ရှင်ပြုခိုင်းတဲ့ ဝိညာဉ် (စ-ဆုံး)

Unicode Version

ရှင်ပြုခိုင်းတဲ့ ဝိညာဉ် (စ-ဆုံး)
မိုးက သည်းသည်းမည်းမည်း ရွာနေသည်။
ရေပြင်ကျယ်က မျက်စိတဆုံး ဖြစ်နေသည်။
ချောင်းအတွင်း လေဆန် ရေဆန်ကို အံတုလှော်ခတ်နေသော
လှေတစ်စင်းက တရွေ့ရွေ့။ ထိုးထိုးထောင်ထောင် ကိုင်းပင်။
ချုံပင်များ အနားသတ်ထားခြင်းကြောင့်သာ
ဤနေရာ ချောင်းဖြစ်သည်ဟု သိရသည်။
မိုးရွာလွန်းသဖြင့် လယ်ကွက်များ ရေလွှမ်းကာ
အချို့နေရာများတွင် လယ်ကန်သင်းရိုးပင် မမြင်ရတော့။
ချောင်းရေမျက်နှာပြင်နှင့် လယ်ကွင်းများ တဆက်တည်း
ဖြစ်နေသည်။ ဝါဆို ။ ဝါခေါင်မိုးက ကောင်းလွန်းလှသည်။
ကိုထွန်းခင်နှင့် မမြအေးတို့ လင်မယား လှေတစ်စင်းနှင့်
လှည်းဆိပ်ရွာမှ ဆီးဖြူသောင်ရွာသို့ ပြန်လာကြသည်။
နေ့ခင်းက ကိစ္စရှိသဖြင့် လှေနှင့် လှည်းဆိပ်ရွာသို့ လာခဲ့ကြသည်။
ထွက်ခဲ့စဉ်က ရာသီဥတု သာသာယာယာ ရှိသည်။
ပြန်တော့မည့် အချိန်ရောက်မှ အနောက်တောင်မှ
မိုးသားမိုးရိပ်တို့ အလိပ်လိုက် တက်လာသည်။
ဝေါ …ဝေါ
လေက မျက်နှာချင်းဆိုင်မှ အရှိန်ပြင်းစွာ တိုက်နေသည်။
လင်မယားနှစ်ယောက်အား ကုန်းလှော်နေပေမယ့်
လေကို ဆန်တက်နေရချင်းကြောင့် ခရီးမတွင်နိုင် ဖြစ်နေသည်။
တစ်ချက် တစ်ချက် လှေကို မထိန်းနိုင်ဘဲ
လည်ထွက်သွားသည်မှာ နှစ်ကြိမ်သုံးကြိမ်မျှ ရှိနေသည်။
လေတိုက်အားက လျော့မသွားသလို မိုးကလည်း
အားကုန် ရွာချနေသည်။
လှေဝင်းထဲမှာ မိုးရေတို့ကလည်း ပုံးနှင့်လောင်းထည့်နေသလို
ချက်ချင်း များ၍ များ၍ လာနေသည်။
လှည်းဆိပ်ရွာနှင့် ဆီးဖြူသောင်ရွာက နှစ်မိုင်သာသာခန့်သာ
ကွာဝေးသည်။
ယခု လေကိုဆန် ။ ရေကို ဆန်၍ လှော်ခတ်နေရသဖြင့်
တစ်နာရီ နီးပါးရှိသော်လည်း ခရီးတစ်ဝက်ခန့်သာ
ရောက်သေးသည်။
ဝေါ ဝေါ ဒုန်း
လေပြင်းကျနေသည်။ သစ်ပင်ကြီးများ မရှိ။ အကာအကွယ်မဲ့
ရေပြင်အလယ်မှာ လှေက အလူးလူး အလိမ့်လိမ့် ခေါင်းမှာ
ဆောင်းထားသည့် ခမောက်များကလည်း ပထမဆုံးလေပြင်း
တိုက်ကတည်းက လေနှင့်ပါသွားသဖြင့် …
မိုးထဲရေထဲ ဆောင်းစရာ ခြုံစရာမရှိ ။ အပေါ်သွား
အောက်သွား တဆတ်ဆတ် ရိုက်ခတ်သည်အထိ
ခိုက်ခိုက်တုန်အောင် ချမ်းနေသည်။
ဝေါ…
အား…
အား…
ဝုန်း
လေပြင်းတစ်ချက်အရိုက်မှာ လှေတစ်ဖက်စောင်းပြီး
နစ်သွားတော့သည်။
လင်မယားနှစ်ယောက်စလုံး လှေတခြား လူတခြား
ဖြစ်သွားရသည်။ ရေစီးကြောင့်လည်း တစ်ယောက်နှင့်
တစ်ယောက် ကွဲသွားသည်။ မမြအေးက ရေနစ် နစ်ခြင်း
အကြောက်လွန်ကာ ယက်ကန် ယက်ကန်ဖြစ်ပြီး
ရေအောက်သို့ ရေစီးနှင့်အတူ နစ်လျက် ပါသွားတော့သည်။
ကိုထွန်းခင်က ရေကို ကျွမ်းကျွမ်းကျင်ကျင် မကူးတတ်။
ရေပေါ် ပေါ်နေသော လှေကို ဖက်တွယ်မိသော်လည်း
မမြအေးကို ရှာမတွေ့သဖြင့် လှေကို လွှတ်ပြီး
မမြအေးမြုပ်သွားသည့်နေရာသို့ ကူးအလာ
ရေကူးကျွမ်းကျင်မှု မရှိခြင်းကြောင့် ရေစီးအားနှင့်
လည်ထွက်ကာ ရေထဲ နစ်သွားပါတော့သည်။
ကိုထွန်းခင်နှင့် မမြအေးတို့ လင်မယား နှစ်ယောက်လုံး
ရေ လေ မိုးကို အံမတုနိုင်ဘဲ လက်မြှောက်အရှုံးပေးပြီး
လူ့လောကထဲက ထွက်သွားရပါတော့သည်။
XXXX
ကိုထွန်းခင်နှင့် မမြအေးတို့ လင်မယားနှစ်ယောက်စလုံး
လှေမှောက်ပြီး ရေနစ်သေဆုံးသွားကြသည့်အတွက်
အလောင်းပြန်ရတော့ နှစ်ရက်ပင် ရှိနေပြီ။
သို့ကြောင့် အလောင်းကို ရေထဲမှ ဆယ်ယူပြီး
သင်္ချိုင်းမှာ တစ်ခါတည်း မြှုပ်လိုက်ကြရသည်။
ထိုအချိန် ထိုထွန်းခင် အသက်က (၃၅)နှစ်
မမြအေးက အသက် (၃၃)နှစ်သာ ရှိသေးသည်။
သူတို့တွင် (၁၃)နှစ်အရွယ် အကြီးဆုံးသား ။
(၁၀)နှစ်အရွယ်သား။ (၈)နှစ်အရွယ် သမီး။
(၆)နှစ်အရွယ် အငယ်ဆုံးသား အားလုံး
သားသမီး လေးယောက် ကျန်ခဲ့သည်။
သူတို့ လင်မယား အိမ်ထောင်မကျခင်ကတည်းက
နှစ်ဖက်မိဘများ လူ့လောကတွင် မရှိတော့။
မမြအေးမိခင်၏ညီမဖြစ်သူ ဒေါ်လေးဒေါ်ထွေးစိန်၏
အုပ်ထိန်းမှု အောက်မှာနေရင်း အိမ်ထောင်ကျခဲ့သည်။
သို့အတွက်ကြောင့် အိမ်ထောင်ကျ၍ အိုးအိမ်ခွဲ
နေထိုင်ကြသည့်အခါ ဒေါ်ထွေးစိန်၏ ခြံတွင်းအတွင်းမှာပင်
အိမ်တစ်လုံး ဆောက်၍ နေထိုင်ခဲ့ကြပါသည်။
ယခု မိဘနှစ်ဦးလုံး သေဆုံးသွားသည့်အတွက်
မိဘမဲ့သွားသော ကလေး လေးယောက်ကို
ဒေါ်ထွန်းစိန်အိမ်ပေါ် ခေါ်တင်ထားရတော့သည်။
ဒေါ်ထွေးစိန်က မုဆိုးမဖြစ်ပေမယ့် သားနှင့်သမီး
အသက်သုံးဆယ်ကျော် အပျိုကြီး ။လူပျိုကြီး
မောင်နှမက လယ်ယာအလုပ်ကို ဦးစီးလုပ်ကိုင်ပေးနေခြင်းကြောင့်
စားဝတ်နေရေး ပြေပြေလည်လည် ရှိခဲ့သည်။
အပျိုကြီးနှင့် လူပျိုကြီးတို့က မိဘမဲ့ တူလေး
တူမလေးတို့အား မိဘများ ရှိစဉ်ကကဲ့သို့
အငယ်နှစ်ယောက်ကို ကျောင်းဆက်ထားပေးခဲ့သည်။
အကြီးဆုံးနှင့် အလတ်ကောင်တို့လည်း
စတုတ္ထတန်းအောင်ပြီးကတည်းက
ကျောင်းမှထွက်ပြီး မိဘအလုပ်များကို
နိုင်သမျှ ဝင်လုပ်ပေးကြသည်။
(၈)နှစ်အရွယ် သမီးလေးက စတုတ္ထတန်းမှာ တက်နေသည်။
အငယ်ဆုံးသားကတော့ ပထမတန်းမှာပင် ရှိသေးသည်။
စတုတ္ထတန်းအောင်ပြီး ပဉ္စမတန်းတက်မည်ဆိုလျှင်
ရွာနှင့်ငါးမိုင်မျှ ဝေးသော တာဆုံကြီးရွာကြီးမှ
သွားတက်ရပေမည်။
အလယ်တန်းကျောင်းက ရွာနှင့်မနီးသဖြင့်
လေးတန်းအောင်ပြီးသည်နှင့်
အလယ်တန်းသို့ တက်သူ ရှားပါးလှသည်။
ကိုထွန်းခင်နှင့် မမြအေးတို့ ဆုံးပါးသွားခဲ့သည်မှာ
တစ်လပြည့်သွားခဲ့ပြီ။သို့ကြောင့် လပတ်ဆွမ်းကို
ဘုန်းတော်ကြီးကျောင်းသို့ သွားပို့ရန် ဒေါ်ထွေးစိန်တို့
