နှုတ်၏ကျိန်စာ (စ-ဆုံး)

Unicode Version

နှုတ်၏ကျိန်စာ (စ-ဆုံး)
—————————
“ခင် ကိုယ်တို့ဒီလိုပဲနေသွားကြတော့မှာလား”
“ဘာကိုပြောချင်တာလဲ ကိုစိုး”
“ကိုစိုးပြောချင်တာက ကိုစိုးနဲ့ ခင်ရဲ့
ဆက်ဆံရေးကိုဒီလိုပဲတိတ်တိတ်ကလေး
နေသွားကြတော့မှာလားလို့ပြောတာ
ခင်ရဲ့ ယောကျ်ားကြီး ကိုအောင်နိုင်ကို
မြန်မြန်ကွာရှင်းလိုက်ပါတော့လား
ဒါမှခင်နဲ့ကိုစိုးတို့ အတူတူနေလို့ရမှာ”
“သြော် ကိုစိုးရယ် ခင်လည်း သူ့ကို
ကွာချင်တာပေါ့ ဒါပေမယ့် ခင်ဘက်က
အခြေအနေတစ်ခုကိုစောင့်နေတာပါ
တစ်နေ့နေ့တော့ ခင် ကိုအောင်နိုင်ကို
ကွာရှင်းပေးဖို့တောင်းဆိုမှာပါ
အခုတော့ခဏလေးသည်းခံပေးပါ ကိုစိုးရယ်
နော် ခင်ကိုချစ်ရင်ဒီလောက်တော့
လုပ်ပေးရမှာမဟုတ်ဘူးလား”
“အင်းပါ…ကိုစိုးက ခင်ကိုဆုံးရှုံးရမှာ
ကြောက်လို့ပါ အမြန်ဆုံးအတူတူနေချင်ပြီ
ခင်ရယ်”
“အို…ကိုစိုးကလည်း”
“ဟင့် ဟင့်”
“ခစ် ခစ်”
အိမ်နောက်ဘေးနွားစာတဲအတွင်း
ချိန်းတွေ့နေသော ကိုစိုးနှင့်မခင်ခင်ထားတို့
ဖြစ်ကြလေသည်။
မခင်ခင်ထားနှင့်ကိုအောင်နိုင်တို့
လင်မယားထံတွင်အလုပ်လုပ်နေသော
ကိုစိုးနှင့်ကိုအောင်နိုင်၏ဇနီးမခင်ခင်ထားတို့
ခင်ပွန်းသည်မသိအောင်ကွယ်ရာမှာ
ဖောက်ပြန်နေကြခြင်းလည်း
ဖြစ်လေသည်။
ကိုအောင်နိုင်ကအချိန်ပြည့်စီးပွားရေးကိုသာ
အာရုံစိုက်ကာလုပ်နေသည့်အတွက်ကြောင့်
ဇနီးသည်မခင်ခင်ထားအား
ဂရုမစိုက်နိုင်ပေ။
ထို့ကြောင့် အိမ်တွင်အလုပ်လုပ်သော
ကိုစိုးနှင့်မခင်ခင်ထားတို့
ကိုအောင်နိုင်၏ကွယ်ရာမှာဖောက်ပြန်
ပျက်စီးနေကြတော့သည်။
ဒါတွေကို ကိုအောင်နိုင်အခုထိ
မသိရှာသေးပေ။
===============
တစ်နေ့ ကိုအောင်နိုင်ခရီးကပြန်အရောက်
ရွာထဲမှအမျိုးများကပြောလိုက်သည့်စကား
ကြောင့်စိတ်ဆိုးဒေါသဖြစ်ခဲ့ရလေသည်။
ကိုအောင်နိုင် အိမ်သို့မြန်မြန်ပြန်လာခဲ့သည်။
“ဟယ်…အစ်ကိုခရီးကပြန်လာပြီလား
အစ်ကိုဒီတစ်ခါသွားတာမြန်တယ်နော်
အစ်ကို့မျက်နှာကြည့်ရတာတစ်ခုခုဖြစ်နေပုံပဲ
ဘာဖြစ်လာတာလဲဟင် အစ်ကို”
“ငါဘာဖြစ်လာသလဲဆိုတာထက်
မင်းဘာလုပ်နေသလဲဆိုတာကိုငါအရင်မေးမယ်
မင်းမှန်မှန်ဖြေ”
“ဘာ ဘာကိုမေးမှာလဲအစ်ကိုက
ပြီးတော့ ခင်ကဘာကိုအမှန်အတိုင်း
ဖြေရမှာလဲ အစ်ကိုရဲ့ ”
“မင်း…ဟိုကောင် ကိုစိုးနဲ့ ငါ့ကွယ်ရာမှာ
နောက်မီးလင်းနေတဲ့ကိစ္စလေ
ငါမသိများထင်နေသလား
မင်းကွာငါကတော့ မင်းကငါ့ထက်ငယ်လို့
မင်းလိုသမျှအားလုံးကိုငါဖြည့်ဆည်းပေးခဲ့တယ်
ငါ့ကိုယ်ငါထက်မင်းကိုပိုချစ်ခဲ့တယ်
ဒါတောင် မင်း မင်းက”
“အစ် …အစ်ကိုပြောနေတာတွေ
တစ်ခုမှမဟုတ်ဘူး ကိုစိုးနဲ့ခင်နဲ့လည်း
ဘာမှမပတ်သက်ဘူးဆိုတာယုံပါ
အစ်ကိုရယ် အစ်ကို့ကိုပတ်ဝန်းကျင်က
သွေးထိုးလိုက်တဲ့စကားတွေကြောင့်
ခင်တို့ရဲ့ အိမ်ထောင်ရေးကိုအပျက်စီး
မခံနိုင်ဘူးအစ်ကို ခင်ကိုယုံပါ”
“မယုံဘူးကွာ မယုံဘူး ငါ့ကိုလာပြောတဲ့
သူတွေကလည်းငါ့ကိုလိမ်ပြီးပြောမယ့်သူတွေ
မဟုတ်ဘူး မင်းလိပ်ပြာမင်းလုံရင်
ငါ့ကိုဆက်လိမ်ပေါ့ကွာ”
“အစ်ကို ခင်ကိုနည်းနည်းလေးမှ
အယုံအကြည်မရှိဘူးလား
ခင် အစ်ကိုယုံအောင်ဘယ်လိုလုပ်ပေးရမလဲ
ဘယ်လိုကျိန်ပြရမလဲ ဟင် အစ်ကို”
“မင်းဟာမင်း ဘယ်လိုကျိန်ကျိန်
ငါမသိချင်ဘူး စိတ်လည်းမဝင်စားဘူး”
“ရက်စက်လိုက်တာအစ်ကိုရယ်
ခင်လေ အစ်ကိုယုံအောင်ကျိန်ပြပါ့မယ်”
မခင်ခင်ထားလည်းနွားစာတဲဘက်သို့
မျက်နှာမူလိုက်ပြီးပါးစပ်မှကျိန်စာတစ်ခုအား
ရွတ်ဆိုလိုက်သည်။
“ကျွန်မခင်ခင်ထားသည် ခင်ပွန်းဖြစ်သူ
ကိုအောင်နိုင်၏အပေါ်ဖောက်လွဲဖောက်ပြန်
မလုပ်ခဲ့ပါ မည်သည့်ယောကျ်ားနဲ့မှလည်း
မဖောက်ပြန်ခဲ့ပါ အကယ်၍ ကိုအောင်နိုင်အပေါ်
ဖောက်လွဲဖောက်ပြန်လုပ်ခဲ့မိပါက
အသေဆိုးဖြင့်သေပြီး
ဟောဟိုကနွားစာတဲအတွင်း၌ရှိသော
နွားမ၏ဗိုက်ထဲသို့နွားအဖြစ်နဲ့ဝင်စားရပါစေသား”
“ဟင်…ခင် ဘယ်လိုတွေကျိန်ပြနေတာလဲကွာ”
“အစ်ကိုယုံအောင်လို့ကျိန်ပြလိုက်တာလေ
အစ်ကို့အပေါ်ထားရှိတဲ့ ခင်ရဲ့ မေတ္တာတရားကို
အစ်ကိုမယုံတာ ခင်တော့ အတော့်ကို
ဝမ်းနည်းရတယ်သိလား အစ်ကို အဟင့် ဟင့်
ဟင့်”
“မငိုပါနဲ့တော့ခင်ရယ် အစ်ကိုယုံပါပြီ
မငိုနဲ့တော့နော် လာ အိမ်ထဲသွားကြမယ်
ခင် မကျိန်ပါနဲ့တော့ ”
ကိုအောင်နိုင်လည်း မခင်ခင်ထား၏
လက်အားဆွဲပြီးအိမ်ထဲသို့ခေါ်သွားတော့သည်။
==============
“ဟား ဟား ဟား ခင်ရယ်ပိုင်လိုက်ပါဘိ
မင်းသမီးလုပ်စားလို့တောင်ရပြီ
ဟား ဟား ဟား”
“ဟီး ဟီး ခင်ခင်ထားပါ မပိုင်ရင်ခြင်တောင်
မရိုက်ဘူးရှင့် ဒီလိုပိုင်အောင်လုပ်ရတာ
ဟောဒီက ကိုကိုစိုးကြီးကြောင့်ပေါ့
ကိုကိုစိုးကိုချစ်လွန်းလို့ပေါ့လို့
ဟီး ဟီး ဟီး”
“ဒါကြောင့် ခင်ကိုချစ်နေရတာပေါ့
ဟိုလူကြီးကိုအောင်နိုင်တော့
ဘာမှမသိရှာဘူးကွာ ဟား ဟား ဟား”
“သူကခင်နဲ့ကိုစိုးရဲ့ အခြေအနေကို
မျက်ခြေမပျက်စောင့်ကြည့်နေတယ်ဆိုတာတော့
ကိုစိုးသတိထားစေချင်တယ်
မူမပျက်စေနဲ့နော် ကိုစိုး”
“အင်းပါ…ကိုစိုးပါ မပိုင်ရင်
သူများဇနီးမယားကို တိတ်တိတ်လေး
ကြံပါ့မလားလို့ ဟား ဟား ဟား”
ကိုစိုးနှင့်မခင်ခင်ထားတို့ ကိုအောင်နိုင်၏
ကွယ်ရာ၌ပြောဆိုနေကြသည့်စကားများအား
ကြားရမည့်လူအဖို့ ဒေါသထွက်ချင်စဖွယ်အတိပင်ဖြစ်သည်။
ကိုအောင်နိုင် မရှိသည့်နေ့များတွင်
ကိုစိုးနှင့်မခင်ခင်ထားတို့ ဖြစ်ချင်တိုင်းဖြစ်
နေကြလေသည်။
ကိုအောင်နိုင်အလုပ်ကိစ္စဖြင့် ရက်ရှည်ခရီး
သွားရသည့်ရက်များဆိုလျှင် ကိုစိုးက
မခင်ခင်ထားထံသို့ညဘက်အထိတောင်
လာပြီးတွေ့လေသည်။
ပတ်ဝန်းကျင်၏ရှေ့တွင်တော့ မခင်ခင်ထားက ကိုစိုးအား အလုပ်သမားသဘောမျိုးဖြင့်
အော်ငေါက်ပြီးခိုင်းတတ်လေသည်။
လူလစ်ပြီဆိုသည်နှင့်
ဖြစ်ချင်တိုင်းဖြစ်နေကြလေသည်။
==================
တစ်ရက်တွင်တော့ ကိုအောင်နိုင်ခရီးကပြန်ရောက်လာခဲ့သည်။
ခရီးကပြန်ရောက်ပြီးနောက်တစ်နေ့တွင်
