”လိပ်ပြာခွဲတဲ့ည”(စ-ဆုံး)

Unocode Version

”လိပ်ပြာခွဲတဲ့ည”(စ-ဆုံး)
——————————-
ယမင်း တစ်ယောက် မောင့် အင်္ကျီများ
ခေါက်သိမ်းရင်း ခန်းဆီးဝါးထရံမှ မောင်နှင့်
ယမင်းတို့ မင်္ဂလာဆောင်ဓာတ်ပုံလေးအား
ရှက်ပြုံးတို့ဖြင့် လှမ်းကြည့်လိုက်သည်….
မောင်ဝေယံနှင့် မယမင်းဖြိုး တို့၏ ထိမ်မြား
လက်ထက် ခြင်းအမှတ်တရ ဓာတ်ပုံပေါ်မှ
အပြာရောင်စာတန်းလေးကို ကြည့်ရင်း…
ယမင်းနဲ့မောင် အိမ်ထောင်သက်တောင်မှ
တစ်နှစ်ပြည့်ခဲ့ပြီပဲ မောင့်လို ယမင်းအပေါ်
ဂရုတစိုက်ကြင်နာတတ်ပြီး ပင်ပန်းဆင်းရဲခံ
ရှာဖွေကျွေးမွေး နိုင်ခဲ့သောသူအား ယမင်း
ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့သည်မှာ
မှန်ကန်ခဲ့ပါပြီ အခုလဲ မောင်အလုပ်သွားတာ
တစ်ပတ်ပြည့်ပြီ ဒီနေ့မနက်ပြန်လာမယ် လို့
ဖုန်းဆက်ထားတယ် မောင်ပြန်လာတဲ့အခါ
ယမင်းမှာ မောင်နဲ့ရတဲ့ရင်သွေး ရှိနေပြီဆိုရင်
မောင်ပျော်နေမှာ မြင်ယောင်ရင်း အလိုလိုရှက်
မိသည် ယမင်းနဲ့မောင်တို့ဘဝက ဆင်းရဲပေမဲ့
မောင့်လိုလူနဲ့အတူနေရသည်က ယမင်းအ
တွက် ပျော်ရွှင်ကျေနပ်ရသည် မဟုတ်ပါလား….
”မိန်းမရေ…မိန်းမ..”ဟာမောင်ပြန်လာပြီ…မောင့်
အကျင့်က…ဘယ်ကပြန်လာလာ အိမ်ထဲမဝင်ခင်
ယမင်းကို ခေါ်တော့တာပဲလေ..”မောင်..ရယ်
မနက်ထဲက မောင်ပြန်လာမယ်ဆိုလို့..မိန်းမက
မျှော်နေတာ..မောင်ဆရာဆိုင်ကယ်နဲ့ လိုက်
မပို့ဘူးလား..လွယ်အိပ့်အား တိုင်မှာချိတ်ရင်း
ဟုတ်တယ်မိန်းမရေ..ဆရာ အလုပ်ထဲမှာ
လုပ်လက်စလေးတွေကို အပြီးသတ်ပြီးမှလာမှာ
ရော့မောင်…ရေသောက်လိုက်ဦး..ပြီးရင်မောင့်ကို
မိန်းမဝမ်းသာစရာ ပြောမလို့……မိန်းမရယ်
မြန်မြန်သာပြော မောင်မိန်းမမှာ ကိုယ်ဝန်၃လ
ရှိနေပြီတဲ့”..ဟာမိန်းမ..မင်း..တစ်ကယ်ပြောတာ
လား…မောင့်ကို..အစောထဲကပြောပါလား
မိန်းမရယ်..မောင်ဝမ်းသာလိုက်တာ..ကွာ..နေဦး
ဒီကိစ္စကိုသေချာအောင်လို့..ဆေးမှူးလေး ကို
ရန်နိုင်ဆီ..သွားပြကြည့်ရအောင်ကွာ…အော်..
မောင်ရယ်..သူကိုယ်တိုင်..ပြောလိုက်တာပါဆို…
ဟုတ်ပါပြီ..ဒါဆိုမောင်..ကလေးချီရတော့မှာပေါ့
နော်…ဒါပေါ့မောင်ရဲ့..ဝမ်းသာလိုက်တာ..ကွာ…
ဟဲ့..မိဇာ..ယမင်းနဲ့ကိုဝေယံကြီးတို့ လင်မယား
က..တစ်ယောက်နဲ့တစ်ယောက်..သိပ်ချစ်ကြ
တာပဲနော်…ယာထဲသို့ ပေါင်းသင်ရန်သွား
ကြသော မိဇာနှင့်မြရီတို့ သူငယ်ချင်းနှစ်ယောက်
တီးတိုးပြောကြခြင်းဖြစ်သည်…”ဟုတ်တယ်မြရီ
သူတို့လင်မယား..ရန်ဖြစ်စကားများတာကို..ငါဖြင့်
တစ်ခါမှမတွေ့သေးဘူး..အေးဟယ်..ငါတို့လဲ
သူတို့လို..ကြည်နူးစရာကောင်းတဲ့..ဘဝလေး
ကို ပိုင်ဆိုင်ချင်လိုက်တာဟာ……
ဒီလိုနဲ့ ရက်တွေ လတွေ ကုန်ဆုံးလာတာနဲ့အမျှ
ယမင်းရဲ့ ကိုယ်ဝန်ကလဲ အရင့်အမာဖြစ်
လို့ မွေးဖို့ရက်နီးလာခဲ့တယ် ဝေယံတစ်
ယောက် အလုပ်တွေမနားမနေ လုပ်နေရင်း
တစ်ဖက်က ဇနီးသည်အပေါ်လဲ ဂရုစိုက်
ကာ သဲသဲလှုပ်လှုပ်ရသည်…….
