“အခန်းဝက ခြေသံတရှပ်ရှပ် “(စ/ဆုံး)

Unicode Version

“အခန်းဝက ခြေသံတရှပ်ရှပ် “(စ/ဆုံး)
——————————————–
ကျနော့် နာမည်ကတော့ ညီညီ ပါ။ ရန်ကုန်မြို့မှာရှိတဲ့ တိုင်းရင်းဆေးတိုက် ကုမ္ပဏီတစ်ခုမှာ (Marketing) တာဝန်ကို ထမ်းဆောင်ပါတယ်။ ဖြန့်ချီရေးနဲ့ အရောင်းမြှင့်တင်ရေး အပိုင်းပါ။ ကျနော်တို့ ဆေးတိုက်က သုံးလကို တစ်ခါလောက် ဆိုသလို နယ်တွေ ဆင်းရပါတယ်။ ရန်ကုန်နဲ့ ဝေးတဲ့ နေရာတွေမှာ ရှိတဲ့ ဆေးဆိုင်တွေမှာ ဖြန့်ဖြူးရေး လိုက်လုပ်ရပါတယ်။

ပုံမှန်ကတော့ ရန်ကုန်မြို့ အတွင်းမှာပဲပေါ့။ ဒီတစ်ခါတော့ ကျနော်တို့ ဆေးတိုက်က ရှမ်းပြည်နယ် လားရှိုးမြို့ကို သွားဖို့ အကြောင်း ဖန်လာခဲ့ပါတယ်။ လားရှိုးမှာက ဈေးပွဲတော်တစ်ခု ရှိပါတယ်။ အဲ့ဒီဈေးပွဲတော်က ၅ ရက်လုပ်မှာပါ။ ရန်ကုန်ထဲကရော အခြားနယ် အသီးသီးက ကုမ္ပဏီတွေကပါ လာရောက် ခင်းကျင်း ပြသပြီး ရောင်းချကြမဲ့ ဈေးပွဲတော်ပါ။

