ထူထူနဲ့သူကပြောရင်းလွယ်အိပ်ထည်းကဓား​တိုလေးကိုထုတ်ပြတယ်ဓားကလည်းသံချေးတေလည်းကိုက်နေသည်ဓားသွားမှာလည်းတစ်ခုခုကိုခုတ်ထားမိသလိုလိပ်နေသည် “ခဗျားတို့ဓားကလိပ်တော့လိပ်နေတယ်ဗျ” “ရတယ် လိပ်နေတဲ့နေရာကိုဒီတိုင်းပဲထားကျန်တဲ့အပိုင်းကိုပဲပြန်ပြင်ပေးပါ” ကိုဖိုးတေကလည်းနားမလည်နိုင်ပေမယ့်ခေါင်းသာညိတ်ပြလိုက်သည် ဓားလာအပ်သူထိုသူနှစ်ဉီးကလည်းကျသင့်ငွေရဲ့တစ်ဝက်ကိုစရံပေးကာ နောက်တစ်ပတ်နေရင်လာယူမည်ဖြစ်ကြောင်းကိုလည်းပြောခဲ့သည် “ဂလုံ….ဂွမ်.” မီးဖိုချောင်မှဆူညံသံများကြားရသဖြင့်ဖိုးတေတစ်ယောက်အိပ်ယာမှနိုးလာခဲ့သည် မိမိ၏အိမ်တွင်မိမိမှအပါးတခြားသူမရှိ အိမ်တွင်မွေးထားသောကြောင်များသာဖြစ်မည်ဟူ၍ပြန်လည်အိပ်စက်ခဲ့သည် “ဝုန်းး….” ခနတာမျှအိပ်ပျော်နေစဉ်နောက်ဖေးထရံမှလဲကျသွားဟန်တူသောအသံကိုကြားရသဖြင့်မနေသာတော့ပဲအိမ်ယာမှထကာထိုနေရာသို့လျှောက်လာခဲ့သည် “အမလေး” ကိုဖိုးတေတစ်ယောက်မြင်လိုက်ရသောမြင်ကွင်းကြောင့်နှလုံးရပ်မတတ်ဖြစ်သွားသည် မြင်လိုက်ရသည်မှာကတော့ မျက်လုံးများကအပြင်ကိုပြူးထွက်နေပီး ဆံပင်များကဖွာလန်ကြဲ၍ နီရဲနေသောသွေးများနှင့်ပြက်လုပြက်ခမန်းဖြစ်နေသောလည်တိုင်ကြီးနှင့်မိန်းမကြီးတစ်ယောက်ကလဲကျနေသောထရံပေါ်တွင်ဆောင့် ကြောင့်ကြီးထိုင်နေသည် ဖိုးတေဆိူကလည်းအသိနှင့်သတိကိုပူးကပ်လိုက်ပြီးထိုနေရာမှချက်ချင်းထကာပြေးတော့သည်နောက်နေ့တွင်တော့ဘုန်းကြီးနှစ်ပါးကိုပင့်ဆောင်ကာပရိတ်များရွတ်ဖတ်၍သရဲနှင်ခဲ့ကြသည် ထိုညတွင်တော့ဘာမှမခြောက်လှန့်တော့သောကြောင့်စိတ်အေးစွာအိပ်စက်ခဲ့သည် သို့ပေမယ့် သုံးရက်မြောက်နေ့တွင်တော့အိပ်စက်နေသောဖိုးတေတစ်ယောက်အိပ်စက်နေရင်းမှမျက်လုံးအစုံတို့ကအလိုလိုပွင့်လာသည် ထိန်းချုပ်ခံရသောသူကဲ့သို့သူ၏ခြေထောက်များကလည်းအနောက်တံခါးဆီသို့ဉီးတည်နေသည် “ဟာခဗျားခဗျားကဘယ်သူလည်း” သူ၏ရှေ့တွင်တော့မဝမပိန်ခန္ဓာကိုယ်နှင့်အမျိုးသားတစ်ယောက် သူ၏မျက်နှာကလည်းဝမ်းနည်းမူများနှင့်ပြည့်နက်နေသည် “ကျုပ်ကဓားကိုစွဲကပ်နေတဲ့သူပါခ​ဗျားကိုဓားလာအပ်တဲ့သူတွေက