ဟေ့ကောင် ဝေကြီး..သူငယ်ချင်းလဲဖြစ် လုပ်
ဖော်ကိုင်ဖက်လဲ ဖြစ်သော မောင်စိုး ၏ပြာပြာ
သလဲ ခေါ်သံကြောင့် လုပ်လက်စ အုတ်စီ
နေရာက ..”မောင်စိုးဘာတုန်းဟ…”အေး
မင်းမိန်းမ…ဗိုက်နာလို့တဲ့ဟ..ငါ့ကိုခေါ်ခိုင်း
လိုက်တာ..မင်းအဲ့ဒါတွေထားခဲ့…အမြန်လာ
အေး..ဒါဆိုအမြန်သွားရအောင်..မောင်စိုးရေ
မောင်စိုး ဆိုင်ကယ်လေးဖြင့် အိမ်ကို
အပြေးပြန်လာခဲ့သည် အိမ်ထဲမှာလူအနည်း
ငယ် ရောက်ရှိနေကြပြီး လက်သည် ဖြစ်တဲ့
ဒေါ်စိန်လဲ အိမ်ခန်းထဲမယ် အကြိတ်အနယ်
မွေးပေးနေ၏…ဇနီးသည်ဖြစ်သူ၏ အော်ဟစ်
ညည်းညူသံကြားရတော့ ဝေယံ စိတ်ထဲ
စိုးရိမ်ပူပန်မှု့က ကြီးစိုးနေလေသည်…..
”ဒေါ်စိန်…ကျုပ်မိန်းမ..အဆင်မပြေရင်..ဆေးရုံ
သွားမယ်ဗျာ..ဟဲ့..နင့်မိန်းမက..ဆေးရုံမ
ရောက်တော့ဘူးဟဲ့…မွေးနေပြီ..နင်အသာ
နေစမ်းပါ..ငါလုပ်ပေးနေပါတယ်”ဒေါ်စိန်က
စိတ်မရှည်ဟန်ဖြင့် အိမ်ခန်းထဲမှ လှမ်းအော်ခြင်း
ဖြစ်သည် ”ဝေကြီးရာ….မင်းကလဲစိတ်အေးအေး
ထားပါကွ..မွေးတော့မှာပါ..အေးပါ..မောင်စိုး
ရာ ငါလဲငါ့မိန်းမ…. တစ်ခုခုဖြစ်မှာစိုးလို့ပါကွာ…
ထိုအခိုက်….”ဟာမွေးပြီဟေ့….ယောက်ျားလေး
ဟ…ဝမ်းသာလွန်းလို့ အိမ်ပေါ်သို့ ပြေးအတတ်
ဟဲ့..ဝေယံ နင်ဘယ်လိုဖြစ်နေတာလဲ…ဒီမှာ
မပြီးသေးဘူး…ဝင်မလာနဲ့ဦး…ဟာဒေါ်စိန်ကလ
ဗျာ…ကျုပ်သားမျက်နှာ…ကြည့်ချင်လှပြီဗျ..
ပြီးရင်ကြည့်ရမယ်…ခဏစောင့်…ဒေါ်စိန်..ကျုပ်
မိန်းမရော..နေကောင်းရဲ့လားဗျ..ကောင်းပါတယ်
ဟ….ပင်ပန်းသွားတော့..ခဏမှိန်းနေတယ်..
နင်..အပြင်ထွက်ပါဟ…ဟုတ်ကဲ့ပါဗျာ…..ဟေ့
မောင်စိုး….ငါ့မိန်းမမွေးပြီကွ..ယောက်ျားလေး
တဲ့ကွ…အေးပါကွာ…ငါလဲဝမ်းသာပါတယ်ကွ
ထိုနေ့က ကြည်နူးလွန်းလို့ အရာအားလုံးမေ့
နေခဲ့သည်မှာ အမှန်ပင်….
