စုန်းထီး

ကျမမှာ ဗိုက်အောင့်တော့တာပါပဲ

ဆရာကြီးရယ်”

“အဲခု အဲဒီဆရာသတင်း ကြားသေးလား”

“ဒီရွာမှာ သူ့လူရှိတယ် ဆရာကြီးရဲ့ တောင်ပိုင်းကငခင်

ဆိုတဲ့အကောင် မျက်စီစောင်းစောင်းရွဲ့ရွဲ့နဲ့တော့

ဒီအကောင်က ကျမကို လာပြောတယ်။မမြခင် ဒီလောက်

နေမကောင်းဖြစ်တာ ဆရာကိုမြနွယ်ကိုရှာပြီး ပင့်ပေးရ

မလားတဲ့တော့”

“ဒီတော့ ကလေးမက ဘယ်လိုပြန်ပြောလိုက်တုံး”

“အဲဒီဆရာနဲ့ကုမှ အသက်ရှင်မယ်ဆိုရင်တော့

ငါ့အသေခံမယ်ဟေ့ ငခင် ပြောလိုက်ဟေ့ နင့်ဆရာကို

သူနဲ့လည်း ဆေးမကုဘူး သူလိုလူကိုလည်း ဒီတစ်သက်

မယူဘူးလို့ပြောလိုက် ငါ့ရောဂါ မပျောက်ရင် သေပစေလို့

ကျမက ပြန်ပြောလိုက်မိတယ်ဆရာ”

“ကလေးမရဲ့ ရောဂါဟာ ပယောဂစစ်စစ်ပဲ။လူပြုစားခံ

ထားရတာ။ဘယ်သူပြုစားတုံးဆိုတာတော့ မသိဘူးကွဲ့

ဘယ်သူပဲဖြစ်ဖြစ် ခေါ်ရတော့မှာပေါ့လေ။ရော့ မောင်

တာတေ ဒီခြေမန်းကွင်းကိုယူထား ရောက်လာရင် ခေါင်း

ကနေ စွပ်ချထားလိုက် ကဲ…အရှေ့နေထွက် အနောက်နေဝင်

တောင်တံငါ့ကွန် မြောက်ဓူဝံအတွင်း တိမ်းခြင်း ရှောင်ခြင်း

ခိုခြင်း ကပ်ခြင်း မရှိစေရ။ပေါက်ဆရာကြီးခြောက်ဆယ့်

လေးပါးရဲ့တပည့် ငါ့ဆရာအို အမိန့်ပြန်လိုက်တယ်

ပညာသည် အခုလာခဲ့ ဟောဒီ ကလေးမကို ပြုစားထား

တဲ့ ပညာသယ် အခုလာခဲ့”

“ဟီး ဟီး ဟီး ဟား ဟား ဟား ဟား ဟား

အေး လာပြီ ဟေ့ လာပြီ မင်းက ဘာဆရာမို့ ငါ့ကို ခေါ်ရတာတုံး ငါ့က ကဝေပျံကွ မင်းလို ဆရာလောက်တော့အယားတောင် မပြေဘူးမှတ်ကွ”

“မောင်တာတေ လုပ်လိုက်လေ”

ဟုတ်ပါဗျာ ကျုပ်ကလည်း ပယောဂပူးနေတဲ့ မမြခင်ကိုကြည့်နေတာဗျို့။ခြေမန်းကွင်းစွပ်ဖို့ မေ့နေတာ။

ဆရာအိုပြောမှ သတိရသွားပြီး ချက်ချင်းထစွပ်လိုက်တာဗျ။

“အောင်မာ ငါ့ကို ခြေမန်းကွင်းစွပ်တော့ ဘာဖြစ်မှာတုံး စွပ်စမ်း တစ်ကွင်းမဟုတ်ဘူး ဆယ်ကွင်းစွပ် ငါမမှုဘူးဟောဒီမြခင်ဟာ ငါ့မယား ဖြစ်ရမယ် မယားလောင်းကွဒါကြောင့် ငါလုပ်ထားတာ ဘာဖြစ်တုံး။အစ်ကိုရယ်မြခင်ကို ကယ်ပါဦးလို့ ပြောလာတော့မှ ငါကဆေးကုပေးပြီး ငါ့မယားအဖြစ် သိမ်းပိုက်မလို့ကွ။မင်းနဲ့ဘာဆိုင်လို့ ဘာဆိုင်လို ဝင်ရှုပ်ရတာတုံးမင်းမသေချင်ရင် ပြန်လို့မီသေးတယ် ကြားလားငါပြောတာ”

