သူခိုးကြီးငတက်ပြား

နေလျက် `ဟေ့ ကုန်းပေါ်က ဘယ်သူလဲ´ဟုမေးရာ၊ `ငါ ညဉ့်လူဟေ့´ဟု သတိုးမင်းဖျားက ပြန်ပြော၏။

ကုန်းသို့တက်မိလျှင် သတိုးမင်းဖျားက `ဆရာကြီးနှင့် အတူလိုက်လိုပါ၍ စောင့်နေပါသည်´ဟု ဆိုသောအခါ ငတက်ပြားလည်း အလွန်သဘောကျကာ နှစ်ယောက်လုံး မြို့တွင်းသို့ဝင်လျက် မှူးတော်၊ မတ်တော်များ၏ အိမ်သို့ဝင်၍ ပုတီး၊ နားတောင်း၊ လက်စွပ် စသည်များကို ခိုးယူပြီးလျှင် မြို့ပြင်မီးသွေးတိုက်သို့ ပြန်ခဲ့ကြသည်။

ထိုအခါ ငတက်ပြားလည်း အရက်သောက်လိုသည် ဖြစ်၍ သတိုးမင်းဖျားက အလွန်မူးယစ်အောင်တိုက်သဖြင့် လဲသောအခါမှ ခြေကျဉ်းခတ်၍ မီးသွေးတိုက်၌ သော့ခတ်ကာ ထားခဲ့၏။

နံနက်တွင် မှူးမတ်တို့ ပစ္စည်းပျောက်သည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ကြကုန်၏။

သတိုးမင်းဖျားလည်း မှူးမတ်တို့၏ လက်စွပ်စသည်တို့ကို ဝတ်၍ ညီလာခံဝင်လေသည်။ မှူးမတ်တို့လည်း မိမိတို့လက်စွပ်ဟု သိသော်လည်း ဘုရင်ဖြစ်၍ မရိုးမစွပ်ဝံ့၊ တူသည်ဟူ၍သာ လျှောက်ကြကုန်၏။

သတိုးမင်းဖျားက `နင်တို့ သူခိုးငတက်ပြားကို ရအောင်မဖမ်းနိုင်၊ ညဉ့်က ငါဖမ်းမိပြီ၊ မီးသွေးတိုက်တွင် ယူချေ´ဟု စေလိုက်သည်။

ရှေ့တော်သို့ ငတက်ပြားရောက်သော် မင်းကြီးလည်း `နင့်ကို ငါမိပြီ၊ ရဲတင်း၊ ပုဆိန်၊ ဓားလှံ၊ တံကျင် စသည်တို့တွင် အဘယ်ကို အလိုရှိသနည်း´ဟု မေးတော်မူ၏။

ငတက်ပြားလည်း `အရှင်မင်းကြီး ကျွန်ုပ်ကို မိပြီဖြစ်သည်။ အလိုရှိသလို သတ်တော်မူတော့၊ အကျွန်ုပ် အလိုကို လျှောက်ရမည်ဆိုသော် မင်းကြီး မိဖုရား စောဥမ္မာကို အလိုရှိ၏´ဟု ရဲဝံ့ရွှင်ကြည်စွာ လျှောက်ပေသည်။

သတ္တိရှိသူကို နှစ်သက်သော သတိုးမင်းဖျားသည် အမျက်ရှိတော်မမူဘဲ ငတက်ပြား၏ သတ္တိရှိမှုကို ကြိုက်နှစ်သက်သည်က တစ်ကြောင်း၊ ညဉ့်အခါက တစ်ဦးအသက်ကို တစ်ဦး ကယ်ဆယ်တမ်းဟု ကတိရှိသည်ကတစ်ကြောင်း စသည်တို့ကြောင့် မသတ်ဘဲ ကျွေးမွေးထားလေသည်။

သူခိုးကြီးငတတ်ပြား သေသောအခါ ဆင်းရဲသားများသည် ငတတ်ပြား၏ကျန်ခဲ့သော ပစ္စည်းများကိုစုဆောင်း၍ မရှိခဏဘုရား တည်ထား၍ ငတတ်ပြား ၏ အကုသိုလ်ကံကိုလျော့စေ ၏

ငတတ်ပြား၏ မိန်းမ သည် အမေဂျမ်းဖြစ်သည်