သာယာအေးချမ်းတဲ့ မိသားစု ဘဝလေးထဲကို
ကံကြမ္မာဆိုးတွေ ဝင်ရောက်လာခဲ့ပါတယ် ကံ
ကြမ္မာက အကြာကြီးပျော်ခွင့်မပေးခဲ့ ယမင်း
တစ်ယောက် တစ်ရှောင်ရှောင် ဖြစ်လာခဲ့သည်
ကလေးကလဲ ၁၀ရက်ကျော်လေးပဲ ရသေးတော့
ဝေယံတစ်ယောက် အတော်ကို ဒုက္ခရောက်ရပါ
သည် မိန်းမ ဗိုက်ထဲ အချင်းကျန်ခဲ့တာလိုလို
သိုက်ကလာတာ လိုလိုနဲ့ဆေးရုံဆေးခန်းတွေ
လဲ စုံလှပြီ မသက်သာပဲ ပိုပိုဆိုးလာခဲ့သည်
ထို့နေ့ သူစကားတွေပြောနေခဲ့သည် ”မောင်”
ပြောလေ…. မိန်းမ…ယမင်းမရှိတော့ရင်..သား
လေးကို မောင်သေသေချာချာ…ပြုစုစောင့်
ရှောက်ပါနော်…..မိန်းမရယ်…မောင်ရှိပါတယ်
ဘာမှမဖြစ်စေရဘူးနော်…အဲ့လိုတွေ…မပြော
ပါနဲ့….တစ်ဖက်လှည့်ပြီး ဆန်ပြုတ်များ..ထည့်
ရင်း….တစ်သွင်သွင်..စီးကျနေသောမျက်ရည်
များ..သူမြင်လို့မဖြစ်…မသိမသာ..အင်္ကျီ
လက်မောင်းစဖြင့် သုတ်ရင် အပြုံးနဲ့ ဆန်ပြုတ်
တိုက်ဖို့လုပ်သည်…”မောင်..မငိုပါနဲ့နော်…
သူမ..မျက်ရည်များ စီးကျလျှက် ကျွန်တော်ကို
မငိုဖို့ ပြောနေသည် ကျွန်တော်ငိုနေတာကို
သူမ သိနေပြီတဲ့းဗျာ……
ဒီနေ့ ဆရာရဲ့ သူဋ္ဌေးအိမ်က ရေချိုးခန်း
ကြွေပြားကပ်နေရသည် ဘာရယ်ကြောင့်မှန်း
မသိ စိတ်ထဲလေးလံနေမိသည် ညနေ၂နာရီ
လောက်မှာ အပြီးသတ်သွားပြီဖြစ်၍ ပစ္စည်းများ
ထည့်ကာ အိမ်ပြန်လာခဲ့တော့သည်…….
အိမ်အနားအရောက် အိမ်ရှေ့ခြံစည်းရိုးများ
အရက်သမား အောင်ကြီးတို့တစ်စု ရိုတ်ဖျတ်
နေကြသည် ”ဟေ့ကောင်အောင်ကြီး”မင်းတို့
အဲ့ဒါဘာလုပ်တာလဲကွ…..ငြိုးငယ်သောမျက်နှာ
များဖြင့် ကျွန်တော်အား ငေးကြည့်နေကြသည်
အိမ်ထဲမှာလဲ လူများစုရုံးလျှက် ငိုသူကငို ရင်ထဲ
စိုးထိတ်သွားသည်….မိန်းမ…ငါ့မိန်းမ..အိမ်ပေါ်
သို့….ပြေးတတ်သွားစဉ် ဆီးကြိုနေသည့် မြင်
ကွင်းကား ကျွန်တော့် ရင်တွေ ကွဲကြေရပါပြီ….
သန်ခေါင်စင်ပေါ်၌ ငြိမ်သက်နေသည့် ယမင်း
တွေတွေကြီး ကြည့်ရင်း အသံမထွက်နိုင်တော့
မျက်ရည်တို့ တလိမ့်လိမ့် စီးကျလျှက် သက်မဲ့
နေသလို ”သူငယ်ချင်း” မင်းအားရအောင် ငိုချ
လိုက်နော်…သူငယ်ချင်း…မောင်းစိုး၏ တိုက်
တွန်းမှု့ကြောင့် မိန်းမဘေး၌ ဒူးထောက်ကျ
လျှက်….မိန်းမရယ်…မင်း..မောင်ပြန်အလာကို
စောင့်ပါဦးလားကွာ…မောင်…မင်းကိုသိပ့်ချစ်တာ
ရက်သား ကလေး၏ငိုသံကြောင့် ရင်ထဲပို၍
ဆို့နင့်ရသည်…..မောင်တို့သားလေးနဲ့ မောင့်ကို
မင်း ထားခဲ့နိုင်ပြီတဲ့လား မင်းမတရားဘူးကွာ…..
ဘေးမှ မောင်စိုးနဲ့ ရွာထဲမှ လူကြီးများမှာလဲ
မျက်ရည် မဆည်နိုင်ဖြစ်ရသည် …….
ရွာထဲမှ ဆွေမျိုးများနဲ့ တရွာထဲသားချင်း
များရဲ့ အကူအညီနဲ့ သုံးရက်မြောက်ပြီမို့ ဒီနေ့
မြေချဖို့ အစီအစဉ်လုပ်နေပြီး ကလေးအတွက်
လူကြီးသူမများမှ ”လိပ်ပြာခွဲ”ဖို့ဆိုပြီး နတ်ဝင်
သည် ဒေါ်သန်အေးလဲ ခေါ်ဆောင်ထားကြသည်
”ကဲ…ကဲ အားလုံးပဲ…လိပ်ပြာခွဲတော့မယ်…
မောင်ဝေယံ…ဒီနားလာ..ဦးညွန့်မောင်တို့လင်
မယား..ဒီနားမှာထိုင်…ယမင်း၏မိဘများဖြစ်ကြ
သော..ဦးညွှန့်မောင်တို့လဲ..ဝင်ထိုင်ရင်း…..
ယမင်းအလောင်းပေါ်၌ ချိန်ခွင်ကိုကိုင်လျှက်
ချိန်ခွင်တစ်ဘက်စီ၌ ဂွမ်းအနည်းငယ်ထည့်ထား
ပြီး နတ်ကတော် ဒေါ်သန်းအေးမှာ ပြောစရာ
ရှိတာများပြောကြားပြီးနောက်… ”ကဲသမီးလေး
ယမင်းရေ…ဒီဘက်ကသမီးဘက်…ဒီဘက်က
သမီးရဲ့သားလေးကို ယူရမဲ့ဘက်ပဲ”ကဲ….