“လက်စသတ်တော့ မင်းကို လူယုတ်မာကောင်

ကဝေပျံဟုတ်စ မင်းဟာမင်း ကဝေပျံပျံ မပျံပျံ ငါသိတာတော့ မင်းဟာ စုန်းထီးပဲ မြနွယ် ငါကိုလာပြီးလှည့်စားဖို့မကြိုးစားနဲ့ ကဲ တစ်ခွန်းပဲ မေးမယ် ကလေးမကိုလုပ်ထားတာတွေ အခု ဖယ်ပစ်ပေးမလားမပစ်ဘူးလား ဒါပဲပြော”

“မင်းကို ဝင်မရှုပ်နဲ့လို့ ငါပြောပြီသားပဲ။အပိုတွေ

လာမပြောနဲ့ ဆရာစုတ်”

“အေးလေ ဒီလိုဖြစ်မှတော့ လုပ်ရတော့မှပေါ့ကွာ

မောင်တာတေ ရော့ ဒီသနပ်ခါးခဲကိုယူ ကျောက်ပြင်တစ်ချပ်တောင်းပြီး အရည်ကျဲကျဲလေး သွေးစမ်းကွာ”

ကျုပ်က ဆရာအိုဆီက သနပ်ခါးခဲကိုယူပြီး

အိမ်သားတစ်ယောက်ကို ကျောက်ပြင် ယူခိုင်းတယ်။

တအောင့်ကြာတော့

“သွေးပြီးပြီ ဆရာကြီး”

“ကဲ မမြခင်ရဲ့မျက်နှာမှာ အဲဒီသနပ်ခါးလိမ်းစမ်း

မောင်တာတေ”

“ဟား ဟား နံ့သာခဲလေးပါလား လာ လာ လိမ်း
လိမ်း ကြိုက်သလောက်လိမ်း မင်းလို ဆရာအဆင့်လောက်များတော့ ရယ်တောင် ရယ်ချင်သေးတယ် လာလိမ်းစမ်း ကလေး မင်းဆရာ ခိုင်းတာ လုပ်ပေးလိုက်ပါကွာငါ့ကိုမကြောက်နဲ့ ငါ့မင်းကို ဘာမှမလုပ်ဘူး ဟား ဟား”

စုန်းထီးကြီးအော်ရယ်နေတုန်းမှာ ကျုပ်က ခပ်မြန်မြန်သနပ်ခါး လိမ်းလိုက်တယ် ပိုနေလိုတောင် လည်ပင်းတွေဘာတွေ လိမ်းလိုက်သေးတယ်ဗျ။

“လာ မောင်တာတေ ဒီနားလာနေ”

ကျုပ်လိမ်းထားတဲ့သနပ်ခါးက ခပ်ကျဲကျဲဆိုတော့

ခဏဆို ခြောက်သွားတာပေါ့ဗျာ။သနပ်ခါးခြောက်ရင်တင်းတာပေါ့ဗျာ။အဲဒီတင်းထားတာကိုပဲ ဒီစုန်းထီးကမခံနိင်တာဗျို့။

“ဟာ ဟာ ခင်ဗျား တော်တော်ယုတ်မာတာပဲ

ကျုပ်ကို လိမ်းတဲ့ သနပ်ခါးက ဘာသနပ်ခါးတုံး”

“အဲဒါ သနပ်ခါးရိုးရိုး မဟုတ်ဘူးကွ ကဝေထောင်ချောက်လို့ခေါ်တယ်။မင်းတို့လို ကာမေသုမိစ္ဆာကံ အမြဲကျုးလွန်နေတဲ့ စုန်းထီးတွေကို ဖမ်းတဲ့ ထောက်ချောက်ပဲကွ မြနွယ်ရ မင်း မြခင်ရဲ့ကိုယ်ထဲကနေ ပြန်ထွက်လို့မရတော့ဘူးငါပြောတာက စုန်းပညာသယ် ဘဝနဲ့တော့ ပြန်ထွက်လို့
မရတော့ဘူး ဒီတော့ ဒီကလေးမအပေါ်မှာ ပြုစားထားတာတွေ ဖယ်လိုက် ပြီးရင် မင်းပညာတွေ အကုန်စွန့်ခဲ့ပညာသယ် မဟုတ်တော့မှ မင်းကိုယ်ထဲကနေထွက်လို့ရတော့မှာ မြနွယ်”