ဒီတော့ ကျနော်တို့ ဆေးတိုက်ကလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို လားရှိုးကို သွားရင်း တခြား မြို့တွေမှာပါ ဆေးလိုက်ဖြန့်မယ် ဆိုပြီး တိုင်ပင် ဆွေးနွေးကာ ဆေးတိုက်က ကားလေးနဲ့ ထွက်ခဲ့ကြပါတယ်။

~~~~~

ဒီလို ခရီးထွက်ကြတဲ့အခါ ကားပေါ်မှာက စုစုပေါင်း ရှစ်ယောက်ပါ။ ယောက်ျားလေး သုံးယောက်။ မိန်းကလေး ငါးယောက်ပါ။ မန်နေဂျာအစ်မကြီးလည်း အပါအဝင်ပေါ့။ ကျနော်တို့လည်း ရန်ကုန်ကနေ မနက်စောစောမှာ ထွက်ခဲ့ကြပြီး ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ စတဲ့ မြို့တွေမှာ အရင်ဆုံး ဖြန့်ဝေ ကြပါတယ်။ အဲ့ဒီ ကနေတဆင့် နေပြည်တော်ကို ရောက်ခဲ့ပါသေးတယ်။

နေပြည်တော်မှာ တစ်ညအိပ်ပြီး နောက်တစ်နေ့ကြတော့ ပျဉ်းမနား၊ မိတ္ထီလာ စတဲ့ မြို့တွေကို ဖြန့်ချီးရင်း ပြင်ဦးလွင်ကို ညနေစောင်း လောက်မှာ တက်ခဲ့ကြပါတယ်။ တောင်ပေါ် ရောက်လာတာနဲ့ အမျှ အေးချက်က စိမ့်နေအောင်ပင် အေးလှပါတယ်။ လေကလေး တစ်ချက်ကိုက အသည်းခိုက်အောင် အေးလှပါတယ်။ အချိန်ကလည်း ဆောင်းတွင်း မရောက်တရောက် ဆိုတော့ လူတွေဆိုတာ ခိုက်ခိုက်တုန်နေပါပြီ။

ဒီလိုနဲ့ ပြင်ဦးလွင်အကျော် နောင်ချိုမြို့မှာ တစ်ညအိပ်ကြပါသေးတယ်။ နောက်တစ်နေ့ မနက်ပိုင်း လောက်မှာတော့ နောင်ချိုကနေ ဆက်၍ ထွက်ခဲ့ကြရာ လားရှိုးကိုတော့ ညနေ လောက်မှာ ရောက်ခဲ့ပါတယ်။ လားရှိုးရောက်တော့ နှီးဘုရားကြီးရှိတဲ့ မန်ဆူကျောင်း တိုက်မှာ တည်းခိုကြပါတယ်။ အဲ့ဒီ ဘုန်ကြီးကျောင်းမှာက ကျနော်တို့လို အခြားနယ်က လာတဲ့ ဧည့်သည်တွေ တည်းခိုဖို့ အတွက် ကျောင်းဝန်းထဲမှာ အဆောင်လေးတွေ ဆောက်လုပ် ပေးထားတာတွေက အများကြီးပါ။

အခုတော့ လားရှိုးမှာ ဈေးပွဲတော်က ၅ ရက် ရှိတဲ့အတွက် တခြား ကုမ္ပဏီတွေက လူတွေရော ဧည့်သည်တွေပါ ရောက်ရှိနေကြတဲ့ အတွက် အခန်းတွေမှာက လူပြည့်လို့နေပါတယ်။ ကျနော်တို့လည်း ရောက်ရောက်ချင်းပဲ ဆရာတော်ကြီးကို ဝင်ဖူးကာ အကျိုးအကြောင်းကို လျောက်တင် လိုက်ကြတဲ့အခါ ကျောင်းတိုက်ရဲ့ ထောင့်တစ်နေရာက အဆောင်လေး နှစ်ခုတော့ အလွတ်ရှိသေးတဲ့ အတွက် အဲ့ဒီ အခန်းမှာပဲ တည်းဖို့ အဆင်ပြေ သွားခဲ့ပါတယ်။

အဲ့ဒါနဲ့ပဲ ကျနော်တွေလည်း အဆောင်ရှေ့ နားထိ ကားမောင်းသွားပြီး ပါလာတဲ့ ပစ္စည်းတွေ ဆေးပုံးတွေကို ကားပေါ်ကနေ ချကြပါတယ်။ ဒီအချိန်မှာပဲ တစ်ခု ထူးဆန်းတာက ကျနော့်တို့ တည်းဖို့ အခန်းလိုက်ပြတဲ့ ဦးလေးကြီးကတော့ မျက်နှာ သိပ်ပြီး မကောင်းလှပါဘူး။ တစ်ခုခု ပြောမယ် ပြင်လိုက် မပြောပဲနေလိုက်နဲ့ မျက်စိမျက်နှာ အနည်းငယ် ပျက်နေသလိုပါပဲ။

ကျနော်လည်း အကြောင်းတစ်ခုခု ရှိလို့ သူ့ဘာသာ မျက်နှာမကောင်းတာ ဖြစ်မှာပါ ဆိုပြီး ဘာမှတော့ ဆက်မတွေး မိတော့ပါဘူး။ ကျနော်တို့ တည်းတဲ့ အဆောင်က အပေါ်ထပ် အောက်ထပ် ပေါင်း (၈)ခန်း ရှိပါတယ်။ ကျနော်တို့က အစွန်ဆုံး အခန်းမှာပါ။ ယောက်ျားလေး (၃) ယောက် စုနေပါတယ်။ မန်နေဂျာ အစ်မ အပါအဝင် မိန်းကလေး (၅)ယောက် ကတော့ တစ်ဖက် အခန်းမှာ စုနေကြပါတယ်။ ကျနော်တို့ရဲ့ အဆောင်ရှေ့မှာတော့ ဆောက်လက်စ တိုက်တစ်လုံး ရှိပါတယ်။ ရုပ်လုံးတော့ပေါ်လာပါပြီ။ ဒါပေမယ့် ပြီးဖို့ကတော့ အနည်းငယ် လိုပါသေးတယ်။

ကျနော်တို့လည်း ရေမိုးချိုး ခနနားကာ ထမင်း ထွက်စားကြပါတယ်။ ညရောက်လာ လေလေ အအေးဓာတ်က ပိုပိုလာ လေလေပါပဲ။ ဘုန်းကြီးကျောင်းက ပေးထားတဲ့ ဂွမ်းကပ် အခင်းတွေ စောင်အထူကြီးတွေ ကြောင့်သာ အအေး ခံနိုင်ပေတယ်။ ရန်ကုန်မှာ ခြုံတဲ့ စောင်မျိုး ဆိုရင်တော့ အရိုးကွဲအောင် အေးနေမယ်လို့ ထင်မိပါတယ်။ အဲ့ဒီ ညမှာတော့ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။

နောက်တစ်နေ့ကို ရောက်တော့ ဈေးပွဲတော်သွားကာ ဆိုင်ကို ခင်းကျင်း ပြင်ဆင်ပြီး နေ့လည်လောက်မှာ စတင်ရောင်းချကြပါတယ်။ ည (၇)နာရီ လောက်မှာတော့ ပစ္စည်းတွေသိမ်းကာ ပြန်လာခဲ့ကြပါတယ်။ ဒုတိယ ညလည်း ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့ပါဘူး။ တတိယ ညမှာလည်း ထို့အတူ အေးအေး ဆေးဆေး ပါပဲ။ ဒါပေမယ့် စတုတ္တညမှာတော့ ဇာတ်လမ်း စခဲ့ပါတော့တယ်။

လေးရက်မြောက် ညကို အရောက်မှာတော့ ကျနော်တို့တွေလည်း ဆိုင်သိမ်းပြန်လာပြီး ထမင်းစားကြကာ ကိုယ့်အဆောင်ထဲ ကိုယ် ဝင်ခဲ့ကြပါတယ်။ ပြီးတော့ အိပ်ယာခင်းကာ စောင်ခြုံလျက် မအိပ်ကြသေးပဲ စကားစမြည် ပြောကြဆိုကြရင်း ည ကိုးနာရီ ခွဲလောက်မှာတော့ ကျနော်ရော သူငယ်ချင်း နှစ်ယောက်ပါ မျက်လုံးတွေ မှေးစင်း လာတဲ့အတွက် အိပ်စက် လိုက်ကြပါတော့တယ်။ တံခါးကိုတော့ အတွင်းကနေ လော့ချ ထားလိုက်ကြပါတယ်။

ဒီလိုနဲ့ ကျနော် အိပ်ပျော်နေစဉ် နားထဲမှာ ကြားလိုက် ရတာက…

“ညီညီရေ … ညီညီ… ဟေ့ကောင့် ထပါအုန်းဟ”

ဆိုပြီး နှိုးနေတဲ့ အသံကို ကြားနေရတော့ ကျနော်လည်း ဖျတ်ခနဲ့ နိုးသွားပါတယ်။ ကြည့်လိုက်တော့ အောင်ကျော်က ကျနော့်ကို နှိုးနေတာပါ။ ကျနော်လည်း လူးလဲ ထလိုက်တော့ အော်ကျော်က ပြောလိုက်ပါတယ်။

“ညီညီ ခဏ ထပါကွာ ငါအပေါ့ သွားချင်လို့ပါ”

ဒီတော့ ကျနော်လည်း အောင်ကျော့်ကို စိတ်တိုတိုနဲ့..

“ဟာ… မင်းကလည်းကွာ အိပ်ကောင်းမှဖြင့်”

ဒီလို ပြောလိုက်တော့ အောင်ကျော်လည်း မျက်နှာညိုးငယ်ကာ..

“လုပ်ပါကွာ ငါကြောက်လို့ပါ…”

ဆိုပြီး ပြန်ပြောပါတယ်။ ဟုတ်တော့ ဟုတ်ပါတယ်။ အောင်ကျော်က သရဲ ကြောက်တတ်ပါတယ်။ ညဘက် တစ်ယောက်ထဲဆိုရင် အိမ်ပေါ်ကနေ အိမ်အောက်တောင် မဆင်းရဲသူပါ။ အခုလည်းကြည့် အိမ်သာရေချိုးခန်းက အဆောင်နောက်မှာ နီးနီးလေးပါပဲ။ ဒါကို မသွားရဲလို့ အဖော်ခေါ်နေတော့ ကျနော်လည်း..

