လောဘနိဂုံး (ဖြစ်ရပ်မှန်)

လောဘနိဂုံး (ဖြစ်ရပ်မှန်)
—————————-
ဒီတခါတော့အိမ်ကဖြစ်ရပ်မှန်ကိုယ်တွေ့ကိုတင်ပါမယ်
လောကမှာလူအမျိူ းမျိူ းစိတ်အဖုံဖုံဖြစ်ပျက်ပြောင်းလဲနေကြတဲ့အတွက်သံဝေဂရစရာအကြောင်းတွေအပုံအပင်ရှိနေမှာပါ
သူတပါးပစ္စည်းအချောင်လိုချင်သူတွေရဲ့နောက်ဆုံးသွားရတဲ့လမ်းကမသာယာပါဘူး
လူတိုင်းစိတ်ကောင်းထားနိုင်စေရန်တင်ပြပါသည်
_________________< >______________
တခါသော်အိမ်ကကိုးကွယ်သောဆရာတော်ကြီးအိမ်ကိုကြွလာတုန်းဆရာတော်ကြီးအား
အဖေကစီးပွားရေးလုပ်ရန်ဘာလုပ်ငန်းများလုပ်ရင်ကောင်းမည်လဲဟုမေးကာလျှောက်ထားပါသည်။
ထိုအချိန်ကကိုယ်တို့မောင်နှမများအားလုံးကျောင်းတက်ကာပညာသင်နေသောအချိန်ဖြစ်ပါသည်။
ထိုအခါဆရာတော်ကြီးကိုလာဖူးသောတကာဦးသိန်းဆိုသောလူတစ်ယောက်ကဆရာတော်ကြီးအားအကြံပေးသည်။
””’အရှင်ဘုရား—-တပည့်တော်ကလဲပိုက်ဆံမရှိ၍စီးပွားရေးမလုပ်နိုင်ပါ—-ဒီမိသားစုနှင့်ပေါင်းလုပ်ချင်ပါသည်—–တပည့်တော်ကလူစိုက်ပညာစိုက်ကာ—–သူတို့ကငွေစိုက်လျှင်နှစ်ဦးနှစ်ဘက်အဆင်ပြေမည်ဖြစ်ပါတယ်ဘုရား—”””
ဒီအခါဆရာတော်ကြီးကအဖေသည်ပညာတတ်၍အစိုးရရုံးမှအရာရှိကြီးတစ်ဦးဖြစ်ကာဘာစီးပွားရေးမှနားမလည်တာသိထားသည်။
wျားလက်ဝေခံစားလုပ်ကာလုပ်ငန်းနားလည်သောဦးသိန်းဆိုသူနှင့်လုပ်ရန်ခွင့်ပြုလိုက်သည်။
ထိုဦးသိန်းဆိုသူသည်နဖူးပြောင်ပြောင်နှင့်ဝဝတုတ်တုတ်ဖြစ်ကာဖိုးဝရုပ်နှင့်တူသည်။
ယေဘူယျအားဖြင့်သဘောကောင်းသည်ဟုထင်ကြပါသည်သို့ပေမဲ့လူ့စိတ်ဆိုတာခန့်မှန်းရအခက်ဆုံးပင်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းစတင်ထူထောင်ရာတွင်အိမ်ကငွေစိုက်ကာဦးသိန်းကလူနှင့်ပညာစိုက်ကာလုပ်ကြသည်။
ဆရာတော်ကြီးကလဲလုပ်ငန်းအဆင်ပြေအောင်သူ့အစွမ်းဖြင့်အကုန်စီရင်ပေးကာ
လုပ်ငန်းအသစ်ဖွင့်ပွဲသို့သူကိုယ်တိုင်တက်ရောက်ကာချီးမြင့်ပေးပါသည်။
အလုပ်လုပ်မည့်သူများအားအရင်ဆုံးအနေဖြင့်ဆုံးမစကားဟောပါသည်။
