” ဥစ္စာစွဲ၍ တိရစ္ဆာန်ဖြစ်ရသူ”(စ/ဆုံး)

Unicode Version

” ဥစ္စာစွဲ၍ တိရစ္ဆာန်ဖြစ်ရသူ”(စ/ဆုံး)
—————————————–
အချို့ကား မိမိပိုင်ဥစ္စာပစ္စည်း ရွှေငွေ
ရတနာတို့ အပေါ်တွင်ပင် မဟုတ်၊
မိမိ၏ ခန္ဓာကိုယ်မှာ ဝတ်စားဆင်ယင်
သော အဝတ်အစားပေါ်မှာပင် စွဲလန်း
တပ်မက်မှု ရှိသည်။
မိမိ၏ အဝတ်အစားမှာ လှသည်။
သူတစ်ပါးထက် ပိုကောင်းသည်ဟု
လည်း ထင်တတ်သေးသည်။
မိမိပစ္စည်း သူတစ်ပါးပေးရမှာ သူတစ်ပါးယူမှာ
လည်း ကြောက်လန့်မှု ဖြစ်တတ်သည်။
ထိုသည်က အလှအပပေါ် စွဲလန်းတပ်မက်
မှုကြောင့် ဖြစ်ပေသည်။ ထိုကဲ့သို့ အဝတ်
အစားအပေါ် စွဲလန်းတပ်မက်မှုကြောင့်
တိရစ္ဆာန်ဘဝသို့ ရောက်ခဲ့ရသောအဖြစ်က
တကယ်ရှိခဲ့သည်။
ဂေါတမမြတ်စွာဘုရားရှင် လက်ထက်ဖြစ်သည်။
မိမိအတွက် လှူလိုက်သော သင်္ကန်းကိုယ်ရုံ
အပေါ်၌ အစွဲအလန်းဖြစ်ပြီး သေလွန်သည့်
အခါ တိရစ္ဆာန်မျိုး၌ သန်းသတ္တဝါအဖြစ်
ဘဝကူးပြောင်းသွားခဲ့ရသည့် တိဿမည်
သော ရဟန်းတစ်ပါးအကြောင်း ဖြစ်သည်။
သာဝတ္ထိမြို့မှာ နေထိုင်သော မိသားစုမှ
အမျိုးကောင်းသားတစ်ဦးသည် ဘုရားရှင်၏
တရားတော်ကို နာယူမှတ်သားရသည် ဖြစ်၍
ကြည်ညိုရင်းလည်း ရှိသဖြင့် ဘုရားကျောင်း
သို့လာ၍ ရဟန်းပြုလေသည်။
ရဟန်းဘွဲ့အမည်က တိဿဟူ၍ ဖြစ်သည်။
အရှင်တိဿရဟန်းသည် တရားဓမ္မနှင့်
မွေ့လျော်လာသောအခါ တောရွာဇနပုဒ်မှာ
သွားရောက်၍ တစ်ပါးတည်း ကျောင်းဆောက်
ကာ သီတင်းသုံးခဲ့သည်။
တရားအားထုတ်ခဲ့သည်။ ဝါတွင်းသုံးလ
ပတ်လုံး တရားကျင့်ကြံ ပွားများခဲ့သည်။
ဝါကျွတ်သည့်အခါ ကျေးရွာဇနပုဒ်သို့
လှည့်လည်ဆွမ်းခံကြွစဉ် တစ်ခုသော
အိမ်မှ ရှစ်တောင်မျှသော ထူထဲကြမ်း
တမ်းသည့် သင်္ကန်းလျာပုဆိုးကို လှူ
လိုက်သည်။
အရှင်တိဿလည်း သာဝတ္ထိမြို့မှာ မိမိ၏
မိသားစုရှိသဖြင့် သာဝတ္ထိသို့ ကြွသောအခါ
ထိုသင်္ကန်းလျာပုဆိုးကို ယူဆောင်၍ သွား
လေသည်။ မိမိအစ်မဖြစ်သူနှင့်တွေ့သော
အခါ အစ်မထံ၌ လျာသင်္ကန်းကို အပ်ထား
သည်။ အစ်မဖြစ်သူကလည်း သင်္ကန်းကို
ကြည့်ပြီး မောင်ဖြစ်သူ ရဟန်းသင်္ကန်းနှင့်
ဤသင်္ကန်းဘယ်လိုမှ မတင့်တယ်၊ မအပ်
စပ်၊ မိမိ၏ ကျွမ်းကျင်တတ်မြောက်သော
ရက်ကန်းအတတ်ပညာဖြင့် ထိုလျာပုဆိုး
ကို ပဲခွပ်ဖြင့် ဖြတ်ပြီး အမျှင်အမျှင်များ
ဖြစ်အောင် လုပ်ကာ ဆုံမှာ ထပ်၍
ချည်များကို ကြေအောင်ထောင်းသည်။
အကြိမ်ကြိမ်ထုထောင်းကာ ပိတ်ချည်ကို
