သိုက်ဆက်ပဌာန်းဆက်များ (စ-ဆုံး)

Unicode Version

သိုက်ဆက်ပဌာန်းဆက်များ (စ-ဆုံး)
——————————————-
ဖြစ်ရပ်မှန်ပြောပြသူအားကျေးဇူးတင်ပါသည်

လူတိုင်းလူတိုင်းမှာသိုက်ဆက်ပဌာန်းဆက်တွေရှိနေကြပါသည်

ရှေးရေစက်ဆိုတာလဲလူတိုင်းလက်ခံထားတဲ့အတွက်ဘိတ်သားနဲ့အညာသူညားကြတယ်ဆိုတာတွေဟာအဆန်းမဟုတ်တော့ပါဘူး

လူတယောက်နဲ့တယောက်ဟာလဲကုသိုလ်ကံချင်းမတူသလိုပဌာန်းဆက်ချင်းလဲမတူပါဘူး

လူတွေဟာနေရာဒေသအမျိုးမျိုးမှာအဖြစ်အပျက်မျိုးစုံနဲ့အမှန်တကယ်ရှိလေသည်ထိုအထဲမှ
—-

အညာဒေသကရွာကြီးတရွာမှာဒေါ်စန်းဆိုတဲ့မုဆိုးမတယောက်ရှိလေသည်

ဒေါ်စန်းတွင်ဥဏ်ရေမမှီသောသားကလေးတယောက်ရှိလေသည်

စကားမပြောတတ်သောဆွံအနားမကြားဖြစ်လေသည် ။ ဒေါ်စန်းသည်မနက်တိုင်းအိမ်ရှေ့တွင်မုန့်ဟင်းခါးအသုတ်ရောင်းသည်။

လက်ရာကောင်းသောကြောင့်အလွန်ရောင်းကောင်းသည်မနက်ပိုင်းတွင်ပဲအကုန်ကုန်လေသည်။

သားကလေးကိုအတူနေသောညီမအပျိုကြီးနှင့်ထားလေသည်

ဈေးရောင်းကောင်းတော့ရွေတွဲလဲငွေတွဲလဲနှင့်ဖြစ်လာလေသည်သားလေးကလဲသ့ူဖာသာအေးဆေးစွာနေလေသည်။

ဒေါ်စန်းတို့ရွာသည်ဟိုးတချိန်ကအလွန်စည်ကားသောရွာကြီးဖြစ်ကာ

မြို့ရိုးအဟောင်းများစေတီအပျက်များပေါများစွာရှိနေသောကြောင့်ရာဇဝင်ထဲကမြို့ဟောင်းဖြစ်ခဲ့ဟန်တူပါသည် ။
တချို့အိမ်များပြန်လည်ပြုပြင်ရာတွင်မြေတူးရင်းရှေးဟောင်းလက်ဝတ်လက်စားများ

ရှေးဟောင်းငွေထည်များလူအသုံးအဆောင်ပစ္စည်းများရကြလေသည် ။

ရွှေငွေရ၍အဆင်ပြေသွားသူများလည်းရှိခဲ့ရာဒေါ်စန်းလဲအလွန်အားကျနေသည်။

ဒေါ်စန်းတိုရွာမှဘုရားပျက်များစွာရှိသည့်အနက်ရွာအနောက်ပိုင်းဘုရားပျက်သည်သရဲခြောက်သည်ဟုနံမည်အလွန်ကြီးလေသည် ။

