သရဲကြီးဦးဖိုးလူ (စ-ဆုံး)

Unicode Version

သရဲကြီးဦးဖိုးလူ (စ-ဆုံး)
———————————
မအေးမေသည်သားမောင်ရေခဲလေး
သရဲမြင်နိုင်သည့်အကြောင်းကို လင်ဖြစ်သူကိုမြင့်တင်အားပြောပြသင့်မပြောပြသင့်စဉ်းစားနေ၏။ဦးဖိုးလူ၏နာရေးပြီးမှတဖြည်းဖြည်းချင်းပြောပြသွားရန်စဉ်းစားထား၏။အကြောင်းမှာဦးဖိုးလူသည် သရဲတစ္ဆေအားအယုံအကြည်မရှိသောကြောင့်ဖြစ်၏။ခုချက်ချင်းသားဖြစ်သူမောင်ရေခဲသရဲမြင်ရကြောင်းပြောပြလျှင် ကလေးကိုကြောက်စိတ်ဝင်အောင်ပြောနေသည်ဟုသာပြောပြီးသူပင်အဆဲခံရပေဦးမည်။
ညနေစောင်းချိန်တွင်သားငယ်အားဘုရားရှိခိုးစေပြီးသိပ်လိုက်၏။သူမကားမပြီးသေးသောအပ်ထည်များကို ဆက်ချုပ်ရန်စက်ခုံအိုလေးပေါ်သို့တက်လိုက်ရ၏။ကိုမြင့်တက်ကားဝါးကျောနည်းဖြင့် ပလိုင်းအားရက်နေ၏။ငွေကြေးချောင်လည်သေယ်လည်းသားဖြစ်သူမောင်ရေခဲ၏နောင်ရေးကိုမြော်တွေးကာ အလုပ်ပို၍ကြိုးစားကြခြင်းဖြစ်၏။
မနက်ရောက်သော်နာရေးအိမ်သို့ထပ်သွားကြပြန်၏။မောင်ရေခဲလေးကိုကားထပ်ခေါ်မလာခဲ့ချေ။ကျွေးမွေးပြီးနေ့လယ်၁၁နာရီခန့်တွင် သုသာန်သို့အလောင်းမြေချရန်သွားကြ၏။ဦးဖိုးလူ၏နာရေးသည်ကားချောချောချူချုပင်ပြီးသွားခဲ့သည်။
ဦးဖိုးလူအလောင်းမြေကျပြီးနောက်ရက်များတွင်ကားပြသနာစတော့သည်။ညနေမှောင်စပျိုးသည်နဲ့သင်္ချိုင်းဘက်မှစ၍ရွာထဲထိခွေးများအုပ်လိုက် သံရှည်ဆွဲကာအူကြ၏။ရွာတွင်းသို့သုံးပတ်လောက်ပတ်အူုပီးဦးဖိုးလူအိမ်ရှေ့ရောက်လျှင်ရပ်သွားကြ၏။ဦးဖိုးလူမကျွတ်၍ခွေးအူခြင်းဖြစ်မည်ဖြစ်ကြောင်းကြောကြသဖြင့်ညနေမှောင်သည်နဲ့တံခါးပိတ်ကာအပ်ကျသံပင်မကြားရလောက်အောင်တိတိဆိတ်နေ၏။
ဦးဖိုးလူအိမ်တွင်ကားဦးဖိုးလူမိသားစုအဖော်ရရန်ညစောင့်ဖဲဝိုင်းသုံးလေးဝိုင်းရှိ၏။
အဖော်အဖြစ်လာစောင့်အိပ်သောမိန်းမကြီးတို့ကား ဟိုလူသည်လူများအကြောင်းအတင်းတုတ်ပြီးအိပ်ယာဝင်ကြ၏။ည ည့်နက်လာသည်နဲ့ရွာထဲရှိခွေးများဆွဲဆွဲငင်င်အူကြ၏။ဖဲဝိုင်းထဲရှိအချို့လူကငိုက်မျည်းနေပြီ။တိုးမောင်တို့ကားဝိုင်းကောင်းနေဆဲ။
