နှစ်ချို့ရုက္ခစိုးနေသောသစ်ပင်(စ၊ဆုံး)

Unicode Version

နှစ်ချို့ရုက္ခစိုးနေသောသစ်ပင်(စ၊ဆုံး)
——————————————-
ဒီအကြောင်းကတော့ပင်စင်စားကျောင်းအုပ်ကြီးတယောက်ရဲ့အဖြစ်ပါ
ဦးခင်မောင်ဒီမြို့ကလေးကိုကျောင်းအုပ်အဖြစ်ပြောင်းလာမယ်ဆိုတော့ဆရာဆရာမများအားလုံးလန့်နေကြလေသည် ။
လန့်ဆိုဦးခင်မောင်းသတင်းကအရင်ရောက်နေလေသည်ဒေါသကြီးသည်။
်စည်းကမ်းကြီးသည်ပညာဂုဏ်မောက်သည်ခက်ထန်သည်ကိန်းကြီးခန်းကြီးနိုင်သည်။
အစရှိသည့်မကောင်းဆိုတဲ့သတင်းတွေကဆရားဆရာမများကြားတွင်အခုတလော
ရေပန်းစားနေသောသတင်းဖြစ်သည် ။

 

ဦးခင်မောင်ရောက်တဲ့နေ့မှာတော့ဆရာဆရာမများအားလုံးစုံစုံညီညီကြိုကြလေသည်။
ထောင်ထောင်မောင်းမောင်းနှင့်ခန့်ညားသောရုပ်သွင်ရှိသောဦးခင်မောင်က
ဟိတ်ဟန်အပြည့်ဖြင့်ဆရာဆရာများကိုမိတ်ဆက်ပြီးကျောင်းသို့စရောက်လာလေသည် ။

ဦးခင်မောင်ရောက်ပြီးမှမြို့ကလေးရဲ့အထက်တန်းကျောင်းသည်စိုပြေသာယာလာသည်။
ကျောင်းဝင်းတခွင်လုံးရှင်းစရာရှိတာရှင်းခုတ်စရာရှိတာခုတ်ဖြင့်စိတ်တိုင်းကျပြုပြင်လေသည် ။

ဒီမှာတင်ပြသာနာအစကစလာသည်ကျောင်းရှေ့အလယ်ကောင်တွင်နှစ်ချို့ညောင်ပင်ကြီးတပင်ရှိလေသည်။
အပင်ကြီးကလူနှစ်ယောက်ဖက်စာလောက်ရှိကာကျောင်းမျက်နှာစာကိုကွယ်ထားသလိုဖြစ်နေသည။် ဦးခင်မောင်ဒီအပင်ကိုခုတ်ရန်စဉ်းစားသည်ကျောင်ဆောင်တိုးချဲ့ဘို့စိတ်ကူးသည်။
ဒါနဲ့ဆရာဆရာမများကျောင်းသားမိဘများရပ်မိရပ်ဖများခေါ်ကာအစည်းအဝေးလုပ်သည်။

အားလုံးကအလန့်တကြားဝိုင်းတားကြသည် ။ ဒီအပင်တွင်အစောင့်အရှောက်ကြီးကြောင်းအရင်ကျောင်းအုပ်များလက်ထက်
တွင်ခုတ်လှဲမည်လုပ်ကြတုန်းကလဲဝင်စီးပြီးအသိပေးကြောင်းလက်မခံပါက
ဒုခ္ခရောက်ကြကြောင်းတခါလဲကျောင်းအုပ်တယောက်ခုတ်ရန်ပြင်နေရာ
ဆိုင်ကယ်မှောက်၍သေသွားကြောင်းဝိုင်းပြောပြကြပေမဲ့ဦးခင်မောင်ကလက်မခံပေ ။