ညဘက်ဆိုထိုဘုရားပျက်နားမည်သူမှမသွားကြပါနေ့လည်ဘက်တွင်

သိုက်ဆရာများရောက်လာပါကမြွေများထွက်လာတတ်သည်ဟုပြောကြလေသည် ။

သိုက်ဆရာများလဲဒေါ်စန်းတို့ရွာတွင်ခြေခြင်းလိမ်နေလေသည်လူစိမ်းများအသွားအလာများတော့

ရွာမှစားသောက်ဖွယ်ရာရောင်းသောဆိုင်များလဲရောင်းကောင်းလေသည်

ဒေါ်စန်းဆိုင်လဲအပါအဝင်ဆိုပါတော့ထူးခြားသောဒေါ်စန်းတို့ရွာအကြောင်း

ပါးစပ်ရာဇဝင်အမျိုးမျိုးပြောကာဒေါ်စန်းတို့ရွာသည်နံမည်ကြီးနေလေသည်။

ဘုရားပျက်များမှဌာပနာများရှိလေမလားလို့ဘုရားပျက်များအားလေ့လာသူများ

ဖြိုပြီးတူးချင်သူများကလဲအပုံအပင်ရွာကလက်မခံ၍သာမလုပ်ရဲကြချင်းဖြစ်သည် ။

တစ်ရက်မှာတော့အနောက်ဘက်ရွာမှအမျိုးအိမ်သွားပြီးမိုးချုပ်မှပြန်လာသည်အချိန်က

မှောင်စပျိူးချိန်ဖြစ်ကာအရာရာကိုသဲကွဲစွာမမြင်ရပေဒေါ်စန်းလဲခပ်မြန်မြန်ရှောက်ရင်းရွာရောက်ရန်စိတ်စောနေသည်။

ရွာအနောက်ပိုင်းဘုရားပျက်နားအရောက်တွင်ရုတ်တရက်မိန်းမတယောက်ကိုတွေ့ရာအရမ်းလန့်သွားလေသည် ။

ထိုမိန်းမသည်ဆံပင်အလွန်ကောင်းကာမျက်လုံးများမှာအမှောင်ထဲတွင်ပင်နီရဲပြီးတောက်နေလေသည်

ဒေါ်စန်းလဲကြက်သီးမျာထကာခေါင်းနပန်းများကြီး၍ထွက်ပြေးရန်ပြင်ရာထိုမိန်းမသည်ဒေါ်စန်းရှေ့ပိတ်ရပ်၍

”’အမသားကလေးကိုဒီငွေဟန်းချိန်းလေးလက်မှာပတ်ပေးထားပါမကြာခင်အန္တရယ်ရောက်လာလိမ့်မယ်””

ဒေါ်စန်းလဲသူပေးသောငွေဟန်းချိန်းကလေးအားမယူရဲကတုန်ကရင်ဖြစ်နေရာ

ထိုမိန်းမကဒေါ်စန်းခြင်းထဲထည့်ပေးလိုက်သည်ထိုအခါမှဆွဲခြင်းအမြန်ယူပြီးအိမ်သို့အပြေးပြန်လေသည်

နောက်ရက်တွင်ဒေါ်စန်းလန့်ဖျားဖျားပြီးဈေးမထွက်နိုင်ပေ

ဒေါ်စန်းသားလေးသည်အသက်၁၀နှစ်ကျော်ပြီဒေါ်စန်းးလဲဘုရားပျက်ကမိန်းမပေးလိုက်သော

ငွေဟန်းချိန်းကလေးလက်မှာပတ်ပေးထားရာအလွန်ပျော်နေလေသည်။

ဒေါ်စန်းသားကလေးကိုရှင်ပြုပေးချင်သည်ဒါပေမဲ့သင်္ကန်းစည်း၍မရဆိုလို့သာလက်လျော့နေရသည် ။

တနေ့တွင်ဒေါ်စန်းအိမ်သို့သိုက်ဆရာများမခေါ်ပဲနှင့်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေသည။်

သူတို့ပြောပုံအရဒေါ်စန်းအိမ်ခြံထဲတွင်သိုက်ရှိသည်သိုက်တူးပြီးပစ္စည်းများရပါက

တစ်ယောက်တဝက်ခွဲယူမည်ဆိုတော့ဒေါ်စန်းလဲလောဘတက်ကာလက်ခံလိုက်လေသည် ။
တကယ်တော့သိုက်ဆရာသည်ဒေါ်စန်းသားကလေးသိုက်ကလာတာကိုသိလေသည်

