သစ္စာကြီးသည့်ဝိညာဉ် (စ-ဆုံး)

Unicode Version

သစ္စာကြီးသည့်ဝိညာဉ် (စ-ဆုံး)

ဆရာမတစ်ယောက်၏ကိုယ်တွေ့ဖြစ်ရပ်မှန်အားခံစားရေးဖွဲ့ပါသည်။

ဒေါ်ရှယ်လီသည်တက္ကသိုလ်ကဆရာမတစ်ဦးဖြစ်ကာရာထူးတိုးဖြင့်နယ်မြို့ကလေးတစ်မြို့သို့ပြောင်းရသည်။

ထိုနယ်မြို့ကတက္ကသိုလ်သည်မြို့နှင့်အနည်းငယ်ဝေးကာအေးချမ်းသာယာသည်။

ဆရာမများအတွက်သီးသန့်အဆောင်ခန်းများထားပေရာဒေါ်ရှယ်လီကလေးခန်းတွဲဆရာမအဆောင်တွင်နေရသည်။

ထိုလေးခန်းတွဲတွင်ဒေါ်ရှယ်လီနှင့်ရာထူးတူသောဆရာမလေးယောက်နေကြကာမေဂျာတော့မတူကြပါ

ထိုလေးယောက်ထဲမှဒေါ်ရှယ်လီနှင့်ဆရာမတစ်ယောက်သည်အပျိုကြီးများဖြစ်ကြကာ

ကျန်ဆရာမနှစ်ယောက်ကအိမ်ထောင်သည်များဖြစ်ကြသည်။

ထိုကြောင့်ဒေါ်ရှယ်လီကအပျိူ ကြီးဆရာမနှင့်ပို၍ပေါင်းဖြစ်လေသည်။

ထိုအပျိူ ကြီးဆရာမအားအများကစာအုပ်ကြီးဟုကွယ်ရာမှာခေါ်ကြသည်။

ထိုဆရာမကလဲအပျိုူ ကြီးပီပီအရာရာကိုစေ့စပ်သေချာစွာစည်းကမ်းတကျလုပ်သည်။

အမှားအယွင်းအတိမ်းအစောင်းမခံစနစ်တကျစည်းကမ်းကြီးလွန်းသဖြင့်စာအုပ်ကြီးဟုခေါ်ခြင်းဖြစ်သည်။

ကျောင်းမှာဘာပွဲလုပ်လုပ်သ့ူ့အားစာရင်းကိုင်ခိုင်းသည်သူကအလွန်တိကျကာငွေတစ်ကျပ်မကျန်ပြန်အပ်သည်။

တနေ့တွင်သူမသည်ရန်ကုန်သို့သွားရန်အကြောင်းကိစ္စပေါ်လာသဖြင့်ကျောင်းပိတ်ရက်တွင်

သွားရန်စီစဉ်နေသည်ထိုအခါဒေါ်ရှယ်လီကသူ့စာကြည့်မျက်မှန်တစ်လက်ဂိုင်းကျိူးးသွားသဖြင့်

ထိုဆရာမအားရန်ကုန်မြို့ကနံမည်ကြီးမျက်မှန်ဆိုင်တွင်ဂိုင်းလဲပေးရန်မှာလိုက်ကာငွေပါပေးလိုက်သည်။

ဈေးကြီးသောမျက်မှန်ဂိုင်းအားသေချာပြ၍မှာလိုက်လေသည်။

စနေနေ့ကျောင်ပိတ်ရက်တွင်ထိုဆရာမသည်ရန်ကုန်သိုသွားလေသည်။

တနလာနေ့င်္ကျောင်းဖွင့်ရက်တွင်ကျောင်းသို့စိတ်မကောင်းဖွယ်သတင်းဆိုးရောက်လာသည်။

ရန်ကုန်သွားသောဆရာမသည်ကားချင်းတိုက်မိရာမှပွဲခြင်းပြီးကွယ်လွန်သွားသည့်သတင်းပင်ဖြစ်သည်။

ထိုအခါကျောင်းရှိဆရာဆရာမနှင့်ကျောင်းသားကျောင်းသူများကအလွန်စိတ်မကောင်းဖြစ်နေကြသည်။

ထိုနေ့တနေ့လုံးဒေါ်ရှယ်လီစာကောင်းစွာစာမသင်နိုင်စိတ်မကောင်းဖြစ်နေမိသည်။

တစ်ကျောင်းလုံးလဲထိုဆရာမသတင်းသာပြောနေကြကာမယုံနိုင်အောင်ဖြစ်နေကြသည်။

ထိုဆရာမသေပြီဟုသတင်းကြားသည့်ညဘက်တွင်ကျောင်းဝင်ထဲကခွေးများမအူစဖူး

ဆွဲဆွဲငင်ငင်အူလိုက်ကြသည်မှာမကြောက်တတ်သူများပင်စိတ်လှုပ်ရှားသွားစေသည်။

ဒေါ်ရှယ်လီလဲသေသွားသောဆရာမကသူနှင့်အခန်းချင်းကပ်ရက်ဆိုတော့နဲနဲတော့ကျောချမ်းနေမိသည်။

