နွားသရဲရဲ့ အတိတ်ကလဲ့စား(စ/ဆုံး)

နွားသရဲရဲ့ အတိတ်ကလဲ့စား(စ/ဆုံး)
မန္တလေးတိုင်း အတွင်းရှိ ရွာတစ် ရွာတွင်ဖြစ်သည်။ ထိုရွာသို့ ကိုသာအေးရောက်လာသည်မှာ မကြာသေးပေ။ ကိုသာအေး သည် နွားမွေးရတာ ဝါသနာထုံလေသည်။ နွားများကိုမြင် လျှင် အကောင် ထွားပါက အလွန်သ ဘောကျသည်။ လယ်လုပ် ရင်း သူ့အိမ်တွင် နွား၅ကောင် မွေးထားလေသည်။ နွားတစ်ကောင် ကအမ၊ ကျန်လေးကောင် ကအထီးများဖြစ်သည်။ တစ်နေ့တွင် ကိုသာအေး၏နွားမမှ နွားလေးတစ်ကောင်မွေးလေသည်။
ကိုသာအေးသည် ထိုနွားလေးကို အထူးဂရုစိုက်သည်။ နွားလေးမှာ ချစ်စရာလည်း ကောင်း၍ဖြစ်သည်။ သို့နှင့် မိခင် နွားကြီးနို့ကိုစို့လိုက် ကိုသာအေးရိတ်ကျွေးသော မြတ်နုများကို စားလိုက်နှင့် နွားလေးသည် လမ်းကောင်းကောင်း လျှောက်နိုင်သော အရွယ် ခါးလယ်ခန့်ပင်ရောက် နပေပြီ။
တစ်ရက်တွင် ကိုသာအေးအဖို့ မထင်မှတ်သောဖြစ်ရပ်နှင့် ကြုံရ လေသည်။ နွားလေးကို စားကျက်တွင် ထိန်းကြောင်း နေခိုက် မိမိချစ်ခင်သောနွားလေး၏ တိုးဝှေ့တိုက်ခိုက်ခြင်းကို ခံရ လေသည်။ ပထမအတွင် နွားလေးခြေ ချော်လို့ သူ့ကို၀င် တိုက်ခြင်းဟု လွဲမှားစွာ နားလည်မိခဲ့သည်။ သို့သော် ဦးချိုပင် မပေါက်သေးသော နွားပေါက်စလေး၏ ဦးခေါင်းနှင့် ဆောင့်မိသော အရှိန်သည် မထင် မှတ်အောင် ပြင်းလှသည်ကို သစ်ပင်၂ပင်ကြားသို့ သူကိုယ်ကြီးလွင့်စင် သွားခါမှ သိလိုက် ရသည်။
ထိခိုက်မှုအရှိန်သည် ပြင်းငြားပြင်းအံ့။ မဖြစ်နိုင်သည်လည်း ဖြစ်အံ့။ ကိုသာအေးမှ သူ့နွားလေးကို အပြစ်မမြင်။ နွားလေး ဘာဖြစ်သွားသလဲဆိုသော သူချစ်ခင်သော နွားပေါက်လေးကို ဂရုဏာသက်သောစိတ်ဖြင့် သစ်၂ပင်ကြားရောက်သွားရာမှ လှမ်းကြည့်လိုက်သောအခါ နွားပေါက်လေးသည် နွားအကြီးကြီးဖြစ်နေသည်ကို အံ့သြဖွယ် တွေ့လိုက် ရ တော့သည်။ ဦးချိုကြီး ကားကားကိုလည်း ကြက်သီးဖြန်းဖြန်းထဖွယ် မြင်လိုက်ရသည်။ ကိုသာအေး မျက်လုံးကိုပွတ်ကြည့်သည်။ ဟုတ်သည်။ ချိုကားကား နွား အကြီးကြီးကို မြင်‌ရ သည်က နီးလာသည်။
