ရေတွင်းပျက်ကြီးမှခေါ်သံ (စ-ဆုံး)

ရေတွင်းပျက်ကြီးမှခေါ်သံ (စ-ဆုံး)
—————————————
“က်ျီ တီ တီ ”
ကားဟွန်းသံနှင့်အတူခြံကြီးရှေ့သို့ ကားရပ်လိုက်
သည်နှင့်ခြံစောင့်လူကြီးတစ်ယောက်ထွက်လာပြီး
ခြံတံခါးအားဖွင့်ပေးလိုက်သည်။
ကားပေါ်မှအသက်၂၈နှစ်အရွယ် သူနာပြုဆရာမလေးတစ်ယောက်အထုတ်အပိုးများဖြင့်မနိုင်မနင်းဆင်းလာသည်ကို
ခြံစောင့်ကြီးမြင်လိုက်၍
“ဆရာမလေး အိတ်ကျွန်တော့်ကိုပေးပါ”
“သြော် ဟုတ်ကဲ့ရှင့်ကျေးဇူးပါ”
ဆရာမလေးကခြံစောင့်ကြီးအားလက်ထဲမှ
အိတ်အားကမ်းပေးလိုက်လေသည်။
“ဆရာမလေး ကျွန်တော့်နောက်ကလိုက်ခဲ့ပါ”
ခြံစောင့်ကြီးခေါ်ဆောင်ရာနောက်သို့
သူနာပြုဆရာမလေးလည်းလိုက်ပါသွားသည်။
ကြီးမားတဲ့တိုက်ကြီးထဲခေါ်ဆောင်သွားပြီး
အပေါ်ထပ်အခန်းတစ်ခန်းထဲသို့ရောက်လာ
ခဲ့သည်။
အခန်းထဲကုတင်ပေါ်ရှိလူတစ်ယောက်
လဲလျောင်းနေသည်ကိုမြင်လိုက်ရသည်။
ကုတင်နံဘေးမှာလည်းဝှီးချဲထိုင်ခုံကိုလည်း
မြင်နေရသည်။
“ဆရာကြီး ဆရာခေါ်ခိုင်းထားတဲ့
သူနာပြု ဆရာမလေးရောက်လာပါပြီခင်ဗျ”
“အင်း”
ကုတင်ပေါ်ရှိအသက်၅၀ကျော်အရွယ်လူကြီးက
“အင်း”ဟုတစ်လုံးတည်းသာခြံစောင့်ကြီးအား
ပြောလိုက်ပေသည်။
ပြီးနောက်ခြံစောင့်ကြီးက သူနာပြုဆရာမလေးအား
အခန်းအပြင်ဘက်ခေါ်လာပြီး
“ဆရာမလေးမြင်တဲ့အတိုင်းပါပဲဗျာ
ကျွန်တော်တို့ဆရာကြီးက လွန်ခဲ့တဲ့၂လလောက်ကတည်းကလေဖြတ်ပြီး
ကုတင်ပေါ်လဲနေတာအခုချိန်ထိပဲဆိုပါတော့
အရင်ကတော့တခြားဆရာမတစ်ယောက်ကို
ခေါ်ခဲ့ဖူးပါတယ် နောက်အဲ့ဒီဆရာမလည်း
ထွက်သွားတယ်လေ ကျွန်တော်တစ်ယောက်တည်းဆိုတော့
ဆရာကြီးကိုပြုစုဖို့ကမနိုင်ဘူး အိမ်အတွက်လုပ်ရ
ချက်ရပြုတ်ရနဲ့ဆိုတော့ ဆရာကြီးကိုတိုင်ပင်ပြီး
သူနာပြုဆရာမတစ်ယောက်ထပ်ခေါ်လိုက်ရတာ
အခုလည်းဆရာကြီးကစကားလည်းကောင်း
ကောင်းမပြောနိုင်သေးဘူး အကောင်းဆုံးအတော်ဆုံးဆရာဝန်တွေ
ဆေးရုံဆေးခန်းတွေလည်းပြပြီးပါပြီ
ဒါပေမယ့်အခြေအနေကထူးခြားမလားဘူး
ဖြစ်နေတယ်ဗျာဒါကြောင့်ဆရာမလေးကိုပဲ
အနီးကပ်ပြုစုစောင့်ရှောက်ပေးပါလို့ပြောပါရစေ”
“ဒါမျိုးကဖြစ်တတ်ပါတယ်ရှင် ကျွန်မအတတ်နိုင်ဆုံးပြုစုပေးသွားမှာပါ
ဒါနဲ့ဒီအိမ်ကြီးမှာ ဦးလေးနဲ့သူ၂ယောက်တည်းရှိတာလား”
“အင်း အရင်ကတော့လူတွေအများကြီးရှိခဲ့ပါတယ်
ဟောဟိုကဓာတ်ပုံထဲကမိသားစု3ယောက်
တွေ့တယ်မလား သူတို့ကဒီအိမ်ကြီးရဲ့ပိုင်ရှင်တွေ
ပေါ့”
“အခုသူတို့က ဘယ်မှာနေလို့လည်း”
“သူတို့မရှိကြတော့ဘူး ဆရာမလေး
မိဘနှစ်ပါးကတော့ကားမှောက်ပြီး
ကွယ်လွန်သွားကြသလို ကျန်နေတဲ့သမီးကလည်းသိပ်မကြာပါဘူး
သူတို့မိဘနှစ်ပါးနောက်ကိုလိုက်သွားကြလေရဲ့”
“သူကဘယ်လိုသေသွားတာလဲဟင်
ငယ်ငယ်လေးဆိုတော့နှမြောစရာပဲ”
“သူကတော့ ဟောဒီကဆရာမလေးလိုပဲ
ဆရာဝန်တစ်ယောက်ပေါ့ ကျေးလက်တောရွာ
တွေမှာဆေးလိုက်ကုရင်း တစ်နေ့ငှက်ဖျားပိုး
ဦးနှောက်ထဲဝင်ပြီးဆုံးသွားပြီဆိုတဲ့စာတစ်စောင်
ရောက်လာမှ ဦးတို့လည်းသူသေပြီဆိုတာသိရတာ”
“သနားစရာပါရှင် ဒါနဲ့ စောနက ကုတင်ပေါ်က
လူကြီးနဲ့ ဓာတ်ပုံထဲကမိသားစု၃ယောက်နဲ့က
