”မဖဲဝါအား စိန်ခေါ်မိကြသူများ “(စ\ဆုံး)

“ဟာ ဘာကြီးလဲ”

ကျော်၀င်း၏ ကြောက်လန့်စွာ ပြန်ရန်ပြောနေခြင်းကို မောင်ထူးကထောက်ခံစကားပြောရင်း မင်းကိုကျောဖက်မှလူခါးစောင်းခန့်မြင့်သော ခွေးနက်ကြီးတစ်ကောင်သည်သားရေတများများကျရင်းလရောင်အောက်တွင် နီရဲတောက်ပသော မျက်လုံးများဖြင့် သူတို့ သုံးယောက်အားစိုက်ကြည့်နေတာကြောင့် သုံးယောက်သားနေရာမှာပင် ကြောက်သေးများထွက်ကုန်တော့သည်။
သူတို့လက်တင်ထားသောခုန်သည်လည်း ဘယ်ညာဖြည်းဖြည်း စတင် ယိမ်းထိုးလာလျက် ……..

ဒုန်း…

ဒုန်း…..

ဒုန်း…

ဒုန်း….

လွတ်နေသော ခုံခြေထောက်နှစ်ဖက်က တိတတ်ဆိတ်နေသော ညတွင် တဒုန်းဒုန်း မြေကြီးပေါ် စီးဝါးရိုက်ကျနေလျက်ရှိတော့သည်။

ဟာ…..

အားလုံးကြောက်လန့်တကြား ခုံပေါ်မှလက်ရုပ်လိုက်သော်လည်း ခုံကြီးကား တယောက်ယောက် ၀င်ပူးပြီးလူပ်နေသ်ာအလား သွေးပျက်ဖွယ်ရာတွေ့နေရတော့သည်။

ချွတ်….ဂျွတ် ….ချွတ်….ဂျွတ်…..

ထိုစဉ်မှာပင် သူတို့ရှိရာနေရာသို့. အလွန်ထူထပ်လှသော ခြုံနွယ် ပိတ်ပေါင်းများအား တလှမ်းချင်း လျောက်လာသော ခြေသံကြီးတစ်ခုအား ကြားလိုက်ရတော့သည်။
ယခုလို ညမပြောနဲ့ နေ့ဖက်မှာပင် ယခုလို ခြုံနွယ် ထူထပ်လှသော နေရာတွင်အေးဆေးလမ်းလျောက် လာဖို့ဆိုရာမလွယ်ပေ ခုကား သစ်ပင်ငယ်များအား ခြေဖြင့်နင်းလိုက်၍ လာနေသော ခြေသံကြီးတစ်ခုနဲ့ သူတို့ရှိရာ နေရာသို့တဖြည်းဖြည်းတလှမ်းချင်းလျောက်လာနေသည်မှာ ကြောက်စရာအလွန်ပင်ကောင်းလွန်းလှတော့သည်။
ခွေးနက်ကြီးကား ခြေသံထွက်ပေါ်လာရာ သင်းချိုင်းအတွင်းချုံများကြားသို့လှစ်ခနဲတိုး၀င် ပျောက်ကွယ်သွားပြီဖြစ်သည်။

ဒုန်း….ဒုန်း…ဗြိ….ဂျွတ်…..

“အား………..၊

အောင်မလေး……..ကယ်ကြပါအုံး……ဗျို့….

သူတို့ရှေ့မှလူမပါပဲ ယိမ်းထိုးကာ ခုံခြေထောက်နှစ်ဖက်မြေကြီးကို စည်းဝါးကျကျ ရိုက်နေသော ခုံ အလယ်မှ နှစ်ပိုင်းကျိုးသွားခြင်းနဲ့အတူ ထန်းပင်တမျ မြင့်သော အရပ် ဆံပဖိုးရိုးဖားယား ဖြင့် မိန်းမကြီးတစ်ဦး သင်ချိုင်းကုန်းအတွင်း ခြုံနွယ်သစ်ပင်များကြားမှ လှမ်းထွက်လာသောအခါ သုံးဦးသား တိုင်ပင်ထားသည့်အလား ကြောက်လန့်တကြားအော်ဟစ်ရင်း ရွာဖက်ဆီပြေးကြပါလေတော့သည်။