ရွာထဲသို့ မခင်ခင်ထားအားခေါ်ပြီး
နှစ်ယောက်သားလမ်းလျှောက်ထွက်ခဲ့ကြသည်။
ရွာလယ်လမ်းကိုရောက်တော့
“ငါ့ကိုလွှတ်စမ်း ငါ့ကိုလွှတ်လို့ပြောနေတယ်”
“သားရယ် မင်းစိတ်ကိုထိန်းစမ်းပါ
လက်ထဲကဓါးကြီးကိုချထားစမ်းပါ
အမေ့စကားကိုနားထောင်မှပေါ့
သားရဲ့”
အရက်အသောက်လွန်ကာအသိစိတ်လွတ်နေသည့်
အရက်သမားကိုဖိုးထောင်က
မြင်မြင်သမျှလူများအားရန်လုပ်နေသဖြင့်
မိခင်ဖြစ်သူဒေါ်လုံးတင်က တားနေခြင်း
ဖြစ်သည်။
ကိုအောင်နိုင်နှင့်မခင်ခင်ထားလည်း
ထိုအဖြစ်အပျက်အားရပ်ပြီးကြည့်နေမိသည်။
“လွှတ် ငါ့ကိုလွှတ် ”
“ဟဲ့ သား သား ဖိုးထောင်
မလုပ်ရဘူးလေ သား”
“ဟင်…”
“သတ်မယ် နင့်ကိုသတ်မယ် ”
ရုတ်တရက်ဆိုသလို ဒေါ်လုံးတင်လက်မှ
အတင်းရုန်းထွက်ကာ ဓါးတစ်ချောင်းဖြင့်
အိမ်အပြင်သို့ပြေးထွက်လာသည့်
ကိုဖိုးထောင်က လက်ထဲမှဓါးဖြင့် မခင်ခင်ထားအား
ခုတ်ချလိုက်တော့သည်။
ကိုအောင်နိုင်လည်းဟန့်တားချိန်မရလိုက်ပေ။
ကိုဖိုးထောင်၏ဓါးချက်ကမခင်ခင်ထား၏
ကိုယ်ခန္ဓာပေါ်သို့ကျရောက်သွားတော့သည်။
“စွတ်”
“အမယ်လေး …အား”
“ဟာ …ခင် ခင် လုပ်ကြပါဦးဗျာ
ကျွန်တော့်မိန်းမကိုဓါးနဲ့ခုတ်သွားလို့
လာကြပါဦး”
ကိုအောင်နိုင်၏အော်သံကြောင့်
ရွာထဲမှလူတချို့ ထွက်လာကြသည်။
“ဘယ်လိုဖြစ်တာလဲ အောင်နိုင်”
“ဟိုကောင်ဖိုးထောင် အသိစိတ်ပျောက်ပြီး
ဓါးနဲ့ပြေးခုတ်တာဗျ ခင် ခင် သတိထားလေ”
“အန်တီတောင်းပန်ပါတယ်ကွယ်
အန်တီသားကြောင့် အခုလိုဖြစ်ရတာပါ”
“ဖိုးထောင်ဘယ်ရောက်သွားပြီလဲ”
“ဓါးနဲ့ခုတ်ပြီးထွက်ပြေးသွားပြီဗျ”
“မဖြစ်ဘူး ခင်ခင်ထားကိုလှည်းနဲ့ မြို့ ဆေးရုံကို
ပို့မှဖြစ်မယ် လှည်းပြင်ကြဟေ့ လုပ် လုပ်မြန်မြန်”
ရွာသားများလည်းအလျင်အမြန်ဖြင့်
လှည်းကောက်ကာ မခင်ခင်ထားအား
ဆေးရုံသို့ပို့ကြလေသည်။
“ခင် သတိထားနော် ဘာမှမကြောက်နဲ့
အစ်ကိုရှိတယ်နော်”
“အ အစ်ကို ခင်မရတော့ဘူး
ခင်ကိုခွင့်လွှတ်ပါ အစ်ကို”
“ဟင်…”
“ခင် ခင် ခင် ဟာခင်အသက်မရှိတော့ဘူး
ခင်သေပြီဗျ ဖြစ်မှဖြစ်ရလေခင်ရယ်”
“ခင် ခင် အစ်ကို့ကိုတစ်ယောက်တည်း
မထားခဲ့ပါနဲ့ကွာ ခင်”
ကိုအောင်နိုင်၏ဝမ်းနည်းမှုကြောင့်
ထွက်ပေါ်လာသည့်အသံသည်လှည်း
လမ်း
တစ်လျှောက်ပဲ့တင်ထပ်သွားတော့သည်။
မခင်ခင်ထား၏အလောင်းအားအိမ်သို့
ပြန်သယ်လာပြီးနာရေးအတွက်ပြင်ဆင်
ကြတော့သည်။
မခင်ခင်ထား၏နာရေးအား မခင်ခင်ထား၏
မိခင်နှင့်ဖခင်တို့လည်း တစ်ဖက်ရွာမှ
သမီးဖြစ်သူနာရေးအားအပြေးအလွား
လိုက်လာကြလေသည်။
ကိုစိုးလည်းမခင်ခင်ထား၏နာရေးသို့
ရောက်နေလေသည်။
ကိုစိုး၏ပုံစံကဘာမှမခံစားသည့်ပုံမျိုးဖြစ်သည်။
ကိုအောင်နိုင်ကတော့ ခင်ခင်ထားအတွက်
ပူဆွေးသောကရောက်နေရလေသည်။
မခင်ခင်ထား၏သေဆုံးပုံအား
လူတိုင်းပါစပ်ဖျားတွင်ပြောစမှတ်တွင်
နေတော့သည်။
မခင်ခင်ထားကိုသတ်သည့်ကိုဖိုးထောင်ကိုလည်းရဲများကဖမ်းဆီးခေါ်ဆောင်သွားကြလေသည်။
မခင်ခင်ထား၏ရက်လည်အား
ဘုန်းကြီးများပင့်ကာရက်လည်ဆွမ်းသွပ်
ပြီးအမျှဝေပေးကြလေသည်။
မခင်ခင်ထား၏နာရေးရက်လည်ပြီးသည့်
ညတွင်တော့ ကိုအောင်နိုင် တစ်ယောက်
အိပ်မက်တစ်ခုကိုမြင်မက်လေသည်။
“ကိုအောင်နိုင် ”
“ဟင်…ခင် ခင်အစ်ကို့ဆီပြန်လာတာလား”
“မဟုတ္ပါဘူး အစ္ကို အစ္ကို့ကို
ပြောပြချင်တာတွေရှိလို့ အိမ်စောင့်နတ်ကိုအတင်းခွင့်တောင်းပြီး
အိပ်မက်ပေးရတာပါ”
“ခင် ဘာများပြောချင်လို့လဲ
အစ်ကိုဘာလုပ်ပေးရမလဲ ခင်”
“အစ်ကိုဘာမှလုပ်ပေးဖို့မလိုပါဘူး
ခင်လေ ခင် လူ့ဘဝမသေခင်အခါက
အစ်ကို့အပေါ်ကို ခင်သစ္စာဖောက်ခဲ့
မိပါတယ် ကိုစိုးနဲ့လည်း အစ်ကိုမသိအောင် ဖောက်ပြန်ခဲ့မိပါတယ် အစ်ကို
ခင်လေ မဟုတ်မမှန်ပဲလိမ်လည်ပြီးသစ္စာဆိုခဲ့မိလို့အခု
အိမ်ကနွားမကြီးဗိုက်ထဲမှာ
နွားအဖြစ်ဝင်စားရတော့မယ် အစ်ကို
ခင်ရဲ့ နှုတ်ကျိန်စာကြောင့် နွားဘဝကို
သွားရတော့မယ် ဒါကြောင့်
အစ်ကို့ကို ခင်လာပြီးနှုတ်ဆက်တာပါ
ခင် အစ်ကို့အပေါ်ကျူးလွန်ခဲ့တဲ့အပြစ်တွေကို
နောက်ဆုံးအနေနဲ့ လာတောင်းပန်တာပါ
ခင် သွားတော့မယ်”
“ခင်…မသွားပါနဲ့ ခင်”
“မသွားနဲ့ မသွားပါနဲ့ ခင်”
“ဟင်…ငါအိပ်မက် မက်နေတာပါလား
ခင်ပြောသွားတာတွေကအမှန်တွေလား
အမှန်တွေသာဆိုရင် ခင်က နွားဘဝရောက်
ရတော့မှာပေါ့ သြော် ခင်ရယ်…”
ကိုအောင်နိုင်လည်းသက်ပြင်းတစ်ချက်ကို
ချကာပြန်လည်အိပ်ပျော်သွားတော့သည်။
ထိုညကမက်ခဲ့သည့်အိပ်မက်အကြောင်းကို
ကိုအောင်နိုင်ဘယ်သူ့ကိုမှပြောမပြခဲ့ပေ
တစ်ယောက်တည်းပဲမြိုသိပ်ထားလိုက်
သည်။
=================
“ဟေ့ကောင် ကိုစိုးခဏလာဦး”
“ဟုတ်လာပြီ အစ်ကိုကြီး ဘာများခိုင်းချင်လို့လဲအစ်ကိုကြီး”
“မင်းကိုဘာမှမခိုင်းချင်ဘူး ပြောစရာရှိလို့
ခေါ်လိုက်တာ”
“ဟုတ် ပြောပါ အစ်ကိုကြီး”
“အေးဒီလိုကွ မင်းကိုဒီနေ့ကစပြီး
ငါ့အလုပ်မှာဆက်မထားနိုင်တော့ဘူး
ကိုစိုး”
“ခင်ဗျာ…ဘာလို့လဲ အစ်ကိုကြီး”
“မင်းအပြစ်မင်းမင်းသိမှာပါ ခင်နဲ့မင်းရဲ့
အကြောင်းတွေငါအားလုံးသိပြီးပြီ
ဒါကြောင့် ငါမင်းကိုဆက်မထားနိုင်တော့ဘူး”
“ရပါတယ် အစ်ကိုကြီးရာ ကျွန်တော့်ဘက်ကလည်းဒီမှာဆက်လုပ်ဖို့
ဘာအကြောင်းမှမရှိတော့ပါဘူး
ကျွန်တော့်ကိုသွားခွင့်ပြုပါ”
ကိုစိုးလည်းချက်ချင်းပင်အလုပ်ကထွက်သွားတော့သည်။
မခင်ခင်ထားမရှိတော့သည့်နောက်ပိုင်း
ကိုအောင်နိုင်လည်းခရီးများမသွားဖြစ်
တော့ပေ
အလုပ်ကိစ္စအတွက် ကိုယ်စားသွားမည့်သူကိုသာ
ငွေပေးပြီးသွားစေခဲ့သည်။
အိမ်မှာပင်နေပြီးစာရင်းဇယားများပဲ
တွက်ချက်ပြီးနေနေတော့သည်။
အချိန်တွေတစ်ရက်ပြီးတစ်ရက်
ကုန်လွန်လာခဲ့သည်။
ကိုအောင်နိုင်တို့အိမ်မှနွားမကြီးလည်း
ဗိုက်ကတဖြည်းဖြည်းနှင့်ဖောင်းလာခဲ့
သည်။
ကိုအောင်နိုင်ကနွားမကြီးအားအထူးဂရုစိုက်ပြီး
အစာရေစာလိုလေသေးမရှိကျွေးမွေး
စောင့်ရှောက်ခဲ့လေသည်။
လတွေကြာလာသည်နှင့်နွားမကြီးမှာ
နွားကလေးမွေးဖွားလေတော့သည်။
