လောဘနိဂုံး (စ-ဆုံး)

Unicode Version

လောဘနိဂုံး (စ-ဆုံး)
————————-
ဒီတခါတော့အိမ်ကဖြစ်ရပ်မှန်ကိုယ်တွေ့ကိုတင်ပါမယ်
လောကမှာလူအမျိူ းမျိူ းစိတ်အဖုံဖုံဖြစ်ပျက်ပြောင်းလဲနေကြတဲ့အတွက်သံဝေဂရစရာအကြောင်းတွေအပုံအပင်ရှိနေမှာပါ
သူတပါးပစ္စည်းအချောင်လိုချင်သူတွေရဲ့နောက်ဆုံးသွားရတဲ့လမ်းကမသာယာပါဘူး
လူတိုင်းစိတ်ကောင်းထားနိုင်စေရန်တင်ပြပါသည်
_________________< >______________
တခါသော်အိမ်ကကိုးကွယ်သောဆရာတော်ကြီးအိမ်ကိုကြွလာတုန်းဆရာတော်ကြီးအား
အဖေကစီးပွားရေးလုပ်ရန်ဘာလုပ်ငန်းများလုပ်ရင်ကောင်းမည်လဲဟုမေးကာလျှောက်ထားပါသည်။
ထိုအချိန်ကကိုယ်တို့မောင်နှမများအားလုံးကျောင်းတက်ကာပညာသင်နေသောအချိန်ဖြစ်ပါသည်။
ထိုအခါဆရာတော်ကြီးကိုလာဖူးသောတကာဦးသိန်းဆိုသောလူတစ်ယောက်ကဆရာတော်ကြီးအားအကြံပေးသည်။
””’အရှင်ဘုရား—-တပည့်တော်ကလဲပိုက်ဆံမရှိ၍စီးပွားရေးမလုပ်နိုင်ပါ—-ဒီမိသားစုနှင့်ပေါင်းလုပ်ချင်ပါသည်—–တပည့်တော်ကလူစိုက်ပညာစိုက်ကာ—–သူတို့ကငွေစိုက်လျှင်နှစ်ဦးနှစ်ဘက်အဆင်ပြေမည်ဖြစ်ပါတယ်ဘုရား—”””
ဒီအခါဆရာတော်ကြီးကအဖေသည်ပညာတတ်၍အစိုးရရုံးမှအရာရှိကြီးတစ်ဦးဖြစ်ကာဘာစီးပွားရေးမှနားမလည်တာသိထားသည်။
wျားလက်ဝေခံစားလုပ်ကာလုပ်ငန်းနားလည်သောဦးသိန်းဆိုသူနှင့်လုပ်ရန်ခွင့်ပြုလိုက်သည်။
ထိုဦးသိန်းဆိုသူသည်နဖူးပြောင်ပြောင်နှင့်ဝဝတုတ်တုတ်ဖြစ်ကာဖိုးဝရုပ်နှင့်တူသည်။
ယေဘူယျအားဖြင့်သဘောကောင်းသည်ဟုထင်ကြပါသည်သို့ပေမဲ့လူ့စိတ်ဆိုတာခန့်မှန်းရအခက်ဆုံးပင်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းစတင်ထူထောင်ရာတွင်အိမ်ကငွေစိုက်ကာဦးသိန်းကလူနှင့်ပညာစိုက်ကာလုပ်ကြသည်။
ဆရာတော်ကြီးကလဲလုပ်ငန်းအဆင်ပြေအောင်သူ့အစွမ်းဖြင့်အကုန်စီရင်ပေးကာ
လုပ်ငန်းအသစ်ဖွင့်ပွဲသို့သူကိုယ်တိုင်တက်ရောက်ကာချီးမြင့်ပေးပါသည်။
အလုပ်လုပ်မည့်သူများအားအရင်ဆုံးအနေဖြင့်ဆုံးမစကားဟောပါသည်။
””ကဲဒီလုပ်ငန်းကအောင်မြင်မှာပါကွာ——တခုရှိတာကဒီလုပ်ငန်းမှာတဦးနှင့်တစ်ဦးမှန်မှန်ကန်ကန်သစ္စာရှိရှိလုပ်ကြဘိုပဲလိုပါတယ်—–ဒီလုပ်ငန်းကိုအထက်ပုဂ္ဂိုလိတွေကိုအပ်ပေးထားတဲ့အတွက်—–မမှန်တဲ့သူဟာအကုသိုလ်အကျိူးးချက်ချင်းပေးမှာဖြစ်တယ်———မလိမ်မညာဘဲအမှန်အကန်လုပ်ပါ——””
ဆရာတော်ကြီးစကားကိုအဖေနဲ့အမေရောဦးသိန်းပါကတိပြု၍လုပ်ငန်းစကြလေသည်။
လုပ်ငန်းစလုပ်တော့အဖေကရုံးအလုပ်များနှင့်မအားသဖြင့်အမေကသာဦးဆောင်လုပ်ရသည်။
