မတားရဲဘူး “     “စိတ်ချပါ ဘိုးကာရာ ကျုပ် သတိထားနေပါ့မယ် “     ဘိုးကာပြောမှ ကျုပ်ဖြင့် ဦးထွန်းလှိုင်ကြီးကို လန့်တောင်လန့် တယ် ရှစ်ပေအမြင့်ကိုတောင် ဓားနဲ့ တက်ခုတ်တယ်ဆိုပဲ ကျုပ်လည်း ရီလေးဆိုတဲ့ သူ့မြေးမကို ကြိတ်ကြံနေတာကို အခုကတည်းက လက်လျှော့လိုက်ရ‌တော့မှာပေါ့ဗျ ကျုပ်နဲ့ ဘိုးကာ အခန်းထဲကအထွက် စောင်းတန်းရှေ့ရောက်တော့ ရီလေးက မြင်းလှည်းတစီးနဲ့ ကျောင်းထဲဝင်လာတယ်ဗျ။ကျုပ်တို့ကို လာခေါ်တာလေ ဦးထွန်းလှိုင်ကြီးကတော့ ဘုန်းကြီးကျောင်းပေါ် တက်ပြီး ဘုန်းကြီးကို တက်က‌န်တော့နေတယ်။ကျုပ်ကတော့ ကျောင်းပေါ်  မတက်တော့ပါဘူး။ညကတည်းက ဘုန်းကြီးက ဩဝါဒ ...

ဥခူးသွားကြမယ်ဆိုပြီးတော့ ခုနကတင် စားသောက်ပြီးထွက်သွားကြလေရဲ့” ကျုပ်တို့လည်းတော်တော်အံ့သြသွားတယ်၊ ဘာလို့လဲဆိုတော့ ကျုပ်တို့နဲ့အကြံတူတွေရှိနေလို့မဟုတ်လားဗျာ။ “ကျုပ်တို့သွားတော့မယ်ဦးဘသာ၊ ဒါနဲ့ ဦးဘသာရော လိုက်အုံးမလား” “မလိုက်တော့ပါဘူးကွာ၊ ဒါထက် တမာဥရရင်သာ ငါ့အတွက်နည်းနည်းချန်ထားပေး၊ ဟုတ်ပြီလား” ကျုပ်လည်းခေါင်းညိတ်ပြီးတော့ ခြေလှမ်းကျဲကြီးတွေနဲ့ထွက်ခဲ့တာပေါ့ဗျာ၊ ရွာထိပ်ရောက်တော့မှ ကျုပ်တို့အံ့အားသင့်သွားကြတော့တယ်၊ ဘာလို့လဲဆိုတော့ ကျုပ်တို့နဲ့အကြံတူနေတဲ့လူတွေကို တွေ့လိုက်ရလို့ပေါ့ဗျာ၊ ရွာကနေ တောင်ရိုးဘက်ကိုသွားတဲ့လမ်းမှာ ရွာသားတွေ ကိုယ့်အစုနဲ့ကိုယ် တောင်းတွေ၊ ပလုံးတွေ၊ ဝါးလုံးတွေကိုင်ပြီးတော့ သွားနေကြတယ်မဟုတ်လားဗျာ။ (၂) တမာဥလို့ပြောတာကို ခင်ဗျားတို့နည်းနည်းနားရှုပ်သွားမယ်ထင်တယ်ဗျ၊ တမာဥဆိုတာကတော့ တမာရွက်နုကလေးတွေမှာ အဖူးလေးတွေပါတဲ့ အကိုင်းလေးတွေကို ခေါ်တာပါ၊ တမာဖူးလေးတွေက ဥလေးတွေလို ...

