** ဝိညဉ်ခေါ်သောရွာ **(စ/ဆုံး)

** ဝိညဉ်ခေါ်သောရွာ **(စ/ဆုံး)
——————————
ကြို့ပင်ရွာလေးသည် ရွှေဘိုခရိုင်နယ်အတွင်းတည်ရှိနေသော ရွာငယ်လေးဖြစ်သည်။မြို့နှင့်အလှမ်းဝေးလှသည့်အတွတ် လမ်းပန်းဆက်သွယ်ရေးအနေနှင့်သွားလာရတာခက်ခဲလွန်းလှသည်။ကျေးလက်ဆေးပေးခန်းမရှိ စာသင်ကျောင်းမရှိတော့ရွာရှိလူမှု့့့ဖွိ့ဖြိုးတိုးတက်မှု့ဆိုတာ ဗလာနထ္ထိ။
ဒီလိုရွာငယ်လေးမှာမှခုတလော လူအများဟာ တစုံတခုဖြစ်လာမည်ကို ကြိုသိနေသလို စိုးတထိတ်ထိတ်ရှိနေကြသည်။ဒီလိုဖြစ်ရသည့်အကြောင်းကလည်း ရွာမှာသေဆုံးသွားသောဘဦး၏ဇနီး ကိုယ်ဝန်သည်အေးပုံနှင့်တနည်းတဖုံပက်သက်နေသည်ဆိုတာကို ယုံကြည်နေကြပေပြီ။
မယုံကြည်၍လည်းမရပေ သူ့တို့ရှေ့မှာဖြစ်ပျက်ခဲ့သော အကြောင်းအရာတွေကစကားဝိုင်းမှာစပ်မိလို့ ပြန်ပြောဖြစ်ကြရင်တောင် ကြက်သီးတဖြန်းဖြန်းထလောက်အောင် ကြောက်စရာကောင်းလှပေသည်။
အခုလည်းအချိန်အားဖြင့် နေဝင်သွားလို့ ညနေ၆နာရီခန့်ပင်ရှိပေတော့မည်။ဒီလိုအချိန်ကမြို့ပေါ်မှာတော့အစည်ကားဆုံးအချိန်လို့ဆိုပေမဲ့ တောရွာတွေမှာတော့လူသွားလူလာပြတ်ပြီး အမှောင်ရိပ်တို့ကြီးစိုးနေသည့်အချိန်လို့ပင်ပြောရပေမည်။
ဒီချိန်မျိုးမှာမှ လူနှစ်ဦးက ရွာပြင်ရှိလယ်ကွင်းများကိုဖြတ်ကျော်လာပြီး ရွာဝင်လမ်းမပေါ်ရောက်ရန် ခပ်သုတ်သုတ် ခြေလှမ်းများနှင့် လက်နှိပ်မီးလေးများအလင်းရောင်ကိုအသုံးပြု၍ လှမ်းလာနေကြသည်။
“ဟဲ့ကောင် သာရင်မြန်မြန်လာပါဟ ”
“ကျုပ်လည်းလျောက်နေတာပဲ ဘလေးရာခြေထောက်တွေက ညောင်းပြီး လှမ်းတောင်မလှမ်းချင်တော့ဘူး”
“ငါလူကြီးတောင် လျောက်နိုင်သေးတာ မင်းကလူငယ်ဖြစ်ပြီး တယ်နုသကိုး မြန်မြန်လျောက် ဒီလယ်ကွင်းတွေကျော်မှ ရွာပြင်သချိင်းကိုဖြတ်ပြန်ရမှာ”
သာရင်လည်းနဂိုထဲကကြောက်ပါတယ်ဆိုမှ ဘလေးပြောစကားကြောင့် ဆံပင်မွေးများပင်ထောင်မတတ်ဖြစ်သွားရသည်။
“အဲ့ဒါကြောင့် ဘလေးကိုပြောတယ် မနက်ကျမှစောစောထပြီးဒီအကြွေးသွားတောင်းလည်းရတာကို အချိန်မရှိမှရွာကထွက်လာတော့ ခုပြန်တော့မိုးချုပ်တာပေါ့”
“ဟ.ဟိုဖက်ရွာက ဖိုးသာအောင်က မနက်အစောကိုမြို့တက်မှာလေ ဒါကြောင့်သွားရတာပေါ့”
သူတို့နှစ်ဦးစကားတပြောပြောနှင့် လျောက်လာကြရာ ရွာပြင်သချိင်းအစပ်ကို ရောက်လာကြသည်။သာရင်ကမျက်လုံးကို စုံမှိတ်၍ဘလေး၏လက်မောင်းတဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်၍ လျောက်လာသည်။မျက်လုံးမှိတ်၍လမ်းလျောက်နေသောကြောင့် ဘလေးရဲ့ဖိနပ်ကိုတက်နင်းမိတော့ ပြတ်သွားသေးသည်။
“အာ ဟဲ့ကောင် ငါ့ဖိနပ်ကိုဘာလို့တက်နင်းလဲ? “
“ကျုပ် ကျုပ် ကြောက် ကြောက်လို့”
“ဒီကောင်နဲ့တော့ မျက်လုံးမှိတ်ပြီးလျောက်မှ တော့ဘယ်လိုခရီးတွင်မလဲ လာ မြန်မြန်လျောက်”
ထိုစဉ်…”အူ.ဝူး ဝူး ဝု ဝု အု အူးးးးးး”
“ဘ ဘ ဘလေး ခွေး..ခွေးအူသံကြီးကြားလား ကျုပ် ကျုပ် ကြောက် ကြောက် ကြောက်လာပြီဗျာ လာပါနောက်ကြောင်းပြန်လှည့်ရအောင်”
“ဟာ မင်း မင်းကလည်းကွာ ရွာနားပဲရောက်ခါနီးပြီ လာပါ”
“ဖျတ် ဖျတ် ဖျတ်”
နောက်နားဆီမှ ခြေသံကြားလိုက်ရပြီး မီးနေသည်နနွင်းမှိုင်းနံ့ကဘလေးနှင့်သာရင်တို့၏နှာခေါင်းတွင်းကိုထောင်းကနဲတိုးဝင်လာသည်ကြောင့် နောက်ကိုပြိုင်တူလှည့်ကြည့်လိုက်သည့်အခါတွင် မိန်းမတယောက်ကမှောင်ရိပ်ထဲမှ ဆံပင်ဖားလျားချကာသူတို့နှစ်ဦးအနီးကိုလျောက်လာလေသည်။
အနီးရောက်ကာမှ ကြည့်လိုက်ကြသည့်အခါ လွန်ခဲ့သောတလခန့်ကရွာမှမီးမဖွားနိုင်ပဲ သေဆုံးသွားသောကိုယ်ဝန်သည်အေးပုံ ဖြစ်နေသည်ကိုတွေ့လိုက်ကြရသောအခါ သာရင်နှင့်ဘအေးတို့လည်း ပုဆိုးများပင်ကျွတ်ကျသည်ကိုဂရုမစိုက်နိုင်ပဲရွာဆီကို ခြေကုန်သုတ်၍ပြေးကြလေတော့သည်။
လမ်းတလျောက်သူတို့၏နောက်မှ ရီသံကြီးသည်တောက်လျောက်လိုက်လာပြီး ရွာဦးကျောင်းအတွင်းဝင်ပြေးမှသာ ကြောက်မက်ဖွယ်ရီသံကြီးနှင့် အေးပုံ၏ဝိညဉ်လည်းရုတ်ကနဲ ပျောက်ကွယ်သွားတော့သည်။
“အရှင်ဘုရား တပည့်တော်တို့ကို ကယ်ပါအုံးဘုရား”
“”ဟဲ့ ကပ္ပိယကြီး ကျောင်းအောက်ကဘယ်သူတွေလည်း သွားကြည့်စမ်း”
“တင်ပါ့ ”
ကပ္ပိယကြီးလည်း ဆရာတော်မိန့်သောကြောင့် ရေနံဆီမီးအိမ်လေးဆွဲ၍ ကျောင်းအောက်ဆင်းကြည့်သောအခါ ဘလေးနှင့် သာရင်တို့ကို တကိုယ်လုံးတုန်ယင်လျက် တွေ့လိုက်ရလေသည်။
“ဟဲ့ သာရင်နဲ့ဘလေးပါလား ဘယ်လိုဖြစ်လာကြတာလဲ?”ဘောင်းဘီတိုလေးတွေနဲ့နှစ်ယောက်လုံးလဲချွေးတွေကရွဲလို့ပါလား”
“ကပ္ပိယကြီး ကျုပ်တို့ကျောင်းပေါ်ရောက်မှ ပြောပြမယ်”
“ကဲ ဒါဖြင့် လာ လာ”
ကျောင်းပေါ်ကိုရောက်သည့်အခါ ဘလေးနှင့် သာရင်တို့သည်အလွန်ကြောက်လန့်၍ တကိုယ်လုံးတုန်ယင်နေသည့်အတွတ်ဆရာတော်က ဘုရားခန်းမှ ပရိတ်ရေကိုတိုက်လိုက်မှ
ကြောက်စိတ်များပြေပျောက်သွားကြလေသည်။ထို့နောက်သူတို့ကြုံခဲ့ရသည့်အကြောင်းများကိုဆရာတော်အားလျောက်လိုက်ကြလေသည်။
“အဲ့ဒါပါပဲဘုရား တပည့်တော်တို့မှာ ကြောက်လွန်းလို့ဆရာတော့်ကျောင်းထဲဝင်ပြေးမှ ဆက်မလိုက်လာတော့တာဘုရား”
“ဟဲ့ သာရင်တို့ရယ် နင်တို့ဟာ ဟုတ်မှဟုတ်ရဲ့လား?”