ကိုယ်တို့မောင်နှမများကတော့ရန်ဖန်ရန်ခါအမေ့အားကူပေမဲ့ကျောင်းတဖက်မို့သိပ်မကူအားပါ
အဖေနဲ့အမေကတော့ဆရာတော်ကြီးထူထောင်ပေးသောလုပ်ငန်းမို့အောင်မြင်မည်တွေးကာတက်ကြွနေကြသည်။
သိုပေမဲ့ထိုလုပ်ငန်းသည်အစပိုင်းလောက်သာအဆင်ပြေကာနောက်ပိုင်းတွင်အရှုံးကြီးပြလာသည်။
ခက်သည်ကဦးသိန်းကကုန်သည်များဖြင့်တွေ့ရသူဖြစ်ကာအမေကကုန်ချောထွက်ရန်ကြီးကြပ်ပေးရ၍
ဈေးကွက်စီးပွားရေးကောင်းစွာမသိသေးသောအချိန်ဖြစ်သည်အလုပ်ကကောင်းနေပါလျှက်အရှုံးပေါ်နေခြင်းကို
အမေကဘဝင်မကျပေမဲ့ရိုးသား၍သူတပါးအပေါ်အကောင်မြင်စိတ်ရှိသောအဖေကလဲသံသယမရှိပါ
တနေ့တွင်အမေ့ထံသိုလုပ်ငန်းတူလုပ်နေသောမိန်းမတစ်ယောက်ရောက်လာကာစကားစမြည်ပြောရင်း
””’အမတို့ပစ္စည်းတွေဈေးကွက်မှာအတော်နံမည်ရလာပြီနော်—–လူကြိုက်များနေပြီကုန်သည်တွေက——–သဘောကျနေကြတယ်”””
အမေကထိုမိန်းမပြောသောစကားများကြောင့်စိတ်ထဲဇဝေဇဝါဖြစ်သွားကာဦးသိန်းအားမေးမိသည်။
””ဦးသိန်းရေကျွန်မတို့ပစ္စည်းတွေကဈေးကွက်မှာနံမည်ရတယ်ဆိုပြီး—–ဘာလိုအရှုံးပေါ်နေရတာလဲ—–””’
””’ဟုတ်တယ်လေ—-အသစ်ဆိုတော့သူများဟာထက်ဈေးလျှော့ပေးရတယ်လေ—–ဒါမှမိတ်ရလာမှာပေါ့””’
အမေကဦးသိန်းရဲ့မူမမှန်တာကိုအကဲခတ်မိ၍ဦးသိန်းအားလေ့လာစုံစမ်းမိသောအခါ
အံ့သြစရာအဖြစ်ကိုသိရလေသည်မူလကပျဉ်ထောင်အိမ်ကလေးဖြစ်သောဦးသိန်းအိမ်သည်။
နေ့ချင်းညချင်းတိုက်အိမ်ဖြစ်သွားကာဘာမှမရှိသောဦးသိန်းထံတွင်ဆိုင်ကယ်များစက်ဘီးများရှိလာသည်။
အရင်ကမပြေလည်သောဦးသိန်းမိန်းမတွင်ရွှေများတစ်ဝင်းဝင်းနှင့်ပြောင်ပြောင်ရောင်ရောင်ဖြစ်လာသည်။
အရပ်ထဲကကြွေးရှင်များအားလည်းကြွေးများဆပ်ကာငွေကိုဖောဖောသီသီသုံးလာသည်ဟုသိလိုက်ရသည်။
ထိုအကြောင်းကိုအမေကအဖေ့အားပြန်ပြောပြရာအဖေလဲစိတ်မကောင်းဖြစ်သွာသည်။
ဆရာတော်အသေအချာပြောထားပါရက်လုပ်ရက်လေခြင်းတွေးကာဆရာတော်အား
တိုင်တည်ကာဖြစ်ကြောင်းကုန်စင်ရှောက်ကြလေသည်။
ဒီအခါဆရာတော်ကအလွန်စိတ်ဆိုးသွားကာဦးသိန်းအားအိမ်သို့ခေါ်ခိုင်းကာမျက်နှာစုံညီမေးလေသည်။
””’ဦးသိန်း—-ခင်ဗျားကိုကျူ ပ်ဘာပြောထားသလဲ——-ဒီလုပ်ငန်းဟာအထက်ပုဂ္ဂိုလ်တွေအပ်ပေးထားတာ—–မှန်မှန်ကန်ကန်လုပ်စားလို့ပြောထားတယ်နော်——အခုလုပ်ငန်းကအရှုံးပေါ်နေတယ်ဆိုတာတကယ်ဘဲလား”””””
””’တကယ်ပါဘဲလုပ်ငန်းဆိုတာအရှုံးအမြတ်ကတော့ရှိမှာပဲလေတစ်သမတ်ထဲတော့ဘယ်ရှိပါမလဲဘုရား—-””’
ဦးသိန်းကဆရာတော်အားခပ်မာမာပင်ပြန်လျှောက်လိုက်ရာဆရာတော်ကအတန်ကြာ
ဦးသိန်းမျက်နှာအားအကဲခတ်ကာငြိမ်သက်နေသည်ကြည့်ရသည်မှာဆရာတော်အာရုံခံကြည့်နေသည်ဟုထင်ပါသည်။