အလုပ်တွေထလုပ်တော့တယ်။ အမေကကြည့်ရင်း “အောင်မယ်၊ နင်တို့ညီအကို ဘာလုပ်နေကြတာလဲ” “ဘာလုပ်ရမလဲဗျ၊ တမာဥသွားခူးမလို့ပေါ့ အမေရ” အမေက မျက်နှာကိုမဲ့ရွဲ့လိုက်ပြီးတော့ “နင်တို့က အခုမှတစ်ရေးနိုးနေကြ၊ တောင်ရိုးပေါ်မှာဖြင့် သူများတွေခူးလို့ တမာရွက်အနုတွေ၊ အဖူးတွေကုန်လောက်နေပြီကို” “အမေကလည်းဗျာ၊ တောင်ရိုးပေါ်ကုန်ရင် ခင်တန်းထဲသွားခူးမှာပေါ့ဗျာ” ကျုပ်ပြောလိုက်တော့မှ အမေက မျက်နှာတည်သွားတယ်၊ တောင်ရိုးမှာတမာပင်တွေပေါ်တော့ ကျုပ်တို့ရွာအပြင် အနီးအပါးက ရွာတွေပါလာခူးကြတယ်မဟုတ်လားဗျာ၊ တစ်ချို့ဆိုရွာဝေးလို့ ထမင်းထုပ်ထည့်လာပြီးတော့ ခူးကြတဲ့လူတွေတောင်ရှိသေးတာမဟုတ်လားဗျာ၊ ဒါပေမယ့် ကျုပ်တို့ရွာအရှေ့မြောက်ဘက်က ခင်တန်းထဲမှာတော့ လူအခူးနည်းတယ်ဗျ၊ ခင်တန်းထဲမှာ တမာပင်ရှိပေမယ့် အပင်ကျဲတယ်ဆိုတော့ တောင်ရိုးပေါ်မှာလို ခူးရမလွယ်ဘူးပေါ့ဗျာ။ ဒီအချိန်အဖေကလည်း အိမ်ပေါ်ထပ်ကနေဆင်းလာသဗျ။ ...

ဆွဲဆောင်မှုအလှက အသွက်မလေး အေးမကို ဆွံ့အသွားစေသည်။ ဆံထုံးလှလှလေးနှင့် ဝိုင်းစက်စက်မျက်နှာလေးက ပြည့်ဖြိုးနေသည်။ ဖြူအိနေသော အသားအရေကို အဝါလေးနှင့် အရောင်တင်ထားသည်။ တောင့်တင်းသော ခန္ဓာကိုယ်၏အချိုးအစားက တိကျစွာလှသည်။ မျက်နှာကလေးကလဲ ချောလိုက်သည်ဖြစ်ခြင်း။ အေးမကြည့်နေကျ ဗီဒီယိုမင်းသမီးတွေထက်တောင် သာသည်။ “ ဟဲ့… အေးမ၊ ပန်းစည်းကို ဖြေပြလေ၊ အမလေးဟဲ့ တကတည်း ဘာငေးနေတာတုံး ” “ ဟုတ်… ဟုတ်ကဲ့ ” အယောင်ယောင် အမှားမှား ဂန္ဓမာပန်းစည်းကြီးကို မလိုက်သည်။ “ သြော်.. သည်ကလေးမ ” ...

ခြင်နှင့် ပိုးကောင်များ၏ ကိုက်ခဲမှုဒဏ်ကိုဖြင့် ကျွန်တော် မခံမရပ်နိုင်သေးကြောင်း ရိုးသားစွာ ဝန်ခံရပေမည်။ လေပြင်းကလေးသည် ရှဲကနဲနေအောင် ကျွန်တော်တို့ အနီးတဝိုက်၌ တိုက်ခတ်လိုက်သည်တွင် ကျွန်တော်နှင့် ဦးဘိုးဟန်တို့၏ “ပုန်းအုံ”သစ်ခက်အကာအကွယ်များသည် သိမ့်ကနဲ လှုပ်ရှားသွား ပါသည်။ ညဉ့်ငှက်တကောင်သည် တဖျတ်ဖျတ် အတောင်ခတ်ရင်း ဝါးရုံရိပ်အနီးက လှည့်ပတ်ကာ ပျံသန်းသွားနေသည်။ ဦးဘိုးဟန်နှင့် ကျွန်တော်သည် ဤမျှလောက် အေးချမ်းနေသော အချိန်အခါမဟုတ်သည့် ညဉ့်နက်ကြီးတွင် အဘယ်ကြောင့် ဒုက္ခခံ၍ ကျားကြီးတွေ အသွားအလာကို ချောင်းမြောင်းနေပါသနည်းဟု မေးစရာရှိပေလိမ့်မည်။ စာဖတ်သူ တော်တော်များများ တန်ဆောင်မုန်း၊ နတ်တော်၊ ...

