“ဘီးလူးမ” (စ၊ဆုံး)

Unicode Version

“ဘီးလူးမ” (စ၊ဆုံး)
ဇာတ်လမ်း/စာရေးသူ – ဝိုင်စီရဲ
(ဖြစ်ရပ်မှန်)
ဒီအဖြစ်အပျက်က မုံရွာမှာတကယ်ဖြစ်ခဲ့တာဗျ…
ကျုပ်တို့ကိုယ်တွေ့ဆိုလဲမမှားဘူးပေါ့… ခင်ဗျားတို့၊ကျုပ်တို့
သိထားသလိုတော့…ဘီးလူးဆိုတာနဲ့ ရုပ်ဆိုးဆိုးအစွယ်တွေ
ဆိုပြူးနေတာမျိုးပဲပြေးမြင်မိတယ်…ဒါပေမဲ့…ဒီဘီးလူးမက.
လူဗျ..မိန်းကလေး…ရုပ်ရည်ကအတော်လေးချောတာဗျို့..
သူတို့မိသားစုက… ရွာရှည်ဆိုတဲ့ရွာလေးမှာနေထိုင်ကြတယ်
သူ့အဖေ၊အမေ၊မောင်လေးရယ်ပေါ့…အဲ့ကောင်မလေး
နာမည်က…သီသီဝင်းတဲ့ဗျ…သူ့အဖေက…ဆိတ်တွေမွေး
ထားတယ်ဗျ..အကောင်ရေ၁၆ကောင်ရှိတယ်.. တစ်နေ့…
” မိန်းမ ဒီနေ့ဆိတ်မတစ်ကောင်ပျောက်နေပါလားဟ”
” ဟုတ်ပါ့တော် ရှင်ဘယ်လိုဆိတ်ကျောင်းနေတာလဲ
ဒါလေးတောင်သေချာဂရုတစိုက်မစောင့်ရှောက်နိုင်ဘူး
လား ”
” ဟာ ဒီမိန်းမကတော့ ငါကိုပဲဖိဟောက်နေတယ် ငါလဲ
ဆိတ်ကျောင်းလာတာ မင်းသမီးတစ်သက်ရှိပါပြီကွာ
အခုကြမှပျောက်သွားတာတော့ဘယ်တက်နိုင်ပါမလဲ”
” ပျောက်မှတော့ထားလိုက်တော့ ကျုပ်ပြောမယ်
နောက်တစ်ခါ ကျုပ်ပါလိုက်ကျောင်းမယ်ရှင်ကိုမယုံဘူး”
” ဟောရာ ကဲ မင်းသဘောကွာ မင်းသဘော”
ဒီလိုနဲ့…ဆိတ်တွေကတစ်ကောင်ပြီးတစ်ကောင်ပျောက်
လာတော့…သူတို့လင်မယားကမသင်္ကာဖြစ်လာတာပေါ့…
ငါတို့သေချာကျောင်းရက်သားနဲ့ဘယ်လိုပျောက်သလဲပေါ့..
တစ်နေ့ကြတော့… သူ့အဖေကဆိတ်ကျောင်းရင်းနဲ့…
ထမင်းချိုင့်ကျန်ခဲ့လို့အိမ်ပြန်လာယူနေချိန်…မထင်မှတ်ထား
တဲ့အဖြစ်အပျက်ကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတော့…
” ဟဲ့ သီသီဝင်း နင် ငါ့သားကိုစားနေတယ်ဟုတ်လား
ဒါဆို ငါဆိတ်တွေပျောက်နေ တာလည်းနင်လက်ချက်ပဲပေါ့
ဟုတ်လားကောင်မ”
” မဟုတ်ဘူး မဟုတ်ဘူး” လို့ငြင်းနေပေမဲ့… သူ့အဖေတစ်
ယောက်…စိတ်တိုတိုနဲ့သီသီဝင်းကိုဓားနဲ့လိုက်ခုတ်ပါလေ
ရောဗျာ…သီသီဝင်း လည်းကြောက်ကြောက်နဲ့ပြေးရင်း..