“မှန်ပါ တပည့်တော်တို့ ဆရာတော်ဘုရားကိုမလိမ်ဝံ့ပါဘူးဘုရား”
ဆရာတော်လည်းသူတို့ကိုကြည့်တော့ ချွေးသံတရွဲရွဲနှင့်အလွန်ကြောက်လန့်နေသည်ကို တွေ့တော့ နှုတ်မှတလုံးချင်းမိန့်လိုက်လေတော့သည်။
“အင်း ဒီတိုင်းသာ မှန်ရင်တော့ ဒကာမကြီးအေးပုံတယောက်မကျွတ်မလွတ်ဖြစ်နေပြီ ထင်တယ် ကဲ ကဲဒကာတို့လည်း အခုတော့ အိမ်မပြန်ကြနဲ့တော့ ဒီညတော့ကျောင်းမှာပဲအိပ်လိုက်ကြ ဟုတ်ပြီလား”
“တင်ပါ့ဘုရား”
ဆရာတော်လည်းမိန့်မှာပြီးတာနှင့် တရားမှတ်၍ ကျောင်းပေါ်၌စင်္က်ြကြွနေလေတော့သည်။ူ
☠☠☠☠☠☠☠☠☠😹☠☠☠☠☠☠☠
မနက်ခင်းရောက်တော့ ကြို့ပင်တရွာလုံး ဘလေးတို့ကြုံခဲ့ရသည့်အကြောင်းကို ဟိုနားတစုသည်နားတစုဆိုသလို ပြောနေကြလေသည်။ဒီတိုင်းသာမှန်ရင်တော့ ဒီရွာလေးမှာ ယခင်လိုပဲ ထိတ်လန့်စရာတခုခုဖြစ်လာအုံးတော့မည်ကို တရွာလုံးစိုးတထိတ်ထိတ်ရှိနေကြလေသည်။ဘာကြောင့်ဆိုရင် ဒီအေးပုံဝိညဉ်လိုက်ခံရပြီး မကြာမီပင်ရွာမှာထန်းတက်သောမှုံကြီးတယောက် ထန်းပင်ပေါ်မှ လိမ့်ကျသေဆုံးသွားခြင်းကြောင့်ဖြစ်သည်။တခုထူးခြားသည်က ဝိညဉ်လိုက်ခံရသော လူများကဘာမှမဖြစ်ပေမဲ့ ရွာတွင်းရှိဒိပြင်တခြားတဦးကတော့ ရက်အနည်းငယ်အတွင်း အန္တရာယ်တခုမဟုတ်တခုနှင့်ကြုံရပြီး မကြာမီပင်သေဆုံးသွားတတ်သောကြောင့်ဖြစ်သည်။ဒါကြောင့် ရွာမှာရှိနေသောသူများက ကြောက်ရွံ့လာပြီး ဒီအခါလည်းဘယ်သူ့အလှည့်ဖြစ်မလဲဟူသော စိုးရိမ်စိတ်များကြီးစိုးနေကြတော့သည်။
ဒီလိုကြို့ပင်ရွာသူ/သားတို့ အပူလုံးကြွ၍ မှိုင်းညို့နေသောအချိန်မှာပဲ ရွာပြင်ရှိအရိပ်ကောင်းသော ကုက္ကိုပင်ကြီး၏အောက်တွင်ရှိသော ဇရပ်ငယ်လေးဆီကို ဗိုက်ကအလွန်ပူလျက်ဝဝဖိုင့်ဖိုင့်ရှိသော ဖိုးသူတော်ကြီးတဦးရောက်လာလေသည်။
ထိုဖိုးသူတော်၏အသားအရေသည် ဝါဝင်းသောအဆင်းရှိလေသည်။မျက်နှာသည်ကား ပြုံးရွှင်လျက် မြင်ရသူများအဖို့ကြောက်လန့်တတ်သောစိတ်များကင်းဝေးစေလျက် ငြိမ်းအေးသောစိတ်များဖြစ်ပေါ်စေနိုင်သည့် ဥပဓိရုပ်ပိုင်ရှင်ပင်ဖြစ်သည်။ပြောရရင်တော့ ထိုဖိုးသူတော်၏အသွင်အပြင်သည် အားကိုးချင်စရာကောင်းလှပေသည်။
ဖိုးသူတော်ကြီးလည်း ဇရပ်ပေါ်ကိုလှမ်းတက်လာပြီး အိတ်တွင်းမှဘူးသီးခြောက်ရေဗူးလေးကိုထုတ်၍ တငုံမျှသောက်လိုက်ပြီး အမောဖြေနေလေသည်။ထို့နောက်လည်ပင်းမှ စိတ်ပုတီးကိုချွတ်၍ မျက်လုံးအစုံမှိတ်လျက် ဂုဏ်တော်ပွားနေလေသည်။ပုတီးပတ်ရေများလာသည်နှင့်ဖိုးသူတော်ကြီး၏
စိတ်သည်လည်းသမာဓိစွမ်းအားတို့နှင့် တထပ်တည်းကျလျက်ရှိလာသည်။ထိုအချိန်မှာပင် သူ၏နှာခေါင်းတွင်းသို့ နနွင်းမှိုင်းနံ့နှင့်ထန်းရည်နံ့တို့ရောပြွမ်းဝင်လာသဖြင့် မဲနက်ထူထဲသောမျက်ခုံးကြီးနှစ်ဖက်ကို အပေါ်ကိုတွန့်တက်သွားသည်အထိပင့်တင်လျက် တည်ငြိမ်အေးချမ်းသောမျက်နှာသည်ပြုံးယောင်သမ်းလာပေသည်။မျက်လုံးကိုဖွင့်ကြည့်လိုက်တော့
ရွာအဝင်စည်းရိုးနား၌ ဆံပင်ဖားလျားချထားသော မိန်းမတယောက်နှင့် ထန်းလှီးဓားကိုကိုင်ထားသော ယောက်ကျာင်္်းတယောက်တို့သည် ဖိုးသူတော်ကြီးကို မီးကျီးခဲကဲ့သို့ရဲရဲနီသောမျက်လုံးတို့နှင့်မနှစ်မြို့စွာကြည့်နေကြလေသည်။
“ဒီရွာကို ဘာလာလုပ်တာလဲ လာရာလမ်းကိုအခုချက်ချင်းပြန်သွား သွားးးးးးး”