“ချကွာ….ဒီညတော့ဖိုးလူအစွမ်းနဲ့ရှုံးထားတာပြန်ရအောင်လုပ်ရမယ်…မွမ်”
တိုးမောင်ကားသူ့လက်ထဲမှဖဲချပ်အားနမ်းလိုက်၏။အရင်ညကသူအများကြီးရှုံးထားသောကြောင့်ယခုညတွင်ပြန်ရအောင်လုပ်မည်ဟုအားတင်းထား၏။
“အူးဝူး….အူး…ဝုတ်..ဝုတ်…”
ဦးဖိုးလူ၏အိမ်ရှေ့တွင်ကားခွေးများကတစ်ခုခုမြင်သည့်နှယ်သံရှည်ပြုကာအူနေ၏။
” တောက်!ဒီခွေးတွေနှယ်….ဒီလောက်ထိအူရသလား”ဖဲရှုံးသည့်ကြားခွေးကပါထအူနေသဖြင့်မြင့်စိုးကဆဲပစ်လိုက်၏။
အိမ်ရှေ့ကိုထိုးထိုးဟောင်နေသဖြင့်ဦးဖိုးလူပြန်လာသည့်အကြောင်းကိုဖဲဝိုင်းရှိလူတို့သတိပြုမိကြ၏။
“ဟျောင့် တွေဦးဖိုးလူပြန်လာနေပြီထင်တယ်ကွ….ဒီလူကြီးအသက်ရွယ်မှသိပ်မရသေးတာဘာလို့အသေစောနေပါလိမ့်”
ဖဲကနေရင်းမိုးဝင်းကထိုသို့ပြောလိုက်၏။
” သေမင်းကအသက်မရွေးဘူးမိုးဝင်းရ…
မင်းလည်းမနက်ဖန်သေချင်သေနိုင်လောက်တယ်ကွ…အဟား…”တုတ်တိုကမိုးဝင်းအားစနောက်လိုက်၏။
“ငါမသေသေးဘူးကွငါမိန်းမယူရဦးမယ်အဟီး…”မိုးဝင်းကတုတ်တိုအားပြန်နောက်၏။
“ဘုန်း…..ဘုန်း…”
အောက်ထပ်ထရံအားပုတ်နေသံကြားရသဖြင့်သူတို့၏မျက်လုံးအစုံအားထိုနေရာသို့အကြည့်ရောက်သွား၏။
ထို့နောက်အိမ်ပတ်ပတ်လည်လျှောက်နေသောအသံတရှပ်ရှပ်ကြားရပြန်၏။
ထို့နောက်လှေကားသို့တက်လာသံကြားရပြန်၏။
“ဟိတ်အရေးထဲမီးကဘာလို့မှိတ်သွားတာပါလိမ့်”အရေးထဲထွန်းထားသောဆိုလာမီးကမှိတ်သွားသဖြင့် တအိမ်လုံးမှောင်မဲသွား၏။ဖဲကသူများဟိုစမ်းသည်စမ်းဖြင့်
စမ်းကြ၏။
“ဟိုက်!ဘယ်သူ့ခြေထောက်လဲကွအေးစက်နေတာဘဲ…တုတ်တိုနင်လား”
မိုးဝင်းကထိုသို့မေးလိုက်ရာ “ငါမဟုတ်ဘူးကွ”
” ဒါဆို….ဦး…ဦးဖိုးလူ….”
သူ့မျက်နှာရှေ့သို့ဝဲလာသောမျက်နှာကြီး
တစ်ခု”အား……မျက်ပြူးကြီး….”
“ဟင်…ငါ့ခြေထောက်လာဆွဲတယ်…
လုပ်ကြပါဦးဟမီးဖွင့်ကြပါဦး….”