ကျုပ်ကိုသတ်ပြီးဓားမှာစွဲကပ်အောင်လုပ်ထားတာပါ” “ဒါဆိုသူတို့ကကျုပ်ကိုခြောက်ဖို့ခဗျားကိုခိုင်းလိုက်တာလား” “မဟုတ်ပါဘူးဒိိလိုပါ ကျုပ်ကိုဓားမှာစွဲကပ်နေအောင်လုပ်ထားတာကလည်းအောက်လမ်းအစီအရင်နဲ့လုပ်ထားတာပါအဲ့ဒီအစီအရင်ကလည်းအစီအရင်ပီးတာနဲ့ပန်းပဲဆရာထံမှာ၇ရက်အပ်ရပါတယ်ဒီလိုမအပ်ရင်လည်းအစီအရင်ကမစွမ်းတော့ဘူးလို့ဆိုပါတယ်” ဖိုးတေလည်းသက်ပြင်းတစ်ချက်ကိုချလိုက်တယ် “ဒါဆိုခဗျားကအသုံးချခံဖြစ်ရတော့မာပေါ့ကျုပ်ဘာကူညိပေးရမလည်းကျုပ်ခဗျားကိုကူညီပေးမယ်” “ကျုပ်ကိုတကယ်ကူညီချင်တယ်ဆိုကျုပ်ကို၇ရက်လုံးဒီမှာပေးနေပါကျုပ်မနှောက်ယှက်ပါဘူး၇ရက်ပြည့်လို့သူတို့ပြန်လာယူတဲ့အခါရဲနဲ့ပေါင်းပိီးသူတို့ကိုဖမ်းလိုက်ပါ” “ဒါကသက်သေပြလို့်မရတဲ့ကိစ္စကြီးလေဗျာသက်သေမရှိဘဲဖမ်းရင်အသရေဖျက်မူနဲ့ကျုပ်ကိုဖမ်းမှာပေါ့” “အဲ့အတွက်မပူပါနဲ့ရတွေဖမ်းပီးတဲ့အခါကျရင်ကျုပ်ကရွာသားတစ်​ယောက်ကိုပူးကပ်ပြီးသက်သေတွေရှိတဲ့နေရာကိုပြောပြပ့မယ်ကိစ္စတွေပီးရင်တော့ကျုပ်စွဲကပ်နေရတဲ့ဓားလေးကိုပရိတ်ရေနဲ့စိမ်ပြီးပရိတ်ရွတ်ကာအမျှဝေပေးပါ” ထိုသူပြောတဲ့အတိုင်းဆောင်ရွက်ရာမှာတော့အားလုံးအစီစဉ်ကျကျဖြစ်သွားပါတယ် အစကတော့ထိုလူတွေကငြင်းရင်းဖိုးတေကိုပါတရားစွဲမယ်လုပ်နေပါတယ်သရဲကလည်းရွာသားကိုပူးကပ်ပီးသက်သေတွေရှိတဲ့နေရာကိုပြလိုက်တော့မှရဲကယုံသွားပြီးထိုသူနှစ်ဉီးကိုဖမ်းလိုက်ပါတယ် ...

လက်ထပ်မှာပါ၊ အချိန် နည်းနည်းလေး ထပ်စောင့်ရုံပါ ” ” ကျွန်မ ဒီထက်ပိုပြီး မစောင့်နိုင်တော့ဘူး၊ ကျွန်မမှာ ရှင့်ကိုယ်ပွားရှိနေပြီ ” ” ဘာ ” လှစန္ဒာရဲ့ စကားကြောင့် ဦးစံဘော် ထိုင်နေရာမှ ထရပ် လိုက်သည်။ ” လှစန္ဒာ၊ မင်း ဘာပြောလိုက်တယ် ” ” ဟုတ်တယ်၊ ကျွန်မမှာ ရှင်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ၊ ၄ပတ်ရှိပြီ၊ ရှင့်ကို …..” ” တော်တော့ လှစန္ဒာ၊ မင်း ဆက်မပြောနဲ့တော့ ” ...

