ဆုံးသွားခဲ့သည် ။ အေးနိုင်ထွေးခမျာ သူမမီးဖွားခါနီးအချိန်မှ မိခင်ဖြစ်သူ…ဒေါ်မြင့်ဆုံးပါးသွားတာကြောင့် စိတ်ဓာတ်တွေကြဆင်းလျက် ရှိ့နေသည် ။ဒေါ်မြင့် မသေခင်က သူမလက်ကိုကိုင်၍ တိုးတိုးလေး မှာသွားခဲ့သည်။ သမီး…အမေမရှိ့တော့တဲ့အချိန်မှာအားငယ်မနေပါနဲ့…အမေဘေးမှာရှိ့နေတယ်လို့ ယုံကြည်ပေးထားပါ ။ နေထိုင်မကောင်းဖြစ်တဲ့အခါ အန္တာရယ်တစ်ခုခုနဲ့ကြုံတဲ့အခါမျိုးတွေဆို အမေ့ကိုတလိုက် သမီး ။ အမေလာစောင့်ရှောက်မယ် သိလား “ုထိုသို့ကားများကို မသေခင် နေ့စဉ်မှာပြီး ဒေါ်မြင့်ဆုံးသွားခဲ့ရသည် ။ တော်ရုံ.အပျိုဗိုက်ဆို.လက်သည် ဒေါ်အေးကြည် မီးဖွားပေးပါက ကြာလှနာရီဝက်ဖြစ်၏။အခု တစ်နာရီကျော် နှစ်နာရီခန့်ရှိ့ပြီ ။ ဒီအချိန်မှာပဲ မီးနေခန်းထဲမှ လက်သည် ဒေါ်အေးကြည် ချွေးသံချွဲချွဲနှင့် မျက်စေ့မျက်နှာပျက်နှင့် ...

တွေဝတ်တာစားတာ မြင်ရင်သူလည်းဝတ်ချင်စားချင်လာ တယ်. အလှအပပစ္စည်းတွေသူများဝယ်တာ တွေ့ရင်သူလည်းဝယ်ချင်လာတယ်။ ဒါပေမယ့်သူ့မှာ ဒီပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံမရှိဘူး။ အဲဒီတော့အိမ်ကမိဘနှစ်ပါးကို ပူဆာတယ်၊ဒါပေမယ့် စားဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ သူ့မိဘတွေကလည်း မအေးကိုဆိုကြတယ်ဆူကြတယ်။ ဒါနဲ့မအေးလည်း မိဘတွေကို စိတ်ဆိုးပြီးစကားလုံးဝမပြောတော့ဘူး သူလုပ်ချင်ရာကိုတဇွတ်ထိုးလုပ်တတ် လာတယ်၊ဘယ်သူ့ကိုမှမတိုင်ပင်ဘူး။ ဘယ်သူဆုံးမတာကိုလည်းလက်မခံဘူး ဝတ်ချင်စားချင်တဲ့စိတ်ကြောင့် ဘာကိုမှစဉ်းစားမနေပဲ မဟုတ်တာတွေ သူလုပ်လာတယ်။ ယောက်ျားလေးတွေနဲ့ရှုပ်ပြီး ယောက်ျားလေးတွေဆီကနေ သူလိုချင်တာကိုရအောင်ပူဆာတတ်လာတယ်။ ယောက်ျားတွေကလည်း မအေးလိုချင်တာကိုဝယ်ပေးကြတယ်။ အဲလိုသူလိုချင်သမျှဝယ်ပေးနေတဲ့ ယောက်ျားတွေမှာအကြံတွေရှိမှန်း သူမသိခဲ့ဘူး။ မအေးလည်းသူစားချင်တာ သူဝတ်ချင်တာဝတ်နေရတော့ ဒါတွေနားမလည်ခဲ့ဘူး။ တစ်နေ့တော့ သူနဲ့ပတ်သက်နေတဲ့ ယောက်ျားတစ်ယောက်ဟာ မအေးရဲ့ အပျိုစင်ဘဝကိုရအောင်ယူလိုက်တယ်။ ...