ဒီအခါမှာ ဖိုးသူတော်ကြီးလည်း အပြုံးမပျက်ပင် ပြန်ပြောလိုက်သည်။
“ငါလို အကျင့်စာရဏနဲ့ပြည့်စုံသူကို ဒင်းတို့လို ပရလောကသားတွေက အမိန့်ပေးရိုး ရရောလား စဉ်းစားပြီးပြောကြစမ်း ငါနှင်ရင်နင်တို့ ဒီရွာမှာမပြောနဲ့ ကမ္ဘာမြေပေါ်ကတောင်ပျေက်ကွယ်သွားမယ်”
“ဟားးးး ဟားးးး ဟီးးးး ဟီးးး ဖိုးသူတော်မတောက်တခေါက်ကများ ဒီရွာကငါတို့ပိုင်နက် နင်ရွာထဲတောင် ဝင်လို့ရလား စမ်းကြည့်စမ်း ဟားးးး ဟားးးး ဟားးးး”
“တယ် မိစ္ဆာတွေ ငါကသနားလို့ ကောင်းကောင်းပြောနေတာကို ငါ့ကိုနိုင်ဖို့မပြောနဲ့ ငါ့ကြေးစည်သံကိုပဲနားထောင်ကြည့်ကြစမ်း”
ဖိုးသူတော်ကြီးကအိတ်တွင်းမှ ရွှေကြေးစည်လေးကိုထုတ်၍ တီးလိုက်သည့်အခါ ထိုမကောင်းဆိုးဝါးတို့၏နားများဆီမှမဲနက်ညစ်ပုပ်သောသွေးများ ကျလာပြီး နားများကိုလက်နှင့်အုပ်လျက် ပူလောင်စွာ အော်ဟစ်ကြတော့သည်။
“အားးးးးးး ပူလိုက်တာ နာလိုက်တာ တော်ပါတော့ ကြေးစည်ကိုမတီးပါနဲ့တော့ ”
” နင်တို့လို မိစ္ဆာတွေက လူဘုံဌာန လူ့အရပ်မှာ နေခွင့်မရှိဘူး ဒီရွာစည်းရိုးကနေ အခုဖယ်ကြစမ်း”
ဖိုးသူတော်ကြီးကလက်ဝှေ့ယမ်းလိုက်သည်နှင့် မီးနေသည်အေးပုံနှင့်ထန်းသမားမှုံကြီးတို့၏ ဝိညဉ်များသည် ကြောက်ရွံ့လျက် ကွယ်ပျောက်သွားကြလေတော့သည်။
ထိုအချိန်မှာပင် ကြို့ပင်ရွာလေးအတွင်းမှ ခမောက်ကလေးဆောင်းလျက်နွားကျောင်းထွက်လာသော လူတယောက်သည်ဖိုးသူတော်ကြီးရှိသော ဇရပ်အနီးကိုရောက်လာလေသည်။
“ဟေ့ မောင်ရင် ခဏလာအုံးကွယ့်”
“အော် ဖိုးသူတော်ကြီးတပါးပါလား ကိစ္စရှိလို့လားဗျ ”
“အေးကွယ် မင်းနွားတွေကို ဟောဟိုက မြက်နုလေးတွေနားလွတ်ထားပြီး မောင်ရင်ဒီကိုခဏလာပါအုံး”
“ဟုတ်ကဲ့ ခင်ဗျ”
နွားကျောင်းလာသော ထိုလူလည်းဖိုးသူတော်ကြီးက ဖိတ်ခေါ်သဖြင့် ဇရပ်ပေါ်ကိုတက်လာလေသည်။
ကဲ ထိုင်ကွာ မင်းမောလာတယ်မလား ရော့ ဒီထဲကရေကိုသောက်ကြည့် မင်းအတွတ်ထူးခြားစေရမယ် မောင်ဖိုးအေး”
“ဟာ ဖိုးသူတော်ကြီးက ကျုပ်နံမည်ကိုတောင်သိနေပါလား အံ့ဩစရာပဲ”
“နံမည်လေး သိရုံနဲ့ အံ့ဩစရာမဟုတ်ပါဘူးကွာ ဒါတွေက ကိုယ့်စိတ်ကိုလေ့ကျင့်ယူရင် ဖြစ်နိုင်တဲ့အရာတွေပါ ”
နွားကျောင်းသားဖိုးအေးလည်း ဖိုးသူတော်ကြီကမ်းပေးသောဗူးသီးခြောက်ကိုလှမ်းယူ၍ တငုံနှစ်ငုံမျှသောက်လိုက်သောအခါ သူ၏ခန္ဓာကိုယ်တွင်ထွက်နေသော ချွေးများသည် တဖြည်းဖြည်းတိတ်သွားကာ အေးမြသော လန်းဆတ်မှု့့ရှိလာသလို အမျိုးအမ
ည်မသိသောခွန်အားတမျိုးသည်သူ၏ခန္ဓာကိုယ်၌ဖြစ်ပေါ်လာသည်ဟုခံစားလိုက်ရသည်။သည့်နောက်ဖိုးသူတော်ကြီးက ဖိုးအေးအားကြည့်၍ ကြို့ပင်ရွာတွင် လတ်တလောဖြစ်ပေါ်နေသည့်အကြောင်းအရာများနှင့်ပက်သက်၍ မေးမြန်းသောအခါတွင်ဖိုးအေးလည်း သူတို့ရွာနှင့်ပက်သက်သည့်အကြောင်းအရာများကို တလုံးမကျန်ပြောပြလိုက်လေတော့သည်။
“အဲ့ဒါပဲ ဖိုးသူတော်ကြီး ရွာမှာကိုယ်ဝန်သည်အေးပုံသေပြီးတည်းက ခြောက်လိုက်တဲ့သရဲ ညဆိုလဲခွေးအူသံတွေကိုညံနေတာပဲ အခုလည်းမနေ့ညက ဘလေးနဲ့သာရင်တို့ကိုအဲ့ဒိသရဲမကလိုက်လို့ ရွာဦးကျောင်းထဲဝင်ပြေးမှ ဆက်မလိုက်တော့တာ… ရွာမှာဘာတွေများဖြစ်အုံးမယ်မသိပါဘူးဗျာ”
“အင်း ရွာမှာက ရွာဦးကျောင်းရှိလို့တာ တော်သေးတယ်ပြောရမယ်”
“ဖိုးသူတော်ကြီး ဘာကိုဆိုလိုတာလဲ?”