ဒါနဲ့တံခါးတွေအကုန်အလုံပိတ်ကာစောစောအိပ်ယာဝင်လိုက်သည်အိပ်ယာဘေးတွင်ကက်စက်အသေး

ကလေးနှင့်တောင်တန်းသာသနာပြုဆရာတော်ကြီးရွတ်သောပရိတ်ကြီး၁၁သုတ်နှင့်ပဋ္ဌန်းခွေအား

ဖွင့်ထားလိုက်သည်စိတ်မခြောက်ခြားစေရန်အာရုံလွဲထားခြင်းဖြစ်သည်။

နောက်တစ်နေ့မိုးလင်းတော့အိမ်ထောင်သည်ဆရာမနှစ်ယောက်သည်ဒေါ်ရှယ်လီအခန်းရှေ့သို့ရောက်လာကာ

””’ဆရာမညကဘာမှမဖြစ်ဘူးလား——-ဘာမှမတွေ့ဘူးလား——””’

ထိုဆရာမနှစ်ယောက်အမေးကြောင့်ဒေါ်ရှယ်လီကလဲအလန့်တကြားမေးလိုက်သည်။

”””ကျွန်မကညကတံခါးတွေပိတ်ပြီးအစောကြီးအိပ်တာဆရာမတို့ကောဘာတွေမြင်လို့လဲ””’

”””ညကသေသွားတဲ့ဆရာမကိုကျွန်မတို့နှစ်ယောက်မြင်လိုက်ရတယ်””

””’ဟုတ်တယ်ညကခွေးတွေတအားအူနေတုန်းကျွန်မတို့နှစ်ယောက်စကားထိုင်ပြောနေတာ——အဲဒီအချိန်မှာသေသွားတဲ့ဆရာမကညဝတ်ဂါဝန်ကြီးနဲ့—–ကျွန်မတို့အခန်းရှေ့ကဖြတ်သွားတာအသေအချာမြင်လိုက်ရတာ——–”” ‘

””ကျွန်မတို့လဲခြေမကိုင်မိလက်မကိုင်မိဖြစ်ကာလန့်လိုက်တာမပြောပါနဲ့တော့ဆရာမရယ်””””

ထိုဆရာမများစကားကိုကြားတော့ဒေါ်ရှယ်လီတစ်ယောက်ကြက်သီးများပင်ထသွားလေသည်။

နောက်တနေ့ညရောက်တော့သေသွားသောဆရာမအခန်းမှအသံဗလံများကြားနေရသည်။

အခန်းထဲလမ်းရှောက်နေသံများလဲကြားနေရကာဒေါ်ရှယ်လီကအခန်းထဲတွင်ချွေးပြန်နေသည်။

သရဲဆိုတာဒေါ်ရှယ်လီတစ်ခါမှမမြင်ဘူးပါသိလဲသိချင်သည်ကြောက်လဲကြောက်နေသည်။

ထို့ကြောင့်အခန်းတံခါးအားဖွင့်ထားလိုက်ကာအမှောင်ထဲသိုလှမ်းကြည့်လိုက်မိသည်။

သို့ပေမဲ့ဘာမှမမြင်ရပါအခန်းမီးများအလင်းရောင်ကြောင့်ပတ်ဝန်းကျင်တွင်အလင်းများဖြာကျနေကာ

အပြင်ဘက်ကိုအနည်းငယ်မြင်နေရသည်နာရီဝက်လောက်အကြာတွင်အခန်းဝရံတာအပြင်ဘက်မှ

ဖြူဖြူအရိပ်တစ်ခုလှုပ်ရှားလာသည်ကိုတွေ့လိုက်ရသည်ထိုအရိပ်သည်သေဆုံးသူဆရာမ

ဝတ်နေကြညအိပ်ဂါဝန်အဖြူဖြစ်တာကိုဒေါ်ရှယ်လီမှတ်မိနေတာကြောင့်အသဲများအေးသွားသည်။

ထိုဖြူ ဖြူ အရိပ်သည်လေထဲတွင်တလွင့်လွင့်ဖြင့်ရွေ့လျှားနေကာအခန်းလေးခန်းရှေ့တွင်

ခေါက်တ့ုံ့ခေါက်ပြန်ရွှေ့လျှားနေသည်လူပုံစံသဲကွဲပီပြင်စွာမတွေ့ရပေမဲ့သေဆုံးသူဆရာမ

ဆိုတာတော့ကျိန်းသေသိနေတာကြောင့်ဒေါ်ရှယ်လီတကိုယ်လုံးနတ်ပူးသလိုကတုန်ကယင်ဖြစ်သွားကာ

ကြောင်၍ရပ်ကြည့်နေရာမှထိုအရိပ်သည်သူ့အခန်းရှေ့ပြန်ရောက်လာကာသူ့အား

တစုံတစ်ရာပြောမည့်ဟန်ပြင်နေရာဒေါ်ရှယ်လီကိုယ်ထဲမှကလီစာများပြောင်းပြန်ဖြစ်သွားသည်ထင်ရကာ