အကွင်းလိုက် မီးကျွမ်းတဲ့နေရာတွေ့ရတယ်။ တစ်ချို့ပစွည်းတွေကိုတော့ ပြာကျတဲ့အထိ လောင်သွားတယ် ။ ဒီထူးဆန်းတဲ့ဖြစ်ရပ်က…တစ်ယောက်စကား တစ်ယောက်ကြားဖြင့်ဒေါ်တင်ရီအိမ်တွင် လူများတရုတ်ရုတ်ဖြစ်လာကာ ကိုယ်ထင်ရာကို တစ်ယောက်တစ်ပေါက် ဝေဖန်ပြောဆိုကြရင်း တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်ကာလ၌ ဆူညံပွက်လော ရိုက်သွားတော့သည် ။ ဒါ…… လူကြီးတွေ ပြောနေတဲ့ လောင်မီးကြတယ်ဆိုတာများလား ။ ပုဏ္ဏက တိုက်တာလဲ ဖြစ် နိုင်တာပဲ ” ” ဘုရား…… ဘုရား… ဘာကြောင့်များမီးလောင်နေပါလိမ့် ငါတို့အိမ်သား…တစ်ယောက်ယောက်ကများ မမြင်အပ်တဲ့ ပုဂ္ဂိုတွေ မကြိုက်တဲ့ အမှားတစ်ခုခုများ လုပ်မိခဲ့လို့လား။ဒေါ်မြရီနဲ့သူ့ခင်ပွန်းဦးဝင်းအောင်တို့ဘယ်လိုမှ မစဉ်းစားတတ်ချေ။ မျက် စိအောက်မှာပင် ...

သုံးနာရီလောက် လမ်းလျှောက်တာနဲ့ ရောက်သွားလိမ့်မယ်” “ဟာ သုံးနာရီလောက်ပဲ လျှောက်ရမယ်ဆိုတော့ ညခြောက်နာရီကျော်ကျော်ဆိုရောက်မှာပေါ့၊ သွား မယ်ဗျာ ဘယ်ကသွားရမှာလဲ” “ဟိုရှေ့မှာ ကားလမ်းဘေးက ပျဉ်းမပင်ကြီးကို တွေ့လား” “တွေ့တယ်” “အဲဒီနေရာရောက်ရင် တောင်ကုန်းပေါ်တက် တဲ့ လမ်းလေးတွေ့လိမ့်မယ်။ အဲဒီလမ်းကသွား၊ တောင်ကုန်းက မြင်တဲ့အတိုင်းပဲ သစ်ပင်ရှိတာ မဟုတ်ဘူး၊ တောင်ကုန်းဟိုဘက်ဆင်းတာနဲ့ လမ်းဖြူးနေတာပဲ” “ဒီအနီးအနားကလူတွေ မြို့ကိုသွားတဲ့ဖြတ်လမ်း ပဲ၊ အဲဒီလမ်းအတိုင်းသာသွား…မကြာခင်ရောက် လိမ့်မယ်” “ကျေးဇူးပဲဗျာ…သွားပြီ” ကိုတင်ဝင်းလည်း ထိုဆိုင်မှ ကားလမ်းပေါ်ဆက် လျှောက်ခဲ့သည်။ ရှေ့နားရောက်တော့ ပျဉ်းမပင် အိုကြီးကို တွေ့ရသည်။ ...

ကျုပ်သမီးအကြီးမလေးအိပ်နေတာ။ သူက အဲဒီတုန်းက တစ်နှစ်တောင်မပြည့်သေးဘူးပေါ့။ ကျုပ်လဲ ကလေးပုခက်ထိုင်လွှဲနေရင်းနဲ့ ဆေးပေါ့လိပ်ကလေးဖွာနေမိတယ်၊ အဲဒီတုန်းက ဆင်းရဲတာမို့လို့ ဆေးပေါ့လိပ်တောင်မှ နေ့လည်ကသောက်ပြီးမီးသတ်ထားတဲ့ ဆေးလိပ်အတိုကလေးဖွာနေတာဗျ၊ ဒီအချိန်မှာပဲ ကျုပ်မိန်းမပြန်လာတယ်၊ အိမ်ထဲမှာတော့ အတော်မှောင်နေပြီဗျ။ “မထွေးပြန်လာပြီလား” ကျုပ်မိန်းမအနောက်မှာ ယောက်ျားတစ်ယောက်ပါလာတယ်၊ သေချာကြည့်တော့မှ ဘကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။ “ဪ၊ ဘကြီးမြင့်လဲပါတာကိုး” သူတို့နှစ်ယောက်က အိမ်ပေါ်မတက်သေးဘဲ လှေကားနားမှာ ယောင်ပေပေလုပ်နေတယ်။ “ဟဲ့ မိန်းမ၊ မင်းတို့တစ်တွေအိမ်ပေါ်တက်ခဲ့ကြလေ” သူတို့အိမ်ပေါ်တက်လာတော့ ကလေးကလဲ လန့်ပြီးငိုတော့တာပဲဗျာ၊ ကျုပ်လဲကလေးကို ပြေးပြီးတော့ ပုခက်လွှဲပြီးချော့လိုက်ရတယ်။ သူတို့က အိမ်ရှေ့ခန်းမှာထိုင်လိုက်ကြတယ်၊ ကျုပ်တို့အိမ်မှာ ပရိဘောဂမရှိဘူးဆိုတော့ ...