“ဟာ…ကိုအောင်နိုင်ကြည့်ပါဦးဗျာ
နွားပေါက်လေးခန္ဓာကိုယ်မှာ
ပြတ်ရှဒဏ်ရာလိုမျိုးကြီးပါလာတယ်ဗျ”
“အေး…ဟုတ်ပါရဲ့ကွာ ကြည့်ရတာနွားပေါက်လေးမှာအမှတ်လိုလို
ပြတ်ရှဒဏ်ရာမျိုးပါလာပါလား”
“ကိုအောင်နိုင် ခင် ခင်လေ နွားဘဝကို
ဝင်စားရတော့မယ် ဒါကြောင့် အစ်ကို့ကို
ခင်လာပြီးနှုတ်ဆက်တာပါ”
ရုတ်တရက်ကိုအောင်နိုင်၏ခေါင်းထဲသို့
မခင်ခင်ထားအိပ်မက်ထဲတွင်ပြောသွား
သည့်
စကားများအားပြန်လည်ကြားယောင်
လိုက်သည်။
“သြော်…ခင်ရယ် ဖြစ်မှဖြစ်ရလေကွာ”
“ကိုအောင်နိုင်ဘာပြောလိုက်တာလဲဗျ”
“ဘာ ဘာမှမဟုတ်ပါဘူး ရုတ်တရက်
ခင့်ကိုသတိရသွားလို့ပါ”
“နွားပေါက်လေးကချစ်စရာလေးဗျ
ထွားထွားကြိုင်းကြိုင်းလည်းရှိတယ်
နွားထီးသာဖြစ်လိုက်ရင်ပိုကောင်းမှာပဲဗျာ”
“အထီးပဲဖြစ်ဖြစ်အမပဲဖြစ်ဖြစ်
ငါ့နွားမကြီးကမွေးတာဆိုတော့
ငါ့သားသမီးလိုပြုစုကျွေးမွေးရပေါ့ကွာ”
ထိုနေ့ကစပြီးနွားမပေါက်လေးအား
ကိုအောင်နိုင်ကသေသေချာချာပြုစုကာ
ကျွေးမွေးရှာလေသည်။
ကိုအောင်နိုင်၏စိတ်ထဲတွင်နွားမပေါက်လေးအားနွားကဲ့သို့မမြင်ပဲ ကွယ်လွန်သွားသည့်
မခင်ခင်ထားဟုသာမြင်ယောင်နေမိသည်။
ကိုအောင်နိုင်လည်းနွားမပေါက်လေးအား
နာမည်တစ်ခုအားရွေးချယ်ပေးလေသည်။
“ဖြူလုံးရေ ဖြူလုံး အစာစားရအောင်
လာခဲ့ လာ လာ”
ကိုအောင်နိုင်၏အသံကြားသည်နှင့်
လွန့်လွန့်လူးကာအပြေးအလွှား
ရောက်လာတတ်သည်။
နွားမပေါက်လေးဖြူလုံးကလည်း
ကိုအောင်နိုင်
ကျွေးမှစားသည်ကိုအောင်နိုင်တိုက်မှ
သောက်သည်အထိရောက်လာခဲ့သည်။
နွားမပေါက်လေးဖြူလုံး
တဖြည်းဖြည်း
နွားကြီးအဖြစ်ရောက်လာပေမယ့်
ကိုအောင်နိုင်က
ဘယ်သောအခါမှကြိုးဖြင့်ချည်မထားပေ။
အမြဲတမ်းလွတ်လွတ်လပ်လပ်သာထားရှိခဲ့သည်။
ထို့ကြောင့်နွားမဖြူလုံးလည်း
ကိုအောင်နိုင်၏
အနားမှာအမြဲလိုလိုကပ်တွယ်နေတတ်
သည်။
ထို့ကြောင့် ကိုအောင်နိုင်အားရွာထဲမှ
လူများကနွားမဖြူလုံးနှင့်ညားနေကြတာလားဟု
လှောင်ပြောင်စနောက်တတ်ကြသည်။
ကိုဖိုးထောင်လည်းမခင်ခင်ထား
သတ်သည့်အမှုဖြင့်ထောင်မှလွတ်လာ
လေသည်။
ထိုနေ့မှကိုအောင်နိုင်တစ်ယောက်
ရွာထဲသို့ထွက်လာခဲ့ရာနောက်မှ
နွားမဖြူလုံးလည်းလိုက်ပါလာလေသည်။
“ဟဲ့ ဖြူလုံး နေခဲ့ပါဟ နေပူတယ်
သွားအိမ်မှာပဲနေ ကြားလား”
“အွန်း ဖူး”
ဖြူလုံးကကိုအောင်နိုင်၏စကားအား
နားလည်သည့်ဟန်ဖြင့် ငြင်းဆန်နေလေသည်။
“ဘာလဲ ဖြူလုံးနင်ကငါ့စကားကို
နားမထောင်ဘူးလား နေခဲ့ဆိုနေခဲ့”
ကိုအောင်နိုင်လည်းဖြူလုံးအားပြောပြီး
လှည့်ထွက်လိုက်သည်။
ဖြူလုံးကလည်းနောက်မှထပ်ကြပ်မကွာ
လိုက်လာပြန်သည်။
“ဖြူလုံး နင်ဒီလောက်လိုက်ချင်နေရင်လည်း
လိုက်ခဲ့တော့ ကြားလား”
“အွန်း ဖူး ဖူး”
ဖြူလုံးကအမြှီးလေးတစ်ချက်ချက်လှုပ်ပြီး
ကိုအောင်နိုင်နောက်မှလိုက်လာတော့
သည်။
တဖြည်းဖြည်းနှင့်ရွာလယ်လမ်းမှ
နေသော ကိုဖိုးထောင်
တို့အိမ်ရှေ့သို့ရောက်လာခဲ့ကြသည်။
အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်ထိုင်နေသောကိုဖိုးထောင်ကိုလည်းမြင်နေရလေသည်။
ကိုဖိုးထောင်ကိုမြင်တော့ ဖြူလုံးကခြေထောက်နှင့်မြေကြီးအား
တခွပ်ခွပ်
မြည်အောင်ခွာဖြင့်ပေါက်နေလေသည်။
နှုာခေါင်းမှလည်းနှာတဖူးဖူးမှုတ်ကာ
ကိုဖိုးထောင်အားအငြိုးတကြီးကြည့်
နေလေသည်။
ဒါကိုမြင်သောကိုအောင်နိုင်က ချက်ချင်း
သဘောပေါက်လိုက်ပေသည်။
“ဖြူလုံး လာသွားကြမယ် သူ့ဟာသူ
နေပါစေ ဖြူလုံးရယ် လာ”
“အူး ဖူး ဖူး”
“ဟင်…ဖြူလုံး ဖြူလုံး ဟာပြေးပြီ”
ရုတ်တရက်ဖြူလုံးကကိုဖိုးထောင်
ထိုင်နေသောနေရာသို့အတင်းပြေးထွက်သွားလေသည်။
ကိုအောင်နိုင်လည်းနောက်မှပြေးလိုက်ပြီး
ဟန့်တားပေမယ့် ဖြူလုံးက ကိုအောင်နိုင်
စကားကိုနားမထောင်တော့ပေ။
ကိုဖိုးထောင်ထံသို့ ဖြူလုံးက အရှိန်အဟုန်
ဖြင့်ပြေးလာနေလေသည်။
ဒါကိုမြင်သည့်ကိုဖိုးထောင်လည်း
ကွပ်ပျစ်ပေါ်မှဆင်းပြေးတော့သည်။
“သြား မလာနဲ့ မလာနဲ့ ”
“ဟဲ့ ဖြူလုံး ဖြူလုံး မလုပ်နဲ့ ”
“ဟင်…သား ပြေး ပြေး နွားကြီးသားနောက်ကလိုက်လာနေပြီ
ပြေးပြေး”
ကိုဖိုးထောင်၏မိခင်ဒေါ်လုံးက
အသံဗလံများကြားသည့်အတွက်
မီးဖိုချောင်မှပြေးထွက်လာကာ
သားဖြစ်သူအားပြေးခိုင်းနေလေသည်။
ဖြူလုံးကလည်းကိုဖိုးထောင်နောက်မှ
ထပ်ကြပ်မကွာလိုက်နေလေသည်။
“ဘုံး”
“အ”
ကိုဖိုးထောင်လည်းခလုပ်တိုက်ပြီးမြေပေါ်
လဲကျလေသည်။
ဖြူလုံးလည်းကိုဖိုးထောင်၏ခန္ဓာကိုယ်အားသူ၏ခြေထောက်များဖြင့် ကဆုန်ပေါက်ကာနင်းတော့သည်။
“အား အား လုပ်ကြပါဦး”
“ဖြူလုံး မလုပ်နဲ့ မလုပ်နဲ့လို့ ငါပြောနေတယ်နော်”
ကိုအောင်နိုင်ကမည်သို့ပင်အော်ဟစ်ပြီး
တားနေပေမယ့် ဖြူလုံးကတော့
ကိုဖိုးထောင်အားအငြိုးကြီးစွာ
နင်းသတ်နေတော့သည်။
ကိုဖိုးထောင်၏မျက်နှာနှင့်ခန္ဓာကိုယ်
နေရာအနှံ့မှသွေးများထွက်ကာစီးကျနေ
တော့သည်။
“အမယ်လေး သားလေး သားလေး
ဖြူလုံးမလုပ်ပါနဲ့ ဟဲ့ သွားစမ်း”
“ဖြူလုံး တော်တော့ မလုပ်နဲ့ ရပ်လိုက်
ကြားလား ငါပြောတာ”
ဖြူလုံးကကိုအောင်နိုင်နှင့်ဒေါ်လုံးတင်၏
စကားအားမကြားသည့်အလားကိုဖိုးထောင်အား
အားပါတရလုပ်ချင်တိုင်းလုပ်နေတော့သည်။
“စွတ်”
“စွပ်”
“အား…”
“သား”
“ဟင်…”
ဖြူလုံးကကိုဖိုးထောင်အား သူ၏ဦးခေါင်းမှ
ဂျို ဖြင့်၂ချက်တိတိထိုးလိုက်တော့သည်။
ကိုဖိုးထောင်လည်းနာကျင်လွန်းသဖြင့်
ဝမ်းခေါင်းသံကြီးဖြင့်အော်ကာငြိမ်သက်
သွားတော့သည်။
“သား သားလုပ်ကြပါဦးသားလေး
အသက်မရှိတော့ဘူး သား သားဖိုးထောင်
ဖြစ်မှဖြစ်ရလေသားရယ် အီး ဟီး ဟီး”
“ကျွန်တော့်နွားရဲ့လုပ်ရက်အတွက်
ကျွန်တော်အနူးအညွှတ်တောင်းပန်ပါ
တယ်ဒေါ်လုံးတင်ရယ်”
“ငါ့သားလေးကံကိုကဆိုးလွန်းတာပါကွယ်
ိတိရစ္ဆာန်ကတော့ဘာသိမလဲကွယ်
သားရေ သား”
ဒေါ်လုံးတင် ဖိုးထောင်ရဲ့နာရေးအတွက်
ကျွန်တော်အားလုံးစီစဉ်ပေးပါ့မယ်ဗျာ”
“အေးပါကွယ် အေးပါ အန်တီနားလည်ပါတယ်
