နေလျက် `ဟေ့ ကုန်းပေါ်က ဘယ်သူလဲ´ဟုမေးရာ၊ `ငါ ညဉ့်လူဟေ့´ဟု သတိုးမင်းဖျားက ပြန်ပြော၏။ ကုန်းသို့တက်မိလျှင် သတိုးမင်းဖျားက `ဆရာကြီးနှင့် အတူလိုက်လိုပါ၍ စောင့်နေပါသည်´ဟု ဆိုသောအခါ ငတက်ပြားလည်း အလွန်သဘောကျကာ နှစ်ယောက်လုံး မြို့တွင်းသို့ဝင်လျက် မှူးတော်၊ မတ်တော်များ၏ အိမ်သို့ဝင်၍ ပုတီး၊ နားတောင်း၊ လက်စွပ် စသည်များကို ခိုးယူပြီးလျှင် မြို့ပြင်မီးသွေးတိုက်သို့ ပြန်ခဲ့ကြသည်။ ထိုအခါ ငတက်ပြားလည်း အရက်သောက်လိုသည် ဖြစ်၍ သတိုးမင်းဖျားက အလွန်မူးယစ်အောင်တိုက်သဖြင့် လဲသောအခါမှ ခြေကျဉ်းခတ်၍ မီးသွေးတိုက်၌ သော့ခတ်ကာ ထားခဲ့၏။ နံနက်တွင် ...

ပါပဲဗျာ။ စောစောစီးစီး အမင်္ဂလာသံပေါ့။ တစ်ရက်တော့ ကိုဘအေးက ဝက်တစ်ကောင်ဆွဲပြီး ရွာပြင်ထွက်တော့ ဆွမ်းခံကြွလာတဲ့ ရွာဦးကျောင်းဆရာတော်နဲ့တွေ့ပါရောဗျာ၊ ဝက်ကလည်းအတော်ရုန်းနေတာဗျ၊ နောက်တော့ ကိုဘအေးက ဝက်ကို သူကိုင်လာတဲ့ ဝက်ထိုးတဲ့လှံနဲ့ ခပ်ဆွဆွထိုးတော့ ဝက်တစ်ကိုယ်လုံးလှံပေါက်ရာဖြစ်ပြီးတော့ သွေးစိမ်းရှင်ရှင်စီးကျလာတာပေါ့ဗျာ၊ ဒါကို ဆရာတော်တွေ့တော့ မနေနီုင်ဘူးတဲ့ဗျ။ “ဟေ့ကောင်ဘအေး၊ မင်းသူများအသက်ကို ကြပ်ကြပ်သတ်နော်၊ မင်းရဲ့အကုသိုလ်ကံက မင်းကိုတစ်နေ့ပြန်ပြီး အကျိုးပေးလိမ့်မကွ” ဆရာတော်ပြောတော့ ကိုဘအေးက ဆရာတော်ကိုမော့ကြည့်တယ်ဗျ။ “အောင်မယ်၊ ဘုန်းကြီး၊ ဝက်သတ်တာတော့ အကုသိုလ်များသလေးဘာလေးနဲ့၊ ဝက်သားဟင်းနဲ့ဆွမ်းကပ်ရင်တော့ ခေါင်းမဖော်တမ်းစားမယ့်သူကများ” ရွာဦးကျောင်းဆရာတော်ကတော့ ကိုဘအေးကို နားချမရတဲ့အဆုံး ဝက်ကြီးကိုပဲကြည့်ပြိးတော့ ...