သားအမိ ဆွမ်းဟင်း သုံးမျိုးခန့် ချက်ပြုတ်နေကြသည်။
အချိန်က နံနက်လေးနာရီခန့်ကျော်ပြီ။
ဒုန်း
ဝေရာ
ဒေါက် …ဒေါက်
“ဟဲ့ …ဟဲ့ ။ ခဲလုံးတွေ အိမ်ထဲဝင်လာပါလား”
“ဘယ်ကများ ပေါက်ပေါက်ရှာရှာ ။ ခဲလုံးတွေနဲ့
လာပေါက်နေရတာလဲ”
လူပျိုကြီး ကိုမျိုးဇော်လည်း အနီးသို့ ကျလာသော
ခဲတစ်လုံးကို ကောက်ယူပြီး ကြည့်လိုက်သည်။
“ဟင် အမေနဲ့နုတင် ။ဒီခဲလုံးတွေကိုကြည့်ပါဦး
တစ်ရွာလုံး ရေတွေ ဖုံးနေတာ ခဲလုံးတွေက အခြောက်တွေ
ခြောက်သမှလက်နဲ့ ချေလိုက်ရင် သဲတွေလို ကြေသွားတယ်”
“ဒေါက် ဒေါက် ”
“ဟော ကျလာပြန်ပြီ။ ဖိနပ်ချွတ် အမိုးနဲ့ အိမ်မကြီး
တံစက်မြိတ်ကြား လွတ်နေတဲ့နေရာက ခဲတွေ ဝင်လာတာ”
“ဘယ်သူကများ ရှာရှာဖွေဖွေ ခဲတွေ ရှာလာပြီး
ပေါက်နေတာလဲ မသိဘူး”
ဒေါက် …ဒေါက်
ခဲလုံးများက ကျမြဲကျနေသည်။
“ဟဲ့ …မျိုးဇော် အိမ်ထဲကပဲ ဝေဖန်မနေနဲ့။
တံခါးဖွင့်ပြီး အိမ်ရှေ့သွားကြည့်ကြပါဦး”
ကိုမျိုးဇော်လည်း တံခါးဖွင့်၍ အပြင်သို့ ကြည့်ရာ
မနက်လေးနာရီခွဲခန့်လည်း ဖြစ် ။ မိုးသားမိုးရိပ်တို့
ရှိနေခြင်းကြောင့် မှောင်မှောင်မည်းမည်းသာ မြင်ရသည်။
“အပြင်မှာ မှောင်နေသေးတယ် အမေရဲ့။ တကယ်ပစ်တဲ့
လူဟာ လှေစီးပြီး လာပစ်မှရမယ် ။ သရဲခြောက်နေတာပဲ ဖြစ်မယ်”
“နင့်စကားကလည်း မဟုတ်သေးပါဘူး ။ ဘယ်က
သရဲလာပေါက်ရမှာလဲ”
ကိုမျိုးဇော်က တံခါးကို ပြန်စေ့ခဲ့ပြီး မီးဖိုအတွင်းသို့
ဝင်လာသည်။
“အမေပဲ စဉ်းစာကြည့်လေ။ ဘယ်သူက တံစက်မြိတ်ကြီးက
အိမ်ထဲဝင်အောင် ပေါက်နိုင်မှာလဲ ။ အခု တော်သတင်းလဆန်း
မိုးကောင်းတုန်း တစ်ရွာလုံး ရေလွှမ်းနေတာ ။ ဒီလို ခဲမျိုးနဲ့
ပေါက်ချင်ရင် အညာ မိုးခေါင်ဒေသက ခဲတွေကို လှေနဲ့
သယ်လာပြီး ပေါက်မှရမယ် ။ ဟို ခဲလုံးတွေ ကြည့်ပါလား
ကြမ်းပြင်နဲ့ ထိတာနဲ့ ကြေမွသွားတာ ။ ရွှံ့ကို လုံးပြီး
အခြောက်ခံထားတဲ့ ခဲ မဟုတ်ဘူး။ ထူဆန်းလို့
သရဲခြောက်ခံတာလို့ ပြောတာ ”
ဒေါက် ဒေါက်
ခဲက ကျမြဲ ကျနေသည်။
လူကိုတော့ တစ်လုံးမှမထိ။
“ဒါဆို လှခင်နဲ့ မြအေးတို့ နှစ်ယောက် ။ လပတ်ဆွမ်းအတွက်
ဆွမ်းဟင်း ။ ထမင်းချက်နေတာ သိတဲ့အကြောင်း ခဲပေါက်ပြီး
အသိပေးနေတာများလား”
“တို့ ဆွမ်းချက်တာသိလို့ အချက်ပေးတာ ဆိုရင်လည်း
ဆွမ်းပို့ပြီး တရားနာရင် ဝင်နာလို့ရလည်း ဝင်နာ။
ဒါမှမဟုတ် သာဓုခေါ်ချင်လို့ ဆိုရင်လည်း အမျှဝေတဲ့အခါ
စောင့်ပြီး သာဓုခေါ်ပေါ့”
မနက်မိုးလင်းတော့ ခဲများ ခဲအကြေများကို ကောက်သ်ိမ်းရာ
ဇကောတစ်ဝက်နီးပါးရသည်။
“ကြံကြံဖန်ဖန် ဒီလောက်ခဲတွေ ဘယ်ကများ ကောက်လာပြီး
ပစ်နေတာလဲ မသိဘူး”
မနက် ရှစ်နာရီခန့် နေ့ဆွမ်းအတွက် ဆွမ်းချိုင့် နှစ်ချိုင့်ကို
ဒေါ်ထွေးစိန်နှင့် မနုတင်တို့ တစ်ချိုင့်စီဆွဲပြီး ဘုန်းတော်ကြီး
ကျောင်းသို့ သွားပို့ကြသည်။
အငယ်လေးနှစ်ယောက်က ကျောင်းသွားရန် ပြင်ဆင်နေသည်။
အကြီးဆုံးကောင်လေးက လှေဖြင့် ကျောင်းပို့ရန်
လှေဝမ်းအတွင်းမှ ရေကို ခပ်ထုတ်ပြီး အသင့်စောင့်နေသည်။
ထိုကဲ့သို့ ဒေါ်ထွေးစိန်အိမ် ခဲပေါက်ခံရသော နေ့၏
နောက်တစ်ရက်တွင် လက်ပံလှရွာ ဦးပု ဒေါ်လှထွေးတို့အိမ်မှာလည်း
တစ်ညလုံး နီးပါး ခဲလုံးအခြောက်တွေ အဆက်မပြတ်
ကျခဲ့သည်။ တစ်ရွာနှင့် တစ်ရွာ ဆယ်မိုင်ခန့် ဝေးသည်။
ဒေါ်လှထွေးက သေသူ မမြအေး၏အစ်မရင်း
ဖြစ်သည်။ ဦးပုနှင့် အိမ်ထောင်ကျပြီး
ဦးပုတို့ရွာ လက်ပံလှမှာ လိုက်နေခြင်း ဖြစ်သည်။
အကြောင်းကိစ္စမရှိလျှင် ဆီးဖြူသောင်ရွာသို့
တစ်နှစ်တစ်ခေါက်ပင် မရောက်တတ်။
အသက် နှစ်ဆယ် သမီးတစ်ယောက်နှင့် အသက် (၁၈)နှစ် ရှိ
သားတစ်ယောက်သာ ရှိပြီး လယ်ယာအလုပ်နှင့်
အသက်မွေးမြူကြသည်။
ထိုကဲ့သို့ လက်ပံလှရွာမှာ ခဲကျသကဲ့သို့ ဂျို့မြောင်ရွာ
ဦးလှသန်း ။ ဒေါ်စောမောအိမ်မှာလည်း ခဲလုံးအခြောက်များ
တစ်ညလုံး နီးပါး ကျရောက်ခဲ့သည်။
ဦးလှသန်းက ကိုထွန်းခင်၏ အစ်ကို အကြီးဆုံး ဖြစ်သည်။
အသုဘ ရက်မလည်ခင် အဝေးရွာများမှာ ရှိကြသော
မိသားစုများ အသုဘအိမ်သို့ ညအိပ် ညနေ ရောက်လာကြသည်။
ရက်လည်ပြီးနောက် ကိုယ့်ရွာကိုယ် ပြန်ကုန်ကြသည်။
သေဆုံးသူဇနီးမောင်နှံ၏ ဆွေမျိုးသားချင်းများ
တစ်ရွာနှင့် တစ်ရွာ မနီးပါဘဲ ကိုလှခင်တို့ လင်မယား
သေဆုံး၍ တစ်လပြည့်ပြီးနောက်မှ ခဲများ ကျရသည့်
အကြောင်းရင်းမှာ ဆွေမျိုးများအား လာနှုတ်ဆက်ခြင်းဟု
အားလုံး မှတ်ယူကြသည်။
ခဲများဖြင့် ပေါက်ခြင်းက တစ်ရက်တည်းနှင့်
ပြီးသွားမည်ထင်ပေမယ့် ပြီးမသွား။ နှစ်ရက်ခြား
သုံးရက်ခြား ခဲများဖြင့် အပေါက်ခံနေရသည်။
တစ်ရက် …လက်ပံလှရွာမှာ ထူးခြားမှု ကြုံကြရသည်။
ထိုနေ့က အိမ်မှာ ဦးပုမရှိ။ လယ်ကွင်းထဲ ရောက်နေသည်။
ညဦးပိုင်းက ခဲကျသည့်အကြောင်းကို သားအမိနှစ်ယောက်
ပြောဆိုနေကြသည်။ စကားပြောနေရင်းက သမီးဖြစ်သူ
တင်တင်ရီ တုန်တုန်ရီရီ ဖြစ်လာကာ ထိုင်နေရင်းက
ပစ်လဲသွားသည်။
“ဟဲ …ဟဲ …တင်တင်ရီ ဘာဖြစ်တာလဲ”
“အမေ …အစ်မ ဘာဖြစ်သွားတာလဲ”
“မသိဘူး …အမေနဲ့ စကားပြောနေရင်းက
ငိုငိုရီရီဖြစ်ပြီး လဲသွားတာပဲ”
“ခေါင်းရင်းအိမ်က ဒေါ်လေးတင်မြကို သွားခေါ်ခဲ့စမ်း”
“ဟုတ်ကဲ့ အမေ”
မကြာခင် ဒေါ်တင်မြလည်း မောင်လှဝင်းနှင့်အတူ ပါလာသည်။
“ဟဲ့ …လှထွေး ။ ညည်းသမီး ဘာဖြစ်တာလဲ”
“လာကြည့်ပါဦး …ဒေါ်လေးတူမ ဘာဖြစ်မှန်း မသိဘူး”
ဒေါ်တင်မြက လဲနေသော တင်တင်ရီ၏ ဘေးမှာ
ဝင်ထိုင်လိုက်ပြီး အခြေအနေကို အကဲခတ်ကြည့်နေသည်။