ဘယ်လိုတော်စပ်ကြတာလဲရှင့်”
“အဲ့ဒီဓာတ်ပုံကြီးထဲက အမျိုးသားနဲ့ကုတင်ပေါ်က
ဆရာနိုင်လင်းနဲ့ကညီအစ်ကိုအရင်းလေ”
“စကားကောင်းနေလိုက်တာရှင် ဦးလေးနာမည်ကို
အခုထိမသိသေးဘူးနော်”
“ဟုတ်ပါ့ ဟုတ်ပါ့ မေ့နေလိုက်တာ
ဦးလေးနာမည်က ဦးဖိုးဝတဲ့ ဆရာကြီး
နာမည်ကဦးနိုင်လင်းတဲ့ မှတ်ထားပေါ့”
“ဟုတ်ကဲ့ ကျွန်မနာမည်က သူဇာလင်းပါ”
“ဆရာမလေးနေဖို့ အခန်းလိုက်ပြပါ့မယ်”
“ဟုတ်”
ခြံစောင့်ကြီးဦးဖိုးဝကဆရာမလေးသူဇာလင်း
နေရန်အောက်ထပ်အခန်းသို့စီစဉ်ပေးလေသည်။
“ဒီအခန်းပါပဲ ဆရာမလေး ကျွန်တော်ဆရာကြီး
အတွက်ချက်ပြုတ်လိုက်ဦးမယ် ဆရာမလေးခဏနားလိုက်ပါဦး”
“ဟုတ်ကဲ့ရှင့်”
ဦးဖိုးဝပြန်သွားတော့ ဆရာမလေးသူဇာလင်းလည်း
အခန်းထဲလှည့်ပတ်ကြည့်ရှုမိသည်။
“အင်း အခန်းကြီးကတော့အကျယ်ကြီးပဲ
ငါ့အတွက်အဆင်ပြေတာထက်ကိုပိုနေပြီ
သူတို့ပေးတဲ့လစာနဲ့အိမ်ကိုကောင်းကောင်း
ထောက်ပံ့နိုင်ပြီလေ မိသူဇာရေ ကြိုးစားထားဟ”
ကိုယ့်ကိုကိုယ် အားပေးရင်း အဝတ်အထည်များအား သူ့နေရာနှင့်သူ
စီရီထားလိုက်တော့သည်။
နံနက်၁၁ထိုးခါနီး သူဇာလင်းလည်း
လေဖြတ်နေသောဦးနိုင်လင်းအတွက်
စားစရာကျွေးရန်အိမ်အပေါ်သို့တက်လာခဲ့တော့
သည်။
“ဒေါက် ဒေါက် ဒေါက် ”
“ဦးလေး ကျွန်မဝင်ခဲ့ပြီနော်”
အခန်းထဲဝင်ခါနီးအသံပေးကာ သူဇာလင်း
အခန်းထဲဝင်လာခဲ့လေသည်။
အခန်းထဲရောက်တော့ ဦးနိုင်လင်းမှာ
ခေါင်းအုံးမှာအမှီပြုရင်းထိုင်နေလေသည်။
“ဦးလေးရှင့် ထမင်းကျွေးဖို့လာခဲ့တာပါ”
ကုတင်ပေါ်မှ ဦးနိုင်လင်းက ခေါင်းပဲအသာညိတ်ပြလိုက်သည်။
ဆရာမလေးသူဇာလင်းလည်းဦးနိုင်လင်းအား
စိတ်ရှည်စွာဖြင့်တစ်ဇွန်းပြီးတစ်ဇွန်း
ခွံ့ကာကျွေးလိုက်လေသည်။
ထမင်းစားပြီးသည့်အခါ ဆေးရုံမှဆရာဝန်ကြီး
ညွှန်းထားသည့်အတိုင်းဆေးများကိုမလွဲမသွေ
တိုက်ပေးလေသည်။
“ဦးလေး စိတ်ပြေလက်ပျောက်ခြံထဲ
ဆင်းမလားရှင့် ”
“အင်း”
“အဲ့ဒါဆို ခဏလေးသည်းခံပြီးစောင့်ပေးပါရှင့်
အိမ်အောက်ထပ်လှေကားကိုဆင်းရမှာဆိုတော့
ဦးဖိုးဝကိုအကူအညီတောင်းရမှာရှင့်”
“အေး”
သူဇာလင်းလည်းအောက်ထပ်သို့ဆင်းလာခဲ့ပြီး
ဦးဖိုးဝအားလိုက်ရှာလိုက်သည်။
“ဦးဖိုးဝ”
“သြော် ဆရာမလေး ဘာကိစ္စရှိလို့လဲမသိဘူး”
“ဟုတ် ဒီလိုပါ ဦးကခြံထဲဆင်းချင်တယ်ဆိုလို့လေ
အပေါ်ထပ်ကနေအောက်ဆင်းရမှာဆိုတော့
ကျွန်မတစ်ယောက်တည်းမနိုင်ဘူးဖြစ်နေတယ်
အဲ့ဒါ ဦးဖိုးဝကိုအကူအညီလာတောင်းတာ
ဦးနိုင်လင်းကဘာလု့ိအောက်ထပ်မှာမနေတာလဲ
မသိဘူး အောက်ထပ်မှာဆိုရင်ခြံထဲသွားရတာ
လွယ်ကူတာပေါ့”
“ဟုတ်တယ် ဆရာမလေးရေ ဆရာက
ဘယ်လိုမှအောက်ထပ်ကိုနေခိုင်းလို့မရဘူးလေ
ဟိုးအရင်ကတည်းကအပေါ်ထပ်မှာပဲ
နေတတ်တာတဲ့လေ ပြောလို့လည်းမရပါဘူး
ဆရာမလေးရယ်”
ဦးဖိုးဝ၏အကူအညီဖြင့် ဦးနိုင်လင်းအား
ဝှီးချဲဖြင့်ခြံထဲဆင်းကာစိတ်ပြေလက်ပျောက်
လိုက်ပို့နိုင်ခဲ့လေသည်။
သူဇာလင်းလည်း ဝှီးချဲအားခြံ၏အနောက်ဘက်သို့
တွန်းရန်ဟန်ပြင်လိုက်စဉ်မှာပင် ဦးနိုင်လင်း၏
မျက်နှာအမူအရာပြောင်းသွားသည်ကို ဆရာမလေး
သူဇာလင်းသတိပြုမိလိုက်သည်။
ဦးနိုင်လင်းကတစ်ခုခုကိုစိုးရိမ်နေဟန်ဖြင့်