သူ့အမေဆိတ်ကျောင်းတဲ့နေရောရောက်သွားတာပေါ့…
” သီသီဝင်း ဘာဖြစ်လာတာလဲ”
” အဖေသမီးကိုဓားနဲ့လိုက်ခုတ်နေတယ် ”
” ဟင်” ဆိုပြီး ထိုင်နေရာကနေထပြီး… သူ့ယောကျာ်းကို
တားလိုက်တယ်…
” ရှင်ရူးနေလား ဒါရှင်သမီးနော်”
” ငါရူးတာမဟုတ်ဘူးမိန်းမရဲ့ နင်သမီးက ငါတို့သားငယ်ကို
စားနေတာ ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာဟ ဒါကြောင့်
ဒင်းကိုအသေ သတ်ဖို့ကွ”
” ဟင် သမီးညည်းအဖေပြောတာတွေကတကယ်ပဲလား”
” အင်း ” လို့တစ်လုံးတည်းပဲပြောနိုင်ပါတော့တယ်…
သီသီဝင်းအမေလည်း…သူကိုပိုက်ဆံပေးပြီးဒီအိမ်နဲ့
ဝေးရာကိုထွက်သွားခိုင်းလိုက်တယ်..နောက်တော့သတင်း
တွေထဲမှာပါလာတယ်… မှေးစေ့မှာမဲှ့ပါတဲ့ကောင်မလေးပုံ
နဲ့…သူကိုတွေ့ရင်ရှောင်ကြပါလို့ကြေငြာတာပေါ့…
ကျုပ်တို့သူငယ်ချင်းသုံးယောက်…မုံရွာမှာ…သင်္ကြန်ကဲပြီး
အပြန်လမ်းမှာ…အဲ့ဘီးလူးမကိုတွေ့လိုက်တယ်ဗျ..အစတုန်း
ကတော့လှလို့ဆိုပြီးကြည့်နေရင်း…
” အကိုတို့ဘယ်သွားမလို့လဲ” ဆိုပြီးကျုပ်တို့ဆီခပ်သွက်သွက်
ပြေးလာတယ်…
” ကျုပ်တို့ရွာပြန်မလို့ပါ”
“ဘယ်ရွာလဲ”
“စည်ပါရွာပါ”
“သြော်”
“သိလို့လားဒီကညီမက”
“မသိပါဘူး ဒီတိုင်းစပ်စုကြည့်တာပါ”
အဲ့လိုနဲ့စကားကအတော်လေးကြာအောင်ပြောပြီး
တဲ့အချိန်မှ…သတိပြန်ဝင်လာ၍…ဒါသတင်းထဲမှာဘီးလူးမ
ပါလားဆိုပြီး…သူငယ်ချင်းတွေကိုအမြန်ဆိုင်ကယ်ပေါ်တက်
ခိုင်းကာ…ဆိုင်ကယ်အမြန်နိုးပြီးရွာကိုအမြန်ပြန်လာခဲ့တယ်
ကျုပ်အိမ်ရောက်သွားပေမဲ့…စိုးရိပ်နေတာတစ်ခုရှိတယ်…
ကျုပ်ကိုဘယ်သွားမလဲလို့မေးတုန်းက.. စည်ပါရွာလို့ဖြေ
့ိုလိုက်တယ်မဟုတ်လား…တော်ကြာတကယ်ရောက်လာရင်
ဘုရားဘုရားဆိုပြီး… ကြောက်စိတ်တွေဝင်နေမိတယ်…
ကျုပ်တစ်နေ့နွားကျောင်းပြန်လာချိန်လမ်းမှာ…
” ဟေ့ကောင် မင်းအဒေါ်ဆုံးသွားလို့တဲ့ကွ”
” ဘယ်လို ဘယ်လိုဖြစ်တာလဲအာကာ”
” ဒီလိုကွ မင်းအဒေါ်ကတောထဲထင်းခွေသွားနေချိန်မှာ
လူတစ်ယောက်ယောက်ကသတ်လိုက်တာနေမယ်လို့
ပြောနေကြတာပဲကွ အသည်းတွေကလိစာတွေဘာဆိုဘာ
တစ်ခုမှကိုမရှိတော့တာ”
” ဟာကွာ ဘယ်လိုလူကများသတ်ရက်လိုက်တာလဲကွာ
အခုငါအဒေါ်အလောင်းဘယ်မလဲ”
” မင်းတို့အိမ်မှာကွမင်းသွားနှင့်မင်းနွားတွေကို ငါဘာသာ
ခေါ်လာခဲ့မယ် ”
” အေး ရော့ငါလွယ်အိတ် သွားပြီနော်”
ကျုပ်စိတ်ထဲမှာဒေါသဖြစ်မိတာကတော့အမှန်ပဲဗျ…
ကျုပ်အဒေါ်နဲ့ကငယ်ငယ်လေးတည်းကနေလာတော့…
သံယောဇဉ်ကကြီးမားတယ်လေ…အဒေါ်ကဘယ်သူနဲ့မှလဲ
ရန်ဖြစ်ဖူးတာမဟုတ်ဘူး…အေးအေးဆေးဆေးနေတာ…
ဘာရန်ငြိုးမှမရှိပဲသတ်သွားတာက…စဉ်းစားရတော့ခက်
တယ်…ကျုပ်အိမ်ပြန်ရောက်တော့….အဒေါ်ရင်ဘတ်ပေါ်ကို
အဝတ်စတွေနဲ့ဖုံးထားတယ်…ကြည့်မကောင်းလို့နေမှာပေါ့
ဗျာ…ကျုပ်အဒေါ်ဒီလိုအဖြစ်ဆိုးကြုံခဲ့ရတာကိုကြည့်ပြီး…
ဒေါသမီးတွေကတစ်စနဲ့တစ်စတောက်လောင်လာသဖြင့်…
အိမ်ထဲကဓားရှည်ကိုသွားယူကာ….
” ဘယ် ခမသ ကငါအဒေါ်ကိုသတ်တာလဲကွ ငါသိရင်အရှင်
မထားဘူးနော် ဟာကွာ ”
ဆိုပြီးဓားနဲ့သူများအိမ်တံခါးတွေကိုလိုက်ခုတ်
လူတွေကိုပတ်ဆဲတော့တာပဲဗျာ…ထိုအချိန်…အိမ်ထဲကနေ
အမေကထွက်လာပြီး…
” စီဝေရန် တော်တော့ နင်ဓားငါကိုပေးစမ်း သွားအိမ်ထဲ
ပြန်ဝင်”
“အမေကလဲဗျာ ကျုပ်အဒေါ်အမေရဲ့ညီမအသတ်ခံရတာ
လေဗျာ…စိတ်မတိုရဘူးလားဗျ ပြောစမ်းပါအုံး”
” ငါ့ညီမသေတာနဲ့ဒီပတ်ဝန်းကျင်နဲ့ဘာဆိုင်သလဲ နင်မရူး
စမ်းနဲ့ ငါကိုထပ်စိတ်ဆင်းရဲအောင်မလုပ်နဲ့သွားအိမ်ထဲဝင်
တော့”
ကျုပ်လည်းတော်ရုံတန်ရုံဆိုဒေါသထွက်ခဲပါတယ်ဗျာ
ကျုပ်စိတ်ထဲမှာတနုတ်နုတ်နဲ့ဗျာ…အမေကတော့…သူ့ညီမ
အလောင်းကိုကြည့်ပြီးငိုယိုနေတော့တာပေါ့…ညဘက်..