“ဒါ ပုံမှန် မဟုတ်ဘူး ။ တစ်ခုခု ဝင်ပူးကပ်နေတာပဲ
ကဲ …ကဲ။ ကလေးမဆီမှာ ဝင်ပူးကပ်ထားတဲ့ သက်ဆိုင်သူ
ဘာဖြစ်ချင်တာလဲ …ဘာပြောချင်တာလဲ …ထပြီးပြောပြပါ”
ထိုသို့ မေးလိုက်မှ …တုန်တုန်ရီရီ ဖြစ်နေသော တင်တင်ရီလည်း
လဲနေရာမှ ထိုင်လိုက်သည်။
ထိုင်ပြီးသည်နှင့် တဟီးဟီး ဟီးတိုက် ငိုနေပါတော့သည်။
“ကဲ …ငိုနေမယ့်အစား ပြောစရာရှိတာ ပြောပါ။
နင် ဘယ်သူဆိုတာလဲ သိပါရစေ”
“ကျမ ဆီးဖြူသောင်ရွာက မြအေးပါ”
“ဟင်…မြအေး…နင့်အစ်မကို ဘာပြောစရာရှိလို့လဲ”
“ကျမရဲ့ ကလေးတွေကို စိတ်မချလို့ ”
ထိုအခါ အစ်မကြီးဖြစ်သော ဒေါ်လှထွေးက ဝင်ပြောသည်။
“ဘာဖြစ်လို့ စိတ်မချရတာလဲ …ဟိုမှာ ညီမရဲ့ ဒေါ်လေး
တစ်ယောက်လုံး ရှိနေတာပဲ …အပျိုကြီး ။ လူပျိုကြီး
မောင်နှမနှစ်ယောက်ကလည်း ကလေးတွေကို ချစ်ကြတာပဲ
မဟုတ်လား”
“ဟုတ်တော့ …ဟုတ်ပါတယ်”
“ဒါဖြင့် ဘာကြောင့် စိတ်မချဖြစ်နေရတာလဲ”
“ကလေးတွေကို ရှင်ပြုမပေးရသေးလို့ပါ။
ကိုကြီးပုနဲ့ အစ်မကြီးတို့က ကလေးတွေ ရှင်ပြုပေးနိုင်အောင်
ပြောပေးဖို့ပါ”
“ပြောပေးပါ့မယ် …ဒီနှစ် ကိုင်းသိမ်းလို့ ရောင်းချပြီး
ငွေပေါ်တာနဲ့ ရှင်ပြုပေးနိုင်အောင် ပြောပေးပါ့မယ်။
တို့ကလည်း နိုင်သမျှ ဝိုင်းဝန်း ထောက်ပံ့ပေးမှာပေါ့
နင်တို့ လင်မယားလည်း ကလေးတွေကို စိတ်စွဲမနေနဲ့။
ကိုယ်သွားရမယ်လမ်းကို ဖြောင့်ဖြောင့်သွား ။
ကလေးတွေ ကိစ္စမှန်သမျှ ငါတို့ တာဝန်ထား”
“ကျမတို့ကတော့ ကလေးတွေကို ရှင်ပြုမပေးမချင်း
ပေါက်နေမှာပဲ။ ဘယ်မှလည်း သွားမှ မဟုတ်ဘူး”
“အခုတော့ မဖြစ်နိုင်သေးဘူး ။ လယ်သမားတွေက
ကိုင်းသိမ်းပြီးမှ ပိုက်ဆံပေါ်တာ ။ နင်တို့လည်း အသိသားပဲ
ကဲ…ကဲ ငါတို့ နွေရောက်တာနဲ့ အသီးအနှံတွေ
ရောင်းပြီးရင် ရှင်ပြုပေးမယ် …စိတ်ချနေ ဟုတ်လား”
“ဂျို့မြောင်ရွာက အစ်ကိုကြီးတို့ လင်မယားကိုရော
ကျန်တဲ့ အမျိုးတွေပါ သတိပေးပါ”
“အေး …အေး ။ အားလုံး ဆွေမျိုးစုံအောင် အသိပေးမယ်။
အိမ်ကို ခဲနဲ့ မပေါက်နဲ့တော့ ဟုတ်လား”
တင်တင်ရီကို ဝင်ပူးနေသည့် မမြအေးဝိညာဉ်လည်း
သူပြောချင်သည့် စကားများပြောပြီးသည်နှင့်
ထွက်သွားတော့သည်။
“ကဲ ကြားတဲ့အတိုင်းပဲ ။ လူကြုံရှိရင် နင်တို့ဒေါ်လေးဆီ
သတင်းပို့ ။ ဂျို့မြောင်က လှခင်ရဲ့အစ်ကို လှသန်းတို့လင်မယားဆီ
အကြောင်းကြားလိုက်”
မမြအေး ဝိညာဉ် ဝင်ပူးကပ်ပြီး ပြောခဲ့သည် ရှင်ပြုပေးရန်
ကိစ္စကို အကြောင်းကြားလိုက်သဖြင့် ညဘက်ခဲကျရခြင်း
အကြောင်းကို အားလုံး သိကုန်တော့သည်။
ထိုသို့ အားလုံးသိခဲ့ကြပြီဆိုသော်လည်း ခဲက ရက်ခြား
ကျမြဲကျနေသည်။ ကြာတော့ စိတ်မရှည်တော့သည်
မမြအေး၏ဒေါ်လေး ဒေါ်ထွေးစိန် အိမ်ပြင်ထွက်၍
အော်တော့သည်။
“ဟဲ့ …လှခင်နဲ့ မြအေးရေ …ခဲနဲ့ ခဏ ခဏ ပစ်မနေနဲ့။
ငါတို့အားလုံး ပိုက်ဆံချမ်းသာကြတာ မဟုတ်ဘူး။
နွေရောက်လို့ ကိုင်းသိမ်းပြီးတာနဲ့ ရှင်ပြုပေးမယ်လို့
ဂတိပေးထားတယ်လေ …စိတ်ဆိုးအောင် လာလုပ်မနေနဲ့”
“ဒေါက် ”
“ဒေါက်…ဒေါက်”
ဒေါ်ထွေးစိန်ရှေ့ကပြော ခဲတွေ နောက်က ကျနေသည်။
“ပြောမနေနဲ့ အမေရ …ပြောတဲ့လူ မောရုံရှိမယ်”
လူပျိုကြီး ကိုမျိုးဇော်က လှမ်းအော်ပြောလိုက်သည်။
ခဲကတော့ ဇွဲကောင်းကောင်းနဲ့ ရက်ခြားကျနေသည်။
ခဲကျတိုင်းလည်း ရှင်ပြုပေးမယ်။ မပစ်နဲ့တော့ဟု
ထွက်ပြောသည်။ တစ်ည ဒေါ်ထွေးစိန် အိပ်ပျော်နေစဉ်
အိပ်မက်ထဲမှာ မမြအေးကို မြင်လိုက်သည်။
သူကတော့ သားတွေ ရှင်မပြုရသေးသရွေ့
အားလုံးကို အသိလိုက်ပေးနေမှာပဲ ဟု ပြောပြီး
ပျောက်သွားသည်။
အားလုံး လက်လျော့လိုက်လေတော့သည်။
ခဲကတော့ ကိုလှခင် မမြအေးတို့၏ သွေးသားရင်းရွာတိုင်း
အပေါက်မပျက်ရက်ခြား ပုံမှန် ကျနေသည်။
ထို့နောက်တော့ ခဲကျသော ဆွေမျိုးသားချင်း အရင်းများပင်
မဟုတ်ဘဲ ဝမ်းကွဲဆွေမျိုးများကပါ သေဆုံးသူလင်မယား၏
ဆန္ဒ ပြင်းပြနေသော ကလေးတွေ ရှင်ပြုပွဲကို မဖြစ်ဖြစ်အောင်
ဝိုင်းဝန်းကူညီကြမည်ဟု နှုတ်ဂတိပေးလာကြသည်။
တန်ဆောင်မုန်းလမှာ စပါးများရိတ်သိမ်းပြီးသော်လည်း
ပိုက်ဆံရအောင် မလုပ်နိုင်သေးပေ။ ရိတ်ပြီး ကောက်လှိုင်းများကို
ခြောက်အောင်လှန်း၍ တလင်းသို့ သယ်ပြီး ပုံထားသည်။
လယ်ကွင်းထံမှ ရိုးပြတ်များကို အားချင်းခုတ်၍
တစ်ရက်နေပြကာ နောက်နေ့ မီးရှို့ပြီး လယ်မြေများ
အစိုဓါတ်မကုန်ခင် အမြန် ထွန်ယက်ကြသည်။
ပဲ ပြောင်း နှမ်း ဆေးရွက်ကြီး ဖရဲ ငရုတ် မြေပဲတို့မှ
မိမိတို့ အကျိုးဖြစ်ထွန်းမည့် သီးနှံများကို ရွေးပြီး
စိုက်ကြသည်။ နေ့ဘက် ထွန်ယက်ရင်း ညဘက်စပါးနယ်
ကောက်ဆွ အလုပ်ကို အချိန်မျှ ဆက်တိုက် လုပ်ကြရသည်။
နေ့ခင်းထမင်းစားချိန် လေရူးလေးများ တိုက်သည်နှင့်
ကြုံလျှင် ထမင်းပန်ကန်ကိုပင် ပစ်ချပြီး ဂေါ်ပြားနှင့်တိုး၍
စပါး လှေ့ရသည်။
အချို့ကတော့ လင့်စင်ထိုးပြီး စပါးလှေ့ကြသည်။
စပါးသန့်စင်ပြီး ရောင်းရပြန်သည်။ ထိုစပါး ရောင်းရငွေကို
ကိုင်းလုပ်ငန်းမှာ အရင်းအနှီး ပြန်ထည့်ရသည်။
အသီးအနှံများ ဖြစ်ထွန်းရန် ရေသွင်းရန် လိုအပ်လျှင်
ရေသွင်းသည်။
ပေါင်းလိုက်သင်သည့်အကွက်များကို ပေါင်းလိုက်သည်။
တပို့တွဲ့ ။ တပေါင်းရောက်သည့်နှင့် ကိုင်းသီးနှံများ
စသိမ်းပြီ။ ထွက်သမျှ အသီးအနှံများကို ကုန်သည်ပွဲစားများရှိရာ
ပွဲရုံသို့ သွားပို့သည်။ ကုန်သည်တို့ လိုအပ်ချက်များလျှင်
စျေးကောင်းရသည်။