ခေါင်းကိုတသွင်သွင်ခါပြနေသည် မျက်လုံးများကလည်းတစ်ခုခုကိုအကြောက်ကြီး
ကြောက်နေသည့်သဘောကိုပြနေသလို
လုံးဝမသွားစေချင်သည့်အဓိပ္ပါယ်ကိုလည်း
ဖော်ဆောင်နေလေသည်။
“ဦးကမသွားချင်ဘူးလားခြံအနောက်ကိုဘက်ကို”
“ဟင့်အင်း”
“သြော် ဟုတ်ကဲ့ရှင့်”
သူဇာလင်းလည်း ဝှီးချဲအားပြန်လှည့်လိုက်ပြီး
ခြံ၏အနောက်ဘက်ဆီသို့ကြည့်လိုက်မိသည်
ခြံရဲ့အနောက်ဘက်တွင်တော့ထွေထွေထူးထူးတော့မရှိပါပဲ ရေတွင်းပျက်ကြီးတစ်ခုနှင့်ဂိုထောင်ကြီးတစ်လုံးကိုသာတွေ့ရလေသည်။
အဘယ်အကြောင်းကြောင့်ဦးနိုင်လင်းတစ်ယောက်
ခြံအနောက်ဘက်ကိုမသွားချင်သလဲဆိုသည်ကို
ဦးနိုင်လင်းသာသိပေလိမ့်မည်၊
သူဇာလင်းလည်းဤကိစ္စကိုစိတ်ထဲကွက်ခနဲ
ဖြစ်သွားမိသည့်အတွက် တစ်ခုခုတော့ ရှိရမည်
ဆိုပြီးတွက်ဆမိလိုက်သည်။
သူဇာလင်းက သူနာပြုမဖြစ်ခင်ကတည်းက
သွက်လက်ထက်မြတ်သလို စပ်စပ်စုစုနိုင်သည့်
အတွက်သူငယ်ချင်းကတောင် စ၃လုံးဟု
စနောက်ခေါ်တတ်ကြသေးသည်။
========================
သူဇာလင်းလည်းဦးနိုင်လင်းအား ခြံထဲဆင်းပြီး
စိတ်ပြေလက်ပျောက်လိုက်ပြပြီး
အိမ်ထဲပြန်ဝင်လာခဲ့တော့သည်။
“ဆရာမလေး ဆရာပင်ပန်းသွားပြီထင်တယ်
အခန်းထဲပြန်ပို့ရအောင်”
“ဟုတ်ကဲ့ ဦးဖိုးဝ လူမမာကိုအားရှိအောင်
ညနေပိုင်းကြက်စွတ်ပြုတ်လေးဖြစ်ဖြစ်
တိုက်ထားချင်တယ် ဦးဖိုးဝ”
“ရစေရမယ် ဦးလေးညနေကြကြည့်
လုပ်လိုက်မယ် ဆရာမလေး”
“ဟုတ်ကဲ့ရှင့်”
ဦးဖိုးဝက ဦးနိုင်လင်းအား အိမ်အပေါ်သို့
ပြန်ပို့နေချိန် သူဇာလင်းတစ်ယောက်
တိုက်နံရံကမိသားစုသုံးယောက်ရိုက်ထားသည့်
ပုံအားအနီးကပ်ရပ်ကြည့်နေမိသည်။
ပုံကခန့်ခန့်ညားညားအမျိုးသားကြီးနှင့်
အင်မတန်မှလှပသောအမျိုးသမီးကြီး၏
အရှေ့တွင်ဖြူဖြူဖွေးဖွေးနဲ့ချစ်စရာကောင်မလေး
တစ်ယောက်ကထိုင်နေလေသည်။
သူဇာလင်းထိုပုံကိုစိုက်ကြည့်နေရင်း
ဓာတ်ပုံထဲမှ မိန်းကလေးမှာ ပြုံးနေရာမှ
တဖြည်းဖြည်း ဝမ်းနည်းကြေကွဲနေသော ပုံစံရုတ်တရက်ပြောင်းသွားလေသည်။
“ဆရာမလေး ”
“ရှင် ရှင် ဟုတ် ဦးဖိုးဝ ”
“ဆရာမလေး ဦးလေးခေါ်လိုက်လို့
လန့်သွားတဲ့ပုံပဲ”
“ဟုတ် ဟုတ်တယ်ရှင့်ဓာတ်ပုံထဲက
ကောင်မလေးကိုစိတ်ဝင်တစားနဲ့
ကြည့်နေတုန်းဦးလေးခေါ်လိုက်လို့
လန့်သွားတာရှင့် ဒါနဲ့ ဦးဖိုးဝကိုကျွန်မမေးစရာရှိတယ်”
“အင်း မေးလေ ဆရာမလေး ဘာမေးမှာလဲ”
“စောနက ဦးနိုင်ကိုခြံထဲဆင်းပြီးလိုက်ပို့တော့
ခြံအနောက်ဘက်ကိုလိုက်ပို့မလို့ဟာကို
ဦးနိုင်ကအကြောက်အကန်ငြင်းနေသလိုပဲ
ခြံအနောက်မှာဘာရှိလို့လဲဟင် ဦးဖိုးဝ”
သူဇာလင်း၏အမေးကြောင့် ဦးဖိုးဝမျက်စိမျက်နှာ
ပျက်သွားသည်ကို သူဇာလင်းသိလိုက်သည်
ဦးဖိုးဝကချက်ချင်းပင်မျက်နှာကိုပြင်လိုက်ပြီး
“သြော် ဒါလားအထွေအထူးတော့မဟုတ်ပါဘူး
ဆရာမလေးရယ် ခြံအနောက်ဘက်မှာမြွေပါးကင်းပါးတွေတအား
ပေါတယ်လေ ဒါကြောင့်ဆရာက မသွားခိုင်းတာပါ
တခြားဘာမှမရှိပါဘူး ဆရာမလေး”
“သြော် ဒီလိုကိုး မသိပါဘူးရှင် ကျွန်မကခြံနောက်ကိုလိုက်ပို့တော့
ဦးနိုင်လင်းကတစ္ဆေသရဲမြင်သလို ထိတ်ထိတ်ပျာပျာ ဖြစ်သွားလို့မေးကြည့်တာပါ”