”’ခင်ဗျားတို့တွေကဘာမဟုတ်တာကိုအယူသီးနေကြတယ်လူလောက်မှကံမမြင့်တဲ့အရာတွေကို ——
ကြောက်နေတယ်ကျုပ်ကတော့——–
့ဘာမှအယုံအကြည်မရှိဘူး—ခင်မောင်လက်ထပ်မှာ—–
သူများမလုပ်နိုင်တာကိုရအောင်လုပ်ပြမယ်ဘာမှကြောက်စရာမလိုဘူးဒါအစိုးရနယ်မြေ”” ခေါင်းမာသောဦးခင်မောင်ကိုဘယ်သူမှပြိုင်မပြောကြတော့ပေ ။

နောက်ရက်မှာတော့ဦးခင်မောင်အပင်ခုတ်ရန်စိုင်းပြင်းလေသည်ဒါပေမဲ့ဘယ်သူမှတက်မခုတ်ရဲကြ။
နောက်ဆုံးလူမိုက်ဘွဲ့ခံထားသူအားပိုက်စံပေးခုတ်ခိုင်းရာအပင်ပေါ်ကပြုတ်ကျကာဆေးရုံပို့လိုက်ရသည။် ဒီတော့မြို့မိမြို့ဖများကဦးခင်မောင်အားအပင်ကိုကန်တော့ပွဲပေးကာအပင့်စောင့်ကို
တောင်းပန်ပြီးဖယ်ခိုင်းသင့်ကြောင်းပြောပေမဲ့ဦးခင်မောင်လက်မခံ

ဒါနဲ့အပင်ခုတ်ဘို့ဆိုင်းထားတုန်းတညမှာဦးခင်မောင်အိပ်နေတုန်း
တကယ်လိုလိုအိမ်မက်လိုလိုနဲ့မုတ်ဆိတ်မွှေးအရှည်ကြီးနှင့်အဖိုးအိုတဦးဝင်လာလေသည်။
သူ့နောက်မှာလဲထိုးကွင်မှင်ကြောင်များထိုးထားသောကြောက်စရာရုပ်သွင်နဲ့လူကြီးနှစ်ဦးပါလာလေသည်။
အဖိုးကြီးကဦးခင်မောင်အားတောင်းပန်သောလေသံနှင့် ””ဒီမှာလူကလေးအဖိုးတို့ကညောင်ပင်မှာနေတဲ့သူတွေပါဒီညောင်ပင်မှာ——–
နေလာတာကြာလှပြီကောဒါ့ကြောင့်ဒီအပင်ကိုမခုတ်ပါနဲ့ကွယ်တောင်းပန်ပါတယ်———
ကျောင်းကကလေးတွေကိုလဲဘာအနှောက်အယှက်မှမပေးပါဘူး———
ကျောင်းကိုလဲဘာမှမဖြစ်စေရအောင်ကာကွယ်ပေးပါမယ်””

””ကျုပ်ကကျောင်းအုပ်ကျုပ်အမိန့်နဲ့ဖယ်ဆိုဖယ်ရမှာပေါ့ကျုပ်ကဘူးဆိုဖရုံမသီးဘူး”’ အဖိုးအိုနောက်ကပါလာသူများကလဲတောင်ပန်ပေမဲ့ဦးခင်မောင်လက်မခံတာကြောင့်အဖိုးအိုသည်
အလွန်စိတ်ဆိုးသွားကာမျက်ထောင့်နီဖြင့်ဦးခင်မောင်အားကြည့်ကာပြောလိုက်သည် ။

”’ကောင်းပြီငါမင်းကိုတောင်းပန်ပြီးပြီမရဘူးဆိုတော့မင်းကံပဲနောက်မှငါတို့အဆိုးမဆိုနဲ့”’ ဦးခင်မောင်လန့်နိုးတော့သူခေါင်းရင်းအပြင်ဘက်တွင်လမ်းရှောက်နေသောခြေသံများကြားရလေသည် ။
ဒါပေမဲ့ဦးခင်မောင်မမှု့ပါ။

 

