အခုလိုမျိုးဖုန်းတွေကလည်း မပေါ်သေးဘူးလေ။ သူဘယ်သွားမယ်၊ ဘာ လုပ်မယ်ဆိုတာကို လူကြုံနဲ့ ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ လာပြောနေကြတာမျိုးဆိုတော့ ဒီညမှာ တော့ သူဘုရားပွဲမှာ ရှိနေတာပဲ ဆိုပြီး ပိုပို စိတ်ချလက်ချရှိနေပါတယ်။ ညကိုးနာရီလောက်မှာ ပိုပိုဘုရားရှိခိုးပါတယ်။ ထူးခြားတာက ဘုရားမကန်တော့ခင် ပိုပို ရဲ့ စိတ်တွေ တအားလေးလံလွန်းလာတာပါ။ မေမေ့ကိုတောင် ပြောပြလိုက်မိတဲ့အထိပါ ပဲ။ “မေမေ ခွေးတွေက ဘာလို့ တအားအူနေတာလဲ မသိဘူးမေမေရယ်။ ပိုပိုစိတ်ထဲမှာ လေး လေးကြီးနဲ့ ငိုချင်သလိုလိုကြီးဖြစ်နေတယ်” “အေး..မေမေရော နေရတာ မကောင်းဘူး၊ လေးလံထိုင်းမှိုင်းနေတာပဲ၊ ...

အတွဲအဖက်ကတော့ မပြတ်ခဲ့ဘူး။ ပုခုံးဖက်ပြီး အခင်ဆုံး သူငယ်ချင်းတွေအဖြစ် ပေါင်းဖော်နေကြတုန်းပဲ။   ဒီလိုနဲ့ မြန်မာသက္ကရာဇ် ၁၃၃၈ ခုနှစ်ရဲ့ ဝါခေါင်လဆန်း ၄ ရက်နေ့မှာတော့ ကျုပ်အခုပြောပြချင်တဲ့ ဇာတ်လမ်းက စတင်ခဲ့ပြီရယ်။   အဲ့ဒီ့နေ့က ကျုပ်မသေခင် ဖြစ်စဉ် အားလုံးကို အခုထိ တိတိကျကျ ကျုပ် မှတ်မိနေတယ်။   အဲ့ဒီ့နေ့က မောင်ထွန်းရယ် ကျုပ်ရယ် ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရယ် အင်းထဲရောက်နေတယ်။ ကျုပ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက အင်းထဲမှာ ကျားပိုက်ထောင်ကြတာ။ မောင်ထွန်းကတော့ ကျုပ်ဆီကို အလယ်သက်သက်ပဲ။ ...

ဖုန်းစောင့်နေလိုက်ပါတယ်။ ကျွန်တော် စောင့်နေတုန်း ၃ မိနစ်လောက်ကြာတော့ ဝေလင်းဆီကဖုန်းလာ တယ်။ ကားတားတဲ့အမျိုးသမီးကိုတွေ့တယ်တဲ့။ ဒါပေမယ့် မျက်နှာ မှာသွေးတွေစီးကျနေပြီး ရုပ်ပျက်ဆင်းပျက်ကြောက်စရာပုံနဲ့ ကား လှမ်းတားလာတော့ သူလည်းကြောက်ပြီး ကားမရပ်ပေးဘဲ အမြန် မောင်းလိုက်တယ်လို့ပြောတယ်။ လှိုင်ဘွားရှိတဲ့ ဒီရေတိုး ဆိုင်ကိုရောက်ပါပြီတဲ့။ ဖုန်း ကင်မရာနဲ့ ရိုက် ခဲ့ပေမယ့် သူရိုက်ခဲ့တာပြန်ကြည့်တဲ့အခါ ကင်မရာထဲဘာမှမပေါ်နေ ဘူးတဲ့။ သူတို့ပြောနေတာတွေနားထောင်ရတဲ့အခါ ကျွန်တော်နဲနဲ တော့လန့်လာမိတယ်။ ဝေလင်းက ကားမောင်းရင်းတွေ့တာတောင် သူတော်တော်လေးတုန်လှုပ်နေတာ။ ဝေလင်း ဆိုတာက ကျွန်တော် တို့ဘော်ဒါတွေထဲမှာ အကြောက်အလန့်သိပ်မရှိတဲ့သူ။ သူတောင် ...