“ဆရာမလေး ထမင်းစားဖို့မေ့နေပြီထင်တယ်
အချိန်ကနေ့လယ်တောင်ကျော်နေပြီပဲ”
“ဟုတ်ပါ့ရှင် ကျွန်မလည်းမေ့နေလိုက်တာ”
ဦးဖိုးဝစကားလမ်းကြောင်းလွှဲကာ
ပြောလိုက်မှန်းသူဇာလင်းသိပေသည်။
…………………………………
ညနေရောက်တော့ သူဇာလင်းလည်းဦးနိုင်လင်းအား ကြက်စွတ်ပြုတ်
တိုက်ပြီးဆေးပါတိုက်ကာသိပ်ထားလိုက်သည်။
အိမ်အောက်ထပ်ဆင်းလာတော့ ဦးဖိုးဝလည်း
စားပြီးသားအိုးခွက်ပန်းကန်များအားဆေးကြော
နေပေသည်။
“ဦးဖိုးဝ ကျွန်မပါကူဆေးပေးမယ်နော်”
“ဟာ ရပါတယ်ဆရာမလေးရယ် ဆရာမလေးဘာသာ အေးဆေးနေပါကွယ်
ဒါတွေဦးဖိုးဝလုပ်နေကြပါ”
“ဘယ်ဟုတ်မလည်း ဦးဖိုးဝရယ် ကျွန်မက
လူမမာကိုလည်းအရမ်းကြီးကြည့်ရှုနေရတာ
မဟုတ်တော့ အားတဲ့အချိန်လေးကူလုပ်ပေးတာပါ
တကယ်ဆိုရင်ဦးဖိုးဝကမှပိုပြီးပင်ပန်းပါတယ်ရှင်”
“ပြောမရတော့လည်း ဆေးပါဗျာ ဆေးပါ”
“ဒါနဲ့ ကျွန်မကိုဆရာမလေး ဆရာမလေးလို့
မခေါ်ပါနဲ့လားရှင် သူဇာဖြစ်ဖြစ် ခေါ်ကြည့်ပါလား
ကိုယ့်ထက်အသက်ကြီးတဲ့အဖေအရွယ်လောက်ရှိတဲ့သူဆီကဆရာမလေးလို့ခေါ်ခံရတာ
နားထဲမှာကန့်လန့်ကြီးဖြစ်နေသလိုပဲ”
“ဘယ်ဟုတ်မလဲ ဆရာမလေးရယ်
ဆရာမလေးကသူနာပြုလေလူတစ်ယောက်ရဲ့
အသက်ကိုကယ်တင်နေကြတဲ့သူတွေလည်းဖြစ် ဦးလေးမတတ်ကျွမ်းတာတွေကိုလည်း
တတ်မြှောက်ထားတယ်မလား ဒါကြောင့်
ဆရာခေါ်ထိုက်လို့ခေါ်တာပေါ့ကွယ်”
“ကျွန်မကတော့ ကိုယ့်မိသားစုလိုရင်းရင်းနှီးနှီးဖြစ်စေချင်လို့ပါ
“ကဲပါ ဆရာမလေးစိတ်သဘောအတိုင်းဆရာမလေးလို့မခေါ်တော့ဘူး
သမီးသူဇာလို့ခေါ်လို့ရတယ်မလား”
“ရပါတယ်ရှင် စိတ်ကြိုက်ခေါ်ပါ”
==================
သူဇာလင်းလည်း ဦးဖိုးဝအားကူညီလုပ်ကိုင်
ပေးပြီးမှထမင်းစားလိုက်တော့သည်။
ထမင်းစားပြီးအချိန်ကိုကြည့်လိုက်တော့
ည၈နာရီကျော်နေပြီဖြစ်၍ ဦးနိုင်လင်းအတွက်
ပေးထားသည့်ဆေးများကိုတိုက်ရန်အတွက်
အိမ်အပေါ်ထပ်သို့တက်လာခဲ့လေသည်။
“ဒေါက် ဒေါက် ဒေါက်”
“ဦးနိုင် ကျွန်မဝင်ခဲ့ပြီရှင့်”
“ဂျောက်”
တံခါးကိုညင်သာစွာဖွင့်ကာ ဦးနိုင်လင်း၏
ကုတင်နားသို့ရောက်လာခဲ့သည်။
လူမမာအားထိုင်လျက်အနေအထားဖြစ်စေရန်
တွဲကူပြီးထိုင်ခိုင်းစေသည်။
ပြီးနောက်ဆေးတိုက်ရလေသည်။
ဦးနိုင်လင်း ဇာတ်ကြောတွေတက်နေရင်
နှိပ်ပေးရဦးမလားရှင့်”
“ဟင့်အင်း”
“ဟုတ်ကဲ့ရှင့်”
ဦးနိုင်လင်းကခေါင်းရမ်းပြသဖြင့်
သူဇာလင်းလည်း လူမမာအားအိပ်ရာထဲပြန်လှဲ
ပေးပြီးအောက်ဆင်းခဲ့လေသည်။
“သမီးသူဇာ အိပ်တော့လေ ပင်ပန်းနေပြီမဟုတ်လား”
“ဟုတ် သူဇာအိပ်တော့မှာပါ ဦးဖိုးဝ”
“အေးအေး ဒါနဲ့ ဦးတစ်ခုလောက်ပြောထားရဦးမယ်’
“ဟုတ်ပြောပါ ဦးဖိုးဝ”
“ဒီလိုကွဲ့ ညရောက်လို့ အိမ်နောက်ဘက်ခြံထဲက
ခေါ်သံလိုလိုကြားရင် သမီးသူဇာလုံးဝထမကြည့်ပါနဲ့”
“ရှင် ဘာဖြစ်လိုလဲ ဦးဖိုးဝ”
“ဒီမေးခွန်းကို ဦးဖိုးဝမဖြေနိုင်ပေမယ့်
သမီးသိထားအောင်လို့ ပြောပြထားတာပါ
ဦးလေးအခုလိုပြောတာ ဆရာကြီးမသိပါစေနဲ့”
“အင်း ဟုတ်ကဲ့ပါ သူဇာမပြောပါဘူး”
“အေးအေး ဦးလည်းအိပ်ဦးမယ်”
ဦးဖိုးဝ ထွက်သွားတော့ သူဇာလင်းလည်း
စဉ်းစားမိသည်။
“ဘာကြောင့်ငါ့ကို ခြံနောက်ဘက်ကခေါ်သံ