ဒေါ်စန်းနဲ့လဲပဌာန်းဆက်ရှိကာချမ်းသာအောင်လုပ်ပေးမှာသေချာသည်။

ဒေါ်စန်းအိမ်တွင်သိုက်မတွေ့ပါကဒေါ်စန်းသားကလေးကိုချုပ်ထားပြီးသိုက်ဆက်ပဌာန်းဆက်များခေါ်မေးပါက

ရမည်လို့တွေးကာခရုမှာလဲအဆံနဲ့လူမှာလဲအကြံနဲ့ဆိုသလိုအကောင်အထည်ဖော်ခြင်းဖြစ်ပေသည် ။
သိုက်ဆရာနှင့်သဘောတူပြီးညတွင်ဒေါ်စန်းသည်အိမ်မက်မက်လေသည်

ဒေါ်စန်းဘုရားပျက်တွင်တွေ့ရသောမိန်းမသည်အိမ်မက်ထဲတွင်အတော်ဒေါသဖြစ်နေကာဒေါ်စန်းအား

”ရှင်ကအတော်လောဘကြီးတာပဲရှင့်ကြောင့်ကျွန်မတို့မောင်ကလေးဒုခ္ခရောက်တော့မယ်——-ရှင့်မှာဘာပူစရာလို့လို့လဲဈေးလဲရောင်းကောင်းနေတာမဟုတ်လား””

”’တကယ်တော့ကျွန်မတို့မောင်နှမသုံးယောက်ဟာဘုရားပျက်ကပစ္စည်းတွေကို——-စောင့်နေရတဲ့နဂါးမောင်နှမတွေပါရှင့်ဆီရောက်နေတာကျွန်မတို့မောင်အငယ်ဆုံးကလေးပါ”’

”””သိုက်အကြောင်းပြောမိမှာစိုးလို့နုတ်ပိတ်လွှတ်လိုက်တာအချိန်မတန်သေးလို့ရှင်မရသေးတာပါ———–အချိန်ကျရင်ရှင်ရမှာပါ-****-အဲဒီအခါကျရင်ရှင့်ကိုဘုရားကိုပြုပြင်ခိုင်းမလို့ပါအခုတော့အလကားဖြစ်ကုန်ပြီရှင်နောင်တရစေရမယ်””

ဒေါ်စန်းလဲအိမ်မက်မက်ပြီးသိုက်တူးရမှာစိတ်လေးနေပေမဲ့သိုက်ဆရာရဲ့အာပေါင်အားရင်းသန်သန်မဲဆွယ်မှု့ကြောင့်စိတ်ပါကာလုပ်ငန်းစလေသည် ။

သိုက်တူးမယ်ဆိုကထဲကဒေါ်စန်းသားကလေးသည်ဂနာမငြိမ်ဖြစ်ကာအော်ဟစ်သောင်းကျန်းလေသည်။

သိုက်တူးမဲ့ညမှာတော့သိုက်ပွဲများပြင်ကာသိုက်ဆရာနှင့်သူ့တပည့်သည်အစီအရင်များလုပ်ကာစည်ဝိုင်းများချလေသည် ။

ဒေါ်စန်းသားကလေးအားငြိမ်အောင်ဆိုပြီးခြေမန်းကွင်းများနှင့်ချည်ပေးထားလေသည် ။

ဒေါ်စန်းသားကလေးလဲရုန်းကန်ကာလူးလှိမ့်နေလေသည်ဒီအချိန်တွင်သိုက်ဆရာများ

အိမ်ဘေးထောင့်တွင်သိုက်စတူးလေရာသိပ်မကြာခင်တွင်ဝင်းဝင်းလက်လက်နှင့်ရွှေဒင်္ဂါးများတွေ့ရပြီဟု