သမီးယောက်ျားကိုကလေး ပေးမှာလား….
ချိန်ခွင်မှာ ယိမ်းထိုးလျှက် သူ့ဘက်သို့ ပြန်ဆွဲ
နေလေသည်…မိန်းမရယ်…မောင် သားလေးကို
မောင်စောင့်ရှောက်နိုင်ပါတယ်..အဲ့လိုမလုပ်ပါနဲ့
ကွာ….ငိုရင်းပြောတော့… ယောက္ခမလင်မယား
လဲ မျက်ရည်မတည်နိုင်တော့……ချိန်ခွင်မှာ သူ့
ဘက်သို့သာမြဲပါပဲ….အနောက်မှ သိုင်းဖက်လျှက်
ဝေကြီး…သူငယ်ချင်း..မင်းစိတ်ထိန်းလေကွာ
မောင်စိုး…ငါသားလေးကိုငါအရမ်းချစ်တာပါကွာ
အေးပါကွာ သူဘယ်သူ့ကိုပေးမလဲကြည့်ရအောင်
စိတ်ထိန်းထားပါဦးကွာ…မောင်စိုးမျက်ရည်များ
ဖြင့်တားရှာသည်…”ကဲသမီးရေ..ဒါဆို..သမီးရဲ့
မိဘတွေကို ပေးမှာလား…ချိန်ခွင်မှာ သာထိုးလျှက်
သူမိဘတွေ ဘက်သို့ အလေးသာကျသွားခဲ့ပြီ…
မိန်းမရယ်…မောင့်ကိုဘာလို့ မပေးရတာလဲကွာ
ငြိမ်သက်နေသော ယမင်း၏ ရုပ်အလောင်းနဲ့
ရင်ဘက်ပေါ်က ချိန်ခွင် ရှိုက်ကြီးတငင် ငိုကြွေး
နေသော ကျွန်တော် ရက်သားအရွယ် ကလေး
လေးက မိခင်အနားမှာ အမေ့နို့ရည် မသောက်
စို့ရတဲ့သူ့ဘဝ မိခင်က သေဆုံးပြီဖြစ်သည်ကို
သူ့မသိရှာ ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီး
မှာလဲ မျက်ရည်များ ကိုယ်ဆီ ရွှဲလျှက်……
ယမင်းဆုံးပြီး ရက်လည်ပြီးသွားတဲ့နောက်မှာ
ကျွန်တော် အိမ်မက် မက်ခဲ့သည် အိမ်မက်ထဲမှာ
ယမင်း ကျွန်တော်အနားကို ရေများစိုရွှဲလျှက်
လာထိုင်ပြီး…”မောင်…မောင့်ကို ကလေးမပေးလို့
ယမင်းကို စိတ်မနာပါနဲ့နော်..မောင်က..ငယ်
ငယ်ပဲရှိသေးတာ နောက်အိမ်ထောင်နဲ့ အချစ်သစ်
ကိုရှာပါ…ယမင်းကိုချစ်တဲ့စိတ်နဲ့… ကိုယ့်ကိုကိုယ်
ဒုက္ခမရှာပါနဲ့…မောင့်ကို ယမင်းအရမ်းချစ်တယ်
နော်…သူမတစ်ဖြေးဖြေးပျောက်ကွယ်သွားသည်
ယမင်း..ယမင်း…ရုတ်တရက် လန့်နိုးသွားပြီး
အံ့သြစရာက ခုဏ ယမင်းထိုင်သွားသော နေရာ
မှာ ရေများစိုရွှဲလျှက် ရှိသည်ကိုတွေ့ရခြင်းပင်
ဖြစ်သည်..ယမင်းရယ်..မောင့်ကိုအရမ်းချစ်တာ
တဲ့လား…အိမ်မက်လား တစ်ကယ်လားတော့
မသိတော့ပါဘူးလေ…..ထိုနောက်ပိုင်း ကြားရ
ပါတယ် ကလေးပုခက်ကိုလာလွှဲတာတို့ ကလေး
.ကိုမြှူနေတာတို့ တစ်ကယ်လား ယုံတမ်းလားတော့
စာဖတ် ပရိသတ် ပဲတွေးကြည့်ဖို့ တိုက်တွန်းရင်း….
(လေးစားစွာဖြင့်)-လေလွင်လူ(တွံတေး)

Zawgyi Version

”လိပ္ျပာခြဲတဲ့ည”(စ-ဆုံး)
——————————-
ယမင္း တစ္ေယာက္ ေမာင့္ အက်ႌမ်ား
ေခါက္သိမ္းရင္း ခန္းဆီးဝါးထရံမွ ေမာင္ႏွင့္
ယမင္းတို႔ မဂၤလာေဆာင္ဓာတ္ပုံေလးအား
ရွက္ၿပဳံးတို႔ျဖင့္ လွမ္းၾကည့္လိုက္သည္….