လာသည့်ကားလေးဟာ တစ်ဖြည်းဖြည်းနှင့်မြို့အစွန်ဘက်သို့ရောက်လာသည်။ထွက်လာကာစက မိုးလေးများကတစ်ဖွဲဖွဲသာရွာပေမယ့် မြို့စွန်ရောက်တော့မိုးဟာအတော်သည်းလာသည်။ မိုးသည်းလာသည်မို့ရှေ့မှမြင်ကွင်းများကိုသေချာမမြင်ရပေ။အနောက်ခန်းမှသားနဲ့သမီးကတော့ အိပ်ပျော်နေသည်။ တီ….တီ..ဝူး… “အမလေး!!…” လမ်းပြောင်းပြန်မောင်းလာသည့်ကားကြီးကြောင့် မြပန်းကားစီယာတိုင်ကိုလှည့်၍အမြန်ရှောင်လိုက်ရသည်။ကံကောင်းလို့မတိုက်မိခဲ့ပေမယ့် မြပန်းရဲ့ကားလေးကလမ်းတစ်ဖက်သို့ရောက်သွားကာလမ်းပြောင်းပြန်ဖြစ်သွားရသည်။ လမ်းပြောင်းပြန်အခြေနေမှ ကိုယ့်လမ်းကိုယ်ပြန်မောင်းရန် ကွေ့လိုက်ပေမယ့်လို့ရှေ့တည့်တည့်ဆီမှ ဘွားခနဲပေါ်လာသည့် ကားတစ်စီး…. “ကျွီ…….” အမလေး!… ကားဘရိတ်ဆွဲသံအရှည်ကြီးကြားပြီးနောက်ုမြပန်းရဲ့ကားလေးကိုအရှိန်ပြင်းပြင်းနှင့်အတိုက်ခံလိုက်ရသည်။ ဒုန်း….ဝုန်း… အား…. ကားလမ်းမထက်သို့နှစ်ပတ်လောက်လည်သွားပြီး မြပန်းမျက်နှာဟာ လမ်းမနှင့်ပွတ်တိုက်မိကာ အတော်ပင်နာကျင်သွားရသည်။ “မေမေ…အီးဟီးဟီး…” “အူဝဲ…အူဝဲ…အူဝဲ” သားနဲ့သမီးရဲ့ငိုသံဟာနားထဲကြားလိုက်ပေမယ့်ကားလမ်းမနဲ့ရိုက်ခက်မိတဲ့အရှိန်ဟာပြင်းထန်လွန်းလှတာမို့ အရာအားလုံးဟာအမှောင်ဖုံးလွှမ်းသွားရသည်။အသက်မဲ့နေသည့်အမျိုးသမီးတစ်ဦးရယ် အော်ဟစ်ငိုနေသည့်၃နှစ်အရွယ်ကောင်မလေးတစ်ယောက်ရယ် ဘာမှမသိရှာပဲအငိုရပ်သွားသည့်၇လအရွယ်ကလေးငယ်တစ်ဦးရယ်ဟာ သည်းထန်စွာရွာသွန်းနေသည့် မိုးရေထဲမှာမှောက်လျှက်ဖြစ်နေသည့်ကားပေါ်တွင်တည်ရှိလျှက်… >>>>> “ဂြိုလ်ဆိုးမ ကံဆိုးမ ဒါတွေအားလုံးဟာနင့်ကြောင့်ဖြစ်ရတာ နင်ကငါ့သားနဲ့ငါ့မိန်းမကိုသတ်လိုက်တဲ့ လူသတ်သမား သွားစမ်း ...