သိုက်ဆရာစကားကြောင့်ဒေါ်စန်းတို့အလွန်ဝမ်းသာနေကြလေသည် ။

မထင်မှတ်ပဲသိုက်တူးနေချိန်တွင်အိမ်ဝင်းထဲသို့မြွေကြီးနှစ်ကောင်ဝင်လာလေသည်

မြွေတကောင်သည်စည်ဝိုင်းအပြင်တွင်ပါးပျဉ်းထောင်နေပြီးမြွေတကောင်
သည်အိမ်ပေါ်တက်လာရာဒေါ်စန်းနှင့်သ့ူညီမလဲခလေးကိုဆွဲ၍အခန်းထဲဝင်ကာတံခါးပိတ်ထားလေသည် ။
ကြောက်ကြောက်လန့်လန့်နဲ့ကလေးဆွဲကြသောကြောင့်သိုက်ဆရာခြေမန်ကွင်းများပြုတ်သွားကာ

ကလေးသည်တံခါးတွန်းဖွင့်ကာတဟုန်ထိုးပြေးထွက်သွားပြီးသိုက်ပွဲအားခြေထောက်နှင့်ပြေးကန်လိုက်လေသည် ။

ထိုအခါသိုက်ဆရာနှင့်သူ့တပည့်တူးနေရာတွင်းမှရေများအလုံးအရင်းနှင့်ထွက်လာကာ

သိုက်ဆရာနှင့်သူ့တပည့်များရေထဲလက်ပြစ်ကူးနေကြလေသည်။

်မိုးလင်းမှဒေါ်စန်းခေါ်မှသတိဝင်ကာမြေကြီးပေါ်တွင်လက်ပြစ်ကူးနေသောသူတို့အဖြစ်အားသိရလေသည်။

်ရင်ပတ်များလက်များတကိုယ်လုံးစုပ်ပြဲကာသွေးသံတရဲရဲဖြစ်သွားလေသည် ။

စည်းပေါက်သွားသောကြောင့်သိုက်ဆရာလဲလစ်လေသည်ညကသူတို့ရှာခဲ့သော

နေရာတွင်လဲအိုးချမ်းပဲ့များတွေ့ရလေတော့သည် ။
နောက်တပတ်လောက်နေတော့ဒေါ်စန်းသည်အိမ်မက်မက်ပြန်သည်အိမ်မက်ထဲတွင်သားလေးသည်

ဘုရားပျက်ဆီကိုသွားနေကာဒေါ်စန်းတွေ့ခဲ့သောမိန်းမနှင့်နောက်မိန်းကလေးတယောက်သည်

သားလေးအားစီးကြိုနေရာသုံးယောက်ဆုံလိုက်တဲ့အခါမှာတော့နဂါးသုံးကောင်ဖြစ်သွားကာပျောက်ကွယ်သွားလေသည် ။

ဒေါ်စန်းလဲ”’သား’သား”’ဟုအော်ခေါ်နေရင်းလန့်နိုးသွားတော့သားလေးအားကြည့်လိုက်ရာ

သားလေးသည်အသက်မရှိတော့တစ်ကိုယ်လုံးအေးစက်၍ပင်နေပြီဖြစ်သည်။
ဒေါ်စန်းသည်သားလေးသ့ူ့ကြောင့်သေတယ်ဆိုပြီးအလွန်စိတ်မကောင်းဖြစ်ကာ

အိမ်နှင့်လက်ဝတ်လက်စားများရောင်းကာသရဲခြောက်တယ်ဆိုသောဘုရားပျက်အားပြုပြင်၍

နဂါးရုံစေတီလေးတည်ကာစစ်ကိုင်းတောင်သို့ရာသက်ပန်ရောဂီဝတ်ရန်ထွက်သွားလေတော့သည် ။

ပြီး

Zawgyi Version

သိုက္ဆက္ပဌာန္းဆက္မ်ား (စ-ဆံုး)
——————————————-
ျဖစ္ရပ္မွန္ေျပာျပသူအားေက်းဇူးတင္ပါသည္

လူတိုင္းလူတိုင္းမွာသိုက္ဆက္ပဌာန္းဆက္ေတြရွိေနၾကပါသည္

ေရွးေရစက္ဆိုတာလဲလူတိုင္းလက္ခံထားတဲ့အတြက္ဘိတ္သားနဲ႔အညာသူညားၾကတယ္ဆိုတာေတြဟာအဆန္းမဟုတ္ေတာ့ပါဘူး