ရစ်ဘီးဖြင့် ဗိုင်းငင်ပြီး သိမ်မွေ့နူးညံ့သော
ချည်ဖြင့် ပိတ်စကို ပြန်၍ ယက်လုပ်ပေးသည်။
မူလရှိရင်းစွဲထက် ပိုပြီး ရှည်သွားသည်။
တိဿမထေရ်လည်း သင်္ကန်းအဟောင်း
အသစ် ချုပ်လုပ်ခြင်း၌ ကျွမ်းကျင်သော
ရဟန်းတို့ကို စုံစမ်းရှာဖွေရာ၊ ကျွမ်းကျင်
သော ရဟန်းတို့ကို တွေ့သည်နှင့်
အကူအညီတောင်းခဲ့သည်။
ထိုသို့ ချုပ်လုပ်ပေးမည်ဟု ကတိရသည်နှင့်၊
သာဝတ္ထိမြို့မှာရှိသောအစ်မထံတွင်သွားကာ
အပ်နှံထားသော သင်္ကန်းလျာပုဆိုးကို တောင်း
ယူလေသည်။
အစ်မဖြစ်သူကလည်း ကိုးတောင်မျှရှိသောပိတ်
အုပ်စကို ထုတ်၍ မောင်ငယ်ရဟန်းလက်သို့
ဆက်ကပ်လှူလေသည်။
တိဿမထေရ်လည်း သင်္ကန်းကိုယူပြီး
အသေအချာ ကြည့်သည်၊ လှန်လှောသည်။
တိုင်းတာကြည့်သည်။ အပ်စဉ်က ရှစ်တောင်၊
ယခု ကိုးတောင်ဖြစ်နေသည်။ ပိတ်သားကလည်း
ကောင်းမွန်နေသည်။ သို့ကြောင့် အစ်မဖြစ်သူအား
“ကျွန်ပ် သင်္ကန်းပိတ်သည် ထူကဲ၏။
အရှည်ကား ရှစ်တောင်ရှိသည်၊ ဤပိတ်စကား
သိပ်မွေ့နူးညံ့သည် ဤပုဆိုးကား ငါ၏ပုဆိုး
မဖြစ်နိုင်၊ ဤပိတ်စသည် သင်၏ပစ္စည်းသာ
ဖြစ်ပေမည်။ ဤပုဆိုးကို ငါမယူလို ငါ၏
ပုဆိုးကြမ်းကိုသာ သွားယူပြီး ပေးပါလော့”
“ဤပိတ်စသည် အရှင်ဘုရား၏ ပိတ်စအစစ်
ဖြစ်ပေသည် တပည့်တော်မ ပစ္စည်းမဟုတ်ပါ။
အရှင်ဘုရား တပည့်တော်မကို အပ်နှံစဉ်က
ကြမ်းတမ်းသော ပုဆိုးရှစ်တောင်မျှသော
ပုဆိုးဖြစ်သည်ကား မှန်ပါသည်။ အလွန်
ကြမ်းတမ်းသော ဤပုဆိုးကိုတွေ့သဖြင့်
ကောင်းမွန်ချောမွေ့သော ပုဆိုးဖြစ်ရန်
ပြုပြင်ပေးချင်စိတ် ဖြစ်ပေါ်လာသည့်
အတွက် ပိတ်စကို တစ်ခုချင်းဖြုတ်ပြီး
ဆုံနှင့်ထောင်း ပဲခွပ်နဲ့ ခြစ်ပြီး ဗိုင်းကို
ပြန်ငင်ပါသည်၊ ချည်ငင်ပြီးသည်နှင့်
ရက်ကန်းဖြင့် ချောမွေ့သော အဝတ်
ဖြစ်ရန် ရက်လုပ်ပေးထားခြင်း ဖြစ်သည့်
အတွက် ဤသင်္ကန်းလျာပုဆိုးမှာ အရှင်
၏ ပစ္စည်းသာ ဖြစ်ပေသည်။
စိတ်သန့်သန့်ဖြင့်သာ လက်ခံပါလေ”
မိမိ၏ သင်္ကန်းကို ပြန်လည်ပြုပြင်
ထားသဖြင့် ယခုကဲ့သို့ ကောင်းမွန်
ချောမွေ့နေခြင်းဖြစ်ကြောင်း ပြောပြ
ခဲ့လေသည်။
ထိုသို့ နားလည်သဘော
ပေါက်သွားမှ တိဿမထေရ်လည်း
သင်္ကန်းလျာပုဆိုးကိုယူ၍ ကျောင်းသို့
ပြန်ပြီး ခေါ်ထားသော ရဟန်း တို့အား
သင်္ကန်းဖြစ်အောင် ဖြတ်ထုတ်ပြုပြင်ပြီး
ချုပ်ခိုင်းလေသည်။
မထေရ်၏အစ်မသည် သင်္ကန်းချုပ်ဆိုး
ပြုလုပ်ပေးကြသော ရဟန်း သာမဏေများ
အား ယာဂုဆွမ်းတို့ဖြင့် နေ့စဉ်လုပ်ကျွေး