ေမာင္ေဝယံႏွင့္ မယမင္းၿဖိဳး တို႔၏ ထိမ္ျမား
လက္ထက္ ျခင္းအမွတ္တရ ဓာတ္ပုံေပၚမွ
အျပာေရာင္စာတန္းေလးကို ၾကည့္ရင္း…
ယမင္းနဲ႔ေမာင္ အိမ္ေထာင္သက္ေတာင္မွ
တစ္ႏွစ္ျပည့္ခဲ့ၿပီပဲ ေမာင့္လို ယမင္းအေပၚ
ဂ႐ုတစိုက္ၾကင္နာတတ္ၿပီး ပင္ပန္းဆင္းရဲခံ
ရွာေဖြေကြၽးေမြး ႏိုင္ခဲ့ေသာသူအား ယမင္း
ဘဝလက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္ခဲ့သည္မွာ
မွန္ကန္ခဲ့ပါၿပီ အခုလဲ ေမာင္အလုပ္သြားတာ
တစ္ပတ္ျပည့္ၿပီ ဒီေန႔မနက္ျပန္လာမယ္ လို႔
ဖုန္းဆက္ထားတယ္ ေမာင္ျပန္လာတဲ့အခါ
ယမင္းမွာ ေမာင္နဲ႔ရတဲ့ရင္ေသြး ရွိေနၿပီဆိုရင္
ေမာင္ေပ်ာ္ေနမွာ ျမင္ေယာင္ရင္း အလိုလိုရွက္
မိသည္ ယမင္းနဲ႔ေမာင္တို႔ဘဝက ဆင္းရဲေပမဲ့
ေမာင့္လိုလူနဲ႔အတူေနရသည္က ယမင္းအ
တြက္ ေပ်ာ္႐ႊင္ေက်နပ္ရသည္ မဟုတ္ပါလား….
”မိန္းမေရ…မိန္းမ..”ဟာေမာင္ျပန္လာၿပီ…ေမာင့္
အက်င့္က…ဘယ္ကျပန္လာလာ အိမ္ထဲမဝင္ခင္
ယမင္းကို ေခၚေတာ့တာပဲေလ..”ေမာင္..ရယ္
မနက္ထဲက ေမာင္ျပန္လာမယ္ဆိုလို႔..မိန္းမက
ေမွ်ာ္ေနတာ..ေမာင္ဆရာဆိုင္ကယ္နဲ႔ လိုက္
မပို႔ဘူးလား..လြယ္အိပ့္အား တိုင္မွာခ်ိတ္ရင္း
ဟုတ္တယ္မိန္းမေရ..ဆရာ အလုပ္ထဲမွာ
လုပ္လက္စေလးေတြကို အၿပီးသတ္ၿပီးမွလာမွာ
ေရာ့ေမာင္…ေရေသာက္လိုက္ဦး..ၿပီးရင္ေမာင့္ကို
မိန္းမဝမ္းသာစရာ ေျပာမလို႔……မိန္းမရယ္
ျမန္ျမန္သာေျပာ ေမာင္မိန္းမမွာ ကိုယ္ဝန္၃လ
ရွိေနၿပီတဲ့”..ဟာမိန္းမ..မင္း..တစ္ကယ္ေျပာတာ
လား…ေမာင့္ကို..အေစာထဲကေျပာပါလား
မိန္းမရယ္..ေမာင္ဝမ္းသာလိုက္တာ..ကြာ..ေနဦး
ဒီကိစၥကိုေသခ်ာေအာင္လို႔..ေဆးမႉးေလး ကို
ရန္ႏိုင္ဆီ..သြားျပၾကည့္ရေအာင္ကြာ…ေအာ္..
ေမာင္ရယ္..သူကိုယ္တိုင္..ေျပာလိုက္တာပါဆို…
ဟုတ္ပါၿပီ..ဒါဆိုေမာင္..ကေလးခ်ီရေတာ့မွာေပါ့
ေနာ္…ဒါေပါ့ေမာင္ရဲ႕..ဝမ္းသာလိုက္တာ..ကြာ…
ဟဲ့..မိဇာ..ယမင္းနဲ႔ကိုေဝယံႀကီးတို႔ လင္မယား
က..တစ္ေယာက္နဲ႔တစ္ေယာက္..သိပ္ခ်စ္ၾက
တာပဲေနာ္…ယာထဲသို႔ ေပါင္းသင္ရန္သြား
ၾကေသာ မိဇာႏွင့္ျမရီတို႔ သူငယ္ခ်င္းႏွစ္ေယာက္
တီးတိုးေျပာၾကျခင္းျဖစ္သည္…”ဟုတ္တယ္ျမရီ
သူတို႔လင္မယား..ရန္ျဖစ္စကားမ်ားတာကို..ငါျဖင့္
တစ္ခါမွမေတြ႕ေသးဘူး..ေအးဟယ္..ငါတို႔လဲ
သူတို႔လို..ၾကည္ႏူးစရာေကာင္းတဲ့..ဘဝေလး
ကို ပိုင္ဆိုင္ခ်င္လိုက္တာဟာ……
ဒီလိုနဲ႔ ရက္ေတြ လေတြ ကုန္ဆုံးလာတာနဲ႔အမွ်
ယမင္းရဲ႕ ကိုယ္ဝန္ကလဲ အရင့္အမာျဖစ္
လို႔ ေမြးဖို႔ရက္နီးလာခဲ့တယ္ ေဝယံတစ္
ေယာက္ အလုပ္ေတြမနားမေန လုပ္ေနရင္း
တစ္ဖက္က ဇနီးသည္အေပၚလဲ ဂ႐ုစိုက္
ကာ သဲသဲလႈပ္လႈပ္ရသည္…….