ရောက်တော့…အဒေါ်ကိုတွေ့ချင်လွန်းလို့…ကျုပ်ကိုလာ
ခြောက်ပါလို့ဆုတောင်းနေတာ…ရက်လည်နေ့သာရောက်
သွားတယ်ကျုပ်ဆုတောင်းတွေမပြည့်ဝခဲ့ပါဘူး…ခင်ဗျားကို
ပြောရအုံးမယ်ကျုပ်တို့ရွာမှာက…အလောင်းချရင်….
ရွာထဲတစ်ယောက်မှမအိပ်ရဘူး၊ခေါင်းလဲမလျှော်ရဘူးဗျ..
ဘာကြောင့်ဆို…သေမင်းကသေတဲ့သူကို…”နင်အနောက်က
ဘယ်သူပါလဲ”လို့မေးရင်..”.ခေါင်းလျှော်တဲ့သူပါတယ်”
(သို့မဟုတ်)”အိပ်နေတဲ့သူပါတယ်”လို့ပြောရင်…အဲ့လူက
သေရောတဲ့ဗျို့…ကလေးတွေအိပ်ပြီဆိုရင်လည်းရင်ဘတ်
ပေါ်ကပ်ကြေးတင်ထားရတယ်တဲ့…ကပ်ကြေးတောင်..
ရိုးရိုးကပ်ကြေးမဟုတ်ဘူးနော်သံကပ်ကြေးမှတဲ့ဗျ…
” ခင်စိန်ရေသွားနှင့်အုံးတော့ ” လို့သာအမေပြောနိုင်
ပါတော့တယ်…အဲ…ဒီရက်လည်ညမှာတော့…အဒေါ်က.
ကျုပ်ကိုထူးဆန်းတဲအိပ်မက်ပေးတယ်ဗျ…နိုင်
ပါတော့တယ်…အဲ…ဒီရက်လည်ညမှာတော့…အဒေါ်က.
ကျုပ်ကိုထူးဆန်းတဲအိပ်မက်ပေးတယ်ဗျ… သူ့အသတ်ခံရ
တာမဟုတ္ဘူးအစားခံရတာတဲ့…မိန်းကလေးတစ်ယောက်
ကသူရဲ့အသည်းတွေကလိစာတွေကိုဖောက်စားသွားတာတဲ့
ဗ်…ကျုပ်ကိုသူရဲ့ရင်ဘတ်ဟောင်းလောင်းကြီးပြပြီးငိုပြော
နေရှာတာဗျ…ကျုပ်ကြောက်ကြောက်နဲ့အိပ်ယာနိုးလာခဲ့
တယ်… တိုင်ကပ်နာရီကိုဓာတ်မိုးထိုးကြည့်လိုက်တော့..
မနက်(၄)နာရီရှိသေးတာဗျ…ကျုပ်စိတ်ထဲတော့အတော်
လန့်မိသွားတာတော့အမှန်ပဲဗျို့… ကျုပ်ထင်တာမမှားဘူး
ဆိုရင်…မုံရွာကအပြန်မှာတွေ့ခဲ့တဲ့ဘီးလူးမများလား…
ဒါပေမဲ့..ကျုပ်ကရွာနာမည်ပဲပြောခဲ့တာလေ…ပြီးတော့
မုံရွာနဲ့ရွာနဲ့က…မိုင်ပေါင်း၃၀လောက်ဝေးတာလေဗျာ…
သူဘယ်လိုလုပ်လာနိုင်ပါမလဲ…ကျုပ်လည်းဒီလိုတွေးပြီး..
ပြန်အိပ်လိုက်တယ်…
“စီဝေရန်ရေ စီဝေရန် ”
“ဘာတုန်းကွ မင်းမလည်းအသံပြဲနဲ့အော်ခေါ်နေတော့တာပဲ”
” ဟာ မင်းကိုအရေးကြီးသတင်းပြောစရာရှိလို့ကွ”
“ဘာတုန်းဟ ”
” မနေ့ညက မငွေမြိုင်ရဲ့သားလေး ဗိုက်ဟောင်းလောင်းကြီး
နဲ့ရွာထိပ်မှာသေနေတာတဲ့”
” ဟာ ငါအဒေါ်သေ သလိုမျိုးပါလား”
” အေးကွ ငါလဲအဲ့ဒါကိုစဉ်းစားနေတာ ”
“နေပါအုံးကွ ဒီကလေးကဘယ်လိုဖြစ်လို့ရွာအပြင်ကို
တစ်ယောက်တည်းသွားတာလဲ”
” ဒီကလေးကထင်မိထင်ရာကွ ပြီးတော့ဆိုးလဲဆိုးတယ်”
” ဘာပဲဖြစ်ဖြစ် စိတ်မကောင်းဘူးကွာ သူ့အမေတော့ရင်ကျိုးနေရှာမှာ ”
” အေးကွာ အဲ့ဒါညနေအလောင်းမြုပ်ရင်မင်းလိုက်ခဲ့အုံး”
“အေးပါ လိုက်ရမှာပေါ့ကွာ ”
” အေးအေး ငါအခုယာထဲပြန်သွားလိုက်အုံးမယ်ညနေမှ
လာခေါ်လိုက်မယ်”
ဂဃဏနမသိပေမဲ့…ဒီကိစ္စထူးတော့ထူးဆန်းနေ
တယ်…ဘီးလူးမကတော့ကျိန်းသေမဟုတ်လောက်ဘူးဗျ..
