ဖြစ်ကြလေ၏။
ဦးကြီးမိုးတို့အဖွဲ့သည် နေကုန်နေခမ်းသည်အထိ လျှောက်လာ၍ အပြီး၌ တောင်တစ်လုံးခြေကိုရောက်လာကြ၏။
“ကဲ ငါ့တူတို့.. ဟောဟဲ.. ဘာ…ဘာမှ… စိတ်.. စိတ်ဓာတ်မကျ…မကျနဲ့..တော့.. ဒီ..ဒီ.တောင်ကို.ဟောဟဲ။”
ခါးကြီးကုန်းကာ အမောတကောနှင့် စကားပြောနေသော ဦးကြီးမိုးကိုကြည့်ကာ ငဝက မနေသာတော့ပေ။
“ဒီတောင်ကိုကျော်ရင် ကျွန်တော်တို့ရွာေရာက်ပြီပြောတာမဟုတ်လားဦးကြီးမိုး…. ကျွန်ဝောာ်တို့အကုန်သိတယ်… ဦးကြီးမိုးအရမ်းမောနေပြီ ခဏနားလိုက်ကြရအောင်။”
ဦးကြီးမိုးက ခါးကိုမနည်းပြန်မတ်ကာ “ငါ.. ငါ..မမောသေးဘူး ..ဆက်”ဟု ပြောသည့်အခါ၌ မြင့်နိုင်မှ”ကဲပါဦးကြီးမိုးရယ် ဦးကြီးမိုးမမောသေးလည်း ကျုပ်တို့မောပြီ… ခဏနားကြမယ်ဟေ့။”ဟု အော်ပြောလိုက်လေ၏။ ဒါကိုပင်ဦးကြီးမိုးက ခြေပစ်လက်ပစ်ထိုင်ချကာ “မင်း…မင်းတို့မောတယ်…ဆို..လို့နော်… ငါ..ငါက.. ဆက်သွားချင်တာ။”ဟု လေကကြီးပြန်၏။ မောင်စိုးတို့ မြင့်နိုင်တို့အဖွဲ့ကတော့ မောနေသည့်ကြားက ဦးကြီးမိုးအဖြစ်ကိုကြည့်ကာ ရယ်လိုက်ကြသေး၏။
ဦးကြီးမိုးတို့အဖွဲ့ခဏနားနေချိန်မှာတော့ နေရောင်လုံးလုံးပျောက်သွားခဲ့လေ၏။ ဦးကြီးမိုးတို့အဖွဲ့လည်း ကြာကြာမနားကြတော့ပဲ တောင်ကိုပတ်၍ သွားနေကြလေ၏။ ထိုစဉ်ဦးကြီးမိုးသည် သစ်ပင်များအနောက်၌ လူရိပ်တစ်ခုကိုတွေ့လိုက်ရ၍ အကုန်လုံးကိုရပ်ခိုင်းကာ အခြေအနေကို စောင့်ကြည့်နေ၏။
“ဦးကြီးမိုး ဘာဖြစ်လို့လဲ။”
“ဟိုရှေ့နားကအပင်နောက်မှာ လူရိပ်တစ်ခုတွေ့လိုက်လို့ကွ… ငါတို့ကိုစောင့်ဖမ်းမလို့လားမသိဘူး.. အသာညိမ်နေ။”
“ကျုပ်တို့တော့ဘာမှမတွေ့ဘူးနော်။”
“မင်းတို့ထပ်ငါ အသက်ရော ဝါရောကြီးတယ်.. ညိမ်ဆိုညိမ်နေ။”
ထိုအခါ တစ်ဖွဲ့လုံးသည် ခြင်ကိုက်တာကိုပင် မရိုက်ရဲ၊ လက်ဖြင့်ပွတ်ကာ အံကြိတ်ခံရင်း အခြေအနေကိုစောင့်ကြည့်နေလေ၏။ နည်းနည်းကြာလာတော့ စိတ်ဆတ်သည့်ငဝကမခံနိုင်တော့ပေ။
“ဦးကြီးမိုး ကျုပ်သွားကြည့်မယ်ဗျာ.. တောထိန်းဆိုရင်လည်း ကျုပ်ကိုအရင်ဖမ်းလိမ့်မယ်… ခင်ဗျားတို့လွတ်အောင်သာပြေး။”
“ဟိတ်ကောင်ငဝ … အဲဒီလောက်အတင့်မရဲနဲ့.. မင်းပထွေးတွေက ဖမ်းရုံတင်မဟုတ်ဘူး.. နှိပ်စက်အုံးမှာ။”
“ဘာပဲဖြစ်ဖြစ်ဗျာ.. နောက်ဆုတ်ရမလား ရှေ့တိုးရမလား မသိတဲ့အခြေအနေကြီး… ပြီးတော့ ဦးကြီးမိုးပဲ တွေ့တာ.. ကျုပ်တို့ကဘာမှမြင်လိုက်တာမဟုတ်ဘူး.. ဒီအတိုင်းကြီးထိုင်စောင့်ပြီး မနက်အထိမနေနိုင်တော့ဘူး… ကျုပ်သွားကြည့်မယ်ဗျာ။”
“ဟာ.. ဟိတ်ကောင်…ငဝ… ငဝ.. ဟာဒီကောင်ကတော့ကွာ။”
ဦးကြီးမိုးက အသံတိုးတိုးလေးဖြင့်ခေါ်နေပေမဲ့ ငဝကတော့ လှည့်ပင်မကြည့်၊ ကုန်းကုန်းကွကွဖြင့် မျက်စိရှင်ရှင်ထားကာ ရှေ့ကိုဆက်သွားလေ၏။ ငဝသည် ဦးကြီးမိုးအရိပ်တွေ့လိုက်သော သစ်ပင်အနောက်ကိုကြည့်သောအခါ တစ်ဦးတစ်ယောက်မျှရှိမနေပေ။ ဘေးဘီကိုအကဲခတ်လေ့လာပြီး ရှာကြည့်သော်လည်း လူနှင့်တူတာဟူ၍ သူနှင့်သူ့အဖွဲ့မှလွဲ၍ ဤအနားမည်သူမှမရှိကြောင်းသိလိုက်လေ၏။ ဦးကြီးမိုးအမြင်မှားတာနေမှာပါဟုတွေးကာ မတ်မတ်ပြန်ရပ်လိုက်ပြီး သူ့အဖွဲ့တွေကို လက်ယပ်လှမ်းခေါ်လိုက်လေ၏။
