။ ပြီးနောက်… “သူ….ဘယ်လိုနေလဲသီရိ……” ဟုမေး​လေရာ…သီရိမှာ မျက်နှာညှိးငယ်စွာဖြင့်… “မဇာရီအသက်မရှိတော့ဘူးအစ်မ…. သူ့သေပြီ…………” “ဟင်……..” လွန်းနီနီ ​ခြေထောက်များအားအင်ပျော့သွားသည့်အလား ခုံအထက်သို့ယိုင်လဲကျသွား၏။ “အစ်မ..အဆင်ပြေရဲ့လား…..” “သူ…သူ့….မျက်နှာကဘယ်လိုဖြစ်နေလဲ သီရိ……” “မျက်နှာကြီး ပြာနှမ်းနေတယ်အစ်မ…….” “ဟင်း…….ဒါဆိုရင်တော့ တို့ရွာမှာဘေးအန္တရာယ်နီးလာပြန်ပြီ….” “မကောင်းဆိုးဝါး လွတ်ဖို့နီးပြီလို့ပြောတာလားအစ်မ…..” “အင်း….မကောင်းဆိုးဝါးလွတ်တော့မယ်သီရိ……….” “ကျုပ်တို့ဘယ်လိုလုပ်ကြမလဲအစ်မ… ရွာကလူအင်အားကလည်းအတော်နည်းနေပြီ” “အစ်မလည်း ဒီကိစ္စကို ဟိုးအရင်ကတည်းက ဘယ်လိုအဆုံးသတ်ရမလဲဆိုပြီး စဥ်းစားနေခဲ့တာ… ခက်တာက အခုချိန်ထိအဖြေမပေါ်ဘူး သီရိရယ်….” လွန်းနီနီ စိတ်အားငယ်စွာပြောလေတော့ သီရိမှာလည်း သက်ပြင်းတချက်ချလိုက်ပြီး… “အင်းးး….အစ်မက ဒီရွာရဲ့ခေါင်းဆောင်ပဲအစ်မ… ဒါမို့တစ်ခုခုဆိုစိတ်မပျော့လိုက်ပါနဲ့… မဟုတ်ရင်ကျန်လူတွေလည်း ဘယ်စိတ်ကောင်းကျမလဲ…….” ...

ကျုပ်တို့ကိုလွှတ်ချင်ပုံမရဘူးဗျ။ “လုပ်ပါသူကြီးရယ်၊ ဒီတစ်ခါတော့ ရွာအတွက်မို့ သူကြီးကိုပြောရတာပါ၊ မနှစ်က တန်းမြင့်ရွာနဲ့ လေးသင်းအဆင့်မှာ ရှုံးခဲ့တဲ့ရှုံးကြွေးကိုပြန်ဆပ်ချင်လို့ပါဗျ၊ ပြီးတော့ ဒီနှစ်တော့ ဖလားရအောင် ယူပြမယ်ဗျာ၊ အဲဒါသူကြီးသားတို့ကို လွှတ်ပေးပါဗျာ၊ သူကြီးမကျေနပ်ရင် ဘောလုံးပွဲပြီးတော့ ပြန်ချုပ်ပေါ့၊ မဟုတ်ဘူးလား” နောက်ဆုံးတော့ အဖေက ခေါင်းကိုတဖြည်းဖြည်းချင်းညိတ်လိုက်တယ်ဗျ၊ ကျုပ်တို့ညီအကိုဆိုရင် ဝမ်းသာလို့ လက်ခုပ်လက်ဝါးတွေထတီးမိတယ်ဗျ၊ အဖေက ထိပ်တုံးကိုခတ်ထားတဲ့ သော့တွဲယူလာပြီးတော့ ကျုပ်တို့အရှေ့မှာလာရပ်ရင်း “ဟိုနှစ်ကောင်၊ မင်းတို့ကို ငါသိပ်ပြီးလွတ်ချင်လို့တော့မဟုတ်ဘူး၊ ဒါပေမယ့် မြိုင်သာဖလားက တို့ရွာအတွက် ဂုဏ်ကိုဆောင်နိုင်မှာမို့လို့သာ လွတ်ပေးလိုက်ရတာ၊ မင်းတို့မှာ ချုပ်ရက်လေးရက်ကျန်သေးတယ်၊ ဘောလုံးပြိုင်ပွဲပြီးရင် ...