“အေးပါကွာ သွားသွား ငါစောင့်ပေးမယ်”

ဆိုတော့မှ သူ့ခမြာ စိတ်အေးသွားတဲ့ ပုံမျိုး ဖြစ်သွားပါတော့တယ်။ ဒီတော့ ခပ်လှမ်းလှမ်းမှာ ကျနော်က စောင့်နေရပါတယ်။ ခနနေတော့ အောင်ကျော့်ဆီက..

“အမယ်လေး ဘာသံကြီးလည်းဟ”

ဆိုပြီး အော်လိုက်ကာ အမောတကောနဲ့ ပြေးဝင်လာတာကို ရုတ်တရက် တွေ့လိုက်ရပါတယ်။ ဒီတော့ ကျနော်လည်း အံ့သြမိပြီး မေးရပါတော့တယ်။

“ဟေ့ကောင် အောင်ကျော် ဘာဖြစ်လာတာလည်း”

လို့မေးလိုက်တော့ သူက ထိတ်ထိတ်ပြာပြာနဲ့ ပြန်ပြောတာက..

“ငါအပေါ့သွားနေတုန်း အခန်းနံရံ အပြင်ဘက်ကနေ အုတ်နံရံကို တဗုတ်ဗုတ်နဲ့ လာပုတ်နေသလို ကြားလိုက်တယ်ကွ ငါလည်း ဘာများလည်းဆိုပြီး ကြောက်လို့ ပြေးလာတာ”

ဒီလိုပြောလိုက်တော့ ကျနော်လည်း စိတ်တိုသွားမိပါတယ်။ ဟုတ်တယ်လေ။ ဘာမှလည်း သေသေချာချာ ကြားတာမဟုတ်ပဲနဲ့ နံရံကို လာပုတ်သလို အသံလေးကြားလို့ ပြေးလာတာဆိုတော့ စိတ်တို သွားမိတာပါ။ ဒီတော့ ကျနော်လည်း..

“ဟ မင်းကလည်းကွာ အပင်တွေ ဘာတွေ တစ်ခုခု နေမှာပေါ့ ဘာမှမဟုတ်ပဲ ကြောက်နေသေးတယ် မင်းကို ညကျရင် ခြေသံ လာပေးလိမ့်မယ်”

ဆိုပြီး နှုတ်ကလွှတ်ကနဲ ပြောမိ သွားပါတယ်။ ကျနော်လည်း မရည်ရွယ်ပဲ ပြောမိလိုက်တာပါ။ ဒါကို ဒီကောင်က လန့်ဖြန့်သွားပြီး..

“ဟေ့ကောင်နော် မင်းမစနဲ့ ငါတကယ်ကြောက်တာကွ”

လို့ မျက်နှာငယ်လေးနဲ့ပြောနေတော့ ကျနော်လည်း ထပ်ပြီး မစဖြစ်တော့ပါဘူး။ သူ့ကို ချော့မော့ပြီး ပြန်ခေါ်လာခဲ့ရပါတယ်။ ဟိုတစ်ကောင်ကတော့ ကာလနဂါးသေလို့ ဝင်စားတာလားမသိ။ အိပ်လိုက်ရင် နှိုးမရတော့ပါဘူး။ တော်တော် အိပ်ပုတ်ကြီးတဲ့ကောင် ဆိုပြီး အကုန်လုံးက သတ်မှတ် ထားကြပါတယ်။

အခုလည်း အိပ်နေတာက တုတ်တုတ်တောင် မလှုပ်ပါဘူး။ ဒီလိုနဲ့ ကျနော်တို့ ပြန်အိပ်ကြပြီး အတော်ကြာတော့ အောင်ကျော်က အလန့်တကြားနဲ့ ထအော်ပါတော့တယ်။

“အမယ်လေး သရဲမျက်နှာကြီး သရဲမျက်နှာကြီး ငါ့ကိုကြည့်နေတယ် ငါ့ကိုကြည့်နေတယ်”

ဆိုပြီး ထအော်ပါတော့တယ်။ ဒီတော့ ကျနော်ရော ကိုဝင်းပါ နိုးသွားပြီး အောင်ကျော့်ကို မေးရပါတော့တယ်။

“ဟေ့ကောင် ဘာဖြစ်ပြန်ပြီလည်းကွာ.. ငါတို့ မအိပ်ရတော့ဘူး”

အောင်ကျော်က ရေဗူးထဲက ရေကို မော့သောက်လိုက်ပြီးတော့ ကြောက်ကြောက်နဲ့ ပြန်ပြောပြပါတယ်။

“ငါအိပ်နေတုန်း အပြင်ကနေ တရှပ်ရှပ်နဲ့ ခြေသံကြားတယ်ကွ… ငါလည်း ဘာလည်းမသိဘူးဆိုပြီး အခန်းဝကို လှမ်းကြည့်မိလိုက်တယ် ပြီးတော့ ပြီးတော့… ဟို… ဟို…”

ဆိုပြီး အခန်းတံခါးပေါက် အပေါ်က မှန်ကပ်ထားတဲ့နေရာကို လက်ညှိုးထိုးပြပါတယ်။ ကျနော်တို့ တည်းတဲ့ အခန်းပုံစံကတော့ အခန်းတံခါးရဲ့အပေါ်ဘက် နံရံမှာ မှန်ကပ်ထားပါသေးတယ်။ အလင်းရောင် ရအောင်လို့ပါ။ အခု အဲ့ဒီမှန်နေရာကို လက်ညှိုး ထိုးပြတဲ့အခါ ကျနော်တို့လည်း စိတ်ဝင်စားသွားပြီး…

“ဘာဖြစ်လည်း အောင်ကျော် မင်းဘာတွေ့လို့လည်း ဆက်ပြော”

ဆိုတော့ သူက ဆက်ပြီး ပြောပြပါတယ်။

“အခန်းဝပေါ်က မှန်မှာ မျက်နှာကြီးပေါ်လာတာကွ ကြောက်စရာကြီး.. မျက်လုံးပြူးပြူး ကြီးနဲ့ ငါ့ကို လှမ်းကြည့်နေလို့ ကြောက်ပြီး လန့်အော်မိတာ”

လို့ အမောတကောနဲ့ ပြန်ပြောပြပါတယ်။ ဒီတော့လည်း ကျနော်တို့က ပြေရာပြေကြောင်း ပြောပြရပါတယ်။

“အော် မင်းကလည်း အိပ်မက်မက်တာပဲဖြစ်မှာပါကွာ ငါမီးပိတ် ထားပေးမယ် မကြောက်နဲ့တော့”

လို့ပြောလိုက်ပါတယ်။ ကျနော်တို့ အခန်းက ညဘက်မီးဖွင့်ပြီး အိပ်ကြတာပါ။ ဒါကို ဒီကောင်က အိမ်မက်မက်ပြီး မြင်ချင်ရာ မြင်တာပဲ နေမှာပါလို့ တွေးမိလိုက်ပါတယ်။ ဒီကောင်လည်းမီးမှိတ်လိုက်တော့ ဘာမှ ဆက်မပြောတော့ပဲ ဆက်အိပ်နေပါတယ်။ ဒီလိုနဲ့ ညသန်းခေါင် ကျော်လောက်မှာတော့ တရှပ်ရှပ်နဲ့ အခန်းပြင်က ခြေသံကို ကျနော် ကြားလိုက်မိပါတယ်။

ကျနော်လည်း ဘယ်သူလည်း မသိဘူး ဆိုပြီး ခေတ္တ နားစွင့်နေမိပါတယ်။ ခြေသံကတော့ သေချာကို ကြားလာရတာပါ။ ဒီတော့ ဟိုနှစ်ကောင်ကို ကြည့်လိုက်တဲ့ အခါ နှစ်ယောက်လုံးက အိပ်နေကြပါတယ်။ ကျနော်လည်း လူတစ်ယောက်ယောက် များလားဆိုပြီး တွေးမိလိုက်ပါတယ်။ ခြေသံတရှပ်ရှပ်နဲ့ လမ်းလျောက်နေတဲ့ အသံကတော့ အခန်း အပြင်ဘက်မှာ ပီပီသသကြီးကို ကြားနေရတာပါ။

ကျနော်လည်း သိချင်တာနဲ့ အသာအယာ ထပြီး ပြတင်းပေါက် လိုက်ကာကို အသာဖယ်ပြီး ကြည့်မိလိုက်တော့ ခြေသံပျောက်သွားကာ ဘာဆို ဘာမှ မတွေ့တော့ပါဘူး။ ရုတ်တရက် ချက်ချင်း ပျောက်သွားတာပါ။ ကျနော်လည်း အနည်းငယ်တော့ ကြက်သီး ထမိ သွားပါတယ်။ အပြင်မှာကလည်း မီးတွေ အပြည့်ထွန်းထားတာပါ။ ချက်ချင်း ပျောက်သွားတာကတော့ မဖြစ်နိုင်ပါဘူး။

ကျနော်လည်း ဇဝေဇဝါ ဖြစ်မိသွားပါတယ်။ ပုန်းစရာ နေရာကလည်း ချက်ချင်းပြေးပုန်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဆို လူမဟုတ်ဘူးလား…။ လူမဟုတ်ရင် ဘာလည်း ဆိုပြီး တွေးလိုက်မိလေတော့ ခြေလက်တွေတောင် အေးစက်လာခဲ့ပါတယ်။ ကြက်သီးများကလည်း တဖြန်းဖြန်းနဲ့ ထလာမိတယ်။ အောင်ကျော် မနိုးလို့သာပဲ။ ဒီကောင်ဆိုရင် ထအော်မိမှာ ဆိုပြီးလည်း တွေးလိုက်ပါတယ်။ ကျနော်တောင် အသွေးထဲ ကနေ တစိမ့်စိမ့် ဖြစ်လာမိပါတယ်။

ဒါနဲ့ပဲ ကျနော်လည်း အသာအယာပြန်လှဲကာ ပြန်အိပ်နေ လိုက်ပါတော့တယ်။ ထိုအခါမှာတော့ ချက်ချင်း ဆိုသလိုပဲ အခန်းတံခါး လက်ကိုင်ဘုကို အပြင်ကနေ လှည့်ဖွင့်နေသလို တဂျက်ဂျက်နဲ့ တိုးညှင်းတဲ့ အသံလေး တစ်သံကို နားထဲမှာ ကြားလာရပါတယ်။ ကျနော်လည်း အသာယာ နားစွင့်နေမိလေတော့ ပိုပြီး ပီပီပြင်ပြင် ကြားလိုက်ပါတယ်။

