** ဦးခေါင်းကြီးဘဲ ပါလာတယ် **(စ/ဆုံး)

** ဦးခေါင်းကြီးဘဲ ပါလာတယ် **(စ/ဆုံး)
—————————————-
******* ဖြစ်ရပ်မှန်*******
ငါးမျှားတံလေးကိုစွဲကိုင်ပြီး ရွာပြင်ဘက်သွားနေသော တင်မျိုးက
အောင်အောင်နဲ့ အထွန်း အား လှမ်းမေးလိုက်သည်။
~ ဟေ့ကောင်တွေ ငါးမျှားသွားကြမယ်လေ…~
တင်မျိုးအမေးစကားကြောင့် ဘောလုံးကန်နေသော အောင်အောင်
အထွန်း တို့က တင်မျိုးကိုလှည့်ကြည့်လိုက်ပြီးနောက်။
~ တို့မလိုက်တော့ဘူးကွ ဘောလုံးကန်မလို့
မင်းလည်း မှောင်တော့မယ် မနက်မှတူတူသွားရအောင်
ခုဘောလုံးကန်ကြမယ်လာ…~
~ဟာ မင်းတို့မလိုက်ချင်နေကွာ မနက်က ကိုမင်းဇော်
ရွာထိပ်က အုတ်ကန်မှာမျှားတာ ငါးတွေရတာ အများကြီးပဲ…~
~ အေးကွာ ငါတို့မနက်မှလိုက်တော့မယ် ခုတော့
ဘောလုံးကန်ရတာ မဝသေးဘူး…~
ထိုသို့ ဖြင့်ပင်တင်မျိုးတယောက် ငါးမျှားတံလေးကို ထမ်းပြီးတော့
ရွာအပြင်ထွက်သွား ခဲ့ပြီဖြစ်ပါလေတော့သည်။
အောင်အောင်နှင့် အထွန်းလဲ ဘောလုံးကန်ပြီးပြီဖြစ်တာကြောင့်
ရေမိုးချိုးကာ တင်မျိုးပြန်အလာကိုစောင့်နေကြတော့သည် သူတို့က
14 15 နှစ်အရွယ် ကလေးငယ်များပင်ဖြစ်လေတော့သည်။
နေဝင်ရီတရော အချိန်လေးမှာပင် ရွာအပြင်ဆီမှ တင်မျိုးတယောက်
ခပ်သွက်သွက် ရွာအတွင်းပြေးဝင်လာတာကို မြင်လိုက်ရသောအခါ
အထွန်းက အောင်အောင်ကိုပြောလိုက်သည်။
~ ဟိုမှာ တင်မျိုးပြန်လာပြီ အောင်အောင်လာသူငါး
ဘယ်လောက်ရလဲ သွားကြည့်ရအောင်…~
တင်မျိုးဆီသို့ အောင်အောင်နှင့် အထွန်း သွားလိုက်ကြတော့သည်။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
တင်မျိုးသေပြီဟု အိပ်ယာမှနိူးနိူးခြင်းကြားလိုက်ရသော အောင်အောင်
လုံးဝ မယုံကြည်နိူင်ပါခြေ ထို့ကြောင့် မျက်နှာကိုဖြစ်သလိုသစ်ကာ
တဘက်အိမ်မှ အထွန်းဆီပြေးထွက်ခဲ့တော့ အထွန်းက အိမ်ပေါ်မှ
ဆင်းလာသည်နှင့် ဆုံသည်။
~ အထွန်း . .အထွန်း တင်မျိုးသေပြီဆို ဟုတ်လား…~
~ ဟုတ်တယ်အောင်အောင် ငါ့ကိုလည်းအမေပြောတယ်
အဲဒါ မင်းကိုခေါ်ပြီး သူ့အိမ်သွားမလို့…~
~ ဒါ…ဒါဆို မနေ့ကသူပြောတာ တကယ်ပေါ့…~
~ မသိဘူး သွားမယ်လာတင်မျိုးတို့အိမ်ကို…~
ပြောလိုက်ကြပြီး တင်မျိုးအိမ်ဆီသို့ နှစ်ယောက်သားအတူတူ
ပြေးသွားကြလေတော့သည် သူတို့နှစ်ယောက်ကိုမြင်တော့မှ
တင်မျိုးမိခင်မှာ သူ့ရင်ကိုသူထုကာ ငိုလေတော့သည်။
~ သား . .သားလေး သားသူငယ်ချင်းတွေလာနေပြီလေ
ထကြည့်ပါဦး အောင်အောင်အိမ်မှာ စာအတူတူသွားကျက်မယ်လို့
ပြောလိုက်ပါဦးသားရဲ့…~
ထိုသို့ငိုနေရင်းမှပင် အောင်အောင်နှင့်အထွန်းကိုကြည့်လိုက်ပြီး
~ သားတို့ရယ် သားတို့သူငယ်ချင်းလေ ညက
ကြောက်တယ် ကြောက်တယ်ဆိုပြီး တညလုံး
ကယောင်ကတမ်းတွေပြောတယ် ဒီမနက်စောစော
အသက်ထွက်သွားတာပဲကွယ်…~
အောင်အောင်ရော အထွန်းပါ မျက်ရည်များကျလာလေတော့သည်
အောင်အောင်က တင်ထွန်းကိုအုပ်ထားသော စောင်ကိုအသာလေး
မကြည့်လိုက်ပြီး။