ဘယ်လိုမှရွာကိုရောက်လာစရာအကြောင်းကိုမရှိတာ…
အရင်တုန်းကလို…ရွာထဲလူနက်ကြီးတစ်ကောင်က…ဝင်
တာမျိုးလား…လူနက်ကြီးဆိုလို့ခင်ဗျားကိုပြောရအုံးမယ်…
အဲ့လူနက်ကြီးရွာထဲဝင်သောင်းကျန်းတုန်းကဆိုရင်ဗျာ…
ကျုပ်တို့ရွာသူရွာသားတွေများကောင်းကောင်းကိုအိပ်လို့
မရတာ….အျဖစ္ကဒီလိုဗ်…ညညဆိုရင်…လူနက်ကြီးက…
ရွာထဲကကလေးတွေကိုဝင်ဆွဲပြီးစားတာဗျ…ဒီသတင်းကလဲ.
ရွာနီးချုပ်စက်မှာ… အုံအုံကြွကြွဖြစ်သွားတာဗျို့…ရွာတွေမှာ
က..အိမ်အဝင်တံခါးလုပ်ရင်မြို့လိုမဟုတ်ဘူးဗျ…ဆူးတွေနဲ့
လုပ္တာ…သူခိုးလဲမဝင်နိုင်အောင်ပေါ့ဗျာ… ဒီလိုတံခါးကို
အဲ့လူနက်ကြီးက…အတင်းတိုးဝင်တာဗျ…ပြီးရင်ကလေးတွေ
ကိုစားတာ…နောက်တော့ရွာလူကြီးက…ရွာသူ၊ရွာသားတွေကို အစည်းအဝေးခေါ်ပြီး…ဒီကောင်ကြီးကိုသတ်ဖို့အမိန့်
ထုတ်ရောဗျို့…ရွာသားတွေကလည်း…ဒီကောင်ကြီးကို..
မသတ်ဝံ့ပါဘူးဗျာ…ကြောက်ကြတယ်လေ…နောက်ဆုံးတော့…လူနက်ကြီးရွာထဲအဝင်ကိုစောင့်၍…လေးတွေမြှားတွေနဲ့ပစ်…ပုဆိန်နဲ့ပေါက်ကာ..သေသွားပါလေရော….
အဲ…ဒီအဖြစ်အပျက်ကိုလွန်ခဲ့တဲ့အနှစ်၃၀လောက်ကပေါ့…
အမေပြောပြတာဗျ…
ဒီလိုနဲ့…တစ်ရက်ပြီးတစ်ရက်…ရွာထဲကလူတွေ..သေတာ
အတော်များလာတဲ့အခါ…အားလုံးကကြောက်ရွံ့နေကြပြီ
လေ… နောက်တော့ရွာလူကြီးက.. မြို့ကိုသွားပြီး…ရဲစခန်း
ကိုသွားပြောပြတာပေါ့… နောက်ပြီး…ဒီမိန်းကလေးကိုတွေ့
ရင်ဖမ်းပေးနိုင်တဲ့သူ…ဆုငွေပေးမယ်ဆိုပြီးကြေငြာပါရော
ဗ်…တစ်နေ့မှာ…နွားကျောင်းသားက…အဲ့ဘီလူးမနဲ့တွေ့
တယ်တဲ့…
” ငါ့ညီမ လာလေအဲ့မှာရပ်မနေနဲ့နေပူတယ်”
” ဟုတ်ဟုတ်”လို့ပြောပြီး…ဘေးနားကပ်ထိုင်လိုက်တယ်…
နွားကျောင်းသားကထမင်းစားနေချိန်…ဘီးလူးမက…
လည်ပင်းကိုကိုက်ဖို့ဟန်ပြင်နေချိန်…နွားကျောင်းသားက…
သတိရှိလို့သာအကိုက်မခံရတာ…သူတို့တွေနပန်းလုံးနေကြ
တာပေါ့…နောက်မှဖမ်းမိနိုင်သွားတာဗျို့…ဒီအဖြစ်အပျက်
ကလွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဖြစ်ခဲ့တာလေးပေါ့ဗျာ…
ခင်ဗျားလည်း…ရုပ်ချောချောကောင်မလေးတွေ့ရင်..
အရမ်းမငမ်းနေနဲ့နော်…အဲ့ကောင်မလေးကဘီးလူးမလဲ
ဖြစ်နိုင်တယ်ဗျို့…
ပြီးပါပြီ…
ဆက်လက်ကြိုးစားပါဦးမည်
စာဖတ်သူတွေကိုအမြဲချစ်ခင်လေးစားလျက်ပါခင်ဗျာ…
(ဝိုင်စီရဲ)

Zawgyi Version

“ဘီးလူးမ” (စ၊ဆံုး)
ဇာတ္လမ္း/စာေရးသူ – ဝိုင္စီရဲ
(ျဖစ္ရပ္မွန္)
ဒီအျဖစ္အပ်က္က မံုရြာမွာတကယ္ျဖစ္ခဲ့တာဗ်…
က်ဳပ္တို႔ကိုယ္ေတြ႔ဆိုလဲမမွားဘူးေပါ့… ခင္ဗ်ားတို႔၊က်ဳပ္တို႔
သိထားသလိုေတာ့…ဘီးလူးဆိုတာနဲ႔ ႐ုပ္ဆိုးဆိုးအစြယ္ေတြ
ဆိုျပဴးေနတာမ်ိဳးပဲေျပးျမင္မိတယ္…ဒါေပမဲ့…ဒီဘီးလူးမက.
လူဗ်..မိန္းကေလး…႐ုပ္ရည္ကအေတာ္ေလးေခ်ာတာဗ်ိဳ႕..