အသံကတော့ အခန်းတံခါး လက်ကိုင်ကို ဖွင့်နေတာပါ။ ဖွင့်နေတဲ့အသံကတော့ တိုးတိုးတိတ်တိတ်သာ ထွက်ပေါ် နေပါတယ်။ ကျနော်လည်း ဘယ်သူလည်းဆိုပြီး မေးရင် ကောင်းမလား မမေးရင် ကောင်းမလား ဆိုတာကို ဇဝေဇဝါ တွေးနေမိပါတယ်။ ပြီးတော့ မသိမသာဆိုသလို မွှေးညှင်းပေါက် များကလည်း ထောင်ထလာ ခဲ့ပါတယ်။ ကြက်သီးလေးတွေလည်း အနည်းငယ် ထလာမိပါတယ်။ ထိုအခိုက်မှာပဲ တဂျက်ဂျက်နဲ့ တံခါးကို ဖွင့်နေတဲ့ အသံက ပျောက်သွားပြီး တဟင်းဟင်းနဲ့ ညည်းညူသံကြီး တစ်ချက်ထွက်ပေါ် လာခဲ့ပါတယ်။ ပြီးတော့ အခန်းဝ နားကနေ ပြန်ထွက်သွားတဲ့ ခြေသံကိုပါ ထပ်ကြားလိုက်ပါတယ်။

ဒီတစ်ခါတော့ ကျနော်လည်း ကြောက်လာမိခဲ့ပါတယ်။ ဒီအချိန်ကြီးမှာလူတစ်ယောက်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး လို့လည်း တွေးမိလိုက်ပါတယ်။ အပြင်မှာ ဒီလောက် အေးစက်နေတာ ပဲလေ။ ဘယ်သူက ဒီလို လမ်းထွက်လျောက်မှာလည်း ဆိုပြီး တွေးလိုက်မိပါတယ်။ ဒါနဲ့ပဲ စောစောကလို အသာယာ ထလိုက်ပြီး အခန်းပြတင်းပေါက် လိုက်ကာစကို အသာလေးဖယ်ကာ ကြည့်မိလိုက်တော့ ကျနော့် တစ်ကိုယ်လုံး အေးစက်လာပြီး ခေါင်းတွေကြီးလာသလို ဖြစ်သွားမိပါတယ်။

အပြင်မှာ ခြေသံ တရှပ်ရှပ်ပေးပြီး လျောက်နေတဲ့ အငွေ့လိုလို ပုံရိပ်လိုလို မဲမဲသဏ္ဌန် တစ်ခုကို မြင်လိုက်ရပါတယ်။ မြူခိုးလို ပုံစံ မဲမဲ ပုံရိပ်ကြီးတစ်ခုက အခန်း ရှေ့ကနေ တရှပ်ရှပ်နဲ့ ဖြတ်လျောက်ကာ တဖြေးဖြေးနဲ့ ပျောက်သွားတာကိုလည်း မြင်လိုက်ရပါတယ်။ ကျနော်လည်း ကြောက်ကြောက်နဲ့ ခဏ ထပ်ကြည့်နေပေမဲ့ ဘာမှတော့ ဆက်မတွေ့ရ မကြားရတော့ပါဘူး။ ဒီတော့ အိပ်ယာထဲသာ ပြန်ဝင်အိပ်နေလိုက် ပါတော့တယ်။ မနက်လင်းရင်တော့ ဒီအခန်း ကို လိုက်ပို့တဲ့ ဦးလေးကြီးကို မေးရမယ်လို့ တွေးထားလိုက်ပါတယ်။

ဒီလိုနဲ့ မနက်လင်းလာတော့ ကျနော်လည်း သူငယ်ချင်းတွေ အကုန်လုံးကို ထိုအကြောင်း ပြောပြလိုက်ပါတယ်။ ဒီတော့ သူတို့တွေလည်း အံ့သြကုန်ကြပါတယ်။ နောက်တော့ မန်နေဂျာ အစ်မကပဲ ဦးဆောင်ကာ ဦးလေးကြီးကို ခနခေါ်ယူပြီး မေးခဲ့ပါတယ်။ ထို ဦးလေးကြီးကလည်း စိတ်မကောင်းတဲ့ ပုံစံနဲ့ သက်ပြင်းအခါခါ ချလို့ ပြန်လည်ပြောပြပါတော့တယ်။

“လွန်ခဲ့တဲ့ သုံးလလောက်က အခု ဆောက်လက်စ အဆောက်အုံကြီးမှာ မောင်ငယ် ဆိုတဲ့ အလုပ်သမား တစ်ယောက်ရှိတယ်ကွယ့်။ တစ်နေ့ နေလည်ပိုင်းမှာ အလုပ် လုပ်နေရင်းနဲ့ အပေါ့ အပါး သွားချင်လို့ဆိုပြီး ငါ့တူတို့နေတဲ့အဆောင်ထဲကို ပြေးဝင်လာရင်း အခန်းတံခါးကို အဖွင့်မှာ ရုတ်တရက် မူးတယ်မူးတယ် ဆိုပြီး လဲကျသွားရာကနေ အသက်ပါသွားတော့တာပါပဲကွယ်။ နောက်မှ သိရတာက ဦးနှောက် သွေးကြောပြတ်ပြီး သေဆုံးခဲ့တယ်လို့ သိခဲ့ရတယ်။ အဲ့ဒီအချိန်ကစပြီး တစ်ခါတစ်ရံ ဒီအခန်း ရှေ့မှာ လမ်းလျောက်သံတွေ အခန်းတံခါးကိုဖွင့်နေတဲ့ အသံတွေ ကြားရတာပါပဲ။ တစ်ခါတစ်လေမှသာ ကြားရတာပါ။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ အခုလည်း ငါ့တူတို့ နေတဲ့ အချိန်နဲ့ တိုက်ဆိုင် သွားရတာပါ…”

ဆိုပြီး ပြောပြခဲ့ပါတယ်။ ဒီတော့ ကျနော်ကလည်း ဆက်မေးလိုက်ပါတယ်။

“ဒါဆို.. အမျှတွေဘာတွေ မဝေဘူးလား ဟင်”

“အမျှဝေတာပေါ့ တူကြီးရယ်.. ဒါပေမယ့် ဒီအခန်းကို ဖွင့်နေတုန်း သေသွားတဲ့ အစွဲကြောင့် လားတော့မသိပါဘူး ခုထိ မကျွတ်နိုင်သေးဘူး ထင်ပါရဲ့ကွယ်… ဒါပေမယ့် သူက လူကိုတော့ ဒုက္ခမပေးပါဘူး… ဒါကလည်း အမြဲမတွေ့ရပါဘူး.. တစ်ခါတစ်လေမှပါ နောက်ရက်တွေဆို ကြားချင်မှသာ ကြားရမှာပါ”

လို့ပြောပြခဲ့ပါတယ်။ ကျနော်တို့လည်း အဲ့ဒီလိုကြားလိုက်တော့ စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ ဟိုကောင် အောင်ကျော်က တစ်ည ဆက်မအိပ်ရဲတော့ဘူး ဆိုလို့ အတန်တန် ပြောပြီး အိပ်ခိုင်း ခဲ့ရပါတယ်။ ကျနော်တို့လည်း ဒီညအိပ်ပြီးရင် ပြန်ရတော့မှာလေ။ ဒါပေမဲ့ ဒီညမှာတော့ ထူးထူးခြားခြား ဘာမှ မတွေ့ရသလို ဘာမှလည်း ထပ်မကြားရပါဘူး။

မနက်လင်းတော့ ဘုန်းကြီးကို ဦးချကန်တော့ကြပြီး ပြန်ဖို့ ပြောကြကာ လားရှိုးကနေ ရန်ကုန်ကို ပြန်ဆင်းလာခဲ့ကြပါတယ်။ ကျနော့်တို့ စိတ်ထဲမှာတော့ ထိုအကြောင်းကို မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ ကားလေးကတော့ တောင်ဆင်း လမ်းတွေမှာ တရိပ်ရိပ်နဲ့ ပြေးလို့ပါပဲ။

*******
ပြီးပါပြီ။

လေးစားစွာဖြင့် Credit ပေးပါတယ်

Zawgyi Version

“အခန္းဝက ေျခသံတရွပ္ရွပ္ “(စ/ဆံုး)
——————————————–
က်ေနာ့္ နာမည္ကေတာ့ ညီညီ ပါ။ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ တိုင္းရင္းေဆးတိုက္ ကုမၸဏီတစ္ခုမွာ (Marketing) တာဝန္ကို ထမ္းေဆာင္ပါတယ္။ ျဖန႔္ခ်ီေရးနဲ႔ အေရာင္းျမႇင့္တင္ေရး အပိုင္းပါ။ က်ေနာ္တို႔ ေဆးတိုက္က သုံးလကို တစ္ခါေလာက္ ဆိုသလို နယ္ေတြ ဆင္းရပါတယ္။ ရန္ကုန္နဲ႔ ေဝးတဲ့ ေနရာေတြမွာ ရွိတဲ့ ေဆးဆိုင္ေတြမွာ ျဖန႔္ျဖဴးေရး လိုက္လုပ္ရပါတယ္။

ပုံမွန္ကေတာ့ ရန္ကုန္ၿမိဳ႕ အတြင္းမွာပဲေပါ့။ ဒီတစ္ခါေတာ့ က်ေနာ္တို႔ ေဆးတိုက္က ရွမ္းျပည္နယ္ လားရႈိးၿမိဳ႕ကို သြားဖို႔ အေၾကာင္း ဖန္လာခဲ့ပါတယ္။ လားရႈိးမွာက ေဈးပြဲေတာ္တစ္ခု ရွိပါတယ္။ အဲ့ဒီေဈးပြဲေတာ္က ၅ ရက္လုပ္မွာပါ။ ရန္ကုန္ထဲကေရာ အျခားနယ္ အသီးသီးက ကုမၸဏီေတြကပါ လာေရာက္ ခင္းက်င္း ျပသၿပီး ေရာင္းခ်ၾကမဲ့ ေဈးပြဲေတာ္ပါ။

ဒီေတာ့ က်ေနာ္တို႔ ေဆးတိုက္ကလည္း တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ ဆိုသလို လားရႈိးကို သြားရင္း တျခား ၿမိဳ႕ေတြမွာပါ ေဆးလိုက္ျဖန႔္မယ္ ဆိုၿပီး တိုင္ပင္ ေဆြးေႏြးကာ ေဆးတိုက္က ကားေလးနဲ႔ ထြက္ခဲ့ၾကပါတယ္။