ပုဆိုးအနိုင်ပဝါမနိုင်သုံးဦးသား အကြောက်လွန်ကာ လယ်ကွက်များဆီဖြတ်ပြေးကြရင်းမှ
နောက်သို့ တချက်လှည့်ကြည့်ရာ ထန်းပင်မျမြင့်သော အရပ်ဖြင့်ထိုမိန်းမသည်လယ်ကွက်များအား ခြေလှမ်းကျဲကြီးများဖြင့်ကျော်လျက် လိုက်လာနေသည်ကို တွေ့လိုက် ရတာကြောင့် ဖနောင့်နဲ့ တင်ပါးတသားတည်းကျအောင်ပင် ရွာထဲဆီ၀င်ပြေးကြတော့သည်။
အချိန်ကား ညတစ်နာရီခန့်ပင် ရှိပြီ တစ်ရွာလုံးလဲ အိပ်မောကျနေပြီဖြစ်ကာ တိတ်ဆိတ်နေလျက် ရှိသည်။
ထိုထန်းပင်တမျ အရပ်ဖြင့်မိန်းမကြီး သည်လည်း သူတို့နဲ့ ရွာထဲအတူ လိုက်၀င်လာသောကြောင့် သူတို့ သုံးယောက်လည်း ကြောက်လန့် တကြားဖြင့် ရွာအတွင်းပြေးရင်းမှ ရွာဦးကျောင်းဖက် ရောက်လာသောအခါမှ …..

“ဟေ့….ကောင်….တွေ….ကျောင်း….ထဲ….၀င် ….ပြေး….

ကျော်၀င်းကား အမောဖောက် သောအသံဖြင့် အားလုံးအားသတိပေးသောအခါမှ တောသဘာ၀မို့ ခြံတခါးပိတ်လေ့မရှိသော ဘုန်းကြီးကျောင်း၀င်းအတွင်း ၀င်ပြေးကြတော့သည်။

ထိုအခါမှ ထိုထန်းပင်တမျ အရပ်ဖြင့် မိန်းမသည်ဘကျောင်းခြံဝ်ိုင်း အုပ်တတိုင်းအပြင်မှ လှည့်ပတ်ရင်း…..

တောက်…..

တိတ်ဆိတ်နေသောညတွင်ကြက်သီးထစဖွယ် မကျေမနပ်တက်ခေါက်လိုက်တော့သည်။

“အရှင်ဘုရား….အရှင်ဘုရား..ဟင်း..ဟော..ဟဲ

သုံးယောက်သားရွာ ဦးကျောင်း ဘုန်းကြီးကျိန်းစက် ရာ ကျောင်းအောက်မှ လှမ်းခေါ်လိုက်ကြချိန်…….

“ဘယ်သူတွေ လဲကွ ညအချိန်မတော်

ဟင်….မင်းတို့ ဘာတွေဖြစ်လာတာလဲ…..”

ကျောင်းထိုင်ဆရာတော် ဦးဥတ္တရ နဲ့ အတူ ဥဇင်းများကို ရင်များကျောင်းအောက်ရောက်လာသောအခါ …

လူသုံးယောက် ဖုန်လူး ပြာလူးဖြင့် ကျောင်းအောက်မြေပြင်ပေါ် လဲကျ အမောဖောက်နေသည်ကို တွေ့လိုက်ရသည်။

“လာလာ….ဦးဇင်းတွေ ..ဒီကောင်လေးတွေကို ကျောင်းပေါ်တင်လာခဲ့ကြ….

ကျောင်းပေါ်ရောက်တော့ ခနနေမှ ဟင်းခနဲ သက်ပြင်းမောကြီးကျရင်း မောင်ထူးနဲ့ မင်းကို သတိရလာကာ…..

“အောင်မလေး ကြောက်ပါပြီး..အား ကယ်ကြပါအုံး ”

“ဒကာလေးတို့စိတ်အေးအေးထား ဒကာလေးတို့ နောက် ဘယ်သူမှလိုက်မလာနိုင့တော့ ပါဘူး ဘာတွေဖြစ်ခဲ့ ကြလဲဆိုတာသေချာပြောပြ….