ေဟ့ေကာင္ ေဝႀကီး..သူငယ္ခ်င္းလဲျဖစ္ လုပ္
ေဖာ္ကိုင္ဖက္လဲ ျဖစ္ေသာ ေမာင္စိုး ၏ျပာျပာ
သလဲ ေခၚသံေၾကာင့္ လုပ္လက္စ အုတ္စီ
ေနရာက ..”ေမာင္စိုးဘာတုန္းဟ…”ေအး
မင္းမိန္းမ…ဗိုက္နာလို႔တဲ့ဟ..ငါ့ကိုေခၚခိုင္း
လိုက္တာ..မင္းအဲ့ဒါေတြထားခဲ့…အျမန္လာ
ေအး..ဒါဆိုအျမန္သြားရေအာင္..ေမာင္စိုးေရ
ေမာင္စိုး ဆိုင္ကယ္ေလးျဖင့္ အိမ္ကို
အေျပးျပန္လာခဲ့သည္ အိမ္ထဲမွာလူအနည္း
ငယ္ ေရာက္ရွိေနၾကၿပီး လက္သည္ ျဖစ္တဲ့
ေဒၚစိန္လဲ အိမ္ခန္းထဲမယ္ အႀကိတ္အနယ္
ေမြးေပးေန၏…ဇနီးသည္ျဖစ္သူ၏ ေအာ္ဟစ္
ညည္းညဴသံၾကားရေတာ့ ေဝယံ စိတ္ထဲ
စိုးရိမ္ပူပန္မႈ႕က ႀကီးစိုးေနေလသည္…..
”ေဒၚစိန္…က်ဳပ္မိန္းမ..အဆင္မေျပရင္..ေဆး႐ုံ
သြားမယ္ဗ်ာ..ဟဲ့..နင့္မိန္းမက..ေဆး႐ုံမ
ေရာက္ေတာ့ဘူးဟဲ့…ေမြးေနၿပီ..နင္အသာ
ေနစမ္းပါ..ငါလုပ္ေပးေနပါတယ္”ေဒၚစိန္က
စိတ္မရွည္ဟန္ျဖင့္ အိမ္ခန္းထဲမွ လွမ္းေအာ္ျခင္း
ျဖစ္သည္ ”ေဝႀကီးရာ….မင္းကလဲစိတ္ေအးေအး
ထားပါကြ..ေမြးေတာ့မွာပါ..ေအးပါ..ေမာင္စိုး
ရာ ငါလဲငါ့မိန္းမ…. တစ္ခုခုျဖစ္မွာစိုးလို႔ပါကြာ…
ထိုအခိုက္….”ဟာေမြးၿပီေဟ့….ေယာက္်ားေလး
ဟ…ဝမ္းသာလြန္းလို႔ အိမ္ေပၚသို႔ ေျပးအတတ္
ဟဲ့..ေဝယံ နင္ဘယ္လိုျဖစ္ေနတာလဲ…ဒီမွာ
မၿပီးေသးဘူး…ဝင္မလာနဲ႔ဦး…ဟာေဒၚစိန္ကလ
ဗ်ာ…က်ဳပ္သားမ်က္ႏွာ…ၾကည့္ခ်င္လွၿပီဗ်..
ၿပီးရင္ၾကည့္ရမယ္…ခဏေစာင့္…ေဒၚစိန္..က်ဳပ္
မိန္းမေရာ..ေနေကာင္းရဲ႕လားဗ်..ေကာင္းပါတယ္
ဟ….ပင္ပန္းသြားေတာ့..ခဏမွိန္းေနတယ္..
နင္..အျပင္ထြက္ပါဟ…ဟုတ္ကဲ့ပါဗ်ာ…..ေဟ့
ေမာင္စိုး….ငါ့မိန္းမေမြးၿပီကြ..ေယာက္်ားေလး
တဲ့ကြ…ေအးပါကြာ…ငါလဲဝမ္းသာပါတယ္ကြ
ထိုေန႔က ၾကည္ႏူးလြန္းလို႔ အရာအားလုံးေမ့
ေနခဲ့သည္မွာ အမွန္ပင္….
သာယာေအးခ်မ္းတဲ့ မိသားစု ဘဝေလးထဲကို
ကံၾကမၼာဆိုးေတြ ဝင္ေရာက္လာခဲ့ပါတယ္ ကံ
ၾကမၼာက အၾကာႀကီးေပ်ာ္ခြင့္မေပးခဲ့ ယမင္း
တစ္ေယာက္ တစ္ေရွာင္ေရွာင္ ျဖစ္လာခဲ့သည္
ကေလးကလဲ ၁၀ရက္ေက်ာ္ေလးပဲ ရေသးေတာ့
ေဝယံတစ္ေယာက္ အေတာ္ကို ဒုကၡေရာက္ရပါ
သည္ မိန္းမ ဗိုက္ထဲ အခ်င္းက်န္ခဲ့တာလိုလို
သိုက္ကလာတာ လိုလိုနဲ႔ေဆး႐ုံေဆးခန္းေတြ
လဲ စုံလွၿပီ မသက္သာပဲ ပိုပိုဆိုးလာခဲ့သည္
ထို႔ေန႔ သူစကားေတြေျပာေနခဲ့သည္ ”ေမာင္”
ေျပာေလ…. မိန္းမ…ယမင္းမရွိေတာ့ရင္..သား
ေလးကို ေမာင္ေသေသခ်ာခ်ာ…ျပဳစုေစာင့္
ေရွာက္ပါေနာ္…..မိန္းမရယ္…ေမာင္ရွိပါတယ္
ဘာမွမျဖစ္ေစရဘူးေနာ္…အဲ့လိုေတြ…မေျပာ
ပါနဲ႔….တစ္ဖက္လွည့္ၿပီး ဆန္ျပဳတ္မ်ား..ထည့္
ရင္း….တစ္သြင္သြင္..စီးက်ေနေသာမ်က္ရည္
မ်ား..သူျမင္လို႔မျဖစ္…မသိမသာ..အက်ႌ
လက္ေမာင္းစျဖင့္ သုတ္ရင္ အၿပဳံးနဲ႔ ဆန္ျပဳတ္
တိုက္ဖို႔လုပ္သည္…”ေမာင္..မငိုပါနဲ႔ေနာ္…
သူမ..မ်က္ရည္မ်ား စီးက်လွ်က္ ကြၽန္ေတာ္ကို
မငိုဖို႔ ေျပာေနသည္ ကြၽန္ေတာ္ငိုေနတာကို
သူမ သိေနၿပီတဲ့းဗ်ာ……
ဒီေန႔ ဆရာရဲ႕ သူေ႒းအိမ္က ေရခ်ိဳးခန္း
ေႂကြျပားကပ္ေနရသည္ ဘာရယ္ေၾကာင့္မွန္း
မသိ စိတ္ထဲေလးလံေနမိသည္ ညေန၂နာရီ
ေလာက္မွာ အၿပီးသတ္သြားၿပီျဖစ္၍ ပစၥည္းမ်ား
ထည့္ကာ အိမ္ျပန္လာခဲ့ေတာ့သည္…….