သေသွား ခဲ့တာ။ ကလေးက သုံးနှစ်သား ယောက်ျားလေးကွ။ မိန်းမက ကိုယ်ဝန်ဆောင်သည်။ ဗိုက်ထဲမှာ ကလေးက သုံးလသားလောက်ရှိပြီ ” “ ဟာ….ကျွတ်……ကျွတ်…..။ သနားစရာဗျာ။ ဘယ်နေ့ကဖြစ်တာလဲ ” “ မနေ့မနက်ကမှဖြစ်တာ။ ဒီနေ့ညမှ ရင်ခွဲဖြစ်တယ် ” “ မင်းက မကြောက်တတ်တော့ ထူးဆန်းတာ ပြောပြမယ်ကွ ” “ လုပ်စမ်းပါဦး အစ်ကိုရာ ” “ ကားက အဲဒီအမျိုးသမီးကိုတိုက်ပြီး ဗိုက်ကို တက်ကြိတ်တယ်ထင်တယ်။ ဗိုက်ကပွင့်ပြီး သားအိမ်ထဲက ကလေးပါ အပြင်ထွက်သွားတယ်။ ...

အားပါးတရရယ်မောပြီး ခွေးတွေကိုပြန်ခေါ်ကာ သံကြိုးဖြင့်ပြန်ချည်ထားလိုက်သည်။ နောက်တစ်ရက်တွင်လည်း ၎င်းတို့အဖွဲ့ သည် ဦးမင်းလွင်တို့၏အိမ်ရှေ့သို့လာရောက်ပြီးအလှူခံပြန်လေရာ သောင်းလှိုင်ကလည်း ခွေးဖြင့်ရှူးတိုက်ပြန်သည်မို့ထွက်ပြေးကြရပြန်သည်။ သောင်းလှိုင်လည်း’ တဟားဟား’အော်ရီရင်းကျန်ခဲ့သည်။ တစ်နေ့သောမနက်တွင်တော့ ဦးမောင်လွင်တို့မိသားစုသည် မနက်စာစားနေခိုက် “ဆန်လေး လက်တစ်ဆုပ်စာလောက်အလှူခံပါတယ်ကွယ်” အိမ်ရှေ့မှ ရှမ်းသံဝဲဝဲဖြင့် အလှူခံသည့်အသံကိုကြားလိုက်ရသောကြောင့် သုံးယောက်စလုံးလှမ်းကြည့်လိုက် ကြရာ အဖိုးအိုတစ်ဦးကိုတွေ့လိုက်ရသည်။ ထိုအဖိုးအိုသည်လည်း ခေါင်းပေါင်းကိုကျကျနနပေါင်းထားပြီးဟောင်းနွမ်းနေသည့်ရှမ်းတိုင်းရင်းသားဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည်။ ကြည့်ရသည်မှာ ယခုတလောမှရောက်လာသည့် ရှမ်းဝတ်စုံကိုယ်စီဝတ်ထားသော အလှူခံအဖွဲ့နှင့်တစ်ဖွဲ့တည်းဖြစ်လိမ့်မည်။ မည်သို့ပင်ဆိုစေ အလှူခံအဖွဲ့ဆိုလျှင် မျက်စိနောက်တတ်သည့်သောင်းလှိုင်သည် သံကြိုးဖြင့်ချည်ထားသည့်ခွေးတွေကိုလွတ်ကာ ရှူးတိုက်သည်။ “ဟဲ့ ရှူး ရှူး” “ဝုတ်ဝုတ် ” ခွေးတွေလည်း ...

