“အစိမ်းသေသရဲ၅ကောင်”(စ-ဆုံး)

Unicode Version

“အစိမ်းသေသရဲ၅ကောင်”(စ-ဆုံး)
—————————————
“အမေ သားသွားတော့မယ်”

“အေး သား ဆိုင်ကယ်ကိုဖြည်းဖြည်းစီးနော်”

“ဟုတ်ကဲ့ အမေ မသွားခင် အမေ့ကို ကန်တော့ပါရစေ”

“သာဓု သာဓု သာဓုပါ အမေ့သားလေး
သွားလေရာလာလေရာ အန္တရာယ်ကင်းလို့
ဘေးရှင်းပါစေကွယ် ”

“ပေးတဲ့ဆုနဲ့ပြည့်ပါရစေ ဒါဆို
သားသွားပြီ အမေ စိတ်ချနော်”

စိုးသူအောင်လည်းမိခင်ဖြစ်သူဒေါ်မာကြည်အား
နှုတ်ဆက်ကာ ဆိုင်ကယ်မောင်း၍ထွက်လာခဲ့သည်
သူဒီနေ့ အလုပ်ကိစ္စဖြင့် တခြားမြို့ နယ်လေးအား
သွားရမည်ဖြစ်သောကြောင့် မိခင်ဖြစ်သူဒေါ်မာကြည်ကစိတ်မချဖြစ်နေခြင်းပင်
ဖြစ်သည်။

တန် …တန်…တံ…ဒန်…

ဆိုင်ကယ်စီးရင်း ဖုန်းသံမြည်လာ၍ ကြည့်လိုက်ရာ
သူငယ်ချင်းဖြစ်သူမှလှမ်းခေါ်နေခြင်းပင်

“ဟဲလို ”

“စိုးသူအောင် မင်းထွက်လာပြီလား ”

“အေး ငါထွက်လာပြီ သူငယ်ချင်း ”

“လာကြိုရဦးမလား ”

“ဟာရတယ် ငါ့ဘာသာငါဘဲ လာခဲ့တော့မယ်စိတ်ချ

“အေးကွာ ဒါဆိုလည်း ငါတို့ဆီလာရင်
ထန်းနှစ်ပင်ရွာလမ်းက မ

“တီ တီ ဝူး ကျီ ”

ဖုန်းပြောနေစဉ်ဘေးနားရှိ ကုန်ကားကြီးတစ်စင်းမှ
ဟွန်းတီးပြီးဘရိတ်ဆွဲသံကြီးကြောင့်
စိုးသူအောင်တစ်ဖက်မှ သူငယ်ချင်းပြောသည့်
စကားအားမကြားလိုက်ပေ။

“ဟာ ဒီကောင် စိုးသူအောင် စကားကိုဆုံးအောင် နားမထောင်ဘူး ဖုန်းချသွားပြီ

“ပြန်ဆက်လိုက်လေ သားရဲ့

“နေပါစေ မဆက်တော့ပါဘူး ဒီကောင်မိုးမချုပ်ခင်ရောက်လာမှာပါ
မိုးချုပ်ရင်တော့ ထန်းနှစ်ပင်ရွာလမ်းက မဖြတ်မိပါစေနဲ့လို့
ဆုတောင်းရမှာပဲ”

မှန်ပါသည် လွန်ခဲ့သော တစ်လခန့်က
ထော်လာဂျီ တစ်စီးတိမ်းမှော်၍
ထန်းနှစ်ပင်ရွာလမ်းတွင် ထော်လာဂျီပိ၍
လူ၅ဦး အစိမ်းသေ သေခဲ့ရလေသည်
ထိုနောက်မှစ၍ ထန်းနှစ်ပင်ရွာလမ်းသည် အစိမ်းသေ သေသွားသောသရဲ၅ကောင်၏
ခြောက်လှန့် ခြင်းကို ညနေ နေဝင်ချိန်
သို့မဟုတ် ညအချိန်တို့တွင် ဖြတ်သွားဖြတ်လာလူအပေါင်းအားအမျိုးမျိုး
ခြောက်လန့်ကြလေသည်။

……………………

စိုးသူအောင် ဆိုင်ကယ်မောင်းရင်း နာရီကြည့်လိုက်ရာ ညနေ၄ခွဲတော့မည်ဖြစ်၍
ဆိုင်ကယ်အားအရှိန်တင်လိုက်လေသည်
ဆိုင်ကယ်လေးကတရွေ့ရွေ့ နှင့်မောင်းနှင်လာပြီး
မကြာခင်

“ဖောင်း ”

“ကျွီ ”

“ဟာ သွားပြီ ဘီးပေါက်သွားပြီ ဒုက္ခပါပဲ
ဒီနားမှာ ဆိုင်ကယ်ပြင်ဆိုင် ရှိကောင်းပါရဲ့ ”