ဒေါ်ထွေးစိန်တို့ ကိုင်းမှထွက်သော မတ်ပဲ နှမ်း ဖရဲတို့
နိုင်ငံခြား အဝယ်လိုက်နေသဖြင့် စျေးကောင်းရလိုက်သည်။
ကိုင်းထွက်သမျှ အသီးအနှံများ ရောင်းချပြီးပြီ။
ထိုအချိန် လယ်သမား ကိုင်းသမားတို့အားလုံးလည်း
အသီးအနှံများ သိမ်းပြီး ရောင်းချ၍ ငွေပေါ်နေကြပြီ။
ဒေါ်ထွေးစိန်တို့ ဆီးဖြူသောင်ရွာ တပေါင်းလပြည့်
ရွာဘုရားပွဲ စည်ကားစွာ ကျင်းပနေသည်။
တပေါင်းပွဲကို အနီးနားရွာများမှ လှည်းများဖြင့်
ပျော်ပျော်ပါးပါး ဘုရားပွဲ လာကြသည်။
ဒေါ်ထွေးစိန်အိမ်မှာ လက်ပံလှရွာက ဦးပု ဒေါ်လှလင်မယား
ဂျို့မြောင်ရွာမှ ဦးလှသန်း ဒေါ်စောမေ လင်မယား မမြအေး၏ညီမ
မိသားစု ကိုလှခင်၏ ညီမနှင့် ညီမိသားစုတို့ စုံညီစွာ ရောက်နေသည်။
ဘုရားပွဲလာခြင်းထက် သေဆုံးသွားပြီဖြစ်သည့်
ကိုလှခင်တို့ လင်မယား၏ ကျန်ခဲ့သော သားသုံးယောက်ကို
ရှင်ပြုပေးရန် အဓိကထား တိုင်ပင်ကြရန် ဖြစ်သည်။
ထို့အတူ မိမိတို့ သားများကို ရဟန်းအဖြစ်လည်းကောင်း။
သာမဏေအဖြစ် လည်းကောင်း ။ အတူထည့်ပြီး
သာသနာ့ သွင်းရန် အစီလည်းပါသည်။
ဒေါ်ထွေးစိန်၏ မတည်ငွေ ။ ဆွေမျိုးသားချင်းများ၏
ထည့်ငွေနှင့် အလှူလုပ်ရန် ရက်ကောင်းရွေး၍
သတ်မှတ်ကြသည်။
ထိုည စကားပြော မပြတ်၍ လူကြီးများ ဘုရားပွဲသို့
မသွားဖြစ်တော့ဘဲ ကလေးများကိုသာ တင်တင်ရီတို့
မောင်နှမ ဦးဆောင်ပြီး ခေါ်သွားရန် လွှတ်လိုက်သည်။
အိမ်ရှေ့ခန်းမှာ ရေနွေးသောက်ရင်း အလှူအကြောင်း
တိုင်ပင်နေကြချိန် ည ရှစ်နာရီခန့် ရောက်လာသည်။
ဒေါက် ဒေါက်
ဒေါ်ထွေးစိန်က ထိုင်ရာမှ အိမ်ကပြင်သို့ ထသွားပြီး…
“လှခင်နဲ့ မြအေးရေ …နင်တို့ ကလေးတွေကို
ရှေ့လ တန်ခူးလဆန်း (၁၄) ရက်နေ့မှာ ရှင်လောင်းလှည့်မယ်
( ၁၅)ရက်မှာ အလှူတရားနာမယ်။ ရက်သတ်မှတ်ပြီးပြီ
သာဓုခေါ်ဖို့ စောင့်နေ။ ခဲနဲ့ မပစ်ကြနဲ့တော့”
ဒေါ်ထွေးစိန်ပြောပြီး အိမ်ထဲ ပြန်ဝင်ခဲ့ပေမယ်…
ဒေါက် ဒေါက်
ဒေါက်
အိမ်ထဲသို့ ခဲနှစ်လုံး သုံးလုံးမျှ ကျသေးသည်။
“တော်တော် ဇွဲကောင်းတဲ့ လင်မယားပဲ”
သို့ဖြင့် တစ်လဟု ရက်သတ်မှတ်ခဲ့ပေမယ့်
ဆယ့်ငါးရက်လောက်ကတည်းက အလှူကိစ္စကို
စီစဉ်နေကြသည်။
အလှူပွဲနီးမှပင် ကိစ္စအားလုံးပြီးစီးသွားသည်။
အလှူရက်သို့ ရောက်ခဲ့သည်။
အားလုံး ရဟန်းလောင်းသုံးပါး ရှင်သာမဏေလောင်း
ရှစ်ပါးအားလုံး ဆယ့်တစ်ပါးဖြစ်သည်။ ဆီးဖြူသောင်
အင်းကုန်း ငှက်ပျော်တောရွာ သုံးရွာပတ်၍
ရှင်လောင်းလှည့်ကြသည်။
မြင်းများဖြင့် စည်စည်ကားကား ဖြစ်ခဲ့သည်။
ညနေ သုံးနာရီမှာ ရှင်လောင်းသွင်းသည်။
ရှင်လောင်းဘိသိတ်ဆရာ၏ ရှင်လောင်းသွင်းရှိုးလိုက်
အဆိုအပြောများက ကြည့်ရှုနားထောင်နေသူများ၏
မျက်ရည်ကို ချူထုတ်နေသည်။
ကိုရင်လောင်းများ၏ မိဘများကို သနားစိတ်နှင့်
မျက်ရည်ကျကြရသည်။
ရှင်လောင်းများ သင်္ကန်းစီးပြီးသွားပြီ။
ထိုအချိန် အလှူမှာ ဝိုင်းဝန်းကူညီပေးနေသည့်အတွက်
မတင်ညွန့်အား မမြအေး ဝိုင်ရောက်ပူးကပ်တော့သည်။
မမြအေး ဝင်ပူးကပ်မှန်းသိသည့်အတွက် ဝိုင်းဝန်းမေးကြသည်။
အလှူအတွက် ဝမ်းသာရန် ပြောကြသည်။
သားကိုရင်လေးတွေ ခြေထောက်ကို ဦးခိုက်ပြီး …
“သားလေးတွေကို ကိုရင်အဖြစ် မြင်တွေ့ရလို့
ဝမ်းသာလိုက်တာ…တပည့်တော်တို့ ဆန္ဒတွေ
မပြည့်ဝပေမယ့် ဆွေမျိုးတွေက
ကိုရင်ဝတ်ပေးကြလို့ … ဆွေမျိုးတွေကိုလည်း
ကျေးဇူးတင်ပါတယ်”
ကိုရင်လေးသုံးပါးကိုခြေထောက်ကိုဖက်,ဖက်ပြီး
ရှိုက်ကြီးတငင် ငိုနေပါသည်။
ဒေါ်ဖွားချစ်နှင့် ဒေါ်ထွေးစိန်တို့က…
“ဟဲ့ …မြအေး။
နင့်သားတွေကို နင့်ဆန္ဒရှိတဲ့အတိုင်း
ရှင်ပြုပေးပြီးပြီ ။ နင်တို့ဝမ်းသာရမှာ ဘာဖြစ်လို့
ငိုနရေတာလဲ”
“ကျမ မလုပ်နိုင်ခဲ့တဲ့ ဒီအလှူကြီးကို ကျမမိသားစုဝင်တွေက
လုပ်ပေးတဲ့အတွက် ဝမ်းသာလွန်းလို့ပါ”
“အေး…မနက်ဖြန် တရားပွဲပြီးလို့ အမျှဝေရင်
သာဓုခေါ်ဖို့ လာခဲ့ ဟုတ်လား”
“ကျမတို့ စောင့်ပြီး သာဓုခေါ်ပါ့မယ်
အခု အားရအောင် ရှိခိုးပါရစေ”
“ကဲ…ရှိခိုးပြီးရင် သွားတော့ ကိုရင်လေးတွေ
မျက်ရည်ကျကုန်ပြီ။ သွားကြတော့ …သင့်တော်တဲ့
နေရာကနေပြီး အလှူတရားနာဖို့ စောင့်နေကြ”
မမြအေး ဝင်ပူးကပ်ခြင်း ခံနေရသော မတင်ညွန့်လည်း
ကိုရင်သုံးပါးကို ရှိခိုးချကာ ပြန်ထွက်သွားခဲ့တော့သည်။
အနီးမှာ ရပ်ကြည့်နေသူများရော ။ ကိုရင်သုံးပါး
အားလုံး မျက်ရည်များဖြင့် ပြည့်နေတော့သည်။
ဝင်ပူးကပ်ခြင်း ခံလိုက်ရသော မတင်ညွန့်လည်း
ပြန်သတိရလာ၏။
သူ့အား ဝိုင်းကြည့်နေကြသဖြင့်…
“ကျမကို ဝင်စီးသွားတာလား”
“ဟုတ်တယ်…အခုပဲ..ပူးကပ်နေရာက ခွာသွားတာ”
XXXXX
အလှူအကျွေးအမွေးရက် ရောက်ခဲ့ပြီ။
နေ့ခင်းရောက်တော့ အလှူတရားနာကြသည်။
လှူဒါန်းသမျှ ဒါနအစုစုတို့ကို ဝေနေယျ သတ္တဝါတို့အား
ရေစက်ချ အမျှအတန်းဝေကြသည်။
ကြားကြားသမျှ အပေါင်းတို့ကလည်း
သာဓုခေါ်ကြသည်။ အလှူမှာ ရောက်ရှိနေသူအားလုံးကလည်း
တမလွန်မှာ ရောက်နေကြပြီဖြစ်သော ကိုလှခင် မမြအေးတို့ကို
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်စေချင်ကြသည်။
အားလုံးဆန္ဒရှိသည့်အတိုင်း အလှူမဏ္ဍပ်၏
အနီးအပါး ရောက်ရှိနေသော ဝိညာဉ်လင်မယားလည်း
စောင့်ပြီး လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ကြပါသည်။
သာဓုသုံးကြိမ်သုံးခါ ခေါ်ဆိုအပြီးမှာတော့
ကိုလှခင်နှင့် မမြအေးတို့ ဝိညာဉ်များလည်း
စိတ်လက်ချမ်းသာစွာနှင့် အဝေးသို့ ထွက်ခွာသွားတော့သည်။