အိမ္အနားအေရာက္ အိမ္ေရွ႕ၿခံစည္း႐ိုးမ်ား
အရက္သမား ေအာင္ႀကီးတို႔တစ္စု ႐ိုတ္ဖ်တ္
ေနၾကသည္ ”ေဟ့ေကာင္ေအာင္ႀကီး”မင္းတို႔
အဲ့ဒါဘာလုပ္တာလဲကြ…..ၿငိဳးငယ္ေသာမ်က္ႏွာ
မ်ားျဖင့္ ကြၽန္ေတာ္အား ေငးၾကည့္ေနၾကသည္
အိမ္ထဲမွာလဲ လူမ်ားစု႐ုံးလွ်က္ ငိုသူကငို ရင္ထဲ
စိုးထိတ္သြားသည္….မိန္းမ…ငါ့မိန္းမ..အိမ္ေပၚ
သို႔….ေျပးတတ္သြားစဥ္ ဆီးႀကိဳေနသည့္ ျမင္
ကြင္းကား ကြၽန္ေတာ့္ ရင္ေတြ ကြဲေၾကရပါၿပီ….
သန္ေခါင္စင္ေပၚ၌ ၿငိမ္သက္ေနသည့္ ယမင္း
ေတြေတြႀကီး ၾကည့္ရင္း အသံမထြက္ႏိုင္ေတာ့
မ်က္ရည္တို႔ တလိမ့္လိမ့္ စီးက်လွ်က္ သက္မဲ့
ေနသလို ”သူငယ္ခ်င္း” မင္းအားရေအာင္ ငိုခ်
လိုက္ေနာ္…သူငယ္ခ်င္း…ေမာင္းစိုး၏ တိုက္
တြန္းမႈ႕ေၾကာင့္ မိန္းမေဘး၌ ဒူးေထာက္က်
လွ်က္….မိန္းမရယ္…မင္း..ေမာင္ျပန္အလာကို
ေစာင့္ပါဦးလားကြာ…ေမာင္…မင္းကိုသိပ့္ခ်စ္တာ
ရက္သား ကေလး၏ငိုသံေၾကာင့္ ရင္ထဲပို၍
ဆို႔နင့္ရသည္…..ေမာင္တို႔သားေလးနဲ႔ ေမာင့္ကို
မင္း ထားခဲ့ႏိုင္ၿပီတဲ့လား မင္းမတရားဘူးကြာ…..
ေဘးမွ ေမာင္စိုးနဲ႔ ႐ြာထဲမွ လူႀကီးမ်ားမွာလဲ
မ်က္ရည္ မဆည္ႏိုင္ျဖစ္ရသည္ …….
႐ြာထဲမွ ေဆြမ်ိဳးမ်ားနဲ႔ တ႐ြာထဲသားခ်င္း
မ်ားရဲ႕ အကူအညီနဲ႔ သုံးရက္ေျမာက္ၿပီမို႔ ဒီေန႔
ေျမခ်ဖို႔ အစီအစဥ္လုပ္ေနၿပီး ကေလးအတြက္
လူႀကီးသူမမ်ားမွ ”လိပ္ျပာခြဲ”ဖို႔ဆိုၿပီး နတ္ဝင္
သည္ ေဒၚသန္ေအးလဲ ေခၚေဆာင္ထားၾကသည္
”ကဲ…ကဲ အားလုံးပဲ…လိပ္ျပာခြဲေတာ့မယ္…
ေမာင္ေဝယံ…ဒီနားလာ..ဦးၫြန္႔ေမာင္တို႔လင္
မယား..ဒီနားမွာထိုင္…ယမင္း၏မိဘမ်ားျဖစ္ၾက
ေသာ..ဦးၫႊန္႔ေမာင္တို႔လဲ..ဝင္ထိုင္ရင္း…..