မြင့်စိုးကထိုသို့ပြောရင်းအော်လိုက်၏။
ထိုအချိန်အိပ်နေသူများကလည်းအော်သံကြောင့်နိုးလာပြီးဖယောင်းတိုင်မီးထွန်းကာအိပ်ခန်းထဲမှထွက်လာကြ၏။
“ဟဲ့….. မြင့်စိုးတို့တိုးမောင်တို့ဘာတွေအော်ကြီးဟစ်ကျယ်ဖြစ်နေကြတာလဲမီးလည်းမှောင်မိုက်လို့ပါလား”
“သရဲကြီးဦးဖိုးလူပြန်လာပြီးခြောက်နေလို့အရီးမြရဲ့”
“ဟဲ့ပလုတ်တုတ်….ဘယ်မှာလဲဖိုးလူသရဲကြီးက”
ထိုစဉ်သရဲကြီးဦးဖိုးလူသည် အရီးမြ၏နောက်မှဘွားခနဲပေါ်လာလေ၏။ဒါကိုမြင်ငေါမြင့်စိုးက”ဦးဖိုးလူ ကြီးကအရီးမြနောက်မှာလေ”
“ဟဲ့မနောက်နဲ့နော်မြင့်စိုး…အရီးမြကြောက်တယ်ဟဲ့….”အရီးမြမှာအသံပင်တုန်နေလေ၏။
“မနောက်ဘူးအရီးမြရဲ့မယုံရင်လှည့်ကြည့်လိုက်ပါလား”
ထိုစဉ်အရီးမြနောက်မှသရဲကြီးဦးဖိုးလူက
အရီးမြကိုင်ထားသောဖယောင်းတိုင်မီးအား”ဖူးခနဲ”မှုတ်လိုက်သဖြင့်မီးငြိမ်းသွားလေ၏။
“ဟဲ့မှောင်မဲနေတာဘဲလုပ်ကြပါဦးတော်”
မိန်းမကြီးတို့၏အော်သံများဆူညံသွားတော့၏။ထိုအထဲမှဦးဖိုးလူ၏မိန်းမဖြစ်သူ
အရီးမယ်ဘုံကတုန်ရီသောအသံဖြင့်
“ကိုဖိုးလူရယ်…ရှင်ဘာလို့လူတွေကိုလန့်အောင်လုပ်နေရတာလဲရှင်…ရှင်ဘာကိုစိတ်မချတာလဲဟင်..ကျွန်မ တောင်းပန်
ပါတယ်ပြန်ပါတော့နော်ရှင့်ရဲ့ရက်လည်နေ့မှာကျွန်မတို့ထပ်ပြီးအမျှဝေပေးမယ်ရှင်ပြန်ပါတော့နော်”
ဦးဖိုလူ၏ဇနီးဖြစ်သူအရီးမယ်ဘုံကထိုသို့ပြောလိုက်မှတအိမ်လုံးသိမ့်သိမ့်တုန်သွားတော့၏။မှိတ်နေသောမီးမှာလည်
းဖျတ်ခနဲပြန်လည်လင်းထိန်လာ၏။
ထိုအခါမှတိုးမောင်တို့အုပ်စုလည်းငြိမ်သက်သွားပြီးအရီးမြတို့ကလည်းအိပ်ခန်းထဲဝင်ကာပြန်အိပ်ကြတော့၏။
ဦးဖိုးလူ၏ရက်လည်နေ့၌်အရီးမယ်ဘုံက
ဘုန်းကြီးခုနှစ်ပါးပင့်ပြီးတရားနာပေး၏။
ထိုနေ့ တရားနာသူထဲတွင်ဦးမြတင်တို့လင်မယားနဲ့သားဖြစ်သူမောင်ရေခဲလည်းပါ၏။မောင်ရေခဲသည်ကလေးဖြစ်သော်လည်းဆရာတော်ကြီးများဟောသောတရားများကိုငြိမ်သက်စွာနာယူနေ၏။ထိုစဉ်သူ၏နားထဲမှသူ့နာမည်အားခေါ်နေသည့်အသံအားကြားရသဖြင့်ခြံဝသို့ကြည့်လိုက်ရာ”ဟင်…ဦးဖိုးလူ ကြီးပါလား…ဦးဖိုးလူ
တရားမနာဘူးလား”