တော့ ခြေထောက်တောင် ချိတ်ထားလိုက်သေးတယ်။ “ကျွန်မ ရေချိုးနေလို့ ဒီကောင်လေးက လာမပြောတာအကိုကြီးရဲ့၊ အကိုကြီးတို့ အကြာကြီးစောင့်လိုက်ရလား” “ရပါတယ်မာယာ၊ ဒါနဲ့ သူက ငါတို့ရွာက သူကြီးရဲ့သားပေါ့၊ ငါနဲ့အဖော်လိုက်လာတာ” ကုလားမကြီး မာယာကတော့ ပြုံးပြုံးရွှင်ရွှင်ပဲဗျ၊ ကျုပ်ကိုလည်း နွေးနွေးထွေးထွေးဆက်ဆံပါတယ်။ ခုနက ကောင်လေးက အိမ်ကအခိုင်းအစေဖြစ်မယ်ဗျ၊ ကျုပ်တို့အတွက် နွားနို့နဲ့ဖျော်ထားတဲ့ လက်ဖက်ရည်လာချပေးတယ်၊ အချိုမုန့်တွေလည်း လာချပေးတယ်ဗျာ။ ဦးဘသာကြီးနဲ့ မာယာနဲ့က တကယ်ခင်ကြတဲ့ပုံပဲဗျ၊ စကားတွေပြောနေရင်းနဲ့ ရယ်ရယ်မောမောပါပဲ။ “ဘယ်နှရက်တည်းမှာလဲအကိုကြီး” “နှစ်ညလောက်ပါပဲဟာ၊ သန်ဘက်ခါမနက်ဆို ပြန်မယ်” မာယာက စိတ်မကောင်းဖြစ်သွားပုံရတယ်ဗျ။ “အကိုကြီးကလည်း ...

ယောက်ထွက်လာခဲ့တာပေါ့ကွာ။ “တောက်၊ ဒီကောင်တွေ ဒါသက်သက်လူပါးဝတာကွ” အကိုကြီးကတော့ မကျေနပ်ဘူးပေါ့ဗျာ၊ ကျုပ်က အကိုကြီးပုခုံးကိုဖက်ရင်း “အကိုကြီးရာ၊ သူတို့ပြောတာလည်းဟုတ်နေတာပဲလေဗျာ၊ ကျုပ်တို့ကိုက လဘ်ကီးမကောင်းတဲ့ ဘူကောင်တွေဖြစ်နေလို့နေမှာပါ၊ သူတို့မှာ မသင်္ကာစရာ ဘာမှမတွေ့ဘူးမဟုတ်လား” “မဟုတ်ဘူး၊ ငါသိတယ်အလတ်ကောင်၊ ဒီကောင်တွေတမင်တို့ကိုညစ်တာကွ” “ညစ်တာတွေ ဖျစ်တာတွေထားပါတော့ဗျာ၊ အခု အဖေပေးလိုက်တဲ့ မြေဆီဖိုး ငွေရှစ်ရာကုန်ပြီဗျ၊ မြေဆီတွေလည်းမပါဘဲနဲ့ ကျုပ်တို့ဘယ်လိုရွာပြန်ရပါ့မလဲ” “အိုကွာ၊ ဒီကောင်တွေကို လွယ်လွယ်လက်လျော့ပေးရရိုးလားကွ” အကိုကြီးက ပြောပြီးတော့ ထပြုံးပြန်ရောဗျာ၊ ကျုပ်ဖြင့် အကိုကြီးငွေတွေရှုံးပြီးတော့ စိတ်များလွတ်သွားသလားဆိုပြီး အကိုကြီးကိုသေသေချာချာကြည့်လိုက်မိတယ်။ နောက်တော့ အကိုကြီးကိုပါးတွေဘာတွေ ပုတ်ကြည့်ပြီး ...