””ကဲဒီလုပ်ငန်းကအောင်မြင်မှာပါကွာ——တခုရှိတာကဒီလုပ်ငန်းမှာတဦးနှင့်တစ်ဦးမှန်မှန်ကန်ကန်သစ္စာရှိရှိလုပ်ကြဘိုပဲလိုပါတယ်—–ဒီလုပ်ငန်းကိုအထက်ပုဂ္ဂိုလိတွေကိုအပ်ပေးထားတဲ့အတွက်—–မမှန်တဲ့သူဟာအကုသိုလ်အကျိူးးချက်ချင်းပေးမှာဖြစ်တယ်———မလိမ်မညာဘဲအမှန်အကန်လုပ်ပါ——””
ဆရာတော်ကြီးစကားကိုအဖေနဲ့အမေရောဦးသိန်းပါကတိပြု၍လုပ်ငန်းစကြလေသည်။
လုပ်ငန်းစလုပ်တော့အဖေကရုံးအလုပ်များနှင့်မအားသဖြင့်အမေကသာဦးဆောင်လုပ်ရသည်။
ကိုယ်တို့မောင်နှမများကတော့ရန်ဖန်ရန်ခါအမေ့အားကူပေမဲ့ကျောင်းတဖက်မို့သိပ်မကူအားပါ
အဖေနဲ့အမေကတော့ဆရာတော်ကြီးထူထောင်ပေးသောလုပ်ငန်းမို့အောင်မြင်မည်တွေးကာတက်ကြွနေကြသည်။
သိုပေမဲ့ထိုလုပ်ငန်းသည်အစပိုင်းလောက်သာအဆင်ပြေကာနောက်ပိုင်းတွင်အရှုံးကြီးပြလာသည်။
ခက်သည်ကဦးသိန်းကကုန်သည်များဖြင့်တွေ့ရသူဖြစ်ကာအမေကကုန်ချောထွက်ရန်ကြီးကြပ်ပေးရ၍
ဈေးကွက်စီးပွားရေးကောင်းစွာမသိသေးသောအချိန်ဖြစ်သည်အလုပ်ကကောင်းနေပါလျှက်အရှုံးပေါ်နေခြင်းကို
အမေကဘဝင်မကျပေမဲ့ရိုးသား၍သူတပါးအပေါ်အကောင်မြင်စိတ်ရှိသောအဖေကလဲသံသယမရှိပါ
တနေ့တွင်အမေ့ထံသိုလုပ်ငန်းတူလုပ်နေသောမိန်းမတစ်ယောက်ရောက်လာကာစကားစမြည်ပြောရင်း
””’အမတို့ပစ္စည်းတွေဈေးကွက်မှာအတော်နံမည်ရလာပြီနော်—–လူကြိုက်များနေပြီကုန်သည်တွေက——–သဘောကျနေကြတယ်”””
အမေကထိုမိန်းမပြောသောစကားများကြောင့်စိတ်ထဲဇဝေဇဝါဖြစ်သွားကာဦးသိန်းအားမေးမိသည်။
””ဦးသိန်းရေကျွန်မတို့ပစ္စည်းတွေကဈေးကွက်မှာနံမည်ရတယ်ဆိုပြီး—–ဘာလိုအရှုံးပေါ်နေရတာလဲ—–””’
””’ဟုတ်တယ်လေ—-အသစ်ဆိုတော့သူများဟာထက်ဈေးလျှော့ပေးရတယ်လေ—–ဒါမှမိတ်ရလာမှာပေါ့””’
အမေကဦးသိန်းရဲ့မူမမှန်တာကိုအကဲခတ်မိ၍ဦးသိန်းအားလေ့လာစုံစမ်းမိသောအခါ
အံ့သြစရာအဖြစ်ကိုသိရလေသည်မူလကပျဉ်ထောင်အိမ်ကလေးဖြစ်သောဦးသိန်းအိမ်သည်။
နေ့ချင်းညချင်းတိုက်အိမ်ဖြစ်သွားကာဘာမှမရှိသောဦးသိန်းထံတွင်ဆိုင်ကယ်များစက်ဘီးများရှိလာသည်။
အရင်ကမပြေလည်သောဦးသိန်းမိန်းမတွင်ရွှေများတစ်ဝင်းဝင်းနှင့်ပြောင်ပြောင်ရောင်ရောင်ဖြစ်လာသည်။