အခန်းတံခါးအားကမန်းကတန်းပိတ်လိုက်ရသည်အခုလိုသရဲဆိုတာကိုလက်တွေ့မြင်လိုက်ရမှ

သူလဲအလွန်လန့်သွားမိကာဘုရားစာများပင်ကမောက်ကမ
ဖြစ်ကာမေ့ကုန်လေသည်။

ထို့နောက်တွင်ထိုဆရာမအဆောင်ရှေ့တွင်ရှိနေသည်ကိုမြင်သူများရှိလာကာသတင်းကြီးလာသဖြင့်

ဒေါ်ရှယ်လီဘေးအစွန်ခန်းမှအိမ်ထောင်သည်ဆရာမနှစ်ယောက်သည်ညမအိပ်ကြတော့ပဲမြို့ထဲက

သူတို့အသိများထံသွားအိပ်ကြလေသည်အဆောင်ခန်းတွင်ဒေါ်ရှယ်လီအခန်းတစ်ခန်းသာလူရှိပေသည်။

ဒေါ်ရှယ်လီကညဘက်ရောက်တော့တစ်ယောက်ထဲဆိုတော့တံခါးများစောစောပိတ်ကာ

တရားခွေကိုခပ်ကျယ်ကျယ်ဖွင့်ထားလိုက်သည်သို့ပေမဲ့စိတ်ထဲတထင့်ထင့်ဖြစ်နေသည်။

ထိုအချိန်မှာဘဲခေါင်မိုးပေါ်သို့ဝုန်းကနဲပြုတ်ကျသံကြောင့်လန့်ကာ ခြေဖျားလက်ဖျားများအေးသွားသည်

နောက်မှကြောင်အော်သံကြား၍ကြောင်ခုန်ချသည်ဟုသိလိုက်ရသည်ရုတ်တရက်အပြင်မှတံခါးခေါက်သံ

ပေါ်ထွက်လာရာဒေါ်ရှယ်လီနှလုံးခုန်သံမြန်သွားပြန်သည်။

””’ဒေါက်—-ဒေါက်””’

”””ဆရာမ—-ဆရာမ””’

ခေါ်သံကြား၍တံခါးအားပြေး၍ဖွင့်လိုက်ရာတပည့်မလေးနှစ်ယောက်အားတွေ့လိုက်ရ၍အားတက်သွားသည်။

””’ဆရာမ—-သမီးတို့အဖေါ်လာအိပ်ပေးတာ””’

””’အော်—-အေးအေးလာကြ””’

တပည့်များရောက်လာ၍အားရှိသွားကာမကြောက်တတ်ပုံဖမ်းထားလိုက်ပေမဲ့စိတ်ထဲမှာဝမ်းသာသွားသည်။

””’ဆရာမတစ်ယောက်ထဲကြောက်နေမှာစိုးလို့သမီးတို့ကစိုးရိမ်နေတာ”””

””’အော်ကျေးဇူးပဲသမီးတို့ရေ—–ကြောက်လှတယ်လဲမဟုတ်ပါဘူးကိုယ့်သူငယ်ချင်းပဲဟာ—-””

””’ကဲမအိပ်ခင်ဆရာမကကော်ဖီနဲ့ဧည့်ခံပါ့မယ်”””

ဒေါ်ရှယ့်လီလဲတပည့်များနှင့်မီးဖိုချောင်ဝင်၍ကော်ဖီဖျော်ကာပြန်ထွက်လာကြတော့

အခန်းဝအပြင်ဘက်တွင်ရပ်နေသောသေဆုံးသူဆရာမအားတွေ့လိုက်ကြရာ

”” ဆရာမ—-ဆရာမ—–သရဲ—-သရဲ””’

””’ဆရာမ—-အမျှဝေလိုက်—–”””’

တပည့်နှစ်ယောက်စကားကြောင့်ဒေါ်ရှယ်လီလဲ သတိဝင်လာကာတုန်တုန်ရင်ရင်ဖြင့်အမျှဝေလိုက်သည်။

””’သူငယ်ချင်းရေ—-ပြုုပြု ုသမျှကုသိုလ်များအားးးးးးးးးအမျှပေးပါတယ်——အမျှ—အမျှ—အမျှ—””’

ထိုအခါထိုဆရာမအရိပ်သည်ပျောက်ကွယ်သွားလေသည်ထိုအခါမှသူတို့သုံးယောက်သား

တံခါးအပြေးအလွှားပိတ်ကာကတုန်ကယင်ဖြစ်နေကြသည်။

တော်ပေသေးသည်တပည့်နှစ်ယောက်ရှိပေလို့သာတပည့်နှစ်ယောက်က

””’ဆရာမ—-သေသွားတဲ့ဆရာမကဆရာမအပေါ်အတော်သံယောစဉ်ကြီးပုံရတယ်—–ဆရာမကိုစိတ်စွဲနေလားမသိဘူး’—–ဒီအဆောင်မှာတရစ်ဝဲဝဲဖြစ်နေတာ———-သနားပါတယ်ဆရာမရယ်——”””

ဒေါ်ရှယ်လီလဲရင်ထဲမကောင်းဖြစ်သွားမိသည်။

ဒေါ်ရှယ်လီတို့လဲနောက်ထပ်လာခြောက်မှာစိုး၍စကားပြောရင်းမိုးလင်းခါနီးမှအိပ်ပျော်သွားကြသည်။

