်တာ…”

အဖိုးကြီး မီးခဲကို ကိုင်သကဲ့သို့ အလူးအလဲ ခံစားနေရတာကို ကျွန်တော်ကြည့်ရင်းနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။

“အင်း…အဖိုးရဲ့…အကုသိုလ်ကံကလဲ… မသေးပဲကိုးဗျ”

အဖိုးကြီး ခေါင်းငိုက်စိုက်ကြလျှက် မျက်ရည်များ ကြလာခဲ့လေပြီ။

“ဟုတ်ပါတယ်….လူလေး…. အဖိုးဟာ… သိပ်ကိုကြွယ်ဝခဲ့တဲ့…. တောသူဌေးတစ်ယောက်ပါ… ငွေတွေအထုပ်အပိုးနဲ့ ရှိနေပေမဲ့… ချို့တဲ့သူတွေအပေါ် မပေးမကမ်းခဲ့တဲ့အပြင် မတရား အမြတ်စား ခေါင်းပုံဖြတ်ခဲ့တာတွေကြောင့်ပေါ့ လူလေးရယ်…”

“ကဲ…ကဲ…. စိတ်မကောင်းမဖြစ်ပါနဲ့… စားလို့ရအောင်… ကျွန်တော်လုပ်ပေးပါ့မယ်… ဒါပေမဲ့…. ကျွန်တော်ကို… ကတိတစ်ခုတော့… ပေးရမယ်နော်…”

အဖိုးကြီး ဝမ်းသာသွားသော အမူအယာဖြင့်။

“ရ…ရပါတယ် လူလေးရဲ့… အဖိုးကိုပြောပါ…”

“ကျွန်တော်နဲ့အတူ…၇ရက်သားသမီးကို… ကယ်တင်တဲ့နေရာမှာ…ကူညီပေးပါ့မယ်လို့ပေါ့..”

“ပေးပါတယ်လူလေး…အဖိုးကတိပေးပါတယ်..

ကျွန်တော် အဖိုးကြီးအတွက် ပေးထားသော အစားအစာတွေထဲက နည်းနည်းကို မြေပေါ်သို့ ဖက်ခင်းပြီး ချပေးလိုက်ပြီးမှ အဓိဌာန်ကာ အဖိုးအား စားစေတော့သည်။ ဒီတော့မှ အဖိုးကြီးလဲ ကောင်းစွာ စားရပါတော့သည်။

အဖိုးကြီး စားသောက်ပြီးတဲ့အခါမှတော့။

“ကျေးဇူးကြီးလှပါတယ်..လူလေးရယ်… ဒါနဲ့… လူလေးက ဘယ်ကိုခရီးဆက်မှာလဲ…”

“ညောင်ပင်သာရွာကိုပါအဖိုး”

အဖိုးကြီး သူ့၏ အနောက်ဘက်သို့ မျှော်ကြည့်လိုက်ခါ ။

“ဟိုးအနောက်မှာ… ထန်းပင်တွေထိုးထွက်နေတဲ့ရွာက…. ညောင်ပင်သာရွာပဲ…လူလေး… တစ်ခုခုလိုအပ်တာနဲ့…”ဦးစိတ္တ”ရေလို့သာ “တ”လိုက်ပါ… အဲ့ဒီရွာစောင့်နတ်နဲ့ အဖိုးနဲ့ သိကျွမ်းကြပါဆ်အဖိုးအရောက် လာခဲ့မယ်။

“ကောင်းပါပြီ အဖိုး…. ကျုပ်ကိုသွားခွင့်ပြုပါဦး..”