မနက်မိုးလင်းတော့အပင်တွင်ကပ်ထားသောနတ်စင်ကလေးက်ုဆွဲဖြုတ်လိုက်သည် ။
ဆရာဆရာမများနှင့်ကျောင်းစောင့်များအလွန်လန့်နေကြသည်။ နောက်ရက်မှာတော့ဦးခင်မောင်အပင်စခုတ်သည်။
ထိုအခါ်အပင်သည်လေမတိုက်ပဲလူပ်ရမ်းနေတာမို့အားလုံးစိုးရိမ်နေကျသည်။
အပင်ခုတ်ကျွမ်းကျင်သူများကိုတခြားမြို့ကသွားခေါ်လာရတာမို့ဦးခင်မောင်စိတ်တိုင်းကျခုတ်လေသည် ။
အပင်သည်တော်တော်နှင့်မလဲပေ

 

အပင်ကိုကြိုးများနဲ့သိုင်းကာလွဖြင့်ဖြတ်ကြလေသည်နောက်ဆုံးမှာတော့အပင်ကြီးသည်
တော်လဲသံပေးကာလဲကျသွားလေသည်လူလုပ်ရင်ဘာမဆိုဖြစ်တယ်လို့ဦးခင်မောင်ဂုဏ်ယူစွာတွေးလိုက်သည် ။ သို့ပေမဲ့အပင်ခုတ်သမားများပြန်ရာလမ်းတွင်ဆိုင်ကယ်မှောက်၍သေသည်သတင်းကြားတော့
့ဦးခင်မောင်နဲနဲတော့စိုးရိပ်သွားသည်ဒါနဲ့ညဘက်ပုတီးစိပ်လေသည် ။

နောက်တနေ့ကျောင်းမှကလေးများကိုဝင်ပူပြီးဝုန်းဒိုင်းကြဲလေသည်။
တောက်တခေါက်ခေါက်နှင့်မျက်ထောင့်နီကြီးများဖြင့်သတ်မယ်သတ်မယ်အော်နေ၍
ကျောင်းအုပ်ဦးခင်မောင်အားပြေးခေါ်ကြရာ
ဦးခင်မောင်က်ုမြင်သည်နှင့်သရဲဝင်ပူးနေသောကလေးများကဦးခင်မောင်အားလက်ညိုးထိုးကာ
”’မင်းကိုသတ်မယ်——-မင်းကိုငါတို့မကျေနပ်ဘူး””’
ဦးခင်မောင်လဲကလေးများအားကျောင်းစောစောဆင်းပေးလိုက်လေသည် ။

ညဘက်ဦးခင်မောင်ကိုအိမ်မက်ပေးပြန်သည်ဒီတခါတော့အလွန်ဒေါသကြီးနေသောအဖိုးကြီးက ””မင်းငါတို့ဒုခ္ခရောက်သလိုရောက်စေရမယ်အခုတော့—-မင်းကံမြင့်နေသေးလို့ပေါ့ကွာ—–ထင်းခွေမကြုံရေခပ်တော့ကြုံအုံးမှာပါ””’ ဦးခင်မောင်ကတော့ဘာမှအယုံအကြည်မရှိတော့အလေးမထားပေ ။

ဒါနဲ့ဦးခင်မောင်အကျောင်းမှာဘုန်းကြီးပင့်၍အန္တရယ်ကင်းပရိတ်ရွတ်လိုက်သည်။
ဦးခင်မောင်သူလုပ်တာမှန်တယ်ဟုစိတ်ကြီးဝင်နေသည်ခတ်အဆက်ဆက်ကမလုပ်နိုင်ခဲ့သော
ဒီအပင်ခုတ်လှဲခြင်းကိုသူ့လက်ထက်မှာအောင်မြင်စွာလုပ်နိုင်သည်ဟုဂုဏ်ယူနေသည်။