ထိုအချိန်တွင်ဒေါ်ရှယ်လီကသေသွားသောဆရာမကိုအိမ်မက်မက်နေသည်။

အိမ်မက်ထဲတွင်ထိုဆရာမသည်ဒေါ်ရှယ်လီအားမျက်မှန်ဂိုင်းအားလက်ညိုးထိုးပြကာ

မျက်နှာမကောင်းစွာဖြင့်ပြောလေသည်။

””ဆရာမမျက်မှန်ဂိုင်းဖိုးပိုက်စံ—-အိမ်ကိုလာပေးခိုင်းထားတာ—-လာမပေးသေးလို့ကျွန်မဒီမှာစောင့်နေရတာ—-””

””’ကျွန်မဘယ်လိုမှသဘောမထားပါဘူး—-ဒါကအရေးမကြီးပါဘူး—-ဆရာမအတွက်စိတ်မကောင်းဖြစ်နေတာပါ—အဲဒါကိုခေါင်းထဲမထားပါနဲ့တော့—-””

ဒေါ်ရှယ်လီကပြောလိုက်ပေမဲ့ထိုဆရာမကလက်ခံပုံမရပဲပျောက်ကွယ်သွားလေသည်။

ဆရာမဒေါ်ရှယ်လီတို့ဆရာတပည့်များနေမြင့်မှအိပ်ယာကနိုးကြရာ

ဆရာမဒေါ်ရှယ်လီကသူအိမ်မက်အားတပည့်များအားပြောပြရင်းစိတ်မကောင်းဖြစ်နေမိသည်။

တကယ်တော့စည်းကမ်းအလွန်ကြီးသောဆရာမကသူများပိုက်စံကိုပြန်ပေးရန်စိတ်စွဲကာ

လာမပေးမချင်းသူဒီနေရာကမသွားနိုင်ဖြစ်နေခြင်းဖြစ်သည်သစ္စာကြီး၍ကတိတည်သောဆရာမဖြစ်သည်။

လူ့ဘဝမှာတောင်မဟုတ်သေသွားတာတောင်နံမည်ပျက်မခံသူတပါးပိုက်စံကိုပြန်ပေးချင်စိတ်က

သူ့အားအမျှဝေ၍ရမည်မဟုတ်မှန်းသူ့ရဲ့စည်းကမ်းကြီးသောတိကျမှန်ကန်သောစိတ်ကိုသိကြသည့်အတွက်

တပည့်မလေးကသူ့အိမ်သို့ဖုန်းလှမ်းဆက်ကာအကျိူးးအကြောင့်လှမ်းပြောမှသတိရကြကာ

ဒေါ်ရှယ်လီထံသို့ကျန်ရစ်သူမိသားစုကပိုက်စံလာပေးရင်းသူ့ညီမကတောင်းပန်သည်။

””ဆရာမရေအမဆုံးတော့ညဘက်မှာအမကအိမ်မက်ပေးတယ်သ့ူ့ကျောင်းက———-

ဆရာမတစ်ယောက်မျက်မှန်ဂိုင်းလုပ်ခိုင်းတာပိုက်စံပေးလိုက်တာသူ့မှာပါလာလို့ပြန်ပေးခိုင်းတယ် ———–

ကျွန်မတို့ကလဲသွေးပူနေလို့မေ့သွားတာ———-
အဲတာကြောင့်အမကစိတ်စွဲပြီးအမကဆရာမကိုလာပြောတာဖြစ်မယ်————

သူကစည်ကမ်းသိပ်ကြီးတာကတိလဲအရမ်းတည်တယ်လေ–””’ ”

ဒေါ်ရှယ်လီလဲစိတ်ဓတ်ကောင်းမွန်သောဆရာမတစ်ယောက်ဆုံးရှုံးသွားသည့်အတွက်အလွန်နှမျောမိပါသည်။

သ့ူ့မိသားစုများနှင့်ကျောင်းကဆရာမများပေါင်းကာသေသူဆရာမအတွက်ရည်စူးကာ

ဘုန်းကြီးပင့်လူ တန်းအမျှဝေကာသာဓုခေါ်စေကြပါသည်။

ဒေါ်ရှယ်လီကတော့စိတ်မကောင်းစွာအမျှပေးရင်း

””””သူငယ်ချင်းရေကိုယ့်ပိုက်စံအားလုံးပြန်ရပါပြီကောင်ရာမွန်ရာဘဝကိုရောက်ပါစေ””””

ဟုဆုတောင်းပေးလိုက်မိပါသည်အဲဒီနောက်ပိုင်းမှာတော့

ထိုဆရာမ၏အရိပ်အယောင်အားမမြင်ကြရတော့ပါကျွတ်သွားပြီထင်ပါသည်။

ပြီး

Zawgyi Version

သစၥာႀကီးသည့္ဝိညာဥ္ (စ-ဆံုး)

ဆရာမတစ္ေယာက္၏ကိုယ္ေတြ႕ျဖစ္ရပ္မွန္အားခံစားေရးဖြဲ႕ပါသည္။

ေဒၚရွယ္လီသည္တကၠသိုလ္ကဆရာမတစ္ဦးျဖစ္ကာရာထူးတိုးျဖင့္နယ္ၿမိဳ႕ကေလးတစ္ၿမိဳ႕သို႔ေျပာင္းရသည္။