“ဦးကြီးမိုးတို့လာဗျ!!. ဘယ်သူမှမရှိဘူး။”
ငဝခေါ်သံကြောင့် ဦးကြီးမိုးတို့အဖွဲ့လည်း ရှေ့ဆက်လာကြကာ ငဝနားအရောက်၌ ဦးကြီးမိုးက ဇက်ပိုးကိုဖျောင်းခနဲရိုက်ချလိုက်၏။
“မင်းအမေ့လင်မလို့ နာမည်တပ်ခေါ်တာလားငဝရ.. တောထဲတောင်ထဲမှာ ငါ့ကိုအသေသတ်နေတာလား။”
“ဟာ… ဟုတ်သားပဲ… ကန်တော့ကန်တော့ဦးကြီးမိုး.. ကျုပ်မေ့သွားလို့ဗျာ။”
“လခွီးထဲမှ… တောထဲတောင်ထဲသွားရင် နာမည်ကိုအော်မခေါ်မိစေနဲ့.. ကျတ်တစ္ဆေတွေ တခြားသားကောင်တွေက အသံကိုတုပပြီးလိုက်ခေါ်နိုင်တယ်။ အဲဒါကို နာမည်ခေါ်မိတဲ့လူကထူးရင် နေ့မကူးခင်သေတယ်ကွ။”
ဦးကြီးမိုးက တောစည်းကမ်းတစ်ခုကိုပြောပြအပြီးမှာတော့ ရှေ့ခရီးဆက်ခဲ့ကြလေ၏။ မြင့်နိုင်သည် လမ်းလျှောက်နေရင်း ဦးကြီးမိုးအနားသို့ကပ်သွားလိုက်၏။
“ဦးကြီးမိုးက ကျုပ်တို့ထက် အသက်ရောဝါရောကြီးတော့ တော်တော်မျက်စိလျှင်တာပဲနော်… ဘာမှမရှိတဲ့နေရာမှာ ခြင်အကိုက်ခံပြီးစောင့်လိုက်ရတာ။”
“ငါလခွီးတဲ့မှ မှောင်ကြီးမည်းကြီးထဲဆိုတော့အမြင်မှားတာကွ… ငါသာမင်းတို့အရွယ်တုန်းကဆိုရင်..”
“ဟာ တော်စမ်းပါဗျာ.. တစ်ခါလာလည်း ငါသာမင်းတို့အရွယ်တုန်းကဆိုရင်ကြီးပဲ.. ဦးကြီးမိုးကလေ သေရင်တောင် လေလုံးပိသေမှာ။”
“ဒီဗိုင်းတာမသားကတော့ တောထဲတောင်ထဲ ညမှောင်မှောင်မှာ ပါးစပ်ကစည်းကမ်းရှိစမ်းပါ။ ငါ့ကိုမသေသေအောင်သတ်နေကြတာ ခွေးမသားတွေ။”
ထိုအခါ ဘေး၌ယှဉ်၍လျှောက်လာသော လူငယ်က “ဗျာဦးကြီးမိုး ကျုပ်ကိုခေါ်တာလား။”ဟု မေးလေ၏။
“မင်းနာမည်ခေါ်မိလို့လားဟ။”
“ဦးကြီးမိုးပဲ ခွေးမသားတွေဆို.. ကျုပ်အမေနာမည်က ဒေါ်ခွေးမဗျ။”
ဦးကြီးမိုးတို့အဖွဲ့ စိတ်လွတ်ကိုယ်လွတ်အော်ရယ်မိကြလေ၏။
“ဟားဟား.. မင်းကိုေခါ်တာမဟုတ်ပါဘူးခွေးမသားရယ်.. ဒီခွေးမသားကိုငါဆဲတာပါဟ…. လခွီးထဲမှ ဆဲတာတောင် ကောင်းကောင်းမဆဲရဘူး။”
ထိုအခါ အမိဒေါ်ခွေးမ၏ သားဖြစ်သည့်လူငယ်လည်း ပြုံးစိစိဖြစ်သွားလေ၏။ ဦးကြီးမိုးသည် ဤသို့လျှောက်လာရင်း အနောက်ကိုလှည့်ကြည့်သောအခါ အတော်ဝေးဝေး၌ လူတစ်ယောက်ကျန်နေခဲ့ပြီး သူ့ကိုလက်ယပ်လှမ်းခေါ်နေလေ၏။
“ဟိတ်ကောင်တွေရပ်စမ်း… ဟိုအနောက်မှာကျန်ခဲ့တာ ဘယ်သူတုန်းဟ။”
“ဗျာ!! ဘယ်သူမှမကျန်ပါဘူးဦးကြီးမိုးရဲ့ အနောက်မှာဘယ်သူမှမရှိပါဘူး။”
“ဟာ.. မင်းတို့စောက်လုံးကန်းနေလား ဟိုမှာလူရပ်နေတာလေ။”
ဦးကြီးမိုးပြသောနေရာကို လှမ်းကြည့်ကြပေမဲ့ လူနှင့်တူတာဟူ၍ ဘာမှမရှ်ိပေ။
“ဦးကြီးမိုး ကျုပ်တို့လူစစ်ကြည့်အုံး အကုန်ပြည့်တယ်ဗျ။ ဦးကြီးမိုးအမြင်မှားနေတာဖြစ်မယ်။”
ဦးကြီးမိုးတစ်ယောက် အမှန်တကယ် လူတစ်ယောက်မတ်တပ်ရပ်နေတာကို တွေ့နေရခြင်းဖြစ်၏။ သူတစ်ဦးတည်းသာ မြင်ပြီး ကျန်လူများကမမြင်တော့ သူ့ကိုသရဲချောက်နေမှန်းသိလိုက်လေ၏။ သွေးကနားထင်ဆောင့်တက်ပြီး ကြောက်သွားပေမဲ့ လူငယ်တွေရှေ့မှာဆိုတော့ စိတ်ကိုတင်းကာ “ငါ.. ငါ..မင်းတို့ကိုစတာပါကွာ.. ဘာ.. ဘာမှမရှိပါဘူး” ဟု လိမ်ပြောလိုက်၏။
“ဦးကြီးမိုးကလည်း စစရာရှားလို့ဗျာ.. ကျုပ်ကလန့်သွားတာပဲ။”