တစ်အောင့်လောက်ကြာမှဆရာတော်ကတစ်ခုခုကိုသိသွားသည့်အလားခေါင်းတစ်ညိမ့်ညိမ့်ဖြင့်ဦးသိန်းအားကြည့်ကာမိန့်လိုက်သည်။
””’ကောင်းပြီငါကယ်လို့ရတာပဲကယ်နိုင်မယ်——-ကယ်လို့မရတာတော့ဘုရားတောင်ဆင်းကယ်နိုင်မှာမဟုတ်ဘူး—-ငါ-အမှန်တရားပဲလိုချင်တယ်—-””
””’အရှင်ဘုရားတပည့်တော်မလိမ်ပါဘူး—-လိမ်ခဲ့ရင်အသေဆိုးနဲ့သေပါစေ”””
ဦးသိန်းစကားကြောင့်အားလုံးသည်အလန့်တကြားဖြင့်အံ့သြကုန်ကြသည်ဦးသိန်းအကြောင်း
အားလုံးကသိနေကြသောကြောင့်ဦးသိန်းသည်ပုဂ္ဂိုလ်ထူးဟုကျော်ကြားနေသောဆရာတော်ကိုပင်လိမ်ရဲပေသည်ဟုထင်ကြလေသည်။
ဦးသိန်းသည်မိုက်မဲစွာကျိန်၍ပြန်သွားရာဆရာတော်ကြီးကအဖေနဲ့အမေအားမိန့့်လိုက်သည်။
”””ငါစိတ်မကောင်းဘူးကွာ——သူဟာမကြာခင်သူ့ကျိန်စာသူခံရအုံးမှာ—–မင်းတို့လဲဒီအလုပ်ကိုဖြုတ်လိုက်ပါ—–နောက်တော့လုပ်ငန်းတွေပေါ်လာမှာပါ”””
ဆရာတော်ကြီးကထိုသို့အမိန့်ရှိကာမျက်နှာမကောင်းဘဲပြန်ကြွသွားလေသည်။
နောက်တစ်ပတ်လောက်နေတော့ဦးသိန်းသည်နေ့လယ်ဘက်အပြင်ကပြန်လာ၍
သူ့တို့လမ်းထိတ်တွင်ကားတိုက်ကာပွဲခြင်းပြီးဆုံးသွားလေသည်။
ဦးသိန်းကားတိုက်ခံရကာပွဲခြင်ပြီးသေသောသတင်းကိုကြားရတော့
အဖေနဲ့အမေလဲအလွန်စိတ်မကောင်းဖြစ်သွားကြ၍ဦးသိန်းနာရေးသို့သတင်းသွားမေးရာ
ဦးသိန်းမိန်းမသည်အမုန်းစကားများပြောကာဆရာတော်ကိုပင်စော်ကားလိုက်သည်။
ဦးသိန်းအိမ်ပတ်ဝန်းကျင်ကပြောစကားအရဦးသိန်းသည်မကျွတ်ဘဲညဘက်များတွင်
သူ့ခြံထဲတွင်တွေ့ကြရသည်ဟုဆိုသည်လမ်းထဲကလူတချို့အားခြောက်လှန့်သည်ဟုကြားရသည်။
နောက်တစ်လလောက်နေတော့ဦးသိန်းမိန်းမသည်နေ့လယ်ဘက်ခေါင်းလျှော်ရင်းအသက်ပါသွားလေသည်။
လင်မယားနှစ်ယောက်စလုံးမကျွတ်ကြ၍ထိုအိမ်တွင်ဘယ်သူမှမနေရဲတော့ဘဲ
သူတို့၏ကျန်ခဲ့သောကလေးနှစ်ယောက်အားဆွေမျိူ းများကလာခေါ်သွားကြကာအိမ်တံခါးပိတ်ထားလိုက်လေသည်။
သူတို့အိမ်ပတ်ဝန်းကျင်ကလူများကတော့သူတို့လင်မယားအားသူတို့အိမ်တွင်တွေ့နေရသည်ဟုပြောကြသည်။
သနားတတ်သောအဖေနဲ့အမေကတော့ကိုယ့်အပေါ်လိမ်စားသူတွေကိုတောင်သနားလျှက်ရှိနေသည်။
တရက်တွင်အဖေနဲ့အမေသည်ဆရာတော်ကျောင်းသို့ရောက်သွားကြရာ
ဆရာတော်သည်ဓမ္မာရုံပေါ်တွင်တစ်ပါးတည်းစကားတွေပြောနေရာအဖေတို့ကအပြင်ခုံတန်းတွင်ထိုင်စောင့်နေရသည်။
အတော်ကြာမှဆရာတော်ကအဖေတို့အားခေါ်ကာမိန့်လိုက်သည်။
”””’ငါခုဏကဘယ်သူတွေနဲ့စကားပြောနေသလဲသိလားကွ””
””’မသိပါဘူးဘုရား”””’
””’သေသွားတဲ့ဦးသိန်းတို့လင်မယားနဲ့စကားပြောနေတာကွ””’