~~~~~

ဒီလို ခရီးထြက္ၾကတဲ့အခါ ကားေပၚမွာက စုစုေပါင္း ရွစ္ေယာက္ပါ။ ေယာက္်ားေလး သုံးေယာက္။ မိန္းကေလး ငါးေယာက္ပါ။ မန္ေနဂ်ာအစ္မႀကီးလည္း အပါအဝင္ေပါ့။ က်ေနာ္တို႔လည္း ရန္ကုန္ကေန မနက္ေစာေစာမွာ ထြက္ခဲ့ၾကၿပီး ပဲခူး၊ ေညာင္ေလးပင္၊ ေတာင္ငူ စတဲ့ ၿမိဳ႕ေတြမွာ အရင္ဆုံး ျဖန႔္ေဝ ၾကပါတယ္။ အဲ့ဒီ ကေနတဆင့္ ေနျပည္ေတာ္ကို ေရာက္ခဲ့ပါေသးတယ္။

ေနျပည္ေတာ္မွာ တစ္ညအိပ္ၿပီး ေနာက္တစ္ေန႔ၾကေတာ့ ပ်ဥ္းမနား၊ မိတၳီလာ စတဲ့ ၿမိဳ႕ေတြကို ျဖန႔္ခ်ီးရင္း ျပင္ဦးလြင္ကို ညေနေစာင္း ေလာက္မွာ တက္ခဲ့ၾကပါတယ္။ ေတာင္ေပၚ ေရာက္လာတာနဲ႔ အမွ် ေအးခ်က္က စိမ့္ေနေအာင္ပင္ ေအးလွပါတယ္။ ေလကေလး တစ္ခ်က္ကိုက အသည္းခိုက္ေအာင္ ေအးလွပါတယ္။ အခ်ိန္ကလည္း ေဆာင္းတြင္း မေရာက္တေရာက္ ဆိုေတာ့ လူေတြဆိုတာ ခိုက္ခိုက္တုန္ေနပါၿပီ။

ဒီလိုနဲ႔ ျပင္ဦးလြင္အေက်ာ္ ေနာင္ခ်ိဳၿမိဳ႕မွာ တစ္ညအိပ္ၾကပါေသးတယ္။ ေနာက္တစ္ေန႔ မနက္ပိုင္း ေလာက္မွာေတာ့ ေနာင္ခ်ိဳကေန ဆက္၍ ထြက္ခဲ့ၾကရာ လားရႈိးကိုေတာ့ ညေန ေလာက္မွာ ေရာက္ခဲ့ပါတယ္။ လားရႈိးေရာက္ေတာ့ ႏွီးဘုရားႀကီးရွိတဲ့ မန္ဆူေက်ာင္း တိုက္မွာ တည္းခိုၾကပါတယ္။ အဲ့ဒီ ဘုန္ႀကီးေက်ာင္းမွာက က်ေနာ္တို႔လို အျခားနယ္က လာတဲ့ ဧည့္သည္ေတြ တည္းခိုဖို႔ အတြက္ ေက်ာင္းဝန္းထဲမွာ အေဆာင္ေလးေတြ ေဆာက္လုပ္ ေပးထားတာေတြက အမ်ားႀကီးပါ။

အခုေတာ့ လားရႈိးမွာ ေဈးပြဲေတာ္က ၅ ရက္ ရွိတဲ့အတြက္ တျခား ကုမၸဏီေတြက လူေတြေရာ ဧည့္သည္ေတြပါ ေရာက္ရွိေနၾကတဲ့ အတြက္ အခန္းေတြမွာက လူျပည့္လို႔ေနပါတယ္။ က်ေနာ္တို႔လည္း ေရာက္ေရာက္ခ်င္းပဲ ဆရာေတာ္ႀကီးကို ဝင္ဖူးကာ အက်ိဳးအေၾကာင္းကို ေလ်ာက္တင္ လိုက္ၾကတဲ့အခါ ေက်ာင္းတိုက္ရဲ႕ ေထာင့္တစ္ေနရာက အေဆာင္ေလး ႏွစ္ခုေတာ့ အလြတ္ရွိေသးတဲ့ အတြက္ အဲ့ဒီ အခန္းမွာပဲ တည္းဖို႔ အဆင္ေျပ သြားခဲ့ပါတယ္။

အဲ့ဒါနဲ႔ပဲ က်ေနာ္ေတြလည္း အေဆာင္ေရွ႕ နားထိ ကားေမာင္းသြားၿပီး ပါလာတဲ့ ပစၥည္းေတြ ေဆးပုံးေတြကို ကားေပၚကေန ခ်ၾကပါတယ္။ ဒီအခ်ိန္မွာပဲ တစ္ခု ထူးဆန္းတာက က်ေနာ့္တို႔ တည္းဖို႔ အခန္းလိုက္ျပတဲ့ ဦးေလးႀကီးကေတာ့ မ်က္ႏွာ သိပ္ၿပီး မေကာင္းလွပါဘူး။ တစ္ခုခု ေျပာမယ္ ျပင္လိုက္ မေျပာပဲေနလိုက္နဲ႔ မ်က္စိမ်က္ႏွာ အနည္းငယ္ ပ်က္ေနသလိုပါပဲ။

က်ေနာ္လည္း အေၾကာင္းတစ္ခုခု ရွိလို႔ သူ႔ဘာသာ မ်က္ႏွာမေကာင္းတာ ျဖစ္မွာပါ ဆိုၿပီး ဘာမွေတာ့ ဆက္မေတြး မိေတာ့ပါဘူး။ က်ေနာ္တို႔ တည္းတဲ့ အေဆာင္က အေပၚထပ္ ေအာက္ထပ္ ေပါင္း (၈)ခန္း ရွိပါတယ္။ က်ေနာ္တို႔က အစြန္ဆုံး အခန္းမွာပါ။ ေယာက္်ားေလး (၃) ေယာက္ စုေနပါတယ္။ မန္ေနဂ်ာ အစ္မ အပါအဝင္ မိန္းကေလး (၅)ေယာက္ ကေတာ့ တစ္ဖက္ အခန္းမွာ စုေနၾကပါတယ္။ က်ေနာ္တို႔ရဲ႕ အေဆာင္ေရွ႕မွာေတာ့ ေဆာက္လက္စ တိုက္တစ္လုံး ရွိပါတယ္။ ႐ုပ္လုံးေတာ့ေပၚလာပါၿပီ။ ဒါေပမယ့္ ၿပီးဖို႔ကေတာ့ အနည္းငယ္ လိုပါေသးတယ္။

က်ေနာ္တို႔လည္း ေရမိုးခ်ိဳး ခနနားကာ ထမင္း ထြက္စားၾကပါတယ္။ ညေရာက္လာ ေလေလ အေအးဓာတ္က ပိုပိုလာ ေလေလပါပဲ။ ဘုန္းႀကီးေက်ာင္းက ေပးထားတဲ့ ဂြမ္းကပ္ အခင္းေတြ ေစာင္အထူႀကီးေတြ ေၾကာင့္သာ အေအး ခံႏိုင္ေပတယ္။ ရန္ကုန္မွာ ၿခဳံတဲ့ ေစာင္မ်ိဳး ဆိုရင္ေတာ့ အ႐ိုးကြဲေအာင္ ေအးေနမယ္လို႔ ထင္မိပါတယ္။ အဲ့ဒီ ညမွာေတာ့ ဘာမွ ထူးထူးျခားျခား မရွိပါဘူး။

ေနာက္တစ္ေန႔ကို ေရာက္ေတာ့ ေဈးပြဲေတာ္သြားကာ ဆိုင္ကို ခင္းက်င္း ျပင္ဆင္ၿပီး ေန႔လည္ေလာက္မွာ စတင္ေရာင္းခ်ၾကပါတယ္။ ည (၇)နာရီ ေလာက္မွာေတာ့ ပစၥည္းေတြသိမ္းကာ ျပန္လာခဲ့ၾကပါတယ္။ ဒုတိယ ညလည္း ထူးထူးျခားျခား ဘာမွမျဖစ္ခဲ့ပါဘူး။ တတိယ ညမွာလည္း ထို႔အတူ ေအးေအး ေဆးေဆး ပါပဲ။ ဒါေပမယ့္ စတုတၱညမွာေတာ့ ဇာတ္လမ္း စခဲ့ပါေတာ့တယ္။

ေလးရက္ေျမာက္ ညကို အေရာက္မွာေတာ့ က်ေနာ္တို႔ေတြလည္း ဆိုင္သိမ္းျပန္လာၿပီး ထမင္းစားၾကကာ ကိုယ့္အေဆာင္ထဲ ကိုယ္ ဝင္ခဲ့ၾကပါတယ္။ ၿပီးေတာ့ အိပ္ယာခင္းကာ ေစာင္ၿခဳံလ်က္ မအိပ္ၾကေသးပဲ စကားစျမည္ ေျပာၾကဆိုၾကရင္း ည ကိုးနာရီ ခြဲေလာက္မွာေတာ့ က်ေနာ္ေရာ သူငယ္ခ်င္း ႏွစ္ေယာက္ပါ မ်က္လုံးေတြ ေမွးစင္း လာတဲ့အတြက္ အိပ္စက္ လိုက္ၾကပါေတာ့တယ္။ တံခါးကိုေတာ့ အတြင္းကေန ေလာ့ခ် ထားလိုက္ၾကပါတယ္။

ဒီလိုနဲ႔ က်ေနာ္ အိပ္ေပ်ာ္ေနစဥ္ နားထဲမွာ ၾကားလိုက္ ရတာက…

“ညီညီေရ … ညီညီ… ေဟ့ေကာင့္ ထပါအုန္းဟ”

ဆိုၿပီး ႏႈိးေနတဲ့ အသံကို ၾကားေနရေတာ့ က်ေနာ္လည္း ဖ်တ္ခနဲ႔ ႏိုးသြားပါတယ္။ ၾကည့္လိုက္ေတာ့ ေအာင္ေက်ာ္က က်ေနာ့္ကို ႏႈိးေနတာပါ။ က်ေနာ္လည္း လူးလဲ ထလိုက္ေတာ့ ေအာ္ေက်ာ္က ေျပာလိုက္ပါတယ္။

“ညီညီ ခဏ ထပါကြာ ငါအေပါ့ သြားခ်င္လို႔ပါ”

ဒီေတာ့ က်ေနာ္လည္း ေအာင္ေက်ာ့္ကို စိတ္တိုတိုနဲ႔..

“ဟာ… မင္းကလည္းကြာ အိပ္ေကာင္းမွျဖင့္”

ဒီလို ေျပာလိုက္ေတာ့ ေအာင္ေက်ာ္လည္း မ်က္ႏွာညိဳးငယ္ကာ..

“လုပ္ပါကြာ ငါေၾကာက္လို႔ပါ…”

ဆိုၿပီး ျပန္ေျပာပါတယ္။ ဟုတ္ေတာ့ ဟုတ္ပါတယ္။ ေအာင္ေက်ာ္က သရဲ ေၾကာက္တတ္ပါတယ္။ ညဘက္ တစ္ေယာက္ထဲဆိုရင္ အိမ္ေပၚကေန အိမ္ေအာက္ေတာင္ မဆင္းရဲသူပါ။ အခုလည္းၾကည့္ အိမ္သာေရခ်ိဳးခန္းက အေဆာင္ေနာက္မွာ နီးနီးေလးပါပဲ။ ဒါကို မသြားရဲလို႔ အေဖာ္ေခၚေနေတာ့ က်ေနာ္လည္း..

“ေအးပါကြာ သြားသြား ငါေစာင့္ေပးမယ္”

ဆိုေတာ့မွ သူ႔ချမာ စိတ္ေအးသြားတဲ့ ပုံမ်ိဳး ျဖစ္သြားပါေတာ့တယ္။ ဒီေတာ့ ခပ္လွမ္းလွမ္းမွာ က်ေနာ္က ေစာင့္ေနရပါတယ္။ ခနေနေတာ့ ေအာင္ေက်ာ့္ဆီက..

“အမယ္ေလး ဘာသံႀကီးလည္းဟ”

ဆိုၿပီး ေအာ္လိုက္ကာ အေမာတေကာနဲ႔ ေျပးဝင္လာတာကို ႐ုတ္တရက္ ေတြ႕လိုက္ရပါတယ္။ ဒီေတာ့ က်ေနာ္လည္း အံ့ၾသမိၿပီး ေမးရပါေတာ့တယ္။

“ေဟ့ေကာင္ ေအာင္ေက်ာ္ ဘာျဖစ္လာတာလည္း”

လို႔ေမးလိုက္ေတာ့ သူက ထိတ္ထိတ္ျပာျပာနဲ႔ ျပန္ေျပာတာက..

“ငါအေပါ့သြားေနတုန္း အခန္းနံရံ အျပင္ဘက္ကေန အုတ္နံရံကို တဗုတ္ဗုတ္နဲ႔ လာပုတ္ေနသလို ၾကားလိုက္တယ္ကြ ငါလည္း ဘာမ်ားလည္းဆိုၿပီး ေၾကာက္လို႔ ေျပးလာတာ”

ဒီလိုေျပာလိုက္ေတာ့ က်ေနာ္လည္း စိတ္တိုသြားမိပါတယ္။ ဟုတ္တယ္ေလ။ ဘာမွလည္း ေသေသခ်ာခ်ာ ၾကားတာမဟုတ္ပဲနဲ႔ နံရံကို လာပုတ္သလို အသံေလးၾကားလို႔ ေျပးလာတာဆိုေတာ့ စိတ္တို သြားမိတာပါ။ ဒီေတာ့ က်ေနာ္လည္း..

“ဟ မင္းကလည္းကြာ အပင္ေတြ ဘာေတြ တစ္ခုခု ေနမွာေပါ့ ဘာမွမဟုတ္ပဲ ေၾကာက္ေနေသးတယ္ မင္းကို ညက်ရင္ ေျခသံ လာေပးလိမ့္မယ္”

ဆိုၿပီး ႏႈတ္ကလႊတ္ကနဲ ေျပာမိ သြားပါတယ္။ က်ေနာ္လည္း မရည္႐ြယ္ပဲ ေျပာမိလိုက္တာပါ။ ဒါကို ဒီေကာင္က လန႔္ျဖန႔္သြားၿပီး..

“ေဟ့ေကာင္ေနာ္ မင္းမစနဲ႔ ငါတကယ္ေၾကာက္တာကြ”

လို႔ မ်က္ႏွာငယ္ေလးနဲ႔ေျပာေနေတာ့ က်ေနာ္လည္း ထပ္ၿပီး မစျဖစ္ေတာ့ပါဘူး။ သူ႔ကို ေခ်ာ့ေမာ့ၿပီး ျပန္ေခၚလာခဲ့ရပါတယ္။ ဟိုတစ္ေကာင္ကေတာ့ ကာလနဂါးေသလို႔ ဝင္စားတာလားမသိ။ အိပ္လိုက္ရင္ ႏႈိးမရေတာ့ပါဘူး။ ေတာ္ေတာ္ အိပ္ပုတ္ႀကီးတဲ့ေကာင္ ဆိုၿပီး အကုန္လုံးက သတ္မွတ္ ထားၾကပါတယ္။

အခုလည္း အိပ္ေနတာက တုတ္တုတ္ေတာင္ မလႈပ္ပါဘူး။ ဒီလိုနဲ႔ က်ေနာ္တို႔ ျပန္အိပ္ၾကၿပီး အေတာ္ၾကာေတာ့ ေအာင္ေက်ာ္က အလန႔္တၾကားနဲ႔ ထေအာ္ပါေတာ့တယ္။

“အမယ္ေလး သရဲမ်က္ႏွာႀကီး သရဲမ်က္ႏွာႀကီး ငါ့ကိုၾကည့္ေနတယ္ ငါ့ကိုၾကည့္ေနတယ္”

ဆိုၿပီး ထေအာ္ပါေတာ့တယ္။ ဒီေတာ့ က်ေနာ္ေရာ ကိုဝင္းပါ ႏိုးသြားၿပီး ေအာင္ေက်ာ့္ကို ေမးရပါေတာ့တယ္။