“ဒုန်း” ဘေးက သစ်ပင်၂ပင် ကို ၀င်ဆောင့်မိသည်။ သစ် ၂ ပင်နှင့်အတူ ကိုသာအေးပါ ယိမ်းခါသွားသည်။ ထိုအခါမှ ကိုသာအေး ကြောက် ရ ကောင်းမှန်းသိလာသည်။ လွတ်အောင် ပြေးထွက် ရ တော့မည်ဟု အသိ၀င် လာချိန်မှာတော့ မရ။ ရင်ဘတ်တွင် ပူကနဲ ခံစားလိုက် ရ တော့သည်။ ကိုသာအေးတစ်ယောက် သစ်၂ပင်ကြားမှ ရုန်းထွက်လို့လည်းမရ ဒုတိယအကြိမ် ဆောင့်လိုက်သည်က သစ်၂ပင် ကိုဖြစ်၍ သစ်၂ပင် အယိမ်း၊ သူ့ကိုအညှပ် ဖြစ်နေချိန် ထိုနွားမှ ၃ကြိမ်မြောက် ဆောင့်ခြင်းကို ခံရခြင်းပေတည်း။
“ဟာ သာအေးတော့ နွားဝှေ့ခံနေရပြီကွ လုပ်ကြဦး ” “ဟေ့ နေဦး နေဦး သူ့ဝှေ့နေတဲ့ နွားကြီးက ကြီးထှာကြီးက နည်းနည်းနောနောကောင်ကြီးလား အယ် ဒို့ပုခုံးကျော်လောက်ရှိမယ်ဟ ” ” ဟာ ငါတို့ ရွာနား ဒ လောက်ကြီးတဲ့ နွား မရှိပါဘူးကွာ နောက်ပြီး ဒီနွား သူ့ဆီသွားရင် ဒို့က အရင်မြင် ရမယ့်ဟာ စဉ်းစားကြဦးကွ ” ” ဟုတ်တယ်ဗျ စားကျက်ကို သွားရင် ဒီလမ်းတစ်လမ်းထဲရှိတာကို စောစောက တော့ ကိုသာအေးက သူ့နွားလေးကို ပွတ်သပ်နေတာ ကျုပ်နွားသိမ်း တုန်း သူ့ဘေးကဖြတ်သွားတုန်း တွေ့ ခဲ့သေးတယ် ခု သူ့နွားလေးတောင် မမြင် ဘူးဗျ နွားကြီးက နွားပေါက်လေးကို ကော်ထည့်ပစ်ပြီလားမသိဘူးဗျ ” ” ဟာ နွားပေါက်က အ ရေးမကြီးပါဘူးကွ သာအေးတော့ သေပြီလားမသိဘူးကွ လုပ်ကြပါဦး ဒီကောင့်ကို သစ်၂ပင်ကြားမှာ ပယ်ပယ်နယ်နယ်ကို ဝှေ့နေတာ ၇ခါလောက် ရှိပြီ ကြည့်စမ်း ချိုကြီးကို ကားလို့ ” “အာ ဗျာ ကျုပ်တို့လည်း စိတ်ပူတာပေါ့ဗျ ဒါပေမယ့် နွားကိုလည်းကြည့်ဦး ကျုပ်တော့ လူ့တစ်သက် ဒီလောက်ကြီးတဲ့နွား တစ်ခါ မှ မှ အဲဗျာ ဟာ ဟာ ကိုသာအေးကို ဝှေ့နေတာ သူ့နွားပေါက်လေးဗျ ဘယ်နှယ်ဟာ စောစောက နွားအကြီးကြီး ဖြစ်သွားရတာတုန်း ဘုရား ဘုရား”