စိုးသူအောင်တစ်ယောက်စိတ်ညစ်ညစ်နဲ့
မျက်လုံးအားကစားလိုက်ပြီး သူနဲ့မလှမ်းမကမ်းတွင်လူတစ်ဦး လမ်းလျှောက်လာ
နေသည်ကိုမြင်လိုက်၍

“ဒီလူပုံစံကြည့်ကို ဒီမြို့ ခံဖြစ်မယ်ထင်တယ်
သူ့ကိုမေးကြည့်ရင် ဆိုင်ကယ်ပြင်ဆိုင်
ဘယ်မှာရှိလဲသိနိုင်တယ်

“ဒီမှာခင်ဗျ တစ်ဆိတ်လောက်မေးပါရစေ
ဒီနားမှာ ဆိုင်ကယ်ပြင်ဆိုင်ရှိလားဗျ

“ဒီနားမှာတော့ မရှိဘူး ဒါပေမယ့်
ဒီလမ်းကနေ တည့်တည့်သွားလိုက်
တန်းတန်းသာသွား အဲ့လမ်းပေါ်မှာ
ကိုဝဏဆိုတဲ့ ဆိုင်းဘုတ်နဲ့ ဆိုင်ကယ်ပြင်ဆိုင်ရှိတယ် ညီလေး

“သြော် ဟုတ်ကဲ့ ကျေးဇူးပါ အစ်ကို

“ရပါတယ် ရတယ် ရတယ်

ထိုလူအားနှုတ်ဆက်ပြီး ဆိုင်ကယ်အားတွန်းလာခဲ့သည်
၁၅မိနစ်လောက်လမ်းလျှောက်လာပြီးမှ
ဆိုင်ကယ်ပြင်ဆိုင်အားတွေ့ရလေတော့သည်။

“အစ်ကိုတို့ ကျွန်တော့်ဆိုင်ကယ်လေး
ဘီးပေါက်သွားလို့ ကြည့်ပေးပါဦးဗျ

“အော် အေးအေးညီလေး လာပြီ လာပြီ

ဆိုင်ကယ်ပြင်ဆိုင်ရှိ အသက်၃၀နီးပါးရှိ
အစ်ကိုကြီးတစ်ယောက်ထွက်လာကာ
ဆိုင်ကယ်နောက်ဘီးအား စစ်ဆေးကြည့်လေသည်

“ဟာ ညီလေး မင်းဆိုင်ကယ်က လေလုံးကွဲသွား
တာကွ လေလုံးလဲမှရမယ်

“ဗျာ လေလုံးလဲရမယ် ဟုတ်လား
လဲမှဖြစ်မှာဆိုတော့လည်း လဲပေးလိုက်ပါ အစ်ကို
ကျွန်တော်သွားစရာရှိသေးလို့
မြန်မြန်လေးလုပ်ပေးနိုင်မလားဗျ ”

“ရပါတယ် ၁၅မိနစ်လောက်ပါပဲ
အစ်ကို မြန်မြန်လုပ်ပေးလိုက်မယ်

စိုးသူအောင်လည်း နာရီကြည့်မိပြန်တော့
၅နာရီကျော်နေပြီ သူသွားရမယ့်နေရာက
အတော်လိုသေးသည်
ဒါကြောင့် အငြိမ်ထိုင်ပြီးမနေနိုင်ပေ
ဟိုလျှောက်လျှောက် သည်လျှောက်လျှောက်
လုပ်နေပြီး မကြာခင် ဆိုင်ကယ်ပြင်ဆင်တာ
ပြီးသွားတော့ ပိုက်ဆံရှင်းကာ
အမြန်မောင်းလာခဲ့လေသည်။

……………………

ညမှောင်လာပြီဖြစ်သည် သို့ကြောင့်
ဆိုင်ကယ်ရှေ့ မီးအားဖွင့်ပြီးစီးလာခဲ့ရာ
မကြာမီ တွင် သစ်သားဆိုင်းဘုတ်လေးဖြင့်ရေး
ထားသော “ထန်းနှစ်ပင်ရွာသို့ “စသည့်ဆိုင်းဘုတ်လေးအားမြင်လိုက်တော့
သူ့သူငယ်ချင်းသီဟပြောသည့် စကားအားအမှတ်ရလိုက်လေသည်

“သူငယ်ချင်းငါတို့ မြို့ ကိုလာလို့ ရှိရင်
ထန်းနှစ်ပင်ရွာလမ်းက အနီးဆုံးဖြတ်လမ်းပဲကွ

သီဟပြောခဲ့တုန်းအချိန်က ထော်လာဂျီမမှောက်သေးသည့်အချိန်ကပင်ဖြစ်
သည်

ထိုစကားကြောင့် သူထန်းနှစ်ပင်ရွာလမ်းဘက်သို့
မောင်းနှင်လာခဲ့လေသည်။
တောလမ်းဖြစ်သည့်အတွက် လမ်းနှစ်ဖက်တွင်
သစ်ပင်ကြီးများအုံ့ဆိုင်းနေလေသည်
ထို့ကြောင့် အမှောင်အားကြီးလွန်းလှလေသည်