ရှောက်နေရသည့် နင်္ဂါးသိုက်များဖြစ်သည်။စည်သူနန္ဒသည် နှမတော် စောရှင်သဒ္ဒါအား အလွန်ချစ်ခင်၏။မျက်နှာလည်းအညှိုးနွမ်းမခံနိုင်ဘဲ ထားတော်မူသည်။ယခုလည်း စောရှင်သဒ္ဒါအား လူ့ပြည့်ကို စေလွှတ်ရန်သဘောတူလိုက်ပြန်လေသည်။ “ဒါပေမယ့် နှမလေးကတိတစ်ခုပေးရမယ်” “ဘာကတိလဲမောင်တော် ခွင့်ပြုမယ်ဆိုတည်စေရပါမယ်” “မောင်တော့်ကိုမေ့မသွားဖို့ရန် လူ့လောကရောက်ရင် အချစ်ဝဲမှာမနစ်စေဖို့ သာသနာပြုဖို့နဲ့ အစွဲအလမ်းချွတ်ပေးပြီးတာနဲ့ပြန်ခေါ်တာကိုခွင့်ပြုရမယ်” “ဟုတ်ကဲ့ ကတိပေးပါတယ်မောင်တော်…” ****** လူတစ်ယောက်အတွက် အကျင့်တစ်ခုပျောက်ဖို့အချိန်အတော်ယူရသည်မဟုတ်လား။နယ်မှာမွေးပြီး မြို့မှာ ကြီးပြင်းခဲ့သည့် ကျွန်မအတွက် အကျင့်များစွာကိုအတော်ပြင်ယူရမည်။မိုးလင်းလာလျှင် အီကြာကွေးနဲ့လက်ဖက်ရည်ကိုတွဲဖက်သောက်တတ်တဲ့အကျင့်ကို ဆီမပါဘဲကြော်ထားတဲ့ထမင်းကြော်နဲ့လဲဖို့ဆိုတာ သိပ်ကိုခက်ခဲ၏။ဘဝဆိုတာဘာလဲ ကျွန်မသေချာမသိခဲ့ပါ။တဖြည်းဖြည်းနဲ့ သိလာမယ်ထင်ပါတယ်။ ဇာတိမြေလေးကိုရောက်သည်မှာသုံးလပြည့်ပြီ။ကျွန်မမြို့လေးကိုလွမ်းတယ်။သူငယ်ချင်းတွေကိုလွမ်းတယ်။ရွှံ့တွေဖွက်တွေမရှိတဲ့ ကတ္တရာလမ်းကြီးကို သတိရတယ်။ခုတော့ရွှံ့တွေဖွက်တွေနဲ့ သိပ်ကိုရွံစရာကောင်းတယ်လို့ထင်တယ်။တစ်အိမ်နဲ့တစ်အိမ်လှမ်းခေါ်ရင်တောင် အသံကွဲအောင်အော်ရမယ်။အိမ်ခြေမှာလည်း ငါးဆယ်တောင်မပြည့်။မိုးလင်းတာနဲ့လယ်ထဲဆင်း ကောက်ရိတ်ပျိုးနှုတ်ကြ။လျှာကြမ်းအာကြမ်းတွေနဲ့လည်း စနောက်ကြသေးတာ။ ...

“ဆရာတော့်ညီဆိုတော့ ဟိုတစ်ခါလာတဲ့ အရပ်ပုပုနဲ့ သျှောင်ထုံးနဲ့လူလား ” “ဟာ အဲဒါက ဘိုးလူနီပါ၊ အခုလာတဲ့ ဘိုးတော်က တစ်ခါမှ မလာဖူးဘူးဗျ၊ သျှောင်ထုံးနဲ့ မဟုတ်ဘူး ” “သြော် …အေး အေး ၊ ဒါဆိုရင် ဝမ်းကွဲညီ ဖြစ်လိမ့်မယ်၊ ကဲ မင်းပြန်နှင့် ၊ ငါ နောက်ကလိုက်ခဲ့မယ် ” “ဟာ မဖြစ်ဘူးဗျ၊ ဆရာတော်က ကိုကြီးတာတေကို တပါတည်းခေါ်ခဲ့လို့ မှာလိုက်တာ ” “ဟေ ဒါဆိုရင်တော့ ခဏစောင့်ကွာ၊ ပုဆိုးလေး အင်္ကျီလေး ...

အားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ကျမလေ သူနဲ့အကြောင်းပါပြီးကတည်းကစလို့ … ကျမ ကိုလေ ဥပုသ်လေးတောင်စောင့်ခွင့်မပေးပဲ …နေ့စဉ်သူ့ကိုပဲ ပြုစုစေတယ် … ★ ★ ခစ်ခစ် … အမခင်ပွန်းက အမကို သိပ်ချစ်တာပေါ့ …. ★ ဒါချစ်တာလို့ခေါ်လား သီရိမာ …. ပျိုမျစ်မှုတွေကုန်သွားချိန်ရော …. အဆင်းလှတုန်း … အရွယ်နုပျိုတုန်း ကျန်းမာသန်စွမ်းတုန်းတော့ … ချစ်တာပေါ့ … ★ ★ အို … ...

။လုံခြုံရေးကုမ္ပဏီတစ်ခုခုမှာ အလုပ်ဆက်လျှောက်ပါလား” “ဟာကွာ။အဲဒီလိုကုမ္ပဏီတွေကနယ်တွေအထိ လနဲ့ချီပြီး ခရီးထွက်ရတာပဲကွ။တစ်ခါတလေ နှစ်တောင်ပေါက်တယ်။အဲဒါကြောင့် မလုပ်ချင်တာ” “ဪ ယောက်ျားရယ်။လောလောဆယ် အလုပ်မရှိသေးတာနဲ့စာရင် တော်သေးတယ်လေ” “နေပါအုံးကွာ။ငါစဉ်းစားပါအုံးမယ်” “သဘောပဲတော်ရေ” ပြောပြီး သီတာလည်း ကြမ်းခင်းပေါ်ချထားသည့် ခြင်းတောင်းကိုယူကာ မီးဖိုချောင်ထဲသို့ဝင်သွားသည်။ မြတ်မင်းလွင်လည်း သူ၏ဘေးတွင်ထိုင်လျက်ရှိနေသည့် သမီးငယ်လေးကို ပွေ့၍ပေါင်ပေါ်သို့တင်ကာ ချော့မြူကစားနေလိုက်သည်။ အချိန်တွေ တဖြည်းဖြည်းကုန်လာသည်။ ညနေစောင်းအချိန်သို့ရောက်တော့ မြတ်မင်းလွင်လည်း သမီးငယ်လေးနှင့်ကစားခြင်းကိုရပ်လိုက်ပြီး ထိုင်ရာမှ ထကာ မီးဖိုချောင်ထဲသို့ဝင်လိုက်သည်။ သီတာကမူ ညစာအတွက် ချက်ပြုတ်ကာ အလုပ်တွေရှုပ်နေသည်။ မြတ်မင်းလွင်က “မိန်းမ။ငါ့ကိုလက်ဖက်ရည်ဖိုးပေးစမ်းပါအုံးဟ” သီတာ မျက်စောင်းတစ်ချက်ထိုးသည်။ ပြီးနောက် ...

။     “ဘိုးထင် ငါတခုပြောမယ်နော် မင်းစိတ်မဆိုးနဲ့ “     “ပြောလေ ပေတူး”     “မင်းဖမ်းပြီး ပေတူးအဘ ကိုယ်ထဲ ဝင်ခိုင်းထားတဲ့ သရဲမကြီးနာမည် က မြခင်နော် “     “အေး ဟုတ်တယ်လေ “     “မင်း အမေရဲ့ နာမည်က  ဘယ်သူ”     “မြခင်ပဲ လေ “     “မင်း အမေ ဖြစ်နေမလား မသိနော် “     “ဟာကွာ မဖြစ်နိုင်တာ ...