သို့ပေမဲ့ကြာကြာမပျော်အားပါ နောက်၂လလောက်နေတော့ဦးခင်မောင်အလွန်ချစ်သောသားနှင့်
စီးပွားရှာတော်သောမိန်းမသည်ဦးခင်မောင်ရှိရာမြို့သို့လိုက်လာရင်းလမ်းတွင်
ကားမှောက်၍ဆုံးသွားလေသည်။
ထိုအခါဦးခင်မောင်ဆောက်တည်ရာမရဝမ်းနဲကြေကွဲလေသည်။

ဦးခင်မောင်သားနဲ့မိန်းမသေပြီးကထဲကစိတ်ဓတ်တွေအကြီးအကျယ်ကျသွားသည်။
ခံပြင်းစိတ်များလဲဝင်နေမိသည်။ဘာကိုမှအယုံအကြည်မရှိသောဦးခင်မောင်အား
အများကကွယ်ရာတွင်အပြစ်တင်ဝေဖန်နေကြပြီသူ့ရဲ့တဇွတ်ထိုးနိုင်မှု့ကြောင့်
သူ့မိန်းမနှင့်သားသေသည်ဟုထင်နေကြသည်။

တညဦးခင်မောင်စိတ်ညစ်ညစ်နှင့်တခါမှမသောက်ဖူးသောအရက်ထိုင်သောက်နေသည်။
ထိုအချိန်တွင်ဦးခင်မောင်ရှေ့သိုသစ်ပင်မခုတ်ဘို့တောင်းပန်သောအဖိုးကြီးပေါ်လာလေသည်။
””မင်းအခုနောင်တတွေရနေပြီမဟုတ်လား——မင်းကကံမြင်နေလို့ကံနိမ့်သူတွေခံသွားရတာ——””’
ထိုအခါဦးခင်မောင်အလွန်ဒေါသထွက်သွားကာထိုအဖိုးကြီးအားအရက်ပုလင်းနှင့်ပစ်ပေါက်ကာ
ဆဲလိုက်သည်မှရစရာမရှိပေ။
ထိုအဖိုးကြီးလဲချက်ချင်းပျောက်ကွယ်သွားလေသည်။

ကျောင်းပိတ်ရက်တွင်ဦးခင်မောင်သူ့မြို့သို့အပြန်ကားမှောက်ပြန်လေသည်။
သေကံမရောက်သက်မပျောက်ခဲ့ပေမဲ့ဦးခင်မောင်နားသည်ဘာသံမှမကြားရတော့ပါ
ဦးခင်မောင်နားပင်းသွားသောကြောင့်အလုပ်မှထွက်လိုက်ရလေသည်။
ဦးခင်မောင်ကျောင်းကတော့ဦးခင်မောင်အားယနေ့အထိမမေ့ကြသေးပါ။
ကျောင်းအုပ်ဟောင်းများဓတ်ပုံချိတ်ဆွဲထားသည့်အထဲဦးခင်မောင်လဲပါဝင်နေသည်မဟုတ်ပါလား

 

လောကတွင်ဘုံဘဝမျိုးစုံကျင်လည်နေရာမေတ္တာတရားနှင့်အရာရာကိုဆောင်ရွက်သင့်ကြောင်းပါ

ပြီး D Moe Moe

Zawgyi Version

ႏွစ္ခ်ိဳ႕႐ုကၡစိုးေနေသာသစ္ပင္(စ၊ဆံုး)
——————————————-
ဒီအေၾကာင္းကေတာ့ပင္စင္စားေက်ာင္းအုပ္ႀကီးတေယာက္ရဲ႕အျဖစ္ပါ
ဦးခင္ေမာင္ဒီၿမိဳ႕ကေလးကိုေက်ာင္းအုပ္အျဖစ္ေျပာင္းလာမယ္ဆိုေတာ့ဆရာဆရာမမ်ားအားလုံးလန႔္ေနၾကေလသည္ ။
လန႔္ဆိုဦးခင္ေမာင္းသတင္းကအရင္ေရာက္ေနေလသည္ေဒါသႀကီးသည္။
္စည္းကမ္းႀကီးသည္ပညာဂုဏ္ေမာက္သည္ခက္ထန္သည္ကိန္းႀကီးခန္းႀကီးႏိုင္သည္။
အစရွိသည့္မေကာင္းဆိုတဲ့သတင္းေတြကဆရားဆရာမမ်ားၾကားတြင္အခုတေလာ
ေရပန္းစားေနေသာသတင္းျဖစ္သည္ ။