စိုးသူအောင်ဆိုင်ကယ်လေးအား မောင်းနှင်လာစဉ်
သူ့ အရှေ့ခပ်လှမ်းလှမ်း၌ အသဲကွဲသေးသော
မြင်ကွင်းတစ်ခုအားမြင်လိုက်လေသည်
ထို့ကြောင့် ဘယ်လိုအရာမှန်းသိလေအောင်
မောင်းနှင်လာရင်း ထိုနေရာသို့
ရောက်လာလေသည်။

“ဟာ လူတွေပါလား ဘာဖြစ်နေကြပါလိမ့်
ကြည့်ရတာ မတော်တဆ ဖြစ်ထားကြပုံပဲ

“ညီလေး အစ်ကို တို့ကိုကူညီပါ

“အစ်ကိုတို့ ဘာဖြစ်ထားကြတာလဲဗျ

“အစ်ကို တို့က ထန်းနှစ်ပင်ရွာသားတွေပါ
လွန်ခဲ့တဲ့ နာရီပိုင်းလောက်တုန်းက
အစ်ကိုတို့ ထောလာဂျီ မှောက်သွားကြတယ်

“ဘာဖြစ်သွားကြသေးလဲဗျ

“ဘာဖြစ်သွားလဲဆိုတော့ ဒီလိုဖြစ်သွားကြတာပဲ

“ဟား …ဟား … ဟား… ”

ရုတ်တရက်ထိုလူငါးဦးသည်
ရုပ်ပျက်ဆင်းပျက် များဖြစ်လာပြီး
ကြောက်စရာကောင်းလွန်းလှသည်

တစ်ကောင်က ခေါင်းကြီးပြားနေသည်
နောက်တစ်ကောင်က ခါးအောက်ပိုင်းပြတ်ကာ
အူတွေထွက်ကျနေလေသည်

နောက်တစ်က ခါးရိုးကြီးကျိုးကာ
နောက်သို့လန်ကျနေသည်
နောက်တစ်ကောင်မှာမူ ခန္ဓာကိုယ်တစ်ခြမ်းမှာ
စိစိညက်ညက်ကြေနေသည်
နောက်ဆုံးတစ်ကောင်က ဗိုက်ကြီးပေါက်ထွက်နေလေသည်

ထိုသရဲငါးကောင်းက သူတို့ဖြစ်ပျက်ခဲ့သော
ပုံစံအားဖန်ဆင်းပြလိုက်ခြင်းပင်ဖြစ်သည်

“ဟင် အား သ …သရဲ တွေ
လာကြပါဦးဗျို့ သရဲ သရဲ

စိုးသူအောင် ဆိုင်ကယ်အားစက်နှိုးကြည့်လေသည်
သို့သော်လုံးဝမရပေ ထို့ကြောင့်
ဆိုင်ကယ်ပေါ်မှဆင်းကာ ဆိုင်ကယ်အားတွန်းပြီးပြေးလာခဲ့လေသည်
နောက်မှ သရဲများကလိုက်မလာသည်မှာ
သူ့အတွက်တော်သေးသည်။

စိုးသူအောင်ကြောက်ကြောက်နှင့်ဆိုင်ကယ်အား
တွန်းလာသည်မှာ အတော်ဝေးဝေးကိုပင်ရောက်နေလေပြီဖြစ်သည်
နောက်မှ သရဲငါးကောင်လိုက်မလာ၍
ဆိုင်ကယ်အားထောက်ကာ အမောဖြေနေလေသည်

“ဟူး တော်ပါသေးရဲ့ ဟား

သက်ပြင်းချကာဆိုင်ကယ်အား
နှိုးကြည့်လိုက်လေရာ တစ်ချက်တည်းနဲ့နိုးသွားလေသည်
ထို့ကြောင့် ဆိုင်ကယ်ပေါ်တက်ကာ
မောင်းနှင်လာခဲ့တော့သည်
မကြာခင် သူ့သူငယ်ချင်း သီဟနေအိမ်သို့
ရောက်လာတော့သည်။

………………

“သီဟ ဟေ့ကောင် သီဟ

“ဟာ သူငယ်ချင်း မိုးချုပ်လိုက်တာကွာ
ငါတို့မှာစိတ်ပူနေတာ

“စိတ်ပူတာနောက်မှ ငါ့ကိုရေ ရေလေးတစ်ခွက်လောက်အရင်ပေးစမ်းပါ

စိုးသူအောင်ပုံစံကိုကြည့်ရသည်မှာတစ်ခုခုဖြစ်လာပုံရလေသည်
သီဟလည်းဘာမှမမေးသေးဘဲ
ရေတစ်ခွက်အားခပ်ကာပေးလိုက်သည်။