ထိုနယ္ၿမိဳ႕ကတကၠသိုလ္သည္ၿမိဳ႕ႏွင့္အနည္းငယ္ေဝးကာေအးခ်မ္းသာယာသည္။

ဆရာမမ်ားအတြက္သီးသန႔္အေဆာင္ခန္းမ်ားထားေပရာေဒၚရွယ္လီကေလးခန္းတြဲဆရာမအေဆာင္တြင္ေနရသည္။

ထိုေလးခန္းတြဲတြင္ေဒၚရွယ္လီႏွင့္ရာထူးတူေသာဆရာမေလးေယာက္ေနၾကကာေမဂ်ာေတာ့မတူၾကပါ

ထိုေလးေယာက္ထဲမွေဒၚရွယ္လီႏွင့္ဆရာမတစ္ေယာက္သည္အပ်ိဳႀကီးမ်ားျဖစ္ၾကကာ

က်န္ဆရာမႏွစ္ေယာက္ကအိမ္ေထာင္သည္မ်ားျဖစ္ၾကသည္။

ထိုေၾကာင့္ေဒၚရွယ္လီကအပ်ိဴ ႀကီးဆရာမႏွင့္ပို၍ေပါင္းျဖစ္ေလသည္။

ထိုအပ်ိဴ ႀကီးဆရာမအားအမ်ားကစာအုပ္ႀကီးဟုကြယ္ရာမွာေခၚၾကသည္။

ထိုဆရာမကလဲအပ်ိဳူ ႀကီးပီပီအရာရာကိုေစ့စပ္ေသခ်ာစြာစည္းကမ္းတက်လုပ္သည္။

အမွားအယြင္းအတိမ္းအေစာင္းမခံစနစ္တက်စည္းကမ္းႀကီးလြန္းသျဖင့္စာအုပ္ႀကီးဟုေခၚျခင္းျဖစ္သည္။

ေက်ာင္းမွာဘာပြဲလုပ္လုပ္သ့ူ႔အားစာရင္းကိုင္ခိုင္းသည္သူကအလြန္တိက်ကာေငြတစ္က်ပ္မက်န္ျပန္အပ္သည္။

တေန႔တြင္သူမသည္ရန္ကုန္သို႔သြားရန္အေၾကာင္းကိစၥေပၚလာသျဖင့္ေက်ာင္းပိတ္ရက္တြင္

သြားရန္စီစဥ္ေနသည္ထိုအခါေဒၚရွယ္လီကသူ႔စာၾကည့္မ်က္မွန္တစ္လက္ဂိုင္းက်ိဴးးသြားသျဖင့္

ထိုဆရာမအားရန္ကုန္ၿမိဳ႕ကနံမည္ႀကီးမ်က္မွန္ဆိုင္တြင္ဂိုင္းလဲေပးရန္မွာလိုက္ကာေငြပါေပးလိုက္သည္။

ေဈးႀကီးေသာမ်က္မွန္ဂိုင္းအားေသခ်ာျပ၍မွာလိုက္ေလသည္။

စေနေန႔ေက်ာင္ပိတ္ရက္တြင္ထိုဆရာမသည္ရန္ကုန္သိုသြားေလသည္။

တနလာေန႔ေက်ၤာင္းဖြင့္ရက္တြင္ေက်ာင္းသို႔စိတ္မေကာင္းဖြယ္သတင္းဆိုးေရာက္လာသည္။

ရန္ကုန္သြားေသာဆရာမသည္ကားခ်င္းတိုက္မိရာမွပြဲျခင္းၿပီးကြယ္လြန္သြားသည့္သတင္းပင္ျဖစ္သည္။

ထိုအခါေက်ာင္းရွိဆရာဆရာမႏွင့္ေက်ာင္းသားေက်ာင္းသူမ်ားကအလြန္စိတ္မေကာင္းျဖစ္ေနၾကသည္။

ထိုေန႔တေန႔လုံးေဒၚရွယ္လီစာေကာင္းစြာစာမသင္ႏိုင္စိတ္မေကာင္းျဖစ္ေနမိသည္။

တစ္ေက်ာင္းလုံးလဲထိုဆရာမသတင္းသာေျပာေနၾကကာမယုံႏိုင္ေအာင္ျဖစ္ေနၾကသည္။

ထိုဆရာမေသၿပီဟုသတင္းၾကားသည့္ညဘက္တြင္ေက်ာင္းဝင္ထဲကေခြးမ်ားမအူစဖူး

ဆြဲဆြဲငင္ငင္အူလိုက္ၾကသည္မွာမေၾကာက္တတ္သူမ်ားပင္စိတ္လႈပ္ရွားသြားေစသည္။

ေဒၚရွယ္လီလဲေသသြားေသာဆရာမကသူႏွင့္အခန္းခ်င္းကပ္ရက္ဆိုေတာ့နဲနဲေတာ့ေက်ာခ်မ္းေနမိသည္။

ဒါနဲ႔တံခါးေတြအကုန္အလုံပိတ္ကာေစာေစာအိပ္ယာဝင္လိုက္သည္အိပ္ယာေဘးတြင္ကက္စက္အေသး

ကေလးႏွင့္ေတာင္တန္းသာသနာျပဳဆရာေတာ္ႀကီး႐ြတ္ေသာပရိတ္ႀကီး၁၁သုတ္ႏွင့္ပ႒န္းေခြအား

ဖြင့္ထားလိုက္သည္စိတ္မေျခာက္ျခားေစရန္အာ႐ုံလြဲထားျခင္းျဖစ္သည္။

ေနာက္တစ္ေန႔မိုးလင္းေတာ့အိမ္ေထာင္သည္ဆရာမႏွစ္ေယာက္သည္ေဒၚရွယ္လီအခန္းေရွ႕သို႔ေရာက္လာကာ