မောင်ထူးကားမျက်ရည်များ စီးကျလာရင်းမှလက်အုပ်ချီလိုက်ကာ..
ဒီလိုပါ ဘုရားဟု သူတို့ အကြောင်းများ အားအစအဆုံးပြောပြပါတော့သည်။

“တယ်မိုက်တဲ့ ခလေးတွေကိုး မသေကောင်းမပျောက်ကောင်း ကံကြီးပေလို့….

ထိုအချိန်မှာပင် လဲကျသတိလစ်နေသော ကျော်၀င်းမှာ တဟင်းဟင်းညည်းရင် ဌိုင်လာပါတော့သည်။

ချွေးစီးချွေးပေါက်များဖြင့် တကိုယ်လုံးစိုရွဲနေသည့်အပြင် မဲနက်သောအသားပေါ်တွင် အကျီအဖြူ၀တ်ထားပြီး ထိုအကျီအဖြူကား ယခုကား ဆီသည် ဒေါ်ဘုမလက်သုတ်လိုပင် ဖြစ်နေပြီ ဖြစ်သည်။

သူကားအံ့တကြိတ်ကြိတ် ပြူးကျယ်သော မျက်လုံးများကားအယမျက်ဖြူဆိုက်နေလျက် သွားရည်တများများကျနေသေးသည်။
နဂိုကပင်ကြည့်ရဆိုးသောသူ့မျက်နှာအားယခုလိုတွေ့ရသောအခါအားလုံးထိတ်လန့်သွားမိကြသည်။

“ဟင်း….ဟင်း…..သတ်မယ်…..သတ်မယ်…..ငါ့သချိုင်း…လာပြီး……စော်ကားမော်ကား..ပြောတဲ့….သုံးယောက်စလုံးကိုသတ်မယ်…..ဟင်းဟင်း…..

ကျော်၀င်းကား သူနဂို နားထောင်ရဆျိုးသော အသံပြဲကြီးဖြင့် ပြောခြင်းမဟုတ်ပဲ မိန်းမကြီးတယောက်က တဟင်းဟင်းဖြင့် အံ့ကြိတ်ပြောနေသံကြောင့် ရပ်ကြည့်နေသောသူအားလုံးထိတ်လန့်သွားသည်။
ကျော်၀င်းကားမျက်ဖြူလန်နေသောမျက်လုံးကြီး မောင်ထူးနဲ့ မင်းကို ကို ကြည့်နေတာကြောင့် ထိုနှစ်ယောက်မှာ ကြောက်လန့်စွာ ဆရာတော်နောက်၀င်ပုန်းလိုက်ကြသည်။

“တပည့်တော်တို့ကို ကယ်ပါအုံးဘုရား”

ခုတော့ သူတို့မဟုတ်သည့်အလား ဆရာတော်ထံညောင်နာနာဖြင့်အသနားခံနေကြတော့သည်။

ဆရာတော် ဦးဥတ္တရ ကားအတွေ့အကြုံအရ ပယောဂ ၀င်ပူးနေမှန်းသ်ိလိုက်တာကြောင့်….

“ဟေ့ ခလေးဆီမှာ ပူးကပ်နေတာ ဘယ်သူလဲ ငါရှေ့မှာတောင်ပမာမခန့်နဲ့……ပြော…
ခလေးတွေကို နင်ထိရဲထိကြည့် …ငါနဲ့တွေ့သွားမယ်….

ထိုအခါမှသရဲ၀င်ပူးခံနေရသော ကျော်၀င်းသည်။
ခေါင်းငုံသွားရင်း ….

“တပည့်တော်မ ဒေါသထွက်သွားလို့ အရှင်ဘုရားရှေ့မှာ ပြောမှားဆိုမှား ဖြစ်မိတာဗွေမယူပါနဲ့ ဘုရား ဒီသုံးကောင်ကတပည့်တော်မပိုင် သင်ချိုင်းထဲလာပြီးစော်ကားမော်ကားပြောလို့ ဒေါသထွက်လွန်းလို့ပါ ဘုရား
…….

“ဒါနဲ့. ဒကာမကြီးက ဘယ်သူတုန်း…..

“မဖဲဝါ ပါဘုရား…..

တစ်ခါမှမကြားဖူးသောနာမည်းတစ်ခုကြောင့် ဆရာတော် အံ့အြသွားသော်လည်း ဘာကိစ္စ ကို ပြေလည်အောင် အရင်ရှင်းရမည်မို့ ….