“မင်း တော်တော်ရိုင်းတဲ့ကောင်ပဲ ဆရာစုတ်ရဲ့ ဟေ့ကောင်ငါ ငါ့ အသက်ရှုကျပ်လာပြီနော် ဟေ့ကောင် ငါပူတယ်”

“မင်းလုပ်ထားတာ မင်းပြန်နှုတ်လေ မြနွယ်”

“မနှုတ်ဘူးကွာ မနှုတ်ဘူး”

“မောင်တာတေ ကျုပ်က တယ်ပြီးစိတ်မရှည်ဘူးကွဲ့ရော့ ဟောဒီဖိုခနောက်ပေါ်မှာ ဒါကိုတင် ဒီရေထည့်ဒီထင်းနဲ့မီးမွှေးစမ်းကွယ့် ဟောဒါက တံစူးဝါးသုံးချောင်းနဲ့ လုပ်ထားတဲ့ဖိုခနောင်ကွဲ့။ဒါကိုထိပ်ဖွင့်ထားတဲ့လူခေါင်းခွံ ဟောဒီထင်းချောင်းက ခေါင်းက သစ်သားလေးတွေ ဒီရေက ရေလုံအိုးထဲကရေ။ဒီခေါင်းခွံထဲရေထည့်ပြီး ကျိုစမ်းကွယ့် မြန်မြန်”

ကျုပ်က မြန်ပြီးသားပါဗျာ။အိမ်သားတွေဆီက သံပြားတစ်ချပ်တောင်းပြီး ခံလိုက်တယ် တံစူးဝါးသုံးချောင်းကိုဖောက်ထားတဲ့ အပေါက်ကလေးတွေမှာ အသင့်ပါလာတဲ့သံချောင်းလေးတွေကိုထိုးပြီး ဖိုခနောင်ကလေး လုပ်လိုက်တယ်။ခေါင်းပျဉ်ထင်းချောင်းလေးတွေကို ချက်ချင်းမီးမွှေးပြီး လူခေါင်းခွံကိုမီးဖိုပေါ်တင်တယ်။ရေလုံအိုးထဲ
ကရေကို ခေါင်းခွံထဲထည့်ပြီး ရေနွေကျိုလိုက်တယ်

ခဏကြာတော့ ရေဆူလာပြီ။

“ဆူပြီ ဆရာကြီး”

“အေး ဆူရင် ဒီအင်းကို ထည့်လိုက် ဒါသိမ်ဝင်အင်းကွဲ့အားကြီးစွမ်းတယ်။ဒီကောင်က ကဝေထောင်ချောက်သနပ်ခါးကို ခံနိုင်ရည်ရှိနေတယ်ကွ”

ကျုပ်က သိမ်ဝင်အင်းကို လူခေါင်းခွံရေနွေးအိုးထဲထည့်လိုက်တယ်။

“အောင်မလေးဗျ ပူလှချည်ရဲ့ဗျ။အောင်မလေး

သေပါတော့မယ်ဗျ”

မမြခင် ကြမ်းပြင်မှာ လူးပြီး အော်နေတာဗျာ။ဒါပေမယ့်အသံက ယောင်္ကျားသံကြီးဗျ။

“အောင်မလေး ဆရာရဲ့ ကျုပ်ပညာကို ကျုပ်ပြန်နှုတ်ပါ့မယ်ဗျာ”

“ဟေ့ကောင်စုန်းထီး နှုတ်မှာဆိုရင် အခုနှုတ် ငါကစိတ်သိပ်ရှည်တဲ့လူ မဟုတ်ဘူး မောင်တာတေထင်းတစ်ချောင်း ထပ်ထိုးစမ်းကွယ့်”

“အောင်မယ်လေး မလုပ်ပါနဲ့ဗျ နှုတ်ပါပြီဗျ နှုတ်ပါပြီ”

မမြခင်က လူးလှိမ့်နေရာကထပြီး သူ့လက်နဲ့သူတစ်ကိုယ်လုံးကို သပ်ချတယ်ဗျ

“ဘာမှမချန်ထားနဲ့ အကုန်သပ်ချလိုက်”