””’ဆရာမညကဘာမွမျဖစ္ဘူးလား——-ဘာမွမေတြ႕ဘူးလား——””’

ထိုဆရာမႏွစ္ေယာက္အေမးေၾကာင့္ေဒၚရွယ္လီကလဲအလန႔္တၾကားေမးလိုက္သည္။

”””ကြၽန္မကညကတံခါးေတြပိတ္ၿပီးအေစာႀကီးအိပ္တာဆရာမတို႔ေကာဘာေတြျမင္လို႔လဲ””’

”””ညကေသသြားတဲ့ဆရာမကိုကြၽန္မတို႔ႏွစ္ေယာက္ျမင္လိုက္ရတယ္””

””’ဟုတ္တယ္ညကေခြးေတြတအားအူေနတုန္းကြၽန္မတို႔ႏွစ္ေယာက္စကားထိုင္ေျပာေနတာ——အဲဒီအခ်ိန္မွာေသသြားတဲ့ဆရာမကညဝတ္ဂါဝန္ႀကီးနဲ႔—–ကြၽန္မတို႔အခန္းေရွ႕ကျဖတ္သြားတာအေသအခ်ာျမင္လိုက္ရတာ——–”” ‘

””ကြၽန္မတို႔လဲေျခမကိုင္မိလက္မကိုင္မိျဖစ္ကာလန႔္လိုက္တာမေျပာပါနဲ႔ေတာ့ဆရာမရယ္””””

ထိုဆရာမမ်ားစကားကိုၾကားေတာ့ေဒၚရွယ္လီတစ္ေယာက္ၾကက္သီးမ်ားပင္ထသြားေလသည္။

ေနာက္တေန႔ညေရာက္ေတာ့ေသသြားေသာဆရာမအခန္းမွအသံဗလံမ်ားၾကားေနရသည္။

အခန္းထဲလမ္းေရွာက္ေနသံမ်ားလဲၾကားေနရကာေဒၚရွယ္လီကအခန္းထဲတြင္ေခြၽးျပန္ေနသည္။

သရဲဆိုတာေဒၚရွယ္လီတစ္ခါမွမျမင္ဘူးပါသိလဲသိခ်င္သည္ေၾကာက္လဲေၾကာက္ေနသည္။

ထို႔ေၾကာင့္အခန္းတံခါးအားဖြင့္ထားလိုက္ကာအေမွာင္ထဲသိုလွမ္းၾကည့္လိုက္မိသည္။

သို႔ေပမဲ့ဘာမွမျမင္ရပါအခန္းမီးမ်ားအလင္းေရာင္ေၾကာင့္ပတ္ဝန္းက်င္တြင္အလင္းမ်ားျဖာက်ေနကာ

အျပင္ဘက္ကိုအနည္းငယ္ျမင္ေနရသည္နာရီဝက္ေလာက္အၾကာတြင္အခန္းဝရံတာအျပင္ဘက္မွ

ျဖဴျဖဴအရိပ္တစ္ခုလႈပ္ရွားလာသည္ကိုေတြ႕လိုက္ရသည္ထိုအရိပ္သည္ေသဆုံးသူဆရာမ

ဝတ္ေနၾကညအိပ္ဂါဝန္အျဖဴျဖစ္တာကိုေဒၚရွယ္လီမွတ္မိေနတာေၾကာင့္အသဲမ်ားေအးသြားသည္။

ထိုျဖဴ ျဖဴ အရိပ္သည္ေလထဲတြင္တလြင့္လြင့္ျဖင့္ေ႐ြ႕လွ်ားေနကာအခန္းေလးခန္းေရွ႕တြင္

ေခါက္တ့ုံ႔ေခါက္ျပန္ေ႐ႊ႕လွ်ားေနသည္လူပုံစံသဲကြဲပီျပင္စြာမေတြ႕ရေပမဲ့ေသဆုံးသူဆရာမ

ဆိုတာေတာ့က်ိန္းေသသိေနတာေၾကာင့္ေဒၚရွယ္လီတကိုယ္လုံးနတ္ပူးသလိုကတုန္ကယင္ျဖစ္သြားကာ

ေၾကာင္၍ရပ္ၾကည့္ေနရာမွထိုအရိပ္သည္သူ႔အခန္းေရွ႕ျပန္ေရာက္လာကာသူ႔အား

တစုံတစ္ရာေျပာမည့္ဟန္ျပင္ေနရာေဒၚရွယ္လီကိုယ္ထဲမွကလီစာမ်ားေျပာင္းျပန္ျဖစ္သြားသည္ထင္ရကာ