ကော့စိန် ရွာဦး၊ ဗျည်းညားလဗွေ ချောင်းကမ်းပါးထိပ်မှာ ရှိတာကြောင့်.၊ ရွှေချောင်း၊ ငါးအိမ်တန်း၊ အရှေ့ဇင်ပြွန်းကုန်း၊ ကညင် ကွင်း၊ မုတ်ထောနဲ့ သပြေလှရွာတွေကို စီးမြင်နေရတယ်။ နေလုံးကြီးက အလင်းရောင်တွေကို တစ်စစီ၊ တစ်စစီ ဆွဲယူရုပ်သိမ်းသွားချိန်မှာ အမှောင်က တဖြည်းဖြည်းတိုးဝင်နေ တယ်…။ညအမှောင်ထဲမှာ ရွာတွေဆီက တလက်လက်မီးရောင် လေးတွေကို မြင်နေရတယ်။ ချောင်းထဲမှာ ရေစပ်စပ်ရောက်နေလို့ ဖားတွေ ပျော်နေ ကြဟန်တူရဲ့..။ အုံးအင်၊ အုံးအင် သံတွေ၊ တစ်…တစ်..တစ် ဆိုတဲ့ဖားလက်တက်အော်သံတွေ ရောထွေးဆူညံနေတယ်။လေပြည်က လယ်ကွင်းပြင်တွေကိုဖြတ်သန်းပြီ။ မောင်လှတင့်ရင်ခွင်ထဲ တိုးဝှေ့လာတယ်။ မိုးငွေ့ပါတဲ့ ...

ပြေသောကြောင့်ဖခင်ကြီးအိမ်မှာပင်ဆက်နေပြီးလင်မယားနှစ်ယောက်ပုဇွန်စက်ရုံတွင်အလုပ်ဆက်လုပ်ပြီးပိုက်ဆံစုနေကြသည်။ လင်မယားနှစ်ယောက်လုံးအလုပ်ကြိုးစားမူကြောင့် နိူင်ဝင်းတို့လင်မယားကိုပုဇွန်စက်ရုံသူဌေး မှကော့သောင်းတွင်စက်ရုံအသစ်တစ်ခုဖွင့်သည့်အချိန်တွင်လင်မယားနှစ်ယောက်လုံးရာထူးတိုးလစာတိုးပေးပြီးကော့သောင်းစက်ရုံကိုရွေ့ပြောင်းခိုင်းတာကြောင့်နိူင်ဝင်းတို့လင်မယားနှစ်ယောက်မှာ ဦးဖိုးကွန်းကိုအကျိုးအကြောင်းပြောပြပြီးကော့သောင်းစက်ရုံကိုရွေ့ပြောင်းခဲ့ကြပါတော့သည် ။ တစ်ခြားသားသမီးများမှာဦးဖိုးကွန်းနဲ့ဘယ်သူမှ လာနေရန်အဆင်မပြေသောကြောင့်အိမ်ကြီးတွင်ဦးဖိုးကွန်းတစ်ယောက်သာကျန်နေရစ်ခဲ့တော့သည်။ နိူင်ဝင်းတို့လင်မယားမှာကော့သောင်းမြို့တွင် အလုပ်လုပ်ရင်းဇနီးချိုချိုမြင့်မှာသားဦးလေးတစ်ယောက်မွေးတာကြောင့်နိူင်ဝင်းတစ်ယောက်အလုပ်ကိုနဂိုကထက်ပိုပြီးကြိုးစားလုပ်ရင်းရှိနေ၏ ။ ထိုအချိန်မှာပင်.. ၊လူကြုံဖြင့်နိူင်ဝင်းထံသတင်းဆိုးတစ်ခုရောက်လာပါသည်။ ဖခင်ကြီးမှာနေမကောင်းအသည်းအသန်ဖြစ်နေ သောသတင်းပင်ဖြစ်ပါတယ်။ နိူင်ဝင်းလည်းသူတစ်ယောက်တည်း ထားဝယ်ပြန်လာပြီးဖခင်ကြီးအခြေအနေက်ုကြည့်ရာတစ်ယောက်တည်းထား၍မဖြစ်နိူင်တာမို့ တခြားညီအစ်ကိုမောင်နှမများနဲ့တိုင်ပင်ကြည့်ရာ ဘယ်သူမှဖခင်ကြီးအနားမနေနိူင်ဟုဆိုလာကြတာ ကြောင့် စက်ရုံပိုင်ရှင်သူဌေးကိုပြောပြီး ထားဝယ်ပြန်ပြောင်းလာခဲ့ကြ၏ ။ ဇနီးဖြစ်သူမှာခလေးငယ်လေးနဲ့မို့အလုပ်ထွက်ခိုင်းပြီးသူတစ်ယောက်တည်းပုဇွန်စက်ရုံမှာအလုပ်ဆင်းပါတော့တယ် ။ ဦးဖိုးကွန်းဟာတစ်ယောက်တည်းဖြစ်သလိုစားသောက်ပြီးအဟာရချို့တဲ့ကာ အိပ်ယာထဲလဲနေခြင်းပင်။ ပြုစုမယ့်သူရှိပြီးစားကောင်းသောက်ကောင်းစားး ရချိန်မှာတော့ပြန်ပြီးကျန်းမာလာပါတော့သည် ။ ဒီလိုနဲ့နေလာကြရင်းနှစ်နှစ်လောက်ကြာချိန်ရောက် တော့ ပြာသာနာတစ်ခုပေါ်ပေါက်လာ၏ ။ ထိုအရာမှာတခြားမဟုတ်မိသားစုတိုင်းဖြစ်လေ့ဖြစ်ထရှိသောအမွေကိစ္စပင်ဖြစ်သည်။ တစ်ခြားသောညီအစ်ကိုမောင်နှမများကဘာစကားမှမပြောသော်လည်းနိူင်ဝင်းအစ်မအကြီးနှစ်ယာက်မှာအဖေဖြစ်သူဦးဖိုးကွန်းကိုအနီးကပ်ပြုစုနေသောကြောင့်အိမ်ကိုတဦးတည်းအမွေအဖြစ်ရသွားမည်စိုးကာမကျေမနပ်စကားဆိုလာပါတော့သည် ။ ”….နင်တို့လည်း ခလေးတစ်ယောက်ရလို့နောက်တစ်ဗိုက်ရနေပြီ အိမ်ခွဲမနေသေးဘူးလားနိူင်ဝင်း…” ...

စည်းပီးတော့မှိုအိပ်ကတော့စည်းလို့မဖြစ်ဘူးဗျ မှိုတွေရိကုန်မှာဆိုးလို့အားလုံးပီးတော့။ ‎”ကိုကြီးစိန်သောင်းကတာတေ မင်းနေခဲ့ဦးငါတောဝက်ထောင်လို့ကောင်းတဲ့နေရာသွားကြည့်လိုက်ဦးမယ် ကျုပ်ကတော့လွယ်အိပ်ကလေးထဲကနဂါးဆေးပေါ့လိပ်ကလေးတစ်လိပ်ထုပ်ပီး ဓမုဖြူဒေါ်ရီ မီခတ်ကလေးခတ်ပီးမီးညှိလိုက်တယ် ကိုကြီးစိန်သောင်းကတော်တော်လေးတော့ကြာသားဗျနေဝင်တော့မယ် ဒီတော့မှပြန်လာတယ်။” ‎”တာတေမင်းပျင်းနေပီလား” ‎ပျင်းပါဘူးဗျာ နို့ကိုကြီးစိန်သောင်းယူသွားတဲ့ပစ္စည်းတွေရော အေးငါနေရာလိုက်ကြည့်ရင်းနေရာကောင်းတွေ့တာနဲ့ တခါထဲ ထောင်ခဲ့လိုက်ပီ။ဝက်ကိုဘိထောင်ခဲ့တယ်။တောကြက်တွေကိုသုတ်ကိုင်းထောင်ခဲ့တယ်။ ‎”ဘယ်နားမှာထောင်ခဲ့တာတုန်းဗျ ကိုကြီးစိန်သောင်းရဲ့” ‎တောဝက်ဘိကတော့အုပ်ဂူကြီးနားမှာကွ တောကြက်ကတော့နည်းနည်းလှမ်းတယ်ကွ ‎”ဗျာ အုပ်ဂူကြီးဟုတ်လား” ‎”အဲ့ဒီဂုပ်ဂူကြီးကဘယ်နားမှာတုန်းဗျ” ‎ဒီမြောက်ဘက်မှာကွမင်းကြည့်ချင်လို့လား အခုအဲ့ဘက်သွားမှာ ညအိပ်ဖို့သစ်ပင်လည်းငါရွေးပီးပီအုပ်ဂူကြီးနားမှာပဲ စားသောက်ပီးတာနဲ့တက်အိပ်ရုံပဲ ကဲမိုးမချုပ်ခင်သွားကျမယ် “နို့အိပ်တွေ သယ်ခဲ့ရမှာလားဗျ ကိုကြီးစိန်သောင်းရ ” ဟာ တာတေကလည်းမင်းအိပ်တွေ ဘယ်သူကယူမှာတုန်းကွ တောင်ပေါ်ကဆင်းမှ လာသယ်ကျတာပေါ့ ကွ” ကျုပ်နဲ့ ကိုကြီးစိန်သောင်း မြောက်ဘက်ကိုထွက်လာခဲ့တယ် ...