 

ဦးခင္ေမာင္ေရာက္တဲ့ေန႔မွာေတာ့ဆရာဆရာမမ်ားအားလုံးစုံစုံညီညီႀကိဳၾကေလသည္။
ေထာင္ေထာင္ေမာင္းေမာင္းႏွင့္ခန႔္ညားေသာ႐ုပ္သြင္ရွိေသာဦးခင္ေမာင္က
ဟိတ္ဟန္အျပည့္ျဖင့္ဆရာဆရာမ်ားကိုမိတ္ဆက္ၿပီးေက်ာင္းသို႔စေရာက္လာေလသည္ ။

ဦးခင္ေမာင္ေရာက္ၿပီးမွၿမိဳ႕ကေလးရဲ႕အထက္တန္းေက်ာင္းသည္စိုေျပသာယာလာသည္။
ေက်ာင္းဝင္းတခြင္လုံးရွင္းစရာရွိတာရွင္းခုတ္စရာရွိတာခုတ္ျဖင့္စိတ္တိုင္းက်ျပဳျပင္ေလသည္ ။

ဒီမွာတင္ျပသာနာအစကစလာသည္ေက်ာင္းေရွ႕အလယ္ေကာင္တြင္ႏွစ္ခ်ိဳ႕ေညာင္ပင္ႀကီးတပင္ရွိေလသည္။
အပင္ႀကီးကလူႏွစ္ေယာက္ဖက္စာေလာက္ရွိကာေက်ာင္းမ်က္ႏွာစာကိုကြယ္ထားသလိုျဖစ္ေနသည။္ ဦးခင္ေမာင္ဒီအပင္ကိုခုတ္ရန္စဥ္းစားသည္ေက်ာင္ေဆာင္တိုးခ်ဲ႕ဘို႔စိတ္ကူးသည္။
ဒါနဲ႔ဆရာဆရာမမ်ားေက်ာင္းသားမိဘမ်ားရပ္မိရပ္ဖမ်ားေခၚကာအစည္းအေဝးလုပ္သည္။

အားလုံးကအလန႔္တၾကားဝိုင္းတားၾကသည္ ။ ဒီအပင္တြင္အေစာင့္အေရွာက္ႀကီးေၾကာင္းအရင္ေက်ာင္းအုပ္မ်ားလက္ထက္
တြင္ခုတ္လွဲမည္လုပ္ၾကတုန္းကလဲဝင္စီးၿပီးအသိေပးေၾကာင္းလက္မခံပါက
ဒုခၡေရာက္ၾကေၾကာင္းတခါလဲေက်ာင္းအုပ္တေယာက္ခုတ္ရန္ျပင္ေနရာ
ဆိုင္ကယ္ေမွာက္၍ေသသြားေၾကာင္းဝိုင္းေျပာျပၾကေပမဲ့ဦးခင္ေမာင္ကလက္မခံေပ ။

”’ခင္ဗ်ားတို႔ေတြကဘာမဟုတ္တာကိုအယူသီးေနၾကတယ္လူေလာက္မွကံမျမင့္တဲ့အရာေတြကို ——
ေၾကာက္ေနတယ္က်ဳပ္ကေတာ့——–
့ဘာမွအယုံအၾကည္မရွိဘူး—ခင္ေမာင္လက္ထပ္မွာ—–
သူမ်ားမလုပ္ႏိုင္တာကိုရေအာင္လုပ္ျပမယ္ဘာမွေၾကာက္စရာမလိုဘူးဒါအစိုးရနယ္ေျမ”” ေခါင္းမာေသာဦးခင္ေမာင္ကိုဘယ္သူမွၿပိဳင္မေျပာၾကေတာ့ေပ ။