ညောင်ပင်မှ အဖိုးကြီးညွှန်ပြသော ညောင်ပင်သာရွာသို့ ကျွန်တော် လက်ဆက်ထွက်ခွာလာပြီး ရွာအဝင် ညောင်ပင်ကြီးအနားသို့ ရောက်သောအခါ ကျွန်တော်ခြေလှမ်းတို့ ရပ်တန့်လိုက်ပြီးနောက်။

“ကျွန်တော် ခုနှစ်ရက်သားသမီးတွေကို ကယ်တင်မလို့ပါ ဒီရွာကို ထိခိုက်အောင်မလုပ်ပါဘူး…”

ကျွန်တော်အနောက်မှာ ဘယ်အချိန်က ရောက်နေမှန်းမသိသော အဝတ်ဖြူနှင့် အဖိုးကြီးတစ်ယောက် ကြည့်ရတာ ရွာစောင့်နတ်ထင်ပါရဲ့။

“လူလေး…မင်းလာမယ်ဆိုတာ…ငါကြိုသိပြီးသားပါ…ဒါပေမဲ့…မင်းကိုပဲရွာထဲဝင်ခိုင်းမယ်… မင်းနဲ့အတူကပ်ပါလာတဲ့… အပယ်ဘုံသူကိုတော့..ရွာထဲပေးမဝင်နိုင်ဘူး…”

ကျွန်တော်ရဲ့ဘေးမှာ အပယ်ဘုံသူ မလှလေးနွယ်က မျက်နှာကိုကွယ်ဝှက်လျှက် တုန်ယင်နေ၏။ ကြည့်ရတာ ရွာစောင့်နတ်အဖိုးကို ​အရမ်းကြောက်နေတယ် ထင်ပါရဲ့။

“သူ့ကို….ဒီဘဝက ကျွတ်လွတ်စေချင်လို့ပါ..အဖိုး….ဒီနေ့တစ်ရက်ပဲ….နေခွင့်ပြုပါ… မနက်ဖြန် ကျွန်တော်နဲ့အတူ ပြန်ခေါ်သွားပေးပါ့မယ်…မေတ္တာစေတနာ ရှေ့ထားလို့ ခွင့်ပြုပေးပါ အဖိုး..”

အဖိုးကြီး ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက်။

“ကဲ…ဒါဆိုရင်လဲ…တစ်ရက်တော့ နေခွင့်ပြုလိုက်မယ်…လူလေးကတိအတိုင်း…. မနက်ဖြန်ကြရင်တော့…. ပြန်ခေါ်သွားရမယ်နော်..”

“စိတ်ချပါ…အဖိုး…”

အဖိုးကြီး မလှလေးနွယ်ကို တစ်ချက်ကြည့်ကာ။

“ကဲ….သွာကြပေတော့….အချိန်ရှိတုန်း…လုပ်ပေးစရာရှိတာ….အကုန်လုပ်ပေးလိုက်ပါ…”

အဖိုးကြီးအား ကျောခိုင်းကာ ရွာထဲသို့ ကျွန်တော်ဝင်လာခဲ့သည်။

“ဆရာလေး….ရှေ့နားက ခြေတံရှည်အိမ်ကို ဝင်လိုက်ပါ ပြီးရင် ဒေါ်သိန်းတင်ရှိလားလို့ မေးလိုက်ပါ ဆရာလေး”

မလှလေးနွယ်ပြောသည့် ခြေတံရှည်အိမ်ကြီးထဲသို့ ကျွန်တော်ဝင်လိုက်ပြီး။

“အိမ်ရှင်တို့….ဗျို့…အိမ်ရှင်တို့…”

ကျွန်တော်ရဲ့ ခေါ်သံကြောင့် အသက်လေးဆယ် ဝန်းကျင်ခန့် လူတစ်ယောက်ထွက်လာပြီး။

“အမေ…အိမ်ရှေ့မှာ…ဧည့်သည်ရောက်နေတယ်ဗျ…ညီလေး…အထဲကိုဝင်လေ….လာအိမ်ပေါ်ကိုတတ်ပါ”

ဟုဆိုကာဖျာခင်းပြီး အကြမ်းရေချပေးပါတော့သည်။ခေတ္တမျှ ကြာတဲ့အခါ အသက်၆၀ကျော် အဖွားကြီးတစ်ယောက် အိမ်ထဲမှ ထွက်လာပါတော့သည်။

“ဘာကိစ္စလဲ…လူလေး…”

“အမေကြီးနာမည်က…ဒေါသိန်းတင်… ဟုတ်ပါတယ်နော်..”