ထို့နောက် ဆက်လက်လျှောက်လှမ်းလာကြပြန်၏။ ဦးကြီးမိုးသည် အနောက်ကိုလှည့်ကြည့်လှည့်ကြည့်လျှောက်သောအခါ မတ်ရပ်နေသောလူက ပျောက်သွားပြီး သူတို့နှင့်မနီးမေဝးတွင် ပြန်ပြန်ပေါ်လာကာ ဦးကြီးမိုးကို လက်ယပ်လှမ်းခေါ်နေလေ၏။ ဦးကြီးမိုးတစ်ယောက် ချွေးတွေပျံလာကာ မျက်နှာကိုခဏခဏသုတ်နေရလေ၏။ ထို့နောက် ပါးစပ်ကနေ သံဗုဒ္ဓေဂါထာကို တိုးတိုးလေးရွတ်ပြီး အနောက်ကိုပြန်အလှည့်ကြည့်မှာတော့ စောစောကလူကိုမတွေ့ရတော့ပေ။ ထိုအခါမှ သူလည်းသက်ပြင်းချနိုင်ရှာလေ၏။
ထို့နောက် တောင်ကိုကျော်လာကြ၏။ ဤတောင်နှင့် သူတို့ရွာသည် သိပ်မဝေးပေ။ အနည်းဆုံးကွမ်းနှစ်ယာညက်ခန့်လောက်သာ ကြာလိမ့်မည်။ ဦးကြီးမိုးတို့လည်း သူတို့လွတ်ပြီဆိုကာ စိတ်လွတ်ကိုယ်လွတ် လျှောက်လှမ်းလာခဲ့ကြသည့်အချိန်၌ ဘေးဘီကချုံနွယ်တွေက လေမတိုက်ပဲ တဖျောဖျောတရစပ် လှုပ်ခါသွားလေ၏။ ဦးကြီးမိုးတို့အဖွဲ့လည်း စုသွားကာ ခဏရပ်၍ အခြေအနေကို စောင့်ကြည့်နေလေ၏။
“ဘယ်သူမှလည်းမရှိပဲ.. ခြုံ..ြခုံတွေကလှုပ်သွားတယ်။”
“အေးကွ… အကောင်များဝင်တိုးလို့လား။”
“အကောင်တော့ဟုတ်ဟန်မတူဘူး… သ…သ..”
“ဘာလဲ မောင်စိုး… သရဲလို့ပြောမလို့လား။”
“အေး ဟုတ်..ဟုတ်တယ်။”
ထိုအခါဦးကြီးမိုးတစ်ယောက် သူမြင်ခဲ့သော သရဲက အခုထိလိုက်လာတာလားဟုတွေးမိကာ လန့်သွားလေ၏။ မောင်စိုးပြောမည့်စကားကို ငဝကပြောပြီးတော့ မြင့်နိုင်က မောင်စိုးခေါင်းကိုရိုက်လိုက်ကာ..
“မင်းမေကြီးတော်လေးသရဲချောက်ပါ့လား… ဒီလောက်တောထဲတောင်ထဲ နှစ်ညတိတိသွားနေတာ ဘယ်သရဲကလာချောက်လို့လဲ.. ကြောက်မနေနဲ့ သရဲဆိုတာ တကယ်မရှိဘူး။” ဟု ပြောသောအခါ ဦးကြီးမိုးက မြင့်နိုင်ဇက်ပိုးကိုအုပ်ချလိုက်ပြန်၏။
“ခွေးသား… မင်းဘယ်ဘာသာလဲ။”
“ဟာဗျာ .. ကျုပ်ဗုဒ္ဓဘာသာလေဦးကြီးမိုးရဲ့။”
“ဗုဒ္ဓဘာသာဆိုပြီး ဘုရားဟောတဲ့အပါယ်လေးဘုံထဲကသရဲတစ္ဆေကို မင်းကဘာလို့မယုံတာတုန်း။”
“သရဲက ချောက်တယ်လန့်တယ်ပဲပြောနေတာ ကျုပ်ဖြင့်မမြင်ဖူးတော့ မယုံဘူးဗျာ။”
“ကိုင်း ဒါဆို မင်း ကိုးကွယ်နေတဲ့ ဘုရားရှင်ဂေါတမကိုရောမြင်ဖူးလား။”
“အဲ..အဲဒါက။”
“ဘာမှဆင်ခြေမပေးနဲ့ သုံးလောကထွဋ်ထားတဲ့ ဘုရားကိုတောင် ငါတို့ယုံကြည်ကိုးကွယ်နေသေးတာပဲ… ဒီသရဲလောက်ကတော့ ယုံလိုက်စမ်းပါကွာ.. မင်းကမကြုံဖူးသေးလို့ပါ.. ငါကကိုယ်တွေ့မြင်လိုက်ရတာကွ။”
ဦးကြီးမိုးက စောစောက သူ့ကိုလက်ယပ်လှမ်းခေါ်သောသရဲအား ပြန်တွေးမိပြီး ကြောက်နေမိလေ၏။ ထိုစဉ် သူတို့စကားပြောနေချိန် အပင်တွေပေါ်ကနေ မည်းမည်းအကောင်ငါးကောင်က ပြုတ်ကျလာလေ၏။ ဦးကြီးမိုးတို့အဖွဲ့လည်း ဘာကောင်တုန်းဆိုပြီး ကြည့်နေချိန် ထိုမည်းမည်းအကောင်တွေ၏ နီရဲနေသောမျက်လုံး၊ လရောင်ကြောင့် ဖွေးစွတ်နေသည့် အစွယ်များ၊ လက်သည်းေြခသည်းနှင့် ပျောက်လိုက်ပေါ်လိုက် လာနေကြသောကြောင့် ဦးကြီးမိုးတို့အဖွဲ့ သရဲချောက်ခံရမှန်းသိကာ ယောက်ျားကြီးများပီပီ နောက်ကြသည့်ခြေထောက် သစ္စာဖောက်ဟုအော်၍ ရွာဘက်ကို သုတ်ခြေတင် ပြေးကြလေတော့၏။