လည်ပင်းတွင်လည်းမြွေကြီးတစ်ကောင်ကို ပဝါသဖွယ်ပတ်ထားသေးသည်။ “မြွေပွေး မြွေဟောက် လက်ကောက်ဝတ်မယ်တဲ့ဟေ့” ဒေါ်ခင်မြိုင်ကြီး မြွေဆေးရောင်းလျှင် မကြည့်ချင်ကြသူဟူ၍မရှိ။ ကလေး လူကြီး အရွယ်သုံးပါးမရွေး စည်းဝိုင်းပတ်ပတ်လည်တွင် ငေးမောကြည့်ကြ မြဲ။ စည်းထိပ်တွင် အမေရေယဉ်ရုပ်ထုရှိပြီး ပွဲတစ်ပွဲထိုးထားသည်။ အမွှေးတိုင် များထိုးစိုက်ထားသောငှက်ပြောဖီး၏အလယ်မှ ကြွက်မြီးရှည်ရှည်နှင့်အုန်းသီးတစ်လုံးရှိ၏။ ထိုအုန်းသီးပေါ်တွင် “ပါဒိစိသေ” ဟူသော အက္ခရာလေးလုံးကို မီးသွေးဖြင့်လက်ယာရစ်ချထားသောအင်းတစ်ကွက်ရှိသည်။ ဒေါ်ခင်မြိုင်ရောင်းသောဆေးမှာ မြွေမကိုက်သောဆေးမဟုတ် မြွေကိုက်ခံရပါက အဆိပ်မတက်သောဆေး တစ်နည်းအားဖြင့်မြွေဆိပ်ဖြေဆေးဖြစ်သည်။ စည်းဝိုင်း၏အပြင်၌ မြွေထည့်သည့်ပခြုပ်အခွံကလေးများကို သားဖြစ်သူ “မြတ်စံထွန်း” နှင့် ဦးကြီးတင်မြိုင်တို့ ကပိုက်လျက်ရှိသည်။ ဒေါ်ခင်မြိုင်ကြီးယခုရောက်ရှိနေသော ပေပင်ကုန်းရွာသည် ထိုကဲ့သို့ပွဲမျိုးကိုတစ်ခါမျှ ...

သေနတ်ရယ်၊ နောက်ပြီး အဘိုးရဲ့လူယုံတွေရယ်ကို ကြောက်နေရတာနဲ့ မသတ်ရဘူးပေါ့ဗျာ၊ အချိန်တိုင်းတော့ သတ်ဖို့ကြံစည်နေခဲ့တာ။ ကပ်ရောဂါတွေဖြစ်ပြီး ရွာရွေ့ပြီးတော့ ရွာက မခိုင်မခန့်ဘူးပေါ့ဗျာ၊ အဲဒီအချိန်မှာ သူ့အဖေက အဘိုးကိုချောင်းမြောင်းပြီး လုပ်ကြံတော့တာပါပဲ၊ ဒါပေမယ့် သတိရှိတဲ့အဘိုးက သေနတ်နဲ့ပစ်သတ်လိုက်တော့ အဲဒီလူကြီး ဦးခေါင်းပွင့်ပြီး သေသွားပါရောဗျာ၊ အဘိုးက လူမမည် ကျန်ခဲ့တဲ့ ငတိုနဲ့ ငညိုတို့ကို သနားလို့ သူတို့အဖေပိုင်တဲ့ ကျန်ခဲ့တဲ့လယ်တွေကို ပိုက်ဆံပေးပြီး ဝယ်လိုက်တယ်ဗျ၊ ဒါပေမယ့် ရွာထဲမှာတော့ အဘိုးက လယ်တွေကိုလိုချင်လို့ တမင်သတ်ပစ်တယ်ဆိုပြီး သတင်းထွက်နေတာပေါ့။ အဲဒီအချိန်ကတည်းက ငတိုနဲ့ ငညိုက ...