လေသည်။ တိဿမထေရ်သည် သင်္ကန်း
ကိုကြည့်၍ တပ်မက်ခုံမင်သောစိတ် ဖြစ်
လာခဲ့သည်။
ဤသင်္ကန်းကို နောက်နေ့မနက်မှ ဝတ်တော့မည်ဟု
ကြံစည်ပြီး သင်္ကန်းကို ခေါက်သိမ်းထားလိုက်သည်။
အရှင်တိဿသည် ထိုညတွင် နေ့ခင်းက စားထား
သော အစာအာဟာရတို့ မချေဖျက်နိုင်သောကြောင့်
လေထိုးလေအောင့်ခြင်းဖြစ်ကာ လေတံစို့ဖြင့်ပျံ
လွန်တော်မူလေသည်။
အရှင်တိဿ၏ အစ်မဖြစ်သူလည်း မောင်သေသည်
ဟု ကြားသောအခါ မောင်၏ခြေရင်းသို့လာ၍
လူးလှိမ့်ကာ ငိုကြွေးလေသည်။
အရှင်တိဿမထေရ်သည် ပျံလွန်တော်မူကာနီး
၌ သင်္ကန်းအသစ်ကို တပ်မက်သော သံယောဇဉ်
က တွယ်မိနေသောကြောင့် ထိုသင်္ကန်း၌ သန်း
ဖြစ်သွားရသည်။ ရဟန်းတော်အပေါင်းတို့သည်
အရှင်တိဿမထေရ်၏ အလောင်းကို သင်္ဂြိုဟ်
ခြင်းအမှုကို ပြုလုပ်ကြသည်။
ရဟန်းကို သင်္ဂြိုဟ်သောအမှုပြုပြီး၍
မထသန္တက သေသူ၏ သင်္ကန်းကို
သံဃာတို့ ခွဲဝေယူကြရန် ဆုံးဖြတ်ပြီး
သံဃာများ ရှေ့သို့ ယူဆောင်လာကြသည်။
ထိုအချိန်သင်္ကန်းကို စွဲလန်း၍ တိဿတစ်ဖြစ်လဲ
ဖြစ်နေရသော သန်းသတ္တဝါသည် ပျာယာခတ်ပြီး
ပြေးလွှားအော်ဟစ်နေတော့သည်။
“ဤရဟန်းအပေါင်းတို့သည် ငါ၏
ဥစ္စာကို လုယက်ဖျက်စီးကြကုန်တော့
မည်။ ငါ့ပစ္စည်းကို သူတို့ယူကြတော့မည်၊
ဘယ်သို့ ကြံရပါမည်နည်း”
ဟစ်အော်မြည်တမ်း၍ သင်္ကန်းအတွင်း
ဟိုမှသည်မှ ပြေးလွှားနေတော့သည်။
ထိုအချိန် မြတ်စွာဘုရားရှင်သည်
ဂန္ဓကုဋီတိုက်တွင် သီတင်းသုံးနေသည်။
သန်း သတ္တဝါ၏ အော်ဟစ်ဆိုမြည်သံကို
ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် ကြားသိတော်
မူလေသည်။
ထိုအခါ အနီးမှာ သီတင်းသုံးနေသည့်
ညီတော်အာနန္ဒာအား ခေါ်တော်မူပြီး…
“ချစ်သား အာနန္ဒာ ရဟန်းတို့ဆီ အသင်သွားပြီး
တိဿ၏ သင်္ကန်းကို ခုနှစ်ရက်ပတ်လုံး မဝေခြမ်းဘဲ
ဤအတိုင်းထားရန် အမြန်သွားပြောကြပါလော့”
ရှင်အာနန္ဒာမထေရ်လည်း ဘုရားရှင်မိန့်ကြား
သည့်အတိုင်း အရှင်တိဿ၏ သင်္ကန်းကို
သံဃာတော်များအား လျှောက်ထားပြီး
ဤအတိုင်းသာ မဝေမခြမ်းဘဲ ထားစေသည်။
ထိုအခါ ရှင်တိဿ၏ဘဝမှ ဖြစ်ခဲ့သည့်
သန်းသတ္တဝါသည် ခုနှစ်ရက်သာ အသက်
ရှင်ခဲ့ပြီး သေဆုံးသည့်အခါ သုတိသာနတ်ပြည်၌
နတ်သားသွားဖြစ်လေသည်။
ခုနှစ်ရက်ပြည့်သည့်အခါ သံဃာတော်များသည်
ထိုသင်္ကန်းကို ကြည့်ပြီး ဝေဖန်ပြောဆိုနေကြသည်။
အချို့ရဟန်းတို့ကလည်း ထိုကဲ့သို့ ဟန့်တား