ပျက်ချိန်တန်ရင်အားလုံးပျက်ကြတာပါပဲကွယ်”
ကျွန်တော်ဘယ်လိုတောင် ပြောရမလဲ
မသိတော့ပါဘူး ဒေါ်လုံးတင်ရယ်
ဖြူလုံး နင်အခုအိမ်ပြန်လိုက်ခဲ့
လာခဲ့ ငါပြောနေတာကြားလား”
ကိုအောင်နိုင်ကရှေ့မှ သွားကာအိမ်သို့
ပြန်လေသည်။
ကိုအောင်နိုင်နောက်မှဖြူလုံးကလိုက်ပါလာသည်။
===============
“ကဲ…ဖြူလုံး နင်လူသတ်ဦးမှာလား
ပြော”
“ဖြန်း ဖြန်း ဖြန်း”
ကိုအောင်နိုင်ကဖြူလုံးအားနှင်တံဖြင့်
အားပါးတရရိုက်ကာအပြစ်ပေးလေသည်။
“နင်လူသတ်ဦးမှာလား ဟမ်
အရင်ဘဝကတောင် နင်ရဲ့မကောင်းတဲ့
စရိုက်ကြောင့် အခုနင်ဒီဘဝမှာ
နွားလာဖြစ်နေရတာ နင်မသိဘူးလား
ဘာလို့အကုသိုလ်တွေထပ်ယူနေရတာလဲ
ဖြူလုံး ငါပြောတာကြားလား”
ကိုအောင်နိုင်၏စကားသံဆုံးသည်နှင့်
ဖြူလုံး၏မျက်လုံးထဲမှမျက်ရည်များ
တသွင်သွင်ကျဆင်းလာလေသည်။
ကိုအောင်နိုင်လည်းဖြူလုံးအားရိုက်ကာ
အပြစ်ပေးပြီးသည်နှင့်အိမ်ထဲဝင်သွားတော့
သည်။
ကိုအောင်နိုင်တစ်ယောက် ကိုဖိုးထောင်၏
နာရေးအတွက်ငွေအားလူအားပါ
ပေးဆပ်ခဲ့ရလေသည်။
ကွယ်လွန်သူကိုဖိုးထောင်၏အသက်
နစ်နာကြေးသဘောမျိုးဖြင့် ဒေါ်လုံးအား
ငွေများပေးအပ်ခဲ့လေသည်။
===================
“ဖြူလုံးရေ ဖြူလုံး လာခဲ့အစာစားချိန်
ရောက်ပြီ”
ကိုအောင်နိုင်ကဖြုလုံးအားအော်ခေါ်ပေမယ့်
ဖြူလုံးကကိုအောင်နိုင်ဘက်သို့ မျက်နှာပင်
လှည့်မကြည့်ပေ။
“အင်း…ဖြူလုံးနင်က ငါ့ကိုစိတ်ကောက်
နေတာလား ငါလည်းနင့်ကိုဘယ်ရိုက်ချင်ပါ့မလဲ
နင့်ကိုအသိတရားရပြီးလိမ္မာစေချင်လို့
ရိုက်လိုက်တာပါ လာ အစာစားလှည့်
လာပါ ငါနင့်ကိုနောက်တစ်ခါမရိုက်တော့ပါဘူး”
“အူး ဖူး”
ကိုအောင်နိုင်၏စကားသံဆုံးသည်နှင့်
ဖြူလုံးကကိုအောင်နိုင်ဘက်သို့လှည့်လာသည်။
“ဟာ…ဖြူ လုံး နင်ငိုနေတာလား
မျက်ရည်တွေလည်းကျလို့ ငါရိုက်လို့
ဝမ်းနည်းပြီးငိုထားတာလား
မငိုပါနဲ့တော့ဟ ငါတောင်းပန်ပါတယ်ဟာ”
ထိုသို့ချော့မော့ပြီးကျွေးမှဖြူလုံးက
အစာလာစားလေသည်။
=================
ထိုပြဿနာများဖြစ်ပြီး ၃လခန့်အကြာတွင်
ဖြူလုံးနေမကောင်းဖြစ်တော့သည်။
အစာလည်းသိပ်မစားတော့ အရင်လိုတက်တက်ကြွကြွမရှိတော့ပဲ
အမြဲမှိုင်တွေနေတော့သည်။
ကိုအောင်နိုင်ကတိရစ္ဆာန်ကုသည့်ဆရာဝန်ဖြင့်
ကုသပေးပါသော်လည်းဖြူလုံး၏ရောဂါက
ပြန်လည်သက်သာလာခြင်းမရှိပေ။
တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာသည်နှင့်
ဖြူလုံး၏ကိုယ်ခန္ဓာသည်အရိုးပေါ်အရေတင်
သလိုပိန်လှီလာလေသည်။
တစ်ခုသောမနက်ခင်းတွင်တော့
ကိုအောင်နိုင်တစ်ယောက်ဖြူလုံး၏
အခြေအနေအားလာပြီးကြည့်လေသည်။
“ဟင်…ဖြူလုံး ဖြူလုံး”
ဖြူလုံးမှာမြေပြင်ပေါ်လှဲကာ
အသက်ရှူခြင်းအားအသည်းအသန်
ကြိုးစားပြီးရှူနေရလေသည်။
“ဖြူလုံး ဒီနေ့ခါတိုင်းထက်ပိုဆိုးနေပါလား
ငါဘယ်လိုလုပ်ပေးရပါ့မလဲဟာ”
ကိုအောင်နိုင်လည်းဖြူလုံး၏
ပါးပြင်အားပွတ်သပ်ပေးနေလေသည်။
ဖြူလုံး၏မျက်ဝန်းထဲမှမျက်ရည်များက
အပြင်သို့ကျဆင်းနေလေသည်။
ကိုအောင်နိုင်နားလည်လိုက်သည်
ဒီနေ့ဖြူလုံးအတွက်နောက်ဆုံးနေ့
ဖြစ်မည်ဆိုတာသိနေပြီဖြစ်သည်။
ဖြူလုံးကလည်းကိုအောင်နိုင်၏မျက်နှာအား
ကြည့်ပြီးငြိမ်သက်သွားတော့သည်။
“ဖြူ လုံးရေ မင်းအတွက်မင်းအရင်ဘဝကလည်း
ငါနာကျင်ခဲ့ရပြီးပြီ အခုလည်းငါ့ကို
ထားခဲ့ပြန်ပြီ ကောင်းပါတယ်လေ
မင်းကိုငါဒီလိုတိရစ္ဆာန်ဘဝကြီးမှာ
ထပ်မမြင်ချင်တော့ဘူး မင်းကောင်းရာမွန်ရာ
ရောက်ပါစေ ဖြူလုံး သို့မဟုတ် ခင်ရေ”
ဖြူလုံး၏ကိုယ်ခန္ဓာအားကိုအောင်နိုင်က
ပြန်လည်ရောင်းချခြင်းမပြုလုပ်ခဲ့ပေ။
မည်သူကအသေကောင်လာတောင်းတောင်း
လာဝယ်ဝယ် ကိုအောင်နိုင်ကမပေးပဲ
ဖြူလုံးအားမြေမြုပ်ခဲ့လေသည်။
ကိုအောင်နိုင်ဒီကနေ့ပင်ပန်းထားသည့်အတွက်
အစောကြီးအိပ်ပျော်သွားခဲ့သည်။
“အစ်ကို အစ်ကိုထပါဦး”
“ဟင်…ခင် မင်း ခင်မဟုတ်လား”
“ဟုတ်ပါတယ် အစ်ကို ကျွန်မခင်ခင်ထားပါ
အစ်ကို့အပေါ်အမှားတွေလုပ်ခဲ့တဲ့ခင်ပါ
အခုခင်နှုတ်နဲ့ကျိန်ခဲ့တဲ့ ကျိန်စာက
ဖြူလုံးဘဝမှာပေးဆပ်ခဲ့ရပြီးပါပြီ
အခုခင်သွားရတော့မယ် အစ်ကိုရေ
ဒါကြောင့်အစ်ကို့ကိုခင်လာပြီးနှုတ်ဆက်ရတာပါ
အစ်ကိုကျန်းမာရေးလည်းဂရုစိုက်ပါ
နောင်သံသရာဘဝမှာရေစက်ပါခဲ့ရင်
ခင်လေအစ်ကိုနဲ့ပဲတွေ့ပါရစေ အစ်ကိုရယ်
ခင့်အတွက်ကုသိုလ်ကောင်းမှုလေးတွေ
ပြုပြီးခင့်ကိုအမျှပေးဝေပေးပါ အစ်ကို
ခင်သာဓုခေါ်ပါရစေ အစ်ကို
ခင်သွားတော့မယ် အစ်ကို”
တဖြည်းဖြည်းနှင့်ခင်၏ခန္ဓာကိုယ်က
ဝေဝါးပျောက်ကွယ်သွားတော့သည်။
“ခင် ခင် ခင်”
ကိုအောင်နိုင်အိပ်မက်ဆုံးသည်နှင့်ခင်ဟု
အော်ခေါ်ကာလန့်နိုးလာလေသည်။
“သြော် ခင်ရယ်
ခင့်အတွက် အစ်ကိုဝမ်းလည်းသာ
ဝမ်းလည်းနည်းမိပါတယ်ခင်ရယ်
ခင်တစ်ယောက်ဘဝကူးကောင်းပါစေကွာ
အစ်ကိုခင့်အတွက်ကုသိုလ်ကောင်းမှု
တွေပြုပြီးအမျှအတန်းပေဝေပါ့မယ်
ခင်ရယ်”
==============
“မခင်ခင်ထားနှင့်တကွအားလုံးကြားကြား
သမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့
သာဓု သာဓု သာဓု ”
“သာဓု သာဓု သာဓု”
ဆရာတော်ကြီးများနှင့်ကိုအောင်နိုင်၏အမျှဝေ
သံကပတ်ဝန်းကျင်သို့အေးချမ်းစွာဖြင့်
ထွက်ပေါ်လာခဲ့လေသည်။
“ခင်တစ်ယောက် မြင့်ရာမြတ်ရာဘုံဘဝကို
စံစားရောက်ရှိနိုင်ပါစေ လို့ အစ်ကိုဆုတောင်း
ပေးပါတယ်ကွာ ခင်ရေ အမျှ အမျှ အမျှ ”
ကိုအောင်နိုင်၏ရင်ထဲမှဆုတောင်း
စကားသံကိုတော့ခင်ခင်ထား
၁ဦးသာကြားသိနိုင်ပေလိမ့်မည်။
မဟုတ်မမှန်လိမ်လည်ကျိန်ဆိုခဲ့မိသော
မခင်ခင်ထားတစ်ယောက်သူမရဲ့ နှုတ်၏
ကျိန်စာကြောင့်လူ့ဘဝတွင်လည်း
အသေဆိုးဖြင့်သေခဲ့ရသလို နွားဘဝရောက်ပြန်တော့လည်း
ရောဂါဆိုးရကာအသက်သေဆုံးခဲ့ရပြန်သည်။
ဒါတွေအားလုံးဖြစ်ရတာဟာ
မမှန်မကန်ကျိန်ဆိုခဲ့သောနှုတ်၏ကျိန်စာကြောင့်
ဖြစ်ရသည်မဟုတ်ပါလား။
စာဖတ်သူတို့၏ Like တစ်ချက်ဟာ
စာရေးသူအတွက်ခွန်အားပါ
ဇာတ်လမ်းလေးဖတ်ပြီးရင်လက်မလေး