သရဲတွေကလည်း အနောက်ကနေ ပျောက်ချည်ပေါ်ချည်နှင့် လိုက်လာကြစမြဲပင် နောက်ဆုံး၌ ဦးကြီးမိုးတို့တစ်ဖွဲ့လုံး ရွာထဲဝင်သွားမှ ထိုသရဲငါးကောင်ကလည်း ပျောက်သွားခဲ့လေ၏။
ဦးကြီးမိုးတို့အဖွဲ့၌ လက်တွေ့ကြုံမှယုံတတ်သောမြင့်နိုင်တစ်ယောက် သရဲဆိုတာဂျိုနဲ့လားဟေ့မေးပီးခါမှ နဖူးတွေ့ဒူးတွေ့မြင်လိုက်ရသည့်အခါမှာတော့ ရွာဝင်ဝတင် ကြောက်အားကြီးပြီးမေ့လဲကျသွားလို့ ငဝတို့ ဦးကြီးမိုးတို့က တရွတ်တိုက် ဆွဲခေါ်လာခဲ့ရလေ၏။ ထို့နေ့ညကတော့ ဦးကြီးမိုးတို့ တစ်သက်မမေ့နိုင်စရာ အဖြစ်ပျက်ကလေးဖြစ်သွားခဲ့ပြီး တစ်ဖွဲ့လုံးလည်း သင့်တော်ရာနေရာ၌ အဆင်ပြေသလို အိပ်စက်ကာ နံနက်မိုးလင်းမှ ကို့အိမ်ကိုယာကို ပြန်ကျလေတော့သည်။
အခန်း (၂)
°°°°°°°°°°°°°
“သူတစ်မူငါတစ်မင်းခေတ်မှာ… အော်ကာဟစ်ကြွေး… ငိုနေတဲ့ကလေး… ဟဲ့ဒီစောက်ခွေး.. အဲလေ.. ယောင်လိုယောင်လို့… ဟဲ့ပျိုမဒီလေး… နင်ငါ့နောက်ကိုလိုက်ခဲ့တော့…။”
“ဟားဟားခစ်ခစ် အရူးကြီးအရူးကြီး။”
“ဟေး အရူးကြီးကွ ကပါဗျကပါဗျ။”
ကလေးတစ်သိုက်ဟာ သီချင်းလိုလို စာလိုလို ရွတ်ဆို၍နေသော စုတ်ပြတ်ကာ ယောဂီေရာင်မေပါက်ေတာ့သည့် ယောဂီဝမ်းဆက်နှင့်လွယ်အိတ်တစ်လုံးကို စလွယ်သိုင်းထားသည့် အရူးတစ်ယောက်ကို ကခိုင်းနေကြလေ၏။ ထိုအရူးသည် ပေကျံနေသောမျက်နှာ၊ ရှုပ်ထွေးနေသောဆံပင်များနှင့် စုတ်ပြတ်သတ်နေသော အင်္ကျီအဝတ်အစားတို့ ဝတ်ထားတာတောင် “ဒီအရူးလေးက သပ်သပ်ရပ်ရပ်နေရင် လူချောပဲကွ”ဟု ဖြတ်သွားသောလူများက ချီးမွမ်းကြလေ၏။ အရူးလေးဟုခေါ်ရသည်မှာ ထိုအရူးသည် အလွန်ငယ်ရွယ်သောကြောင့်ဖြစ်လေ၏။
“အလို.. ပရိတ်သတ်ကတောင်းဆိုတော့လည်း..ကျွန်တော်မင်းသားက ကပြပါ့မယ်ခမျာ… ဟေ့ ဗေတူးပုံ ပတ်ဗေဂျီးဂျီး.. ဂျီးဂျီးပတ်ပုံ ပေတို့ဗေ.. ဟေ့!!။”
“ဟေး… ဒါမှအရူးကြီးကွ။”
“ခစ်ခစ်။ “
“ကကအရူးကြီးဟီးဟီး။”
အရူးက ပါးစပ်ဆိုင်းတီး၍ သူကချင်သလိုကနေတာကို ကလေးတစ်သိုက်က လက်လုပ်လက်ဝါးတီးရင်း အော်ဟစ်အားပေးနေကြလေ၏။ ထိုအခါ ဘေးအိမ်တွေကနေ ထွက်လာကြကာ အရူးကိုကြည့်၍ ပြုံးရယ်သွားသူရှိသလို၊ “ငယ်ငယ်ရွယ်နဲ့ သနားပါတယ်”ဟု သနားသူများလည်းရှိလေ၏။ အရူးသည် အချိန်တော်ကြာ ကနေလေ၏။ ချွေးပင်မထွက် မမောနိုင်မပန်းနိုင်ကနေပေမဲ့ ကြည့်ရသည့်ကလေးတွေအဖို့ ပျင်းလာကြကာ အကုန်ထွက်သွားကြလေ၏။
“ကျွန်တော်မင်းသားကပြတာ .. ကြိုက်ကြရဲ့..ရဲ့.. အလို .ငါ့ပရိတ်သတ်တွေ ဘယ်ရောက်ကုန်ပါလိမ့််… ဧကန်ဒ မြေလျိုးပြီးမိုးပျံနိုင်တဲ့ ဇော်ဂျီပေါက်စလေးတွေလား… အင်း.. ပရိတ်သတ်မရှိလည်းရပါတယ်လေ… တစ်ကိုယ်တော်မင်းသားကျွန်တော် ကရင်းဆိုရင်းတီးရင်း.. မှုတ်ရင်း..အဲလေ… သွားလိုက်ပါအုံးမယ်ခမျာ။”
အရူးက သူတစ်ကိုယ်တည်း ပြောချင်ရာပြော၍ သွားနေချိန် လူတစ်ယောက်နှင့် ဝင်တိုက်မိလေ၏။ ထိုလူကြီးသည် အရူးကိုကြည့်၍ သူ၏သားအရွယ်ဖြစ်နေတာကြောင့် မြင်မြင်ချင်းသနားသွားလေ၏။
“ငါ့တူ ဘယ်နား နာသွားသေးလဲ။”
“မနာပါဘူးခမျာ… ကျွန်တော်မျိုးဟာ ဝိဇ္ဇာထိပ်ခေါင် မိုးအောင်ဖြစ်လို့.. သတိုးမင်းဖျားကိုယ်တိုင်ချီးမြင့်ခန့်အပ်ထားတဲ့… တံခါးစောင့်တစ်ယောက်ပါ… ဦးကြီးခမျာ။”