ကြားရင်မသွားခိုင်းရတာလဲ ပြီးတော့ သူတို့ပြောတော့ခြံနောက်မှာဘာမှမရှိပါဘူးဆို
အခုကြတော့ခေါ်သံကြားရင်မသွားနဲ့ဆိုတော့
ဧကန္တတစ်ခုခုတော့ကျိန်းသေရှိမှာပဲ
ငါသိအောင်လုပ်ရမယ်”
သူဇာလင်းကသူမရဲ့ဗီဇအတိုင်း သူမသိချင်တာကို
သိလိုက်ရမှကျေနပ်သူဖြစ်သည်။
သူဇာလင်းလည်း အခန်းထဲဝင်ကာ
ဘုရားရှိခိုးလိုက်ပြီး အိပ်ရာပေါ်လှဲအိပ်လိုက်သည်
တနေကုန်ပင်ပန်းထားသမျှခေါင်းအုံးပေါ်
ခေါင်းချလိုက်တယ်ဆိုရင်ပဲ ချက်ချင်းအိပ်ပျော်သွားတော့သည်။
“ကျွန်မကိုကယ်ပါ ကျွန်မကိုသူသတ်ပြီး
ချုပ်နှောင်ထားတယ် ကျွန်မ အခုထိမကျွတ်မလွတ်သေးပါဘူးရှင် ခြံရဲ့အနောက်ဘက်ကရေတွင်းပျက်ကြီးထဲမှာ
ကျွန်မကိုသတ်ပြီးအလောင်းကိုဖွက်ထားတယ်
ကျွန်မကိုကယ်ပေးပါ”
“ဟင်”
သူဇာလင်းလန့်နိုးလာသည် နားထဲမှာ
အိပ်မက်လိုလိုတကယ်လိုလို အမျိုးသမီး
တစ်ယောက်၏အသံကိုကြားလိုက်ရသည်။
“အိပ်မက်မက်တာများလား တကယ်လား
မိန်းကလေးတစ်ယောက်ကအကူအညီ
တောင်းနေတဲ့အသံပဲ ဦးဖိုးဝပြောတဲ့
ညဘက်ခေါ်သံကြားရင်ထမကြည့်နဲ့ဆိုတာ
ဒါကိုပြောတာလား”
သူဇာလင်း၏ခြေလှမ်းများက အခန်းထဲမှထွက်
လိုက်ပြီးခြံ၏အနောက်ဘက်သို့ဦးတည်လိုက်လေသည်။
ခြံစောင့်ကြီးဦးဖိုးဝကတော့ ခေါကနဲအိပ်နေလေပြီ
သူဇာလင်းတစ်ယောက်မရဲတရဲဖြင့် ခြံ၏အနောက်
ဘက်ကရေတွင်းပျက်ကြီးနားရောက်လာခဲ့
လေသည်။
ရေတွင်းထဲသို့ဓာတ်မီးထိုး၍ငုံ့ကြည့်လိုက်သည်။
အမှိုက်များသစ်ရွက်ခြောက်များဖြင့်ပြည့်နေသည်
“ဘာမှရှိမယ့်ပုံပေါ်မပေါ်ပါဘူး ငါနားကြားများ
မှားသလား”
“အဟင့် အဟင့် ဟီး ဟီး ဟီး”
“ဟင် ဘယ်ကငိုသံလဲ”
သူဇာလင်းဓါတ်မီးဖြင့်ထိုးကာ လိုက်လံရှာဖွေမိသည်၊ရေတွင်းပျက်၏အရှေ့ဘက်
ကလာသည့်အသံဖြစ်သည်။
သူဇာလင်းမဝံ့မရဲဖြင့် ရေတွင်း၏အရှေ့ဘက်အား
ရောက်လာလေသည်။
“အောင်မယ်လေး”
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အသက်ရှူပင်
ရပ်သွားမည့်အလားဖြစ်သွားရလေသည်။
ရေတွင်းဘောင်အားမှီရင်းငိုကြွေးနေသည့်
မိန်းကလေးတစ်ဦးဖြစ်သည်
သူဇာလင်းအားသနားစဖွယ်မျက်နှာဖြင့်
ကြည့်နေလေသည်။
“ကျွန်မကိုကယ်ပါဦးရှင်”
“နင် နင်ကဘယ်သူလဲ”
“ကျွန်မက ဒီအိမ်ကြီးမှာနေတဲ့သူပါ”
“ဒါဆိုနင်ကဒီမှာဘာလာလုပ်နေတာလဲ”
“ကျွန်မကအသတ်ခံရလို့ သေခဲ့ရပြီးပါပြီ
အခုဒီမှာမကျွတ်မလွတ်ပဲရှိနေခဲ့တာနှစ်ချီနေပါပြီရှင်”
“နင့်ကိုဘယ်သူကသတ်တာလဲ”
“လူယုတ်မာဦးလေးပေါ့”
“ဘယ် ဘယ်လိုဦးလေးဟုတ်လား
ငါနားမလည်ဘူးငါ့ကိုအသေးစိတ်ရှင်းပြပါလား”
“ကျွန်မကဒီအိမ်ကြီးရဲ့တစ်ဦးတည်းသော
အမွေဆက်ခံမယ့် သမီးတစ်ယောက်ပါ”
“သြော် ဟိုတိုက်ကြီးထဲကပုံထဲကမင်းကိုး”
“ဟုတ်ပါတယ် အဲ့ဒါကျွန်မနဲ့ဖေဖေမေမေတို့ရဲ့ပုံပါ
တိုက်ကြီးပေါ်မှာအခန့်သားနေနေတဲ့ ဦးနိုင်လင်းဆိုတာကျွန်မဦးလေးအရင်းခေါက်
ခေါက်ပဲ ကျွန်မမိဘတွေကားအက်ဆီးဒင့်ဖြစ်ပြီး
ဆုံးသွားတော့သူရဲ့ဇာတိရုပ်အမှန်တွေပေါ်လာ
တော့တာပါပဲ ကျွန်မမိဘတွေမသေခင်က
ထားခဲ့တဲ့အမွေလွှဲပြောင်းမယ့်စာချုပ်တစ်ခုရှိတယ်
အဲ့ဒီစာချုပ်ထဲမှာ ကျွန်မကိုပိုင်ဆိုင်မှုတွေအားလုံး