””’သူတို့တွေမကျွတ်ဘူးလားဘုရား””’
””’ဘယ်ကျွတ်မလဲကွ—–သူတော်ကောင်းတွေကိုလိမ်တယ်ပြစ်မှားစော်ကားတယ်—–စိတ်ကောင်းရှိသူတွေရဲ့ဖြူစင်တဲ့ပိုက်စံကိုလိမ်စားတယ်လေ——-
အခုတော့ဒုက္ဓရောက်နေလို့ငါ့ဆီပြေးလာလို့လက်ခံထားရတယ်ကွ”””
”’ ငါအတန်တန်ပြောပါရက်နဲ့——မှန်မှန်ကန်ကန်လုပ်စားပါဆိုတာကို—–ခုမှနောင်တရတော့အချိန်လွန်သွားပြီလေကွာ—-လောဘကသိပ်ကြောက်ဘို့ကောင်းတယ်ကွ””
အဖေနဲ့အမေလဲထိုနေ့ညကဆရာတော်ကျောင်းတွင်အိပ်ကြကာမနက်အာရုံဆွမ်းကပ်ရန်စီစဉ်ထားသည်။
ညသန်ခေါင်လောက်ရောက်တော့အမေသည်အိပ်နေရင်းဦးသိန်းအားအိမ်မက်မက်နေသည်။
ဦးသိန်းသည်သွေးသံတရဲရဲဖြင့်တစ်ကိုယ်လုံးစုတ်ပြတ်နေကာသူ့မိန်းမသည်ထဘီရင်လျှားဖြင့်ဆံပင်ဖျားလျှားချကာ
အမေတို့အိပ်သောဇရပ်ရှေ့တွင်မက်တပ်ရပ်နေသည်ကိုကြောက်မက်ဖွယ်တွေ့ရကာလန့်နိုးသွားလေသည်။
လန့်နိုးသွားသည့်အချိန်မှာပဲဇရပ်ရှေ့တွင်ခေါ်သံလိုလိုညီးသံလိုလိုအသံမျိူ းကြားလိုက်ရတာကြောင့်
အမေသည်ကြက်သီးများထသွားကာမျက်လုံးများကျယ်သွားလေသည်။
အဲဒီအချိန်မှာပဲဇရပ်တံခါးကိုအပြင်ကလာတွန်းနေသလိုတံခါးသည်လှုပ်၍နေသည်။
အမေကအလွန်လန့်သွားကာအဖေအားနိုးပေမဲ့အိပ်မောကြနေသောအဖေကမနိုးပါ
ဒါနဲ့ခြေရင်းတွင်အိပ်နေသောရွာထဲကဝိုင်ကူလုပ်ပေးရန်ရောက်နေသောအမျိူ းသမီးနှစ်ယောက်အားလှုပ်နိုး၍
”””ဟဲ့——ထကြပါအုံးအပြင်ကတံခါးလာတွန်းနေတယ်”””
အမေနိုးလိုက်၍ထိုအမျိူ းသမီးနှစ်ယောက်လဲအိပ်ချင်မူးတူးဖြင့်တံခါးအားဖွင့်ကြည့်လိုက်ရာ
လူသေအပုတ်နံ့ကြီးသည်ထောင်းကနဲနံသွားကာနှာခေါင်းများပိတ်ထားမိကြသည်။
ထိုအချိန်မှာဘဲအပြင်ဘက်ဇရပ်ရှေ့တွင်ရပ်နေသောအရိပ်မဲကြီးနှစ်ခုသည်ဇရပ်အတွင်းသို့ဝင်လာရာလန့်၍အော်ကြလေသည်။
””’အောင်မလေးးးးးးးးးးးသရဲ——သရဲ—–””’
ထိုအသံကြောင့်အားလုံးလန့်နိုးသွားကြလေသည်။ထိုအရိပ်မဲနှစ်ခုလဲပျောက်ကွယ်သွားလေသည်။
မနက်မိုးလင်းတော့ဆရာတော်ကအဖေနဲ့အမေအားမိန့်လိုက်သည်။
”””ကဲ့ငါ့တပည့်တွေဦးသိန်းလင်မယားကညကလာတောင်းပန်တဲ့အတွက်—–ခွင့်လွတ်ပေးလိုက်ပါ——–
လောကမှာဘယ်သူမပြုမိမိမှု့ပါဘဲ—–ကိုယ်ပြုသည့်ကံကိုယ်ခံကြရတာဘဲလေ——လောဘနိဂုံးကအဆုံးမလှရှာပါဘူးကွာ——””’
အဖေနဲ့အမေလဲဆရာတော်အားအာရုံဆွမ်းမုန့်ဟင်းခါးချက်၍ကပ်ကာရွာထဲကလူများအားလဲဖိတ်ကြွေးကြသည်။
ပါလာသောလူ ဖွယ်ဝထ္ထုပစ္စည်းများကိုဆရာတော်အားဆက်ကပ်၍လူ တန်းကာ
ဦးသိန်းလင်မယားအားအမျှဝေရေစက်ချကြလေသည်။
ဆရာတော့်ကျောင်းကအပြန်ခရီးမှာတော့အဖေနဲ့အမေရဲ့စိတ်တွေသည်ပေါ့ပါးလန်းဆန်း၍နေပါတော့သည်။