ေနာက္ရက္မွာေတာ့ဦးခင္ေမာင္အပင္ခုတ္ရန္စိုင္းျပင္းေလသည္ဒါေပမဲ့ဘယ္သူမွတက္မခုတ္ရဲၾက။
ေနာက္ဆုံးလူမိုက္ဘြဲ႕ခံထားသူအားပိုက္စံေပးခုတ္ခိုင္းရာအပင္ေပၚကျပဳတ္က်ကာေဆး႐ုံပို႔လိုက္ရသည။္ ဒီေတာ့ၿမိဳ႕မိၿမိဳ႕ဖမ်ားကဦးခင္ေမာင္အားအပင္ကိုကန္ေတာ့ပြဲေပးကာအပင့္ေစာင့္ကို
ေတာင္းပန္ၿပီးဖယ္ခိုင္းသင့္ေၾကာင္းေျပာေပမဲ့ဦးခင္ေမာင္လက္မခံ

ဒါနဲ႔အပင္ခုတ္ဘို႔ဆိုင္းထားတုန္းတညမွာဦးခင္ေမာင္အိပ္ေနတုန္း
တကယ္လိုလိုအိမ္မက္လိုလိုနဲ႔မုတ္ဆိတ္ေမႊးအရွည္ႀကီးႏွင့္အဖိုးအိုတဦးဝင္လာေလသည္။
သူ႔ေနာက္မွာလဲထိုးကြင္မွင္ေၾကာင္မ်ားထိုးထားေသာေၾကာက္စရာ႐ုပ္သြင္နဲ႔လူႀကီးႏွစ္ဦးပါလာေလသည္။
အဖိုးႀကီးကဦးခင္ေမာင္အားေတာင္းပန္ေသာေလသံႏွင့္ ””ဒီမွာလူကေလးအဖိုးတို႔ကေညာင္ပင္မွာေနတဲ့သူေတြပါဒီေညာင္ပင္မွာ——–
ေနလာတာၾကာလွၿပီေကာဒါ့ေၾကာင့္ဒီအပင္ကိုမခုတ္ပါနဲ႔ကြယ္ေတာင္းပန္ပါတယ္———
ေက်ာင္းကကေလးေတြကိုလဲဘာအေႏွာက္အယွက္မွမေပးပါဘူး———
ေက်ာင္းကိုလဲဘာမွမျဖစ္ေစရေအာင္ကာကြယ္ေပးပါမယ္””

””က်ဳပ္ကေက်ာင္းအုပ္က်ဳပ္အမိန႔္နဲ႔ဖယ္ဆိုဖယ္ရမွာေပါ့က်ဳပ္ကဘူးဆိုဖ႐ုံမသီးဘူး”’ အဖိုးအိုေနာက္ကပါလာသူမ်ားကလဲေတာင္ပန္ေပမဲ့ဦးခင္ေမာင္လက္မခံတာေၾကာင့္အဖိုးအိုသည္
အလြန္စိတ္ဆိုးသြားကာမ်က္ေထာင့္နီျဖင့္ဦးခင္ေမာင္အားၾကည့္ကာေျပာလိုက္သည္ ။

”’ေကာင္းၿပီငါမင္းကိုေတာင္းပန္ၿပီးၿပီမရဘူးဆိုေတာ့မင္းကံပဲေနာက္မွငါတို႔အဆိုးမဆိုနဲ႔”’ ဦးခင္ေမာင္လန႔္ႏိုးေတာ့သူေခါင္းရင္းအျပင္ဘက္တြင္လမ္းေရွာက္ေနေသာေျခသံမ်ားၾကားရေလသည္ ။
ဒါေပမဲ့ဦးခင္ေမာင္မမႈ႕ပါ။

 