ကြောင်အမ်းအမ်း ဖြစ်နေကြ၏။ မြွေဟောက်ကြီးသည် မနှဲမိ၏ မျက်လုံးကို ညှို့ယူနေသကဲ့သို့ စိုက်တတ်မတ်တတ်ကြီး ကြည့်နေသည်။ တစ်စုံတရာကို ဆက်သွယ် အသိပေးနေသလိုပင်။ သို့သော် ဘာမှ မကြာလိုက်သလို အချိန်တခဏအတွင်း မြွေဟောက်ကြီးသည် ပါးပြင်းကို ရုတ်၍ လျင်မြန်စွာ နတ်စင်လျှောက်လမ်းမှတဆင့် အိမ်အပြင်သို့ လျှောကနဲ ထွက်ခွာ ပျောက်ကွယ်သွားလေ၏။ ထိုအခါ မနှဲမိ တစ်ယောက်သည် ဘယ်လိုဖြစ်မှန်းမသိ။ ခန္ဓာကိုယ်မှ အားအင်များအား တစ်စုံတစ်ယောက်သောသူက စုပ်ယူဝါးမြိုသွားလိုက်သလို နှုန်းချိပျော့ခွေ လဲကျသွားလေတော့သည်။ နတ်မေးလာသူ မိန်းမတိုသည် မနှဲမိကို ကူရန် လာ၍ ထူမကြသည်။ ...

ပက်လိုက်မယ်ကွာ သရဲအထီးဆိုငါတို့ဘီယာဝိုင်း လေးပိုစိုပြည်သွားတာပေါ့ကွာ ဟားးးဟားးဟားးး”” စည်သူနှင့်နေထူးမှာ••• ပြောဆိုမရတာမို့မင်းလတ်••မှာဘာမှဆက်မပြောဖြစ်တော့။ တဖြည်းဖြည်းနှင့်•••ပင်းချားရွာထဲရောက်လာလေ၍ တံတားဆိုင်းဘုတ်ပင်လှမ်းမြင်နေရပြီဖြစ်သည်။ ညဖြစ်သော်လည်းလကအစွမ်းကုန်သာတာမို့ မြင်ရခြင်းဖြစ်သည်။ ညဆယ့်နှစ်နာရီဆိုတာအကာလအချိန်မို့•• ပုစဉ်းသံတစ်ချက်ချက်ကြားရတာကလွှဲလျှင် တိတ်ဆိတ်နေသောအချိန်ဖြစ်သည်။ တံတားအလယ်နားတွင် ဆိုင်ကယ်ကိုရက်လိုက်ကာ••• မင်းလတ်ကလက်ထဲမှဘီယာဘူးကို ကမ်းပေးလိုက်ကာ••• နေထူးဆီမှဂီတာလှမ်းယူကာ တံတားဘောင်ပေါ်တွင်ထိုင်၍ ဂီတာကြိုးညှိလိုက်သည်။ “”ဟားးးကောင်းလိုက်တဲ့လေညင်းလေး••• မင်းလတ်မင်းကလည်းဂီတာကြီးယူပြီးတီးမှာဖြင့် တီးလေကွာ ရော့တစ်ဘူးဆွဲလိုက်””” “”တော်ပြီကွာ””” မင်းလတ်ကနေထူးလှမ်းပေးသောဘီယာဘူးအား ငြင်းလိုက်ကာသီချင်းတစ်ပုဒ်ကိုအစပျိုးလိုက်သည်။ နေထူးနှင့်ငစည်ကဘီယာတစ်ဘူးစီနှင့် အလုပ်ဖြစ်နေကြလေသည်။ မင်းလတ်မျက်လုံးများမှိတ်ကာ သံစဉ်နှင့်စီးမျောနေရင်းအာရုံက တစ်စုံတစ်ရာအားဆွဲဆောင်နေသည်မို့ မျက်လုံးအတင်းဖွင့်လိုက်မိသည်။ မင်းလတ်ထိုင်နေသောတံတားလက်ရန်းနှင့်မျက်နှာ ချင်းဆိုင်တစ်ဖက်လက်ရန်းပေါ်တွင် ဆံပင်ရှည်တလွင့်လွင့်နှင့်မိန်းမတစ်ယောက်။ “”ဟာ••ငစည်••လုပ်ဦးဟ••• ဟိုမှာမိန်းမတစ်ယောက် တံတားအောက်ခုန်ချတော့မယ်””” “”အေးကွ””” ...