“ေဟ့ေကာင္ ဘာျဖစ္ျပန္ၿပီလည္းကြာ.. ငါတို႔ မအိပ္ရေတာ့ဘူး”

ေအာင္ေက်ာ္က ေရဗူးထဲက ေရကို ေမာ့ေသာက္လိုက္ၿပီးေတာ့ ေၾကာက္ေၾကာက္နဲ႔ ျပန္ေျပာျပပါတယ္။

“ငါအိပ္ေနတုန္း အျပင္ကေန တရွပ္ရွပ္နဲ႔ ေျခသံၾကားတယ္ကြ… ငါလည္း ဘာလည္းမသိဘူးဆိုၿပီး အခန္းဝကို လွမ္းၾကည့္မိလိုက္တယ္ ၿပီးေတာ့ ၿပီးေတာ့… ဟို… ဟို…”

ဆိုၿပီး အခန္းတံခါးေပါက္ အေပၚက မွန္ကပ္ထားတဲ့ေနရာကို လက္ညႇိဳးထိုးျပပါတယ္။ က်ေနာ္တို႔ တည္းတဲ့ အခန္းပုံစံကေတာ့ အခန္းတံခါးရဲ႕အေပၚဘက္ နံရံမွာ မွန္ကပ္ထားပါေသးတယ္။ အလင္းေရာင္ ရေအာင္လို႔ပါ။ အခု အဲ့ဒီမွန္ေနရာကို လက္ညႇိဳး ထိုးျပတဲ့အခါ က်ေနာ္တို႔လည္း စိတ္ဝင္စားသြားၿပီး…

“ဘာျဖစ္လည္း ေအာင္ေက်ာ္ မင္းဘာေတြ႕လို႔လည္း ဆက္ေျပာ”

ဆိုေတာ့ သူက ဆက္ၿပီး ေျပာျပပါတယ္။

“အခန္းဝေပၚက မွန္မွာ မ်က္ႏွာႀကီးေပၚလာတာကြ ေၾကာက္စရာႀကီး.. မ်က္လုံးျပဴးျပဴး ႀကီးနဲ႔ ငါ့ကို လွမ္းၾကည့္ေနလို႔ ေၾကာက္ၿပီး လန႔္ေအာ္မိတာ”

လို႔ အေမာတေကာနဲ႔ ျပန္ေျပာျပပါတယ္။ ဒီေတာ့လည္း က်ေနာ္တို႔က ေျပရာေျပေၾကာင္း ေျပာျပရပါတယ္။

“ေအာ္ မင္းကလည္း အိပ္မက္မက္တာပဲျဖစ္မွာပါကြာ ငါမီးပိတ္ ထားေပးမယ္ မေၾကာက္နဲ႔ေတာ့”

လို႔ေျပာလိုက္ပါတယ္။ က်ေနာ္တို႔ အခန္းက ညဘက္မီးဖြင့္ၿပီး အိပ္ၾကတာပါ။ ဒါကို ဒီေကာင္က အိမ္မက္မက္ၿပီး ျမင္ခ်င္ရာ ျမင္တာပဲ ေနမွာပါလို႔ ေတြးမိလိုက္ပါတယ္။ ဒီေကာင္လည္းမီးမွိတ္လိုက္ေတာ့ ဘာမွ ဆက္မေျပာေတာ့ပဲ ဆက္အိပ္ေနပါတယ္။ ဒီလိုနဲ႔ ညသန္းေခါင္ ေက်ာ္ေလာက္မွာေတာ့ တရွပ္ရွပ္နဲ႔ အခန္းျပင္က ေျခသံကို က်ေနာ္ ၾကားလိုက္မိပါတယ္။

က်ေနာ္လည္း ဘယ္သူလည္း မသိဘူး ဆိုၿပီး ေခတၱ နားစြင့္ေနမိပါတယ္။ ေျခသံကေတာ့ ေသခ်ာကို ၾကားလာရတာပါ။ ဒီေတာ့ ဟိုႏွစ္ေကာင္ကို ၾကည့္လိုက္တဲ့ အခါ ႏွစ္ေယာက္လုံးက အိပ္ေနၾကပါတယ္။ က်ေနာ္လည္း လူတစ္ေယာက္ေယာက္ မ်ားလားဆိုၿပီး ေတြးမိလိုက္ပါတယ္။ ေျခသံတရွပ္ရွပ္နဲ႔ လမ္းေလ်ာက္ေနတဲ့ အသံကေတာ့ အခန္း အျပင္ဘက္မွာ ပီပီသသႀကီးကို ၾကားေနရတာပါ။

က်ေနာ္လည္း သိခ်င္တာနဲ႔ အသာအယာ ထၿပီး ျပတင္းေပါက္ လိုက္ကာကို အသာဖယ္ၿပီး ၾကည့္မိလိုက္ေတာ့ ေျခသံေပ်ာက္သြားကာ ဘာဆို ဘာမွ မေတြ႕ေတာ့ပါဘူး။ ႐ုတ္တရက္ ခ်က္ခ်င္း ေပ်ာက္သြားတာပါ။ က်ေနာ္လည္း အနည္းငယ္ေတာ့ ၾကက္သီး ထမိ သြားပါတယ္။ အျပင္မွာကလည္း မီးေတြ အျပည့္ထြန္းထားတာပါ။ ခ်က္ခ်င္း ေပ်ာက္သြားတာကေတာ့ မျဖစ္ႏိုင္ပါဘူး။

က်ေနာ္လည္း ဇေဝဇဝါ ျဖစ္မိသြားပါတယ္။ ပုန္းစရာ ေနရာကလည္း ခ်က္ခ်င္းေျပးပုန္းဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါဆို လူမဟုတ္ဘူးလား…။ လူမဟုတ္ရင္ ဘာလည္း ဆိုၿပီး ေတြးလိုက္မိေလေတာ့ ေျခလက္ေတြေတာင္ ေအးစက္လာခဲ့ပါတယ္။ ၾကက္သီးမ်ားကလည္း တျဖန္းျဖန္းနဲ႔ ထလာမိတယ္။ ေအာင္ေက်ာ္ မႏိုးလို႔သာပဲ။ ဒီေကာင္ဆိုရင္ ထေအာ္မိမွာ ဆိုၿပီးလည္း ေတြးလိုက္ပါတယ္။ က်ေနာ္ေတာင္ အေသြးထဲ ကေန တစိမ့္စိမ့္ ျဖစ္လာမိပါတယ္။

ဒါနဲ႔ပဲ က်ေနာ္လည္း အသာအယာျပန္လွဲကာ ျပန္အိပ္ေန လိုက္ပါေတာ့တယ္။ ထိုအခါမွာေတာ့ ခ်က္ခ်င္း ဆိုသလိုပဲ အခန္းတံခါး လက္ကိုင္ဘုကို အျပင္ကေန လွည့္ဖြင့္ေနသလို တဂ်က္ဂ်က္နဲ႔ တိုးညႇင္းတဲ့ အသံေလး တစ္သံကို နားထဲမွာ ၾကားလာရပါတယ္။ က်ေနာ္လည္း အသာယာ နားစြင့္ေနမိေလေတာ့ ပိုၿပီး ပီပီျပင္ျပင္ ၾကားလိုက္ပါတယ္။

အသံကေတာ့ အခန္းတံခါး လက္ကိုင္ကို ဖြင့္ေနတာပါ။ ဖြင့္ေနတဲ့အသံကေတာ့ တိုးတိုးတိတ္တိတ္သာ ထြက္ေပၚ ေနပါတယ္။ က်ေနာ္လည္း ဘယ္သူလည္းဆိုၿပီး ေမးရင္ ေကာင္းမလား မေမးရင္ ေကာင္းမလား ဆိုတာကို ဇေဝဇဝါ ေတြးေနမိပါတယ္။ ၿပီးေတာ့ မသိမသာဆိုသလို ေမႊးညႇင္းေပါက္ မ်ားကလည္း ေထာင္ထလာ ခဲ့ပါတယ္။ ၾကက္သီးေလးေတြလည္း အနည္းငယ္ ထလာမိပါတယ္။ ထိုအခိုက္မွာပဲ တဂ်က္ဂ်က္နဲ႔ တံခါးကို ဖြင့္ေနတဲ့ အသံက ေပ်ာက္သြားၿပီး တဟင္းဟင္းနဲ႔ ညည္းညဴသံႀကီး တစ္ခ်က္ထြက္ေပၚ လာခဲ့ပါတယ္။ ၿပီးေတာ့ အခန္းဝ နားကေန ျပန္ထြက္သြားတဲ့ ေျခသံကိုပါ ထပ္ၾကားလိုက္ပါတယ္။