အခန္းတံခါးအားကမန္းကတန္းပိတ္လိုက္ရသည္အခုလိုသရဲဆိုတာကိုလက္ေတြ႕ျမင္လိုက္ရမွ

သူလဲအလြန္လန႔္သြားမိကာဘုရားစာမ်ားပင္ကေမာက္ကမ
ျဖစ္ကာေမ့ကုန္ေလသည္။

ထို႔ေနာက္တြင္ထိုဆရာမအေဆာင္ေရွ႕တြင္ရွိေနသည္ကိုျမင္သူမ်ားရွိလာကာသတင္းႀကီးလာသျဖင့္

ေဒၚရွယ္လီေဘးအစြန္ခန္းမွအိမ္ေထာင္သည္ဆရာမႏွစ္ေယာက္သည္ညမအိပ္ၾကေတာ့ပဲၿမိဳ႕ထဲက

သူတို႔အသိမ်ားထံသြားအိပ္ၾကေလသည္အေဆာင္ခန္းတြင္ေဒၚရွယ္လီအခန္းတစ္ခန္းသာလူရွိေပသည္။

ေဒၚရွယ္လီကညဘက္ေရာက္ေတာ့တစ္ေယာက္ထဲဆိုေတာ့တံခါးမ်ားေစာေစာပိတ္ကာ

တရားေခြကိုခပ္က်ယ္က်ယ္ဖြင့္ထားလိုက္သည္သို႔ေပမဲ့စိတ္ထဲတထင့္ထင့္ျဖစ္ေနသည္။

ထိုအခ်ိန္မွာဘဲေခါင္မိုးေပၚသို႔ဝုန္းကနဲျပဳတ္က်သံေၾကာင့္လန႔္ကာ ေျခဖ်ားလက္ဖ်ားမ်ားေအးသြားသည္

ေနာက္မွေၾကာင္ေအာ္သံၾကား၍ေၾကာင္ခုန္ခ်သည္ဟုသိလိုက္ရသည္႐ုတ္တရက္အျပင္မွတံခါးေခါက္သံ

ေပၚထြက္လာရာေဒၚရွယ္လီႏွလုံးခုန္သံျမန္သြားျပန္သည္။

””’ေဒါက္—-ေဒါက္””’

”””ဆရာမ—-ဆရာမ””’

ေခၚသံၾကား၍တံခါးအားေျပး၍ဖြင့္လိုက္ရာတပည့္မေလးႏွစ္ေယာက္အားေတြ႕လိုက္ရ၍အားတက္သြားသည္။

””’ဆရာမ—-သမီးတို႔အေဖၚလာအိပ္ေပးတာ””’

””’ေအာ္—-ေအးေအးလာၾက””’

တပည့္မ်ားေရာက္လာ၍အားရွိသြားကာမေၾကာက္တတ္ပုံဖမ္းထားလိုက္ေပမဲ့စိတ္ထဲမွာဝမ္းသာသြားသည္။

””’ဆရာမတစ္ေယာက္ထဲေၾကာက္ေနမွာစိုးလို႔သမီးတို႔ကစိုးရိမ္ေနတာ”””

””’ေအာ္ေက်းဇူးပဲသမီးတို႔ေရ—–ေၾကာက္လွတယ္လဲမဟုတ္ပါဘူးကိုယ့္သူငယ္ခ်င္းပဲဟာ—-””

””’ကဲမအိပ္ခင္ဆရာမကေကာ္ဖီနဲ႔ဧည့္ခံပါ့မယ္”””

ေဒၚရွယ့္လီလဲတပည့္မ်ားႏွင့္မီးဖိုေခ်ာင္ဝင္၍ေကာ္ဖီေဖ်ာ္ကာျပန္ထြက္လာၾကေတာ့

အခန္းဝအျပင္ဘက္တြင္ရပ္ေနေသာေသဆုံးသူဆရာမအားေတြ႕လိုက္ၾကရာ

”” ဆရာမ—-ဆရာမ—–သရဲ—-သရဲ””’

””’ဆရာမ—-အမွ်ေဝလိုက္—–”””’

တပည့္ႏွစ္ေယာက္စကားေၾကာင့္ေဒၚရွယ္လီလဲ သတိဝင္လာကာတုန္တုန္ရင္ရင္ျဖင့္အမွ်ေဝလိုက္သည္။

””’သူငယ္ခ်င္းေရ—-ျပဳုျပဳ ုသမွ်ကုသိုလ္မ်ားအားးးးးးးးးအမွ်ေပးပါတယ္——အမွ်—အမွ်—အမွ်—””’

ထိုအခါထိုဆရာမအရိပ္သည္ေပ်ာက္ကြယ္သြားေလသည္ထိုအခါမွသူတို႔သုံးေယာက္သား

တံခါးအေျပးအလႊားပိတ္ကာကတုန္ကယင္ျဖစ္ေနၾကသည္။

ေတာ္ေပေသးသည္တပည့္ႏွစ္ေယာက္ရွိေပလို႔သာတပည့္ႏွစ္ေယာက္က

””’ဆရာမ—-ေသသြားတဲ့ဆရာမကဆရာမအေပၚအေတာ္သံေယာစဥ္ႀကီးပုံရတယ္—–ဆရာမကိုစိတ္စြဲေနလားမသိဘူး’—–ဒီအေဆာင္မွာတရစ္ဝဲဝဲျဖစ္ေနတာ———-သနားပါတယ္ဆရာမရယ္——”””