လူတေယာက္နဲ႔တေယာက္ဟာလဲကုသိုလ္ကံခ်င္းမတူသလိုပဌာန္းဆက္ခ်င္းလဲမတူပါဘူး

လူေတြဟာေနရာေဒသအမ်ိဳးမ်ိဳးမွာအျဖစ္အပ်က္မ်ိဳးစုံနဲ႔အမွန္တကယ္ရွိေလသည္ထိုအထဲမွ
—-

အညာေဒသက႐ြာႀကီးတ႐ြာမွာေဒၚစန္းဆိုတဲ့မုဆိုးမတေယာက္ရွိေလသည္

ေဒၚစန္းတြင္ဥဏ္ေရမမွီေသာသားကေလးတေယာက္ရွိေလသည္

စကားမေျပာတတ္ေသာဆြံအနားမၾကားျဖစ္ေလသည္ ။ ေဒၚစန္းသည္မနက္တိုင္းအိမ္ေရွ႕တြင္မုန႔္ဟင္းခါးအသုတ္ေရာင္းသည္။

လက္ရာေကာင္းေသာေၾကာင့္အလြန္ေရာင္းေကာင္းသည္မနက္ပိုင္းတြင္ပဲအကုန္ကုန္ေလသည္။

သားကေလးကိုအတူေနေသာညီမအပ်ိဳႀကီးႏွင့္ထားေလသည္

ေဈးေရာင္းေကာင္းေတာ့ေ႐ြတြဲလဲေငြတြဲလဲႏွင့္ျဖစ္လာေလသည္သားေလးကလဲသ့ူဖာသာေအးေဆးစြာေနေလသည္။

ေဒၚစန္းတို႔႐ြာသည္ဟိုးတခ်ိန္ကအလြန္စည္ကားေသာ႐ြာႀကီးျဖစ္ကာ

ၿမိဳ႕႐ိုးအေဟာင္းမ်ားေစတီအပ်က္မ်ားေပါမ်ားစြာရွိေနေသာေၾကာင့္ရာဇဝင္ထဲကၿမိဳ႕ေဟာင္းျဖစ္ခဲ့ဟန္တူပါသည္ ။
တခ်ိဳ႕အိမ္မ်ားျပန္လည္ျပဳျပင္ရာတြင္ေျမတူးရင္းေရွးေဟာင္းလက္ဝတ္လက္စားမ်ား

ေရွးေဟာင္းေငြထည္မ်ားလူအသုံးအေဆာင္ပစၥည္းမ်ားရၾကေလသည္ ။

ေ႐ႊေငြရ၍အဆင္ေျပသြားသူမ်ားလည္းရွိခဲ့ရာေဒၚစန္းလဲအလြန္အားက်ေနသည္။

ေဒၚစန္းတို႐ြာမွဘုရားပ်က္မ်ားစြာရွိသည့္အနက္႐ြာအေနာက္ပိုင္းဘုရားပ်က္သည္သရဲေျခာက္သည္ဟုနံမည္အလြန္ႀကီးေလသည္ ။