“အား အခုမှပဲ အမောပြေသွားတော့တယ်

“ဒါနဲ့နေစမ်းပါဦး မင်းကြည့်ရတာ
တစ်ခုခုဖြစ်လာပုံပဲ

“အေးကွ ငါ သရဲခြောက်တာ ခံလာရတယ်

“ဘာ ”

“ဟင်”

သီဟဘေးတွင်ရှိသော သီဟ၏မိခင်လည်း
လန့်သွားလေသည်

“မဟုတ်မှလွဲရော မင်းထန်းနှစ်ပင်ရွာလမ်းက
ဖြတ်လာခဲ့တာလား

“အေး ဟုတ်တယ်ကွ ငါလည်းလမ်းမှာ
ဆိုင်ကယ်ပျက်နေတာရယ်
မင်းပြောဖူးတဲ့စကားကြောင့် ဖြတ်လမ်းကိုရွေးပြီး
လာခဲ့တာပဲ အဲ့လိုနဲ့လမ်းမှာ သရဲ၅ကောင်
ငါ့ကိုခြောက်လွှတ်လိုက်တာပဲ

“ဘယ် ဘယ်လို ခြောက်လိုက်တာလဲကွ

“ငါ့ကိုခြောက်တဲ့ပုံစံက မင်းမြင်ရင်လည်း
အတော်လန့်သွားမှာကွ သရဲတစ်ကောင်က
ခေါင်းကြီးပြားနေတယ် နောက်တစ်ကောင်က
ခါးအောက်ပိုင်းကြီးက ပြတ်ပြီးအူတွေထွက်ကျနေတာ

နောက်တစ်ကောင်က ခန္ဓာကိုယ်တစ်ခြမ်းကစိစိညက်ညက်ကြေမွနေတာ
နောက်တစ်ကောင်ကတော့ ဗိုက်ကြီးကပေါက်ထွက်နေတာ
အဲ နောက်ဆုံးတစ်ကောင်ကကြတော့
ထူးခြားတယ် ခါးရိုးကြီးကျိုးပြီးနောက်ကိုလန်ကျနေတာပဲ”

“အမလေး ဘုရား ဘုရား ကြောက်စရာကြီးပါလား”

“အင်း မင်းနေရာမှာငါသာဆို အဲ့နားလေးတင်သေနေလောက်ပြီ
မင်းကိုငါဖုန်းဆက်တုန်းက ငါပြောတာမင်းမကြားလိုက်ဘူးလား”

“ဘာကိုလဲ ကြ”

“မင်းကို ထန်းနှစ်ပင်ရွာလမ်းက မလာခဲ့နဲ့ဆိုတာ

“မကြားလိုက်ဖူးကွ အဲ့အချိန်တုန်းက
ဘေးကကုန်ကားတစ်စင်းဖြတ်သွားတာကြောင့်
ငါလည်းမကြားလိုက်ပဲ ဖုန်းချလိုက်တာ
မင်းပြောတဲ့ ထန်းနှစ်ပင်ရွာလမ်းက
သရဲကအခုလိုပဲခြောက်နေတာကြာပြီလား

“အရင်ကတော့ မခြောက်ပါဘူးကွာ
လွန်ခဲ့တဲ့ လတုန်းကမှ ထော်လာဂျီ မှောက်ပြီး
လူငါးယောက် သေသွားကြတယ်
အဲဒီနောက်ပိုင်းညအချိန်ဖြတ်သွားဖြတ်လာ
လုပ်တဲ့လူအတော်များများ အစိမ်းသေသရဲငါးကောင်ခြောက်တာခံကြရတာပဲ

“ဟုတ်တယ် လူလေးရဲ့ အန်တီ တို့လည်း
အဲဒီလမ်းကို မသွားရဲကြဘူးကွဲ့

“ကျွန်တော်လည်း အဲ့ဒီအကြောင်းတွေးမိရင်
ကြောက်လာတယ် အန်တီရေ
တော်ပြီ နောက်ကို ထန်းနှစ်ပင်လမ်းဆိုတာနဲ့
ဝေးဝေးက ရှောင်ပါတော့မည်ဗျို့ ”

ပြီးပါပြီ
စာမူလေး၌လိုအပ်ချက်တွေရှိနေပါသည်
စာဖတ်သူအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ

Zawgyi Version

“အစိမ္းေသသရဲ၅ေကာင္”(စ-ဆံုး)
—————————————
“အေမ သားသြားေတာ့မယ္”

“ေအး သား ဆိုင္ကယ္ကိုျဖည္းျဖည္းစီးေနာ္”

“ဟုတ္ကဲ့ အေမ မသြားခင္ အေမ့ကို ကန္ေတာ့ပါရေစ”

“သာဓု သာဓု သာဓုပါ အေမ့သားေလး
သြားေလရာလာေလရာ အႏၱရာယ္ကင္းလို့
ေဘးရွင္းပါေစကြယ္ ”