“ကဲ ဖိုးအေး ခုအချိန်မှာ ငါမင်းကိုအများကြီး ရှင်းပြလို့မရသေးဘူး လောလောဆယ်ငါရွာဦးကျောင်း ဆရာတော်နဲ့တွေ့မှဖြစ်မယ် အဲ့တော့မင်းနွားတွေလှန်ထားတာပြန်သိမ်းပြီးငါနဲ့ရွာထဲပြန်လိုက်ခဲ့”
“ဟုတ်ကဲ့ ဖိုးသူတော်ကြီး အာ့ဆိုခဏစောင့်”
ဖိုးအေးလည်း နွားများကိုပြန်သိမ်းပြီး ဖိုးသူတော်ကြီးနှင့်အတူ ရွာအတွင်းကို ပြန်ဝင်လာခဲ့သည်။
💀💀💀💀💀💀💀😈😈💀💀💀💀💀💀💀
“ဘာ ဘာပြောတယ်ကွ”
“ဟုတ်တယ် ဘဦး အခုရွာထဲမှာ မင်းမိန်းမနဲ့ပက်သက်တဲ့အကြောင်းတွေက မကြားချင်မှအဆုံးပဲ ပြီးတော့သူတို့ပြောနေကြတာရှိသေးတယ် ထန်းတက်သမားမှုံကြီးသေရတာလဲ မင်းမိန်းမရဲ့ ဝိညဉ်ကရွာကတဦးတယောက်ကိုလိုက်လို့ သေရတာတဲ့”
“အဓိပ္ပါယ်မရှိလိုက်တာကွာ မှုံကြီးသူ့ဟာသူ မှုးမူးရှုးရှုးထန်းရေသောက်ပြီးတက်လို့ လိမ့်ကျသေတာလေ သေသွားတဲ့ငါ့မိန်းမအေးပုံနဲ့ဘာဆိုင်လို့လဲ?”
“အဲ့ဒါတော့မသိဘူး ရွာထဲကလူတွေကတော့ အဲ့အတိုင်းပြောနေကြတာပဲ”
“ဒါသေသွားတဲ့ ငါ့မိန်းမကို သက်သက် အပြစ်ပုံချနေတာ တောက် ဘဦးအကြောင်းသိကြသေးတာပေါ့”
ဘဦးတယောက် ဝင်းရွှေတို့ညီအကို၏ပြောစကားကြောင့် ရှုးရှုးရှဲရှဲဖြစ်သွားကာကောက်လှိုင်းစည်းများကို လှည်းပေါ်အမြန်တင်၍ ရွာတွင်းကိုဒုန်းစိုင်းမောင်းသွားလေသည်။အိမ်ရောက်သည်နှင့်လှည်းမှနွားနှစ်ကောင်ကိုဖြုတ်၍ တင်းကုပ်အတွင်းထားပြီးသည်နှင့် သူ့မိန်းမနှင့်ပက်သက်သောအကြောင်းများကို သွားပုပ်လေလွင့်ပြောနေကြသော လူများကိုစာရင်းရှင်းရန် ရွာတွင်းကို ထွက်လာခဲ့သည်။
ရွာသူပျိုမေညုိုမြတို့စုစုရှိနေသောနေရာကို ဘဦးလှမ်းတွေ့သွားပြီး ဒီလိုနေရာမျိုးမှာသူ့မိန်းမအကြောင်းပြောတတ်သည်ကိုတွေးမိသည်နှင့် ရွာလယ်မန်းကျည်းပင်ရိပ်အောက်ကိုလျောက်သွားလေသည်။
ဘဦးသူတို့ဆီလာနေသည်ကို ပန်းအိကတွေ့သွားပြီး..
“ဟဲ့ ညိုမြတို့နင်တို့ပြောနေတာကိုခဏရပ်အုံး ဟိုမှာကိုဘဦးကြီးငါတို့ဆီ လာနေတယ်”
“အိုအေ. သူဟာသူ လာလာပေါ့ ငါတို့ပြောနေတာက အမှန်ဖြစ်နေတာပဲလေ ”
ဘဦးလည်း ညိုမြတို့အနားကိုရောက်သည်နှင့်..
“ဒီမှာ ညိုမြတို့ ပန်းအိတို့ နင်တို့ ငါ့မိန်းမအကြောင်းပြောနေကြတာလား?”
“အော် ကိုဘဦးရယ် ကျွန်မတို့မပြောလည်း ဒီကိစ္စကတရွာလုံးအုတ်အော်သောင်းနင်းဖြစ်နေတာပဲလေ”
“အေး နင်တို့အဲ့လိုအခြေအမြစ်မရှိတာတွေပြောနေရအောင် တော်တော်အားနေကြလား?”
“ကိုဘဦး ဒီရွာမှာရှိနေတဲ့လူတွေအကုန်လုံးက ကိုယ့်အလုပ်ကိုယ်လုပ်ချင်တဲ့လူတွေချည်းပဲ အခုဟာကရှင့်မိန်းမအေးပုံကြောင့်ဘယ်သူမှတောင် အလုပ်ကိုဖြောင့်ဖြောင့်မလုပ်ရဲကြတော့ဘူး နောက်ပြီးရွာမှာဖြစ်နေတာတွေကရှင်လဲ တွေ့နေကြားနေရတာပဲလေ”
“သွားစမ်းပါဟာ နင်တို့အဲ့လိုပြောနေရအောင် နင်တို့မှာသက်သေရှိလို့လား”
“သက်သေရှိရင်ရော မောင်ရင်ယုံမှာလား?”
ဘဦးအသံလာရာကိုကြည့်လိုက်တော့ ဝဝဖိုင့်ဖိုင့် ဖိုးသူတော်ကြီးတဦးသူတို့ဆီ လာနေသည်ကိုတွေ့လိုက်ရသည်။
“ဘယ်က ဖိုးသူတော်လဲ?”
“အခု မင်းတို့ရွာမှာကျရောက်နေတဲ့ မကောင်းဆိုးဝါးတွေကိုရှင်းဖို့ရောက်လာတဲ့ဖိုးသူတော်လို့သိထားပါ”
“လာပြန်ပြီနောက်တယောက် ခင်ဗျားတို့ ဒိထက်မက ကျုပ်မိန်းမရဲ့အကြောင်းကိုသိက္ခာချနေကြမယ်ဆိုရင် ရှေ့လျောက်ကျုပ်အဆိုးမဆိုနဲ့နော် ဒါပဲကျုပ်ပြောမယ်”
ဘဦးလည်းတရွာလုံးနှင့်တယောက်ဆိုသလိုဖြစ်သွားကာ ဘယ်သူ့ပြောစကားမှအယုံအကြည်မရှိပဲ နေရာမှချာကနဲလှည့်ထွက်သွားလေသည်။ဖိုးသူတော်ကြီးလည်းဘဦး၏ကျောပြင်အားကြည့်၍ လက်တွေ့မှယုံကြည်ချင်သူတွေသည်သူတို့ကိုယ်တိုင်တွေ့ကြုံရသောအခါမှပင်လက်ခံတတ်လာနိုင်သည့်သဘောကိုကြိုတင်သိထားသည့်အတွတ် မည်သို့မျှပြန်လည်မပြောတော့ပဲ နှုတ်ဆိတ်၍သာနေလိုက်လေတော့သည်။
💀💀💀💀💀💀💀😈💀💀💀💀💀💀💀💀
ည. ကြို့ပင်ရွာ၏ ညလက်တံကား နေ့ပူလို့ညချမ်းတပေါင်းလသရမ်းဟူသောစာဆိုအတိုင်းပင် အရိုးကွဲမတတ်အေးလှသောတပေါင်းလ၏ မဲနက်အေးစက်နေသော ညဝတ်ရုံလွှာအောက်၌ အထီးထည်းအိပ်မောကျနေပြီ။ကောင်းကင်ယံ၌ တခြမ်းပဲ့လကွေးလေး၏အလင်းရောင်နှင့် ဝန်းကျင်တခိုကိုတော့ဖြင့်ခပ်ဝါးဝါးရေးရေးလေးမြင်နိုင်ပေသည်။