ပြတ်နေတယ်။ဘယ်လိုပါလိမ့်” ယင်းသို့တွေးမိပေမင့် မေးရမှာအားနာမိသောကြောင့် မမေးဖြစ်လိုက်ပါချေ။ သို့ဖြင့် ညနေစောင်းအချိန်သို့ရောက်တော့ ကျွန်တော်လည်း ပျင်းပျင်းရှိသည်မို့ မနက်က ထိုင်ခဲ့သည့် ဘူတာမှလက်ဖက်ရည်ဆိုင်သို့ထွက်လာခဲ့ပါသည်။ ဆိုင်ရှင်ကလည်း ကျွန်တော့်ကိုမြင်မြင်ချင်းမှတ်မိသွားပါသည်။ “သြော် အစ်ကို ဟိုလူ့အိမ်မှာလိုက်တည်းရတာအဆင်ပြေလား” “အင်း ပြေပါတယ်။ဒါနဲ့အဲဒီအိမ်က သူ့ဦးလေးဆိုတဲ့သူရော၊သူတို့မွေးထားတဲ့ခွေးလေးကပါ ခြေထောက်ကိုယ်စီပြတ်နေတယ်။အဲဒါတော်တော်ထူးနေတယ်” ကျွန်တော်သိချင်သည့်ကိစ္စကိုအဖြေသိရလို သိရငြား ထိုသို့ပြောကြည့်တော့ ဆိုင်ရှင်က အောက်ပါအတိုင်းပြန်လည်ပြောပြပါသည်။ “ဒီလိုဗျ။အဲဒီဦးလေးနာမည်က ဦးလှမြင့်တဲ့။အရင်တုန်းက သူက ရထားတွဲတွေပေါ်ဈေးလိုက်ရောင်းတဲ့ရထားဈေးသည်ပေါ့ဗျာ။လွန်ခဲ့တဲ့သုံးနှစ်လောက်က သူရထားပေါ်ဈေးရောင်းထွက်ခါနီး ညနေဈေးရောင်းက ပြန်လာရင်စားဖို့ဆိုပြီး ကြက်သားဟင်းချက်ထားခဲ့တယ်။ ဒီလိုနဲ့ ညနေဈေးရောင်းက ပြန်လာတော့ ထုံးစံအတိုင်း ဘူတာဘေးနားကဆိုင်မှာ အရက်ဝင်သောက်တယ်။အဲဒီနေ့က အဖော်လည်းစုံသွားတော့ ...

မေးမြန်းလုပ်ကိုင်ပေးလို့ရလာတဲ့ ထမင်းထုပ်လေးကိုယူလို့ အမေ့ဆီ အပြေးပြန်ပီး ကျွေးရတာဗျ။ အဲဒီလိုကျွေးမွေးပီးပီဆိုတော့မှ ရွာထိပ်က ကိုသိန်းမောင်ရဲ့ အရက်ပုန်း ဆိုင်ကို သွားပီး ကူညီလုပ်ကိုင်ပေးရင်း ကျုပ်ကြိုက်တဲ့ အရက်ကို အဝ သောက်ရတော့တာဗျို့။ တစ်ခါတစ်လေ ရွာထဲမှာ လုပ်စရာအလုပ်မရှိ ရင် ချောင်းထဲသွား… ငါးရှာ/ဖားရှာနဲ့ပဲ ဒီအမေအိုကို ကျွေးမွေးစောင့် ရှောက်နေရတာပေါ့ဗျာ။ ဒါတွေက နိစ္စဒူဝ ကျုပ် ကျင်လည်လုပ်ကိုင်နေရတဲ့ သမရိုးကျ လုပ်ရိုး လုပ်စဉ်တွေပေါ့။ ကျုပ်လည်း အရက်ကို တစ်ရက်မှ အသောက်မပျက်ခဲ့သလို… အမေအိုကြီးလည်း တစ်နေ့မှ ထမင်းမစားရတဲ့နေ့ မရှိစေခဲ့ ...