“ဟားဟား မင်းကတော့ အပေါ်ထိသွားပြီးမှ ဝုန်းခနဲပြန်ပြုတ်ကျလာသလိုပဲ… လာပါကွ အထဲလိုက်ခဲ့ပါအုံး.. နေပူထဲသွားရတာ မောမှာပေါ့ရေလေးသောက်ပြီး ထန်းလျက်စားပါအုံး။”
“ဪ ကံကောင်းထပ်တောင်ကံကောင်းပြီ.. တောင်းစရာမလိုတဲ့ အလှူရှင်သူဌေးကြီးအနာတပိန်နဲ့တွေ့ပြီ။”
“ဟားဟား မင်းကတော့ တကယ့်ကောင်ကွာ။”
ထိုလူကြီးက အရူးကို သူ့အိမ်ဝိုင်းထဲခေါ်သွားပြီး တန်းလျားခုံပေါ်၌ထိုင်ခိုင်းကာ ရေတစ်ခွက်နှင့် ထန်းလျက်ချကျွေးလေ၏။ အရူးကလည်း ထန်းလျက်တွေကို တစ်လုံးပြီးတစ်လုံးစားလိုက်ကာ ရေကိုသောက်လိုက်လေ၏။
“ငါ့တူနာမည် ဘယ်လိုခေါ်လဲကွဲ့။”
“ကျွန်တော့်နာမည်လား… ရတနာဒီပါရွေထွဋ်ခေါင်မင်းနောင်အနောရထာစိန္ကုမှာပတ္တမြားကျောက်စီငွေရောင်မိုးမင်း ကျော်ဇောထိန်ဝါတိုးပတ်မောင်။”
“အဲဒါမင်းနာမည်လား။”
“မဟုတ်ဘူး… ပါးစပ်ထဲရှိတာပြောတာ ဟားဟားဟား။”
“မင်းကတော့ကွာ အရူးဆိုတဲ့အတိုင်း စကားကိုအကောင်းမပြောဘူး။”
“ကျွန်တော်မင်းသားကရူးနေပါတယ်ဆိုမှ .. ဦးလေးကြားချင်တဲ့စကားကောင်း မင်းလောင်းပျောက်မှသာပြောမယ်..။”
“ဟေ!! မင်းက မင်းကိုမင်းရူးနေမှန်းတော့သိတယ်ပေါ့။”
“အရူးပါဆိုမှ မင်းဟာကချိုပါသလားမေးနေတယ်… ဦးလေးလည်းရူးများနေလား။”
“ဟာ ငါမရူးပါဘူးကွ။ ဒါနဲ့ မင်းက ဘယ်သွားမလို့လဲ။”
“အင်း ပြောမပြောချင်ပါဘူး။”
“အဲဒါဆိုလည်းမပြောနဲ့ကွာ။”
“ဒါပေမဲ့ ကျေးဇူးရှင်ဆိုတော့ ပြောလည်းပြချင်တယ်။”
“ပြောကွာ။”
“ဒါပေမဲ့လို့ ပြောပြလို့လည်းဖြစ်ပါ့မလား။”
“ဟိတ်ကောင် မင်းကိုငါ့သားအရွယ်ဖြစ်တာရယ်၊ အရူးဖြစ်နေတာရယ်ေြကာင့် ဘာမှမလုပ်သေးတာ။”
“ဒေါသကိုရှည်ရှည်ထားပါဦးကြီးရယ် စိတ်မထွက်ပါနဲ့။”
“ဟာ ဒီသောက်ရူးကတော့ ပြောင်းပြန်ကြီးပြောနေတယ်။”
“ဪ ဦးကြီးရယ် ပြောင်းပြန်တွေအတည့်တွေ ကျွန်တော်ကရူးနေတော့သိပါ့့မလား… ဦးကြီးရူးများနေလား။”
ထိုလူကြီးသည် အရူးအပေါ်ကိုထားသည့်စေတနာမေတ္တာများပိုလျှံလာကာ ခွက်နှင့်ကောက်ထုသောကြောင့် အရူးခမျှ ကံကောင်းထောက်မစွာနှင့် ငုံ့ရှောင်ထွက်ပြေးသွားလေ၏။ ခြံဝရောက်မှ အရူးကလှည့်ပြောသွားလေ၏။
“ဗျို့အိမ်ရှင်တို့ အိမ်ရှေ့ကအရူးကြီး ဆေးတိုက်ရင် လှုပ်တိုက်ပါဗျ… သူပဲခေါ်ပြီး သူပဲအခုကျွန်တော့်ကိုမောင်းထုတ်နေလို့။”
“ဒီသောက်ကမြင်းမသားကတော့ ငါလုပ်ရင်နာတော့မယ်။”
ထိုလူကြီးပြောသည့်စကားများ အရူးမကြားတော့ပေ။ အရူးသည် ရွာလမ်းမပေါ်သို့ ရောက်နေပြီဖြစ်၏။ အရူးကတော့ သူ၏မူမပျက် ပါးစပ်ဆိုင်းတီးပြီး သီချင်းဆိုကာ က၍က၍သွားနေလေ၏။ အရူးသည် နေဝင်ခါနီးသောအခါ ရွာအပြင်ကဇရပ်သို့သွား၍ နေလေတော့၏။
အခန်း၃
°°°°°°°°°°
ဦးကြီးမိုးတစ်ယောက် အလောတကြီးဖြင့် ငဝအိမ်သို့သွားနေလေ၏။ အဘယ့်ကြောင့်ဆိုသော ငဝသည် သူ၏နေအိမ်၌ အကြောင်းမရှိပဲ သောင်းကျန်းနေသောကြောင့်ဖြစ်လေ၏။ ငဝအိမ်ရှေ့ရောက်သောအခါ ငဝအမေ၏ငိုသံကို စတင်ကြားလိုက်ရလေတော့၏။