အဖွားကြီး နားမလည်ဟန်ဖြင့်။

“ဟုတ်….ဟုတ်ပါတယ်လူလေး…”

ကျွန်တော် ဘေးနားကိုကြည့်တော့ အပယ်ဘုံသူ မလှလေးနွယ် ပါမလာပေ အိမ်ရှေ့ကို ပြတင်းပေါက်ဘက်မှ လှမ်းကြည့်လိုက်တော့ ခြံဝမှာ မတ်တပ်ရပ်ကျန်နေခဲ့ခြင်းပင်ဖြစ်၍ ကျွန်တော် သဘောပေါက်လိုက်ပါသည်။

“ကဲ….ဤခြံထဲမှာရှိတဲ့….ပိုင်ရာဆိုင်များ… ကွယ်လွန်သူ မလှလေးနွယ်အား ကျွန်ုပ်နှင့်အတူ အိမ်ထဲကို ဝင်ခွင့်ပြုပေးလိုက်ပါ ဒီအတွက်လဲ ရွာစောင့်အဖိုးဆီမှာ ကျွန်ုပ်တို့ ခွင့်တောင်းခဲ့ပြီးပါပြီ”

“လှလေးနွယ်”ဆိုသည့် နာမည် ကြားလိုက်တဲ့အခါ ဘေးနားမှာ ထိုင်နေသော ဒေါ်သိန်းတင်မှာ အံ့သြမှု့တွေနဲ့အတူ နားမလည်သော အကြည့်များဖြင့်။

“ကဲ….မလှလေးနွယ်…ဒီနားကို မြန်မြန်လာထိုင်ပါ…ကျုပ်တို့မှာ..အချိန်သိပ်မရဘူးဗျ…”

ဒေါ်သိန်းတင် မျက်ရည်များကြလျှက်။

“ဘာ…ဘာတွေဖြစ်ကုန်ကြတာလဲကွယ်…အမေ့သမီးလေးက…ပျောက်သွားတာကြာပြီလေ…အီး…ဟီး..ဟီး…”

ပြော​လဲပြော ငိုလဲငိုလာတဲ့ အမေကြီးအားကြည့်ရင်း ကျွန်တော် စိတ်မကောင်းဖြစ်ရပေမဲ့ မပြောလို့မပြီးတဲ့ကိစ္စမို့ ပြောရပေဦးမည်။

“ကဲ…မလှလေးနွယ်…ခင်များမိသားစုကို…ဘာပြောချင်တာလဲ…ပြောပါ…”

“ဆရာလေး ကျွန်မကို ခဏလောက်စောင့်ပေးပါ အမေနဲ့စကားပြောလို့ရအောင် ကျွန်မ စီစဥ်ထားတာရှိပါတယ်”

ဟုပြောကာ အိမ်ပေါ်မှ လှစ်ခနဲဆင်းပြေးသွားတော့သည်။ ဘေးနားမှာ ဒေါ်သိန်းတင်ကတော့ ရှိုက်ကြီးတငင်ငိုကြွေးလျှက်။ ခေတ္တမျှကြတဲ့အခါ။

“အမေ….အမေ….သမီးကိုကယ်ပါဦးအမေ…”

အိမ်ပေါ်သို့ အမျိုးသမီးတစ်ယောက် ငိုကြွေးလျှက် ပြေးတတ်လာပါတော့သည်။

“ဟဲ့..နင်….နင်…မြင့်သန်းမိန်းမ..မိဝင်း.. မဟုတ်လား…ဘယ်….ဘယ်လိုဖြစ်တာလဲ…”

မလှလေးနွယ် ပူးကပ်နေသော မိဝင်းဆိုသူမှာ မလှလေးနွယ်အား ရက်ရက်စက်စက်ဖျက်ဆီးသတ်ဖြတ်ခဲ့သော မြင့်သန်းဆိုသည့်လူ၏ အမျိုးသမီးဖြစ်နေသည်ကို ကျွန်တော်သိရှိလိုက်ရပါတော့သည်။