သူတို႔မိသားစုက… ရြာ႐ွည္ဆိုတဲ့ရြာေလးမွာေနထိုင္ၾကတယ္
သူ႔အေဖ၊အေမ၊ေမာင္ေလးရယ္ေပါ့…အဲ့ေကာင္မေလး
နာမည္က…သီသီဝင္းတဲ့ဗ်…သူ႔အေဖက…ဆိတ္ေတြေမြး
ထားတယ္ဗ်..အေကာင္ေရ၁၆ေကာင္ရိွတယ္.. တစ္ေန႔…
” မိန္းမ ဒီေန႔ဆိတ္မတစ္ေကာင္ေပ်ာက္ေနပါလားဟ”
” ဟုတ္ပါ့ေတာ္ ႐ွင္ဘယ္လိုဆိတ္ေက်ာင္းေနတာလဲ
ဒါေလးေတာင္ေသခ်ာဂ႐ုတစိုက္မေစာင့္ေ႐ွာက္ႏိုင္ဘူး
လား ”
” ဟာ ဒီမိန္းမကေတာ့ ငါကိုပဲဖိေဟာက္ေနတယ္ ငါလဲ
ဆိတ္ေက်ာင္းလာတာ မင္းသမီးတစ္သက္ရိွပါၿပီကြာ
အခုၾကမွေပ်ာက္သြားတာေတာ့ဘယ္တက္ႏိုင္ပါမလဲ”
” ေပ်ာက္မွေတာ့ထားလိုက္ေတာ့ က်ဳပ္ေျပာမယ္
ေနာက္တစ္ခါ က်ဳပ္ပါလိုက္ေက်ာင္းမယ္႐ွင္ကိုမယံုဘူး”
” ေဟာရာ ကဲ မင္းသေဘာကြာ မင္းသေဘာ”
ဒီလိုနဲ႔…ဆိတ္ေတြကတစ္ေကာင္ၿပီးတစ္ေကာင္ေပ်ာက္
လာေတာ့…သူတို႔လင္မယားကမသကၤာျဖစ္လာတာေပါ့…
ငါတို႔ေသခ်ာေက်ာင္းရက္သားနဲ႔ဘယ္လိုေပ်ာက္သလဲေပါ့..
တစ္ေန႔ၾကေတာ့… သူ႔အေဖကဆိတ္ေက်ာင္းရင္းနဲ႔…
ထမင္းခ်ိဳင့္က်န္ခဲ့လို႔အိမ္ျပန္လာယူေနခ်ိန္…မထင္မွတ္ထား
တဲ့အျဖစ္အပ်က္ကိုမ်က္ဝါးထင္ထင္ျမင္ေတြ႔လုိက္ရေတာ့…
” ဟဲ့ သီသီဝင္း နင္ ငါ့သားကိုစားေနတယ္ဟုတ္လား
ဒါဆို ငါဆိတ္ေတြေပ်ာက္ေန တာလည္းနင္လက္ခ်က္ပဲေပါ့
ဟုတ္လားေကာင္မ”
” မဟုတ္ဘူး မဟုတ္ဘူး” လို႔ျငင္းေနေပမဲ့… သူ႔အေဖတစ္
ေယာက္…စိတ္တိုတိုနဲ႔သီသီဝင္းကိုဓားနဲ႔လိုက္ခုတ္ပါေလ
ေရာဗ်ာ…သီသီဝင္း လည္းေၾကာက္ေၾကာက္နဲ႔ေျပးရင္း..
သူ႔အေမဆိတ္ေက်ာင္းတဲ့ေနေရာေရာက္သြားတာေပါ့…
” သီသီဝင္း ဘာျဖစ္လာတာလဲ”
” အေဖသမီးကိုဓားနဲ႔လိုက္ခုတ္ေနတယ္ ”
” ဟင္” ဆိုၿပီး ထိုင္ေနရာကေနထၿပီး… သူ႔ေယာက်ာ္းကို
တားလိုက္တယ္…
” ႐ွင္႐ူးေနလား ဒါ႐ွင္သမီးေနာ္”
” ငါ႐ူးတာမဟုတ္ဘူးမိန္းမရဲ႕ နင္သမီးက ငါတို႔သားငယ္ကို
စားေနတာ ငါ့မ်က္စိနဲ႔တပ္အပ္ျမင္ခဲ့တာဟ ဒါေၾကာင့္
ဒင္းကိုအေသ သတ္ဖို႔ကြ”
” ဟင္ သမီးညည္းအေဖေျပာတာေတြကတကယ္ပဲလား”
” အင္း ” လို႔တစ္လံုးတည္းပဲေျပာႏိုင္ပါေတာ့တယ္…
သီသီဝင္းအေမလည္း…သူကိုပိုက္ဆံေပးၿပီးဒီအိမ္နဲ႔
ေဝးရာကိုထြက္သြားခိုင္းလိုက္တယ္..ေနာက္ေတာ့သတင္း
ေတြထဲမွာပါလာတယ္… ေမွးေစ့မွာမဲွ့ပါတဲ့ေကာင္မေလးပံု
နဲ႔…သူကိုေတြ႔ရင္ေ႐ွာင္ၾကပါလို႔ေၾကျငာတာေပါ့…
က်ဳပ္တို႔သူငယ္ခ်င္းသံုးေယာက္…မံုရြာမွာ…သၾကၤန္ကဲၿပီး
အျပန္လမ္းမွာ…အဲ့ဘီးလူးမကိုေတြ႔လိုက္တယ္ဗ်..အစတုန္း
ကေတာ့လွလို႔ဆိုၿပီးၾကည့္ေနရင္း…
” အကိုတို႔ဘယ္သြားမလို႔လဲ” ဆိုၿပီးက်ဳပ္တို႔ဆီခပ္သြက္သြက္
ေျပးလာတယ္…