ယမင္းအေလာင္းေပၚ၌ ခ်ိန္ခြင္ကိုကိုင္လွ်က္
ခ်ိန္ခြင္တစ္ဘက္စီ၌ ဂြမ္းအနည္းငယ္ထည့္ထား
ၿပီး နတ္ကေတာ္ ေဒၚသန္းေအးမွာ ေျပာစရာ
ရွိတာမ်ားေျပာၾကားၿပီးေနာက္… ”ကဲသမီးေလး
ယမင္းေရ…ဒီဘက္ကသမီးဘက္…ဒီဘက္က
သမီးရဲ႕သားေလးကို ယူရမဲ့ဘက္ပဲ”ကဲ….
သမီးေယာက္်ားကိုကေလး ေပးမွာလား….
ခ်ိန္ခြင္မွာ ယိမ္းထိုးလွ်က္ သူ႔ဘက္သို႔ ျပန္ဆြဲ
ေနေလသည္…မိန္းမရယ္…ေမာင္ သားေလးကို
ေမာင္ေစာင့္ေရွာက္ႏိုင္ပါတယ္..အဲ့လိုမလုပ္ပါနဲ႔
ကြာ….ငိုရင္းေျပာေတာ့… ေယာကၡမလင္မယား
လဲ မ်က္ရည္မတည္ႏိုင္ေတာ့……ခ်ိန္ခြင္မွာ သူ႔
ဘက္သို႔သာၿမဲပါပဲ….အေနာက္မွ သိုင္းဖက္လွ်က္
ေဝႀကီး…သူငယ္ခ်င္း..မင္းစိတ္ထိန္းေလကြာ
ေမာင္စိုး…ငါသားေလးကိုငါအရမ္းခ်စ္တာပါကြာ
ေအးပါကြာ သူဘယ္သူ႔ကိုေပးမလဲၾကည့္ရေအာင္
စိတ္ထိန္းထားပါဦးကြာ…ေမာင္စိုးမ်က္ရည္မ်ား
ျဖင့္တားရွာသည္…”ကဲသမီးေရ..ဒါဆို..သမီးရဲ႕
မိဘေတြကို ေပးမွာလား…ခ်ိန္ခြင္မွာ သာထိုးလွ်က္
သူမိဘေတြ ဘက္သို႔ အေလးသာက်သြားခဲ့ၿပီ…
မိန္းမရယ္…ေမာင့္ကိုဘာလို႔ မေပးရတာလဲကြာ
ၿငိမ္သက္ေနေသာ ယမင္း၏ ႐ုပ္အေလာင္းနဲ႔
ရင္ဘက္ေပၚက ခ်ိန္ခြင္ ရႈိက္ႀကီးတငင္ ငိုေႂကြး
ေနေသာ ကြၽန္ေတာ္ ရက္သားအ႐ြယ္ ကေလး
ေလးက မိခင္အနားမွာ အေမ့ႏို႔ရည္ မေသာက္
စို႔ရတဲ့သူ႔ဘဝ မိခင္က ေသဆုံးၿပီျဖစ္သည္ကို
သူ႔မသိရွာ ဝိုင္းအုံၾကည့္ေနၾကေသာ လူအုပ္ႀကီး
မွာလဲ မ်က္ရည္မ်ား ကိုယ္ဆီ ႐ႊဲလွ်က္……
ယမင္းဆုံးၿပီး ရက္လည္ၿပီးသြားတဲ့ေနာက္မွာ
ကြၽန္ေတာ္ အိမ္မက္ မက္ခဲ့သည္ အိမ္မက္ထဲမွာ
ယမင္း ကြၽန္ေတာ္အနားကို ေရမ်ားစို႐ႊဲလွ်က္
လာထိုင္ၿပီး…”ေမာင္…ေမာင့္ကို ကေလးမေပးလို႔
ယမင္းကို စိတ္မနာပါနဲ႔ေနာ္..ေမာင္က..ငယ္
ငယ္ပဲရွိေသးတာ ေနာက္အိမ္ေထာင္နဲ႔ အခ်စ္သစ္
ကိုရွာပါ…ယမင္းကိုခ်စ္တဲ့စိတ္နဲ႔… ကိုယ့္ကိုကိုယ္
ဒုကၡမရွာပါနဲ႔…ေမာင့္ကို ယမင္းအရမ္းခ်စ္တယ္
ေနာ္…သူမတစ္ေျဖးေျဖးေပ်ာက္ကြယ္သြားသည္
ယမင္း..ယမင္း…႐ုတ္တရက္ လန္႔ႏိုးသြားၿပီး
အံ့ၾသစရာက ခုဏ ယမင္းထိုင္သြားေသာ ေနရာ
မွာ ေရမ်ားစို႐ႊဲလွ်က္ ရွိသည္ကိုေတြ႕ရျခင္းပင္
ျဖစ္သည္..ယမင္းရယ္..ေမာင့္ကိုအရမ္းခ်စ္တာ
တဲ့လား…အိမ္မက္လား တစ္ကယ္လားေတာ့
မသိေတာ့ပါဘူးေလ…..ထိုေနာက္ပိုင္း ၾကားရ
ပါတယ္ ကေလးပုခက္ကိုလာလႊဲတာတို႔ ကေလး
.ကိုျမႇဴေနတာတို႔ တစ္ကယ္လား ယုံတမ္းလားေတာ့
စာဖတ္ ပရိသတ္ ပဲေတြးၾကည့္ဖို႔ တိုက္တြန္းရင္း….
(ေလးစားစြာျဖင့္)-ေလလြင္လူ(တြံေတး)