ဆရာ ဧကန်မင်း ၏ ‘ မဖဲဝါ၏ တောက်ခေါက်သံ’ စာအုပ်မှကူးယူကောက်နှုတ်တင်ပြသည်။

Zawgyi Version

ရွင္ျပဳခိုင္းတဲ့ ဝိညာဥ္ (စ-ဆုံး)
မိုးက သည္းသည္းမည္းမည္း ႐ြာေနသည္။
ေရျပင္က်ယ္က မ်က္စိတဆုံး ျဖစ္ေနသည္။
ေခ်ာင္းအတြင္း ေလဆန္ ေရဆန္ကို အံတုေလွာ္ခတ္ေနေသာ
ေလွတစ္စင္းက တေ႐ြ႕ေ႐ြ႕။ ထိုးထိုးေထာင္ေထာင္ ကိုင္းပင္။
ခ်ဳံပင္မ်ား အနားသတ္ထားျခင္းေၾကာင့္သာ
ဤေနရာ ေခ်ာင္းျဖစ္သည္ဟု သိရသည္။
မိုး႐ြာလြန္းသျဖင့္ လယ္ကြက္မ်ား ေရလႊမ္းကာ
အခ်ိဳ႕ေနရာမ်ားတြင္ လယ္ကန္သင္း႐ိုးပင္ မျမင္ရေတာ့။
ေခ်ာင္းေရမ်က္ႏွာျပင္ႏွင့္ လယ္ကြင္းမ်ား တဆက္တည္း
ျဖစ္ေနသည္။ ဝါဆို ။ ဝါေခါင္မိုးက ေကာင္းလြန္းလွသည္။
ကိုထြန္းခင္ႏွင့္ မျမေအးတို႔ လင္မယား ေလွတစ္စင္းႏွင့္
လွည္းဆိပ္႐ြာမွ ဆီးျဖဴေသာင္႐ြာသို႔ ျပန္လာၾကသည္။
ေန႔ခင္းက ကိစၥရွိသျဖင့္ ေလွႏွင့္ လွည္းဆိပ္႐ြာသို႔ လာခဲ့ၾကသည္။
ထြက္ခဲ့စဥ္က ရာသီဥတု သာသာယာယာ ရွိသည္။
ျပန္ေတာ့မည့္ အခ်ိန္ေရာက္မွ အေနာက္ေတာင္မွ
မိုးသားမိုးရိပ္တို႔ အလိပ္လိုက္ တက္လာသည္။
ေဝါ …ေဝါ
ေလက မ်က္ႏွာခ်င္းဆိုင္မွ အရွိန္ျပင္းစြာ တိုက္ေနသည္။
လင္မယားႏွစ္ေယာက္အား ကုန္းေလွာ္ေနေပမယ့္
ေလကို ဆန္တက္ေနရခ်င္းေၾကာင့္ ခရီးမတြင္ႏိုင္ ျဖစ္ေနသည္။
တစ္ခ်က္ တစ္ခ်က္ ေလွကို မထိန္းႏိုင္ဘဲ
လည္ထြက္သြားသည္မွာ ႏွစ္ႀကိမ္သုံးႀကိမ္မွ် ရွိေနသည္။
ေလတိုက္အားက ေလ်ာ့မသြားသလို မိုးကလည္း
အားကုန္ ႐ြာခ်ေနသည္။
ေလွဝင္းထဲမွာ မိုးေရတို႔ကလည္း ပုံးႏွင့္ေလာင္းထည့္ေနသလို
ခ်က္ခ်င္း မ်ား၍ မ်ား၍ လာေနသည္။
လွည္းဆိပ္႐ြာႏွင့္ ဆီးျဖဴေသာင္႐ြာက ႏွစ္မိုင္သာသာခန္႔သာ
ကြာေဝးသည္။
ယခု ေလကိုဆန္ ။ ေရကို ဆန္၍ ေလွာ္ခတ္ေနရသျဖင့္
တစ္နာရီ နီးပါးရွိေသာ္လည္း ခရီးတစ္ဝက္ခန္႔သာ
ေရာက္ေသးသည္။
ေဝါ ေဝါ ဒုန္း
ေလျပင္းက်ေနသည္။ သစ္ပင္ႀကီးမ်ား မရွိ။ အကာအကြယ္မဲ့
ေရျပင္အလယ္မွာ ေလွက အလူးလူး အလိမ့္လိမ့္ ေခါင္းမွာ
ေဆာင္းထားသည့္ ခေမာက္မ်ားကလည္း ပထမဆုံးေလျပင္း
တိုက္ကတည္းက ေလႏွင့္ပါသြားသျဖင့္ …
မိုးထဲေရထဲ ေဆာင္းစရာ ၿခဳံစရာမရွိ ။ အေပၚသြား
ေအာက္သြား တဆတ္ဆတ္ ႐ိုက္ခတ္သည္အထိ
ခိုက္ခိုက္တုန္ေအာင္ ခ်မ္းေနသည္။
ေဝါ…
အား…
အား…
ဝုန္း
ေလျပင္းတစ္ခ်က္အ႐ိုက္မွာ ေလွတစ္ဖက္ေစာင္းၿပီး
နစ္သြားေတာ့သည္။
လင္မယားႏွစ္ေယာက္စလုံး ေလွတျခား လူတျခား
ျဖစ္သြားရသည္။ ေရစီးေၾကာင့္လည္း တစ္ေယာက္ႏွင့္
တစ္ေယာက္ ကြဲသြားသည္။ မျမေအးက ေရနစ္ နစ္ျခင္း
အေၾကာက္လြန္ကာ ယက္ကန္ ယက္ကန္ျဖစ္ၿပီး
ေရေအာက္သို႔ ေရစီးႏွင့္အတူ နစ္လ်က္ ပါသြားေတာ့သည္။
ကိုထြန္းခင္က ေရကို ကြၽမ္းကြၽမ္းက်င္က်င္ မကူးတတ္။
ေရေပၚ ေပၚေနေသာ ေလွကို ဖက္တြယ္မိေသာ္လည္း
မျမေအးကို ရွာမေတြ႕သျဖင့္ ေလွကို လႊတ္ၿပီး
မျမေအးျမဳပ္သြားသည့္ေနရာသို႔ ကူးအလာ
ေရကူးကြၽမ္းက်င္မႈ မရွိျခင္းေၾကာင့္ ေရစီးအားႏွင့္
လည္ထြက္ကာ ေရထဲ နစ္သြားပါေတာ့သည္။
ကိုထြန္းခင္ႏွင့္ မျမေအးတို႔ လင္မယား ႏွစ္ေယာက္လုံး
ေရ ေလ မိုးကို အံမတုႏိုင္ဘဲ လက္ေျမႇာက္အရႈံးေပးၿပီး
လူ႔ေလာကထဲက ထြက္သြားရပါေတာ့သည္။
XXXX
ကိုထြန္းခင္ႏွင့္ မျမေအးတို႔ လင္မယားႏွစ္ေယာက္စလုံး
ေလွေမွာက္ၿပီး ေရနစ္ေသဆုံးသြားၾကသည့္အတြက္
အေလာင္းျပန္ရေတာ့ ႏွစ္ရက္ပင္ ရွိေနၿပီ။
သို႔ေၾကာင့္ အေလာင္းကို ေရထဲမွ ဆယ္ယူၿပီး
သခ်ႋဳင္းမွာ တစ္ခါတည္း ျမႇဳပ္လိုက္ၾကရသည္။
ထိုအခ်ိန္ ထိုထြန္းခင္ အသက္က (၃၅)ႏွစ္
မျမေအးက အသက္ (၃၃)ႏွစ္သာ ရွိေသးသည္။
သူတို႔တြင္ (၁၃)ႏွစ္အ႐ြယ္ အႀကီးဆုံးသား ။
(၁၀)ႏွစ္အ႐ြယ္သား။ (၈)ႏွစ္အ႐ြယ္ သမီး။
(၆)ႏွစ္အ႐ြယ္ အငယ္ဆုံးသား အားလုံး
သားသမီး ေလးေယာက္ က်န္ခဲ့သည္။
သူတို႔ လင္မယား အိမ္ေထာင္မက်ခင္ကတည္းက
ႏွစ္ဖက္မိဘမ်ား လူ႔ေလာကတြင္ မရွိေတာ့။
မျမေအးမိခင္၏ညီမျဖစ္သူ ေဒၚေလးေဒၚေထြးစိန္၏
အုပ္ထိန္းမႈ ေအာက္မွာေနရင္း အိမ္ေထာင္က်ခဲ့သည္။
သို႔အတြက္ေၾကာင့္ အိမ္ေထာင္က်၍ အိုးအိမ္ခြဲ
ေနထိုင္ၾကသည့္အခါ ေဒၚေထြးစိန္၏ ၿခံတြင္းအတြင္းမွာပင္
အိမ္တစ္လုံး ေဆာက္၍ ေနထိုင္ခဲ့ၾကပါသည္။
ယခု မိဘႏွစ္ဦးလုံး ေသဆုံးသြားသည့္အတြက္
မိဘမဲ့သြားေသာ ကေလး ေလးေယာက္ကို
ေဒၚထြန္းစိန္အိမ္ေပၚ ေခၚတင္ထားရေတာ့သည္။
ေဒၚေထြးစိန္က မုဆိုးမျဖစ္ေပမယ့္ သားႏွင့္သမီး
အသက္သုံးဆယ္ေက်ာ္ အပ်ိဳႀကီး ။လူပ်ိဳႀကီး
ေမာင္ႏွမက လယ္ယာအလုပ္ကို ဦးစီးလုပ္ကိုင္ေပးေနျခင္းေၾကာင့္
စားဝတ္ေနေရး ေျပေျပလည္လည္ ရွိခဲ့သည္။
အပ်ိဳႀကီးႏွင့္ လူပ်ိဳႀကီးတို႔က မိဘမဲ့ တူေလး
တူမေလးတို႔အား မိဘမ်ား ရွိစဥ္ကကဲ့သို႔
အငယ္ႏွစ္ေယာက္ကို ေက်ာင္းဆက္ထားေပးခဲ့သည္။
အႀကီးဆုံးႏွင့္ အလတ္ေကာင္တို႔လည္း
စတုတၳတန္းေအာင္ၿပီးကတည္းက
ေက်ာင္းမွထြက္ၿပီး မိဘအလုပ္မ်ားကို
ႏိုင္သမွ် ဝင္လုပ္ေပးၾကသည္။
(၈)ႏွစ္အ႐ြယ္ သမီးေလးက စတုတၳတန္းမွာ တက္ေနသည္။
အငယ္ဆုံးသားကေတာ့ ပထမတန္းမွာပင္ ရွိေသးသည္။
စတုတၳတန္းေအာင္ၿပီး ပၪၥမတန္းတက္မည္ဆိုလွ်င္
႐ြာႏွင့္ငါးမိုင္မွ် ေဝးေသာ တာဆုံႀကီး႐ြာႀကီးမွ
သြားတက္ရေပမည္။
အလယ္တန္းေက်ာင္းက ႐ြာႏွင့္မနီးသျဖင့္
ေလးတန္းေအာင္ၿပီးသည္ႏွင့္
အလယ္တန္းသို႔ တက္သူ ရွားပါးလွသည္။
ကိုထြန္းခင္ႏွင့္ မျမေအးတို႔ ဆုံးပါးသြားခဲ့သည္မွာ
တစ္လျပည့္သြားခဲ့ၿပီ။သို႔ေၾကာင့္ လပတ္ဆြမ္းကို