ဟုပြောလိုက်သဖြင့်တရားနာပရိတ်သတ်တို့အံ့ဩကြကုန်၏။ထိုအခါဆရာတော်ဥူးမေဓာဝီက”ဒကာလေးရေခဲ…ဒကာကြီးဖိုးလူကိုမြင်ရတယ်လား…”
“ဟုတ်… ြမြင်ရတယ်ဘုရား..ဦးဖိုးလူကြီး
ခြံအပြင်ဘက်ကနေပြီးတော့သားကိုခေါ်နေတယ်…”
” ဟေ…ဟုတ် လားကွဲ့သူကအိမ်ထဲဝင်မရလို့နေမှာကွဲ့”
ထိုအခါဥူးမေဓာဝီကမျက်လုံးမှိတ်ကာခြံစောင့်နတ်အားမေတ္တာပို့လိုက်၏။
“ကဲဒကာလေးရေခဲ..ဦးဖိုးလူကြီးခြံထဲဝင်လာလို့ရပြီလားကွဲ့”
မောင်ရေခဲကကြည့်လိုက်ရာ ဦးဖိုးလူ ြကြီးကအိမ်ပေါ်ထပ်သို့တက်လာသည်ကိုမြင်ရသဖြင့်”ဦးကြီးဖိုးလူအိမ်ပေါ်ကိုတက်လာပါပြီဘုရား”
“ကိုင်း..အဲဆို့လမ်းနည်းနည်းဖယ်ပေးလိုက်ကြကွဲ့”ဟုဆရာတော်မိန့်လိုက်ရာတရားနာပရိတ်သတ်အပေါင်းတို့ကလည်း
လူတစ်ကိုယ်စာဝင်နိုင်သည့်လမ်းလေး
ဖယ်ပေးလိုက်ကြ၏။
ဆက်လက်ပြီးဆရာတော်ဥူးမေဓာဝီက
“ကဲကဲ… ဒကာကြီးဦးဖိုးလူလည်းရောက်ပြီဆိုတော့ဒကာကြီးအတွက်တရားနာပြီးရေစက်ချအမျှဝေရအောင်ကွယ်….ကိုယ့်ထက်ငယ်သူအရွယ်တူ တနေ့သေရမည်..ကိုယ့်ထက်ကြီးသူအရွယ်တူတနေ့သေရမည်….ထိုသို့နည်းတူတနေ့မူငါလည်းသေရမည်…မသေခင်ကပြုကျင့်ကြ
ဒါနနည်းများမမူ….အစချီကာသေချင်းတရားအားဟောကြားလေ၏။နောက်ဆုံး၌ဘဝတပါးသို့ကူးပြောင်းသွားသော
ဦးဖိုးလူ၏နာမည်တပ်ကာ ဝေနေယျတိုအားအမျှပေးဝေလေ၏။ဦးဖိုးလူကြီးလည်းဇနီးသားသမီးများကိုတချက်မျှကြည့်လိုက်ပြီး သယောဇဉ်ကိုဒုန်းဒုန်းဖြတ်ကာ
သာဓုခေါ်ဆိုလေတော့၏။ထိုအခါဦးဖိုးလူသည်အမှုန်အမွားတစ်ခုဖြစ်သွားပြီးအဝေးသို့လွှင့်မျောပျောက်ကွယ်သွားသည်ကို
မောင်ရေခဲလေးမြင်တွေ့လိုက်ရ၏။
“ဦးဖိုးလူကြီးပျောက်သွားပြီဘုရား…”
မောင်ရေခဲကထိုသို့ပြောလိုက်ရာဆရာတော်ကြီးက”ဒကာကြီးဦးဖိုးလူဇနီးသားသမီးအပေါ်ထားတဲ့သံယောဇဉ်ကိုဖြတ်နိုင်သွားလို့ကောင်းရာဘဝကိုကူးနိုင်သွားပြီကွယ်”ဟုမိန့်လိုက်၏။ဦးဖိုးလူ၏ဇနီးအရီးမယ်ဘုံကား ယောကျာ်း
ဖြစ်သူအတွက်ဝမ်းသာလျက်မျက်ရည်များပင်ကျလေ၏။ဦးမြင့်တငိသည်ကားသားကိုကြည့်ကာအလွန်ပင်အံ့ဩသွားလေ၏။