ကိုသာအေးမှာ နွားဝှေ့သည့် ဒဏ်ဖြင့် သစ်၂ပင်ကြားတွင် ခေါင်းငိုက်စိုက်ကျ နပေပြီ။ သို့သော် မြေ ပေါ်သို့ ပုံ၍ကားမကျ၊ အ ကြောင်းမှာ သစ်ပင် ညှပ်နေခြင်းကြောင့်တည်း။ လက်တစ်ဖက်ကား သူ့ရင် ဘတ်ကို ကိုင်ထားသည်။ ကျန်လက်တစ်ဖက်က သစ်၂ပင် ကိုတွန်းဖယ်နေသည်။ သတိကောင်းသော ကိုသာအေးပင် ဖြစ်လေသည်။ သို့သော် အသံကား မထွက်တော့ချေ။ ရင် ဘတ်မှလည်း သွေးတို့ စီးကျနေသည်မှာ မြင် ရက်စရာမရှိ။ နွားငယ်လေးသည် ဘာမှမဖြစ်ခဲ့သလို ကိုသာအေးနားလေးတွင် ရပ် နလေသည်။ “သန်းထွန်း သတိနဲ့သွားနော် တော်ကြာ နွားပေါက်က အကြီးကြီးဖြစ်ပြီး ထလိုက်နေလို့ ” “အာဗျာ ဒွေးလေးကလဲ ကြောက်ပါတယ်ဆိုဗျာ” “သတိပေးတာပါကွ ” “ကိုကြီးသာအေး ကိုကြီးသာအေး ” ကိုသာအေးမှ ပြန်မထူးချေ ။
သစ်၂ပင်ကြားမှနေ၍ သူ့နွားပေါက်လေးကို လက်ညှိုးထိုးပြ ပြီးနောက် သတိလစ်သွားလေ တော့သည်။ သူ့နွားပေါက် လေးကို ကြည့်လိုက်တော့ ခေါင်းထိပ်ပိုင်းမှာ ပွန်းနေသည်ကို တွေ့ရသည်။ ထို့နောက် သန်းထွန်းတို့သည် ကိုသာအေးအား သစ်ပင်ကြားမှ ခဲရာခဲဆစ် ထုတ်ယူ၍ မြို့ဆေးရုံသို့ ပို့ကြ လေသည်။ ကိုသာအေးအဖို့တော့ အံ့သြလွန်းလို့ပင် မယုံနိုင် ဖွယ်ဖြစ်သော်လည်း ကိုယ်တိုင်ကြုံခဲ့ရသည်မို့ မယုံလို့မရ။ ကံကောင်း၍ အသက်မ သသော်လည်း နံရိုး၄ချောင်းကျိုးခဲ့ သည်။
ဆေးရုံမှဆင်းသော် ဟိုဖက် ရွာမှ ရှေ့မှီနောက်မှီ ဦးအောင်သောင်းက ပြောပြသည်မှာ “အဲတာ မင်းကို နွားသရဲ ဝှေ့တာကွ။” “ဗျာ ဘကြီးကလည်း လူသရဲပဲ ကြားဖူးပါတယ် ” ” ဟ လူလည်း ရုပ်နာမ်နဲ့ နွားလည်း ရုပ်နာမ်နဲ့လေကွာ နာနာဘာ၀ဆိုတာ ကပ်လျက်က ရုပ်အတိုင်း ဖြစ်တာကွ မယုံဘူးလားငါ့စကား” ” ဟုတ် ဟုတ် ယုံပါတယ်ဘကြီး” ” ဒီကောင်ကြီးက ဒို့၂ရွာကြား မင်းတို့စားကျက်နဲ့ ဝေးတဲ့ တောစပ်မှာ ငါလူပျိုပေါက် နွားကျောင်းရင်း ငါတွေ့ခဲ့ဖူးတယ်။ လူ့တစ် ရပ်စာ လောက် မြင့်တယ်ကွာ ဟုတ်တယ်မလား။” “ဟုတ်တယ်ဘကြီး ” “နောက်ပြီး အဖြူရောင် ဖွေးနေတာပဲ ချောထှာမှ ဒါပေမယ့် ငါကြည့်နေတုန်း ပျောက်သွားတာမောင် ”