ညဘက္ဆိုထိုဘုရားပ်က္နားမည္သူမွမသြားၾကပါေန႔လည္ဘက္တြင္

သိုက္ဆရာမ်ားေရာက္လာပါကေႁမြမ်ားထြက္လာတတ္သည္ဟုေျပာၾကေလသည္ ။

သိုက္ဆရာမ်ားလဲေဒၚစန္းတို႔႐ြာတြင္ေျချခင္းလိမ္ေနေလသည္လူစိမ္းမ်ားအသြားအလာမ်ားေတာ့

႐ြာမွစားေသာက္ဖြယ္ရာေရာင္းေသာဆိုင္မ်ားလဲေရာင္းေကာင္းေလသည္

ေဒၚစန္းဆိုင္လဲအပါအဝင္ဆိုပါေတာ့ထူးျခားေသာေဒၚစန္းတို႔႐ြာအေၾကာင္း

ပါးစပ္ရာဇဝင္အမ်ိဳးမ်ိဳးေျပာကာေဒၚစန္းတို႔႐ြာသည္နံမည္ႀကီးေနေလသည္။

ဘုရားပ်က္မ်ားမွဌာပနာမ်ားရွိေလမလားလို႔ဘုရားပ်က္မ်ားအားေလ့လာသူမ်ား

ၿဖိဳၿပီးတူးခ်င္သူမ်ားကလဲအပုံအပင္႐ြာကလက္မခံ၍သာမလုပ္ရဲၾကခ်င္းျဖစ္သည္ ။

တစ္ရက္မွာေတာ့အေနာက္ဘက္႐ြာမွအမ်ိဳးအိမ္သြားၿပီးမိုးခ်ဳပ္မွျပန္လာသည္အခ်ိန္က

ေမွာင္စပ်ိဴးခ်ိန္ျဖစ္ကာအရာရာကိုသဲကြဲစြာမျမင္ရေပေဒၚစန္းလဲခပ္ျမန္ျမန္ေရွာက္ရင္း႐ြာေရာက္ရန္စိတ္ေစာေနသည္။

႐ြာအေနာက္ပိုင္းဘုရားပ်က္နားအေရာက္တြင္႐ုတ္တရက္မိန္းမတေယာက္ကိုေတြ႕ရာအရမ္းလန႔္သြားေလသည္ ။

ထိုမိန္းမသည္ဆံပင္အလြန္ေကာင္းကာမ်က္လုံးမ်ားမွာအေမွာင္ထဲတြင္ပင္နီရဲၿပီးေတာက္ေနေလသည္

ေဒၚစန္းလဲၾကက္သီးမ်ာထကာေခါင္းနပန္းမ်ားႀကီး၍ထြက္ေျပးရန္ျပင္ရာထိုမိန္းမသည္ေဒၚစန္းေရွ႕ပိတ္ရပ္၍

”’အမသားကေလးကိုဒီေငြဟန္းခ်ိန္းေလးလက္မွာပတ္ေပးထားပါမၾကာခင္အႏၲရယ္ေရာက္လာလိမ့္မယ္””

ေဒၚစန္းလဲသူေပးေသာေငြဟန္းခ်ိန္းကေလးအားမယူရဲကတုန္ကရင္ျဖစ္ေနရာ

ထိုမိန္းမကေဒၚစန္းျခင္းထဲထည့္ေပးလိုက္သည္ထိုအခါမွဆြဲျခင္းအျမန္ယူၿပီးအိမ္သို႔အေျပးျပန္ေလသည္

ေနာက္ရက္တြင္ေဒၚစန္းလန႔္ဖ်ားဖ်ားၿပီးေဈးမထြက္ႏိုင္ေပ

ေဒၚစန္းသားေလးသည္အသက္၁၀ႏွစ္ေက်ာ္ၿပီေဒၚစန္းးလဲဘုရားပ်က္ကမိန္းမေပးလိုက္ေသာ

ေငြဟန္းခ်ိန္းကေလးလက္မွာပတ္ေပးထားရာအလြန္ေပ်ာ္ေနေလသည္။

ေဒၚစန္းသားကေလးကိုရွင္ျပဳေပးခ်င္သည္ဒါေပမဲ့သကၤန္းစည္း၍မရဆိုလို႔သာလက္ေလ်ာ့ေနရသည္ ။

တေန႔တြင္ေဒၚစန္းအိမ္သို႔သိုက္ဆရာမ်ားမေခၚပဲႏွင့္ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာေလသည။္

သူတို႔ေျပာပုံအရေဒၚစန္းအိမ္ၿခံထဲတြင္သိုက္ရွိသည္သိုက္တူးၿပီးပစၥည္းမ်ားရပါက

တစ္ေယာက္တဝက္ခြဲယူမည္ဆိုေတာ့ေဒၚစန္းလဲေလာဘတက္ကာလက္ခံလိုက္ေလသည္ ။
တကယ္ေတာ့သိုက္ဆရာသည္ေဒၚစန္းသားကေလးသိုက္ကလာတာကိုသိေလသည္