အရပ်ထဲကကြွေးရှင်များအားလည်းကြွေးများဆပ်ကာငွေကိုဖောဖောသီသီသုံးလာသည်ဟုသိလိုက်ရသည်။
ထိုအကြောင်းကိုအမေကအဖေ့အားပြန်ပြောပြရာအဖေလဲစိတ်မကောင်းဖြစ်သွာသည်။
ဆရာတော်အသေအချာပြောထားပါရက်လုပ်ရက်လေခြင်းတွေးကာဆရာတော်အား
တိုင်တည်ကာဖြစ်ကြောင်းကုန်စင်ရှောက်ကြလေသည်။
ဒီအခါဆရာတော်ကအလွန်စိတ်ဆိုးသွားကာဦးသိန်းအားအိမ်သို့ခေါ်ခိုင်းကာမျက်နှာစုံညီမေးလေသည်။
””’ဦးသိန်း—-ခင်ဗျားကိုကျူ ပ်ဘာပြောထားသလဲ——-ဒီလုပ်ငန်းဟာအထက်ပုဂ္ဂိုလ်တွေအပ်ပေးထားတာ—–မှန်မှန်ကန်ကန်လုပ်စားလို့ပြောထားတယ်နော်——အခုလုပ်ငန်းကအရှုံးပေါ်နေတယ်ဆိုတာတကယ်ဘဲလား”””””
””’တကယ်ပါဘဲလုပ်ငန်းဆိုတာအရှုံးအမြတ်ကတော့ရှိမှာပဲလေတစ်သမတ်ထဲတော့ဘယ်ရှိပါမလဲဘုရား—-””’
ဦးသိန်းကဆရာတော်အားခပ်မာမာပင်ပြန်လျှောက်လိုက်ရာဆရာတော်ကအတန်ကြာ
ဦးသိန်းမျက်နှာအားအကဲခတ်ကာငြိမ်သက်နေသည်ကြည့်ရသည်မှာဆရာတော်အာရုံခံကြည့်နေသည်ဟုထင်ပါသည်။
တစ်အောင့်လောက်ကြာမှဆရာတော်ကတစ်ခုခုကိုသိသွားသည့်အလားခေါင်းတစ်ညိမ့်ညိမ့်ဖြင့်ဦးသိန်းအားကြည့်ကာမိန့်လိုက်သည်။
””’ကောင်းပြီငါကယ်လို့ရတာပဲကယ်နိုင်မယ်——-ကယ်လို့မရတာတော့ဘုရားတောင်ဆင်းကယ်နိုင်မှာမဟုတ်ဘူး—-ငါ-အမှန်တရားပဲလိုချင်တယ်—-””
””’အရှင်ဘုရားတပည့်တော်မလိမ်ပါဘူး—-လိမ်ခဲ့ရင်အသေဆိုးနဲ့သေပါစေ”””
ဦးသိန်းစကားကြောင့်အားလုံးသည်အလန့်တကြားဖြင့်အံ့သြကုန်ကြသည်ဦးသိန်းအကြောင်း
အားလုံးကသိနေကြသောကြောင့်ဦးသိန်းသည်ပုဂ္ဂိုလ်ထူးဟုကျော်ကြားနေသောဆရာတော်ကိုပင်လိမ်ရဲပေသည်ဟုထင်ကြလေသည်။
ဦးသိန်းသည်မိုက်မဲစွာကျိန်၍ပြန်သွားရာဆရာတော်ကြီးကအဖေနဲ့အမေအားမိန့့်လိုက်သည်။
”””ငါစိတ်မကောင်းဘူးကွာ——သူဟာမကြာခင်သူ့ကျိန်စာသူခံရအုံးမှာ—–မင်းတို့လဲဒီအလုပ်ကိုဖြုတ်လိုက်ပါ—–နောက်တော့လုပ်ငန်းတွေပေါ်လာမှာပါ”””
ဆရာတော်ကြီးကထိုသို့အမိန့်ရှိကာမျက်နှာမကောင်းဘဲပြန်ကြွသွားလေသည်။