ဆေးပုလင်းကို ပေးတယ်။ ဘိုးစိန်ခိုတို့ ရေနွေးကြမ်းနဲ့ လက်ဖက်သုတ်ကလေး ဝါးရင်း နဂါးဆေးပေါ့လိပ်ဖွာလို့ပေါ့ဗျာ။ ဘိုးစိန်ခိုတို့ မိသားစုနဲ့ စကားပြောရင်း စကားကောင်းသွားတာနဲ့ ပဲ ကျုပ်ပြန်တော့ နေဝင်ရီတရော အချိန် ရောက် သွားတယ်ဗျ။ ဘန့်ဘွေးကုန်းက ထွက်ပြီး ထနောင်းကုန်းကို ပြန် ခဲ့တယ်။ ဘန့်ဘွေးကုန်းက အထွက်မှာ ဟိုလူနဲ့ တွေ့၊ ဒီလူနဲ့တွေ့နဲ့ အတော်ကြာသွားသေးတာဗျ။ ဘန့်ဘွေးကုန်း နယ်နိမိတ်ကိုကျော်ပြီး ထနောင်း ကုန်း နယ်နိမိတ်ကို ဝင်လာတဲ့အခါ တစ်လမ်းလုံး မန်ကျည်းပင်တွေ တမာပင်တွေနဲ့ မှောင်ရီတောင် သမ်းနေပြီဗျို့။ ကျုပ်လည်း ...

ပေါ်လာသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ ပန်းဝယ်ယူ ရောင်းချနေသော ပန်းကုန်သည် များက ခြံများအတွင်း ဆင်း၍ အချို့က ခြံချုပ် ဝယ်သည်။ အချို့က အပတ်စဉ် ထွက်သမျှ ပန်းအားလုံး လက်ငင်းရှင်း၍ ပုံမှန်ဝယ်ခြင်း ဖြစ်သည်။ ထိုကုန်သည်များက ပန်းများကို ညောင်လေး ပင်၊ ဒိုက်ဦး၊ ပဲခူး၊ ရန်ကုန် ပန်းစျေးကွက်အထိ ပို့ချရောင်းချခြင်းဖြစ်သည်။ဒေါ်ဖွားရှင်နှင့် ဒေါ် ခင်မျိုးအေးတို့က ခြံခြင်းကပ်ရက် ပန်းစိုက်ပျိုး သူများ ဖြစ်သည်။ ထိုပန်းမျိုးက အရိပ်ရ အပင် ကြီးများအောက် ပိုမိုဖြစ်ထွန်းသည်။ ထို့ကြောင့် ...

တာ မဟုတ်ဘူး” “ဟုတ်ကဲ့ပါ ဘိုးရယ်၊ ကျုပ် ဆာလွန်းလို့ လုပ်မိတာပါ၊ နောင် ဘယ်တော့မှ မလုပ်တော့ပါဘူးဗျာ” အဲဒါ ဘိုးလူပေ ပယောဂ ကုတာဗျ။ ဘိုး လူပေတို့ စကားက တစ်ခွန်းဆိုတစ်ခွန်းပဲ။ “နို့ နေပါဦး စံကွန့်ရဲ့၊ နင့်မှာ အစာရေ စာ ရှာရတာ ခက်ခဲနေလို့လား” “အရင်ကတော့ မခက်ဘူး ဘိုးရဲ့၊ ခုတ လောမှ ခက်သွားတာ၊ ကျုပ်နေတဲ့ ဘန့် ဘွေးပင်ကြီးကို တစ္ဆေကြီးတစ်ကောင် ရောက်လာလို့ဗျ၊ နည်းတဲ့အကောင်ကြီးမဟုတ်ပါဘူး ဘိုးရယ်၊ ဘယ်ကရောက် ...