တွေပေးခဲ့ကြပါနော် စာဖတ်သူတို့ရေ
လိုအပ်ချက်များစွာဖြင့်ကြိုးစားနေဆဲပါ။
ပြီးပါပြီ…

Zawgyi Version

ႏႈတ္၏က်ိန္စာ (စ-ဆံုး)
—————————
“ခင္ ကိုယ္တို႔ဒီလိုပဲေနသြားၾကေတာ့မွာလား”
“ဘာကိုေျပာခ်င္တာလဲ ကိုစိုး”
“ကိုစိုးေျပာခ်င္တာက ကိုစိုးနဲ႔ ခင္ရဲ႕
ဆက္ဆံေရးကိုဒီလိုပဲတိတ္တိတ္ကေလး
ေနသြားၾကေတာ့မွာလားလို႔ေျပာတာ
ခင္ရဲ႕ ေယာက်္ားႀကီး ကိုေအာင္ႏိုင္ကို
ျမန္ျမန္ကြာရွင္းလိုက္ပါေတာ့လား
ဒါမွခင္နဲ႔ကိုစိုးတို႔ အတူတူေနလို႔ရမွာ”
“ေၾသာ္ ကိုစိုးရယ္ ခင္လည္း သူ႔ကို
ကြာခ်င္တာေပါ့ ဒါေပမယ့္ ခင္ဘက္က
အေျခအေနတစ္ခုကိုေစာင့္ေနတာပါ
တစ္ေန႔ေန႔ေတာ့ ခင္ ကိုေအာင္ႏိုင္ကို
ကြာရွင္းေပးဖို႔ေတာင္းဆိုမွာပါ
အခုေတာ့ခဏေလးသည္းခံေပးပါ ကိုစိုးရယ္
ေနာ္ ခင္ကိုခ်စ္ရင္ဒီေလာက္ေတာ့
လုပ္ေပးရမွာမဟုတ္ဘူးလား”
“အင္းပါ…ကိုစိုးက ခင္ကိုဆုံးရႈံးရမွာ
ေၾကာက္လို႔ပါ အျမန္ဆုံးအတူတူေနခ်င္ၿပီ
ခင္ရယ္”
“အို…ကိုစိုးကလည္း”
“ဟင့္ ဟင့္”
“ခစ္ ခစ္”
အိမ္ေနာက္ေဘးႏြားစာတဲအတြင္း
ခ်ိန္းေတြ႕ေနေသာ ကိုစိုးႏွင့္မခင္ခင္ထားတို႔
ျဖစ္ၾကေလသည္။
မခင္ခင္ထားႏွင့္ကိုေအာင္ႏိုင္တို႔
လင္မယားထံတြင္အလုပ္လုပ္ေနေသာ
ကိုစိုးႏွင့္ကိုေအာင္ႏိုင္၏ဇနီးမခင္ခင္ထားတို႔
ခင္ပြန္းသည္မသိေအာင္ကြယ္ရာမွာ
ေဖာက္ျပန္ေနၾကျခင္းလည္း
ျဖစ္ေလသည္။
ကိုေအာင္ႏိုင္ကအခ်ိန္ျပည့္စီးပြားေရးကိုသာ
အာ႐ုံစိုက္ကာလုပ္ေနသည့္အတြက္ေၾကာင့္
ဇနီးသည္မခင္ခင္ထားအား
ဂ႐ုမစိုက္ႏိုင္ေပ။
ထို႔ေၾကာင့္ အိမ္တြင္အလုပ္လုပ္ေသာ
ကိုစိုးႏွင့္မခင္ခင္ထားတို႔
ကိုေအာင္ႏိုင္၏ကြယ္ရာမွာေဖာက္ျပန္
ပ်က္စီးေနၾကေတာ့သည္။
ဒါေတြကို ကိုေအာင္ႏိုင္အခုထိ
မသိရွာေသးေပ။
===============
တစ္ေန႔ ကိုေအာင္ႏိုင္ခရီးကျပန္အေရာက္
႐ြာထဲမွအမ်ိဳးမ်ားကေျပာလိုက္သည့္စကား
ေၾကာင့္စိတ္ဆိုးေဒါသျဖစ္ခဲ့ရေလသည္။
ကိုေအာင္ႏိုင္ အိမ္သို႔ျမန္ျမန္ျပန္လာခဲ့သည္။
“ဟယ္…အစ္ကိုခရီးကျပန္လာၿပီလား
အစ္ကိုဒီတစ္ခါသြားတာျမန္တယ္ေနာ္
အစ္ကို႔မ်က္ႏွာၾကည့္ရတာတစ္ခုခုျဖစ္ေနပုံပဲ
ဘာျဖစ္လာတာလဲဟင္ အစ္ကို”
“ငါဘာျဖစ္လာသလဲဆိုတာထက္
မင္းဘာလုပ္ေနသလဲဆိုတာကိုငါအရင္ေမးမယ္
မင္းမွန္မွန္ေျဖ”
“ဘာ ဘာကိုေမးမွာလဲအစ္ကိုက
ၿပီးေတာ့ ခင္ကဘာကိုအမွန္အတိုင္း
ေျဖရမွာလဲ အစ္ကိုရဲ႕ ”
“မင္း…ဟိုေကာင္ ကိုစိုးနဲ႔ ငါ့ကြယ္ရာမွာ
ေနာက္မီးလင္းေနတဲ့ကိစၥေလ
ငါမသိမ်ားထင္ေနသလား
မင္းကြာငါကေတာ့ မင္းကငါ့ထက္ငယ္လို႔
မင္းလိုသမွ်အားလုံးကိုငါျဖည့္ဆည္းေပးခဲ့တယ္
ငါ့ကိုယ္ငါထက္မင္းကိုပိုခ်စ္ခဲ့တယ္
ဒါေတာင္ မင္း မင္းက”
“အစ္ …အစ္ကိုေျပာေနတာေတြ
တစ္ခုမွမဟုတ္ဘူး ကိုစိုးနဲ႔ခင္နဲ႔လည္း
ဘာမွမပတ္သက္ဘူးဆိုတာယုံပါ
အစ္ကိုရယ္ အစ္ကို႔ကိုပတ္ဝန္းက်င္က
ေသြးထိုးလိုက္တဲ့စကားေတြေၾကာင့္
ခင္တို႔ရဲ႕ အိမ္ေထာင္ေရးကိုအပ်က္စီး
မခံႏိုင္ဘူးအစ္ကို ခင္ကိုယုံပါ”
“မယုံဘူးကြာ မယုံဘူး ငါ့ကိုလာေျပာတဲ့
သူေတြကလည္းငါ့ကိုလိမ္ၿပီးေျပာမယ့္သူေတြ
မဟုတ္ဘူး မင္းလိပ္ျပာမင္းလုံရင္
ငါ့ကိုဆက္လိမ္ေပါ့ကြာ”
“အစ္ကို ခင္ကိုနည္းနည္းေလးမွ
အယုံအၾကည္မရွိဘူးလား
ခင္ အစ္ကိုယုံေအာင္ဘယ္လိုလုပ္ေပးရမလဲ
ဘယ္လိုက်ိန္ျပရမလဲ ဟင္ အစ္ကို”
“မင္းဟာမင္း ဘယ္လိုက်ိန္က်ိန္
ငါမသိခ်င္ဘူး စိတ္လည္းမဝင္စားဘူး”
“ရက္စက္လိုက္တာအစ္ကိုရယ္
ခင္ေလ အစ္ကိုယုံေအာင္က်ိန္ျပပါ့မယ္”
မခင္ခင္ထားလည္းႏြားစာတဲဘက္သို႔
မ်က္ႏွာမူလိုက္ၿပီးပါးစပ္မွက်ိန္စာတစ္ခုအား
႐ြတ္ဆိုလိုက္သည္။
“ကြၽန္မခင္ခင္ထားသည္ ခင္ပြန္းျဖစ္သူ
ကိုေအာင္ႏိုင္၏အေပၚေဖာက္လြဲေဖာက္ျပန္
မလုပ္ခဲ့ပါ မည္သည့္ေယာက်္ားနဲ႔မွလည္း
မေဖာက္ျပန္ခဲ့ပါ အကယ္၍ ကိုေအာင္ႏိုင္အေပၚ
ေဖာက္လြဲေဖာက္ျပန္လုပ္ခဲ့မိပါက
အေသဆိုးျဖင့္ေသၿပီး
ေဟာဟိုကႏြားစာတဲအတြင္း၌ရွိေသာ
ႏြားမ၏ဗိုက္ထဲသို႔ႏြားအျဖစ္နဲ႔ဝင္စားရပါေစသား”
“ဟင္…ခင္ ဘယ္လိုေတြက်ိန္ျပေနတာလဲကြာ”
“အစ္ကိုယုံေအာင္လို႔က်ိန္ျပလိုက္တာေလ
အစ္ကို႔အေပၚထားရွိတဲ့ ခင္ရဲ႕ ေမတၱာတရားကို
အစ္ကိုမယုံတာ ခင္ေတာ့ အေတာ့္ကို
ဝမ္းနည္းရတယ္သိလား အစ္ကို အဟင့္ ဟင့္
ဟင့္”
“မငိုပါနဲ႔ေတာ့ခင္ရယ္ အစ္ကိုယုံပါၿပီ
မငိုနဲ႔ေတာ့ေနာ္ လာ အိမ္ထဲသြားၾကမယ္
ခင္ မက်ိန္ပါနဲ႔ေတာ့ ”
ကိုေအာင္ႏိုင္လည္း မခင္ခင္ထား၏
လက္အားဆြဲၿပီးအိမ္ထဲသို႔ေခၚသြားေတာ့သည္။
==============
“ဟား ဟား ဟား ခင္ရယ္ပိုင္လိုက္ပါဘိ
မင္းသမီးလုပ္စားလို႔ေတာင္ရၿပီ
ဟား ဟား ဟား”
“ဟီး ဟီး ခင္ခင္ထားပါ မပိုင္ရင္ျခင္ေတာင္
မ႐ိုက္ဘူးရွင့္ ဒီလိုပိုင္ေအာင္လုပ္ရတာ
ေဟာဒီက ကိုကိုစိုးႀကီးေၾကာင့္ေပါ့
ကိုကိုစိုးကိုခ်စ္လြန္းလို႔ေပါ့လို႔
ဟီး ဟီး ဟီး”
“ဒါေၾကာင့္ ခင္ကိုခ်စ္ေနရတာေပါ့
ဟိုလူႀကီးကိုေအာင္ႏိုင္ေတာ့
ဘာမွမသိရွာဘူးကြာ ဟား ဟား ဟား”
“သူကခင္နဲ႔ကိုစိုးရဲ႕ အေျခအေနကို
မ်က္ေျခမပ်က္ေစာင့္ၾကည့္ေနတယ္ဆိုတာေတာ့
ကိုစိုးသတိထားေစခ်င္တယ္
မူမပ်က္ေစနဲ႔ေနာ္ ကိုစိုး”
“အင္းပါ…ကိုစိုးပါ မပိုင္ရင္
သူမ်ားဇနီးမယားကို တိတ္တိတ္ေလး
ႀကံပါ့မလားလို႔ ဟား ဟား ဟား”
ကိုစိုးႏွင့္မခင္ခင္ထားတို႔ ကိုေအာင္ႏိုင္၏
ကြယ္ရာ၌ေျပာဆိုေနၾကသည့္စကားမ်ားအား
ၾကားရမည့္လူအဖို႔ ေဒါသထြက္ခ်င္စဖြယ္အတိပင္ျဖစ္သည္။
ကိုေအာင္ႏိုင္ မရွိသည့္ေန႔မ်ားတြင္
ကိုစိုးႏွင့္မခင္ခင္ထားတို႔ ျဖစ္ခ်င္တိုင္းျဖစ္
ေနၾကေလသည္။
ကိုေအာင္ႏိုင္အလုပ္ကိစၥျဖင့္ ရက္ရွည္ခရီး
သြားရသည့္ရက္မ်ားဆိုလွ်င္ ကိုစိုးက
မခင္ခင္ထားထံသို႔ညဘက္အထိေတာင္
လာၿပီးေတြ႕ေလသည္။
ပတ္ဝန္းက်င္၏ေရွ႕တြင္ေတာ့ မခင္ခင္ထားက ကိုစိုးအား အလုပ္သမားသေဘာမ်ိဳးျဖင့္
ေအာ္ေငါက္ၿပီးခိုင္းတတ္ေလသည္။
လူလစ္ၿပီဆိုသည္ႏွင့္
ျဖစ္ခ်င္တိုင္းျဖစ္ေနၾကေလသည္။
==================
တစ္ရက္တြင္ေတာ့ ကိုေအာင္ႏိုင္ခရီးကျပန္ေရာက္လာခဲ့သည္။