နောက်တစ်ပတ်လောက်နေတော့ဦးသိန်းသည်နေ့လယ်ဘက်အပြင်ကပြန်လာ၍
သူ့တို့လမ်းထိတ်တွင်ကားတိုက်ကာပွဲခြင်းပြီးဆုံးသွားလေသည်။
ဦးသိန်းကားတိုက်ခံရကာပွဲခြင်ပြီးသေသောသတင်းကိုကြားရတော့
အဖေနဲ့အမေလဲအလွန်စိတ်မကောင်းဖြစ်သွားကြ၍ဦးသိန်းနာရေးသို့သတင်းသွားမေးရာ
ဦးသိန်းမိန်းမသည်အမုန်းစကားများပြောကာဆရာတော်ကိုပင်စော်ကားလိုက်သည်။
ဦးသိန်းအိမ်ပတ်ဝန်းကျင်ကပြောစကားအရဦးသိန်းသည်မကျွတ်ဘဲညဘက်များတွင်
သူ့ခြံထဲတွင်တွေ့ကြရသည်ဟုဆိုသည်လမ်းထဲကလူတချို့အားခြောက်လှန့်သည်ဟုကြားရသည်။
နောက်တစ်လလောက်နေတော့ဦးသိန်းမိန်းမသည်နေ့လယ်ဘက်ခေါင်းလျှော်ရင်းအသက်ပါသွားလေသည်။
လင်မယားနှစ်ယောက်စလုံးမကျွတ်ကြ၍ထိုအိမ်တွင်ဘယ်သူမှမနေရဲတော့ဘဲ
သူတို့၏ကျန်ခဲ့သောကလေးနှစ်ယောက်အားဆွေမျိူ းများကလာခေါ်သွားကြကာအိမ်တံခါးပိတ်ထားလိုက်လေသည်။
သူတို့အိမ်ပတ်ဝန်းကျင်ကလူများကတော့သူတို့လင်မယားအားသူတို့အိမ်တွင်တွေ့နေရသည်ဟုပြောကြသည်။
သနားတတ်သောအဖေနဲ့အမေကတော့ကိုယ့်အပေါ်လိမ်စားသူတွေကိုတောင်သနားလျှက်ရှိနေသည်။
တရက်တွင်အဖေနဲ့အမေသည်ဆရာတော်ကျောင်းသို့ရောက်သွားကြရာ
ဆရာတော်သည်ဓမ္မာရုံပေါ်တွင်တစ်ပါးတည်းစကားတွေပြောနေရာအဖေတို့ကအပြင်ခုံတန်းတွင်ထိုင်စောင့်နေရသည်။
အတော်ကြာမှဆရာတော်ကအဖေတို့အားခေါ်ကာမိန့်လိုက်သည်။
”””’ငါခုဏကဘယ်သူတွေနဲ့စကားပြောနေသလဲသိလားကွ””
””’မသိပါဘူးဘုရား”””’
””’သေသွားတဲ့ဦးသိန်းတို့လင်မယားနဲ့စကားပြောနေတာကွ””’
””’သူတို့တွေမကျွတ်ဘူးလားဘုရား””’
””’ဘယ်ကျွတ်မလဲကွ—–သူတော်ကောင်းတွေကိုလိမ်တယ်ပြစ်မှားစော်ကားတယ်—–စိတ်ကောင်းရှိသူတွေရဲ့ဖြူစင်တဲ့ပိုက်စံကိုလိမ်စားတယ်လေ——-
အခုတော့ဒုက္ဓရောက်နေလို့ငါ့ဆီပြေးလာလို့လက်ခံထားရတယ်ကွ”””
”’ ငါအတန်တန်ပြောပါရက်နဲ့——မှန်မှန်ကန်ကန်လုပ်စားပါဆိုတာကို—–ခုမှနောင်တရတော့အချိန်လွန်သွားပြီလေကွာ—-လောဘကသိပ်ကြောက်ဘို့ကောင်းတယ်ကွ””
အဖေနဲ့အမေလဲထိုနေ့ညကဆရာတော်ကျောင်းတွင်အိပ်ကြကာမနက်အာရုံဆွမ်းကပ်ရန်စီစဉ်ထားသည်။