သည့်ကိစ္စကို နားမရှင်း သဘောမပေါက်သည့်
အတွက် ဘုရားရှင်ထံသို့ သွားပြီး ထိုခုနှစ်ရက်
တိတိ၊ မည်သည့်အကြောင်းကြောင့် မခွဲမဝေ
ရဘဲ ထားသည့်အကြောင်း မေးမြန်းလျှောက်
ထားလေတော့သည်။
“အရှင်ဘုရား အရင့်အရင် သံဃာများ
အသက်ဆုံးပါးသွားသည်နှင့် သူတို့၏
အသုံးအဆောင် သပိတ်သင်္ကန်းမှ
အစ လိုအပ်သော ရဟန်းတို့အား
ခွဲဝေမြဲဖြစ်ပါသည်၊ ယခု အရှင်တိဿ
၏ အသုံးအဆောင် သပိတ်သင်္ကန်းတို့
အား ခွဲဝေခြင်းမပြုဘဲ ခုနှစ်ရက်သိမ်း
ထားပြီးမှ ခွဲဝေရခြင်းအတွက် တပည့်
တော်တို့ နားမလည်သဘောမပေါက်
ကြပါ …အရှင်မြတ်ဘုရား တပည့်တော်
တို့အား ရှင်းပြပေးစေလိုပါသည်ဘုရား”
“ချစ်သားရဟန်းတို့ တိဿရဟန်းသည်
မိမိ၏သင်္ကန်းအသစ်ကို စွဲလန်းမိ၍
သင်္ကန်းတွင်း၌ သန်းငယ်သတ္တဝါအဖြစ်
ဖြစ်တည်နေခဲ့သည်၊ ချစ်သား ရဟန်း
တို့သည် ဤရဟန်းကို ခွဲခြားယူဆောင်
ကြသည်ရှိသော် ဤရဟန်းတို့သည်
ငါ၏ဥစ္စာကို လုယူဖျက်ဆီးကုန်ဘိသည်
ဟု ဟစ်အော်မြည်တမ်းလျက် ဟိုမှ
သည်မှ ပြေးလွှားနေ၏။ ထိုသန်းငယ်
သည် သင်ရဟန်းတို့ သင်္ကန်းကို
ယူသည်ရှိပါက အသင်ချစ်သား
ရဟန်းတို့အား စိတ်နှင့်ပြစ်မှားခဲ့
သည် ရှိသော် ထိုသန်းဘဝမှနေ၍
ငရဲသို့ လားရပေလိမ့်မည်၊
သို့ကြောင့် ငါဘုရားသည် သင်္ကန်းကို
မခွဲဝေမယူဆောင်နိုင်စေရန်အတွက်
လာရောက်တားမြစ်ခိုင်းရခြင်းဖြစ်ပေသည်၊
ယခုအခါ တိဿကိုယ်တော်သည် သန်း
ဘဝမှ သေဆုံးသွားပြီ ဖြစ်ကာ သုတိတာ
နတ်ပြည်သို့ စံမြန်းရောက်ရှိခဲ့ပေပြီ။
ထိုအတွက်ကြောင့် ယခုငါဘုရားသည်
သင်ရဟန်းတို့အား တိဿ၏ သင်္ကန်း
တို့ကို ခွဲဝေယူဆောင်ရန် ခွင့်ပြုတော်
မူသည်”
ဟူ၍ မိန့်ကြားတော်မူလေသည်။
“ဘုန်းတော်ကြီးမြတ်တော်မူသော
မြတ်စွာဘုရား ဤတပ်မက်သော
တဏှာမည်သည် ဝန်လေးလှပါသည်ဘုရား”
” သေခါနီးကာလ ဘဝကူးချိန်တွင်
အလွန်မြန်ဆန်သည့်အတွက် အာသန္နကံ
အဆုံးအဖြတ်သည် လူ၊ ပစ္စည်း၊ ဥစ္စာ
အစွဲအလန်းတို့ကြောင့် တစ္ဆေ၊ သရဲ၊
ပြိတ္တာဘဝသို့ ရောက်ရှိသည် ။
ထိုကံ၏ အဆုံးအဖြတ်သာ ဖြစ်ပေသည်
စွဲလန်းမှု တဏှာကြောင့် သတ္တဝါမှန်သမျှ
ငရဲကိုလည်း ဖြစ်စေသည်၊ ပျက်စီးခြင်းသို့
လည်း ရောက်စေသည်။ ကြောက်မက်ဖွယ်
တဏှာနှင့် သံယောဇဉ်စွဲလန်းမှုကို ရှောင်
ရှားနိုင်သူသာလျှင် သုဂတိဘဝသို့ တက်
လှမ်းရောက်ရှိနိုင်မည်”
ဟူ၍ ဟောပြတော်မူခဲ့ပါလေသည်။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)