သားဖြစ်သူဘယ်တုန်းကသရဲစမြင်ရသည်ကို အိမ်ရောက်မှမေးမြန်းရန်ရင်ထဲသိမ်းထားလိုက်၏။ထိုမှအပြန် သားဖြစ်သူသရဲမြက်ရသည့်အကြောင်းကိုမေးလိုက်လျှင်
မောင်ရေခဲလည်း အိပ်မက်ထဲမှဖိုးသူတော်ကြီးကသူ့အားအမြင်ဖွင့်ပေးလိုက်သည့်အကြောင့်းအားရှင်းပြလိုက်တော့သည်။ထိုအခါမှသူလည်းပရလောကအား
အယုံအကြည်ရှိလာတော့သည်။
# ပြီး
#ခွန်း

Zawgyi Version

သရဲႀကီးဦးဖိုးလူ (စ-ဆံုး)
———————————
မေအးေမသည္သားေမာင္ေရခဲေလး
သရဲျမင္ႏိုင္သည့္အေၾကာင္းကို လင္ျဖစ္သူကိုျမင့္တင္အားေျပာျပသင့္မေျပာျပသင့္စဥ္းစားေန၏။ဦးဖိုးလူ၏နာေရးၿပီးမွတျဖည္းျဖည္းခ်င္းေျပာျပသြားရန္စဥ္းစားထား၏။အေၾကာင္းမွာဦးဖိုးလူသည္ သရဲတေစၦအားအယုံအၾကည္မရွိေသာေၾကာင့္ျဖစ္၏။ခုခ်က္ခ်င္းသားျဖစ္သူေမာင္ေရခဲသရဲျမင္ရေၾကာင္းေျပာျပလွ်င္ ကေလးကိုေၾကာက္စိတ္ဝင္ေအာင္ေျပာေနသည္ဟုသာေျပာၿပီးသူပင္အဆဲခံရေပဦးမည္။
ညေနေစာင္းခ်ိန္တြင္သားငယ္အားဘုရားရွိခိုးေစၿပီးသိပ္လိုက္၏။သူမကားမၿပီးေသးေသာအပ္ထည္မ်ားကို ဆက္ခ်ဳပ္ရန္စက္ခုံအိုေလးေပၚသို႔တက္လိုက္ရ၏။ကိုျမင့္တက္ကားဝါးေက်ာနည္းျဖင့္ ပလိုင္းအားရက္ေန၏။ေငြေၾကးေခ်ာင္လည္ေသယ္လည္းသားျဖစ္သူေမာင္ေရခဲ၏ေနာင္ေရးကိုေျမာ္ေတြးကာ အလုပ္ပို၍ႀကိဳးစားၾကျခင္းျဖစ္၏။
မနက္ေရာက္ေသာ္နာေရးအိမ္သို႔ထပ္သြားၾကျပန္၏။ေမာင္ေရခဲေလးကိုကားထပ္ေခၚမလာခဲ့ေခ်။ေကြၽးေမြးၿပီးေန႔လယ္၁၁နာရီခန္႔တြင္ သုသာန္သို႔အေလာင္းေျမခ်ရန္သြားၾက၏။ဦးဖိုးလူ၏နာေရးသည္ကားေခ်ာေခ်ာခ်ဴခ်ဳပင္ၿပီးသြားခဲ့သည္။
ဦးဖိုးလူအေလာင္းေျမက်ၿပီးေနာက္ရက္မ်ားတြင္ကားျပသနာစေတာ့သည္။ညေနေမွာင္စပ်ိဳးသည္နဲ႔သခ်ႋဳင္းဘက္မွစ၍႐ြာထဲထိေခြးမ်ားအုပ္လိုက္ သံရွည္ဆြဲကာအူၾက၏။႐ြာတြင္းသို႔သုံးပတ္ေလာက္ပတ္အူုပီးဦးဖိုးလူအိမ္ေရွ႕ေရာက္လွ်င္ရပ္သြားၾက၏။ဦးဖိုးလူမကြၽတ္၍ေခြးအူျခင္းျဖစ္မည္ျဖစ္ေၾကာင္းေၾကာၾကသျဖင့္ညေနေမွာင္သည္နဲ႔တံခါးပိတ္ကာအပ္က်သံပင္မၾကားရေလာက္ေအာင္တိတိဆိတ္ေန၏။
ဦးဖိုးလူအိမ္တြင္ကားဦးဖိုးလူမိသားစုအေဖာ္ရရန္ညေစာင့္ဖဲဝိုင္းသုံးေလးဝိုင္းရွိ၏။