“အဖြစ်ဆိုးလိုက်တာသားရယ်.. သား ..မောင်ဝ လူကလေး… ဟောဒီအမေကို ကျုပ်မိန်းမမယူပဲ ရှာကျွေးမှာဆိုသားရဲ့.. အခုတော့ ဘာလို့ထားခဲ့ရတာတုန်း… အမေ့သားလေး… ဟော ဟိုမှာ ဦးကြီးမိုးနဲ့ မင်းသူငယ်ချင်း မြင့်နိုင်တို့လာပြီသားရဲ့… ထကြည့်စမ်းပါအုံးသားရယ်.. အမလေး အမေ့ရင်တွေတော့ကွဲပါပြီသားရယ် အဟီးဟီးဟီး။”
ဦးကြီးမိုးသည် ကို့မျက်လုံးကို မယုံနိုင်ဖြစ်သွားရလေ၏။ ငဝသည် အိမ်အပေါ်၌ ဆန့်ဆန့်ကြီးလှဲနေကာ ဆောင်တစ်ထည်ကို ရင်ဘက်ထိခြုံထားလေ၏။ သူ၏အမေဖြစ်သူက ဘေးကနေငိုယိုနေသလို အခြားသူများကလည်း ဝိုင်းဝန်းနှစ်သိမ့်ပေးနေလေသည်။ ဦးကြီးမိုးတစ်ယောက် မောင်စိုးအနားကို အရင်ကပ်လိုက်လေ၏။
“မောင်စိုး ငဝကဘယ်လိုဖြစ်ပြီးဆုံးသွားတာလဲဟ… ညနေကတောင် ရေခပ်နေတာ အကောင်းကြီးပါ။”
“ဟုတ်တယ်ဗျ… ငဝသေပုံကထူးဆန်းနေလို့… ကျုပ်ရောက်တော့ ဒီကောင် အိပ်ပေါ်မှာ တစ်ယောက်ယောက်နဲ့ လုံးလားထွေးလားသတ်ပုတ်နေတာ.. ပါးစပ်ကနေလည်း ငါမလိုက်ဘူးပြောသေးတယ်… ကျုပ်လည်းဒီကောင့်ကိုဝင်ဆွဲလိုက်တာ.. ကျုပ်လက်ကို တစ်ယောက်ယောက်ကရိုက်ထုတ်လိုက်တယ်ဗျ.. မကြာဘူး ခဏနေတော့ ငဝတစ်ယောက် မတ်တပ်ရပ်ကနေ ဇက်ကြီးလိမ်ပြီး လဲကျသွားတာ အသက်ပါမရှိတော့ဘူး။”
“ဟေ!!… အပများမှီလာသလားကွာ။”
“မပြောတတ်ဘူးဗျ… ကောက်ကာငင်ကာသေတာဆိုတော့ အဲဒီလိုပဲထင်တာပဲ။”
ဦးကြီးမိုးလည်း ငဝအတွက် စိတ်မကောင်းဖြစ်မိလေ၏။ ငဝ၏အမေအနားသို့သွားကာ နှစ်သိမ့်ပေးပြီး အသုဘကနားဖျင်းထိုးကာ လိုအပ်တာများကို မြင့်နိုင်၊ မောင်စိုးတို့နှင့်အတူ အခြားကာလသားများကိုခိုင်း၍ ကူညီလုပ်ဆောင်ပေးလေ၏။ အသုအိမ်၌ အောက်လင်းဓာတ်မီးများထိုးပေးပြီး ကူညီလုပ်ကိုင်အပြီး၌ ဦးကြီးမိုးတစ်ယောက် ညနှစ်ချက်တီးလောက်မှာ အိမ်ကို ပြန်လာခဲ့သည်။
အိမ်ကိုပြန်လာသည့် လမ်းတလျှောက်၌ ခွေးများကသူ့အားထိုးဟောင်ကြလေ၏။ ဦးြကီးမိုးလည်း ခွေးများကိုချောက်လန့်မောင်းထုတ်ပြီး ဆက်လျှောက်လာခဲ့တာ အနောက်ကနေ တဖတ်ဖတ်လိုက်လာသံကိုကြား၍ လှည့်ကြည့်သောအခါ မည်သူမှရှိမနေပေ။ စိတ်ထဲ၌ သူ့ဖိနပ်သံသူပြန်ကြားတာနေမှာပါဟုတွေးကာ အိမ်ကိုပြန်လာခဲ့လေ၏။ ဦးကြီးမိုးသည် ပင်ပန်း၍ ချက်ချင်းအိပ်ရာဝင်ကာ မှေးနေခိုက် တစ်ဦးတစ်ယောက်က သူ့အားစောင့်ကြည့်နေသလို ခံစားလိုက်ရ၏။
မျက်လုံးကိုဖွင့်ကြည့်လိုက်သောအခါ ဖြူဖတ်ဖြူရော်နိုင်၍ မျက်တွင်းတွေမဲနက်နေသော မျက်နှာကြီးတစ်ခုကို အနီးကပ်မြင်လိုက်ရ၍ လန့်သွားကာ ဝုန်းခနဲထလိုက်တော့ အခန်းထဲ၌ သူမှလွဲ၍ အခြားဘယ်သူမှမရှိပေ။ ဦးမိုးကြီးလန့်သွားကာ ရင်ဘက်ကဖားဖိုကဲ့သို့ ဖြစ်နေတာကြောင့် ရင်ဘက်ကိုထိန်းလိုက်လေ၏။ ထို့နောက် အခန်းထဲမှထွက်၍ ရေအိုးစင်က ရေခပ်သောက်နေစဉ် သူ၏အနောက်ကို တစ်ဦးတစ်ယောက် ချဉ်းကပ်လာသလို ခံစားလိုက်ရလေ၏။
ဦးမိုးကြီးဆတ်ခနဲလှည့်ကြည့်လိုက်တော့ မျက်ဖြူလန်နေပြီး ဖြူဖတ်ဖြူရော်အသားအရေနှင့် ကြောက်စရာအပြုံးမျိုးကိုမြင်လိုက်ရကာ အနောက်ကို ဘိုင်းခနဲလဲကျသွားလေ၏။
“မင်း.. မင်း.. မင်းဘယ်သူလဲ။”
“ဟားဟားဟားဟား မင်းတို့တွေကို.. ငါအစားထိုးဖို့လာခေါ်တာ… လာလိုက်ခဲ့။”
“မလိုက်ဘူး!!.. မလိုက်ဘူး!!.မလိုက်ဘူး!!”