ဝိပါတ်ကြမ္မာမလွတ်သာနှင့်
ဝဋ်ကြွေးကြောင့် ခံစားရသူများ
စာအုပ်မှ ကောက်နုတ်တင်ပြထားသည်

Zawgyi Version

” ဥစၥာစြဲ၍ တိရစာၦန္ျဖစ္ရသူ”(စ/ဆုံး)
—————————————–
အခ်ိဳ႕ကား မိမိပိုင္ဥစၥာပစၥည္း ေ႐ႊေငြ
ရတနာတို႔ အေပၚတြင္ပင္ မဟုတ္၊
မိမိ၏ ခႏၶာကိုယ္မွာ ဝတ္စားဆင္ယင္
ေသာ အဝတ္အစားေပၚမွာပင္ စြဲလန္း
တပ္မက္မႈ ရွိသည္။
မိမိ၏ အဝတ္အစားမွာ လွသည္။
သူတစ္ပါးထက္ ပိုေကာင္းသည္ဟု
လည္း ထင္တတ္ေသးသည္။
မိမိပစၥည္း သူတစ္ပါးေပးရမွာ သူတစ္ပါးယူမွာ
လည္း ေၾကာက္လန႔္မႈ ျဖစ္တတ္သည္။
ထိုသည္က အလွအပေပၚ စြဲလန္းတပ္မက္
မႈေၾကာင့္ ျဖစ္ေပသည္။ ထိုကဲ့သို႔ အဝတ္
အစားအေပၚ စြဲလန္းတပ္မက္မႈေၾကာင့္
တိရစာၦန္ဘဝသို႔ ေရာက္ခဲ့ရေသာအျဖစ္က
တကယ္ရွိခဲ့သည္။
ေဂါတမျမတ္စြာဘုရားရွင္ လက္ထက္ျဖစ္သည္။
မိမိအတြက္ လႉလိုက္ေသာ သကၤန္းကိုယ္႐ုံ
အေပၚ၌ အစြဲအလန္းျဖစ္ၿပီး ေသလြန္သည့္
အခါ တိရစာၦန္မ်ိဳး၌ သန္းသတၱဝါအျဖစ္
ဘဝကူးေျပာင္းသြားခဲ့ရသည့္ တိႆမည္
ေသာ ရဟန္းတစ္ပါးအေၾကာင္း ျဖစ္သည္။
သာဝတၳိၿမိဳ႕မွာ ေနထိုင္ေသာ မိသားစုမွ
အမ်ိဳးေကာင္းသားတစ္ဦးသည္ ဘုရားရွင္၏
တရားေတာ္ကို နာယူမွတ္သားရသည္ ျဖစ္၍
ၾကည္ညိဳရင္းလည္း ရွိသျဖင့္ ဘုရားေက်ာင္း
သို႔လာ၍ ရဟန္းျပဳေလသည္။
ရဟန္းဘြဲ႕အမည္က တိႆဟူ၍ ျဖစ္သည္။
အရွင္တိႆရဟန္းသည္ တရားဓမၼႏွင့္
ေမြ႕ေလ်ာ္လာေသာအခါ ေတာ႐ြာဇနပုဒ္မွာ
သြားေရာက္၍ တစ္ပါးတည္း ေက်ာင္းေဆာက္
ကာ သီတင္းသုံးခဲ့သည္။
တရားအားထုတ္ခဲ့သည္။ ဝါတြင္းသုံးလ
ပတ္လုံး တရားက်င့္ႀကံ ပြားမ်ားခဲ့သည္။
ဝါကြၽတ္သည့္အခါ ေက်း႐ြာဇနပုဒ္သို႔
လွည့္လည္ဆြမ္းခံႂကြစဥ္ တစ္ခုေသာ
အိမ္မွ ရွစ္ေတာင္မွ်ေသာ ထူထဲၾကမ္း
တမ္းသည့္ သကၤန္းလ်ာပုဆိုးကို လႉ
လိုက္သည္။
အရွင္တိႆလည္း သာဝတၳိၿမိဳ႕မွာ မိမိ၏
မိသားစုရွိသျဖင့္ သာဝတၳိသို႔ ႂကြေသာအခါ
ထိုသကၤန္းလ်ာပုဆိုးကို ယူေဆာင္၍ သြား
ေလသည္။ မိမိအစ္မျဖစ္သူႏွင့္ေတြ႕ေသာ
အခါ အစ္မထံ၌ လ်ာသကၤန္းကို အပ္ထား
သည္။ အစ္မျဖစ္သူကလည္း သကၤန္းကို
ၾကည့္ၿပီး ေမာင္ျဖစ္သူ ရဟန္းသကၤန္းႏွင့္
ဤသကၤန္းဘယ္လိုမွ မတင့္တယ္၊ မအပ္
စပ္၊ မိမိ၏ ကြၽမ္းက်င္တတ္ေျမာက္ေသာ
ရက္ကန္းအတတ္ပညာျဖင့္ ထိုလ်ာပုဆိုး
ကို ပဲခြပ္ျဖင့္ ျဖတ္ၿပီး အမွ်င္အမွ်င္မ်ား
ျဖစ္ေအာင္ လုပ္ကာ ဆုံမွာ ထပ္၍
ခ်ည္မ်ားကို ေၾကေအာင္ေထာင္းသည္။
အႀကိမ္ႀကိမ္ထုေထာင္းကာ ပိတ္ခ်ည္ကို