သဲကြီးမဲကြီးဖတ်နေချိန်ဖြစ်၏။ “မောင်ကျိုင်း. . ရှိလားဟေ့” “ရှိတယ်” “ရှိရင် တံခါးခဏဖွင့်ပါကွယ်” ကျွန်ုပ်စာအုပ်ကိုချပြီး ခြံတံခါးဝမှာ ရပ်လိုက်၏။ တံခါးကို အတွင်း မှ တရုတ်နီလုပ် အာမခံသော့နှင့်ခတ်ထား၏။ သံဆန်ခါတံခါးကွက်မှ လှမ်းကြည့်လိုက်သောအခါ ပုံပျက်ပန်းပျက် ရသေ့လိုပုဂ္ဂိုလ်တစ်ဦးကို ဦးစွာမြင်လိုက်ရ၏။ ခေါင်းပေါ်မှာ ခေါက်ရိုးကျိုးနေသည့် ဒေါက်ခြာကို ဆောင်းထား၏။ မျက်လုံးနှစ်လုံးအနက် ဘယ်ဘက်မျက်လုံးက ကျောက်မျက်လုံးဖြစ်နေ၏။ နဖူးအလယ်နှာရောင်အထက်မှာ အခွံမချွတ်ရသေးသော ကွမ်းသီးတစ်လုံး ခန့်မျှ ချိုင့်နက်ကြီးရှိနေ၏။ ဒါ့အပြင် နားရွက်နှစ်ဖက်မှာလည်း ဘယ်ဘက်နားရွက်ပြတ်နေပြီး ညာဘက်နားရွက်က ရှည်လျားစွာ တွဲလောင်းပျော့တွဲ ကျနေ၏။ ကျနေသည့် ...

ထူထူနဲ့သူကပြောရင်းလွယ်အိပ်ထည်းကဓား​တိုလေးကိုထုတ်ပြတယ်ဓားကလည်းသံချေးတေလည်းကိုက်နေသည်ဓားသွားမှာလည်းတစ်ခုခုကိုခုတ်ထားမိသလိုလိပ်နေသည် “ခဗျားတို့ဓားကလိပ်တော့လိပ်နေတယ်ဗျ” “ရတယ် လိပ်နေတဲ့နေရာကိုဒီတိုင်းပဲထားကျန်တဲ့အပိုင်းကိုပဲပြန်ပြင်ပေးပါ” ကိုဖိုးတေကလည်းနားမလည်နိုင်ပေမယ့်ခေါင်းသာညိတ်ပြလိုက်သည် ဓားလာအပ်သူထိုသူနှစ်ဉီးကလည်းကျသင့်ငွေရဲ့တစ်ဝက်ကိုစရံပေးကာ နောက်တစ်ပတ်နေရင်လာယူမည်ဖြစ်ကြောင်းကိုလည်းပြောခဲ့သည် “ဂလုံ….ဂွမ်.” မီးဖိုချောင်မှဆူညံသံများကြားရသဖြင့်ဖိုးတေတစ်ယောက်အိပ်ယာမှနိုးလာခဲ့သည် မိမိ၏အိမ်တွင်မိမိမှအပါးတခြားသူမရှိ အိမ်တွင်မွေးထားသောကြောင်များသာဖြစ်မည်ဟူ၍ပြန်လည်အိပ်စက်ခဲ့သည် “ဝုန်းး….” ခနတာမျှအိပ်ပျော်နေစဉ်နောက်ဖေးထရံမှလဲကျသွားဟန်တူသောအသံကိုကြားရသဖြင့်မနေသာတော့ပဲအိမ်ယာမှထကာထိုနေရာသို့လျှောက်လာခဲ့သည် “အမလေး” ကိုဖိုးတေတစ်ယောက်မြင်လိုက်ရသောမြင်ကွင်းကြောင့်နှလုံးရပ်မတတ်ဖြစ်သွားသည် မြင်လိုက်ရသည်မှာကတော့ မျက်လုံးများကအပြင်ကိုပြူးထွက်နေပီး ဆံပင်များကဖွာလန်ကြဲ၍ နီရဲနေသောသွေးများနှင့်ပြက်လုပြက်ခမန်းဖြစ်နေသောလည်တိုင်ကြီးနှင့်မိန်းမကြီးတစ်ယောက်ကလဲကျနေသောထရံပေါ်တွင်ဆောင့် ကြောင့်ကြီးထိုင်နေသည် ဖိုးတေဆိူကလည်းအသိနှင့်သတိကိုပူးကပ်လိုက်ပြီးထိုနေရာမှချက်ချင်းထကာပြေးတော့သည်နောက်နေ့တွင်တော့ဘုန်းကြီးနှစ်ပါးကိုပင့်ဆောင်ကာပရိတ်များရွတ်ဖတ်၍သရဲနှင်ခဲ့ကြသည် ထိုညတွင်တော့ဘာမှမခြောက်လှန့်တော့သောကြောင့်စိတ်အေးစွာအိပ်စက်ခဲ့သည် သို့ပေမယ့် သုံးရက်မြောက်နေ့တွင်တော့အိပ်စက်နေသောဖိုးတေတစ်ယောက်အိပ်စက်နေရင်းမှမျက်လုံးအစုံတို့ကအလိုလိုပွင့်လာသည် ထိန်းချုပ်ခံရသောသူကဲ့သို့သူ၏ခြေထောက်များကလည်းအနောက်တံခါးဆီသို့ဉီးတည်နေသည် “ဟာခဗျားခဗျားကဘယ်သူလည်း” သူ၏ရှေ့တွင်တော့မဝမပိန်ခန္ဓာကိုယ်နှင့်အမျိုးသားတစ်ယောက် သူ၏မျက်နှာကလည်းဝမ်းနည်းမူများနှင့်ပြည့်နက်နေသည် “ကျုပ်ကဓားကိုစွဲကပ်နေတဲ့သူပါခ​ဗျားကိုဓားလာအပ်တဲ့သူတွေက ကျုပ်ကိုသတ်ပြီးဓားမှာစွဲကပ်အောင်လုပ်ထားတာပါ” “ဒါဆိုသူတို့ကကျုပ်ကိုခြောက်ဖို့ခဗျားကိုခိုင်းလိုက်တာလား” “မဟုတ်ပါဘူးဒိိလိုပါ ကျုပ်ကိုဓားမှာစွဲကပ်နေအောင်လုပ်ထားတာကလည်းအောက်လမ်းအစီအရင်နဲ့လုပ်ထားတာပါအဲ့ဒီအစီအရင်ကလည်းအစီအရင်ပီးတာနဲ့ပန်းပဲဆရာထံမှာ၇ရက်အပ်ရပါတယ်ဒီလိုမအပ်ရင်လည်းအစီအရင်ကမစွမ်းတော့ဘူးလို့ဆိုပါတယ်” ဖိုးတေလည်းသက်ပြင်းတစ်ချက်ကိုချလိုက်တယ် “ဒါဆိုခဗျားကအသုံးချခံဖြစ်ရတော့မာပေါ့ကျုပ်ဘာကူညိပေးရမလည်းကျုပ်ခဗျားကိုကူညီပေးမယ်” “ကျုပ်ကိုတကယ်ကူညီချင်တယ်ဆိုကျုပ်ကို၇ရက်လုံးဒီမှာပေးနေပါကျုပ်မနှောက်ယှက်ပါဘူး၇ရက်ပြည့်လို့သူတို့ပြန်လာယူတဲ့အခါရဲနဲ့ပေါင်းပိီးသူတို့ကိုဖမ်းလိုက်ပါ” “ဒါကသက်သေပြလို့်မရတဲ့ကိစ္စကြီးလေဗျာသက်သေမရှိဘဲဖမ်းရင်အသရေဖျက်မူနဲ့ကျုပ်ကိုဖမ်းမှာပေါ့” “အဲ့အတွက်မပူပါနဲ့ရတွေဖမ်းပီးတဲ့အခါကျရင်ကျုပ်ကရွာသားတစ်​ယောက်ကိုပူးကပ်ပြီးသက်သေတွေရှိတဲ့နေရာကိုပြောပြပ့မယ်ကိစ္စတွေပီးရင်တော့ကျုပ်စွဲကပ်နေရတဲ့ဓားလေးကိုပရိတ်ရေနဲ့စိမ်ပြီးပရိတ်ရွတ်ကာအမျှဝေပေးပါ” ထိုသူပြောတဲ့အတိုင်းဆောင်ရွက်ရာမှာတော့အားလုံးအစီစဉ်ကျကျဖြစ်သွားပါတယ် အစကတော့ထိုလူတွေကငြင်းရင်းဖိုးတေကိုပါတရားစွဲမယ်လုပ်နေပါတယ်သရဲကလည်းရွာသားကိုပူးကပ်ပီးသက်သေတွေရှိတဲ့နေရာကိုပြလိုက်တော့မှရဲကယုံသွားပြီးထိုသူနှစ်ဉီးကိုဖမ်းလိုက်ပါတယ် ...

လက်ထပ်မှာပါ၊ အချိန် နည်းနည်းလေး ထပ်စောင့်ရုံပါ ” ” ကျွန်မ ဒီထက်ပိုပြီး မစောင့်နိုင်တော့ဘူး၊ ကျွန်မမှာ ရှင့်ကိုယ်ပွားရှိနေပြီ ” ” ဘာ ” လှစန္ဒာရဲ့ စကားကြောင့် ဦးစံဘော် ထိုင်နေရာမှ ထရပ် လိုက်သည်။ ” လှစန္ဒာ၊ မင်း ဘာပြောလိုက်တယ် ” ” ဟုတ်တယ်၊ ကျွန်မမှာ ရှင်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ၊ ၄ပတ်ရှိပြီ၊ ရှင့်ကို …..” ” တော်တော့ လှစန္ဒာ၊ မင်း ဆက်မပြောနဲ့တော့ ” ...

အကွင်းလိုက် မီးကျွမ်းတဲ့နေရာတွေ့ရတယ်။ တစ်ချို့ပစွည်းတွေကိုတော့ ပြာကျတဲ့အထိ လောင်သွားတယ် ။ ဒီထူးဆန်းတဲ့ဖြစ်ရပ်က…တစ်ယောက်စကား တစ်ယောက်ကြားဖြင့်ဒေါ်တင်ရီအိမ်တွင် လူများတရုတ်ရုတ်ဖြစ်လာကာ ကိုယ်ထင်ရာကို တစ်ယောက်တစ်ပေါက် ဝေဖန်ပြောဆိုကြရင်း တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်ကာလ၌ ဆူညံပွက်လော ရိုက်သွားတော့သည် ။ ဒါ…… လူကြီးတွေ ပြောနေတဲ့ လောင်မီးကြတယ်ဆိုတာများလား ။ ပုဏ္ဏက တိုက်တာလဲ ဖြစ် နိုင်တာပဲ ” ” ဘုရား…… ဘုရား… ဘာကြောင့်များမီးလောင်နေပါလိမ့် ငါတို့အိမ်သား…တစ်ယောက်ယောက်ကများ မမြင်အပ်တဲ့ ပုဂ္ဂိုတွေ မကြိုက်တဲ့ အမှားတစ်ခုခုများ လုပ်မိခဲ့လို့လား။ဒေါ်မြရီနဲ့သူ့ခင်ပွန်းဦးဝင်းအောင်တို့ဘယ်လိုမှ မစဉ်းစားတတ်ချေ။ မျက် စိအောက်မှာပင် ...