ပြီး

Zawgyi Version

ေလာဘနိဂုံး (စ-ဆံုး)
————————-
ဒီတခါေတာ့အိမ္ကျဖစ္ရပ္မွန္ကိုယ္ေတြ႕ကိုတင္ပါမယ္
ေလာကမွာလူအမ်ိဴ းမ်ိဴ းစိတ္အဖုံဖုံျဖစ္ပ်က္ေျပာင္းလဲေနၾကတဲ့အတြက္သံေဝဂရစရာအေၾကာင္းေတြအပုံအပင္ရွိေနမွာပါ
သူတပါးပစၥည္းအေခ်ာင္လိုခ်င္သူေတြရဲ႕့ေနာက္ဆုံးသြားရတဲ့လမ္းကမသာယာပါဘူး
လူတိုင္းစိတ္ေကာင္းထားႏိုင္ေစရန္တင္ျပပါသည္
_________________< >______________
တခါေသာ္အိမ္ကကိုးကြယ္ေသာဆရာေတာ္ႀကီးအိမ္ကိုႂကြလာတုန္းဆရာေတာ္ႀကီးအား
အေဖကစီးပြားေရးလုပ္ရန္ဘာလုပ္ငန္းမ်ားလုပ္ရင္ေကာင္းမည္လဲဟုေမးကာေလွ်ာက္ထားပါသည္။
ထိုအခ်ိန္ကကိုယ္တို႔ေမာင္ႏွမမ်ားအားလုံးေက်ာင္းတက္ကာပညာသင္ေနေသာအခ်ိန္ျဖစ္ပါသည္။
ထိုအခါဆရာေတာ္ႀကီးကိုလာဖူးေသာတကာဦးသိန္းဆိုေသာလူတစ္ေယာက္ကဆရာေတာ္ႀကီးအားအႀကံေပးသည္။
””’အရွင္ဘုရား—-တပည့္ေတာ္ကလဲပိုက္ဆံမရွိ၍စီးပြားေရးမလုပ္ႏိုင္ပါ—-ဒီမိသားစုႏွင့္ေပါင္းလုပ္ခ်င္ပါသည္—–တပည့္ေတာ္ကလူစိုက္ပညာစိုက္ကာ—–သူတို႔ကေငြစိုက္လွ်င္ႏွစ္ဦးႏွစ္ဘက္အဆင္ေျပမည္ျဖစ္ပါတယ္ဘုရား—”””
ဒီအခါဆရာေတာ္ႀကီးကအေဖသည္ပညာတတ္၍အစိုးရ႐ုံးမွအရာရွိႀကီးတစ္ဦးျဖစ္ကာဘာစီးပြားေရးမွနားမလည္တာသိထားသည္။
w်ားလက္ေဝခံစားလုပ္ကာလုပ္ငန္းနားလည္ေသာဦးသိန္းဆိုသူႏွင့္လုပ္ရန္ခြင့္ျပဳလိုက္သည္။
ထိုဦးသိန္းဆိုသူသည္နဖူးေျပာင္ေျပာင္ႏွင့္ဝဝတုတ္တုတ္ျဖစ္ကာဖိုးဝ႐ုပ္ႏွင့္တူသည္။
ေယဘူယ်အားျဖင့္သေဘာေကာင္းသည္ဟုထင္ၾကပါသည္သို႔ေပမဲ့လူ႔စိတ္ဆိုတာခန္႔မွန္းရအခက္ဆုံးပင္ျဖစ္သည္။
စီးပြားေရးလုပ္ငန္းစတင္ထူေထာင္ရာတြင္အိမ္ကေငြစိုက္ကာဦးသိန္းကလူႏွင့္ပညာစိုက္ကာလုပ္ၾကသည္။
ဆရာေတာ္ႀကီးကလဲလုပ္ငန္းအဆင္ေျပေအာင္သူ႔အစြမ္းျဖင့္အကုန္စီရင္ေပးကာ
လုပ္ငန္းအသစ္ဖြင့္ပြဲသို႔သူကိုယ္တိုင္တက္ေရာက္ကာခ်ီးျမင့္ေပးပါသည္။
အလုပ္လုပ္မည့္သူမ်ားအားအရင္ဆုံးအေနျဖင့္ဆုံးမစကားေဟာပါသည္။
””ကဲဒီလုပ္ငန္းကေအာင္ျမင္မွာပါကြာ——တခုရွိတာကဒီလုပ္ငန္းမွာတဦးႏွင့္တစ္ဦးမွန္မွန္ကန္ကန္သစၥာရွိရွိလုပ္ၾကဘိုပဲလိုပါတယ္—–ဒီလုပ္ငန္းကိုအထက္ပုဂၢိဳလိေတြကိုအပ္ေပးထားတဲ့အတြက္—–မမွန္တဲ့သူဟာအကုသိုလ္အက်ိဴးးခ်က္ခ်င္းေပးမွာျဖစ္တယ္———မလိမ္မညာဘဲအမွန္အကန္လုပ္ပါ——””
ဆရာေတာ္ႀကီးစကားကိုအေဖနဲ႔အေမေရာဦးသိန္းပါကတိျပဳ၍လုပ္ငန္းစၾကေလသည္။
လုပ္ငန္းစလုပ္ေတာ့အေဖက႐ုံးအလုပ္မ်ားႏွင့္မအားသျဖင့္အေမကသာဦးေဆာင္လုပ္ရသည္။