“ေပးတဲ့ဆုနဲ႔ျပည့္ပါရေစ ဒါဆို
သားသြားျပီ အေမ စိတ္ခ်ေနာ္”

စိုးသူေအာင္လည္းမိခင္ျဖစ္သူေဒၚမာျကည္အား
နႈတ္ဆက္ကာ ဆိုင္ကယ္ေမာင္း၍ထြက္လာခဲ့သည္
သူဒီေန့ အလုပ္ကိစၥျဖင့္ တျခားျမို့ နယ္ေလးအား
သြားရမည္ျဖစ္ေသာေျကာင့္ မိခင္ျဖစ္သူေဒၚမာျကည္ကစိတ္မခ်ျဖစ္ေနျခင္းပင္
ျဖစ္သည္။

တန္ …တန္…တံ…ဒန္…

ဆိုင္ကယ္စီးရင္း ဖုန္းသံျမည္လာ၍ ျကည့္လိုက္ရာ
သူငယ္ခ်င္းျဖစ္သူမွလွမ္းေခၚေနျခင္းပင္

“ဟဲလို ”

“စိုးသူေအာင္ မင္းထြက္လာျပီလား ”

“ေအး ငါထြက္လာျပီ သူငယ္ခ်င္း ”

“လာျကိုရဦးမလား ”

“ဟာရတယ္ ငါ့ဘာသာငါဘဲ လာခဲ့ေတာ့မယ္စိတ္ခ်

“ေအးကြာ ဒါဆိုလည္း ငါတို့ဆီလာရင္
ထန္းနွစ္ပင္ရြာလမ္းက မ

“တီ တီ ဝူး က်ီ ”

ဖုန္းေျပာေနစဥ္ေဘးနားရွိ ကုန္ကားျကီးတစ္စင္းမွ
ဟြန္းတီးျပီးဘရိတ္ဆြဲသံျကီးေျကာင့္
စိုးသူေအာင္တစ္ဖက္မွ သူငယ္ခ်င္းေျပာသည့္
စကားအားမျကားလိုက္ေပ။

“ဟာ ဒီေကာင္ စိုးသူေအာင္ စကားကိုဆံုးေအာင္ နားမေထာင္ဘူး ဖုန္းခ်သြားျပီ

“ျပန္ဆက္လိုက္ေလ သားရဲ႕

“ေနပါေစ မဆက္ေတာ့ပါဘူး ဒီေကာင္မိုးမခ်ုပ္ခင္ေရာက္လာမွာပါ
မိုးခ်ုပ္ရင္ေတာ့ ထန္းနွစ္ပင္ရြာလမ္းက မျဖတ္မိပါေစနဲ႔လို့
ဆုေတာင္းရမွာပဲ”

မွန္ပါသည္ လြန္ခဲ့ေသာ တစ္လခန့္က
ေထာ္လာဂ်ီ တစ္စီးတိမ္းေမွာ္၍
ထန္းနွစ္ပင္ရြာလမ္းတြင္ ေထာ္လာဂ်ီပိ၍
လူ၅ဦး အစိမ္းေသ ေသခဲ႔ရေလသည္
ထိုေနာက္မွစ၍ ထန္းနွစ္ပင္ရြာလမ္းသည္ အစိမ္းေသ ေသသြားေသာသရဲ၅ေကာင္၏
ေျခာက္လွန့္ ျခင္းကို ညေန ေနဝင္ခ်ိန္
သို့မဟုတ္ ညအခ်ိန္တို့တြင္ ျဖတ္သြားျဖတ္လာလူအေပါင္းအားအမ်ိုးမ်ိုး
ေျခာက္လန့္ျကေလသည္။

……………………

စိုးသူေအာင္ ဆိုင္ကယ္ေမာင္းရင္း နာရီျကည့္လိုက္ရာ ညေန၄ခြဲေတာ့မည္ျဖစ္၍
ဆိုင္ကယ္အားအရွိန္တင္လိုက္ေလသည္
ဆိုင္ကယ္ေလးကတေရြ့ေရြ့ နွင့္ေမာင္းနွင္လာျပီး
မျကာခင္

“ေဖာင္း ”

“က်ီြ ”

“ဟာ သြားျပီ ဘီးေပါက္သြားျပီ ဒုကၡပါပဲ
ဒီနားမွာ ဆိုင္ကယ္ျပင္ဆိုင္ ရွိေကာင္းပါရဲ့ ”

စိုးသူေအာင္တစ္ေယာက္စိတ္ညစ္ညစ္နဲ့
မ်က္လံုးအားကစားလိုက္ျပီး သူနဲ႔မလွမ္းမကမ္းတြင္လူတစ္ဦး လမ္းေလ်ွာက္လာ
ေနသည္ကိုျမင္လိုက္၍