ခရီးကျပန္ေရာက္ၿပီးေနာက္တစ္ေန႔တြင္
႐ြာထဲသို႔ မခင္ခင္ထားအားေခၚၿပီး
ႏွစ္ေယာက္သားလမ္းေလွ်ာက္ထြက္ခဲ့ၾကသည္။
႐ြာလယ္လမ္းကိုေရာက္ေတာ့
“ငါ့ကိုလႊတ္စမ္း ငါ့ကိုလႊတ္လို႔ေျပာေနတယ္”
“သားရယ္ မင္းစိတ္ကိုထိန္းစမ္းပါ
လက္ထဲကဓါးႀကီးကိုခ်ထားစမ္းပါ
အေမ့စကားကိုနားေထာင္မွေပါ့
သားရဲ႕”
အရက္အေသာက္လြန္ကာအသိစိတ္လြတ္ေနသည့္
အရက္သမားကိုဖိုးေထာင္က
ျမင္ျမင္သမွ်လူမ်ားအားရန္လုပ္ေနသျဖင့္
မိခင္ျဖစ္သူေဒၚလုံးတင္က တားေနျခင္း
ျဖစ္သည္။
ကိုေအာင္ႏိုင္ႏွင့္မခင္ခင္ထားလည္း
ထိုအျဖစ္အပ်က္အားရပ္ၿပီးၾကည့္ေနမိသည္။
“လႊတ္ ငါ့ကိုလႊတ္ ”
“ဟဲ့ သား သား ဖိုးေထာင္
မလုပ္ရဘူးေလ သား”
“ဟင္…”
“သတ္မယ္ နင့္ကိုသတ္မယ္ ”
႐ုတ္တရက္ဆိုသလို ေဒၚလုံးတင္လက္မွ
အတင္း႐ုန္းထြက္ကာ ဓါးတစ္ေခ်ာင္းျဖင့္
အိမ္အျပင္သို႔ေျပးထြက္လာသည့္
ကိုဖိုးေထာင္က လက္ထဲမွဓါးျဖင့္ မခင္ခင္ထားအား
ခုတ္ခ်လိုက္ေတာ့သည္။
ကိုေအာင္ႏိုင္လည္းဟန႔္တားခ်ိန္မရလိုက္ေပ။
ကိုဖိုးေထာင္၏ဓါးခ်က္ကမခင္ခင္ထား၏
ကိုယ္ခႏၶာေပၚသို႔က်ေရာက္သြားေတာ့သည္။
“စြတ္”
“အမယ္ေလး …အား”
“ဟာ …ခင္ ခင္ လုပ္ၾကပါဦးဗ်ာ
ကြၽန္ေတာ့္မိန္းမကိုဓါးနဲ႔ခုတ္သြားလို႔
လာၾကပါဦး”
ကိုေအာင္ႏိုင္၏ေအာ္သံေၾကာင့္
႐ြာထဲမွလူတခ်ိဳ႕ ထြက္လာၾကသည္။
“ဘယ္လိုျဖစ္တာလဲ ေအာင္ႏိုင္”
“ဟိုေကာင္ဖိုးေထာင္ အသိစိတ္ေပ်ာက္ၿပီး
ဓါးနဲ႔ေျပးခုတ္တာဗ် ခင္ ခင္ သတိထားေလ”
“အန္တီေတာင္းပန္ပါတယ္ကြယ္
အန္တီသားေၾကာင့္ အခုလိုျဖစ္ရတာပါ”
“ဖိုးေထာင္ဘယ္ေရာက္သြားၿပီလဲ”
“ဓါးနဲ႔ခုတ္ၿပီးထြက္ေျပးသြားၿပီဗ်”
“မျဖစ္ဘူး ခင္ခင္ထားကိုလွည္းနဲ႔ ၿမိဳ႕ ေဆး႐ုံကို
ပို႔မွျဖစ္မယ္ လွည္းျပင္ၾကေဟ့ လုပ္ လုပ္ျမန္ျမန္”
႐ြာသားမ်ားလည္းအလ်င္အျမန္ျဖင့္
လွည္းေကာက္ကာ မခင္ခင္ထားအား
ေဆး႐ုံသို႔ပို႔ၾကေလသည္။
“ခင္ သတိထားေနာ္ ဘာမွမေၾကာက္နဲ႔
အစ္ကိုရွိတယ္ေနာ္”
“အ အစ္ကို ခင္မရေတာ့ဘူး
ခင္ကိုခြင့္လႊတ္ပါ အစ္ကို”
“ဟင္…”
“ခင္ ခင္ ခင္ ဟာခင္အသက္မရွိေတာ့ဘူး
ခင္ေသၿပီဗ် ျဖစ္မွျဖစ္ရေလခင္ရယ္”
“ခင္ ခင္ အစ္ကို႔ကိုတစ္ေယာက္တည္း
မထားခဲ့ပါနဲ႔ကြာ ခင္”
ကိုေအာင္ႏိုင္၏ဝမ္းနည္းမႈေၾကာင့္
ထြက္ေပၚလာသည့္အသံသည္လွည္း
လမ္း
တစ္ေလွ်ာက္ပဲ့တင္ထပ္သြားေတာ့သည္။
မခင္ခင္ထား၏အေလာင္းအားအိမ္သို႔
ျပန္သယ္လာၿပီးနာေရးအတြက္ျပင္ဆင္
ၾကေတာ့သည္။
မခင္ခင္ထား၏နာေရးအား မခင္ခင္ထား၏
မိခင္ႏွင့္ဖခင္တို႔လည္း တစ္ဖက္႐ြာမွ
သမီးျဖစ္သူနာေရးအားအေျပးအလြား
လိုက္လာၾကေလသည္။
ကိုစိုးလည္းမခင္ခင္ထား၏နာေရးသို႔
ေရာက္ေနေလသည္။
ကိုစိုး၏ပုံစံကဘာမွမခံစားသည့္ပုံမ်ိဳးျဖစ္သည္။
ကိုေအာင္ႏိုင္ကေတာ့ ခင္ခင္ထားအတြက္
ပူေဆြးေသာကေရာက္ေနရေလသည္။
မခင္ခင္ထား၏ေသဆုံးပုံအား
လူတိုင္းပါစပ္ဖ်ားတြင္ေျပာစမွတ္တြင္
ေနေတာ့သည္။
မခင္ခင္ထားကိုသတ္သည့္ကိုဖိုးေထာင္ကိုလည္းရဲမ်ားကဖမ္းဆီးေခၚေဆာင္သြားၾကေလသည္။
မခင္ခင္ထား၏ရက္လည္အား
ဘုန္းႀကီးမ်ားပင့္ကာရက္လည္ဆြမ္းသြပ္
ၿပီးအမွ်ေဝေပးၾကေလသည္။
မခင္ခင္ထား၏နာေရးရက္လည္ၿပီးသည့္
ညတြင္ေတာ့ ကိုေအာင္ႏိုင္ တစ္ေယာက္
အိပ္မက္တစ္ခုကိုျမင္မက္ေလသည္။
“ကိုေအာင္ႏိုင္ ”
“ဟင္…ခင္ ခင္အစ္ကို႔ဆီျပန္လာတာလား”
“မဟုတၸါဘူး အစၠိဳ အစၠိဳ့ကို
ေျပာျပခ်င္တာေတြရွိလို႔ အိမ္ေစာင့္နတ္ကိုအတင္းခြင့္ေတာင္းၿပီး
အိပ္မက္ေပးရတာပါ”
“ခင္ ဘာမ်ားေျပာခ်င္လို႔လဲ
အစ္ကိုဘာလုပ္ေပးရမလဲ ခင္”
“အစ္ကိုဘာမွလုပ္ေပးဖို႔မလိုပါဘူး
ခင္ေလ ခင္ လူ႔ဘဝမေသခင္အခါက
အစ္ကို႔အေပၚကို ခင္သစၥာေဖာက္ခဲ့
မိပါတယ္ ကိုစိုးနဲ႔လည္း အစ္ကိုမသိေအာင္ ေဖာက္ျပန္ခဲ့မိပါတယ္ အစ္ကို
ခင္ေလ မဟုတ္မမွန္ပဲလိမ္လည္ၿပီးသစၥာဆိုခဲ့မိလို႔အခု
အိမ္ကႏြားမႀကီးဗိုက္ထဲမွာ
ႏြားအျဖစ္ဝင္စားရေတာ့မယ္ အစ္ကို
ခင္ရဲ႕ ႏႈတ္က်ိန္စာေၾကာင့္ ႏြားဘဝကို
သြားရေတာ့မယ္ ဒါေၾကာင့္
အစ္ကို႔ကို ခင္လာၿပီးႏႈတ္ဆက္တာပါ
ခင္ အစ္ကို႔အေပၚက်ဴးလြန္ခဲ့တဲ့အျပစ္ေတြကို
ေနာက္ဆုံးအေနနဲ႔ လာေတာင္းပန္တာပါ
ခင္ သြားေတာ့မယ္”
“ခင္…မသြားပါနဲ႔ ခင္”
“မသြားနဲ႔ မသြားပါနဲ႔ ခင္”
“ဟင္…ငါအိပ္မက္ မက္ေနတာပါလား
ခင္ေျပာသြားတာေတြကအမွန္ေတြလား
အမွန္ေတြသာဆိုရင္ ခင္က ႏြားဘဝေရာက္
ရေတာ့မွာေပါ့ ေၾသာ္ ခင္ရယ္…”
ကိုေအာင္ႏိုင္လည္းသက္ျပင္းတစ္ခ်က္ကို
ခ်ကာျပန္လည္အိပ္ေပ်ာ္သြားေတာ့သည္။
ထိုညကမက္ခဲ့သည့္အိပ္မက္အေၾကာင္းကို
ကိုေအာင္ႏိုင္ဘယ္သူ႔ကိုမွေျပာမျပခဲ့ေပ
တစ္ေယာက္တည္းပဲၿမိဳသိပ္ထားလိုက္
သည္။
=================
“ေဟ့ေကာင္ ကိုစိုးခဏလာဦး”
“ဟုတ္လာၿပီ အစ္ကိုႀကီး ဘာမ်ားခိုင္းခ်င္လို႔လဲအစ္ကိုႀကီး”
“မင္းကိုဘာမွမခိုင္းခ်င္ဘူး ေျပာစရာရွိလို႔
ေခၚလိုက္တာ”
“ဟုတ္ ေျပာပါ အစ္ကိုႀကီး”
“ေအးဒီလိုကြ မင္းကိုဒီေန႔ကစၿပီး
ငါ့အလုပ္မွာဆက္မထားႏိုင္ေတာ့ဘူး
ကိုစိုး”
“ခင္ဗ်ာ…ဘာလို႔လဲ အစ္ကိုႀကီး”
“မင္းအျပစ္မင္းမင္းသိမွာပါ ခင္နဲ႔မင္းရဲ႕
အေၾကာင္းေတြငါအားလုံးသိၿပီးၿပီ
ဒါေၾကာင့္ ငါမင္းကိုဆက္မထားႏိုင္ေတာ့ဘူး”
“ရပါတယ္ အစ္ကိုႀကီးရာ ကြၽန္ေတာ့္ဘက္ကလည္းဒီမွာဆက္လုပ္ဖို႔
ဘာအေၾကာင္းမွမရွိေတာ့ပါဘူး
ကြၽန္ေတာ့္ကိုသြားခြင့္ျပဳပါ”
ကိုစိုးလည္းခ်က္ခ်င္းပင္အလုပ္ကထြက္သြားေတာ့သည္။
မခင္ခင္ထားမရွိေတာ့သည့္ေနာက္ပိုင္း
ကိုေအာင္ႏိုင္လည္းခရီးမ်ားမသြားျဖစ္
ေတာ့ေပ
အလုပ္ကိစၥအတြက္ ကိုယ္စားသြားမည့္သူကိုသာ
ေငြေပးၿပီးသြားေစခဲ့သည္။
အိမ္မွာပင္ေနၿပီးစာရင္းဇယားမ်ားပဲ
တြက္ခ်က္ၿပီးေနေနေတာ့သည္။
အခ်ိန္ေတြတစ္ရက္ၿပီးတစ္ရက္
ကုန္လြန္လာခဲ့သည္။
ကိုေအာင္ႏိုင္တို႔အိမ္မွႏြားမႀကီးလည္း
ဗိုက္ကတျဖည္းျဖည္းႏွင့္ေဖာင္းလာခဲ့
သည္။
ကိုေအာင္ႏိုင္ကႏြားမႀကီးအားအထူးဂ႐ုစိုက္ၿပီး
အစာေရစာလိုေလေသးမရွိေကြၽးေမြး
ေစာင့္ေရွာက္ခဲ့ေလသည္။
လေတြၾကာလာသည္ႏွင့္ႏြားမႀကီးမွာ