ဘဦး၏တဲအနီး၌ကား စိန်ပန်းညိုပင်ကြီးတွေ၏ မဲနက်ရှည်လျား၍ တွဲလောင်းကျနေသော နွယ်နှာမောင်းတို့ကား လေတိုက်လိုက်တိုင်း တအီအီအသံပြုလျက် ယိမ်းထိုးလှုပ်ရှားနေကြလေသည်။ထိုအခိုက်နွားတင်းကုပ်ဘက်ဆီမှ ဘဦး၏နွားနှစ်ကောင်သည် တစုံတခုကိုတွေ့သည့်အလား တဘူးဘူးနှာမှုတ်လျက် မြေပြင်ကိုခွာနှင့် တဗျင်းဗျင်းယက်နေလေသည်။
ဘဦးလည်း နွားတင်းကုပ်ဘက်ဆီမှ အသံများကြောင့် သူ၏နွားများဆီမြွေပါးကင်းပါးများဝင်ရောက်နေသလားဟူသောအတွေးနှင့် ရေနံဆီမီးအိမ်လေးကို မီးစာမြင်ှ့တင်၍ အဆစ်ပိတ်ဝါးဒုတ်တခုကိုယူကာအိမ်ပေါ်မှဆင်းလာလေသည်။
နွားတင်းကုပ်အနီးကိုရောက်သောအခါ အတွင်း၌ ဆံပင်ဖားလျားချထားသောမိန်းမတယောက်၏ အရိပ်ကို ဝိုးတဝါး လရောင်အောက်၌တွေ့လိုက်ရပြီး ထိုအမျိုးသမီးဆီက ဝမ်းနည်းစွာငိုနေသောရှိုက်သံ တစွန်းတစကိုကြားလိုက်ရသည်။
ဘဦးလည်း ဒီအချိန်ကြီးဘယ်က အမျိုးသမီးများ သူ၏အိမ်ခြံဝိုင်းထဲရှိနွားတင်းကုပ်အတွင်း လာငိုနေပါလိမ့်ဟုသိချင်စိတ်ဖြင့်ထိုမိန်းမအားလှမ်းမေးလိုက်၏။
“ဟေ့ ဒီမှာ ဘယ်သူလဲ ”
“အီး အစ် အစ် ဟင့် ဟင့် ”
“ဒီမှာ မေးနေတယ်လေ အဲ့ဒိမှာဘာလို့ လာငိုနေတာလဲလို့”
“အီး အစ် အစ် ဟင့် ကိုဘဦးရှင်ကျွန်မကိုတောင်မမှတ်မိတော့ဘူးလား အီး ဟီးးးး ဟီးးးး”
“ဟင် မင်း မင်း အေးပုံ အေးပုံမလား?”
ဘဦးကိုကျောပေး၍အမှောင်ရိပ်ထဲတွင် ငိုနေသော မိန်းမသည် ခန္ဓာကိုယ်ကြီးကလှည့်မလာပဲ လည်ပင်းကြီးသာဆုံလည်ကုလားထိုင်ကဲ့သို့ သူ့ရှေ့ကိုလှည့်လာသည့်အခါတွင် မျက်နှာကြီးကား မသတီချင်စရာကောင်းလောက်အောင် လောက်များတဖွားဖွားကျလျက် ပါးစပ်အတွင်းမှလျာသည်သူမ၏မျက်နှာဆီကိုယက်၍ထိုလောက်များကိုစားနေပြီး အပုပ်ရည်များတတောက်တောက်ကျနေသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ရသော ဘဦးတယောက်နှလုံးသွေးများရပ်မတန့်ဖြစ်သွားကာပျို့အန်ချင်စိတ်များပင်ဖြစ်နေမိတော့သည်။
သူနှင့်အိမ်ထောင်ကျခါစက ရွာ၏ကွမ်းတောင်ကိုင်ဖြစ်ခဲ့သောအေးပုံသည် အခုပြိတ္တာဘဝကိုရောက်ခါမှ ရုပ်ပျက်ဆင်းပျက်ဖြစ်သည့်အဖြစ်ကြောင့် ဘဦးစိတ်မကောင်းလဲဖြစ်ရလေသည်။
ထိုအချိန်မှာပဲ အေးပုံသရဲမ၏ မနှစ်မြို့စရာအသွင်အပြင်သည်ရုတ်တရက်ပျောက်သွားကာ သူမိန်းမအေးပုံ၏ အချိုးအဆစ်ကျလှ၍ စွဲမက်ဖွယ်ကောင်းသော အသွင်အပြင်ကိုဘဦး၏ မျက်လုံးထဲ၌ ထင်ထင်ရှားရှားတွေ့နေရသည်။အေးပုံသည်ဝိုးတဝါးလရောင်အောက်၌ အလှကြီးလှနေကာ သူမထံကို ဘဦးအားလာရန် လက်ကိုဆန့်တန်း၍ ခေါ်ငင်နေသောကြောင့် ဘဦး၏အသိစိတ်တို့လည်းမိန်းမောတွေဝေသွားကာ ရေနံဆီမီးအိမ်နှင့် ဝါးဆစ်ဒုတ်အားလွှတ်ချ၍ အေးပုံဆီကိုတပ်မက်သောစိတ်တို့နှင့် လှမ်းသွားလေတော့သည်။
အနီးကိုရောက်လေ အေးပုံသည်အပျိုစင်လေးတဦးကဲ့သို့ လရောင်အောက်၌ဆွဲဆောင်အားကောင်းလွန်းနေသည်ကို ဘဦးမျက်တောင်မခတ်တမ်း မိန်းမောငေးကြည့်ကာ အေးပုံ၏ရင်ခွင်အတွင်းကိုရောက်ရန် လက်တကမ်းအလိုလောက်တွင် သူတို့နှစ်ဦး၏အလယ်၌စူးရှ လင်းလက်သောအလင်းတန်းကြီးဖြစ်ပေါ်လာပြီး အေးပုံ၏ဝိညဉ်လည်းကြောက်လန့်စွာအော်၍ လွင့်ထွက်သွားကာ ဘဦးလည်းနေရာတွင်ပင်မူးမေ့လဲကျသွားတော့လေသည်။
💀💀💀💀💀💀💀😈😈💀💀💀💀💀💀💀
ရွာဦးကျောင်းပေါ်တွင်တော့ ဆရာတော်ကကုလားထိုင်ထက်တွင်ထိုင်နေပြီး ရွာတွင်အသက်အရွယ်အကြီးဆုံးဖြစ်သောဘဒွေးက မနီးမဝေးရှိသင့်လျော်ရာနေရာတွင် ဆရာတော်မိန့်ကြားမည့်စကားများကိုငံ့လင့်နေသည်။ထိုအချိန်မှာပင်ဖိုးသူတော်ကြီးက ကျောင်း၏အတွင်းခန်းအတွင်းမှထွက်လာပြီး ဆရာတော်နှင့်ဘဒွေးတို့ဆီကို ချဉ်းကပ်လာသည့်အချိန်မှာပဲ ဆရာတော်ကမိန့်လိုက်လေသည်။
“ဖိုးသူတော်ကြီး ဒကာဘဦးအခြေအနေ ဘယ်လိုရှိလဲ စိုးရိမ်ရလား?”
“တင်ပါ့ဘုရား မစိုးရိမ်ရပါဘူးဘုရား တပည့်တော်ရဲ့ရွှေရောင်စက်ဝန်းအစွမ်းကြောင့် ခဏမူးမေ့လဲသွားတာပါ မကြာခင်သတိပြန်ရလာပါလိမ့်မယ်”
ဒီအခါမှာ ဘဒွေးက ဖိုးသူတော်ကြီးအားကြည့်၍…
“ဒါဖြင့်ရင် မနေ့ညက ဘဦးသရဲခြောက်ခံရတဲ့အချိန်မှာ ဖိုးသူတော်ကြီးရှိနေတာလား?”