” က်ုပ္တို႔ရြာျပန္မလို႔ပါ”
“ဘယ္ရြာလဲ”
“စည္ပါရြာပါ”
“ေျသာ္”
“သိလို႔လားဒီကညီမက”
“မသိပါဘူး ဒီတိုင္းစပ္စုၾကည့္တာပါ”
အဲ့လိုနဲ႔စကားကအေတာ္ေလးၾကာေအာင္ေျပာၿပီး
တဲ့အခ်ိန္မွ…သတိျပန္ဝင္လာ၍…ဒါသတင္းထဲမွာဘီးလူးမ
ပါလားဆိုၿပီး…သူငယ္ခ်င္းေတြကိုအျမန္ဆိုင္ကယ္ေပၚတက္
ခိုင္းကာ…ဆိုင္ကယ္အျမန္ႏိုးၿပီးရြာကိုအျမန္ျပန္လာခဲ့တယ္
က်ဳပ္အိမ္ေရာက္သြားေပမဲ့…စိုးရိပ္ေနတာတစ္ခုရိွတယ္…
က်ဳပ္ကိုဘယ္သြားမလဲလို႔ေမးတုန္းက.. စည္ပါရြာလို႔ေျဖ
့ိုလိုက္တယ္မဟုတ္လား…ေတာ္ၾကာတကယ္ေရာက္လာရင္
ဘုရားဘုရားဆိုၿပီး… ေၾကာက္စိတ္ေတြဝင္ေနမိတယ္…
က်ဳပ္တစ္ေန႔ႏြားေက်ာင္းျပန္လာခ်ိန္လမ္းမွာ…
” ေဟ့ေကာင္ မင္းအေဒၚဆံုးသြားလို႔တဲ့ကြ”
” ဘယ္လို ဘယ္လိုျဖစ္တာလဲအာကာ”
” ဒီလိုကြ မင္းအေဒၚကေတာထဲထင္းေခြသြားေနခ်ိန္မွာ
လူတစ္ေယာက္ေယာက္ကသတ္လိုက္တာေနမယ္လို႔
ေျပာေနၾကတာပဲကြ အသည္းေတြကလိစာေတြဘာဆိုဘာ
တစ္ခုမွကိုမရိွေတာ့တာ”
” ဟာကြာ ဘယ္လိုလူကမ်ားသတ္ရက္လိုက္တာလဲကြာ
အခုငါအေဒၚအေလာင္းဘယ္မလဲ”
” မင္းတို႔အိမ္မွာကြမင္းသြားႏွင့္မင္းႏြားေတြကို ငါဘာသာ
ေခၚလာခဲ့မယ္ ”
” ေအး ေရာ့ငါလြယ္အိတ္ သြားၿပီေနာ္”
က်ဳပ္စိတ္ထဲမွာေဒါသျဖစ္မိတာကေတာ့အမွန္ပဲဗ်…
က်ဳပ္အေဒၚနဲ႔ကငယ္ငယ္ေလးတည္းကေနလာေတာ့…
သံေယာဇဥ္ကႀကီးမားတယ္ေလ…အေဒၚကဘယ္သူနဲ႔မွလဲ
ရန္ျဖစ္ဖူးတာမဟုတ္ဘူး…ေအးေအးေဆးေဆးေနတာ…
ဘာရန္ၿငိဳးမွမရိွပဲသတ္သြားတာက…စဥ္းစားရေတာ့ခက္
တယ္…က်ဳပ္အိမ္ျပန္ေရာက္ေတာ့….အေဒၚရင္ဘတ္ေပၚကို
အဝတ္စေတြနဲ႔ဖံုးထားတယ္…ၾကည့္မေကာင္းလို႔ေနမွာေပါ့
ဗ်ာ…က်ဳပ္အေဒၚဒီလိုအျဖစ္ဆိုးၾကံဳခဲ့ရတာကိုၾကည့္ၿပီး…
ေဒါသမီးေတြကတစ္စနဲ႔တစ္စေတာက္ေလာင္လာသျဖင့္…
အိမ္ထဲကဓား႐ွည္ကိုသြားယူကာ….
” ဘယ္ ခမသ ကငါအေဒၚကိုသတ္တာလဲကြ ငါသိရင္အ႐ွင္
မထားဘူးေနာ္ ဟာကြာ ”
ဆိုၿပီးဓားနဲ႔သူမ်ားအိမ္တံခါးေတြကိုလိုက္ခုတ္
လူေတြကိုပတ္ဆဲေတာ့တာပဲဗ်ာ…ထိုအခ်ိန္…အိမ္ထဲကေန
အေမကထြက္လာၿပီး…
” စီေဝရန္ ေတာ္ေတာ့ နင္ဓားငါကိုေပးစမ္း သြားအိမ္ထဲ
ျပန္ဝင္”
“အေမကလဲဗ်ာ က်ဳပ္အေဒၚအေမရဲ႕ညီမအသတ္ခံရတာ
ေလဗ်ာ…စိတ္မတိုရဘူးလားဗ် ေျပာစမ္းပါအံုး”
” ငါ့ညီမေသတာနဲ႔ဒီပတ္ဝန္းက်င္နဲ႔ဘာဆိုင္သလဲ နင္မ႐ူး
စမ္းနဲ႔ ငါကိုထပ္စိတ္ဆင္းရဲေအာင္မလုပ္နဲ႔သြားအိမ္ထဲဝင္
ေတာ့”
က်ဳပ္လည္းေတာ္ရံုတန္ရံုဆိုေဒါသထြက္ခဲပါတယ္ဗ်ာ
က်ဳပ္စိတ္ထဲမွာတႏုတ္ႏုတ္နဲ႔ဗ်ာ…အေမကေတာ့…သူ႔ညီမ
အေလာင္းကိုၾကည့္ၿပီးငိုယိုေနေတာ့တာေပါ့…ညဘက္..