ညသန်ခေါင်လောက်ရောက်တော့အမေသည်အိပ်နေရင်းဦးသိန်းအားအိမ်မက်မက်နေသည်။
ဦးသိန်းသည်သွေးသံတရဲရဲဖြင့်တစ်ကိုယ်လုံးစုတ်ပြတ်နေကာသူ့မိန်းမသည်ထဘီရင်လျှားဖြင့်ဆံပင်ဖျားလျှားချကာ
အမေတို့အိပ်သောဇရပ်ရှေ့တွင်မက်တပ်ရပ်နေသည်ကိုကြောက်မက်ဖွယ်တွေ့ရကာလန့်နိုးသွားလေသည်။
လန့်နိုးသွားသည့်အချိန်မှာပဲဇရပ်ရှေ့တွင်ခေါ်သံလိုလိုညီးသံလိုလိုအသံမျိူ းကြားလိုက်ရတာကြောင့်
အမေသည်ကြက်သီးများထသွားကာမျက်လုံးများကျယ်သွားလေသည်။
အဲဒီအချိန်မှာပဲဇရပ်တံခါးကိုအပြင်ကလာတွန်းနေသလိုတံခါးသည်လှုပ်၍နေသည်။
အမေကအလွန်လန့်သွားကာအဖေအားနိုးပေမဲ့အိပ်မောကြနေသောအဖေကမနိုးပါ
ဒါနဲ့ခြေရင်းတွင်အိပ်နေသောရွာထဲကဝိုင်ကူလုပ်ပေးရန်ရောက်နေသောအမျိူ းသမီးနှစ်ယောက်အားလှုပ်နိုး၍
”””ဟဲ့——ထကြပါအုံးအပြင်ကတံခါးလာတွန်းနေတယ်”””
အမေနိုးလိုက်၍ထိုအမျိူ းသမီးနှစ်ယောက်လဲအိပ်ချင်မူးတူးဖြင့်တံခါးအားဖွင့်ကြည့်လိုက်ရာ
လူသေအပုတ်နံ့ကြီးသည်ထောင်းကနဲနံသွားကာနှာခေါင်းများပိတ်ထားမိကြသည်။
ထိုအချိန်မှာဘဲအပြင်ဘက်ဇရပ်ရှေ့တွင်ရပ်နေသောအရိပ်မဲကြီးနှစ်ခုသည်ဇရပ်အတွင်းသို့ဝင်လာရာလန့်၍အော်ကြလေသည်။
””’အောင်မလေးးးးးးးးးးးသရဲ——သရဲ—–””’
ထိုအသံကြောင့်အားလုံးလန့်နိုးသွားကြလေသည်။ထိုအရိပ်မဲနှစ်ခုလဲပျောက်ကွယ်သွားလေသည်။
မနက်မိုးလင်းတော့ဆရာတော်ကအဖေနဲ့အမေအားမိန့်လိုက်သည်။
”””ကဲ့ငါ့တပည့်တွေဦးသိန်းလင်မယားကညကလာတောင်းပန်တဲ့အတွက်—–ခွင့်လွတ်ပေးလိုက်ပါ——–
လောကမှာဘယ်သူမပြုမိမိမှု့ပါဘဲ—–ကိုယ်ပြုသည့်ကံကိုယ်ခံကြရတာဘဲလေ——လောဘနိဂုံးကအဆုံးမလှရှာပါဘူးကွာ——””’
အဖေနဲ့အမေလဲဆရာတော်အားအာရုံဆွမ်းမုန့်ဟင်းခါးချက်၍ကပ်ကာရွာထဲကလူများအားလဲဖိတ်ကြွေးကြသည်။
ပါလာသောလူ ဖွယ်ဝထ္ထုပစ္စည်းများကိုဆရာတော်အားဆက်ကပ်၍လူ တန်းကာ
ဦးသိန်းလင်မယားအားအမျှဝေရေစက်ချကြလေသည်။
ဆရာတော့်ကျောင်းကအပြန်ခရီးမှာတော့အဖေနဲ့အမေရဲ့စိတ်တွေသည်ပေါ့ပါးလန်းဆန်း၍နေပါတော့သည်။
ပြီး