ႏြားကေလးေမြးဖြားေလေတာ့သည္။
“ဟာ…ကိုေအာင္ႏိုင္ၾကည့္ပါဦးဗ်ာ
ႏြားေပါက္ေလးခႏၶာကိုယ္မွာ
ျပတ္ရွဒဏ္ရာလိုမ်ိဳးႀကီးပါလာတယ္ဗ်”
“ေအး…ဟုတ္ပါရဲ႕ကြာ ၾကည့္ရတာႏြားေပါက္ေလးမွာအမွတ္လိုလို
ျပတ္ရွဒဏ္ရာမ်ိဳးပါလာပါလား”
“ကိုေအာင္ႏိုင္ ခင္ ခင္ေလ ႏြားဘဝကို
ဝင္စားရေတာ့မယ္ ဒါေၾကာင့္ အစ္ကို႔ကို
ခင္လာၿပီးႏႈတ္ဆက္တာပါ”
႐ုတ္တရက္ကိုေအာင္ႏိုင္၏ေခါင္းထဲသို႔
မခင္ခင္ထားအိပ္မက္ထဲတြင္ေျပာသြား
သည့္
စကားမ်ားအားျပန္လည္ၾကားေယာင္
လိုက္သည္။
“ေၾသာ္…ခင္ရယ္ ျဖစ္မွျဖစ္ရေလကြာ”
“ကိုေအာင္ႏိုင္ဘာေျပာလိုက္တာလဲဗ်”
“ဘာ ဘာမွမဟုတ္ပါဘူး ႐ုတ္တရက္
ခင့္ကိုသတိရသြားလို႔ပါ”
“ႏြားေပါက္ေလးကခ်စ္စရာေလးဗ်
ထြားထြားႀကိဳင္းႀကိဳင္းလည္းရွိတယ္
ႏြားထီးသာျဖစ္လိုက္ရင္ပိုေကာင္းမွာပဲဗ်ာ”
“အထီးပဲျဖစ္ျဖစ္အမပဲျဖစ္ျဖစ္
ငါ့ႏြားမႀကီးကေမြးတာဆိုေတာ့
ငါ့သားသမီးလိုျပဳစုေကြၽးေမြးရေပါ့ကြာ”
ထိုေန႔ကစၿပီးႏြားမေပါက္ေလးအား
ကိုေအာင္ႏိုင္ကေသေသခ်ာခ်ာျပဳစုကာ
ေကြၽးေမြးရွာေလသည္။
ကိုေအာင္ႏိုင္၏စိတ္ထဲတြင္ႏြားမေပါက္ေလးအားႏြားကဲ့သို႔မျမင္ပဲ ကြယ္လြန္သြားသည့္
မခင္ခင္ထားဟုသာျမင္ေယာင္ေနမိသည္။
ကိုေအာင္ႏိုင္လည္းႏြားမေပါက္ေလးအား
နာမည္တစ္ခုအားေ႐ြးခ်ယ္ေပးေလသည္။
“ျဖဴလုံးေရ ျဖဴလုံး အစာစားရေအာင္
လာခဲ့ လာ လာ”
ကိုေအာင္ႏိုင္၏အသံၾကားသည္ႏွင့္
လြန႔္လြန႔္လူးကာအေျပးအလႊား
ေရာက္လာတတ္သည္။
ႏြားမေပါက္ေလးျဖဴလုံးကလည္း
ကိုေအာင္ႏိုင္
ေကြၽးမွစားသည္ကိုေအာင္ႏိုင္တိုက္မွ
ေသာက္သည္အထိေရာက္လာခဲ့သည္။
ႏြားမေပါက္ေလးျဖဴလုံး
တျဖည္းျဖည္း
ႏြားႀကီးအျဖစ္ေရာက္လာေပမယ့္
ကိုေအာင္ႏိုင္က
ဘယ္ေသာအခါမွႀကိဳးျဖင့္ခ်ည္မထားေပ။
အၿမဲတမ္းလြတ္လြတ္လပ္လပ္သာထားရွိခဲ့သည္။
ထို႔ေၾကာင့္ႏြားမျဖဴလုံးလည္း
ကိုေအာင္ႏိုင္၏
အနားမွာအၿမဲလိုလိုကပ္တြယ္ေနတတ္
သည္။
ထို႔ေၾကာင့္ ကိုေအာင္ႏိုင္အား႐ြာထဲမွ
လူမ်ားကႏြားမျဖဴလုံးႏွင့္ညားေနၾကတာလားဟု
ေလွာင္ေျပာင္စေနာက္တတ္ၾကသည္။
ကိုဖိုးေထာင္လည္းမခင္ခင္ထား
သတ္သည့္အမႈျဖင့္ေထာင္မွလြတ္လာ
ေလသည္။
ထိုေန႔မွကိုေအာင္ႏိုင္တစ္ေယာက္
႐ြာထဲသို႔ထြက္လာခဲ့ရာေနာက္မွ
ႏြားမျဖဴလုံးလည္းလိုက္ပါလာေလသည္။
“ဟဲ့ ျဖဴလုံး ေနခဲ့ပါဟ ေနပူတယ္
သြားအိမ္မွာပဲေန ၾကားလား”
“အြန္း ဖူး”
ျဖဴလုံးကကိုေအာင္ႏိုင္၏စကားအား
နားလည္သည့္ဟန္ျဖင့္ ျငင္းဆန္ေနေလသည္။
“ဘာလဲ ျဖဴလုံးနင္ကငါ့စကားကို
နားမေထာင္ဘူးလား ေနခဲ့ဆိုေနခဲ့”
ကိုေအာင္ႏိုင္လည္းျဖဴလုံးအားေျပာၿပီး
လွည့္ထြက္လိုက္သည္။
ျဖဴလုံးကလည္းေနာက္မွထပ္ၾကပ္မကြာ
လိုက္လာျပန္သည္။
“ျဖဴလုံး နင္ဒီေလာက္လိုက္ခ်င္ေနရင္လည္း
လိုက္ခဲ့ေတာ့ ၾကားလား”
“အြန္း ဖူး ဖူး”
ျဖဴလုံးကအျမႇီးေလးတစ္ခ်က္ခ်က္လႈပ္ၿပီး
ကိုေအာင္ႏိုင္ေနာက္မွလိုက္လာေတာ့
သည္။
တျဖည္းျဖည္းႏွင့္႐ြာလယ္လမ္းမွ
ေနေသာ ကိုဖိုးေထာင္
တို႔အိမ္ေရွ႕သို႔ေရာက္လာခဲ့ၾကသည္။
အိမ္ေရွ႕ကြပ္ပ်စ္ေပၚတြင္ထိုင္ေနေသာကိုဖိုးေထာင္ကိုလည္းျမင္ေနရေလသည္။
ကိုဖိုးေထာင္ကိုျမင္ေတာ့ ျဖဴလုံးကေျခေထာက္ႏွင့္ေျမႀကီးအား
တခြပ္ခြပ္
ျမည္ေအာင္ခြာျဖင့္ေပါက္ေနေလသည္။
ႏႈာေခါင္းမွလည္းႏွာတဖူးဖူးမႈတ္ကာ
ကိုဖိုးေထာင္အားအၿငိဳးတႀကီးၾကည့္
ေနေလသည္။
ဒါကိုျမင္ေသာကိုေအာင္ႏိုင္က ခ်က္ခ်င္း
သေဘာေပါက္လိုက္ေပသည္။
“ျဖဴလုံး လာသြားၾကမယ္ သူ႔ဟာသူ
ေနပါေစ ျဖဴလုံးရယ္ လာ”
“အူး ဖူး ဖူး”
“ဟင္…ျဖဴလုံး ျဖဴလုံး ဟာေျပးၿပီ”
႐ုတ္တရက္ျဖဴလုံးကကိုဖိုးေထာင္
ထိုင္ေနေသာေနရာသို႔အတင္းေျပးထြက္သြားေလသည္။
ကိုေအာင္ႏိုင္လည္းေနာက္မွေျပးလိုက္ၿပီး
ဟန႔္တားေပမယ့္ ျဖဴလုံးက ကိုေအာင္ႏိုင္
စကားကိုနားမေထာင္ေတာ့ေပ။
ကိုဖိုးေထာင္ထံသို႔ ျဖဴလုံးက အရွိန္အဟုန္
ျဖင့္ေျပးလာေနေလသည္။
ဒါကိုျမင္သည့္ကိုဖိုးေထာင္လည္း
ကြပ္ပ်စ္ေပၚမွဆင္းေျပးေတာ့သည္။
“ၾသား မလာနဲ႔ မလာနဲ႔ ”
“ဟဲ့ ျဖဴလုံး ျဖဴလုံး မလုပ္နဲ႔ ”
“ဟင္…သား ေျပး ေျပး ႏြားႀကီးသားေနာက္ကလိုက္လာေနၿပီ
ေျပးေျပး”
ကိုဖိုးေထာင္၏မိခင္ေဒၚလုံးက
အသံဗလံမ်ားၾကားသည့္အတြက္
မီးဖိုေခ်ာင္မွေျပးထြက္လာကာ
သားျဖစ္သူအားေျပးခိုင္းေနေလသည္။
ျဖဴလုံးကလည္းကိုဖိုးေထာင္ေနာက္မွ
ထပ္ၾကပ္မကြာလိုက္ေနေလသည္။
“ဘုံး”
“အ”
ကိုဖိုးေထာင္လည္းခလုပ္တိုက္ၿပီးေျမေပၚ
လဲက်ေလသည္။
ျဖဴလုံးလည္းကိုဖိုးေထာင္၏ခႏၶာကိုယ္အားသူ၏ေျခေထာက္မ်ားျဖင့္ ကဆုန္ေပါက္ကာနင္းေတာ့သည္။
“အား အား လုပ္ၾကပါဦး”
“ျဖဴလုံး မလုပ္နဲ႔ မလုပ္နဲ႔လို႔ ငါေျပာေနတယ္ေနာ္”
ကိုေအာင္ႏိုင္ကမည္သို႔ပင္ေအာ္ဟစ္ၿပီး
တားေနေပမယ့္ ျဖဴလုံးကေတာ့
ကိုဖိုးေထာင္အားအၿငိဳးႀကီးစြာ
နင္းသတ္ေနေတာ့သည္။
ကိုဖိုးေထာင္၏မ်က္ႏွာႏွင့္ခႏၶာကိုယ္
ေနရာအႏွံ႔မွေသြးမ်ားထြက္ကာစီးက်ေန
ေတာ့သည္။
“အမယ္ေလး သားေလး သားေလး
ျဖဴလုံးမလုပ္ပါနဲ႔ ဟဲ့ သြားစမ္း”
“ျဖဴလုံး ေတာ္ေတာ့ မလုပ္နဲ႔ ရပ္လိုက္
ၾကားလား ငါေျပာတာ”
ျဖဴလုံးကကိုေအာင္ႏိုင္ႏွင့္ေဒၚလုံးတင္၏
စကားအားမၾကားသည့္အလားကိုဖိုးေထာင္အား
အားပါတရလုပ္ခ်င္တိုင္းလုပ္ေနေတာ့သည္။
“စြတ္”
“စြပ္”
“အား…”
“သား”
“ဟင္…”
ျဖဴလုံးကကိုဖိုးေထာင္အား သူ၏ဦးေခါင္းမွ
ဂ်ိဳ ျဖင့္၂ခ်က္တိတိထိုးလိုက္ေတာ့သည္။
ကိုဖိုးေထာင္လည္းနာက်င္လြန္းသျဖင့္
ဝမ္းေခါင္းသံႀကီးျဖင့္ေအာ္ကာၿငိမ္သက္
သြားေတာ့သည္။
“သား သားလုပ္ၾကပါဦးသားေလး
အသက္မရွိေတာ့ဘူး သား သားဖိုးေထာင္
ျဖစ္မွျဖစ္ရေလသားရယ္ အီး ဟီး ဟီး”
“ကြၽန္ေတာ့္ႏြားရဲ႕လုပ္ရက္အတြက္
ကြၽန္ေတာ္အႏူးအၫႊတ္ေတာင္းပန္ပါ
တယ္ေဒၚလုံးတင္ရယ္”
“ငါ့သားေလးကံကိုကဆိုးလြန္းတာပါကြယ္
ိတိရစာၦန္ကေတာ့ဘာသိမလဲကြယ္
သားေရ သား”
ေဒၚလုံးတင္ ဖိုးေထာင္ရဲ႕နာေရးအတြက္
ကြၽန္ေတာ္အားလုံးစီစဥ္ေပးပါ့မယ္ဗ်ာ”
“ေအးပါကြယ္ ေအးပါ အန္တီနားလည္ပါတယ္
ပ်က္ခ်ိန္တန္ရင္အားလုံးပ်က္ၾကတာပါပဲကြယ္”