လွှဲပြောင်းပေးပြီး ကျန်တဲ့လုပ်ငန်းတွေကိုတော့
ကျွန်မဦးလေးကိုဦးဆောင်ဖို့နဲ့ သူ့အတွက်
ငွေသားကျပ်သိန်း၁၀၀၀လည်းပေးရမယ်ဆိုတဲ့
စည်းကမ်းချက်လည်းပါတယ် ဒါကိုဦးနိုင်လင်းက
မတော်လောဘတက်ပြီး ကျွန်မရမယ့်အမွေတွေအားလုံးကို သူ့တစ်ယောက်တည်းပိုင်ချင်ပြီးကျွန်မကို
အနုကြမ်းစီးပြီးအတင်းလက်မှတ်ထိုးခိုင်းတော့တာပဲရှင်”
(နောက်ကြောင်းပြန်ခြင်း”
“ဒီမယ်ငါ့တူမ ဦးနိုင်ကိုဒီစာချုပ်မှာလက်မှတ်ထိုးပြီး
အမွေတွေအားလုံးလွှဲပြောင်းပေးပါ”
“ဟာ ဒါတော့မဖြစ်နိုင်ဘူး ဦးနိုင်
ဖေဖေနဲ့မေမေက ဦးနိုင်ရသင့်ရထိုက်တဲ့
ငွေတွေလည်းပေးခဲ့ပြီးပြီလေ ဦးနိုင်က
ဘာလို့ထပ်ပြီးကျွန်မရမယ့်အမွေတွေကို
လိုချင်နေရတာလဲ ဦးနိုင် ဦးနိုင်လူကြီးလူကောင်းဆန်ပါ
မဟုတ်ရင်တရားရုံးတက်ရရင်လည်း
ကျွန်မကတက်မှာပဲ”
“ဟား ဟား ဟား ငါ့တူမျကီးက
အသာတကြည်ပြောလို့မရတော့လည်း
ဦးနိုင်ကကြမ်းကြမ်းပဲပြောရမှာပေါ့
ကဲဒီမှာ”
“ဟင် ”
ဦးနိုင်လင်းကဓားဖြင့်လည်ပင်အားထောက်ထား
လိုက်လေသည်။
“ငါ့တူမ မင်းအသေခံမလား အေးအေးဆေးဆေး
လက်မှတ်ထိုးပေးမလား ”
“ရှင် တော်တော်ယုတ်မာတာပဲ ဦးနိုင်လင်း
ကျွေးထားတဲ့လက်ကိုရှင်ကပြန်ကိုက်တဲ့လူပဲ
ဖေဖေကျေးဇူးတွေကို ရှင်ကဒီလိုပြန်ဆပ်မယ်ပေါ့
ဟုတ်လား”
“ကျေးဇူးကချက်စားလို့မရဘူး
မင်းအဖေရဲ့လုပ်ငန်းတွေကိုငါဦးစီးပြီး
လုပ်ပေးခဲ့လို့မင်းတို့ဒီအခြေအနေထိရောက်လာခဲ့
ကြတာမဟုတ်လား ဒီတော့အေးဆေးသာလက်မှတ်ထိုးလိုက်”
“ထိုးမပေးနိုင်ဘူး ”
“အသာတကြည်ပြောမရဘူးလားကွဟင်’
“အ”
ဦးနိုင်လင်းကလက်ထဲမှဓားဖြင့်လည်ပင်အား
ခပ်ကြမ်းကြမ်းဖိချလိုက်ရာ လည်ပင်မှသွေးများ
ကျလာလေသည်။
“နင့်ကိုငါမသတ်ချင်ဘူး လက်မှတ်ထိုးလိုက်အခု”
တူမဖြစ်သူလည်း ကြောက်၍သာလက်မှတ်ထိုး
ပေးလိုက်ရပေမယ့်စိတ်ထဲမှာတော့
မကျေနပ်ပေ။
“ဒီလိုလိမ္မာမှပေါ့ ငါ့တူမကြီးရယ်
ဦးနိုင်ကိုလွှဲပေးလိုက်လည်း သမီးပိုင်သလိုပါပဲ
မဟုတ်ဘူးလား ဟား ဟား ဟား”
“လူယုတ်မာ”
“ခွမ်း”
“အား”
တူမဖြစ်သူက အနီးနားမှ ပန်းအိုးဖြင့်ခေါင်းအား
ရိုက်ချလိုက်ပေသည်။
“နင်ကများငါ့ကိုရိုက်တယ်ပေါ့ သေစမ်း”
“စွတ် စွတ် စွတ်”
“အား အာ့ ”
“ဒုံး”
“ဟင် မမလေး ဘယ်လိုဖြစ်တာလဲ
ဆရာကြီးဘယ်လိုလုပ်တာလဲဗျ”
“ဒီမယ် ဦးဖိုးဝ ဒီကိစ္စကို ခင်ဗျားနှုတ်ပိတ်ထားပါ
ခင်ဗျားကိုထိုက်တန်တဲ့ ပိုက်ဆံအလုံအလောက်
ခင်ဗျားကိုပေးမယ် မဟုတ်ရင်ခင်ဗျားလည်းသေမယ်ဆိုတာ
သိထားပါ”
“ဟုတ် ဟုတ်ကဲ့ ”
“အရင်ဆုံးဒီကောင်မအလောင်းကို
ဖျောက်ပစ်ရမယ် လာကျုပ်နဲ့လိုက်ခဲ့
အလောင်းကိုမခဲ့”
ဦးနိုင်လင်းခြံ၏်နောက်ဘက်သို့ ထွက်လာခဲ့သည်
နောက်မှခြံစောင့်ကြီးဦးဖိုးဝကအလောင်းအား
ထမ်းရင်းလိုက်လာပေသည်။
“အဲ့မှာချထားလိုက် အရင်ဆုံးခင်ဗျားရေတွင်းပျက်ထဲဆင်းပြီး
ကျင်းတူးရမယ် ”
“ဗျာ ဆရာ ဆရာ”
“ဘာမှပြန်မပြောနဲ့ခိုင်းတာပဲလုပ်
မဟုတ်ရင်ခင်ဗျားကျုပ်အကြောင်းသိတယ်မလား”
“ဟုတ် ဟုတ်ကဲ့”
ဦးဖိုးဝတစ်ယောက်ရေတွင်းပျက်ကြီးထဲ
ကြိုးတစ်ချောင်းဖြင့်ဆင်းလိုက်သည်