ရကြတယ်တဲ့ဟဲ့… ဦးဖိုးထူးမိန်းမ ဒေါ်ဆင်မဆိုကြောက်လွန်းလို့ အိပ်လို့ကိုမရကြဘူးတဲ့လေ…” ဟူသောစကားများကအင်တိုင်းရွာထဲရှိ လူတိုင်း၏ပါးစပ်ဖျား၌ပြော၍မပြီးနိုင်ခဲ့ပေ။ ပြောချင်လည်းပြောစရာပင်ညကခွေးအူသံ၊ ခွေး‌ဟောင်သံများကြောင့် ရွာသူ၊ရွာသားတို့လန့်၍နိုးလာခဲ့ကြပေသည်။ နောက်တစ်နေ့ည၌လည်းခွေးများ ဂဏာမငြိမ်ဖြစ်လာခဲ့၏။ သန်းခေါင်ကျော်သည်နှင့်ခွေးအူသံ၊ခွေးဟောင်သံများက တစ်ရွာလုံးကိုဖုံးလွှမ်းသွားခဲ့တော့၏။ ထိုအသံတို့ကြောင့် ရွာသူ၊ရွာသားတို့ နိုးလာကြပါသော်လည်း ‌ကြောက်၍မည်သူမှထမကြည့်ဝံ့ကြပေ။ မွေးကင်းစကလေးများမှာလည်း အော်ဟစ်ငိုယိုကြ၏။ ရောဂါဝေဒနာခံစားနေသောသက်ကြီးရွယ်အိုတို့သည်လည်း အထိတ်ထိတ်အလန့်လန့်ဖြင့်အော်ဟစ်နေခဲ့ကြသည်။ ထိုသို့အင်တိုင်းရွာတစ်ရွာလုံးအထိတ်တလန့်ဖြစ်ခဲ့ကြရသည်။ ********************************* “ဘွားကြားပြီးပြီလားဗျ…” “ဘာများလဲမောင်ရင်ရဲ့… ရွာထဲမှာဘာသတင်းတွေထူးနေလို့တုန်းကွဲ့ …” မောင်တိုးနဲ့မောင်အုန်းဘွားမယ်စိန်၏အိမ်သို့ ရောက်နေကြသည်။ ဦးဘထော်ရောက်ကတည်းကသူတို့နှစ်ယောက်လည်း ဘွားမယ်စိန်အိမ်သို့နေ့နေ့ညညရောက်နေခဲ့ကြ၏။ ရေနွေးကြမ်းသောက်နေရင်းမှမောင်တိုးကမေးသောကြောင့် ဘွားမယ်စိန်ကမသိဟန်ဖြင့် ပြန်ကာမေးလေသည်။ ထိုအခါမှ… “ဒါဖြင့်ဘွားမသိသေးဘူးထင်တယ်ဗျ… ဒီလိုဘွားရဲ့အင်တိုင်းရွာမှာထူးထူးခြားခြားတွေဖြစ်နေတာဗျ…” “ဟေ…ဘာတွေများထူးခြားနေတာလဲကွ…” ဦးဘထော်ကလည်းသိချင်၍ဝင်ကာမေးသည်။ “ဒီလိုဗျလေးလေးရဲ့… ...

သွားရမယ်။ သွားရရင်လည်း အောက်တိုဘာလလောက်မှာ သွားရမယ်။ အမေရိကား ရောက်တဲ့အခါမှာ ‘C စာလုံး၊ ‘G’ စာလုံး ၊ S စာလုံး၊ ‘L’ စာလုံးစတဲ့ မြို့တွေမှာ နေရလိမ့်မယ်” ဟု ပြောလိုက်ရင် သက်မှူးခင်က… “အများကြီးဖြစ်နိုင်တယ် အဘ၊ ကာလီဖိုးနီးယားမှာက သမီးရဲ့ သူငယ်ချင်း ကောင်မလေးတစ်ယောက် နာမည်ကြီး အဆိုတော် ဖြစ်နေတယ်။ သူ့ကို ချိတ်ရင်ချိတ်ရမှာ။ လောစ်အိန်ဂျလစ်မှာက ဘွိုင်းဖရန့် (Boy friend) တစ်ယောက် ဆူရှီထမင်းလိပ်ဆိုင်ကြီး ဖွင့်ထားတယ်။ ဆန်ဖရစ်စစ္စကိုမှာက သမီးမေမေရဲ့ငယ်ရည်စားတစ်ယောက် ...

အမဲလိုက်အဖွဲ့ လေးပင်ဖြစ်သည်။ “ကိုစံလှ တောတက်မယ်ဗျာ ဇရပ်လေးဆောင်ဘက်မှာ ဂျီဟောက်သံ ကြားတယ်လို့ သာဒင်က ပြောတယ် ” “အေး မောင်ရဲ မင်းအိမ်က ယုန်ပိုက်တွေ ကောင်းသေးလား ” “ကောင်းပါတယ် ” “တောဝက် တိုးသွားလို့ဆို မပျက်သွားဘူးလား” “ပြင်ထားတာ ဦးစံလှရေ ဘယ်လိုလဲ အခုပဲ သွားကြတော့မလား ” “သွားကြတာပေါ့ကွာ ဂျီတကောင်လောက်ရလည်း မဆိုးဘူး အိမ်မှာ ဟင်းစား ပြတ်နေတာကြာပေါ့ ” “ကဲ ကဲ သွားကြရအောင်ဗျာ ” ကျန်လူများသည် အမဲလိုက်ရာတွင်သုံးသည့် ...