ကြၽန္ေတာ္ဘယ္လိုေတာင္ ေျပာရမလဲ
မသိေတာ့ပါဘူး ေဒၚလုံးတင္ရယ္
ျဖဴလုံး နင္အခုအိမ္ျပန္လိုက္ခဲ့
လာခဲ့ ငါေျပာေနတာၾကားလား”
ကိုေအာင္ႏိုင္ကေရွ႕မွ သြားကာအိမ္သို႔
ျပန္ေလသည္။
ကိုေအာင္ႏိုင္ေနာက္မွျဖဴလုံးကလိုက္ပါလာသည္။
===============
“ကဲ…ျဖဴလုံး နင္လူသတ္ဦးမွာလား
ေျပာ”
“ျဖန္း ျဖန္း ျဖန္း”
ကိုေအာင္ႏိုင္ကျဖဴလုံးအားႏွင္တံျဖင့္
အားပါးတရ႐ိုက္ကာအျပစ္ေပးေလသည္။
“နင္လူသတ္ဦးမွာလား ဟမ္
အရင္ဘဝကေတာင္ နင္ရဲ႕မေကာင္းတဲ့
စ႐ိုက္ေၾကာင့္ အခုနင္ဒီဘဝမွာ
ႏြားလာျဖစ္ေနရတာ နင္မသိဘူးလား
ဘာလို႔အကုသိုလ္ေတြထပ္ယူေနရတာလဲ
ျဖဴလုံး ငါေျပာတာၾကားလား”
ကိုေအာင္ႏိုင္၏စကားသံဆုံးသည္ႏွင့္
ျဖဴလုံး၏မ်က္လုံးထဲမွမ်က္ရည္မ်ား
တသြင္သြင္က်ဆင္းလာေလသည္။
ကိုေအာင္ႏိုင္လည္းျဖဴလုံးအား႐ိုက္ကာ
အျပစ္ေပးၿပီးသည္ႏွင့္အိမ္ထဲဝင္သြားေတာ့
သည္။
ကိုေအာင္ႏိုင္တစ္ေယာက္ ကိုဖိုးေထာင္၏
နာေရးအတြက္ေငြအားလူအားပါ
ေပးဆပ္ခဲ့ရေလသည္။
ကြယ္လြန္သူကိုဖိုးေထာင္၏အသက္
နစ္နာေၾကးသေဘာမ်ိဳးျဖင့္ ေဒၚလုံးအား
ေငြမ်ားေပးအပ္ခဲ့ေလသည္။
===================
“ျဖဴလုံးေရ ျဖဴလုံး လာခဲ့အစာစားခ်ိန္
ေရာက္ၿပီ”
ကိုေအာင္ႏိုင္ကျဖဳလုံးအားေအာ္ေခၚေပမယ့္
ျဖဴလုံးကကိုေအာင္ႏိုင္ဘက္သို႔ မ်က္ႏွာပင္
လွည့္မၾကည့္ေပ။
“အင္း…ျဖဴလုံးနင္က ငါ့ကိုစိတ္ေကာက္
ေနတာလား ငါလည္းနင့္ကိုဘယ္႐ိုက္ခ်င္ပါ့မလဲ
နင့္ကိုအသိတရားရၿပီးလိမၼာေစခ်င္လို႔
႐ိုက္လိုက္တာပါ လာ အစာစားလွည့္
လာပါ ငါနင့္ကိုေနာက္တစ္ခါမ႐ိုက္ေတာ့ပါဘူး”
“အူး ဖူး”
ကိုေအာင္ႏိုင္၏စကားသံဆုံးသည္ႏွင့္
ျဖဴလုံးကကိုေအာင္ႏိုင္ဘက္သို႔လွည့္လာသည္။
“ဟာ…ျဖဴ လုံး နင္ငိုေနတာလား
မ်က္ရည္ေတြလည္းက်လို႔ ငါ႐ိုက္လို႔
ဝမ္းနည္းၿပီးငိုထားတာလား
မငိုပါနဲ႔ေတာ့ဟ ငါေတာင္းပန္ပါတယ္ဟာ”
ထိုသို႔ေခ်ာ့ေမာ့ၿပီးေကြၽးမွျဖဴလုံးက
အစာလာစားေလသည္။
=================
ထိုျပႆနာမ်ားျဖစ္ၿပီး ၃လခန႔္အၾကာတြင္
ျဖဴလုံးေနမေကာင္းျဖစ္ေတာ့သည္။
အစာလည္းသိပ္မစားေတာ့ အရင္လိုတက္တက္ႂကြႂကြမရွိေတာ့ပဲ
အၿမဲမႈိင္ေတြေနေတာ့သည္။
ကိုေအာင္ႏိုင္ကတိရစာၦန္ကုသည့္ဆရာဝန္ျဖင့္
ကုသေပးပါေသာ္လည္းျဖဴလုံး၏ေရာဂါက
ျပန္လည္သက္သာလာျခင္းမရွိေပ။
တစ္ရက္ၿပီးတစ္ရက္ကုန္ဆုံးလာသည္ႏွင့္
ျဖဴလုံး၏ကိုယ္ခႏၶာသည္အ႐ိုးေပၚအေရတင္
သလိုပိန္လွီလာေလသည္။
တစ္ခုေသာမနက္ခင္းတြင္ေတာ့
ကိုေအာင္ႏိုင္တစ္ေယာက္ျဖဴလုံး၏
အေျခအေနအားလာၿပီးၾကည့္ေလသည္။
“ဟင္…ျဖဴလုံး ျဖဴလုံး”
ျဖဴလုံးမွာေျမျပင္ေပၚလွဲကာ
အသက္ရႉျခင္းအားအသည္းအသန္
ႀကိဳးစားၿပီးရႉေနရေလသည္။
“ျဖဴလုံး ဒီေန႔ခါတိုင္းထက္ပိုဆိုးေနပါလား
ငါဘယ္လိုလုပ္ေပးရပါ့မလဲဟာ”
ကိုေအာင္ႏိုင္လည္းျဖဴလုံး၏
ပါးျပင္အားပြတ္သပ္ေပးေနေလသည္။
ျဖဴလုံး၏မ်က္ဝန္းထဲမွမ်က္ရည္မ်ားက
အျပင္သို႔က်ဆင္းေနေလသည္။
ကိုေအာင္ႏိုင္နားလည္လိုက္သည္
ဒီေန႔ျဖဴလုံးအတြက္ေနာက္ဆုံးေန႔
ျဖစ္မည္ဆိုတာသိေနၿပီျဖစ္သည္။
ျဖဴလုံးကလည္းကိုေအာင္ႏိုင္၏မ်က္ႏွာအား
ၾကည့္ၿပီးၿငိမ္သက္သြားေတာ့သည္။
“ျဖဴ လုံးေရ မင္းအတြက္မင္းအရင္ဘဝကလည္း
ငါနာက်င္ခဲ့ရၿပီးၿပီ အခုလည္းငါ့ကို
ထားခဲ့ျပန္ၿပီ ေကာင္းပါတယ္ေလ
မင္းကိုငါဒီလိုတိရစာၦန္ဘဝႀကီးမွာ
ထပ္မျမင္ခ်င္ေတာ့ဘူး မင္းေကာင္းရာမြန္ရာ
ေရာက္ပါေစ ျဖဴလုံး သို႔မဟုတ္ ခင္ေရ”
ျဖဴလုံး၏ကိုယ္ခႏၶာအားကိုေအာင္ႏိုင္က
ျပန္လည္ေရာင္းခ်ျခင္းမျပဳလုပ္ခဲ့ေပ။
မည္သူကအေသေကာင္လာေတာင္းေတာင္း
လာဝယ္ဝယ္ ကိုေအာင္ႏိုင္ကမေပးပဲ
ျဖဴလုံးအားေျမျမဳပ္ခဲ့ေလသည္။
ကိုေအာင္ႏိုင္ဒီကေန႔ပင္ပန္းထားသည့္အတြက္
အေစာႀကီးအိပ္ေပ်ာ္သြားခဲ့သည္။
“အစ္ကို အစ္ကိုထပါဦး”
“ဟင္…ခင္ မင္း ခင္မဟုတ္လား”
“ဟုတ္ပါတယ္ အစ္ကို ကြၽန္မခင္ခင္ထားပါ
အစ္ကို႔အေပၚအမွားေတြလုပ္ခဲ့တဲ့ခင္ပါ
အခုခင္ႏႈတ္နဲ႔က်ိန္ခဲ့တဲ့ က်ိန္စာက
ျဖဴလုံးဘဝမွာေပးဆပ္ခဲ့ရၿပီးပါၿပီ
အခုခင္သြားရေတာ့မယ္ အစ္ကိုေရ
ဒါေၾကာင့္အစ္ကို႔ကိုခင္လာၿပီးႏႈတ္ဆက္ရတာပါ
အစ္ကိုက်န္းမာေရးလည္းဂ႐ုစိုက္ပါ
ေနာင္သံသရာဘဝမွာေရစက္ပါခဲ့ရင္
ခင္ေလအစ္ကိုနဲ႔ပဲေတြ႕ပါရေစ အစ္ကိုရယ္
ခင့္အတြက္ကုသိုလ္ေကာင္းမႈေလးေတြ
ျပဳၿပီးခင့္ကိုအမွ်ေပးေဝေပးပါ အစ္ကို
ခင္သာဓုေခၚပါရေစ အစ္ကို
ခင္သြားေတာ့မယ္ အစ္ကို”
တျဖည္းျဖည္းႏွင့္ခင္၏ခႏၶာကိုယ္က
ေဝဝါးေပ်ာက္ကြယ္သြားေတာ့သည္။
“ခင္ ခင္ ခင္”
ကိုေအာင္ႏိုင္အိပ္မက္ဆုံးသည္ႏွင့္ခင္ဟု
ေအာ္ေခၚကာလန႔္ႏိုးလာေလသည္။
“ေၾသာ္ ခင္ရယ္
ခင့္အတြက္ အစ္ကိုဝမ္းလည္းသာ
ဝမ္းလည္းနည္းမိပါတယ္ခင္ရယ္
ခင္တစ္ေယာက္ဘဝကူးေကာင္းပါေစကြာ
အစ္ကိုခင့္အတြက္ကုသိုလ္ေကာင္းမႈ
ေတြျပဳၿပီးအမွ်အတန္းေပေဝပါ့မယ္
ခင္ရယ္”
==============
“မခင္ခင္ထားႏွင့္တကြအားလုံးၾကားၾကား
သမွ် အမွ် အမွ် အမွ် ယူေတာ္မူၾကပါကုန္ေလာ့
သာဓု သာဓု သာဓု ”
“သာဓု သာဓု သာဓု”
ဆရာေတာ္ႀကီးမ်ားႏွင့္ကိုေအာင္ႏိုင္၏အမွ်ေဝ
သံကပတ္ဝန္းက်င္သို႔ေအးခ်မ္းစြာျဖင့္
ထြက္ေပၚလာခဲ့ေလသည္။
“ခင္တစ္ေယာက္ ျမင့္ရာျမတ္ရာဘုံဘဝကို
စံစားေရာက္ရွိႏိုင္ပါေစ လို႔ အစ္ကိုဆုေတာင္း
ေပးပါတယ္ကြာ ခင္ေရ အမွ် အမွ် အမွ် ”
ကိုေအာင္ႏိုင္၏ရင္ထဲမွဆုေတာင္း
စကားသံကိုေတာ့ခင္ခင္ထား
၁ဦးသာၾကားသိႏိုင္ေပလိမ့္မည္။
မဟုတ္မမွန္လိမ္လည္က်ိန္ဆိုခဲ့မိေသာ
မခင္ခင္ထားတစ္ေယာက္သူမရဲ႕ ႏႈတ္၏
က်ိန္စာေၾကာင့္လူ႔ဘဝတြင္လည္း
အေသဆိုးျဖင့္ေသခဲ့ရသလို ႏြားဘဝေရာက္ျပန္ေတာ့လည္း
ေရာဂါဆိုးရကာအသက္ေသဆုံးခဲ့ရျပန္သည္။
ဒါေတြအားလုံးျဖစ္ရတာဟာ
မမွန္မကန္က်ိန္ဆိုခဲ့ေသာႏႈတ္၏က်ိန္စာေၾကာင့္
ျဖစ္ရသည္မဟုတ္ပါလား။
စာဖတ္သူတို႔၏ Like တစ္ခ်က္ဟာ
စာေရးသူအတြက္ခြန္အားပါ
ဇာတ္လမ္းေလးဖတ္ၿပီးရင္လက္မေလး
ေတြေပးခဲ့ၾကပါေနာ္ စာဖတ္သူတို႔ေရ
လိုအပ္ခ်က္မ်ားစြာျဖင့္ႀကိဳးစားေနဆဲပါ။
ၿပီးပါၿပီ…