ဆရာအိုက ခပ်ပြတ်ပြတ်အသံနဲ့ အမိန်ပေးတာဗျ။

“မရှိတော့ပါဘူး ဆရာရယ် အားလုံးဖယ်ပြီးပါပြီဗျာကျုပ်ကိုသွားခွင့်ပြုပါတော့ဗျာ ကျုပ် ပူလွန်းလို့သေတော့မယ်ဗျ ဆရာရဲ့”

“ဟေ့ကောင် ငါ့ပြောပြီးသား ပညာသယ်ဘဝနဲ့

ထွက်လို့မရတော့ဘူးကွ မင်းပညာ စွန့်တော့ပေါ့

ဗန်းတစ်ချပ်ယူခဲ့ကြ မြန်မြန်”

မမြခင်ရဲ့အမေကြီးက လင်ဗန်းကြီးတစ်ချပ် ပြေးယူပြီး

ပေးတယ်ဗျ။

“ဟေ့ကောင် ကြာရင် မင်းအသက်ပါ သေသွားတော့မယ်သိမ်ဝင်အင်းကို ခေါင်းခွံနဲ့ပြုတ်ရင် ဘယ်စုန်းမှ မခံနိုင်ဘူးကွ မင်းသိလား မင်းပညာတွေ မြန်မြန် မင်းစွန့်ရင်မင်းသေသွားလိမ့်မယ် ”

“ရက်စက်လိုက်တာ ဆရာရယ် ကျုပ်မှာ ဒီပညာတွေတတ်ဖို့ ဟိုအဝေးကြီးက ယောနယ်ဘက်ကိုသွားပြီးသင်ခဲ့ရတာဗျ စုန်းမကြီးကိုခြေဆုပ်လက်နှယ်ပြုခဲ့ရတာ”

“သြော် ဖြစ်မှဖြစ်ရလေ မြနွယ်ရယ် အပါယ်သွားဖို့ကိစ္စကိုဒီလောက်တောင် ခက်ခက်ခဲခဲ လုပ်ခဲ့ရတာလားကိုးဟေ့ ကြာတယ် မြန်မြန်စွန့်တော့”

“ဝေါ့ ဝေါ့ ဝေါ့”

ဟော…အန်ပြီဗျို့ အန့်ပြီ စုန်းထီးကြီး အန် ပြီ ဟာ

လင်ဗန်းထဲမှာဝင်းဝင်းလက်လက် စိမ်းစိမ်းအရည်တွေဗျဟာ အဲဒီထဲမှာ ပုလင်လေးသေးသေး တစ်လုံးဗျ။

အရောင်တွေ လက်နေတယ်။

“ဝုန်း”

“ဟဲ့ မြခင် မြခင် သတိထား သတိထား”

“မောင်တာတေ ခြေမန်းကွင်း ချွတ်လိုက် ပြီးရင်း

ဒီရေနဲ့ မျက်နှာက သနပ်ခါးတွေ ဖျက်ပေးလိုက်”

ဆရာအို ခိုင်းတဲ့အတိုင်း ကျုပ်က မမြခင်မျက်နှာကိုရေနဲ့တောက်ပြီး အဝတ်နဲ့ ပွတ်ပေးလိုက်တယ်။

ကျုပ်လိမ်းထားတဲ့ သနပ်ခါးလည်း ပြောင်သွားရောမမြခင် သတိရလာတယ်။အကောင်းပဲဗျ။

သူ ဘာမှ မသိဘူးဗျို့။

ဆရာအိုက မီးညှပ်တစ်ချောင်းတောင်းပြီး

စုန်းထီးရဲ့အန့်ဖတ်ထဲက ဝင်းဝင်းလက်လက်

ပုလင်းလေးကို ညှပ်ယူလိုက်တယ်။အဲဒါလေးကို

စက္ကူနဲ့ သေသေချာချာထုပ်ပြီး သိမ်းလိုက်တယ်။

ကျန်တာတွေကိုတော့ အိမ်သားတွေကို

မြေကျင်းနက်နက်တူးပြီး မြှုပ်ခိုင်းလိုက်တယ်။

လူတွေကို ဒုက္ခပေးမယ့် စုန်းတစ်ယောက်တော့

လျော့သွားတာပေါ့ဗျာ ဆရာအိုကို ဘန့်ဘွေးကုန်းပို့ပြီး

ထနောင်းကုန်းကို ကျုပ် ပြန်လာခဲ့တယ် ။

အိမ်ရောက်တော့ နွားရိုင်းသွင်းချိန် ရှိပြီဗျ။

ပြီပါပြီ။