“ဒီလူပံုစံျကည့္ကို ဒီျမို့ ခံျဖစ္မယ္ထင္တယ္
သူ့ကိုေမးျကည့္ရင္ ဆိုင္ကယ္ျပင္ဆိုင္
ဘယ္မွာရွိလဲသိနိုင္တယ္

“ဒီမွာခင္ဗ် တစ္ဆိတ္ေလာက္ေမးပါရေစ
ဒီနားမွာ ဆိုင္ကယ္ျပင္ဆိုင္ရွိလားဗ်

“ဒီနားမွာေတာ့ မရွိဘူး ဒါေပမယ့္
ဒီလမ္းကေန တည့္တည့္သြားလိုက္
တန္းတန္းသာသြား အဲ့လမ္းေပၚမွာ
ကိုဝဏဆိုတဲ့ ဆိုင္းဘုတ္နဲ႔ ဆိုင္ကယ္ျပင္ဆိုင္ရွိတယ္ ညီေလး

“ေျသာ္ ဟုတ္ကဲ့ ေက်းဇူးပါ အစ္ကို

“ရပါတယ္ ရတယ္ ရတယ္

ထိုလူအားနႈတ္ဆက္ျပီး ဆိုင္ကယ္အားတြန္းလာခဲ့သည္
၁၅မိနစ္ေလာက္လမ္းေလ်ွာက္လာျပီးမွ
ဆိုင္ကယ္ျပင္ဆိုင္အားေတြ့ရေလေတာ့သည္။

“အစ္ကိုတို့ က်ြန္ေတာ့္ဆိုင္ကယ္ေလး
ဘီးေပါက္သြားလို့ ျကည့္ေပးပါဦးဗ်

“ေအာ္ ေအးေအးညီေလး လာျပီ လာျပီ

ဆိုင္ကယ္ျပင္ဆိုင္ရွိ အသက္၃၀နီးပါးရွိ
အစ္ကိုျကီးတစ္ေယာက္ထြက္လာကာ
ဆိုင္ကယ္ေနာက္ဘီးအား စစ္ေဆးျကည့္ေလသည္

“ဟာ ညီေလး မင္းဆိုင္ကယ္က ေလလံုးကြဲသြား
တာကြ ေလလံုးလဲမွရမယ္

“ဗ်ာ ေလလံုးလဲရမယ္ ဟုတ္လား
လဲမွျဖစ္မွာဆိုေတာ့လည္း လဲေပးလိုက္ပါ အစ္ကို
က်ြန္ေတာ္သြားစရာရွိေသးလို့
ျမန္ျမန္ေလးလုပ္ေပးနိုင္မလားဗ် ”

“ရပါတယ္ ၁၅မိနစ္ေလာက္ပါပဲ
အစ္ကို ျမန္ျမန္လုပ္ေပးလိုက္မယ္

စိုးသူေအာင္လည္း နာရီျကည့္မိျပန္ေတာ့
၅နာရီေက်ာ္ေနျပီ သူသြားရမယ့္ေနရာက
အေတာ္လိုေသးသည္
ဒါေျကာင့္ အျငိမ္ထိုင္ျပီးမေနနိုင္ေပ
ဟိုေလ်ွာက္ေလ်ွာက္ သည္ေလ်ွာက္ေလ်ွာက္
လုပ္ေနျပီး မျကာခင္ ဆိုင္ကယ္ျပင္ဆင္တာ
ျပီးသြားေတာ့ ပိုက္ဆံရွင္းကာ
အျမန္ေမာင္းလာခဲ႔ေလသည္။

……………………

ညေမွာင္လာျပီျဖစ္သည္ သို့ေျကာင့္
ဆိုင္ကယ္ေရွ့ မီးအားဖြင့္ျပီးစီးလာခဲ့ရာ
မျကာမီ တြင္ သစ္သားဆိုင္းဘုတ္ေလးျဖင့္ေရး
ထားေသာ “ထန္းနွစ္ပင္ရြာသို့ “စသည့္ဆိုင္းဘုတ္ေလးအားျမင္လိုက္ေတာ့
သူ့သူငယ္ခ်င္းသီဟေျပာသည့္ စကားအားအမွတ္ရလိုက္ေလသည္

“သူငယ္ခ်င္းငါတို့ ျမို့ ကိုလာလို့ ရွိရင္
ထန္းနွစ္ပင္ရြာလမ္းက အနီးဆံုးျဖတ္လမ္းပဲကြ

သီဟေျပာခဲ့တုန္းအခ်ိန္က ေထာ္လာဂ်ီမေမွာက္ေသးသည့္အခ်ိန္ကပင္ျဖစ္
သည္

ထိုစကားေျကာင့္ သူထန္းနွစ္ပင္ရြာလမ္းဘက္သို့
ေမာင္းနွင္လာခဲ့ေလသည္။
ေတာလမ္းျဖစ္သည့္အတြက္ လမ္းနွစ္ဖက္တြင္
သစ္ပင္ျကီးမ်ားအံု့ဆိုင္းေနေလသည္
ထို့ေျကာင့္ အေမွာင္အားျကီးလြန္းလွေလသည္