ကိုယ္တို႔ေမာင္ႏွမမ်ားကေတာ့ရန္ဖန္ရန္ခါအေမ့အားကူေပမဲ့ေက်ာင္းတဖက္မို႔သိပ္မကူအားပါ
အေဖနဲ႔အေမကေတာ့ဆရာေတာ္ႀကီးထူေထာင္ေပးေသာလုပ္ငန္းမို႔ေအာင္ျမင္မည္ေတြးကာတက္ႂကြေနၾကသည္။
သိုေပမဲ့ထိုလုပ္ငန္းသည္အစပိုင္းေလာက္သာအဆင္ေျပကာေနာက္ပိုင္းတြင္အရႈံးႀကီးျပလာသည္။
ခက္သည္ကဦးသိန္းကကုန္သည္မ်ားျဖင့္ေတြ႕ရသူျဖစ္ကာအေမကကုန္ေခ်ာထြက္ရန္ႀကီးၾကပ္ေပးရ၍
ေစ်းကြက္စီးပြားေရးေကာင္းစြာမသိေသးေသာအခ်ိန္ျဖစ္သည္အလုပ္ကေကာင္းေနပါလွ်က္အရႈံးေပၚေနျခင္းကို
အေမကဘဝင္မက်ေပမဲ့႐ိုးသား၍သူတပါးအေပၚအေကာင္ျမင္စိတ္ရွိေသာအေဖကလဲသံသယမရွိပါ
တေန႔တြင္အေမ့ထံသိုလုပ္ငန္းတူလုပ္ေနေသာမိန္းမတစ္ေယာက္ေရာက္လာကာစကားစျမည္ေျပာရင္း
””’အမတို႔ပစၥည္းေတြေစ်းကြက္မွာအေတာ္နံမည္ရလာၿပီေနာ္—–လူႀကိဳက္မ်ားေနၿပီကုန္သည္ေတြက——–သေဘာက်ေနၾကတယ္”””
အေမကထိုမိန္းမေျပာေသာစကားမ်ားေၾကာင့္စိတ္ထဲဇေဝဇဝါျဖစ္သြားကာဦးသိန္းအားေမးမိသည္။
””ဦးသိန္းေရကြၽန္မတို႔ပစၥည္းေတြကေစ်းကြက္မွာနံမည္ရတယ္ဆိုၿပီး—–ဘာလိုအရႈံးေပၚေနရတာလဲ—–””’
””’ဟုတ္တယ္ေလ—-အသစ္ဆိုေတာ့သူမ်ားဟာထက္ေစ်းေလွ်ာ့ေပးရတယ္ေလ—–ဒါမွမိတ္ရလာမွာေပါ့””’
အေမကဦးသိန္းရဲ႕မူမမွန္တာကိုအကဲခတ္မိ၍ဦးသိန္းအားေလ့လာစုံစမ္းမိေသာအခါ
အံ့ၾသစရာအျဖစ္ကိုသိရေလသည္မူလကပ်ဥ္ေထာင္အိမ္ကေလးျဖစ္ေသာဦးသိန္းအိမ္သည္။
ေန႔ခ်င္းညခ်င္းတိုက္အိမ္ျဖစ္သြားကာဘာမွမရွိေသာဦးသိန္းထံတြင္ဆိုင္ကယ္မ်ားစက္ဘီးမ်ားရွိလာသည္။
အရင္ကမေျပလည္ေသာဦးသိန္းမိန္းမတြင္ေ႐ႊမ်ားတစ္ဝင္းဝင္းႏွင့္ေျပာင္ေျပာင္ေရာင္ေရာင္ျဖစ္လာသည္။
အရပ္ထဲကေႂကြးရွင္မ်ားအားလည္းေႂကြးမ်ားဆပ္ကာေငြကိုေဖာေဖာသီသီသုံးလာသည္ဟုသိလိုက္ရသည္။
ထိုအေၾကာင္းကိုအေမကအေဖ့အားျပန္ေျပာျပရာအေဖလဲစိတ္မေကာင္းျဖစ္သြာသည္။
ဆရာေတာ္အေသအခ်ာေျပာထားပါရက္လုပ္ရက္ေလျခင္းေတြးကာဆရာေတာ္အား
တိုင္တည္ကာျဖစ္ေၾကာင္းကုန္စင္ေရွာက္ၾကေလသည္။
ဒီအခါဆရာေတာ္ကအလြန္စိတ္ဆိုးသြားကာဦးသိန္းအားအိမ္သို႔ေခၚခိုင္းကာမ်က္ႏွာစုံညီေမးေလသည္။
””’ဦးသိန္း—-ခင္ဗ်ားကိုက်ဴ ပ္ဘာေျပာထားသလဲ——-ဒီလုပ္ငန္းဟာအထက္ပုဂၢိဳလ္ေတြအပ္ေပးထားတာ—–မွန္မွန္ကန္ကန္လုပ္စားလို႔ေျပာထားတယ္ေနာ္——အခုလုပ္ငန္းကအရႈံးေပၚေနတယ္ဆိုတာတကယ္ဘဲလား”””””
””’တကယ္ပါဘဲလုပ္ငန္းဆိုတာအရႈံးအျမတ္ကေတာ့ရွိမွာပဲေလတစ္သမတ္ထဲေတာ့ဘယ္ရွိပါမလဲဘုရား—-””’
ဦးသိန္းကဆရာေတာ္အားခပ္မာမာပင္ျပန္ေလွ်ာက္လိုက္ရာဆရာေတာ္ကအတန္ၾကာ
ဦးသိန္းမ်က္ႏွာအားအကဲခတ္ကာၿငိမ္သက္ေနသည္ၾကည့္ရသည္မွာဆရာေတာ္အာ႐ုံခံၾကည့္ေနသည္ဟုထင္ပါသည္။