ရေတွင်းကခမ်းခြောက်နေပြီမို့ အောက်သို့ရောက်တော့ အပေါ်မှဦးနိုင်လင်းက
တူးစရာပစ္စည်များချပေးလေသည်။
“တူးနက်နက်လေးသာတူး”
“ဟုတ်ကဲ့”
အတန်ကြာအောင်တူးပြီးသည်နှင့်အလောင်းအား
အပေါ်မှကြိုးဖြင့်တုတ်ကာခက်ခက်ခဲခဲချပေးပြီး
မြုပ်နှံလိုက်ကြပေသည်။
“ဦးဖိုးဝ ဒီကိစ္စကိုခင်ဗျားနှုတ်လုံပစေ
ကျုပ်ခင်ဗျားအတွက် ထိုက်တန်တဲ့ငွေကို
ပေးမယ်ဗျာ ခင်ဗျားသမီးလေးလည်း ဆေးကုဖို့ငွေလိုနေတယ်မဟုတ်လား”
“ဟုတ်ကဲ့ပါဆရာ ကျွန်တော်ဒီကိစ္စကို
ဘယ်သူ့ကိုမှမပြောပါဘူး”
………………………………
“အဲဒီလိုနဲ့ကျွန်မကိုသတ်ပြီး ဦးနိုင်လင်းနဲ့ဦးဖိုးဝက
ဒီရေတွင်းပျက်ကြီးထဲမှာတိတ်တိတ်လေးမြုပ်နှံ
လိုက်ကြတယ်လေ”
“သြော် ဖြစ်မှဖြစ်ရလေ တော်တော်လူမဆန်တဲ့ဟာတွေ”
“မတော်လောဘနဲ့ရယူထားတဲ့အမွေတွေလည်း
သူ့လက်ထဲမှာကြာကြာမခံခဲ့ပါဘူး အဖေအနှစ်နှစ်အလလကြိုးစားထားတဲ့
လုပ်ငန်းတွေလည်း အခုအရှုံးပေါ်ပြီးပိတ်သိမ်းခဲ့ရပြန်ပြီလေ
သူ့မိုက်ပြစ်နဲ့သူအခုတော့ ဝဋ်လည်ပြီးအိပ်ရာပေါ်မှာ မသွားနိုင်မလာနိုင်
ဖြစ်နေပြီလေ ကျွန်မသူ့ကိုနာကျည်းလွန်းလို့
သတ်ဖို့အကြိမ်ကြိမ်ကြိုးစားပြီးပြီ
ဒါပေမယ့် ကံကြမ္မာကသူ့ဘက်မှာရှိနေတဲ့
အတွက်သူ့ကိုသေအောင်မလုပ်နိုင်ခဲ့ဘူး
သူ့ခြေထောက်၂ချောင်းကိုတော့လမ်းမလျှောက်နိုင်အောင်ကျွန်မဒဏ်ပေးခဲ့တယ်”
“အို သူ့ကိုသတ်ဖို့မလိုပါဘူးလေ
အခုအဖြစ်မှန်ကိုသိနေပြီပဲ
သူ့အတွက်ထိုက်တန်တဲ့ပြစ်ဒဏ်ကို
ပြန်ပေးရတော့မှာပေါ့ စိတ်ချပါ
သူ့အတွက်ထိုက်သင့်တဲ့ဒဏ်ကို
သူပြန်ခံရစေမယ်”
“ဖြစ်နိုင်ရင်ကျွန်မရဲ့အလောင်းကိုပြန်ဖော်ပြီး
သင်္ဂြိုလ်ပေးပါ ဒါမှကျွန်မနောင်ဘဝကူးကောင်း
မြာမလို့ပါ ”
“စိတ်ချ ငါအစွမ်းကုန်ကူညီမယ်
မနက်ဖြန်သက်ဆိုင်ရာကိုတိုင်ကြားပြီး
ဒီမဆန်တဲ့သူတွေကိုဖမ်းခိုင်းပြီး
ထောင်ထဲထည့်ပစ်ရမယ်”
“ကျေးဇူးတင်ပါတယ်ရှင် ဝမ်းသာလိုက်တာ”
“ဒါနဲ့မင်းနာမည်က”
“ကျွန်မနာမည် မိုးသားဖြူ ပါ”
“သြော် မိုးသားဖြူတဲ့လား
နောက်နောင်ဘဝတွေမှာ မင်းဒီလိုအဖြစ်မျိုး
မကြုံပါစေနဲ့လို့ငါဆုတောင်းပေးပါတယ်”
=======================
သူဇာလင်းလည်း တိုက်ထဲပြန်ဝင်လာပြီး
အခန်းထဲဝင်ကာအိပ်ရာပေါ်လှဲနေခဲ့သည်။
စိတ်ကတော့လုံးဝအိပ်ပျော်ပဲ မိုးသားဖြူ၏
သနားစဖွယ်ဘဝဇာတ်ကြောင်းအားစဉ်းစားရင်း
သာမိုးလင်းခဲ့လေသည်။
ကံကြမ္မာက ဦးနိုင်လင်းအားမျက်နှာသာမပေးတော့
ပြီထူးထူးဆန်းဆန်း ဦးနိုင်လင်း၏ လေဖြတ်နေသည့်ခြေထောက်၂ဖက်စလုံး
အကောင်းပကတိပြန်ဖြစ်လာလေသည်။
“ဦးဖိုးဝ ဦးဖိုးဝ”
“ဟာ ဆရာကြီး ပြန်ကောင်းသွားပြီလား”
“အေးကွာ ထူးထူးဆန်းဆန်း ငါမနက်ကပဲ
လုံးဝပြန်ကောင်းသွားပြီဗျာ”
ထိုအချိန်
“သိပ်လည်းပျော်မနေပါနဲ့ ဦးနိုင်လင်း”
“ဟင် ရဲတွေပါလား ဆရာ’
ဦးဖိုးဝလန့်သွားလေသည်။
“ဦးနိုင်လင်းမိုးသားဖြူ ရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး
တိုင်ကြားမှုလေးတစ်ခုရှိနေတဲ့အတွက် ကျွန်တော်တို့ကိုစစ်ဆေးခွင့်ပြုပါ”
“ဆရာတို့ မှားနေပြီထင်တယ် ကျွန်တော့်တူမက