ဒီတစ္ခါေတာ့ က်ေနာ္လည္း ေၾကာက္လာမိခဲ့ပါတယ္။ ဒီအခ်ိန္ႀကီးမွာလူတစ္ေယာက္ေတာ့ ဘယ္နည္းနဲ႔မွ မျဖစ္ႏိုင္ဘူး လို႔လည္း ေတြးမိလိုက္ပါတယ္။ အျပင္မွာ ဒီေလာက္ ေအးစက္ေနတာ ပဲေလ။ ဘယ္သူက ဒီလို လမ္းထြက္ေလ်ာက္မွာလည္း ဆိုၿပီး ေတြးလိုက္မိပါတယ္။ ဒါနဲ႔ပဲ ေစာေစာကလို အသာယာ ထလိုက္ၿပီး အခန္းျပတင္းေပါက္ လိုက္ကာစကို အသာေလးဖယ္ကာ ၾကည့္မိလိုက္ေတာ့ က်ေနာ့္ တစ္ကိုယ္လုံး ေအးစက္လာၿပီး ေခါင္းေတြႀကီးလာသလို ျဖစ္သြားမိပါတယ္။

အျပင္မွာ ေျခသံ တရွပ္ရွပ္ေပးၿပီး ေလ်ာက္ေနတဲ့ အေငြ႕လိုလို ပုံရိပ္လိုလို မဲမဲသဏၭန္ တစ္ခုကို ျမင္လိုက္ရပါတယ္။ ျမဴခိုးလို ပုံစံ မဲမဲ ပုံရိပ္ႀကီးတစ္ခုက အခန္း ေရွ႕ကေန တရွပ္ရွပ္နဲ႔ ျဖတ္ေလ်ာက္ကာ တေျဖးေျဖးနဲ႔ ေပ်ာက္သြားတာကိုလည္း ျမင္လိုက္ရပါတယ္။ က်ေနာ္လည္း ေၾကာက္ေၾကာက္နဲ႔ ခဏ ထပ္ၾကည့္ေနေပမဲ့ ဘာမွေတာ့ ဆက္မေတြ႕ရ မၾကားရေတာ့ပါဘူး။ ဒီေတာ့ အိပ္ယာထဲသာ ျပန္ဝင္အိပ္ေနလိုက္ ပါေတာ့တယ္။ မနက္လင္းရင္ေတာ့ ဒီအခန္း ကို လိုက္ပို႔တဲ့ ဦးေလးႀကီးကို ေမးရမယ္လို႔ ေတြးထားလိုက္ပါတယ္။

ဒီလိုနဲ႔ မနက္လင္းလာေတာ့ က်ေနာ္လည္း သူငယ္ခ်င္းေတြ အကုန္လုံးကို ထိုအေၾကာင္း ေျပာျပလိုက္ပါတယ္။ ဒီေတာ့ သူတို႔ေတြလည္း အံ့ၾသကုန္ၾကပါတယ္။ ေနာက္ေတာ့ မန္ေနဂ်ာ အစ္မကပဲ ဦးေဆာင္ကာ ဦးေလးႀကီးကို ခနေခၚယူၿပီး ေမးခဲ့ပါတယ္။ ထို ဦးေလးႀကီးကလည္း စိတ္မေကာင္းတဲ့ ပုံစံနဲ႔ သက္ျပင္းအခါခါ ခ်လို႔ ျပန္လည္ေျပာျပပါေတာ့တယ္။

“လြန္ခဲ့တဲ့ သုံးလေလာက္က အခု ေဆာက္လက္စ အေဆာက္အုံႀကီးမွာ ေမာင္ငယ္ ဆိုတဲ့ အလုပ္သမား တစ္ေယာက္ရွိတယ္ကြယ့္။ တစ္ေန႔ ေနလည္ပိုင္းမွာ အလုပ္ လုပ္ေနရင္းနဲ႔ အေပါ့ အပါး သြားခ်င္လို႔ဆိုၿပီး ငါ့တူတို႔ေနတဲ့အေဆာင္ထဲကို ေျပးဝင္လာရင္း အခန္းတံခါးကို အဖြင့္မွာ ႐ုတ္တရက္ မူးတယ္မူးတယ္ ဆိုၿပီး လဲက်သြားရာကေန အသက္ပါသြားေတာ့တာပါပဲကြယ္။ ေနာက္မွ သိရတာက ဦးေႏွာက္ ေသြးေၾကာျပတ္ၿပီး ေသဆုံးခဲ့တယ္လို႔ သိခဲ့ရတယ္။ အဲ့ဒီအခ်ိန္ကစၿပီး တစ္ခါတစ္ရံ ဒီအခန္း ေရွ႕မွာ လမ္းေလ်ာက္သံေတြ အခန္းတံခါးကိုဖြင့္ေနတဲ့ အသံေတြ ၾကားရတာပါပဲ။ တစ္ခါတစ္ေလမွသာ ၾကားရတာပါ။ အၿမဲတမ္းေတာ့ မဟုတ္ပါဘူး။ အခုလည္း ငါ့တူတို႔ ေနတဲ့ အခ်ိန္နဲ႔ တိုက္ဆိုင္ သြားရတာပါ…”

ဆိုၿပီး ေျပာျပခဲ့ပါတယ္။ ဒီေတာ့ က်ေနာ္ကလည္း ဆက္ေမးလိုက္ပါတယ္။

“ဒါဆို.. အမွ်ေတြဘာေတြ မေဝဘူးလား ဟင္”

“အမွ်ေဝတာေပါ့ တူႀကီးရယ္.. ဒါေပမယ့္ ဒီအခန္းကို ဖြင့္ေနတုန္း ေသသြားတဲ့ အစြဲေၾကာင့္ လားေတာ့မသိပါဘူး ခုထိ မကြၽတ္ႏိုင္ေသးဘူး ထင္ပါရဲ႕ကြယ္… ဒါေပမယ့္ သူက လူကိုေတာ့ ဒုကၡမေပးပါဘူး… ဒါကလည္း အၿမဲမေတြ႕ရပါဘူး.. တစ္ခါတစ္ေလမွပါ ေနာက္ရက္ေတြဆို ၾကားခ်င္မွသာ ၾကားရမွာပါ”

လို႔ေျပာျပခဲ့ပါတယ္။ က်ေနာ္တို႔လည္း အဲ့ဒီလိုၾကားလိုက္ေတာ့ စိတ္မေကာင္းေတာ့ ျဖစ္မိပါတယ္။ ဟိုေကာင္ ေအာင္ေက်ာ္က တစ္ည ဆက္မအိပ္ရဲေတာ့ဘူး ဆိုလို႔ အတန္တန္ ေျပာၿပီး အိပ္ခိုင္း ခဲ့ရပါတယ္။ က်ေနာ္တို႔လည္း ဒီညအိပ္ၿပီးရင္ ျပန္ရေတာ့မွာေလ။ ဒါေပမဲ့ ဒီညမွာေတာ့ ထူးထူးျခားျခား ဘာမွ မေတြ႕ရသလို ဘာမွလည္း ထပ္မၾကားရပါဘူး။

မနက္လင္းေတာ့ ဘုန္းႀကီးကို ဦးခ်ကန္ေတာ့ၾကၿပီး ျပန္ဖို႔ ေျပာၾကကာ လားရႈိးကေန ရန္ကုန္ကို ျပန္ဆင္းလာခဲ့ၾကပါတယ္။ က်ေနာ့္တို႔ စိတ္ထဲမွာေတာ့ ထိုအေၾကာင္းကို ေမ့ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ကားေလးကေတာ့ ေတာင္ဆင္း လမ္းေတြမွာ တရိပ္ရိပ္နဲ႔ ေျပးလို႔ပါပဲ။

*******
ၿပီးပါၿပီ။

ေလးစားစြာျဖင့္ Credit ေပးပါတယ္