အေဖာ္အျဖစ္လာေစာင့္အိပ္ေသာမိန္းမႀကီးတို႔ကား ဟိုလူသည္လူမ်ားအေၾကာင္းအတင္းတုတ္ၿပီးအိပ္ယာဝင္ၾက၏။ည ည့္နက္လာသည္နဲ႔႐ြာထဲရွိေခြးမ်ားဆြဲဆြဲငင္င္အူၾက၏။ဖဲဝိုင္းထဲရွိအခ်ိဳ႕လူကငိုက္မ်ည္းေနၿပီ။တိုးေမာင္တို႔ကားဝိုင္းေကာင္းေနဆဲ။
“ခ်ကြာ….ဒီညေတာ့ဖိုးလူအစြမ္းနဲ႔ရႈံးထားတာျပန္ရေအာင္လုပ္ရမယ္…မြမ္”
တိုးေမာင္ကားသူ႔လက္ထဲမွဖဲခ်ပ္အားနမ္းလိုက္၏။အရင္ညကသူအမ်ားႀကီးရႈံးထားေသာေၾကာင့္ယခုညတြင္ျပန္ရေအာင္လုပ္မည္ဟုအားတင္းထား၏။
“အူးဝူး….အူး…ဝုတ္..ဝုတ္…”
ဦးဖိုးလူ၏အိမ္ေရွ႕တြင္ကားေခြးမ်ားကတစ္ခုခုျမင္သည့္ႏွယ္သံရွည္ျပဳကာအူေန၏။
” ေတာက္!ဒီေခြးေတြႏွယ္….ဒီေလာက္ထိအူရသလား”ဖဲရႈံးသည့္ၾကားေခြးကပါထအူေနသျဖင့္ျမင့္စိုးကဆဲပစ္လိုက္၏။
အိမ္ေရွ႕ကိုထိုးထိုးေဟာင္ေနသျဖင့္ဦးဖိုးလူျပန္လာသည့္အေၾကာင္းကိုဖဲဝိုင္းရွိလူတို႔သတိျပဳမိၾက၏။
“ေဟ်ာင့္ ေတြဦးဖိုးလူျပန္လာေနၿပီထင္တယ္ကြ….ဒီလူႀကီးအသက္႐ြယ္မွသိပ္မရေသးတာဘာလို႔အေသေစာေနပါလိမ့္”
ဖဲကေနရင္းမိုးဝင္းကထိုသို႔ေျပာလိုက္၏။
” ေသမင္းကအသက္မေ႐ြးဘူးမိုးဝင္းရ…
မင္းလည္းမနက္ဖန္ေသခ်င္ေသႏိုင္ေလာက္တယ္ကြ…အဟား…”တုတ္တိုကမိုးဝင္းအားစေနာက္လိုက္၏။
“ငါမေသေသးဘူးကြငါမိန္းမယူရဦးမယ္အဟီး…”မိုးဝင္းကတုတ္တိုအားျပန္ေနာက္၏။
“ဘုန္း…..ဘုန္း…”
ေအာက္ထပ္ထရံအားပုတ္ေနသံၾကားရသျဖင့္သူတို႔၏မ်က္လုံးအစုံအားထိုေနရာသို႔အၾကည့္ေရာက္သြား၏။
ထို႔ေနာက္အိမ္ပတ္ပတ္လည္ေလွ်ာက္ေနေသာအသံတရွပ္ရွပ္ၾကားရျပန္၏။
ထို႔ေနာက္ေလွကားသို႔တက္လာသံၾကားရျပန္၏။
“ဟိတ္အေရးထဲမီးကဘာလို႔မွိတ္သြားတာပါလိမ့္”အေရးထဲထြန္းထားေသာဆိုလာမီးကမွိတ္သြားသျဖင့္ တအိမ္လုံးေမွာင္မဲသြား၏။ဖဲကသူမ်ားဟိုစမ္းသည္စမ္းျဖင့္
စမ္းၾက၏။
“ဟိုက္!ဘယ္သူ႔ေျခေထာက္လဲကြေအးစက္ေနတာဘဲ…တုတ္တိုနင္လား”
မိုးဝင္းကထိုသို႔ေမးလိုက္ရာ “ငါမဟုတ္ဘူးကြ”
” ဒါဆို….ဦး…ဦးဖိုးလူ….”
သူ႔မ်က္ႏွာေရွ႕သို႔ဝဲလာေသာမ်က္ႏွာႀကီး
တစ္ခု”အား……မ်က္ျပဴးႀကီး….”
“ဟင္…ငါ့ေျခေထာက္လာဆြဲတယ္…
လုပ္ၾကပါဦးဟမီးဖြင့္ၾကပါဦး….”