“ကဲ တကာမကြီး မဖဲဝါ ဒီခလေးတွေအစား ကျုပ်တောင်းပန်ပါတယ် နောက်ဒီလိုမဖြစ်စေရပါဘူး…ကျုပ်ဆုံးမပေးပါ့မယ်….
ကျေနပ်လိုက်ပါတော့….

“တင်ပါ့ဘုရား ဆရာတော် တောင်းပန်ချက်ကြောင့် သူတို့ကို တပည့်တော်မခွင့်လွတ် လိုက်ပါ့မယ် …တပည့်တော်နေရပ်ပြန်ပါတော့မယ်ဘုရား…..

ကျော်၀င်းကား တဆတ်ဆတ်တုန်ကာပြောနေရင်းမှနေရာတွင်ပင်ခွေကျသွားတော့သည်။
ဆရာတော်ကား သူတို့သုံးယောက် ပရိတ်ရေတိုက် ပရိတ်ခြေမန်းကွင်းစွတ်ပြီးချိန်ကျမှ ကျော်၀င်းတစ်ယောက်ကြောင်တောင်ဖြင့် သတိရလာသည်။
ဘာဖြစ်လို့ ဖြစ်သွားမှန်းပင်မသ်ိ…..

“ကဲမင်းတို့နှစ်ယောက်ကြားတဲ့အတိုင်းပဲ မင်းတို့သူငယ်ချင်းကိုလည်း သေချာနောက်မှ ရှင်းပြလိုက်ကြ. နောက်တခါ ဆိုရင်တော့ ငါမကယ်နိုင်တော့ဘူးနှော်…မင်းတို့ထိုက် မင်းတို့ကံပဲ….

“တင့်ပါဘုရားတပည့်တော်တို့နောက်မလုပ်ရဲတော့ပါဘူး….

“ကဲကဲ မိုးလည်းလင်းခါနီးပြီရေမိုးချိုးပြီးကျောင်းမှာပဲအိပ်လိုက်ကြတော့ နေ့လည်ကျရင် မင်းတို့အဖေတွေခေါ်ပြီး ကျောင်းတစ်ခေါက်ပြန်လာခဲ့….

ထိုသုံးကောင်၏စိတ်တွင်ကား ကျောင်းပြေး၍ ပေါက်ကရတွေ လျောက်လုပ်၍ ဒေါသဖြစ်နေသော မျက်နှာနဲ့ ကြိမ်လုံးများအားတွဲမြင်မိကြတော့သည်။

မနက်စောစောစီးစီး အကြော်သယ်ဒေါ်ဘုမတစ်ယောက် သူ့အကြော်ဖိုအတွင်း ခုံပျောက်သောကြောင့် ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်ဆဲနေပါတော့သည်။

==========================
ပြီးပါပြီ

မြူခိုးအလင်္ကာ

(ခလေးများနောက်နောင် ပရလောကသားများကို
မနောက်ပြောင်၊မစော်ကားဝံ့စေရန် ဆုံးမခြောက်
လှန့်ပြီး အန္တရယ်မပြုကြောင်းကတိဖြင့်
ဘုန်းကြီးကျောင်းခြံဝင်းသို့ ကျောင်းစောင့်နတ်ကို
ခွင့်တောင်း၍မဖဲဝါဝင်ခြင်းကိုစာရှည်မည်စိုး၍ချန်လှပ်ထားခဲ့ပါသည်။
..ဒီနေရာမှာ တစ်ခုပြောချင်တာက ကျွန်တော်တို့ဒေသမှာ မဖဲဝါကို မသ်ိကြပါဘူး သင်းချိုင်းကုန်းမှာ နှစ်ချို့ သံခမောက်ဆောင်းတစ္ဆေကြီးတစ်ကောင်စောင့်တယ်လို့ပဲ လူကြီးတွေပြောစကားအရသိထားပါတယ် ။နောက်ကျနော်စာတွေဖတ်မှမဖဲဝါစောင့်မှန်းသိခဲ့ရပါတယ်။
တနယ်လုံးမဖဲဝါကိုသိစေတာကတော့ကျောင်းသား
ဆိုးလေးသုံးယောက်ကြောင့်ပင်ဖြစ်ပါ၏ ။