သူ့ဟာသူရိုးရိုးဆုံးသွားတာလေ ကျွန်တော့်ကို
ဘာကြောင့်စစ်ချင်နေရတာတုံး”
“ဒီမယ် ဦးနိုင်လင်း ရှင်ရှင့်တူမကိုသတ်ပြီး
ခြံနောက်ဖက်ကရေတွင်းပျက်ထဲမှာ
ဦးဖိုးဝနဲ့အတူတူ အလောင်းဖျောက်ခဲ့ကြတယ်မလား’
“ဟင် မင်း မင်း သူဇာလင်းမလား”
“ဟင် ဆရာမလေး”
“ဟုတ်ပါတယ် ကျွန်မသူနာပြုဆရာမလေး
သူဇာလင်းပါပဲ ရှင်တို့ရဲ့ယုတ်မာမှုတွေကို
အတွင်းကျကျသိနေတဲ့သူပေါ့
ကဲ ဆရာတို့ အိမ်နောက်ဘက်ကရေတွင်း
ပျက်ကြီးဆီသွားစစ်ကြည့်ရအောင်”
“လာ ရဲဘော်တို့လိုက်ခဲ့ကြဟေ့ ”
“ဆင်းပြီးတူးကြည့်လိုက်”
“ဟုတ်ကဲ့ ဆရာ”
ရဲများကရေတွင်းပျက်ထဲဆင်းပြီး စစ်ဆေးတူးဖော်ကြရာ မကြာမီတွင်
“တွေ့ ပြီ ဆရာ ဒီမှာအရိုးတွေ”
“အေး သေချာလုပ်ကြ အလောင်းကို
အပေါ်တင်ပြီး အတည်ပြုရမယ်
ဒါမိုးသားဖြူ ရဲ့အလောင်းဟုတ်မဟုတ်ကိုပေါ့”
ဦးနိုင်လင်းနှင့်ဦးဖိုးဝ ချွေးသီးချွေးပေါက်များပင်ကျနေလေသည်။
လင်းသူဇာကတော့အကျေနပ်ကြီးနပ်ကာ
ပြုံးနေမိသည်။
နာရီဝက်ခန့်အကြာမှ အလောင်းအားခက်ခဲစွာ
ရေတွင်းပျက်ကြီးထဲမှပြန်တင်နိုင်ခဲ့သည်။
ရဲများကအလောင်းအားစစ်ဆေးကြတော့
မိုးသားဖြူ ၏ကိုယ်ခန္ဓာဖြစ်ကြောင်းအတည်ပြု
နိုင်ခဲ့လေသည်။
(မှတ်ချက်စာရေးသူမှာစာရှည်သွားမှာစိုးတဲ့
အတွက်ကြောင့်လိုရင်းရောက်အောင်ပဲ
ရေးလိုက်ပါသည်)
“ကဲ ဦးနိုင်လင်း ခင်ဗျားဘာငြင်းချင်သေးလည်း”
“ကျွန်တော် ဘာမှမငြင်းချင်တော့ပါဘူးဆရာ
ကျွန်တော့်ရဲ့ လောဘတွေကြောင့် မကြံကောင်း
မလုပ်ကောင်းတာတွေကိုလုပ်ခဲ့မိတာပါ
ကျွန်တော့်မှာအပြစ်ရှိပါတယ်ကျွန်တော့်ကို
ဖမ်းနိုင်ပါတယ်”
“ကျွန်တော်လည်းအတူတူပါပဲ
မိုးသားဖြူလေးအသတ်ခံရတာသိသိရက်နဲ့
ရေငုံနှုတ်ပိတ်ပြီး အလောင်းကိုအစဖျောက်
ပစ်ခဲ့မိပါတယ် ကျွန်တော့်ကိုလည်းဖမ်းပါခင်ဗျာ”
“အခုလိုကိုယ့်အပြစ်ကိုယ်ဝန်ခံတာ ကောင်းပါတယ်
ကဲမသူဇာကျွန်တော်တို့ကိုခွင့်ပြုပါဦး”
“ဟုတ်ကဲ့ကောင်းပါပြီရှင်”
…………………………………………
မတော်လောဘကြောင့် အမှားလုပ်ခဲ့မိသည့်
ဦးနိုင်လင်းနှင့်အလောင်းဖျောက်သည့်ကိစ္စမှာပါ
ပါဝင်ကူညီခဲ့တဲ့ ဦးဖိုးဝကိုပါ တရားရုံးတော်က
ထိုက်တန်တဲ့အပြစ်ဒဏ်များလည်းပေးအပ်ခဲ့လေ
သည်။
မိုးသားဖြူ၏အလောင်းကိုလည်း ကောင်းမွန်စွာ
သင်္ဂြိုလ်ပေးနိုင်ခဲ့ပြီး မိုးသားဖြူအတွက်
ကောင်းမှုကုသိုလ်တွေလည်း သူဇာလင်းမှ
ပြုလုပ်ပေးကာအမျှအတန်းပေးဝေနိုင်ခဲ့လေသည်။
“မိုးသားဖြူ တစ်ယောက်နောင်ဘဝတွေမှာ
သာယာလှပတဲ့ဘဝလေးကိုပိုင်ဆိုင်ပါစေလို့
ငါဆုတောင်းပါတယ်ဟာ”
ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်မရသင့်မယူသင့်တာကို
မတော်လောဘတက်ကာယူမိရင်တော့
မည်သူမှဇာတ်သိမ်းကောင်းမှာမဟုတ်သလို
ဘယ်စည်းစိမ်ဥစ္စာမှလည်းတည်မြဲလိမ့်
မည်မဟုတ်ပေ။
(စာကြွင်း)ကျွန်တော်အစက သူနာပြုဆရာမလေးရောက်ပြီး
၂လလောက်နေမှအမှုမှန်ဖော်မလို့ပါ
ဒါပေမယ့်ရေးရင်းမျက်လုံးကစပ်လာတာနဲ့
အမြန်သိမ်းလိုက်မိတာဖတ်ရတာပေါ့သွားရင်
တောင်းပန်ပါတယ်ဗျ.
ပြီးပါပြီ……
ဇာတ်လမ်းလေးကိုကြိုက်နှစ်သက်ရင်
Likeလေးနှိပ်ပြီးအားပေးသွားနော်