“ဟုတ်တယ် ဘဒွေး ဒီတခါအေးပုံ ခေါ်မဲ့လူဟာ သူ့ယောက်ကျား ဘဦးဖြစ်နေတယ်ဆိုတာ ကျုပ်အာရုံထဲပေါ်လာလို့ ညဦးတည်းက ဘဦးတို့ခြံနားမှာသွားစောင့်နေတာ ထင်တဲ့အတိုင်းပဲ သန်းခေါင်ချိန်မှာအေးပုံဝိညဉ်ရောက်လာပြီး ဘဦးကိုအမျိုးမျိုးလှည့်စားပြီး ခေါ်မယ်လုပ်နေလို့ ကျုပ်ဝင်ဟန့်တားလိုက်တာပဲ”
ဖိုးသူတော်နှင့်ဘဒွေးတို့အပြန်အလှန်ပြောနေမှု့ကို ဆရာတော်ကခေါင်းတညိမ့်ညိမ့်ဖြင့်နားထောင်နေပြီး အရေးကြီးသောစကားတခွန်းကိုမိန့်လိုက်လေသည်။
“အိမ်း ဒီမြေဖုတ်ဘီလူး ပြိတ္တာတစ္ဆေသရဲတို့ဆိုတာ ဒို့ဘုရားရှင်လက်ထက်တော်တည်းက ဝေသာလီပြည်မှာအထင်အရှားရှိခဲ့တာ ဒါကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရှင်အာနဒ္ဒါကို ရတနသုတ်ပရိတ်တော်ကိုညဉ့်သုံးယံပတ်လုံး ရွတ်ဖတ်စေခဲ့လို့ ဝေသာလီပြည်သူပြည်သားတွေဟာ ဒီမကောင်းဆိုးဝါးအနှောင့်အယှက်တွေက ကင်းဝေးကြပြီး ချမ်းသာရာရကြတယ် ဒကာတို့”
“တင်ပါ့ဆရာတော်ဘုရား အဲ့ဒါကြောင့် ခုတပည့်တော်တို့ရွာမှာဖြစ်နေတဲ့ အရေးတွေကိုဘယ်လိုဆက်လုပ်ရမလဲ မိန့်ပါအုံးဘုရား”
“အင်း ဒီကိစ္စကတော့ တရွာလုံးအရေးဆိုတော့ ဒကာဘဒွေးကပဲ ဦးဆောင်ပြီးဆောင်ရွတ်လေကွယ်”
ဒီအခါတွင်ဖိုးသူတော်ကြီးက ဆရာတော်အားလျောက်လိုက်လေသည်။
“အရှင်ဘုရား ဦးဆောင်ပြီး ကျောင်းမှာရှိတဲ့သံဃာတော် နှစ်ပါးနဲ့အတူ ရွာတွင်းကိုပတ်ပြီး ရတနပရိတ်တော်ကိုရွတ်ဖတ်ရင်ပိုပြီးထိရောက်ပါတယ်ဘုရား”
“အိမ်း ပရိတ်ရွတ်တာက ရတယ် သူတော် ဒါပေမဲ့လူတွေရဲ့ဆန္ဒကရှိသေးတယ်”
“မှန်ပါ့ အဲ့ဒိအတွတ်တော့ တပည့်တော်
တာဝန်ထားပါဘုရား ”
ရွာလူကြီးဘဒွေးက ဝင်ပြောလိုက်
သည့်နောက်မှာတော့ ဆရာတော်ကြီးက ဘဒွေးနှင့်ဖိုးသူတော်ကြီးတို့အား ဆက်လက်လုပ်ရမည့် အစီအစဉ်များကို အသေးစိတ်မိန့်မှာ လိုက်တော့လေသည်။
💀💀💀💀💀😸😸💀💀💀💀💀💀💀💀💀
ဘဦးလည်းကောင်းစွာသတိရလာသောအခါတွင် အနား၌ဖိုးသူတော်ကြီးကို ဦးစွာတွေ့လိုက်ရလေသည်။
“အင်း ကျွတ် ကျွတ် ”
“မောင်ဘဦး သတိရပြီလား? “
“ကျုပ် ကျပ် ဘာဖြစ်သွားတာလဲ ဖိုးသူတော်ကြီး အခုရောဘယ်ရောက်နေတာလဲ?”
“ဒကာ ဘုန်းကြီးရဲ့ကျောင်းကိုရောက်နေတာ အခုရော ကောင်းကောင်းသတိရပြီလား ဒကာဘဦး”
အသံလာရာကိုကြည့်လိုက်သော အခါတွင်ရွာဦးကျောင်းဆရာတော်ကြီးသည် တည်ငြိမ်ရင့်ကျက်သော အိဒြေတို့နှင့် ဘဦးတို့ရှိရာကိုကြွလာလေသည်။ဘဦးနှင့်ဖိုးသူတော်ကြီးလည်း အရိုအသေပြု၍ကြမ်းပြင်၌ ဝပ်တွားနေကြလေသည်။
“ဒကာဘဦး ညကကြုံခဲ့ရတာတွေကိုသတိရရဲ့လား?”
ဆရာတော်ကြီးကမိန့်သဖြင့် ဘဦးကသူမနေ့ညကကြုံခဲ့ရသောအကြောင်းများကို မျက်လုံးအိမ်တွင်း၌ ရုပ်ရှင်အနှေးပြကွက်များပြသလိုကိုထင်ထင်ရှားရှားပြန်မြင်လာလေသည်။ ဒါဆိုရင်ဒီကြို့ပင်တရွာလုံးကပြောနေသလိုပင် သူ့ဇနီးအေးပုံသည် ပြိတ္တာဘဝကိုရောက်နေပြီး ရွာကိုနှောင့်ယှက်နေသည်မှာ မှန်ပေတော့သည်။အေးပုံတယောက် ဒီရွာနှင့်ပက်သက်၍ ဘာကိုမကျေမနပ်ဖြစ်ကာ အခုလိုမျိုးနှောင့်ယှက်နေသည်ဆိုတာကိုတော့သူ့အနေနှင့် လုံးဝကိုနားမလည်နိုင်တော့ပေ။
ဖိုးသူတော်ကြီးကဘဦးတွေးနေသည်ကိုသိသွားပြီး အခုလိုပင်ပြောလိုက်လေသည်။
“မင်း ဇနီးက ဘာကိုမှမကျေမနပ်ဖြစ်နေတာ မဟုတ်ဘူး သူ့ရဲ့အစွမ်းနဲ့ ရွာမှာကံနိမ့်တဲ့လူတွေကို တစ္ဆေသရဲဘဝကိုခေါ်ဖို့ကြိုးစားနေတာ ဒီတိုင်းသာဖြစ်နေမယ်ဆို ကြာရင်ရွာပျက်သွားနိုင်တယ် ဘဦး”
“ဒါ ဒါ ဒါဆိုရင်ညတုန်းက ကျုပ်ကိုခေါ်တာလား ဖိုးသူတော်ကြီး”
“အမှန်ပဲ”
ဘဦးဖိုးသူတော်ကြီးဆီကကြားလိုက်ရတဲ့စကားများကြောင့် အလွန်ထိတ်လန့်မိတော့သည်။ဒီလိုဆိုရင်ဖြင့်သူ့ဇနီးအေးပုံသည် ကြောက်စရာကောင်းလှသော သရဲတဘက်အကြီးစားကြီးတကောင်ပင် ဖြစ်နေလေတော့သည်။
💀💀💀💀💀💀💀😈😈💀💀💀💀💀💀💀
နေဝင်ပြီဆိုတာနှင့် ရွာမှာရှိနေသောအိမ်များအားလုံးသည် ရွာဦးကျောင်းဆရာတော်ကြီး ချီးမြှင့်ထားသောပရိတ်ကြိုးများကို အိမ်၏ပတ်လည်၌ချည်နှောင်ထားလိုက်ကြပြီးအိမ်တံခါးများကိုပိတ်ထားလိုက်ကြတော့သည်။