~ တင်ထွန်း တို့တွေ မနေ့က မင်းပြောတာကိုမယုံခဲ့တာ
လှောင်ရယ် ရယ်ခဲ့တာ မင်းခွင့်လွတ်ပါကွာ…~
အောင်အောင်စကားကို ကြားရသောအခါ တင်မျိုး အမေ အဖေ တို့က
အောင်အောင်နှင့်အထွန်းအား အတင်းမေးကြလေတော့သည် ထိုအခါမှ
သူတို့က မနေ့ကတင်ထွန်းပြောသည်များကို ပြန်ပြောပြလေတော့သည်
±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±
အောင်အောင်နဲ့အထွန်းကို မြင်တော့ တင်မျိုးပြေးလာကာ သူတို့ကို
~ အောင်အောင် အထွန်း ငါ့ ငါးမျှားတံလေး
သွားယူပေးပါလားကွာ…~
~ ဟေ ဘယ်မှာထားခဲ့လို့လဲ…~
~ အုတ်ကန်မှာ ထားပြစ်ခဲ့တာ ငါ့ပလိုင်းရော ရထားတဲ့ငါးတွေရော…
~ မင်းကဘာလို့ ပြန်ယူမလာတာလဲပြော…~
~ငါပြောပြမယ် …~
တင်မျိုးတယောက် အောင်အောင်နှင့်အထွန်းက မလိုက်ဘူးဆို၍
တယောက်ထဲ ရွာအပြင်ထွက်ခဲ့တော့ မနဲလေးပင်နေစောင်းနေပြီ
သူအုတ်ကန်ဆီ ခပ်သွက်သွက်သွားလိုက်ပြီး ငါးစာတတ်ကာ
ငါးမျှားကြိုးကိုရေထဲပစ်ချလိုက်တော့သည်။
~ ပလုတ်…ပလုတ်…ပလုတ်…~
ခဲသီးလေးက ရေပေါ်မြောက်လာလိုက်ပြန်နှစ်သွားလိုက်နှင့်တင်မျိုး
စိတ်အလိုကြအတိုင်းဖြစ်နေရသည်မဟုတ်ပါလား တင်မျိုးခဏသာ
မျှားရသေးသည် ငါးကတော်တော်ရနေပြီဖြစ်လေတော့သည် ထိုချိန်
တင်မျိုး ငါးမျှားကြိုးက တင်းကနဲဖြစ်သွားတာကြောင့် မျှားတံကို ဆွဲတင်
လိုက်သောအခါတွင်တော့ လူတကိုယ်လုံးတုန်ယင်သွားလေတော့သည်
ငါးမျှားချိပ်တွင် ငါးပါမလာပဲ လူဦးခေါင်းကြီးတလုံးသာ ပါလာပြီးနောက်
ထိုဦးခေါင်းကြီးက တင်မျိုးကိုကြည့်ကာ ပြုံးနေလေသည်။
~ အား …~
အံ့သြောမင်သက်မိနေရာမှ တင်မျိုး အသံကုန်အော်ဟစ်လိုက်ခြင်း
ဖြစ်သော်လည်း အသံက အပြင်ထွက်မလာပဲ လည်ချောင်းဝတွင်သာ
တစ်ဆို့ပျောက်ကွယ်သွားရလေတော့သည်။
~ ကောင် လေး မ နက် ဖြန် က စ ပြီး
မင်း ငါ နဲ့ လာ နေ ရ မယ်…~
တလုံးခြင်း ပီပီသသ ပြောလိုက်သော အသံသြကြီး ပေါ်ထွက်လာသည်
ထိုအခါမှ တင်မျိုးလည်း ထိတ်လန့်တကြား ငါးမျှားတံကို လွတ်ချလိုက်
လေတော့သည်။
~ ဗွမ်း…~
အုတ်ကန်လေးမှာ လိူင်းစိပ်လေးများပင် ထသွားရလေတော့သည်
ထိုအချိန်မှ တင်မျိုးလွန်စွာကြောက်လွန်းပြီး ရွာအတွင်း ပြေးဝင်ခဲ့သည်
ဖြစ်လေတော့သည်။
~ တင်မျိုး မင်းတကယ်လား လာခုပြန်သွားကြည့်မယ်…~
အထွန်းကပြောလိုက်သောအခါ တင်မျိုး အထွန်းအောင်တို့ကို
~ မင်းတို့ ယူမပေးချင်လဲနေတော့…~
ပြောကာ ထွက်ပြေးသွားသော တင်မျိုးကို ကြည့်ကာ သူတို့ရယ်မိကြ
သည်မှာ နောက်ဆုံးဖြစ်ခဲ့သည်ဆိုတာကိုသာ သိခဲ့ပါလျှင်။
~ အောင်အောင်နှင့်ကိုထွန်း တို့ပြောပြအပြီး
နားထောင်နေသူများထဲမှ လူကြီးတဦးက…~
ဒါဆိုရင်တော့ ဒီကလေးက သရဲအစားခံရတာပါပဲ မိဘတွေက
ငယ်ရွယ်နုနယ်တဲ့ ကလေးတွေကို ဘယ်ကိုသွားသွား စိတ်ချလက်ချ
တဦးထဲ မလွတ်သင့်ဘူးဆိုတာ သတိတရားရကြသင့်ပါတယ်ဟု
ပြောလိုက်သောအခါ တွင်တော့ လူအားလုံးမှာ တင်မျိုးအလောင်းကို
ကြည့်ရင်း သနားဂရုဏာ သက်စွာဖြင့်။
ရေးခဲ့ဘူးတဲ့ ဖြစ်ရပ်မှန်လေးပါ