ဘုန္းေတာ္ႀကီးေက်ာင္းသို႔ သြားပို႔ရန္ ေဒၚေထြးစိန္တို႔
သားအမိ ဆြမ္းဟင္း သုံးမ်ိဳးခန္႔ ခ်က္ျပဳတ္ေနၾကသည္။
အခ်ိန္က နံနက္ေလးနာရီခန္႔ေက်ာ္ၿပီ။
ဒုန္း
ေဝရာ
ေဒါက္ …ေဒါက္
“ဟဲ့ …ဟဲ့ ။ ခဲလုံးေတြ အိမ္ထဲဝင္လာပါလား”
“ဘယ္ကမ်ား ေပါက္ေပါက္ရွာရွာ ။ ခဲလုံးေတြနဲ႔
လာေပါက္ေနရတာလဲ”
လူပ်ိဳႀကီး ကိုမ်ိဳးေဇာ္လည္း အနီးသို႔ က်လာေသာ
ခဲတစ္လုံးကို ေကာက္ယူၿပီး ၾကည့္လိုက္သည္။
“ဟင္ အေမနဲ႔ႏုတင္ ။ဒီခဲလုံးေတြကိုၾကည့္ပါဦး
တစ္႐ြာလုံး ေရေတြ ဖုံးေနတာ ခဲလုံးေတြက အေျခာက္ေတြ
ေျခာက္သမွလက္နဲ႔ ေခ်လိုက္ရင္ သဲေတြလို ေၾကသြားတယ္”
“ေဒါက္ ေဒါက္ ”
“ေဟာ က်လာျပန္ၿပီ။ ဖိနပ္ခြၽတ္ အမိုးနဲ႔ အိမ္မႀကီး
တံစက္ၿမိတ္ၾကား လြတ္ေနတဲ့ေနရာက ခဲေတြ ဝင္လာတာ”
“ဘယ္သူကမ်ား ရွာရွာေဖြေဖြ ခဲေတြ ရွာလာၿပီး
ေပါက္ေနတာလဲ မသိဘူး”
ေဒါက္ …ေဒါက္
ခဲလုံးမ်ားက က်ၿမဲက်ေနသည္။
“ဟဲ့ …မ်ိဳးေဇာ္ အိမ္ထဲကပဲ ေဝဖန္မေနနဲ႔။
တံခါးဖြင့္ၿပီး အိမ္ေရွ႕သြားၾကည့္ၾကပါဦး”
ကိုမ်ိဳးေဇာ္လည္း တံခါးဖြင့္၍ အျပင္သို႔ ၾကည့္ရာ
မနက္ေလးနာရီခြဲခန္႔လည္း ျဖစ္ ။ မိုးသားမိုးရိပ္တို႔
ရွိေနျခင္းေၾကာင့္ ေမွာင္ေမွာင္မည္းမည္းသာ ျမင္ရသည္။
“အျပင္မွာ ေမွာင္ေနေသးတယ္ အေမရဲ႕။ တကယ္ပစ္တဲ့
လူဟာ ေလွစီးၿပီး လာပစ္မွရမယ္ ။ သရဲေျခာက္ေနတာပဲ ျဖစ္မယ္”
“နင့္စကားကလည္း မဟုတ္ေသးပါဘူး ။ ဘယ္က
သရဲလာေပါက္ရမွာလဲ”
ကိုမ်ိဳးေဇာ္က တံခါးကို ျပန္ေစ့ခဲ့ၿပီး မီးဖိုအတြင္းသို႔
ဝင္လာသည္။
“အေမပဲ စဥ္းစာၾကည့္ေလ။ ဘယ္သူက တံစက္ၿမိတ္ႀကီးက
အိမ္ထဲဝင္ေအာင္ ေပါက္ႏိုင္မွာလဲ ။ အခု ေတာ္သတင္းလဆန္း
မိုးေကာင္းတုန္း တစ္႐ြာလုံး ေရလႊမ္းေနတာ ။ ဒီလို ခဲမ်ိဳးနဲ႔
ေပါက္ခ်င္ရင္ အညာ မိုးေခါင္ေဒသက ခဲေတြကို ေလွနဲ႔
သယ္လာၿပီး ေပါက္မွရမယ္ ။ ဟို ခဲလုံးေတြ ၾကည့္ပါလား
ၾကမ္းျပင္နဲ႔ ထိတာနဲ႔ ေၾကမြသြားတာ ။ ႐ႊံ႕ကို လုံးၿပီး
အေျခာက္ခံထားတဲ့ ခဲ မဟုတ္ဘူး။ ထူဆန္းလို႔
သရဲေျခာက္ခံတာလို႔ ေျပာတာ ”
ေဒါက္ ေဒါက္
ခဲက က်ၿမဲ က်ေနသည္။
လူကိုေတာ့ တစ္လုံးမွမထိ။
“ဒါဆို လွခင္နဲ႔ ျမေအးတို႔ ႏွစ္ေယာက္ ။ လပတ္ဆြမ္းအတြက္
ဆြမ္းဟင္း ။ ထမင္းခ်က္ေနတာ သိတဲ့အေၾကာင္း ခဲေပါက္ၿပီး
အသိေပးေနတာမ်ားလား”
“တို႔ ဆြမ္းခ်က္တာသိလို႔ အခ်က္ေပးတာ ဆိုရင္လည္း
ဆြမ္းပို႔ၿပီး တရားနာရင္ ဝင္နာလို႔ရလည္း ဝင္နာ။
ဒါမွမဟုတ္ သာဓုေခၚခ်င္လို႔ ဆိုရင္လည္း အမွ်ေဝတဲ့အခါ
ေစာင့္ၿပီး သာဓုေခၚေပါ့”
မနက္မိုးလင္းေတာ့ ခဲမ်ား ခဲအေၾကမ်ားကို ေကာက္သ္ိမ္းရာ
ဇေကာတစ္ဝက္နီးပါးရသည္။
“ႀကံႀကံဖန္ဖန္ ဒီေလာက္ခဲေတြ ဘယ္ကမ်ား ေကာက္လာၿပီး
ပစ္ေနတာလဲ မသိဘူး”
မနက္ ရွစ္နာရီခန္႔ ေန႔ဆြမ္းအတြက္ ဆြမ္းခ်ိဳင့္ ႏွစ္ခ်ိဳင့္ကို
ေဒၚေထြးစိန္ႏွင့္ မႏုတင္တို႔ တစ္ခ်ိဳင့္စီဆြဲၿပီး ဘုန္းေတာ္ႀကီး
ေက်ာင္းသို႔ သြားပို႔ၾကသည္။
အငယ္ေလးႏွစ္ေယာက္က ေက်ာင္းသြားရန္ ျပင္ဆင္ေနသည္။
အႀကီးဆုံးေကာင္ေလးက ေလွျဖင့္ ေက်ာင္းပို႔ရန္
ေလွဝမ္းအတြင္းမွ ေရကို ခပ္ထုတ္ၿပီး အသင့္ေစာင့္ေနသည္။
ထိုကဲ့သို႔ ေဒၚေထြးစိန္အိမ္ ခဲေပါက္ခံရေသာ ေန႔၏
ေနာက္တစ္ရက္တြင္ လက္ပံလွ႐ြာ ဦးပု ေဒၚလွေထြးတို႔အိမ္မွာလည္း
တစ္ညလုံး နီးပါး ခဲလုံးအေျခာက္ေတြ အဆက္မျပတ္
က်ခဲ့သည္။ တစ္႐ြာႏွင့္ တစ္႐ြာ ဆယ္မိုင္ခန္႔ ေဝးသည္။
ေဒၚလွေထြးက ေသသူ မျမေအး၏အစ္မရင္း
ျဖစ္သည္။ ဦးပုႏွင့္ အိမ္ေထာင္က်ၿပီး
ဦးပုတို႔႐ြာ လက္ပံလွမွာ လိုက္ေနျခင္း ျဖစ္သည္။
အေၾကာင္းကိစၥမရွိလွ်င္ ဆီးျဖဴေသာင္႐ြာသို႔
တစ္ႏွစ္တစ္ေခါက္ပင္ မေရာက္တတ္။
အသက္ ႏွစ္ဆယ္ သမီးတစ္ေယာက္ႏွင့္ အသက္ (၁၈)ႏွစ္ ရွိ
သားတစ္ေယာက္သာ ရွိၿပီး လယ္ယာအလုပ္ႏွင့္
အသက္ေမြးျမဴၾကသည္။
ထိုကဲ့သို႔ လက္ပံလွ႐ြာမွာ ခဲက်သကဲ့သို႔ ဂ်ိဳ႕ေျမာင္႐ြာ
ဦးလွသန္း ။ ေဒၚေစာေမာအိမ္မွာလည္း ခဲလုံးအေျခာက္မ်ား
တစ္ညလုံး နီးပါး က်ေရာက္ခဲ့သည္။
ဦးလွသန္းက ကိုထြန္းခင္၏ အစ္ကို အႀကီးဆုံး ျဖစ္သည္။
အသုဘ ရက္မလည္ခင္ အေဝး႐ြာမ်ားမွာ ရွိၾကေသာ
မိသားစုမ်ား အသုဘအိမ္သို႔ ညအိပ္ ညေန ေရာက္လာၾကသည္။
ရက္လည္ၿပီးေနာက္ ကိုယ့္႐ြာကိုယ္ ျပန္ကုန္ၾကသည္။
ေသဆုံးသူဇနီးေမာင္ႏွံ၏ ေဆြမ်ိဳးသားခ်င္းမ်ား
တစ္႐ြာႏွင့္ တစ္႐ြာ မနီးပါဘဲ ကိုလွခင္တို႔ လင္မယား
ေသဆုံး၍ တစ္လျပည့္ၿပီးေနာက္မွ ခဲမ်ား က်ရသည့္
အေၾကာင္းရင္းမွာ ေဆြမ်ိဳးမ်ားအား လာႏႈတ္ဆက္ျခင္းဟု
အားလုံး မွတ္ယူၾကသည္။
ခဲမ်ားျဖင့္ ေပါက္ျခင္းက တစ္ရက္တည္းႏွင့္
ၿပီးသြားမည္ထင္ေပမယ့္ ၿပီးမသြား။ ႏွစ္ရက္ျခား
သုံးရက္ျခား ခဲမ်ားျဖင့္ အေပါက္ခံေနရသည္။
တစ္ရက္ …လက္ပံလွ႐ြာမွာ ထူးျခားမႈ ႀကဳံၾကရသည္။
ထိုေန႔က အိမ္မွာ ဦးပုမရွိ။ လယ္ကြင္းထဲ ေရာက္ေနသည္။
ညဦးပိုင္းက ခဲက်သည့္အေၾကာင္းကို သားအမိႏွစ္ေယာက္
ေျပာဆိုေနၾကသည္။ စကားေျပာေနရင္းက သမီးျဖစ္သူ
တင္တင္ရီ တုန္တုန္ရီရီ ျဖစ္လာကာ ထိုင္ေနရင္းက
ပစ္လဲသြားသည္။
“ဟဲ …ဟဲ …တင္တင္ရီ ဘာျဖစ္တာလဲ”
“အေမ …အစ္မ ဘာျဖစ္သြားတာလဲ”
“မသိဘူး …အေမနဲ႔ စကားေျပာေနရင္းက
ငိုငိုရီရီျဖစ္ၿပီး လဲသြားတာပဲ”
“ေခါင္းရင္းအိမ္က ေဒၚေလးတင္ျမကို သြားေခၚခဲ့စမ္း”
“ဟုတ္ကဲ့ အေမ”
မၾကာခင္ ေဒၚတင္ျမလည္း ေမာင္လွဝင္းႏွင့္အတူ ပါလာသည္။
“ဟဲ့ …လွေထြး ။ ညည္းသမီး ဘာျဖစ္တာလဲ”
“လာၾကည့္ပါဦး …ေဒၚေလးတူမ ဘာျဖစ္မွန္း မသိဘူး”
ေဒၚတင္ျမက လဲေနေသာ တင္တင္ရီ၏ ေဘးမွာ