ရစ္ဘီးျဖင့္ ဗိုင္းငင္ၿပီး သိမ္ေမြ႕ႏူးညံ့ေသာ
ခ်ည္ျဖင့္ ပိတ္စကို ျပန္၍ ယက္လုပ္ေပးသည္။
မူလရွိရင္းစြဲထက္ ပိုၿပီး ရွည္သြားသည္။
တိႆမေထရ္လည္း သကၤန္းအေဟာင္း
အသစ္ ခ်ဳပ္လုပ္ျခင္း၌ ကြၽမ္းက်င္ေသာ
ရဟန္းတို႔ကို စုံစမ္းရွာေဖြရာ၊ ကြၽမ္းက်င္
ေသာ ရဟန္းတို႔ကို ေတြ႕သည္ႏွင့္
အကူအညီေတာင္းခဲ့သည္။
ထိုသို႔ ခ်ဳပ္လုပ္ေပးမည္ဟု ကတိရသည္ႏွင့္၊
သာဝတၳိၿမိဳ႕မွာရွိေသာအစ္မထံတြင္သြားကာ
အပ္ႏွံထားေသာ သကၤန္းလ်ာပုဆိုးကို ေတာင္း
ယူေလသည္။
အစ္မျဖစ္သူကလည္း ကိုးေတာင္မွ်ရွိေသာပိတ္
အုပ္စကို ထုတ္၍ ေမာင္ငယ္ရဟန္းလက္သို႔
ဆက္ကပ္လႉေလသည္။
တိႆမေထရ္လည္း သကၤန္းကိုယူၿပီး
အေသအခ်ာ ၾကည့္သည္၊ လွန္ေလွာသည္။
တိုင္းတာၾကည့္သည္။ အပ္စဥ္က ရွစ္ေတာင္၊
ယခု ကိုးေတာင္ျဖစ္ေနသည္။ ပိတ္သားကလည္း
ေကာင္းမြန္ေနသည္။ သို႔ေၾကာင့္ အစ္မျဖစ္သူအား
“ကြၽန္ပ္ သကၤန္းပိတ္သည္ ထူကဲ၏။
အရွည္ကား ရွစ္ေတာင္ရွိသည္၊ ဤပိတ္စကား
သိပ္ေမြ႕ႏူးညံ့သည္ ဤပုဆိုးကား ငါ၏ပုဆိုး
မျဖစ္ႏိုင္၊ ဤပိတ္စသည္ သင္၏ပစၥည္းသာ
ျဖစ္ေပမည္။ ဤပုဆိုးကို ငါမယူလို ငါ၏
ပုဆိုးၾကမ္းကိုသာ သြားယူၿပီး ေပးပါေလာ့”
“ဤပိတ္စသည္ အရွင္ဘုရား၏ ပိတ္စအစစ္
ျဖစ္ေပသည္ တပည့္ေတာ္မ ပစၥည္းမဟုတ္ပါ။
အရွင္ဘုရား တပည့္ေတာ္မကို အပ္ႏွံစဥ္က
ၾကမ္းတမ္းေသာ ပုဆိုးရွစ္ေတာင္မွ်ေသာ
ပုဆိုးျဖစ္သည္ကား မွန္ပါသည္။ အလြန္
ၾကမ္းတမ္းေသာ ဤပုဆိုးကိုေတြ႕သျဖင့္
ေကာင္းမြန္ေခ်ာေမြ႕ေသာ ပုဆိုးျဖစ္ရန္
ျပဳျပင္ေပးခ်င္စိတ္ ျဖစ္ေပၚလာသည့္
အတြက္ ပိတ္စကို တစ္ခုခ်င္းျဖဳတ္ၿပီး
ဆုံႏွင့္ေထာင္း ပဲခြပ္နဲ႔ ျခစ္ၿပီး ဗိုင္းကို
ျပန္ငင္ပါသည္၊ ခ်ည္ငင္ၿပီးသည္ႏွင့္
ရက္ကန္းျဖင့္ ေခ်ာေမြ႕ေသာ အဝတ္
ျဖစ္ရန္ ရက္လုပ္ေပးထားျခင္း ျဖစ္သည့္
အတြက္ ဤသကၤန္းလ်ာပုဆိုးမွာ အရွင္
၏ ပစၥည္းသာ ျဖစ္ေပသည္။
စိတ္သန႔္သန႔္ျဖင့္သာ လက္ခံပါေလ”
မိမိ၏ သကၤန္းကို ျပန္လည္ျပဳျပင္
ထားသျဖင့္ ယခုကဲ့သို႔ ေကာင္းမြန္
ေခ်ာေမြ႕ေနျခင္းျဖစ္ေၾကာင္း ေျပာျပ
ခဲ့ေလသည္။
ထိုသို႔ နားလည္သေဘာ
ေပါက္သြားမွ တိႆမေထရ္လည္း
သကၤန္းလ်ာပုဆိုးကိုယူ၍ ေက်ာင္းသို႔
ျပန္ၿပီး ေခၚထားေသာ ရဟန္း တို႔အား
သကၤန္းျဖစ္ေအာင္ ျဖတ္ထုတ္ျပဳျပင္ၿပီး
ခ်ဳပ္ခိုင္းေလသည္။
မေထရ္၏အစ္မသည္ သကၤန္းခ်ဳပ္ဆိုး
ျပဳလုပ္ေပးၾကေသာ ရဟန္း သာမေဏမ်ား
အား ယာဂုဆြမ္းတို႔ျဖင့္ ေန႔စဥ္လုပ္ေကြၽး