သည်။ သေသည်အထိ အစ်ကိုနှင့်ယောင်းမကို မခေါ်တော့။ မပြောတော့။ သေတော့လည်း ရန်ကုန်မှာ သွားသေသည်။ သူလည်း ရန်ကုန်သားနှင့်ရသည်။ သို့သော် သူရသော ရန်ကုန်သားမှာ ဗဟန်း၌ ပန်းခြံ စိုက်စားသူ ဖြစ်လေ၏။ မမြစိန်ကို မနှစ်လိုသူများက ဘုရားကျွန်မျိုးထဲ ပါပြီလို့ပြောသည်။ ရွှေတိဂုံဘုရားစောင်းတန်းမှာ ပန်းတကြော်ကြော် အော်လို့ ရောင်းဟန်ပင် မြင်သည် ဆိုကြသည်။ သို့သော် တကယ်မှာ သူတို့သည် ခြံမြေကိုရောင်း၍ ပိုက်ဆံဖြစ် ပိုက်ဆံက ဘာမှမဖြစ်တော့ဘဲ ကုန်သည်။ တစ်နေ့၌ ရွှေတိဂုံဘုရား၏ များစွာသော ခြင်္သေ့ရုပ်တရုပ်၏ တင်ပါးနားမှာ ...

နှင့်ဦးဖိုးထူးသားချစ်နိုင်ကအိပ်မက်ပေး၍ ခဏခဏချဲပေါက်၊ထီပေါက်လာသည်။ ” ကိုဖိုးထူး ညကအိပ်မက်ထဲမှာကျွန်မနားကို တစ်နှစ်အရွယ်ဖြူဖြူတုတ်တုတ်ပါးဖောင်းဖောင်းလေးနဲ့ယောကျာ်းလေးတစ်ယောက်လာတယ်။သူကကျွန်မကိုလည်း အမေလို့ခေါ်တယ်။အမေ ၁၂၃ထိုးနော်တဲ့ပြောပြီးပြုံးပြနေတယ်” ”ဟုတ်သည်ရှိ၊မဟုတ်သည်ရှိ တစ်ထောင်ဖိုးလောက် စမ်းထိုးကြည့်ရမယ်ကံပွင့်…မင်းအစ်မဟေမာပြောတဲ့လူခြောက်ကလေးကလည်းတို့တွေကိုအခုချိန်ထိအကျိုးမပေးသေးဘူး…၊တကယ်ကောအသက်ရှိပါ့မလားမသိဘူး မွေးတာမွေးထားရတာ” ”ဟုတ်တယ် ကျွန်မလည်းအဲ့ဒါပဲပြောချင်နေတာ ၊ဒီအတိုင်းကြီးထားမဲ့အစားသူ့ကိုမြေမြုပ်ပေး လိုက်ရမလားစဥ်းစားနေတာ” ”တစ်လနှစ်လလောက်စောင့်ကြည့်ပြီး အခြေနေမထူးလာရင်သူ့အတွက်လုပ် ပေးသင့်တာလုပ်ပေးကြတာပေါ့”နေခင်းဘက်တွင် လင်မယားနှစ်ယောက်သားချစ်နိုင်ကို အကြောင်းတွေပြောခဲ့ကြသည်။ ”သားမြင့်နိုင်အိပ်သွားပြီလား မိန်းမ ”အင်းအိပ်သွားပြီအခုမှနို့ဝလို့အိပ်သွားတာ ။အိပ်ချင်နေတာကိုမအိပ်ပဲဂျီကျနေတာပေပြီး” ”အင်းပါသားအိပ်တုန်း မိန်းမလည်းအိပ်ရတာ အိပ်တော့အိပ်တော့မိန်းမ ”ဘေးတွင်သမီးရှင်းသန့်ကလည်းအိပ်ပျော်နေပြီမို့ ဦးဖိုးထူးကလေးတွေခြင်ကိုက်မှာစိုး၍ခြင်ထောင်ကိုသေချာထောင်လိုက်၏။ ဒေါ်ကံပွင့် နေ့ခင်းဘက်လည်းသားသည် အမေမို့ကောင်းကောင်းမနားရပေ။ထိုကြောင့်ကလေးတွေ အိပ်သည်နှင့်တခါတည်းအတူလိုက်အိပ်သည်။ ”အမေ အဖေကသားကို ကျတော့ဂရုမစိုက်ဘူး၊မမနဲ့အစ်ကိုကိုပဲဂရုစိုက်ပြီးခြင်တောင်ထောင်ပေးတယ်။သားတစ်ကိုယ်လုံးခြင် ကိုက်ရာတွေချည်းပဲ၊သားကိုမြေမြုပ်ဖို့လဲနေ့လည်က အဖေနဲ့အမေပြောနေသံသားကြားတယ်။ သားကအမေနဲ့အဖေတို့ရဲ့သားချစ်နိုင်ပါ…. ...

လွယ်အိတ်တစ်လုံး ပါတယ်ကွ။ လွယ်အိတ်ဆိုပေမယ့် ငါလွယ်ထားတာက ပိတ်အိတ်ကြီးကွ။ဆရာကြီး အဝတ်အစားတစ်စုံနဲ့ ငါ့အဝတ်တစ်စုံ ပါတယ်။စားဖို့ သောက်ဖို့တွေလည်း ပါတယ်ကွ ။ တို့ဆရာတပည့်နှစ်ယောက် လှည်းလမ်းကြောင်းအတိုင်း လျှောက်လာကြတာဟေ့ ယာခင်းထဲမှာ စိုက်ထားတဲ့ ထန်းတောထဲလေး အောက်လည်းရောက်ရော ဆရာကြီးက တုန့်ကနဲ ရပ်လိုက်တယ် ။ ငါလည်း ရပ်ရတာပေါ့ကွာ “ဝီ ဝီ ဝီ ဝီ” ယင်ကောင်ကွ။ မဲမဲကျားကျားကြီး။ခေါင်းနီနီကြီးနဲ့ ဆရာကြီး မျက်နှာနားမှာ ပတ်ပြီး ပျံနေတာ။ “ဝီ ဝီ ဝီ ဝီ” ဆရာကြီးက သူ့ခေါင်းမှာ ...

ဖြစ်နေတာ”     “မင်း အထင် ပေတူး အဖေ ကိုသန်းလှိုင်က ဖုတ်ဝင်နေတယ်လို့ ပြောချင်တာလား “     “ဟုတ်တယ် အဘ”     “အဲ့တာ တခုတည်းတော့ ဖုတ်ဝင်နေတဲ့သူလို့ တပ်အပ်ပြောလို့မရဘူး ‌မင်းက သေချာ သက်သေ မပြနိုင်ရင်  ကာယကံ ရှင်ရဲ့ မိသားစုက လက်ခံနိုင်မှာ မဟုတ်ဘူး အထူးသဖြင့် မင်း သူငယ်ချင်း ပေတူးပေါ့ “     “ကျုပ်လည်း တွေးမိပါတယ် အခုလောလောဆယ် ပေတူးကို အသိမပေးသေးဘူး အဘ ကျန်တဲ့သူတွေ ...

တောသူဌေးများပင်ဖြစ်သည်။ ပိုင်ဆိုင်သော.လယ္မ်ားကို လယ်ငှားများခေါ်၍ခိုင်းစေသည်။ ခင်ချိုအစ်ကိုဖြစ်သူက ကုန်ရောင်း၊ကုန်ဝယ်ကိုသာစိတ်ဝင်စား၏။ မိခင်ကြီးက တားပါသော်လည်း မရ….၊သူ၏အလုပ်ကိုသာ လုပ်ဆောင်ဖို့ပြင်းပြလေသည်။ **************************** လလေးသည် တိမ်များအကြားဖုံးကွယ်နေ၏။ ထိုအချိန်၌ ခပ်စွာစွာ…ဟောင်လိုက်…အူလိုက်ဖြစ်နေသော ခွေးအုပ်စု၏အသံသည် ပို၍ကျယ်လောင်လာခဲ့သည်။ ခွေးအူသံတို့၏အသံကြောင့် ခင်ချို တစ်ယောက် နိုးလာခဲ့သည်။ နိုးလာရင်း ရေဆာလာသော ခံစားမှုကြောင့် ခင်ချိုရေသောက်ဖို့ထလာခဲ့၏။ သောက်ရေအိုးဆီရောက်တော့ ရေကိုအဝသောက်လိုက်သည်။ ပြတင်းတံခါးနှင့်နီးသည်မို့ ပြတင်းတံခါးနားသို့တိုးကပ်သွားပြီး ပတ်ဝန်းကျင်ကိုငေးမောမိပြန်သည်။ ခင်ချို ရှိသော အပေါ်ထပ်ပြတင်းတံခါးနေရာသည် ပတ်ဝန်းကျင်ကို ကြည့်၍မြင်သာလှသည်။ မှောင်မဲနေသော ပတ်ဝန်းကျင်ကို ခင်ချိုငေးကြည့်နေရင်း… “ဟင်…………” ခြံဝိုင်းအပြင်ဆီမှ လူရိပ်ကို ...