မနက္မိုးလင္းေတာ့အပင္တြင္ကပ္ထားေသာနတ္စင္ကေလးက္ုဆြဲျဖဳတ္လိုက္သည္ ။
ဆရာဆရာမမ်ားႏွင့္ေက်ာင္းေစာင့္မ်ားအလြန္လန႔္ေနၾကသည္။ ေနာက္ရက္မွာေတာ့ဦးခင္ေမာင္အပင္စခုတ္သည္။
ထိုအခၚအပင္သည္ေလမတိုက္ပဲလူပ္ရမ္းေနတာမို႔အားလုံးစိုးရိမ္ေနက်သည္။
အပင္ခုတ္ကြၽမ္းက်င္သူမ်ားကိုတျခားၿမိဳ႕ကသြားေခၚလာရတာမို႔ဦးခင္ေမာင္စိတ္တိုင္းက်ခုတ္ေလသည္ ။
အပင္သည္ေတာ္ေတာ္ႏွင့္မလဲေပ

 

အပင္ကိုႀကိဳးမ်ားနဲ႔သိုင္းကာလြျဖင့္ျဖတ္ၾကေလသည္ေနာက္ဆုံးမွာေတာ့အပင္ႀကီးသည္
ေတာ္လဲသံေပးကာလဲက်သြားေလသည္လူလုပ္ရင္ဘာမဆိုျဖစ္တယ္လို႔ဦးခင္ေမာင္ဂုဏ္ယူစြာေတြးလိုက္သည္ ။ သို႔ေပမဲ့အပင္ခုတ္သမားမ်ားျပန္ရာလမ္းတြင္ဆိုင္ကယ္ေမွာက္၍ေသသည္သတင္းၾကားေတာ့
့ဦးခင္ေမာင္နဲနဲေတာ့စိုးရိပ္သြားသည္ဒါနဲ႔ညဘက္ပုတီးစိပ္ေလသည္ ။

ေနာက္တေန႔ေက်ာင္းမွကေလးမ်ားကိုဝင္ပူၿပီးဝုန္းဒိုင္းႀကဲေလသည္။
ေတာက္တေခါက္ေခါက္ႏွင့္မ်က္ေထာင့္နီႀကီးမ်ားျဖင့္သတ္မယ္သတ္မယ္ေအာ္ေန၍
ေက်ာင္းအုပ္ဦးခင္ေမာင္အားေျပးေခၚၾကရာ
ဦးခင္ေမာင္က္ုျမင္သည္ႏွင့္သရဲဝင္ပူးေနေသာကေလးမ်ားကဦးခင္ေမာင္အားလက္ညိဳးထိုးကာ
”’မင္းကိုသတ္မယ္——-မင္းကိုငါတို႔မေက်နပ္ဘူး””’
ဦးခင္ေမာင္လဲကေလးမ်ားအားေက်ာင္းေစာေစာဆင္းေပးလိုက္ေလသည္ ။

ညဘက္ဦးခင္ေမာင္ကိုအိမ္မက္ေပးျပန္သည္ဒီတခါေတာ့အလြန္ေဒါသႀကီးေနေသာအဖိုးႀကီးက ””မင္းငါတို႔ဒုခၡေရာက္သလိုေရာက္ေစရမယ္အခုေတာ့—-မင္းကံျမင့္ေနေသးလို႔ေပါ့ကြာ—–ထင္းေခြမႀကဳံေရခပ္ေတာ့ႀကဳံအုံးမွာပါ””’ ဦးခင္ေမာင္ကေတာ့ဘာမွအယုံအၾကည္မရွိေတာ့အေလးမထားေပ ။

ဒါနဲ႔ဦးခင္ေမာင္အေက်ာင္းမွာဘုန္းႀကီးပင့္၍အႏၲရယ္ကင္းပရိတ္႐ြတ္လိုက္သည္။
ဦးခင္ေမာင္သူလုပ္တာမွန္တယ္ဟုစိတ္ႀကီးဝင္ေနသည္ခတ္အဆက္ဆက္ကမလုပ္ႏိုင္ခဲ့ေသာ
ဒီအပင္ခုတ္လွဲျခင္းကိုသူ႔လက္ထက္မွာေအာင္ျမင္စြာလုပ္ႏိုင္သည္ဟုဂုဏ္ယူေနသည္။