ေလသည္။ တိႆမေထရ္သည္ သကၤန္း
ကိုၾကည့္၍ တပ္မက္ခုံမင္ေသာစိတ္ ျဖစ္
လာခဲ့သည္။
ဤသကၤန္းကို ေနာက္ေန႔မနက္မွ ဝတ္ေတာ့မည္ဟု
ႀကံစည္ၿပီး သကၤန္းကို ေခါက္သိမ္းထားလိုက္သည္။
အရွင္တိႆသည္ ထိုညတြင္ ေန႔ခင္းက စားထား
ေသာ အစာအာဟာရတို႔ မေခ်ဖ်က္ႏိုင္ေသာေၾကာင့္
ေလထိုးေလေအာင့္ျခင္းျဖစ္ကာ ေလတံစို႔ျဖင့္ပ်ံ
လြန္ေတာ္မူေလသည္။
အရွင္တိႆ၏ အစ္မျဖစ္သူလည္း ေမာင္ေသသည္
ဟု ၾကားေသာအခါ ေမာင္၏ေျခရင္းသို႔လာ၍
လူးလွိမ့္ကာ ငိုေႂကြးေလသည္။
အရွင္တိႆမေထရ္သည္ ပ်ံလြန္ေတာ္မူကာနီး
၌ သကၤန္းအသစ္ကို တပ္မက္ေသာ သံေယာဇဥ္
က တြယ္မိေနေသာေၾကာင့္ ထိုသကၤန္း၌ သန္း
ျဖစ္သြားရသည္။ ရဟန္းေတာ္အေပါင္းတို႔သည္
အရွင္တိႆမေထရ္၏ အေလာင္းကို သၿဂႋဳဟ္
ျခင္းအမႈကို ျပဳလုပ္ၾကသည္။
ရဟန္းကို သၿဂႋဳဟ္ေသာအမႈျပဳၿပီး၍
မထသႏၲက ေသသူ၏ သကၤန္းကို
သံဃာတို႔ ခြဲေဝယူၾကရန္ ဆုံးျဖတ္ၿပီး
သံဃာမ်ား ေရွ႕သို႔ ယူေဆာင္လာၾကသည္။
ထိုအခ်ိန္သကၤန္းကို စြဲလန္း၍ တိႆတစ္ျဖစ္လဲ
ျဖစ္ေနရေသာ သန္းသတၱဝါသည္ ပ်ာယာခတ္ၿပီး
ေျပးလႊားေအာ္ဟစ္ေနေတာ့သည္။
“ဤရဟန္းအေပါင္းတို႔သည္ ငါ၏
ဥစၥာကို လုယက္ဖ်က္စီးၾကကုန္ေတာ့
မည္။ ငါ့ပစၥည္းကို သူတို႔ယူၾကေတာ့မည္၊
ဘယ္သို႔ ႀကံရပါမည္နည္း”
ဟစ္ေအာ္ျမည္တမ္း၍ သကၤန္းအတြင္း
ဟိုမွသည္မွ ေျပးလႊားေနေတာ့သည္။
ထိုအခ်ိန္ ျမတ္စြာဘုရားရွင္သည္
ဂႏၶကုဋီတိုက္တြင္ သီတင္းသုံးေနသည္။
သန္း သတၱဝါ၏ ေအာ္ဟစ္ဆိုျမည္သံကို
ဒိဗၺေသာတ အဘိညာဥ္ျဖင့္ ၾကားသိေတာ္
မူေလသည္။
ထိုအခါ အနီးမွာ သီတင္းသုံးေနသည့္
ညီေတာ္အာနႏၵာအား ေခၚေတာ္မူၿပီး…
“ခ်စ္သား အာနႏၵာ ရဟန္းတို႔ဆီ အသင္သြားၿပီး
တိႆ၏ သကၤန္းကို ခုႏွစ္ရက္ပတ္လုံး မေဝျခမ္းဘဲ
ဤအတိုင္းထားရန္ အျမန္သြားေျပာၾကပါေလာ့”
ရွင္အာနႏၵာမေထရ္လည္း ဘုရားရွင္မိန႔္ၾကား
သည့္အတိုင္း အရွင္တိႆ၏ သကၤန္းကို
သံဃာေတာ္မ်ားအား ေလွ်ာက္ထားၿပီး
ဤအတိုင္းသာ မေဝမျခမ္းဘဲ ထားေစသည္။
ထိုအခါ ရွင္တိႆ၏ဘဝမွ ျဖစ္ခဲ့သည့္
သန္းသတၱဝါသည္ ခုႏွစ္ရက္သာ အသက္
ရွင္ခဲ့ၿပီး ေသဆုံးသည့္အခါ သုတိသာနတ္ျပည္၌
နတ္သားသြားျဖစ္ေလသည္။
ခုႏွစ္ရက္ျပည့္သည့္အခါ သံဃာေတာ္မ်ားသည္
ထိုသကၤန္းကို ၾကည့္ၿပီး ေဝဖန္ေျပာဆိုေနၾကသည္။
အခ်ိဳ႕ရဟန္းတို႔ကလည္း ထိုကဲ့သို႔ ဟန႔္တား
သည့္ကိစၥကို နားမရွင္း သေဘာမေပါက္သည့္
အတြက္ ဘုရားရွင္ထံသို႔ သြားၿပီး ထိုခုႏွစ္ရက္