ရွာဦးကျောင်းဆရာတော်ကြီး ဦးဆောင်းပြီးသံဃာတော်နှစ်ပါးတို့သည် ညဦးပိုင်းထဲမှစ၍ ရတနသုတ်ပရိတ်တော်ကို ရွာတွင်း၌ တညလုံးနီးပါးရွတ်ဖတ်သရဇယ်ကြတော့သည်။
ဖိုးသူတော်ကြီးအပါအဝင်ဘဒွေးဦးဆောင်သော ရွာကာလသား၅ယောက်တို့သည်လည်း သံဃာတော်တို့၏နောက်မှ လိုက်ပါလာကြလေသည်။ရတနသုတ်ပရိတ်တော်တပိုဒ်ဆုံးသည်နှင့်
ဖိုးသူတော်ကြီးက သူ၏ရွှေကြေးစည်လေးကိုတနောင်နောင်တီးခတ်နေလေသည်။
ထိုအချိန်မှာပင် ရွာတွင်း၌ လေပြင်းများရုတ်တရက်ကျရောက်လာပြီးတစ္ဆေ၊သရဲ၊မြေဖုတ်ဘီလူးများသည်ပုန်းအောင်း၍မနေဝံ့ကြတော့ပဲအပြင်ကိုထွက်လာကြလေသည်။ခွေးများကလည်း မကောင်းဆိုးဝါးများကိုတွေ့သည့်အတွတ်သည်းထန်စွာအူနေကြတော့သည်။ကြို့ပင်ရွာလေး၏ညသည်ကားနာနာဘာဝတို့၏အော်ညည်းသံများနှင့်ခွေးအူသံတို့ဖြင့်ငရဲပွတ်သည့်အလားဆူညံနေတော့သည်။ဒီလိုအသံများကြားနေရပေမဲ့ သံဃာတော်တို့သည် ပရိတ်ရွတ်ဖတ်ခြင်းကိုရပ်တန့်သွားခြင်းမရှိပဲဆက်လက်ရွတ်ဖတ်မြဲ ရွတ်ဖတ်နေကြလေသည်။
“ပဏိဓာနတော ပဌာယ……ဒသ ပါရမိယော….
ဒသ ဥပပါရမိယော….ဒသ ပရမတ္တပါရမိယောတိ….
သမတိ သ ပါရမိယော…..”
“နောင်..ဝေ ဝေ နောင်..ဝေ.ဝေ”
“အူ..ဝူး..ဝူး..အု..အု”
“အား..ကြောက်ပါပြီ ဒီရွာမှာမနေတော့ပါဘူး ပရိတ်တွေမရွတ်ပါနဲ့တော့ ကြေးစည်လည်းမတီးပါနဲ့တော့ အီး အစ် အစ် ဟီး ဟီး ဟီး အား ပူ..လိုက်.. တာ”
ကြို့ပင်ရွာလေးအတွင်း၌ ခွေးအူသံများနှင့် မကောင်းဆိုးဝါးတို့၏ အသည်းပျက်စရာ အော်ညည်းသံကြီးများကို အိမ်များအတွင်း၌ရှိနေကြသောလူအားလုံးကြားလိုက်ကြရလေသည်။
ထိုအချိန်မှာပင် ကောင်းကင်ဆီမှ မိုးခြိမ်းသံကြီးများကို ထစ်ချုန်းစွာကြားလိုက်ကြရပြီး အလွန်သည်းထန်သောမိုးကြီးသည် ကြို့ပင်ရွာလေးပေါ်သို့သည်းထန်စွာရွာချလိုက်လေတော့သည်။
အိမ်များအတွင်း၌ရှိနေကြသော လူများသည်လည်း ထရံပေါက်များကြားမှ ရွာလယ်လမ်းမထက်ဆီကိုခြောင်းကြည့်နေကြစဉ်တွင် ရွာတွင်း၌ မဲမဲအရိပ်သဏ္ဏန်များသည်သဲသဲလှုပ်မျှရွာသွန်းနေသောမိုးရေစက်များကြား၌မီးတောက်မီးလျံများတောက်လောင်လျက် ရွာအပြင်ဖက်ဆီကို သွေးပျက်စရာ အော်သံကြီးများနှင့် ထွက်ပြေးသွားကြပေမဲ့ တချို့သော
အရိပ်များသည်အိမ်များဆီကိုပြေးကပ်လာကြသော်လည်း အိမ်များအနီး၌ အရောင်အဝါလင်းလက်လျက်ရှိသောအိမ်စောင့်နတ်များက မောင်းထုတ်လိုက်သည်နှင့် ရွာအတွင်း၌ မကောင်းဆိုးဝါးများ တကောင်တမြီးမျှမနေရဲကြတော့ပဲ ရွာအပြင် သချိင်းထဲကို အကုန်ပြေးဝင်သွားကြလေတော့သည်။
မကြာမီပင် ကြို့ပင်ရွာလေးအတွင်း၌ အနိဌာရုံအသံများကွယ်ပျောက်သွားပြီး သံဃာတော်တို့၏ပရိတ်ရွတ်သံများနှင့်ဖိုးသူတော်ကြီး၏ ကြေးစည်သံဟူသောက္ကဌာရုံအသံများသာလွှမ်းမိုး၍နေပေတော့သည်။
💀💀💀💀💀💀💀💀😈😈💀💀💀💀💀💀
“အောက်..အီ..အီ…အွတ်”
အရုဏ်ဦး၏ရှေ့ပြေးရောင်နီဖျော့ဖျော့များသည် ကြို့ပင်ရွာလေးပေါ်သို့ မှုန်ဝါးဝါးကျရောက်နေပေသည်။မကြာမီနေ၏အလင်းစက်တို့၏ပွေ့ဖက်မှု့့ကို ရရှိပေတော့မည်။
အခုဆိုရင်တော့ဖြင့် အေးမြလန်းဆန်းနေသောလေပြေလေညင်းလေးများသည်လည်း တသုန်သုန်တိုက်ခတ်လျက်ရှိပေတော့သည်။မုန်တိုင်းပြီးကလေပြေလာသည်ဆိုသကဲ့သို့ ကြို့ပင်ရွာလေး၏ ခြောက်ခြားစရာ နေ့ရက်တို့သည်အဆုံးသတ်၍ သွားပေတော့သည်။
အလင်းရောင်ကောင်းစွာရရှိသည်နှင့် ဖိုးသူတော်ကြီးသည်သူ၏ ပြည့်ဖောင်းနေသောလွယ်အိတ်ကြီးကိုလွယ်လျက် ရွာဦးကျောင်းပေါ်မှ ဆင်းလာကာ ရွာလယ်လမ်းအတိုင်းလျောက်လာနေသည်။
ဘဦးအပါအဝင် ရွာကလသား အချို့သည်လှည်းပေါ်၌ ခြံထွက် သီးနှံများကို နွားလှည်းပေါ်တင်လျက် ဖိုးသူတော်ကြီးထွက်သွားရာ ရွာလယ်လမ်းမကြီးသို့ဒုန်းစိူင်းမောင်းနှင်လာကြသည်။ရှေ့တူရှုကိုကာလသားတဦးကလက်ညိုးညွန်၍ ဘဦးကိုပြောလိုက်သည်။