ရာကို သဘက်ခါကျ သိုက်ဆရာတွေ ရောက်လာတော့မယ်အမေကြီး… ဒင်းတို့ကကျွန်မတို့သိုက်ပစ္စည်းတွေကိုမတော်လောဘနဲ့ လာတူးကြသူတွေမလို့…ဒင်းတို့ကိုတိုက်ထုတ်ပစ်ဖို့က ကျွန်မတို့အပြင်အမေကြီးကိုပါ အကူအညီတောင်းချင်လို့ပါအမေကြီးရယ်…” “အင်း…လောဘသားတွေကပေါ်လာပြန်တာကိုး… စိတ်ချအေ…သဘက်ခါမိုးလင်းတာနဲ့ ညည်းတို့သိုက်နဲ့မနီးမဝေးမှာ အမေကြီးတို့အရောက်လာပေးမယ်… ဘာမှစိတ်မပူကြနဲ့” “ကျေးဇူးတင်ပါတယ်အမေကြီးရယ်… ဒါဆိုရင်ကျွန်မပြန်ပါဦးမယ်…” “အေး…အေး…အေး…” မိန်းကလေးက ဘွားမယ်စိန်ကိုနှုတ်ဆက်ပြီး ပြန်သွားခဲ့သည်။ ဘွားမယ်စိန်ကထိုမိန်းကလေး၏ကျောပြင်ကိုငေးကြည့်ရင်း ကွပ်ပျစ်ခင်း၌ထိုင်မြဲအတိုင်းထိုင်နေလေသည်။ နောက်တစ်နေ့နံနက်ခင်း၌… “အမေ…ဒီမှာကောက်ညှင်းပေါင်းလေးနဲ့ ပဲကြော်လေး နံနက်စာပြင်ပေးထားတယ်” “အေး…အေး…အေး…” ဘွားမယ်စိန်က ကွပ်ပျစ်ခင်း၌တည်ခင်းပေးထားသော ဒေါ်ဝင်းပြင်ဆင်ပေးထားသည့် နံနက်စာကို မစားဖြစ်သေးဘဲ အတွေးများနေခဲ့ပေသည်။ သူ၏အတွေးသည် ညကအိမ်မက်အတွင်းလာရောက်သွားသော ဥစ္စာစောင့်မလေး၏အကြောင်းပင်။ “အမေ…စားတော့လေ… ကျုပ်ငှဲ့ပေးထားတဲ့ရေနွေးကြမ်းတွေတောင်အေးကုန်ပြီ အမေရဲ့…” ဒေါ်ဝင်းကသတိပေးလေတော့မှ… “အေးပါမိဝင်းရယ်… ...

ကျမမှာ ဗိုက်အောင့်တော့တာပါပဲ ဆရာကြီးရယ်” “အဲခု အဲဒီဆရာသတင်း ကြားသေးလား” “ဒီရွာမှာ သူ့လူရှိတယ် ဆရာကြီးရဲ့ တောင်ပိုင်းကငခင် ဆိုတဲ့အကောင် မျက်စီစောင်းစောင်းရွဲ့ရွဲ့နဲ့တော့ ဒီအကောင်က ကျမကို လာပြောတယ်။မမြခင် ဒီလောက် နေမကောင်းဖြစ်တာ ဆရာကိုမြနွယ်ကိုရှာပြီး ပင့်ပေးရ မလားတဲ့တော့” “ဒီတော့ ကလေးမက ဘယ်လိုပြန်ပြောလိုက်တုံး” “အဲဒီဆရာနဲ့ကုမှ အသက်ရှင်မယ်ဆိုရင်တော့ ငါ့အသေခံမယ်ဟေ့ ငခင် ပြောလိုက်ဟေ့ နင့်ဆရာကို သူနဲ့လည်း ဆေးမကုဘူး သူလိုလူကိုလည်း ဒီတစ်သက် မယူဘူးလို့ပြောလိုက် ငါ့ရောဂါ မပျောက်ရင် သေပစေလို့ ကျမက ပြန်ပြောလိုက်မိတယ်ဆရာ” “ကလေးမရဲ့ ...