တစ္ေအာင့္ေလာက္ၾကာမွဆရာေတာ္ကတစ္ခုခုကိုသိသြားသည့္အလားေခါင္းတစ္ညိမ့္ညိမ့္ျဖင့္ဦးသိန္းအားၾကည့္ကာမိန္႔လိုက္သည္။
””’ေကာင္းၿပီငါကယ္လို႔ရတာပဲကယ္ႏိုင္မယ္——-ကယ္လို႔မရတာေတာ့ဘုရားေတာင္ဆင္းကယ္ႏိုင္မွာမဟုတ္ဘူး—-ငါ-အမွန္တရားပဲလိုခ်င္တယ္—-””
””’အရွင္ဘုရားတပည့္ေတာ္မလိမ္ပါဘူး—-လိမ္ခဲ့ရင္အေသဆိုးနဲ႔ေသပါေစ”””
ဦးသိန္းစကားေၾကာင့္အားလုံးသည္အလန္႔တၾကားျဖင့္အံ့ၾသကုန္ၾကသည္ဦးသိန္းအေၾကာင္း
အားလုံးကသိေနၾကေသာေၾကာင့္ဦးသိန္းသည္ပုဂၢိဳလ္ထူးဟုေက်ာ္ၾကားေနေသာဆရာေတာ္ကိုပင္လိမ္ရဲေပသည္ဟုထင္ၾကေလသည္။
ဦးသိန္းသည္မိုက္မဲစြာက်ိန္၍ျပန္သြားရာဆရာေတာ္ႀကီးကအေဖနဲ႔အေမအားမိန္႔့လိုက္သည္။
”””ငါစိတ္မေကာင္းဘူးကြာ——သူဟာမၾကာခင္သူ႔့က်ိန္စာသူခံရအုံးမွာ—–မင္းတို႔လဲဒီအလုပ္ကိုျဖဳတ္လိုက္ပါ—–ေနာက္ေတာ့လုပ္ငန္းေတြေပၚလာမွာပါ”””
ဆရာေတာ္ႀကီးကထိုသို႔အမိန္႔ရွိကာမ်က္ႏွာမေကာင္းဘဲျပန္ႂကြသြားေလသည္။
ေနာက္တစ္ပတ္ေလာက္ေနေတာ့ဦးသိန္းသည္ေန႔လယ္ဘက္အျပင္ကျပန္လာ၍
သူ႔တို႔လမ္းထိတ္တြင္ကားတိုက္ကာပြဲျခင္းၿပီးဆုံးသြားေလသည္။
ဦးသိန္းကားတိုက္ခံရကာပြဲျခင္ၿပီးေသေသာသတင္းကိုၾကားရေတာ့
အေဖနဲ႔အေမလဲအလြန္စိတ္မေကာင္းျဖစ္သြားၾက၍ဦးသိန္းနာေရးသို႔သတင္းသြားေမးရာ
ဦးသိန္းမိန္းမသည္အမုန္းစကားမ်ားေျပာကာဆရာေတာ္ကိုပင္ေစာ္ကားလိုက္သည္။
ဦးသိန္းအိမ္ပတ္ဝန္းက်င္ကေျပာစကားအရဦးသိန္းသည္မကြၽတ္ဘဲညဘက္မ်ားတြင္
သူ႔့ၿခံထဲတြင္ေတြ႕ၾကရသည္ဟုဆိုသည္လမ္းထဲကလူတခ်ိဳ႕အားေျခာက္လွန္႔သည္ဟုၾကားရသည္။
ေနာက္တစ္လေလာက္ေနေတာ့ဦးသိန္းမိန္းမသည္ေန႔လယ္ဘက္ေခါင္းေလွ်ာ္ရင္းအသက္ပါသြားေလသည္။
လင္မယားႏွစ္ေယာက္စလုံးမကြၽတ္ၾက၍ထိုအိမ္တြင္ဘယ္သူမွမေနရဲေတာ့ဘဲ
သူတို႔၏က်န္ခဲ့ေသာကေလးႏွစ္ေယာက္အားေဆြမ်ိဴ းမ်ားကလာေခၚသြားၾကကာအိမ္တံခါးပိတ္ထားလိုက္ေလသည္။
သူတို႔အိမ္ပတ္ဝန္းက်င္ကလူမ်ားကေတာ့သူတို႔လင္မယားအားသူတို႔အိမ္တြင္ေတြ႕ေနရသည္ဟုေျပာၾကသည္။
သနားတတ္ေသာအေဖနဲ႔အေမကေတာ့ကိုယ့္အေပၚလိမ္စားသူေတြကိုေတာင္သနားလွ်က္ရွိေနသည္။
တရက္တြင္အေဖနဲ႔အေမသည္ဆရာေတာ္ေက်ာင္းသို႔ေရာက္သြားၾကရာ
ဆရာေတာ္သည္ဓမၼာ႐ုံေပၚတြင္တစ္ပါးတည္းစကားေတြေျပာေနရာအေဖတို႔ကအျပင္ခုံတန္းတြင္ထိုင္ေစာင့္ေနရသည္။
အေတာ္ၾကာမွဆရာေတာ္ကအေဖတို႔အားေခၚကာမိန္႔လိုက္သည္။
”””’ငါခုဏကဘယ္သူေတြနဲ႔စကားေျပာေနသလဲသိလားကြ””
””’မသိပါဘူးဘုရား”””’
””’ေသသြားတဲ့ဦးသိန္းတို႔လင္မယားနဲ႔စကားေျပာေနတာကြ””’
””’သူတို႔ေတြမကြၽတ္ဘူးလားဘုရား””’