“ညကျ ငါအိပ်မက်မက်တယ်ဗျ ဘာတဲ့ နွားတွေကို လိုအပ်တာထက် ပိုမနှိပ်စက်ဖို့ ပြောသွားတယ်ဗျ သူ့တုန်းက သူအား ကောင်းလို့ လုပ်ပေးနိုင် တာထက် သူ့သခင် က ပိုလုပ်ခိုင်းလို့ ဒီရွာနားမှာ အ မောဆို့ သေခဲ့ရတာဆိုပဲ ။”” ကျွတ် ကျွတ် သနားစရာပဲ” “သူအ မော ဆို့တာ ရေတစ်ပေါက်မှ မတိုက်တဲ့အပြင် သူ့ကုန်တွေ မ ရောက်မှာစိုးလို့ ရိုက်နှက်တဲ့သခင် ကို မျက် ရည်လည် ရွှဲ အသနားခံခဲ့တယ် ၊ ဒါပေမယ့် မူလကလည်း မောနေ ရိုက်နှက်တာကလည်း အလွန်ဆိုတော့ သူမထနိုင်တော့တဲ့အချိန်မှာ သူ့ကို သူ့သခင် က သစ်၂ပင်ကြား ညှပ်ပြီး ကျောက်တုံးနဲ့ ထုသတ်ခဲ့တာတဲ့။ ” “ဟာ ရက်စက်လိုက်တာဗျာ” ” အဲဒီလူကို သူ လက်စားချေဖို့ စောင့်နေတာတဲ့ ” ” ဗျာ” ကိုသာအေးနှုတ်မှ ရုတ်တရက်ထွက်သွားသည်။
ကိုသာအေး အတွေးများထဲတွင် သူမကြာခဏ မက်တတ်သော အိပ်မက်ထဲမှ နွားကြီးကို မြင် လာသည်။ နွားကြီးကို သူ့စိတ်မှာ မြင် ဖူးသလိုလိုဟု အိပ်မက်ကနိုးတိုင်း စဉ်းစားမိသည်။ အိပ်မက်ထဲတွင် နွားကြီးသည် နှာမှုတ်ခွာယက်ပြသည်။ သာမာန်နွားများလို ဘွတ်အဲလို့ မ အော်ပဲ ၀ပ်ထရိန်းဟု လည်ဆန့်ပြီး တွန်သည်။ သူ့ကို ရန်လိုသည့်အမူအယာကို အိပ်မက် ထဲတွင် တွေ့ရသည်။ နောက်ဆုံးမက်ခဲ့သည့် အိပ်မက်ထဲတွင်တော့နွားက လူစကားထ ပြောနေသည်။
“စောင့်နေတာကြာပြီ ပညာပေးရုံလောက်ပါ” ဟာ ဒါဆို ဒါဆို သူဟာ ကျောက်တုံးနဲ့ ထုသတ်ခဲ့သူလား ။ ဘကြီးေ အာင်သောင်း ပြောတဲ့ အိပ်မက်ထဲက သစ်၂ပင် ၊ လက်စားချေဖို့ စောင့်နေတာ၊ ဟား ဒါဆို ဒါဆို ဒီနွားသရဲဆိုတာ ငါ့ကို ငါ့ကို … “ဘကြီး အဲဒီလူဟာ ကျုပ်ပဲပေါ့ဗျာ” “သိတာပေါ့မောင် ကျုပ်သိတာပေါ့ ကျုပ်လည်း တားပါသေး ” ” ဟင် ဘကြီး ကဘယ်လိုတားတာလဲဗျ” “အိပ်မက်ထဲမှာ တားတာပေါ့ မရဘူး၊ ဒါပေမယ့် သူက အ သေမသတ်ပါဘူးတဲ့ နှောင်းလူတွေ နွားတွေကို သနားတတ်ကြဖို့တော့ သိအောင်တော့ ပြရမယ်တဲ့” “ဒါဆို ဘကြီးက ကျုပ်ကိုတော့ ကြိုမ ပြောဘူး” “မင်းမှန်းမှ ငါမသိတာ ဒါပေမယ့် မင်းလုပ်လို့ သူခံရတာနဲ့ စာရင် ငါသူ့ကို ကိုယ်ချင်းစာတယ် မင်းသူ့ကို တောင်းပန်သင့် တယ် သူလည်း မင်းကို သတ်ခဲ့တာမှ မဟုတ်ပဲ” နောက်တစ်နေ့နံနက်တွင် ဘကြီးအောင်သောင်းနှင့် ကိုသာအေးတို့ ၂ယောက်ကို တောစပ်ဖက်သို့ ထွက်သွားကြသည်ကို တွေ့ကြရ လေသည်။
မူရင်းရေးသားသူ (လေးစားမှုဖြင့် ခရက်ဒစ်)