ျမင့္စိုးကထိုသို႔ေျပာရင္းေအာ္လိုက္၏။
ထိုအခ်ိန္အိပ္ေနသူမ်ားကလည္းေအာ္သံေၾကာင့္ႏိုးလာၿပီးဖေယာင္းတိုင္မီးထြန္းကာအိပ္ခန္းထဲမွထြက္လာၾက၏။
“ဟဲ့….. ျမင့္စိုးတို႔တိုးေမာင္တို႔ဘာေတြေအာ္ႀကီးဟစ္က်ယ္ျဖစ္ေနၾကတာလဲမီးလည္းေမွာင္မိုက္လို႔ပါလား”
“သရဲႀကီးဦးဖိုးလူျပန္လာၿပီးေျခာက္ေနလို႔အရီးျမရဲ႕”
“ဟဲ့ပလုတ္တုတ္….ဘယ္မွာလဲဖိုးလူသရဲႀကီးက”
ထိုစဥ္သရဲႀကီးဦးဖိုးလူသည္ အရီးျမ၏ေနာက္မွဘြားခနဲေပၚလာေလ၏။ဒါကိုျမင္ေငါျမင့္စိုးက”ဦးဖိုးလူ ႀကီးကအရီးျမေနာက္မွာေလ”
“ဟဲ့မေနာက္နဲ႔ေနာ္ျမင့္စိုး…အရီးျမေၾကာက္တယ္ဟဲ့….”အရီးျမမွာအသံပင္တုန္ေနေလ၏။
“မေနာက္ဘူးအရီးျမရဲ႕မယုံရင္လွည့္ၾကည့္လိုက္ပါလား”
ထိုစဥ္အရီးျမေနာက္မွသရဲႀကီးဦးဖိုးလူက
အရီးျမကိုင္ထားေသာဖေယာင္းတိုင္မီးအား”ဖူးခနဲ”မႈတ္လိုက္သျဖင့္မီးၿငိမ္းသြားေလ၏။
“ဟဲ့ေမွာင္မဲေနတာဘဲလုပ္ၾကပါဦးေတာ္”
မိန္းမႀကီးတို႔၏ေအာ္သံမ်ားဆူညံသြားေတာ့၏။ထိုအထဲမွဦးဖိုးလူ၏မိန္းမျဖစ္သူ
အရီးမယ္ဘုံကတုန္ရီေသာအသံျဖင့္
“ကိုဖိုးလူရယ္…ရွင္ဘာလို႔လူေတြကိုလန္႔ေအာင္လုပ္ေနရတာလဲရွင္…ရွင္ဘာကိုစိတ္မခ်တာလဲဟင္..ကြၽန္မ ေတာင္းပန္
ပါတယ္ျပန္ပါေတာ့ေနာ္ရွင့္ရဲ႕ရက္လည္ေန႔မွာကြၽန္မတို႔ထပ္ၿပီးအမွ်ေဝေပးမယ္ရွင္ျပန္ပါေတာ့ေနာ္”
ဦးဖိုလူ၏ဇနီးျဖစ္သူအရီးမယ္ဘုံကထိုသို႔ေျပာလိုက္မွတအိမ္လုံးသိမ့္သိမ့္တုန္သြားေတာ့၏။မွိတ္ေနေသာမီးမွာလည္
းဖ်တ္ခနဲျပန္လည္လင္းထိန္လာ၏။
ထိုအခါမွတိုးေမာင္တို႔အုပ္စုလည္းၿငိမ္သက္သြားၿပီးအရီးျမတို႔ကလည္းအိပ္ခန္းထဲဝင္ကာျပန္အိပ္ၾကေတာ့၏။
ဦးဖိုးလူ၏ရက္လည္ေန႔၌္အရီးမယ္ဘုံက
ဘုန္းႀကီးခုႏွစ္ပါးပင့္ၿပီးတရားနာေပး၏။
ထိုေန႔ တရားနာသူထဲတြင္ဦးျမတင္တို႔လင္မယားနဲ႔သားျဖစ္သူေမာင္ေရခဲလည္းပါ၏။ေမာင္ေရခဲသည္ကေလးျဖစ္ေသာ္လည္းဆရာေတာ္ႀကီးမ်ားေဟာေသာတရားမ်ားကိုၿငိမ္သက္စြာနာယူေန၏။ထိုစဥ္သူ၏နားထဲမွသူ႔နာမည္အားေခၚေနသည့္အသံအားၾကားရသျဖင့္ၿခံဝသို႔ၾကည့္လိုက္ရာ”ဟင္…ဦးဖိုးလူ ႀကီးပါလား…ဦးဖိုးလူ
တရားမနာဘူးလား”
ဟုေျပာလိုက္သျဖင့္တရားနာပရိတ္သတ္တို႔အံ့ဩၾကကုန္၏။ထိုအခါဆရာေတာ္ဥဴးေမဓာဝီက”ဒကာေလးေရခဲ…ဒကာႀကီးဖိုးလူကိုျမင္ရတယ္လား…”