“ဟုတ်….ဟုတ်ပါတယ်အမေ…. ဒီလူယုတ်မာတွေ.. ငြင်းလို့မရအောင်… သူ့မိန်းမကို သမီးပူးကပ်ပြီး အဖြစ်မှန်ကို လာပြောပြတာပါအမေ ….အဟင့်….ဟင့်…”

ဒေါ်သိန်းတင် မျက်ရည်များကြားထဲမှ။

“အမေ့ကို ပြောပါဦး သမီးလေးရယ်…”

မလှလေးနွယ် ပူးကပ်နေသော မိဝင်း၏ မျက်လုံးအစုံမှာ မီးဝင်းဝင်းတောက်လုမတတ် အံကိုတင်းတင်းကျိတ်ခါ။

“ဒီလိုပါအမေ…”ဟုဆိုကာ မြင့်သန်းနှင့်ချက်ကြီးတို့ သူမအား ရက်ရက်စက်စက် အဓမ္မကျင့်သတ်ဖြတ်ခဲ့တာတွေကို အချိန်နေရာနှင့်အတူတကွ ပါဝင်ခဲ့သူချက်ကြီးရဲ့…အကြောင်းတွေကိုပါ ထုတ်ဖော်ပြောဆိုပါတော့သည်။

“အောင်မလေး…အဖြစ်ဆိုးလိုက်တာ… ငါ့သမီးလေးရယ်…အမေ့မှာတော့…ငါ့သမီးလေးပျောက်နေတယ်လို့ပဲ….စိတ်ထဲတွေးပြီး…နေ့တိုင်းမျှော်နခဲ့ရတာ…နင်တို့တွေ…ရက်စက်လိုက်ကြတာဟယ်…သမီးလေးရယ်…..အမေဘယ်လိုဖြေရမှာလဲ…အီး…ဟီး….ဟီး….”

မလှလေးနွယ် ပူကပ်နေသော မိဝင်းက လက်အုပ်ချီလိုက်ရင်း။

“အမေ…သမီးအတွက်…တရားမျှတမှု့ရအောင်…လုပ်ပေးပါ… ဟိုလူယုတ်မာတွေကို.. ထိုက်တန်တဲ့အပြစ်ပေးပါ…. သမီးအချိန်သိပ်မရဘူးအမေ…မနက်ဖြန်မနက်အစောကို….ဘုန်းကြီးတွေဆွမ်းကပ်ပြီး… သမီးကိုအမျှဝေပေးပါအမေရယ်…သမီးဒီစိတ်နဲ့….မကျွတ်မလွတ်နိုင်ဖြစ်နလို့ပါ…”

ဒေါ်သိန်းတင်၏ အဖြစ်ကို ပတ်ဝန်းကျင်မှ လူအများလဲ လာရောက်ကြည့်ရှူ့နေကြပြီး မျက်ရည်တို့ကိုယ်စီကြလျှက် စိတ်မကောင်းလဲဖြစ် တစ်ရွာထဲသားခြင်း ဖြစ်ပါလျှက်နဲ့ စည်းမစောင့်သော လူယုတ်မာများကိုလဲ ရွာရှိကာလသားများ ဒေ့သထွက် တောက်တစ်ခေါက်ခေါက်နှင့် တုတ်ဓါးကိုယ်စီကိုင်လျှက် သွားဖမ်းသူက သွားဖမ်းဆီးကြလေပြီ။

“စိတ်ချပါ သမီးရယ် အမေသမီးလေးအတွက် အမျှဝေပေးမယ်နော်…ငါ့သမီးလေး သာဓုခေါ်သိလား..”

“ဟုတ်ကဲ့ပါအမေ…မနက်ဖြန်…ဒီဆရာလေးနဲ့… သမီးပြန်လိုက်သွားရတော့မယ် အမေ….ဆရာလေး ကူညီပေးလို့သာ သမီးအမေ့ဆီပြန်လာလို့ရတာပါ… အမေဝမ်းနည်းမနေပါနဲ့…. တရားဓမ္မနဲ့ရှင်သန်နေပါအမေ…..”