“ဟာ ကိုရင်ဘဦး ဟိုရှေ့မှာ ဖိုးသူတော်ကြီး”
“ဖိုးသူတော်ကြီး ဖိုးသူတော်ကြီး ခဏနေပါအုံးဗျို့”
ဦးသူတော်လည်းနောက်မှ လှမ်းခေါ်နေသောကြောင့် လှည့်ကြည့်သည့်အခါ ဘဦးတို့လူစုသူ့ဆီလာနေသဖြင့်ရပ်စောင့်နေလိုက်သည်။
အနီးကိုရောက်လာသည်နှင့် ဘဦးက လှည်းပေါ်မှဆင်း၍ ဖိုးသူတော်ကြီး၏လက်ကိုဆွဲ၍ နှုတ်ဆက်လိုက်လေသည်။
“ဦးသူတော် ရွာကနေပြန်တော့မလို့လား ကျုပ်တို့ရွာမှာပျော်သလောက်နေပါအုံးလား”
“ကိစ္စတွေကအားလုံးပြီးပြီလေ မောင်ဘဦးရဲ့ ကျုပ်မှာဒိပြင်တနေရာမှာ အခက်အခဲဖြစ်နေရင် ကူညီရမဲ့ဝတ္တရားရှိသေးတယ် ”
“ဖိုးသူတော်ကြီးကိုကျုပ် မယုံမကြည်နဲ့ လေသံမာမာပြောခဲ့တာကိုတောက်းပန်ပါတယ် ကျုပ်ကိုခွင့်လွှတ်ပါဗျာ”
“ကျုပ်နားလည်ပါတယ် ဘဦးဒီရွာမှာရှိနေတဲ့လူတွေအကုန်လုံးဘေးကင်းပြီဆို ကျုပ်ကျေနပ်ပါပြီ”
“တော်သေးတာပေါ့ ဆရာတော်နဲ့ဦးသူတော်သာမကယ်ရင် ကျုပ်တို့တရွာလုံး ဒီမကောင်းဆိုးဝါးတွေရဲ့ရန်က ဘယ်လောက်များ ဒုက္ခတွေရောက်လိုက်မလဲဗျာအခုဆိုရင် ကျုပ်တို့ရွာကလူတွေဟာ မိစ္ဆာတွေရဲ့ခေါ်ယူခြင်းကိုခံရမဲ့ဘေးကနေကင်းဝေးခဲ့ရတော့ ကျုပ်ဝမ်းသာမိတယ်”
“စိတ်ချပါ မောင်ဘဦးတို့ရွာမှာ ဘယ်လိုအန္တရာယ်မှမရှိတော့ပါဘူး ”
“အဲ့ဒိအတွတ် ဖိုးသူတော်ကြီးကို ကျေးဇူးတင်ပါတယ် ေဩာ် ဒါနဲ့ ဒီမှာဖိုးသူတော်ကြီးကို လက်ဆောင်ပေးပါရစေ”
ဘဦးကနွားလှည်းပေါ်က သစ်သီးများကို ချ၍ဖိုးသူတော်ကြီးကိုပေးလိုက်သောအခါ သယ်ရခက်သောဌက်ပျောခိုင်များ၊သစ်သီးခြင်းများကို မယူတော့ပဲ ပန်းသီးလေးလေးငါးလုံးနှင့် ဩဇာသီး သုံးလေးလုံးသာယူ၍ သူ၏ဖောင်းအိနေသောလွယ်အိတ်ကြီးတွင်းကို ထည့်၍ အားလုံးကိုနှုတ်ဆတ်ကာ ရွာတွင်းမှ တဖြည်းဖြည်းထွက်ခွာသွားပေတော့သည်။
ဘဦးတို့လည်းတရွေ့ရွေ့ဝေးကွာသွားသောဖိုးသူတော်ကြီးအားကြည့်၍ မည်သည့်ပိုင်ဆိုင်မှု့မှမရှိ အများဒုက္ခရောက်နေသောအခါ အမြဲတမ်းကူညီဖို့ အသင့်ရှိနေတတ်သော ဖိုးသူတော်ကြီးကိုကြည့်၍ လေးစားအားကျမိတော့လေသည်။
အခုဆိုရင်ဖြင့် ကြို့ပင်ရွာလေးတွင် ငွေကြေးချမ်းသာသောဘဒွေးက ကမကထပြု၍ သက်ဆိုင်ရာ၏အကူအညီကိုယူကာရွာရှိလူများ၏ကျန်းမာရေးအတွတ် ကျေးလက်ဆေးပေးခန်းလေးတခုကိုဖွင့်လှစ်နိုင်ခဲ့သလို ကလေးတွေပညာရေးအတွတ်လည်း စာသင်ကျောင်းလေးတဆောင်ကို ဆောက်လုပ်နိုင်ခဲ့ပေပြီ။
အရှေ့ဆီမှ နေလုံးကြီးသည် လယ်ကွင်းပြင်များအောက်မှခေါင်းပြုထွက်လာကာ အထက်အဇဠာသို့တရိပ်ရိပ်တက်လာနေသကဲ့သို့ ကြို့ပင်ရွာလေး၏အနာဂတ် နေ့ရက်များတို့သည်လည်း ဤနေမင်းကြီးကဲ့သို့ပင် လှပသောနေ့သစ်ပေါင်းများစွာကို ဖန်တီးပေးစွမ်းနိုင်တော့မည်ဆိုသည်ကို ရွာသူ/ရွာသားအားလုံးကယုံကြည်နေမိတော့သည်။
လမ်းပန်းဆက်သွယ်ရေးအနေနှင့်လည်း ရွှေဘိုမြို့ကြီးနှင့်တိုက်ရိုက်ဆက်သွယ်ထားသော ကွန်ကရစ် လမ်းမရှည်ကြီးကိုဖောက်လုပ်နိုင်ခဲ့သဖြင့် တောင်ယာဦးကြီးများတို့၏ ခြံထွက်သီးနှံများကို တင်ဆောင်ထားသော ထော်လာဂျီလေးများသည်လည်းထိုလမ်းမကြီးထက်ဆီ၌ ဥဒဟိုသွားလာ၍နေပေတော့သည်။
ယခင်ကလရောင်ကိုသာ အမှီပြုရသော ဤရွာလေးသည်ခုချိန်မှာတော့မဂ္ဂဝပ် သုံးသောင်းကျော်မျှပေးစွမ်းနိုင်သည့် ထရန်စဖော်မာစက်သစ်ကြီးနှင့်တာဝါတိုင်ကြီးများကြောင့် ရွာလုံးကျွတ်အိမ်တိုင်းမီးလင်းနိုင်သလို ကြည့်စရာရုပ်သံလိုင်းများ၊ဓာတ်စက်သံတညံညံနှင့်ညနေ၆နာရီမပြောနှင့် ည၉နာရီ၁၀နာရီခန့်တိုင်အောင် လူသူမပြတ်ရွာနီးချုပ်စပ်များကိုသွားလာနိုင်ကြတော့သည်။
ဒီလိုကြို့ပင်ရွာလေးပြောင်းလဲနိုင်ခဲ့သည်ကား ကျွန်ုပ်တို့၏ဇာတ်လိုက်ကျော်ကြီး ဘယ်ကရောက်လာမှန်းမသိသောပစ္စည်းမဲ့လူတန်းစားဖိုးသူတော်ကြီး၏စွမ်းဆောင်ချက်များပင်ဖြစ်ပေတော့သည်။
ပြီး၏…
ဝါသနာအရရေးခြင်းမို့ အမှားအယွင်းနှင့်လိုအပ်ချက်များ ရှိခဲ့ရင်သည်းခံဖတ်ပေးပါနော်….
ရောင်နီ(ရွှေဥက္ကလာ)