“ဟုတ္… ျျမင္ရတယ္ဘုရား..ဦးဖိုးလူႀကီး
ၿခံအျပင္ဘက္ကေနၿပီးေတာ့သားကိုေခၚေနတယ္…”
” ေဟ…ဟုတ္ လားကြဲ႕သူကအိမ္ထဲဝင္မရလို႔ေနမွာကြဲ႕”
ထိုအခါဥဴးေမဓာဝီကမ်က္လုံးမွိတ္ကာၿခံေစာင့္နတ္အားေမတၱာပို႔လိုက္၏။
“ကဲဒကာေလးေရခဲ..ဦးဖိုးလူႀကီးၿခံထဲဝင္လာလို႔ရၿပီလားကြဲ႕”
ေမာင္ေရခဲကၾကည့္လိုက္ရာ ဦးဖိုးလူ ျႀကီးကအိမ္ေပၚထပ္သို႔တက္လာသည္ကိုျမင္ရသျဖင့္”ဦးႀကီးဖိုးလူအိမ္ေပၚကိုတက္လာပါၿပီဘုရား”
“ကိုင္း..အဲဆို႔လမ္းနည္းနည္းဖယ္ေပးလိုက္ၾကကြဲ႕”ဟုဆရာေတာ္မိန္႔လိုက္ရာတရားနာပရိတ္သတ္အေပါင္းတို႔ကလည္း
လူတစ္ကိုယ္စာဝင္ႏိုင္သည့္လမ္းေလး
ဖယ္ေပးလိုက္ၾက၏။
ဆက္လက္ၿပီးဆရာေတာ္ဥဴးေမဓာဝီက
“ကဲကဲ… ဒကာႀကီးဦးဖိုးလူလည္းေရာက္ၿပီဆိုေတာ့ဒကာႀကီးအတြက္တရားနာၿပီးေရစက္ခ်အမွ်ေဝရေအာင္ကြယ္….ကိုယ့္ထက္ငယ္သူအ႐ြယ္တူ တေန႔ေသရမည္..ကိုယ့္ထက္ႀကီးသူအ႐ြယ္တူတေန႔ေသရမည္….ထိုသို႔နည္းတူတေန႔မူငါလည္းေသရမည္…မေသခင္ကျပဳက်င့္ၾက
ဒါနနည္းမ်ားမမူ….အစခ်ီကာေသခ်င္းတရားအားေဟာၾကားေလ၏။ေနာက္ဆုံး၌ဘဝတပါးသို႔ကူးေျပာင္းသြားေသာ
ဦးဖိုးလူ၏နာမည္တပ္ကာ ေဝေနယ်တိုအားအမွ်ေပးေဝေလ၏။ဦးဖိုးလူႀကီးလည္းဇနီးသားသမီးမ်ားကိုတခ်က္မွ်ၾကည့္လိုက္ၿပီး သေယာဇဥ္ကိုဒုန္းဒုန္းျဖတ္ကာ
သာဓုေခၚဆိုေလေတာ့၏။ထိုအခါဦးဖိုးလူသည္အမႈန္အမြားတစ္ခုျဖစ္သြားၿပီးအေဝးသို႔လႊင့္ေမ်ာေပ်ာက္ကြယ္သြားသည္ကို
ေမာင္ေရခဲေလးျမင္ေတြ႕လိုက္ရ၏။
“ဦးဖိုးလူႀကီးေပ်ာက္သြားၿပီဘုရား…”
ေမာင္ေရခဲကထိုသို႔ေျပာလိုက္ရာဆရာေတာ္ႀကီးက”ဒကာႀကီးဦးဖိုးလူဇနီးသားသမီးအေပၚထားတဲ့သံေယာဇဥ္ကိုျဖတ္ႏိုင္သြားလို႔ေကာင္းရာဘဝကိုကူးႏိုင္သြားၿပီကြယ္”ဟုမိန္႔လိုက္၏။ဦးဖိုးလူ၏ဇနီးအရီးမယ္ဘုံကား ေယာက်ာ္း
ျဖစ္သူအတြက္ဝမ္းသာလ်က္မ်က္ရည္မ်ားပင္က်ေလ၏။ဦးျမင့္တငိသည္ကားသားကိုၾကည့္ကာအလြန္ပင္အံ့ဩသြားေလ၏။
သားျဖစ္သူဘယ္တုန္းကသရဲစျမင္ရသည္ကို အိမ္ေရာက္မွေမးျမန္းရန္ရင္ထဲသိမ္းထားလိုက္၏။ထိုမွအျပန္ သားျဖစ္သူသရဲျမက္ရသည့္အေၾကာင္းကိုေမးလိုက္လွ်င္
ေမာင္ေရခဲလည္း အိပ္မက္ထဲမွဖိုးသူေတာ္ႀကီးကသူ႔အားအျမင္ဖြင့္ေပးလိုက္သည့္အေၾကာင့္းအားရွင္းျပလိုက္ေတာ့သည္။ထိုအခါမွသူလည္းပရေလာကအား
အယုံအၾကည္ရွိလာေတာ့သည္။
# ၿပီး
#ခြန္း