ဝင္ထိုင္လိုက္ၿပီး အေျခအေနကို အကဲခတ္ၾကည့္ေနသည္။
“ဒါ ပုံမွန္ မဟုတ္ဘူး ။ တစ္ခုခု ဝင္ပူးကပ္ေနတာပဲ
ကဲ …ကဲ။ ကေလးမဆီမွာ ဝင္ပူးကပ္ထားတဲ့ သက္ဆိုင္သူ
ဘာျဖစ္ခ်င္တာလဲ …ဘာေျပာခ်င္တာလဲ …ထၿပီးေျပာျပပါ”
ထိုသို႔ ေမးလိုက္မွ …တုန္တုန္ရီရီ ျဖစ္ေနေသာ တင္တင္ရီလည္း
လဲေနရာမွ ထိုင္လိုက္သည္။
ထိုင္ၿပီးသည္ႏွင့္ တဟီးဟီး ဟီးတိုက္ ငိုေနပါေတာ့သည္။
“ကဲ …ငိုေနမယ့္အစား ေျပာစရာရွိတာ ေျပာပါ။
နင္ ဘယ္သူဆိုတာလဲ သိပါရေစ”
“က်မ ဆီးျဖဴေသာင္႐ြာက ျမေအးပါ”
“ဟင္…ျမေအး…နင့္အစ္မကို ဘာေျပာစရာရွိလို႔လဲ”
“က်မရဲ႕ ကေလးေတြကို စိတ္မခ်လို႔ ”
ထိုအခါ အစ္မႀကီးျဖစ္ေသာ ေဒၚလွေထြးက ဝင္ေျပာသည္။
“ဘာျဖစ္လို႔ စိတ္မခ်ရတာလဲ …ဟိုမွာ ညီမရဲ႕ ေဒၚေလး
တစ္ေယာက္လုံး ရွိေနတာပဲ …အပ်ိဳႀကီး ။ လူပ်ိဳႀကီး
ေမာင္ႏွမႏွစ္ေယာက္ကလည္း ကေလးေတြကို ခ်စ္ၾကတာပဲ
မဟုတ္လား”
“ဟုတ္ေတာ့ …ဟုတ္ပါတယ္”
“ဒါျဖင့္ ဘာေၾကာင့္ စိတ္မခ်ျဖစ္ေနရတာလဲ”
“ကေလးေတြကို ရွင္ျပဳမေပးရေသးလို႔ပါ။
ကိုႀကီးပုနဲ႔ အစ္မႀကီးတို႔က ကေလးေတြ ရွင္ျပဳေပးႏိုင္ေအာင္
ေျပာေပးဖို႔ပါ”
“ေျပာေပးပါ့မယ္ …ဒီႏွစ္ ကိုင္းသိမ္းလို႔ ေရာင္းခ်ၿပီး
ေငြေပၚတာနဲ႔ ရွင္ျပဳေပးႏိုင္ေအာင္ ေျပာေပးပါ့မယ္။
တို႔ကလည္း ႏိုင္သမွ် ဝိုင္းဝန္း ေထာက္ပံ့ေပးမွာေပါ့
နင္တို႔ လင္မယားလည္း ကေလးေတြကို စိတ္စြဲမေနနဲ႔။
ကိုယ္သြားရမယ္လမ္းကို ေျဖာင့္ေျဖာင့္သြား ။
ကေလးေတြ ကိစၥမွန္သမွ် ငါတို႔ တာဝန္ထား”
“က်မတို႔ကေတာ့ ကေလးေတြကို ရွင္ျပဳမေပးမခ်င္း
ေပါက္ေနမွာပဲ။ ဘယ္မွလည္း သြားမွ မဟုတ္ဘူး”
“အခုေတာ့ မျဖစ္ႏိုင္ေသးဘူး ။ လယ္သမားေတြက
ကိုင္းသိမ္းၿပီးမွ ပိုက္ဆံေပၚတာ ။ နင္တို႔လည္း အသိသားပဲ
ကဲ…ကဲ ငါတို႔ ေႏြေရာက္တာနဲ႔ အသီးအႏွံေတြ
ေရာင္းၿပီးရင္ ရွင္ျပဳေပးမယ္ …စိတ္ခ်ေန ဟုတ္လား”
“ဂ်ိဳ႕ေျမာင္႐ြာက အစ္ကိုႀကီးတို႔ လင္မယားကိုေရာ
က်န္တဲ့ အမ်ိဳးေတြပါ သတိေပးပါ”
“ေအး …ေအး ။ အားလုံး ေဆြမ်ိဳးစုံေအာင္ အသိေပးမယ္။
အိမ္ကို ခဲနဲ႔ မေပါက္နဲ႔ေတာ့ ဟုတ္လား”
တင္တင္ရီကို ဝင္ပူးေနသည့္ မျမေအးဝိညာဥ္လည္း
သူေျပာခ်င္သည့္ စကားမ်ားေျပာၿပီးသည္ႏွင့္
ထြက္သြားေတာ့သည္။
“ကဲ ၾကားတဲ့အတိုင္းပဲ ။ လူႀကဳံရွိရင္ နင္တို႔ေဒၚေလးဆီ
သတင္းပို႔ ။ ဂ်ိဳ႕ေျမာင္က လွခင္ရဲ႕အစ္ကို လွသန္းတို႔လင္မယားဆီ
အေၾကာင္းၾကားလိုက္”
မျမေအး ဝိညာဥ္ ဝင္ပူးကပ္ၿပီး ေျပာခဲ့သည္ ရွင္ျပဳေပးရန္
ကိစၥကို အေၾကာင္းၾကားလိုက္သျဖင့္ ညဘက္ခဲက်ရျခင္း
အေၾကာင္းကို အားလုံး သိကုန္ေတာ့သည္။
ထိုသို႔ အားလုံးသိခဲ့ၾကၿပီဆိုေသာ္လည္း ခဲက ရက္ျခား
က်ၿမဲက်ေနသည္။ ၾကာေတာ့ စိတ္မရွည္ေတာ့သည္
မျမေအး၏ေဒၚေလး ေဒၚေထြးစိန္ အိမ္ျပင္ထြက္၍
ေအာ္ေတာ့သည္။
“ဟဲ့ …လွခင္နဲ႔ ျမေအးေရ …ခဲနဲ႔ ခဏ ခဏ ပစ္မေနနဲ႔။
ငါတို႔အားလုံး ပိုက္ဆံခ်မ္းသာၾကတာ မဟုတ္ဘူး။
ေႏြေရာက္လို႔ ကိုင္းသိမ္းၿပီးတာနဲ႔ ရွင္ျပဳေပးမယ္လို႔
ဂတိေပးထားတယ္ေလ …စိတ္ဆိုးေအာင္ လာလုပ္မေနနဲ႔”
“ေဒါက္ ”
“ေဒါက္…ေဒါက္”
ေဒၚေထြးစိန္ေရွ႕ကေျပာ ခဲေတြ ေနာက္က က်ေနသည္။
“ေျပာမေနနဲ႔ အေမရ …ေျပာတဲ့လူ ေမာ႐ုံရွိမယ္”
လူပ်ိဳႀကီး ကိုမ်ိဳးေဇာ္က လွမ္းေအာ္ေျပာလိုက္သည္။
ခဲကေတာ့ ဇြဲေကာင္းေကာင္းနဲ႔ ရက္ျခားက်ေနသည္။
ခဲက်တိုင္းလည္း ရွင္ျပဳေပးမယ္။ မပစ္နဲ႔ေတာ့ဟု
ထြက္ေျပာသည္။ တစ္ည ေဒၚေထြးစိန္ အိပ္ေပ်ာ္ေနစဥ္
အိပ္မက္ထဲမွာ မျမေအးကို ျမင္လိုက္သည္။
သူကေတာ့ သားေတြ ရွင္မျပဳရေသးသေ႐ြ႕
အားလုံးကို အသိလိုက္ေပးေနမွာပဲ ဟု ေျပာၿပီး
ေပ်ာက္သြားသည္။
အားလုံး လက္ေလ်ာ့လိုက္ေလေတာ့သည္။
ခဲကေတာ့ ကိုလွခင္ မျမေအးတို႔၏ ေသြးသားရင္း႐ြာတိုင္း
အေပါက္မပ်က္ရက္ျခား ပုံမွန္ က်ေနသည္။
ထို႔ေနာက္ေတာ့ ခဲက်ေသာ ေဆြမ်ိဳးသားခ်င္း အရင္းမ်ားပင္
မဟုတ္ဘဲ ဝမ္းကြဲေဆြမ်ိဳးမ်ားကပါ ေသဆုံးသူလင္မယား၏
ဆႏၵ ျပင္းျပေနေသာ ကေလးေတြ ရွင္ျပဳပြဲကို မျဖစ္ျဖစ္ေအာင္
ဝိုင္းဝန္းကူညီၾကမည္ဟု ႏႈတ္ဂတိေပးလာၾကသည္။
တန္ေဆာင္မုန္းလမွာ စပါးမ်ားရိတ္သိမ္းၿပီးေသာ္လည္း
ပိုက္ဆံရေအာင္ မလုပ္ႏိုင္ေသးေပ။ ရိတ္ၿပီး ေကာက္လႈိင္းမ်ားကို
ေျခာက္ေအာင္လွန္း၍ တလင္းသို႔ သယ္ၿပီး ပုံထားသည္။
လယ္ကြင္းထံမွ ႐ိုးျပတ္မ်ားကို အားခ်င္းခုတ္၍
တစ္ရက္ေနျပကာ ေနာက္ေန႔ မီးရႈိ႕ၿပီး လယ္ေျမမ်ား
အစိုဓါတ္မကုန္ခင္ အျမန္ ထြန္ယက္ၾကသည္။
ပဲ ေျပာင္း ႏွမ္း ေဆး႐ြက္ႀကီး ဖရဲ င႐ုတ္ ေျမပဲတို႔မွ
မိမိတို႔ အက်ိဳးျဖစ္ထြန္းမည့္ သီးႏွံမ်ားကို ေ႐ြးၿပီး
စိုက္ၾကသည္။ ေန႔ဘက္ ထြန္ယက္ရင္း ညဘက္စပါးနယ္
ေကာက္ဆြ အလုပ္ကို အခ်ိန္မွ် ဆက္တိုက္ လုပ္ၾကရသည္။
ေန႔ခင္းထမင္းစားခ်ိန္ ေလ႐ူးေလးမ်ား တိုက္သည္ႏွင့္
ႀကဳံလွ်င္ ထမင္းပန္ကန္ကိုပင္ ပစ္ခ်ၿပီး ေဂၚျပားႏွင့္တိုး၍
စပါး ေလွ႔ရသည္။
အခ်ိဳ႕ကေတာ့ လင့္စင္ထိုးၿပီး စပါးေလွ႔ၾကသည္။
စပါးသန္႔စင္ၿပီး ေရာင္းရျပန္သည္။ ထိုစပါး ေရာင္းရေငြကို
ကိုင္းလုပ္ငန္းမွာ အရင္းအႏွီး ျပန္ထည့္ရသည္။
အသီးအႏွံမ်ား ျဖစ္ထြန္းရန္ ေရသြင္းရန္ လိုအပ္လွ်င္
ေရသြင္းသည္။
ေပါင္းလိုက္သင္သည့္အကြက္မ်ားကို ေပါင္းလိုက္သည္။
တပို႔တြဲ႕ ။ တေပါင္းေရာက္သည့္ႏွင့္ ကိုင္းသီးႏွံမ်ား
စသိမ္းၿပီ။ ထြက္သမွ် အသီးအႏွံမ်ားကို ကုန္သည္ပြဲစားမ်ားရွိရာ
ပြဲ႐ုံသို႔ သြားပို႔သည္။ ကုန္သည္တို႔ လိုအပ္ခ်က္မ်ားလွ်င္
ေစ်းေကာင္းရသည္။