“မင်းမှာ ငြင်းပိုင်ခွင့်မရှိဘူး… ကျွတ်တော့မယ်ကောင်တွေရှိတယ်.. သူတို့နေရာမှာအစားထိုးဖို့လိုတယ်… မင်းတို့ကိုငါကိုယ်တိုင်ရွေးထားတာ.. လိုက်ခဲ့ရမယ်။”
“မလိုက်ဘူး!! ကျုပ်.. ကျုပ်မလိုက်ဘူးနော်။”
“ဟားဟားဟားဟားဟား။”
“အဘ..အဘဘာတွေအော်နေတာလဲ။”
“ကလေးတွေလန့်နိုးကုန်ပြီ အဖေရဲ့.. အဖေဘာထိုင်လုပ်နေတာလဲ။”
“သားတို့သမီးတို့ အဘကိုကယ်ပါအုံး… ဒီမှာအဘကိုလာခေါ်နေတယ်.. အဘမလိုက်ချင်ဘူး။”
“အဘ.. ဘာတွေပြောနေတာလဲ..။”
“အဘ စိတ်ကိုညိမ်ညိမ်ထားပါ အဘကိုဘယ်သူမှမခေါ်ပါဘူး။”
“အဲဒီမှာ… ရပ်နေတယ်… သားတို့ရှေ့မှာ သူရပ်နေတယ်. အဘကိုလာခေါ်နေတာ။”
ထိုစဉ်ဦးမိုးကြီး၏ ခန္ဓာကိုယ်ကို တစ်ဦးတစ်ယောက်က ဆောင့်ကန်လိုက်သလိုဖြစ်သွားပြီး ဦးကြီးမိုးတစ်ယောက် ဖင်တရွတ်တိုက် အနောက်ကိုလွင့်သွားလေ၏။ ထိုအခါ ဦးကြီးမိုး၏သားနှင့်သမီးလည်း လန့်ဖြန့်သွားကြလေ၏။
“ဟာ…အဘ။”
“ဦးလေးရေ.. ဦးလေးနွေဦးလာပါအုံး။”
ထိုအခါ အိမ်အပေါ်ကနေ လူကြီးတစ်ယောက်ပြေးဆင်းလာလေ၏။ ဦးကြီးမိုးအားတွေ့သွားပြီး ဆွဲထူသည့်အခါ၌ ထိုလူပါ လွင့်ထွက်သွားသည်။
“ဟာ..ဦးလေးနွေဦး ရလား။”
“အားကျွစ်ကျွစ်… ငါ့ကိုတစ်ယောက်ယောက်ကိုင်ပေါက်လိုက်သလိုပဲကွာ။”
“ကြည့်ရတာ သရဲရှိနေတာလားမသိဘူး။ အစ်မမြန်မြန်သွားစမ်း ပရိတ်ရေဘူးသွားယူ။”
ဦးကြီးမိုးသမီးအကြီးက ပရိတ်ရေဘူး သွားယူမည်အလုပ် သူ၏ဆံပင်တွေက ထောင်သွားပြီး အနောက်ကိုဆွဲဆောင့်ခံလိုက်ရလေ၏။
“အမလေးတော့်.. သေပါပြီ။”
“အစ်မ ဘာဖြစ်တာလဲ။”
“ငါ့ဆံပင်ကို တစ်ယောက်ယောက် ဆွဲဆောင့်လိုက်သလိုပဲ နာလိုက်တာ။”
ဦးကြီးမိုးသားအငယ်ကောင်သည် စိတ်တိုလာကာ နံရံ၌ချိတ်ထားသော ဓားကိုဆွဲယူ၍ “ဘယ်ကခွေးမသား သရဲလဲကွဟမ်.. သတ္တိရှိရင်ကိုယ်ထင်ပြလိုက်..” ဟု ဆဲဆိုလေ၏။ ထိုစဉ် ဦးကြီးမိုးသားအငယ်ကောင်သည် အနောက်ကိုခြေနှစ်လှမ်းဆုတ်သွားကာ ခေါင်းမော့သွားလေ၏။ ထို့နောက် တဟီးဟီးရယ်ကာ ကြောက်စရာကောင်းသောမျက်နှာနှင့် ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဦးကြီးမိုးဆီလျှောက်လာလေ၏။
“သား… သားလူလေး.. စိတ်ထိန်းအုံးလေ… မင်းအဘလေကွာ။”
“ဘာအဘလဲ.. ငါမင်းသားမဟုတ်ဘူး.. ငါမင်းကိုလာခေါ်တာ … လိုက်ခဲ့တော့ ဟီးဟီးဟားဟား။”
ဦးကြီးမိုးသားအငယ်ကောင်သည် ဓားကိုလွှဲ၍ ခုတ်မည်ဟန်ပြင်လိုက်စဉ် အိမ်ဝိုင်းအရှေ့ကနေ အသံတစ်ခုက ထွက်ပေါ်လာလေ၏။
“ဟိုအိမ်ထဲကကောင် ရပ်စမ်း!!… မင်းလာမလား… ငါလာမလား… ငါလာရမလား… မင်းလာရမလား… ဟီးဟီး… ငါတော့ညောင်းတယ်ကွာ… မင်းပဲလာခဲ့တော့.. အခုထွက်ခဲ့စမ်း!!။”
ထိုအသံအဆုံး၌ ဦးကြီးမိုးသားအငယ်ကောင်သည် ပျော့ခွေကာ လဲကျသွားလေ၏။ ဦးကြီးမိုးလည်း သားငယ်လက်ထဲက ဓားကိုဖယ်ကာ လှုပ်နှိုးနေသလို ဦးကြီးမိုးသမီးကလည်း အနားကိုရောက်လာခဲ့၏။ ဦးနွေဦးတစ်ယောက် ခြံအပြင်ကိုလှမ်းကြည့်လိုက်သောအခါ နေ့လယ်က သူမောင်းထုတ်လိုက်သောအရူးက စကားတွေပြောရင်း လမ်းလျှောက်သွားလေ၏။ သူ၏စိတ်ထဲ၌ “ဒီအရူးအသံကြားတာနဲ့ ခုဏသရဲကထွက်သွားတာလား.. ဒီအရူးကဘာမို့လို့လဲ… အရူးမို့လို့လျှောက်ပြောနေပေမဲ့.. စောစောကစကားသံက တစ်ခုခုပဲ… အတော်ထူးဆန်းတဲ့အရူးပဲ”ဟု မှတ်ချက်ပြုမိလေ၏။
အရူးသည် တစ်ယောက်တည်း ကခုန်ရင်း ရွာလမ်းမအတိုင်း လျှောက်လာသောအခါ ခွေးတွေကအရူးကိုကြည့်၍ ဆွဲဆွဲငင်ငင်အူကြလေ၏။ အရူးက ပြုံးရယ်လိုက်ကာ..