ထိုသို့ပြောရင်း မလှလေးနွယ် ပူးကပ်နေသော မိဝင်းလဲ ဗိုင်းခနဲပစ်လဲကြသွားတော့သည်။ ကျွန်တော်ကပဲ မိဝင်း၏ နဖူးကို လက်ဖြင့် လှမ်းပုတ်လိုက်တဲ့အခါ မိဝင်း ပြန်လည်သတိရလာပြီး သူ့ဘေးနားမှာ လူတွေဝိုင်းအုံနေသည်မို့ နားမလည်နိုင်ဖြစ်နေပါသည် ။

~~~~~~~~~

     “ကွယ်လွန်သူ မလှလေးနွယ်နှင့်တကွ ကြားကြားသမျှ….အမျှ….အမျှ….အမျှ….ယူတော်မူကြပါကုန်လော့…သာဓု…သာဓု…သာဓု…..”

ဆရာတော်များ ရေစက်ချအမျှဝေနေတုန်းမှာပဲ အိမ်အတတ်အဆင်း အနားမှာ မလှလေးနွယ် သာဓုခေါ်နေသည်ကို ကျွန်တော် ကောင်းစွာမြင်လိုက်ရပါသည်။

“ကဲ…အမေကြီးတို့…ကျွန်တော်ကို…ခွင့်ပြုကြပါဦး….ကျွန်တော်ကတိအတိုင်း…မလှလေးနွယ်ကို… ပြန်ပို့ပေးရဦးမယ်….”

အဖွာကြီးမှာ မျက်ရည်တို့ကြားမှ ကျွန်တော်အား ကျေးဇူးတင်ကြောင်းပြောရင်း ငွေများထုတ်ပေးလာ၍ ကျွန်တော်လက်ကာပြလိုက်ပြီး လက်မခံပဲ ဒီအတိုင်းထွက်ခဲ့ပါတော့သည်။

ရွာအပြင်ရောက်တော့ ကျွန်တော်အနောက်မှ ပါလာသော မလှလေးနွယ်က ဆက်မလိုက်တော့ပဲ။

“ဆရာလေး…ကျွန်….ကျွန်မ….ကောင်းမွန်တဲ့… ဘုံဘဝကို….ကူးပြောင်းရတော့မယ်…ဆရာလေးကို.. ကန်တော့ပါရစေနော်…”

ပရလောသူ မလှလေးနွယ် ကျွန်တော်အား ကန်တော့နေသည်ကိုကြည့်ရင်း သူမအတွက် ကျွန်တော်ဝမ်းသာပီတိ ဖြစ်မိပါတော့တယ်။
ကန်တော့ပြီနောက် မလှလေးနွယ်လဲ ကျွန်တော်နှင့်လမ်းခွဲကာ တစ်ဖြေးဖြေး ပျောက်ကွယ်သွားပါတော့သည်။ ကျွန်တော်လဲ ကျွန်တော်နေထိုင်ရာရွာလေးသို့ ပြန်လှည့်ရင်း အတွေးထဲမှာတော့။

​သြော်…တဏှာရမက်မီးကြောင့်
ပျက်စီးခဲ့ရတဲ့ မလှလေးနွယ်
လောကမှာ လူကိုလူခြင်းညှင်းတဲ့
လူ့အန္တ၊လူ့ဗာလ မနုဿမုဆိုးတွေကြောင့်
ရိုးသားသူတွေ အားနည်းသူတွေဟာ
ထိခိုက်ပျက်စီးကြရပါလား။
မကောင်းမှု့ဆိုတာ ဆိတ်ကွယ်ရာမရှိ
အရပ်ပမာ အမြဲလိုက်နေတော့မှာပါလေ။

ပြီးပါပြီ။

ပြီးဆုံးအောင် ဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူ တစ်ယောက်ခြင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်လျှက်။

လေလွင့်လူ(တွံတေး)16.6.2024✍️

ဆက်လက်ကြိုးစားပါဦးမည်

လေလွင့်လူ(တွံတေး)