ေဒၚေထြးစိန္တို႔ ကိုင္းမွထြက္ေသာ မတ္ပဲ ႏွမ္း ဖရဲတို႔
ႏိုင္ငံျခား အဝယ္လိုက္ေနသျဖင့္ ေစ်းေကာင္းရလိုက္သည္။
ကိုင္းထြက္သမွ် အသီးအႏွံမ်ား ေရာင္းခ်ၿပီးၿပီ။
ထိုအခ်ိန္ လယ္သမား ကိုင္းသမားတို႔အားလုံးလည္း
အသီးအႏွံမ်ား သိမ္းၿပီး ေရာင္းခ်၍ ေငြေပၚေနၾကၿပီ။
ေဒၚေထြးစိန္တို႔ ဆီးျဖဴေသာင္႐ြာ တေပါင္းလျပည့္
႐ြာဘုရားပြဲ စည္ကားစြာ က်င္းပေနသည္။
တေပါင္းပြဲကို အနီးနား႐ြာမ်ားမွ လွည္းမ်ားျဖင့္
ေပ်ာ္ေပ်ာ္ပါးပါး ဘုရားပြဲ လာၾကသည္။
ေဒၚေထြးစိန္အိမ္မွာ လက္ပံလွ႐ြာက ဦးပု ေဒၚလွလင္မယား
ဂ်ိဳ႕ေျမာင္႐ြာမွ ဦးလွသန္း ေဒၚေစာေမ လင္မယား မျမေအး၏ညီမ
မိသားစု ကိုလွခင္၏ ညီမႏွင့္ ညီမိသားစုတို႔ စုံညီစြာ ေရာက္ေနသည္။
ဘုရားပြဲလာျခင္းထက္ ေသဆုံးသြားၿပီျဖစ္သည့္
ကိုလွခင္တို႔ လင္မယား၏ က်န္ခဲ့ေသာ သားသုံးေယာက္ကို
ရွင္ျပဳေပးရန္ အဓိကထား တိုင္ပင္ၾကရန္ ျဖစ္သည္။
ထို႔အတူ မိမိတို႔ သားမ်ားကို ရဟန္းအျဖစ္လည္းေကာင္း။
သာမေဏအျဖစ္ လည္းေကာင္း ။ အတူထည့္ၿပီး
သာသနာ့ သြင္းရန္ အစီလည္းပါသည္။
ေဒၚေထြးစိန္၏ မတည္ေငြ ။ ေဆြမ်ိဳးသားခ်င္းမ်ား၏
ထည့္ေငြႏွင့္ အလႉလုပ္ရန္ ရက္ေကာင္းေ႐ြး၍
သတ္မွတ္ၾကသည္။
ထိုည စကားေျပာ မျပတ္၍ လူႀကီးမ်ား ဘုရားပြဲသို႔
မသြားျဖစ္ေတာ့ဘဲ ကေလးမ်ားကိုသာ တင္တင္ရီတို႔
ေမာင္ႏွမ ဦးေဆာင္ၿပီး ေခၚသြားရန္ လႊတ္လိုက္သည္။
အိမ္ေရွ႕ခန္းမွာ ေရေႏြးေသာက္ရင္း အလႉအေၾကာင္း
တိုင္ပင္ေနၾကခ်ိန္ ည ရွစ္နာရီခန္႔ ေရာက္လာသည္။
ေဒါက္ ေဒါက္
ေဒၚေထြးစိန္က ထိုင္ရာမွ အိမ္ကျပင္သို႔ ထသြားၿပီး…
“လွခင္နဲ႔ ျမေအးေရ …နင္တို႔ ကေလးေတြကို
ေရွ႕လ တန္ခူးလဆန္း (၁၄) ရက္ေန႔မွာ ရွင္ေလာင္းလွည့္မယ္
( ၁၅)ရက္မွာ အလႉတရားနာမယ္။ ရက္သတ္မွတ္ၿပီးၿပီ
သာဓုေခၚဖို႔ ေစာင့္ေန။ ခဲနဲ႔ မပစ္ၾကနဲ႔ေတာ့”
ေဒၚေထြးစိန္ေျပာၿပီး အိမ္ထဲ ျပန္ဝင္ခဲ့ေပမယ္…
ေဒါက္ ေဒါက္
ေဒါက္
အိမ္ထဲသို႔ ခဲႏွစ္လုံး သုံးလုံးမွ် က်ေသးသည္။
“ေတာ္ေတာ္ ဇြဲေကာင္းတဲ့ လင္မယားပဲ”
သို႔ျဖင့္ တစ္လဟု ရက္သတ္မွတ္ခဲ့ေပမယ့္
ဆယ့္ငါးရက္ေလာက္ကတည္းက အလႉကိစၥကို
စီစဥ္ေနၾကသည္။
အလႉပြဲနီးမွပင္ ကိစၥအားလုံးၿပီးစီးသြားသည္။
အလႉရက္သို႔ ေရာက္ခဲ့သည္။
အားလုံး ရဟန္းေလာင္းသုံးပါး ရွင္သာမေဏေလာင္း
ရွစ္ပါးအားလုံး ဆယ့္တစ္ပါးျဖစ္သည္။ ဆီးျဖဴေသာင္
အင္းကုန္း ငွက္ေပ်ာ္ေတာ႐ြာ သုံး႐ြာပတ္၍
ရွင္ေလာင္းလွည့္ၾကသည္။
ျမင္းမ်ားျဖင့္ စည္စည္ကားကား ျဖစ္ခဲ့သည္။
ညေန သုံးနာရီမွာ ရွင္ေလာင္းသြင္းသည္။
ရွင္ေလာင္းဘိသိတ္ဆရာ၏ ရွင္ေလာင္းသြင္းရႈိးလိုက္
အဆိုအေျပာမ်ားက ၾကည့္ရႈနားေထာင္ေနသူမ်ား၏
မ်က္ရည္ကို ခ်ဴထုတ္ေနသည္။
ကိုရင္ေလာင္းမ်ား၏ မိဘမ်ားကို သနားစိတ္ႏွင့္
မ်က္ရည္က်ၾကရသည္။
ရွင္ေလာင္းမ်ား သကၤန္းစီးၿပီးသြားၿပီ။
ထိုအခ်ိန္ အလႉမွာ ဝိုင္းဝန္းကူညီေပးေနသည့္အတြက္
မတင္ၫြန္႔အား မျမေအး ဝိုင္ေရာက္ပူးကပ္ေတာ့သည္။
မျမေအး ဝင္ပူးကပ္မွန္းသိသည့္အတြက္ ဝိုင္းဝန္းေမးၾကသည္။
အလႉအတြက္ ဝမ္းသာရန္ ေျပာၾကသည္။
သားကိုရင္ေလးေတြ ေျခေထာက္ကို ဦးခိုက္ၿပီး …
“သားေလးေတြကို ကိုရင္အျဖစ္ ျမင္ေတြ႕ရလို႔
ဝမ္းသာလိုက္တာ…တပည့္ေတာ္တို႔ ဆႏၵေတြ
မျပည့္ဝေပမယ့္ ေဆြမ်ိဳးေတြက
ကိုရင္ဝတ္ေပးၾကလို႔ … ေဆြမ်ိဳးေတြကိုလည္း
ေက်းဇူးတင္ပါတယ္”
ကိုရင္ေလးသုံးပါးကိုေျခေထာက္ကိုဖက္,ဖက္ၿပီး
ရႈိက္ႀကီးတငင္ ငိုေနပါသည္။
ေဒၚဖြားခ်စ္ႏွင့္ ေဒၚေထြးစိန္တို႔က…
“ဟဲ့ …ျမေအး။
နင့္သားေတြကို နင့္ဆႏၵရွိတဲ့အတိုင္း
ရွင္ျပဳေပးၿပီးၿပီ ။ နင္တို႔ဝမ္းသာရမွာ ဘာျဖစ္လို႔
ငိုနေရတာလဲ”
“က်မ မလုပ္ႏိုင္ခဲ့တဲ့ ဒီအလႉႀကီးကို က်မမိသားစုဝင္ေတြက
လုပ္ေပးတဲ့အတြက္ ဝမ္းသာလြန္းလို႔ပါ”
“ေအး…မနက္ျဖန္ တရားပြဲၿပီးလို႔ အမွ်ေဝရင္
သာဓုေခၚဖို႔ လာခဲ့ ဟုတ္လား”
“က်မတို႔ ေစာင့္ၿပီး သာဓုေခၚပါ့မယ္
အခု အားရေအာင္ ရွိခိုးပါရေစ”
“ကဲ…ရွိခိုးၿပီးရင္ သြားေတာ့ ကိုရင္ေလးေတြ
မ်က္ရည္က်ကုန္ၿပီ။ သြားၾကေတာ့ …သင့္ေတာ္တဲ့
ေနရာကေနၿပီး အလႉတရားနာဖို႔ ေစာင့္ေနၾက”
မျမေအး ဝင္ပူးကပ္ျခင္း ခံေနရေသာ မတင္ၫြန္႔လည္း
ကိုရင္သုံးပါးကို ရွိခိုးခ်ကာ ျပန္ထြက္သြားခဲ့ေတာ့သည္။
အနီးမွာ ရပ္ၾကည့္ေနသူမ်ားေရာ ။ ကိုရင္သုံးပါး
အားလုံး မ်က္ရည္မ်ားျဖင့္ ျပည့္ေနေတာ့သည္။
ဝင္ပူးကပ္ျခင္း ခံလိုက္ရေသာ မတင္ၫြန္႔လည္း
ျပန္သတိရလာ၏။
သူ႔အား ဝိုင္းၾကည့္ေနၾကသျဖင့္…
“က်မကို ဝင္စီးသြားတာလား”
“ဟုတ္တယ္…အခုပဲ..ပူးကပ္ေနရာက ခြာသြားတာ”
XXXXX
အလႉအေကြၽးအေမြးရက္ ေရာက္ခဲ့ၿပီ။
ေန႔ခင္းေရာက္ေတာ့ အလႉတရားနာၾကသည္။
လႉဒါန္းသမွ် ဒါနအစုစုတို႔ကို ေဝေနယ် သတၱဝါတို႔အား
ေရစက္ခ် အမွ်အတန္းေဝၾကသည္။
ၾကားၾကားသမွ် အေပါင္းတို႔ကလည္း
သာဓုေခၚၾကသည္။ အလႉမွာ ေရာက္ရွိေနသူအားလုံးကလည္း
တမလြန္မွာ ေရာက္ေနၾကၿပီျဖစ္ေသာ ကိုလွခင္ မျမေအးတို႔ကို
ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚေစခ်င္ၾကသည္။
အားလုံးဆႏၵရွိသည့္အတိုင္း အလႉမ႑ပ္၏
အနီးအပါး ေရာက္ရွိေနေသာ ဝိညာဥ္လင္မယားလည္း
ေစာင့္ၿပီး လႈိက္လႈိက္လွဲလွဲ သာဓုေခၚၾကပါသည္။
သာဓုသုံးႀကိမ္သုံးခါ ေခၚဆိုအၿပီးမွာေတာ့
ကိုလွခင္ႏွင့္ မျမေအးတို႔ ဝိညာဥ္မ်ားလည္း
စိတ္လက္ခ်မ္းသာစြာႏွင့္ အေဝးသို႔ ထြက္ခြာသြားေတာ့သည္။
ဆရာ ဧကန္မင္း ၏ ‘ မဖဲဝါ၏ ေတာက္ေခါက္သံ’ စာအုပ္မွကူးယူေကာက္ႏႈတ္တင္ျပသည္။