ေရာက္ေတာ့…အေဒၚကိုေတြ႔ခ်င္လြန္းလို႔…က်ဳပ္ကိုလာ
ေျခာက္ပါလို႔ဆုေတာင္းေနတာ…ရက္လည္ေန႔သာေရာက္
သြားတယ္က်ဳပ္ဆုေတာင္းေတြမျပည့္ဝခဲ့ပါဘူး…ခင္ဗ်ားကို
ေျပာရအံုးမယ္က်ဳပ္တို႔ရြာမွာက…အေလာင္းခ်ရင္….
ရြာထဲတစ္ေယာက္မွမအိပ္ရဘူး၊ေခါင္းလဲမေလ်ွာ္ရဘူးဗ်..
ဘာေၾကာင့္ဆို…ေသမင္းကေသတဲ့သူကို…”နင္အေနာက္က
ဘယ္သူပါလဲ”လို႔ေမးရင္..”.ေခါင္းေလ်ွာ္တဲ့သူပါတယ္”
(သို႔မဟုတ္)”အိပ္ေနတဲ့သူပါတယ္”လို႔ေျပာရင္…အဲ့လူက
ေသေရာတဲ့ဗ်ိဳ႕…ကေလးေတြအိပ္ၿပီဆိုရင္လည္းရင္ဘတ္
ေပၚကပ္ေၾကးတင္ထားရတယ္တဲ့…ကပ္ေၾကးေတာင္..
႐ိုး႐ိုးကပ္ေၾကးမဟုတ္ဘူးေနာ္သံကပ္ေၾကးမွတဲ့ဗ်…
” ခင္စိန္ေရသြားႏွင့္အံုးေတာ့ ” လို႔သာအေမေျပာႏိုင္
ပါေတာ့တယ္…အဲ…ဒီရက္လည္ညမွာေတာ့…အေဒၚက.
က်ဳပ္ကိုထူးဆန္းတဲအိပ္မက္ေပးတယ္ဗ်…ႏိုင္
ပါေတာ့တယ္…အဲ…ဒီရက္လည္ညမွာေတာ့…အေဒၚက.
က်ဳပ္ကိုထူးဆန္းတဲအိပ္မက္ေပးတယ္ဗ်… သူ႔အသတ္ခံရ
တာမဟုတၻဴးအစားခံရတာတဲ့…မိန္းကေလးတစ္ေယာက္
ကသူရဲ႕အသည္းေတြကလိစာေတြကိုေဖာက္စားသြားတာတဲ့
ဗ္…က်ဳပ္ကိုသူရဲ႕ရင္ဘတ္ေဟာင္းေလာင္းႀကီးျပၿပီးငိုေျပာ
ေန႐ွာတာဗ်…က်ဳပ္ေၾကာက္ေၾကာက္နဲ႔အိပ္ယာႏိုးလာခဲ့
တယ္… တိုင္ကပ္နာရီကိုဓာတ္မိုးထိုးၾကည့္လိုက္ေတာ့..
မနက္(၄)နာရီရိွေသးတာဗ်…က်ဳပ္စိတ္ထဲေတာ့အေတာ္
လန္႔မိသြားတာေတာ့အမွန္ပဲဗ်ိဳ႕… က်ဳပ္ထင္တာမမွားဘူး
ဆိုရင္…မံုရြာကအျပန္မွာေတြ႔ခဲ့တဲ့ဘီးလူးမမ်ားလား…
ဒါေပမဲ့..က်ဳပ္ကရြာနာမည္ပဲေျပာခဲ့တာေလ…ၿပီးေတာ့
မံုရြာနဲ႔ရြာနဲ႔က…မိုင္ေပါင္း၃၀ေလာက္ေဝးတာေလဗ်ာ…
သူဘယ္လိုလုပ္လာႏိုင္ပါမလဲ…က်ဳပ္လည္းဒီလိုေတြးၿပီး..
ျပန္အိပ္လိုက္တယ္…
“စီေဝရန္ေရ စီေဝရန္ ”
“ဘာတုန္းကြ မင္းမလည္းအသံျပဲနဲ႔ေအာ္ေခၚေနေတာ့တာပဲ”
” ဟာ မင္းကိုအေရးႀကီးသတင္းေျပာစရာရိွလို႔ကြ”
“ဘာတုန္းဟ ”
” မေန႔ညက မေငြၿမိဳင္ရဲ႕သားေလး ဗိုက္ေဟာင္းေလာင္းႀကီး
နဲ႔ရြာထိပ္မွာေသေနတာတဲ့”
” ဟာ ငါအေဒၚေသ သလိုမ်ိဳးပါလား”
” ေအးကြ ငါလဲအဲ့ဒါကိုစဥ္းစားေနတာ ”
“ေနပါအံုးကြ ဒီကေလးကဘယ္လိုျဖစ္လို႔ရြာအျပင္ကို
တစ္ေယာက္တည္းသြားတာလဲ”
” ဒီကေလးကထင္မိထင္ရာကြ ၿပီးေတာ့ဆိုးလဲဆိုးတယ္”
” ဘာပဲျဖစ္ျဖစ္ စိတ္မေကာင္းဘူးကြာ သူ႔အေမေတာ့ရင္က်ိဳးေန႐ွာမွာ ”
” ေအးကြာ အဲ့ဒါညေနအေလာင္းျမဳပ္ရင္မင္းလိုက္ခဲ့အံုး”
“ေအးပါ လိုက္ရမွာေပါ့ကြာ ”
” ေအးေအး ငါအခုယာထဲျပန္သြားလိုက္အံုးမယ္ညေနမွ
လာေခၚလိုက္မယ္”
ဂဃဏနမသိေပမဲ့…ဒီကိစၥထူးေတာ့ထူးဆန္းေန
တယ္…ဘီးလူးမကေတာ့က်ိန္းေသမဟုတ္ေလာက္ဘူးဗ်..