စိုးသူေအာင္ဆိုင္ကယ္ေလးအား ေမာင္းနွင္လာစဥ္
သူ့ အေရွ့ခပ္လွမ္းလွမ္း၌ အသဲကြဲေသးေသာ
ျမင္ကြင္းတစ္ခုအားျမင္လိုက္ေလသည္
ထို့ေျကာင့္ ဘယ္လိုအရာမွန္းသိေလေအာင္
ေမာင္းနွင္လာရင္း ထိုေနရာသို့
ေရာက္လာေလသည္။

“ဟာ လူေတြပါလား ဘာျဖစ္ေနျကပါလိမ့္
ျကည့္ရတာ မေတာ္တဆ ျဖစ္ထားျကပံုပဲ

“ညီေလး အစ္ကို တို့ကိုကူညီပါ

“အစ္ကိုတို့ ဘာျဖစ္ထားျကတာလဲဗ်

“အစ္ကို တို့က ထန္းနွစ္ပင္ရြာသားေတြပါ
လြန္ခဲ့တဲ့ နာရီပိုင္းေလာက္တုန္းက
အစ္ကိုတို့ ေထာလာဂ်ီ ေမွာက္သြားျကတယ္

“ဘာျဖစ္သြားျကေသးလဲဗ်

“ဘာျဖစ္သြားလဲဆိုေတာ့ ဒီလိုျဖစ္သြားျကတာပဲ

“ဟား …ဟား … ဟား… ”

ရုတ္တရက္ထိုလူငါးဦးသည္
ရုပ္ပ်က္ဆင္းပ်က္ မ်ားျဖစ္လာျပီး
ေျကာက္စရာေကာင္းလြန္းလွသည္

တစ္ေကာင္က ေခါင္းျကီးျပားေနသည္
ေနာက္တစ္ေကာင္က ခါးေအာက္ပိုင္းျပတ္ကာ
အူေတြထြက္က်ေနေလသည္

ေနာက္တစ္က ခါးရိုးျကီးက်ိုးကာ
ေနာက္သို့လန္က်ေနသည္
ေနာက္တစ္ေကာင္မွာမူ ခႏၶာကိုယ္တစ္ျခမ္းမွာ
စိစိညက္ညက္ေျကေနသည္
ေနာက္ဆံုးတစ္ေကာင္က ဗိုက္ျကီးေပါက္ထြက္ေနေလသည္

ထိုသရဲငါးေကာင္းက သူတို့ျဖစ္ပ်က္ခဲ့ေသာ
ပံုစံအားဖန္ဆင္းျပလိုက္ျခင္းပင္ျဖစ္သည္

“ဟင္ အား သ …သရဲ ေတြ
လာျကပါဦးဗ်ို့ သရဲ သရဲ

စိုးသူေအာင္ ဆိုင္ကယ္အားစက္နိႈးျကည့္ေလသည္
သို့ေသာ္လံုးဝမရေပ ထို့ေျကာင့္
ဆိုင္ကယ္ေပၚမွဆင္းကာ ဆိုင္ကယ္အားတြန္းျပီးေျပးလာခဲ့ေလသည္
ေနာက္မွ သရဲမ်ားကလိုက္မလာသည္မွာ
သူ့အတြက္ေတာ္ေသးသည္။

စိုးသူေအာင္ေျကာက္ေျကာက္နွင့္ဆိုင္ကယ္အား
တြန္းလာသည္မွာ အေတာ္ေဝးေဝးကိုပင္ေရာက္ေနေလျပီျဖစ္သည္
ေနာက္မွ သရဲငါးေကာင္လိုက္မလာ၍
ဆိုင္ကယ္အားေထာက္ကာ အေမာေျဖေနေလသည္

“ဟူး ေတာ္ပါေသးရဲ့ ဟား

သက္ျပင္းခ်ကာဆိုင္ကယ္အား
နိႈးျကည့္လိုက္ေလရာ တစ္ခ်က္တည္းနဲ့နိုးသြားေလသည္
ထို့ေျကာင့္ ဆိုင္ကယ္ေပၚတက္ကာ
ေမာင္းနွင္လာခဲ့ေတာ့သည္
မျကာခင္ သူ့သူငယ္ခ်င္း သီဟေနအိမ္သို့
ေရာက္လာေတာ့သည္။

………………

“သီဟ ေဟ့ေကာင္ သီဟ

“ဟာ သူငယ္ခ်င္း မိုးခ်ုပ္လိုက္တာကြာ
ငါတို့မွာစိတ္ပူေနတာ

“စိတ္ပူတာေနာက္မွ ငါ့ကိုေရ ေရေလးတစ္ခြက္ေလာက္အရင္ေပးစမ္းပါ

စိုးသူေအာင္ပံုစံကိုျကည့္ရသည္မွာတစ္ခုခုျဖစ္လာပံုရေလသည္
သီဟလည္းဘာမွမေမးေသးဘဲ
ေရတစ္ခြက္အားခပ္ကာေပးလိုက္သည္။