သည်။ ယင်းလည်းသိပ်တွက်ချေမကိုက်လှချေ။ အဘယ်ကြောင့် ဆိုသော် သူမ၏မိခင်ဒေါ်နုယဉ်သည်အလွန်အားနာတတ်သောကြောင့်ဖြစ်သည်။ အချို့ကတော့ယူထားသည့်ငွေနှင့်အတိုးကိုကြေအောင်ဆပ်ကြပေမင့်အချို့ကျတော့ပေတေတေလုပ်နေတတ်ကြသည်။ ထိုအခါမျိုးကျတော့သူမနှင့်ထိပ်တိုက်တွေ့ရတော့သည်။ သူမသည်အသက်နှစ်ဆယ်ကျော်သာရှိသေးပေမင့်အလွန်စိတ်ထက်သူဖြစ်သည်။ ပြောစရာရှိလျှင်လည်း.ကြီးသည်ငယ်သည်သိပ်အရေးမထားဘဲဒိုးဒိုးဒေါက်ဒေါက်ပြောပစ်တတ်သည်။ ဒီတော့သူမကိုတော်ရုံအကြွေးယူထားသူတွေကလန့်ကြသည်။ ယင်းလည်းသူမကသိပ်ဂရုစိုက်လှသည်မဟုတ်ချေ။ ‘ငွေရေးကြေးရေး နှင့်ပတ်သက်လျှင်မည်သူ့ကိုမှအားမနာနိုင်’ဟုအမြဲတွေးနေတတ်သူဖြစ်သည်။ အိမ်သို့ပြန်ရောက်တော့ဒေါ်နုယဉ်က “ဘယ်လိုလဲသမီး..ရခဲ့ရဲ့လား” “မရဘူးအမေ။ဒါပေမယ့် ညနေရောက်ရင်လာဆပ်မယ်လို့တော့ပြောတယ်” “ဟုတ်လား. ဒါဆိုလည်းပြီးတာပဲအေ” ဒေါ်နုယဉ်အိမ်ပေါ်သို့တက်သွားသည်။ ညနေအချိန်သို့ရောက်တော့ဒေါ်တုတ်သည်မြင်းလှည်းပေါ်၌ဝက်မဒန်းမ.တစ်ကောင်တင်ပြီးဒေါ်နုယဉ်၏အိမ်ရှေ့သို့ရောက်လာသည်။ ပြီးနောက် “မနုရယ်..ကျွန်မမှာပိုက်ဆံမရှိသေးတာမို့ဒီဝက်မလေးပဲအကြွေးနဲ့နှိမ်ပြီးယူထားလိုက်ပါ.ကျန်တဲ့ပိုက်ဆံကိုတော့လ.ကုန်ရင်လာပေးပါ့မယ်” ထိုအခါဒေါ်နုရီမှာထုံးစံအတိုင်းအားနာပြီးမျက်နှာမထားတတ်အောင်ဖြစ်သွားရသည်။ ယင်းအခြေအနေကိုရိပ်မိတော့သီသီစိုးကကြားဖြတ်ပြီးဝင်ပြောသည်။ “ကောင်းပြီလေ.ကျွန်မတို့ယူထားလိုက်ပါမယ်။အဒေါ်ပြောတဲ့အတိုင်းကျန်တဲ့ငွေကိုတော့လကုန်ရင်လာဆပ်ဖြစ်အောင်ဆပ်လှည့်ပါ” “စိတ်ချပါ ကွယ်”ယင်းသို့ဆိုပြီးနောက် ဒေါ်တုတ်ကမြင်းလှည်းဆရာကိုအကူအညီလှမ်းတောင်းသည်။ “ငါ့တူ.အဲ့ဒီ ဝက်မလေးကိုအိမ်အောက်ပို့ပေးလိုက်ပါကွယ်” “ဟုတ်ကဲ့အဒေါ်” မြင်းလှည်းဆရာလည်းဝက်ဒန်းလေးကိုအောက်ချပြီးအိမ်အောက်သို့ဆွဲခေါ်လာခဲ့သည်။ ပြီးနောက်လည်ပင်းမှကြိုးဖြင့်တိုင်တစ်တိုင်တွင်ချည်ပေးထားလိုက်သည်။ ထို့နောက် ဒေါ်တုတ်က “ကဲ.အိမ်မှာကလေးတွေချည်းကျန်ခဲ့လို့..ပြန်လိုက်ပါဦးမယ်” “ဟုတ်ကဲ့” ဒေါ်တုတ်နှင့်မြင်းလှည်းဆရာပြန်ထွက်သွားသည်။ ထိုအခါမှဒေါ်နုယဉ်ကသီသီစိုးကိုမေးလေသည်။ ...