တိတိ၊ မည္သည့္အေၾကာင္းေၾကာင့္ မခြဲမေဝ
ရဘဲ ထားသည့္အေၾကာင္း ေမးျမန္းေလွ်ာက္
ထားေလေတာ့သည္။
“အရွင္ဘုရား အရင့္အရင္ သံဃာမ်ား
အသက္ဆုံးပါးသြားသည္ႏွင့္ သူတို႔၏
အသုံးအေဆာင္ သပိတ္သကၤန္းမွ
အစ လိုအပ္ေသာ ရဟန္းတို႔အား
ခြဲေဝၿမဲျဖစ္ပါသည္၊ ယခု အရွင္တိႆ
၏ အသုံးအေဆာင္ သပိတ္သကၤန္းတို႔
အား ခြဲေဝျခင္းမျပဳဘဲ ခုႏွစ္ရက္သိမ္း
ထားၿပီးမွ ခြဲေဝရျခင္းအတြက္ တပည့္
ေတာ္တို႔ နားမလည္သေဘာမေပါက္
ၾကပါ …အရွင္ျမတ္ဘုရား တပည့္ေတာ္
တို႔အား ရွင္းျပေပးေစလိုပါသည္ဘုရား”
“ခ်စ္သားရဟန္းတို႔ တိႆရဟန္းသည္
မိမိ၏သကၤန္းအသစ္ကို စြဲလန္းမိ၍
သကၤန္းတြင္း၌ သန္းငယ္သတၱဝါအျဖစ္
ျဖစ္တည္ေနခဲ့သည္၊ ခ်စ္သား ရဟန္း
တို႔သည္ ဤရဟန္းကို ခြဲျခားယူေဆာင္
ၾကသည္ရွိေသာ္ ဤရဟန္းတို႔သည္
ငါ၏ဥစၥာကို လုယူဖ်က္ဆီးကုန္ဘိသည္
ဟု ဟစ္ေအာ္ျမည္တမ္းလ်က္ ဟိုမွ
သည္မွ ေျပးလႊားေန၏။ ထိုသန္းငယ္
သည္ သင္ရဟန္းတို႔ သကၤန္းကို
ယူသည္ရွိပါက အသင္ခ်စ္သား
ရဟန္းတို႔အား စိတ္ႏွင့္ျပစ္မွားခဲ့
သည္ ရွိေသာ္ ထိုသန္းဘဝမွေန၍
ငရဲသို႔ လားရေပလိမ့္မည္၊
သို႔ေၾကာင့္ ငါဘုရားသည္ သကၤန္းကို
မခြဲေဝမယူေဆာင္ႏိုင္ေစရန္အတြက္
လာေရာက္တားျမစ္ခိုင္းရျခင္းျဖစ္ေပသည္၊
ယခုအခါ တိႆကိုယ္ေတာ္သည္ သန္း
ဘဝမွ ေသဆုံးသြားၿပီ ျဖစ္ကာ သုတိတာ
နတ္ျပည္သို႔ စံျမန္းေရာက္ရွိခဲ့ေပၿပီ။
ထိုအတြက္ေၾကာင့္ ယခုငါဘုရားသည္
သင္ရဟန္းတို႔အား တိႆ၏ သကၤန္း
တို႔ကို ခြဲေဝယူေဆာင္ရန္ ခြင့္ျပဳေတာ္
မူသည္”
ဟူ၍ မိန႔္ၾကားေတာ္မူေလသည္။
“ဘုန္းေတာ္ႀကီးျမတ္ေတာ္မူေသာ
ျမတ္စြာဘုရား ဤတပ္မက္ေသာ
တဏွာမည္သည္ ဝန္ေလးလွပါသည္ဘုရား”
” ေသခါနီးကာလ ဘဝကူးခ်ိန္တြင္
အလြန္ျမန္ဆန္သည့္အတြက္ အာသႏၷကံ
အဆုံးအျဖတ္သည္ လူ၊ ပစၥည္း၊ ဥစၥာ
အစြဲအလန္းတို႔ေၾကာင့္ တေစၦ၊ သရဲ၊
ၿပိတၱာဘဝသို႔ ေရာက္ရွိသည္ ။
ထိုကံ၏ အဆုံးအျဖတ္သာ ျဖစ္ေပသည္
စြဲလန္းမႈ တဏွာေၾကာင့္ သတၱဝါမွန္သမွ်
ငရဲကိုလည္း ျဖစ္ေစသည္၊ ပ်က္စီးျခင္းသို႔
လည္း ေရာက္ေစသည္။ ေၾကာက္မက္ဖြယ္
တဏွာႏွင့္ သံေယာဇဥ္စြဲလန္းမႈကို ေရွာင္
ရွားႏိုင္သူသာလွ်င္ သုဂတိဘဝသို႔ တက္
လွမ္းေရာက္ရွိႏိုင္မည္”
ဟူ၍ ေဟာျပေတာ္မူခဲ့ပါေလသည္။
ၿပီးပါၿပီ
မူရင္းေရးသူ ဆရာ ဧကန္မင္း
စာဖတ္သူကို ကူးယူေဝမွ်သူ လက္ခ(ေ႐ႊေပါက္ကံ)
ဝိပါတ္ၾကမၼာမလြတ္သာႏွင့္
ဝဋ္ေႂကြးေၾကာင့္ ခံစားရသူမ်ား
စာအုပ္မွ ေကာက္ႏုတ္တင္ျပထားသည္