သုံးနာရီလောက် လမ်းလျှောက်တာနဲ့ ရောက်သွားလိမ့်မယ်” “ဟာ သုံးနာရီလောက်ပဲ လျှောက်ရမယ်ဆိုတော့ ညခြောက်နာရီကျော်ကျော်ဆိုရောက်မှာပေါ့၊ သွား မယ်ဗျာ ဘယ်ကသွားရမှာလဲ” “ဟိုရှေ့မှာ ကားလမ်းဘေးက ပျဉ်းမပင်ကြီးကို တွေ့လား” “တွေ့တယ်” “အဲဒီနေရာရောက်ရင် တောင်ကုန်းပေါ်တက် တဲ့ လမ်းလေးတွေ့လိမ့်မယ်။ အဲဒီလမ်းကသွား၊ တောင်ကုန်းက မြင်တဲ့အတိုင်းပဲ သစ်ပင်ရှိတာ မဟုတ်ဘူး၊ တောင်ကုန်းဟိုဘက်ဆင်းတာနဲ့ လမ်းဖြူးနေတာပဲ” “ဒီအနီးအနားကလူတွေ မြို့ကိုသွားတဲ့ဖြတ်လမ်း ပဲ၊ အဲဒီလမ်းအတိုင်းသာသွား…မကြာခင်ရောက် လိမ့်မယ်” “ကျေးဇူးပဲဗျာ…သွားပြီ” ကိုတင်ဝင်းလည်း ထိုဆိုင်မှ ကားလမ်းပေါ်ဆက် လျှောက်ခဲ့သည်။ ရှေ့နားရောက်တော့ ပျဉ်းမပင် အိုကြီးကို တွေ့ရသည်။ ...

ကျုပ်သမီးအကြီးမလေးအိပ်နေတာ။ သူက အဲဒီတုန်းက တစ်နှစ်တောင်မပြည့်သေးဘူးပေါ့။ ကျုပ်လဲ ကလေးပုခက်ထိုင်လွှဲနေရင်းနဲ့ ဆေးပေါ့လိပ်ကလေးဖွာနေမိတယ်၊ အဲဒီတုန်းက ဆင်းရဲတာမို့လို့ ဆေးပေါ့လိပ်တောင်မှ နေ့လည်ကသောက်ပြီးမီးသတ်ထားတဲ့ ဆေးလိပ်အတိုကလေးဖွာနေတာဗျ၊ ဒီအချိန်မှာပဲ ကျုပ်မိန်းမပြန်လာတယ်၊ အိမ်ထဲမှာတော့ အတော်မှောင်နေပြီဗျ။ “မထွေးပြန်လာပြီလား” ကျုပ်မိန်းမအနောက်မှာ ယောက်ျားတစ်ယောက်ပါလာတယ်၊ သေချာကြည့်တော့မှ ဘကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။ “ဪ၊ ဘကြီးမြင့်လဲပါတာကိုး” သူတို့နှစ်ယောက်က အိမ်ပေါ်မတက်သေးဘဲ လှေကားနားမှာ ယောင်ပေပေလုပ်နေတယ်။ “ဟဲ့ မိန်းမ၊ မင်းတို့တစ်တွေအိမ်ပေါ်တက်ခဲ့ကြလေ” သူတို့အိမ်ပေါ်တက်လာတော့ ကလေးကလဲ လန့်ပြီးငိုတော့တာပဲဗျာ၊ ကျုပ်လဲကလေးကို ပြေးပြီးတော့ ပုခက်လွှဲပြီးချော့လိုက်ရတယ်။ သူတို့က အိမ်ရှေ့ခန်းမှာထိုင်လိုက်ကြတယ်၊ ကျုပ်တို့အိမ်မှာ ပရိဘောဂမရှိဘူးဆိုတော့ ...