ဘယ္လိုမွရြာကိုေရာက္လာစရာအေၾကာင္းကိုမရိွတာ…
အရင္တုန္းကလို…ရြာထဲလူနက္ႀကီးတစ္ေကာင္က…ဝင္
တာမ်ိဳးလား…လူနက္ႀကီးဆိုလို႔ခင္ဗ်ားကိုေျပာရအံုးမယ္…
အဲ့လူနက္ႀကီးရြာထဲဝင္ေသာင္းက်န္းတုန္းကဆိုရင္ဗ်ာ…
က်ဳပ္တို႔ရြာသူရြာသားေတြမ်ားေကာင္းေကာင္းကိုအိပ္လို႔
မရတာ….အ်ဖစၠဒီလိုဗ္…ညညဆိုရင္…လူနက္ႀကီးက…
ရြာထဲကကေလးေတြကိုဝင္ဆြဲၿပီးစားတာဗ်…ဒီသတင္းကလဲ.
ရြာနီးခ်ဳပ္စက္မွာ… အံုအံုႂကြႂကြျဖစ္သြားတာဗ်ိဳ႕…ရြာေတြမွာ
က..အိမ္အဝင္တံခါးလုပ္ရင္ၿမိဳ႕လိုမဟုတ္ဘူးဗ်…ဆူးေတြနဲ႔
လုပၱာ…သူခိုးလဲမဝင္ႏိုင္ေအာင္ေပါ့ဗ်ာ… ဒီလိုတံခါးကို
အဲ့လူနက္ႀကီးက…အတင္းတိုးဝင္တာဗ်…ၿပီးရင္ကေလးေတြ
ကုိစားတာ…ေနာက္ေတာ့ရြာလူႀကီးက…ရြာသူ၊ရြာသားေတြကို အစည္းအေဝးေခၚၿပီး…ဒီေကာင္ႀကီးကိုသတ္ဖို႔အမိန္႔
ထုတ္ေရာဗ်ိဳ႕…ရြာသားေတြကလည္း…ဒီေကာင္ႀကီးကို..
မသတ္ဝံ့ပါဘူးဗ်ာ…ေၾကာက္ၾကတယ္ေလ…ေနာက္ဆံုးေတာ့…လူနက္ႀကီးရြာထဲအဝင္ကိုေစာင့္၍…ေလးေတြျမႇားေတြနဲ႔ပစ္…ပုဆိန္နဲ႔ေပါက္ကာ..ေသသြားပါေလေရာ….
အဲ…ဒီအျဖစ္အပ်က္ကိုလြန္ခဲ့တဲ့အႏွစ္၃၀ေလာက္ကေပါ့…
အေမေျပာျပတာဗ်…
ဒီလိုနဲ႔…တစ္ရက္ၿပီးတစ္ရက္…ရြာထဲကလူေတြ..ေသတာ
အေတာ္မ်ားလာတဲ့အခါ…အားလံုးကေၾကာက္ရြံ႔ေနၾကၿပီ
ေလ… ေနာက္ေတာ့ရြာလူႀကီးက.. ၿမိဳ႕ကိုသြားၿပီး…ရဲစခန္း
ကိုသြားေျပာျပတာေပါ့… ေနာက္ၿပီး…ဒီမိန္းကေလးကိုေတြ႔
ရင္ဖမ္းေပးႏိုင္တဲ့သူ…ဆုေငြေပးမယ္ဆိုၿပီးေၾကျငာပါေရာ
ဗ္…တစ္ေန႔မွာ…ႏြားေက်ာင္းသားက…အဲ့ဘီလူးမနဲ႔ေတြ႔
တယ္တဲ့…
” ငါ့ညီမ လာေလအဲ့မွာရပ္မေနနဲ႔ေနပူတယ္”
” ဟုတ္ဟုတ္”လို႔ေျပာၿပီး…ေဘးနားကပ္ထိုင္လိုက္တယ္…
ႏြားေက်ာင္းသားကထမင္းစားေနခ်ိန္…ဘီးလူးမက…
လည္ပင္းကိုကိုက္ဖို႔ဟန္ျပင္ေနခ်ိန္…ႏြားေက်ာင္းသားက…
သတိရိွလိုု႔သာအကိုက္မခံရတာ…သူတို႔ေတြနပန္းလံုးေနၾက
တာေပါ့…ေနာက္မွဖမ္းမိႏိုင္သြားတာဗ်ိဳ႕…ဒီအျဖစ္အပ်က္
ကလြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္ကျဖစ္ခဲ့တာေလးေပါ့ဗ်ာ…
ခင္ဗ်ားလည္း…႐ုပ္ေခ်ာေခ်ာေကာင္မေလးေတြ႔ရင္..
အရမ္းမငမ္းေနနဲ႔ေနာ္…အဲ့ေကာင္မေလးကဘီးလူးမလဲ
ျဖစ္ႏိုင္တယ္ဗ်ိဳ႕…
ၿပီးပါၿပီ…
ဆက္လက္ႀကိဳးစားပါဦးမည္
စာဖတ္သူေတြကိုအျမဲခ်စ္ခင္ေလးစားလ်က္ပါခင္ဗ်ာ…
(ဝိုင္စီရဲ)