ေဒၚရွယ္လီလဲရင္ထဲမေကာင္းျဖစ္သြားမိသည္။

ေဒၚရွယ္လီတို႔လဲေနာက္ထပ္လာေျခာက္မွာစိုး၍စကားေျပာရင္းမိုးလင္းခါနီးမွအိပ္ေပ်ာ္သြားၾကသည္။

ထိုအခ်ိန္တြင္ေဒၚရွယ္လီကေသသြားေသာဆရာမကိုအိမ္မက္မက္ေနသည္။

အိမ္မက္ထဲတြင္ထိုဆရာမသည္ေဒၚရွယ္လီအားမ်က္မွန္ဂိုင္းအားလက္ညိဳးထိုးျပကာ

မ်က္ႏွာမေကာင္းစြာျဖင့္ေျပာေလသည္။

””ဆရာမမ်က္မွန္ဂိုင္းဖိုးပိုက္စံ—-အိမ္ကိုလာေပးခိုင္းထားတာ—-လာမေပးေသးလို႔ကြၽန္မဒီမွာေစာင့္ေနရတာ—-””

””’ကြၽန္မဘယ္လိုမွသေဘာမထားပါဘူး—-ဒါကအေရးမႀကီးပါဘူး—-ဆရာမအတြက္စိတ္မေကာင္းျဖစ္ေနတာပါ—အဲဒါကိုေခါင္းထဲမထားပါနဲ႔ေတာ့—-””

ေဒၚရွယ္လီကေျပာလိုက္ေပမဲ့ထိုဆရာမကလက္ခံပုံမရပဲေပ်ာက္ကြယ္သြားေလသည္။

ဆရာမေဒၚရွယ္လီတို႔ဆရာတပည့္မ်ားေနျမင့္မွအိပ္ယာကႏိုးၾကရာ

ဆရာမေဒၚရွယ္လီကသူအိမ္မက္အားတပည့္မ်ားအားေျပာျပရင္းစိတ္မေကာင္းျဖစ္ေနမိသည္။

တကယ္ေတာ့စည္းကမ္းအလြန္ႀကီးေသာဆရာမကသူမ်ားပိုက္စံကိုျပန္ေပးရန္စိတ္စြဲကာ

လာမေပးမခ်င္းသူဒီေနရာကမသြားႏိုင္ျဖစ္ေနျခင္းျဖစ္သည္သစၥာႀကီး၍ကတိတည္ေသာဆရာမျဖစ္သည္။

လူ႔ဘဝမွာေတာင္မဟုတ္ေသသြားတာေတာင္နံမည္ပ်က္မခံသူတပါးပိုက္စံကိုျပန္ေပးခ်င္စိတ္က

သူ႔အားအမွ်ေဝ၍ရမည္မဟုတ္မွန္းသူ႔ရဲ႕စည္းကမ္းႀကီးေသာတိက်မွန္ကန္ေသာစိတ္ကိုသိၾကသည့္အတြက္

တပည့္မေလးကသူ႔အိမ္သို႔ဖုန္းလွမ္းဆက္ကာအက်ိဴးးအေၾကာင့္လွမ္းေျပာမွသတိရၾကကာ

ေဒၚရွယ္လီထံသို႔က်န္ရစ္သူမိသားစုကပိုက္စံလာေပးရင္းသူ႔ညီမကေတာင္းပန္သည္။

””ဆရာမေရအမဆုံးေတာ့ညဘက္မွာအမကအိမ္မက္ေပးတယ္သ့ူ႔ေက်ာင္းက———-

ဆရာမတစ္ေယာက္မ်က္မွန္ဂိုင္းလုပ္ခိုင္းတာပိုက္စံေပးလိုက္တာသူ႔မွာပါလာလို႔ျပန္ေပးခိုင္းတယ္ ———–

ကြၽန္မတို႔ကလဲေသြးပူေနလို႔ေမ့သြားတာ———-
အဲတာေၾကာင့္အမကစိတ္စြဲၿပီးအမကဆရာမကိုလာေျပာတာျဖစ္မယ္————

သူကစည္ကမ္းသိပ္ႀကီးတာကတိလဲအရမ္းတည္တယ္ေလ–””’ ”

ေဒၚရွယ္လီလဲစိတ္ဓတ္ေကာင္းမြန္ေသာဆရာမတစ္ေယာက္ဆုံးရႈံးသြားသည့္အတြက္အလြန္ႏွေမ်ာမိပါသည္။

သ့ူ႔မိသားစုမ်ားႏွင့္ေက်ာင္းကဆရာမမ်ားေပါင္းကာေသသူဆရာမအတြက္ရည္စူးကာ

ဘုန္းႀကီးပင့္လူ တန္းအမွ်ေဝကာသာဓုေခၚေစၾကပါသည္။

ေဒၚရွယ္လီကေတာ့စိတ္မေကာင္းစြာအမွ်ေပးရင္း

””””သူငယ္ခ်င္းေရကိုယ့္ပိုက္စံအားလုံးျပန္ရပါၿပီေကာင္ရာမြန္ရာဘဝကိုေရာက္ပါေစ””””

ဟုဆုေတာင္းေပးလိုက္မိပါသည္အဲဒီေနာက္ပိုင္းမွာေတာ့

ထိုဆရာမ၏အရိပ္အေယာင္အားမျမင္ၾကရေတာ့ပါကြၽတ္သြားၿပီထင္ပါသည္။

ၿပီး