“သားတော်ကြီးတို့သီချင်းဆိုတာက အသံကိုဆွဲနိုင်ပေမဲ့.. အသံကမကောင်းတော့ မဆိုကြနဲ့ကွဲ့… ငါမင်းသားလေး အတော်နားညီးသကွယ်။”
အရူးကခွေးတွေကိုငေါက်ငမ်းပြီး ရွာအပြင်ကိုထွက်ကာ ဇရပ်ပေါ်၌ ထိုင်၍ အနောက်ကိုလှည့်လိုက်လေ၏။
“မင်းက ဟိုးးဘက်နားမှာနေတဲ့ကောင်မလား… ဘာလို့ရွာထဲသွားနေတာတုန်း… သူငယ်ချင်းအိမ်အလည်သွားတာလား။”
အရူးသည် သူ၏အရှေ့က ဖြူဖတ်ဖြူရော်ခန္ဓာကိုယ်နှင့် သူ့ကိုမကျေမနပ်ကြည့်နေသော သရဲကိုကြည့်ကာ ပြောနေခြင်းဖြစ်လေ၏။
“လောကီဆရာရူး.. မင်းနဲ့ဘာမှမဆိုင်ပဲ မင်းကဘာဝင်ရှုပ်တာလဲ။”
“အလို…. ငါလိုရုပ်ေချာသေဘာေကာင်း၊ မနောေကာင်းတဲ့ အိမ်ရှေ့စံမင်းသားတစ်ပါးကို… အသင်လိုအရုပ်ဆိုးအကျည်းတန် မင်းကုသလိုရုပ်ရည်နဲ့ နှစ်ပြားမတန်တဲ့ သနားစရာသတ္တဝါတစ်ကောင်က ဘယ်လိုတွေပြောနေတာတုန်း.. ငါလုပ်ရင်နာတော့မယ်နော်… မင်းကဘာလို့ရွာထဲကိုသွားတာတုန်း။”
“ငါ့ပိုင်နက်ထဲကကောင်တွေ တချို့ကျွတ်လွတ်ကုန်ပြီ အဲဒီတော့ သူတို့နေရာမှာ အစားထိုးဖို့လိုတယ်… အဲဒါကြောင့် ဒီကောင်တွေကို ငါလာခေါ်တာ.. မင်းက ငါ့ကိစ္စဘာဝင်ရှုပ်တာလဲ။”
“အလို… ငါ့လိုချောမောလှပတဲ့ ဥပဓိရုပ်ကောင်းကောင်းနဲ့ မင်းသားကို မင်းဘယ်လိုတွေ ပြောနေလိုက်တာတုန်း အရူးသရဲကြီးရဲ့… မင်းအလုပ်ကို ငါရှုပ်တာမဟုတ်ဘူး… ဟိုအဘကခေါ်ခိုင်းလို့ ငါကမင်းကိုပြန်လာခေါ်တာာ”
အရူးလက်ညိုးညွှန်ပြသောနေရာကို သရဲကကြည့်လိုက်သောအခါ ဝတ်ဖြူစင်ကြယ်နှင့်အဘိုးအိုတစ်ယောက်က တောင်ဝှေးတစ်ချောင်းကိုင်ရင်း လျှောက်လာလေ၏။ သရဲသည် ကြောက်လန့်သွားကာ ဒူးများတုန်နေလေ၏။ သူ၏အနားကို ထိုအဘိုးအိုအရောက်၌ ဒူးထောက်ထိုင်ချပြီး ဖင်ဘူးေထာင်းထောင် ကန်တော့လေတော့သည်။
“ကျုပ်တောင်းပန်ပါတယ်ဘိုးဘိုးရယ်… ကျုပ်နောက်မလုပ်တော့ပါဘူး… ကျုပ်အပြစ်ကိုကျုပ်သိပါပြီ။”
“ဟင်း… ကျေးကျွန်ရှိမှ ပျော်တတ်တဲ့ ငနွား.. မင်းကတော့ ငါလုပ်ရင်သေတော့မယ်… ဝိဇ္ဇာလျောင်းလေးရှေ့မို့ သက်သာတယ်မှတ်။”
“ကဲ တောင်ပိုင်ဘိုးဘိုးကြီး ကျွန်တော်ခေါ်ပေးပြီးပြီနော်… ငှက်ပျော်သီးကျွေးမယ်ဆို။”
ထိုအခါ အဘိုးအိုက သူ၏လက်ဝါးကိုဖြန့်လိုက်သောအခါ ရွေရောင်အဆင်းနှင့် မွှေးကြိုက်လှသော ငှက်ပျော်သီးလေးလုံးပေါ်လာကာ အရူးကိုပေးလိုက်လေ၏။ အရူးက အားရဝမ်းသာယူလိုက်ကာ တစ်လုံးပြီးတစ်လုံးခွာစားနေလေ၏။
“ကျုပ်ကိုသွားခွင့်ပြုပါအုံးဆရာလေး… ဒီငမိုက်သားကို အပြစ်ပေးရအုံးမှာမလို့ပါ။”
ထိုအခါ အရူးက ပလုပ်ပလောင်းနှင့် “ဟုတ်ကဲ့…. သွားပါတောင်ပိုင်ဘိုးဘိုးကြီး… အဲ့ကောင်ရွာထဲထပ်ဝင်ရင် ပြန်လာပို့ပေးမယ်နော်် ..”ဟု ပြောလိုက်သောအခါ အဘိုးအိုကပြုံးပြ၍ သရဲကိုခေါ်ပြီး ပျောက်ကွယ်သွားလေ၏။ အရူးကတော့ စားသောက်ပြီးသောအခါ တဝါးဝါးသမ်းပြီး အိပ်ပျော်သွားခဲ့လေ၏။ နံနက်မိုးသောက်ချိန်မှာတော့ အရူးကပြန်နိုးလာခဲ့ပြီး “ငါလို ဥပဓိရုပ်တည်ကြည်ခ့့ံညားရုပ်ရည်ရူပကာချောမောလှပလွန်းလှတဲ့ မင်းသားက ဒီလိုထိုင်နေလို့မဖြစ်ဘူး… တိုင်းပြည်အတွင်း လှည့်လည်အုံးမှပါလေ”ဆိုကာ ခြေဦးတည့်ရာကို လျှောက်သွားပြန်လေသတည်း။
(မှတ်ချက်။ ထိုအရူးက မည်သူမည်ဝါဆိုတာ ပြောရန်မလိုပဲ သိမည်ထင်ပါသည်။)
~~~~
ပြီးပါပြီ။
တတ်သည့်ပညာတိုင်းအား ကောင်းတာလုပ်ပါမူ…
ကောင်းသည့်ပညာသာဖြစ်၏။
တတ်သည့်ပညာတိုင်းအား မကောင်းတာလုပ်ပါမူ…
မကောင်းသည့်ပညာသာဖြစ်၏။
အဖြူနဲ့အမဲဟာ ဒွန်တွဲနေ၏။
(ဆက်လက်ကြိုးစားပါအုံးမည်)
#မိုးထွန်း(မကွေး)
Leave a Reply