ေဒၚစန္းနဲ႔လဲပဌာန္းဆက္ရွိကာခ်မ္းသာေအာင္လုပ္ေပးမွာေသခ်ာသည္။

ေဒၚစန္းအိမ္တြင္သိုက္မေတြ႕ပါကေဒၚစန္းသားကေလးကိုခ်ဳပ္ထားၿပီးသိုက္ဆက္ပဌာန္းဆက္မ်ားေခၚေမးပါက

ရမည္လို႔ေတြးကာခ႐ုမွာလဲအဆံနဲ႔လူမွာလဲအႀကံနဲ႔ဆိုသလိုအေကာင္အထည္ေဖာ္ျခင္းျဖစ္ေပသည္ ။
သိုက္ဆရာႏွင့္သေဘာတူၿပီးညတြင္ေဒၚစန္းသည္အိမ္မက္မက္ေလသည္

ေဒၚစန္းဘုရားပ်က္တြင္ေတြ႕ရေသာမိန္းမသည္အိမ္မက္ထဲတြင္အေတာ္ေဒါသျဖစ္ေနကာေဒၚစန္းအား

”ရွင္ကအေတာ္ေလာဘႀကီးတာပဲရွင့္ေၾကာင့္ကြၽန္မတို႔ေမာင္ကေလးဒုခၡေရာက္ေတာ့မယ္——-ရွင့္မွာဘာပူစရာလို႔လို႔လဲေဈးလဲေရာင္းေကာင္းေနတာမဟုတ္လား””

”’တကယ္ေတာ့ကြၽန္မတို႔ေမာင္ႏွမသုံးေယာက္ဟာဘုရားပ်က္ကပစၥည္းေတြကို——-ေစာင့္ေနရတဲ့နဂါးေမာင္ႏွမေတြပါရွင့္ဆီေရာက္ေနတာကြၽန္မတို႔ေမာင္အငယ္ဆုံးကေလးပါ”’

”””သိုက္အေၾကာင္းေျပာမိမွာစိုးလို႔ႏုတ္ပိတ္လႊတ္လိုက္တာအခ်ိန္မတန္ေသးလို႔ရွင္မရေသးတာပါ———–အခ်ိန္က်ရင္ရွင္ရမွာပါ-****-အဲဒီအခါက်ရင္ရွင့္ကိုဘုရားကိုျပဳျပင္ခိုင္းမလို႔ပါအခုေတာ့အလကားျဖစ္ကုန္ၿပီရွင္ေနာင္တရေစရမယ္””

ေဒၚစန္းလဲအိမ္မက္မက္ၿပီးသိုက္တူးရမွာစိတ္ေလးေနေပမဲ့သိုက္ဆရာရဲ႕အာေပါင္အားရင္းသန္သန္မဲဆြယ္မႈ႕ေၾကာင့္စိတ္ပါကာလုပ္ငန္းစေလသည္ ။

သိုက္တူးမယ္ဆိုကထဲကေဒၚစန္းသားကေလးသည္ဂနာမၿငိမ္ျဖစ္ကာေအာ္ဟစ္ေသာင္းက်န္းေလသည္။

သိုက္တူးမဲ့ညမွာေတာ့သိုက္ပြဲမ်ားျပင္ကာသိုက္ဆရာႏွင့္သူ႔တပည့္သည္အစီအရင္မ်ားလုပ္ကာစည္ဝိုင္းမ်ားခ်ေလသည္ ။

ေဒၚစန္းသားကေလးအားၿငိမ္ေအာင္ဆိုၿပီးေျခမန္းကြင္းမ်ားႏွင့္ခ်ည္ေပးထားေလသည္ ။

ေဒၚစန္းသားကေလးလဲ႐ုန္းကန္ကာလူးလွိမ့္ေနေလသည္ဒီအခ်ိန္တြင္သိုက္ဆရာမ်ား

အိမ္ေဘးေထာင့္တြင္သိုက္စတူးေလရာသိပ္မၾကာခင္တြင္ဝင္းဝင္းလက္လက္ႏွင့္ေ႐ႊဒဂၤါးမ်ားေတြ႕ရၿပီဟု