””’ဘယ္ကြၽတ္မလဲကြ—–သူေတာ္ေကာင္းေတြကိုလိမ္တယ္ျပစ္မွားေစာ္ကားတယ္—–စိတ္ေကာင္းရွိသူေတြရဲ႕ျဖဴစင္တဲ့ပိုက္စံကိုလိမ္စားတယ္ေလ——-
အခုေတာ့ဒုကၶေရာက္ေနလို႔ငါ့ဆီေျပးလာလို႔လက္ခံထားရတယ္ကြ”””
”’ ငါအတန္တန္ေျပာပါရက္နဲ႔——မွန္မွန္ကန္ကန္လုပ္စားပါဆိုတာကို—–ခုမွေနာင္တရေတာ့အခ်ိန္လြန္သြားၿပီေလကြာ—-ေလာဘကသိပ္ေၾကာက္ဘို႔ေကာင္းတယ္ကြ””
အေဖနဲ႔အေမလဲထိုေန႔ညကဆရာေတာ္ေက်ာင္းတြင္အိပ္ၾကကာမနက္အာ႐ုံဆြမ္းကပ္ရန္စီစဥ္ထားသည္။
ညသန္ေခါင္ေလာက္ေရာက္ေတာ့အေမသည္အိပ္ေနရင္းဦးသိန္းအားအိမ္မက္မက္ေနသည္။
ဦးသိန္းသည္ေသြးသံတရဲရဲျဖင့္တစ္ကိုယ္လုံးစုတ္ျပတ္ေနကာသူ႔မိန္းမသည္ထဘီရင္လွ်ားျဖင့္ဆံပင္ဖ်ားလွ်ားခ်ကာ
အေမတို႔အိပ္ေသာဇရပ္ေရွ႕တြင္မက္တပ္ရပ္ေနသည္ကိုေၾကာက္မက္ဖြယ္ေတြ႕ရကာလန္႔ႏိုးသြားေလသည္။
လန္႔ႏိုးသြားသည့္အခ်ိန္မွာပဲဇရပ္ေရွ႕တြင္ေခၚသံလိုလိုညီးသံလ္ိုလိုအသံမ်ိဴ းၾကားလိုက္ရတာေၾကာင့္
အေမသည္ၾကက္သီးမ်ားထသြားကာမ်က္လုံးမ်ားက်ယ္သြားေလသည္။
အဲဒီအခ်ိန္မွာပဲဇရပ္တံခါးကိုအျပင္ကလာတြန္းေနသလိုတံခါးသည္လႈပ္၍ေနသည္။
အေမကအလြန္လန္႔သြားကာအေဖအားႏိုးေပမဲ့အိပ္ေမာၾကေနေသာအေဖကမႏိုးပါ
ဒါနဲ႔ေျခရင္းတြင္အိပ္ေနေသာ႐ြာထဲကဝိုင္ကူလုပ္ေပးရန္ေရာက္ေနေသာအမ်ိဴ းသမီးႏွစ္ေယာက္အားလႈပ္ႏိုး၍
”””ဟဲ့——ထၾကပါအုံးအျပင္ကတံခါးလာတြန္းေနတယ္”””
အေမႏိုးလိုက္၍ထိုအမ်ိဴ းသမီးႏွစ္ေယာက္လဲအိပ္ခ်င္မူးတူးျဖင့္တံခါးအားဖြင့္ၾကည့္လိုက္ရာ
လူေသအပုတ္နံ႔ႀကီးသည္ေထာင္းကနဲနံသြားကာႏွာေခါင္းမ်ားပိတ္ထားမိၾကသည္။
ထိုအခ်ိန္မွာဘဲအျပင္ဘက္ဇရပ္ေရွ႕တြင္ရပ္ေနေသာအရိပ္မဲႀကီးႏွစ္ခုသည္ဇရပ္အတြင္းသို႔့ဝင္လာရာလန္႔၍ေအာ္ၾကေလသည္။
””’ေအာင္မေလးးးးးးးးးးးသရဲ——သရဲ—–””’
ထိုအသံေၾကာင့္အားလုံးလန္႔ႏိုးသြားၾကေလသည္။ထိုအရိပ္မဲႏွစ္ခုလဲေပ်ာက္ကြယ္သြားေလသည္။
မနက္မိုးလင္းေတာ့ဆရာေတာ္ကအေဖနဲ႔အေမအားမိန္႔လိုက္သည္။
”””ကဲ့ငါ့တပည့္ေတြဦးသိန္းလင္မယားကညကလာေတာင္းပန္တဲ့အတြက္—–ခြင့္လြတ္ေပးလိုက္ပါ——–
ေလာကမွာဘယ္သူမျပဳမိမိမႈ႕ပါဘဲ—–ကိုယ္ျပဳသည့္ကံကိုယ္ခံၾကရတာဘဲေလ——ေလာဘနိဂုံးကအဆုံးမလွရွာပါဘူးကြာ——””’
အေဖနဲ႔အေမလဲဆရာေတာ္အားအာ႐ုံဆြမ္းမုန္႔ဟင္းခါးခ်က္၍ကပ္ကာ႐ြာထဲကလူမ်ားအားလဲဖိတ္ေႂကြးၾကသည္။
ပါလာေသာလူ ဖြယ္ဝထၳဳပစၥည္းမ်ားကိုဆရာေတာ္အားဆက္ကပ္၍လူ တန္းကာ
ဦးသိန္းလင္မယားအားအမွ်ေဝေရစက္ခ်ၾကေလသည္။
ဆရာေတာ့္ေက်ာင္းကအျပန္ခရီးမွာေတာ့အေဖနဲ႔အေမရဲ႕စိတ္ေတြသည္ေပါ့ပါးလန္းဆန္း၍ေနပါေတာ့သည္။
ၿပီး