သို႔ေပမဲ့ၾကာၾကာမေပ်ာ္အားပါ ေနာက္၂လေလာက္ေနေတာ့ဦးခင္ေမာင္အလြန္ခ်စ္ေသာသားႏွင့္
စီးပြားရွာေတာ္ေသာမိန္းမသည္ဦးခင္ေမာင္ရွိရာၿမိဳ႕သို႔လိုက္လာရင္းလမ္းတြင္
ကားေမွာက္၍ဆုံးသြားေလသည္။
ထိုအခါဦးခင္ေမာင္ေဆာက္တည္ရာမရဝမ္းနဲေၾကကြဲေလသည္။

ဦးခင္ေမာင္သားနဲ႔မိန္းမေသၿပီးကထဲကစိတ္ဓတ္ေတြအႀကီးအက်ယ္က်သြားသည္။
ခံျပင္းစိတ္မ်ားလဲဝင္ေနမိသည္။ဘာကိုမွအယုံအၾကည္မရွိေသာဦးခင္ေမာင္အား
အမ်ားကကြယ္ရာတြင္အျပစ္တင္ေဝဖန္ေနၾကၿပီသူ႔ရဲ႕တဇြတ္ထိုးႏိုင္မႈ႕ေၾကာင့္
သူ႔မိန္းမႏွင့္သားေသသည္ဟုထင္ေနၾကသည္။

တညဦးခင္ေမာင္စိတ္ညစ္ညစ္ႏွင့္တခါမွမေသာက္ဖူးေသာအရက္ထိုင္ေသာက္ေနသည္။
ထိုအခ်ိန္တြင္ဦးခင္ေမာင္ေရွ႕သိုသစ္ပင္မခုတ္ဘို႔ေတာင္းပန္ေသာအဖိုးႀကီးေပၚလာေလသည္။
””မင္းအခုေနာင္တေတြရေနၿပီမဟုတ္လား——မင္းကကံျမင္ေနလို႔ကံနိမ့္သူေတြခံသြားရတာ——””’
ထိုအခါဦးခင္ေမာင္အလြန္ေဒါသထြက္သြားကာထိုအဖိုးႀကီးအားအရက္ပုလင္းႏွင့္ပစ္ေပါက္ကာ
ဆဲလိုက္သည္မွရစရာမရွိေပ။
ထိုအဖိုးႀကီးလဲခ်က္ခ်င္းေပ်ာက္ကြယ္သြားေလသည္။

ေက်ာင္းပိတ္ရက္တြင္ဦးခင္ေမာင္သူ႔ၿမိဳ႕သို႔အျပန္ကားေမွာက္ျပန္ေလသည္။
ေသကံမေရာက္သက္မေပ်ာက္ခဲ့ေပမဲ့ဦးခင္ေမာင္နားသည္ဘာသံမွမၾကားရေတာ့ပါ
ဦးခင္ေမာင္နားပင္းသြားေသာေၾကာင့္အလုပ္မွထြက္လိုက္ရေလသည္။
ဦးခင္ေမာင္ေက်ာင္းကေတာ့ဦးခင္ေမာင္အားယေန႔အထိမေမ့ၾကေသးပါ။
ေက်ာင္းအုပ္ေဟာင္းမ်ားဓတ္ပုံခ်ိတ္ဆြဲထားသည့္အထဲဦးခင္ေမာင္လဲပါဝင္ေနသည္မဟုတ္ပါလား

 

ေလာကတြင္ဘုံဘဝမ်ိဳးစုံက်င္လည္ေနရာေမတၱာတရားႏွင့္အရာရာကိုေဆာင္႐ြက္သင့္ေၾကာင္းပါ

ၿပီး D Moe Moe