သိုက္ဆရာစကားေၾကာင့္ေဒၚစန္းတို႔အလြန္ဝမ္းသာေနၾကေလသည္ ။

မထင္မွတ္ပဲသိုက္တူးေနခ်ိန္တြင္အိမ္ဝင္းထဲသို႔ေႁမြႀကီးႏွစ္ေကာင္ဝင္လာေလသည္

ေႁမြတေကာင္သည္စည္ဝိုင္းအျပင္တြင္ပါးပ်ဥ္းေထာင္ေနၿပီးေႁမြတေကာင္
သည္အိမ္ေပၚတက္လာရာေဒၚစန္းႏွင့္သ့ူညီမလဲခေလးကိုဆြဲ၍အခန္းထဲဝင္ကာတံခါးပိတ္ထားေလသည္ ။
ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ကေလးဆြဲၾကေသာေၾကာင့္သိုက္ဆရာေျခမန္ကြင္းမ်ားျပဳတ္သြားကာ

ကေလးသည္တံခါးတြန္းဖြင့္ကာတဟုန္ထိုးေျပးထြက္သြားၿပီးသိုက္ပြဲအားေျခေထာက္ႏွင့္ေျပးကန္လိုက္ေလသည္ ။

ထိုအခါသိုက္ဆရာႏွင့္သူ႔တပည့္တူးေနရာတြင္းမွေရမ်ားအလုံးအရင္းႏွင့္ထြက္လာကာ

သိုက္ဆရာႏွင့္သူ႔တပည့္မ်ားေရထဲလက္ျပစ္ကူးေနၾကေလသည္။

္မိုးလင္းမွေဒၚစန္းေခၚမွသတိဝင္ကာေျမႀကီးေပၚတြင္လက္ျပစ္ကူးေနေသာသူတို႔အျဖစ္အားသိရေလသည္။

္ရင္ပတ္မ်ားလက္မ်ားတကိုယ္လုံးစုပ္ၿပဲကာေသြးသံတရဲရဲျဖစ္သြားေလသည္ ။

စည္းေပါက္သြားေသာေၾကာင့္သိုက္ဆရာလဲလစ္ေလသည္ညကသူတို႔ရွာခဲ့ေသာ

ေနရာတြင္လဲအိုးခ်မ္းပဲ့မ်ားေတြ႕ရေလေတာ့သည္ ။
ေနာက္တပတ္ေလာက္ေနေတာ့ေဒၚစန္းသည္အိမ္မက္မက္ျပန္သည္အိမ္မက္ထဲတြင္သားေလးသည္

ဘုရားပ်က္ဆီကိုသြားေနကာေဒၚစန္းေတြ႕ခဲ့ေသာမိန္းမႏွင့္ေနာက္မိန္းကေလးတေယာက္သည္

သားေလးအားစီးႀကိဳေနရာသုံးေယာက္ဆုံလိုက္တဲ့အခါမွာေတာ့နဂါးသုံးေကာင္ျဖစ္သြားကာေပ်ာက္ကြယ္သြားေလသည္ ။

ေဒၚစန္းလဲ”’သား’သား”’ဟုေအာ္ေခၚေနရင္းလန႔္ႏိုးသြားေတာ့သားေလးအားၾကည့္လိုက္ရာ

သားေလးသည္အသက္မရွိေတာ့တစ္ကိုယ္လုံးေအးစက္၍ပင္ေနၿပီျဖစ္သည္။
ေဒၚစန္းသည္သားေလးသ့ူ႔ေၾကာင့္ေသတယ္ဆိုၿပီးအလြန္စိတ္မေကာင္းျဖစ္ကာ

အိမ္ႏွင့္လက္ဝတ္လက္စားမ်ားေရာင္းကာသရဲေျခာက္တယ္ဆိုေသာဘုရားပ်က္အားျပဳျပင္၍

နဂါး႐ုံေစတီေလးတည္ကာစစ္ကိုင္းေတာင္သို႔ရာသက္ပန္ေရာဂီဝတ္ရန္ထြက္သြားေလေတာ့သည္ ။

ၿပီး