“အား အခုမွပဲ အေမာေျပသြားေတာ့တယ္

“ဒါနဲ႔ေနစမ္းပါဦး မင္းျကည့္ရတာ
တစ္ခုခုျဖစ္လာပံုပဲ

“ေအးကြ ငါ သရဲေျခာက္တာ ခံလာရတယ္

“ဘာ ”

“ဟင္”

သီဟေဘးတြင္ရွိေသာ သီဟ၏မိခင္လည္း
လန့္သြားေလသည္

“မဟုတ္မွလြဲေရာ မင္းထန္းနွစ္ပင္ရြာလမ္းက
ျဖတ္လာခဲ့တာလား

“ေအး ဟုတ္တယ္ကြ ငါလည္းလမ္းမွာ
ဆိုင္ကယ္ပ်က္ေနတာရယ္
မင္းေျပာဖူးတဲ႔စကားေျကာင့္ ျဖတ္လမ္းကိုေရြးျပီး
လာခဲ႔တာပဲ အဲ့လိုနဲ့လမ္းမွာ သရဲ၅ေကာင္
ငါ့ကိုေျခာက္လႊတ္လိုက္တာပဲ

“ဘယ္ ဘယ္လို ေျခာက္လိုက္တာလဲကြ

“ငါ့ကိုေျခာက္တဲ့ပံုစံက မင္းျမင္ရင္လည္း
အေတာ္လန့္သြားမွာကြ သရဲတစ္ေကာင္က
ေခါင္းျကီးျပားေနတယ္ ေနာက္တစ္ေကာင္က
ခါးေအာက္ပိုင္းျကီးက ျပတ္ျပီးအူေတြထြက္က်ေနတာ

ေနာက္တစ္ေကာင္က ခႏၶာကိုယ္တစ္ျခမ္းကစိစိညက္ညက္ေျကမြေနတာ
ေနာက္တစ္ေကာင္ကေတာ့ ဗိုက္ျကီးကေပါက္ထြက္ေနတာ
အဲ ေနာက္ဆံုးတစ္ေကာင္ကျကေတာ့
ထူးျခားတယ္ ခါးရိုးျကီးက်ိုးျပီးေနာက္ကိုလန္က်ေနတာပဲ”

“အမေလး ဘုရား ဘုရား ေျကာက္စရာျကီးပါလား”

“အင္း မင္းေနရာမွာငါသာဆို အဲ့နားေလးတင္ေသေနေလာက္ျပီ
မင္းကိုငါဖုန္းဆက္တုန္းက ငါေျပာတာမင္းမျကားလိုက္ဘူးလား”

“ဘာကိုလဲ ၾက”

“မင္းကို ထန္းနွစ္ပင္ရြာလမ္းက မလာခဲ့နဲ့ဆိုတာ

“မျကားလိုက္ဖူးကြ အဲ့အခ်ိန္တုန္းက
ေဘးကကုန္ကားတစ္စင္းျဖတ္သြားတာေျကာင့္
ငါလည္းမျကားလိုက္ပဲ ဖုန္းခ်လိုက္တာ
မင္းေျပာတဲ့ ထန္းနွစ္ပင္ရြာလမ္းက
သရဲကအခုလိုပဲေျခာက္ေနတာျကာျပီလား

“အရင္ကေတာ့ မေျခာက္ပါဘူးကြာ
လြန္ခဲ႔တဲ႔ လတုန္းကမွ ေထာ္လာဂ်ီ ေမွာက္ျပီး
လူငါးေယာက္ ေသသြားျကတယ္
အဲဒီေနာက္ပိုင္းညအခ်ိန္ျဖတ္သြားျဖတ္လာ
လုပ္တဲ႔လူအေတာ္မ်ားမ်ား အစိမ္းေသသရဲငါးေကာင္ေျခာက္တာခံျကရတာပဲ

“ဟုတ္တယ္ လူေလးရဲ႕ အန္တီ တို့လည္း
အဲဒီလမ္းကို မသြားရဲျကဘူးကြဲ႕

“က်ြန္ေတာ္လည္း အဲ့ဒီအေျကာင္းေတြးမိရင္
ေျကာက္လာတယ္ အန္တီေရ
ေတာ္ျပီ ေနာက္ကို ထန္းနွစ္ပင္လမ္းဆိုတာနဲ႔
ေဝးေဝးက ေရွာင္ပါေတာ့မည္ဗ်ို့ ”

ျပီးပါျပီ
စာမူေလး၌လိုအပ္ခ်က္ေတြရွိေနပါသည္
စာဖတ္သူအေပါင္း ရႊင္လန္းခ်မ္းေျမ့ ျကပါေစ