နတ်မြွေ(စ-ဆုံး)

Unicode Version

နတ်မြွေ(စ-ဆုံး)
——————–
(ဖြစ်ရပ်မှန်) ……ရေးသားတင်ပြပါသည်။
၁၉၉၀ ခုနှစ်ဝန်းကျင်ကဆိုလျှင်….ကျွန်တော်တို့ရဲ့ကချင်ပြည်နယ်…ဟူးကောင်းချိုင့်ဝှမ်းဒေသတစ်ခုလုံးက
နက်ရှိုင်းလှတဲ့တောကြီးတွေ….သဘာဝစိမ့်ရေစမ်းရေတွေနဲ့တကယ့်ကိုလှပတဲ့နေရာတစ်နေရာဖြစ်ခဲ့ဘူးတယ်…..။
ဒါပေမဲ့…….
နှစ်ကြာလာသည်နဲ့အမျှ
ရတနာပေါများတဲ့ဒေသတစ်ခုဖြစ်တာနဲ့အညီ
မြေအောက်ရွှေရှာတဲ့လုပ်ငန်းတွေ….ပယင်းတူးဖော်တဲ့လုပ်ငန်းတွေ….
ဥပဒေရဲ့အပြင်ဘက်လုပ်ငန်းဖြစ်တဲ့
သစ်ခိုးထုတ်တဲ့လုပ်ငန်းတွေက
ကျွန်တော်တို့…ကချင်ပြည်နယ်ရဲ့အလှအပတွေကိုပျက်စီးပစ်လိုက်ကြတော့တာပဲ…..။
ဒါတောင်ဖားကန့်ကျောက်မှော်ကိုထည့်မပြောသေးဘူး….။

အဲ့လိုနက်ရှိုင်းလှတဲ့တောနက်ကြီးတွေနဲ့ရှု့မငြီးနိုင်တဲ့သဘာဝအလှအပတွေလည်း…ကချင်မြေကြီးမှာအများကြီးရှိပါတယ်…..။

နက်နဲတဲ့တောတောင်ကြီးတွေစိုးမိုးထားတဲ့ဟူးကောင်တစ်ခွင်ကြောင့်….သားရဲတောကောင်တို့ဆိုတာလည်းပေါများလွန်းပ…….။

ယခင်တုန်းကဆို…..အိမ်တိုင်းလိုလို
မုဆိုးကျော်တွေဖြစ်ခဲ့ဘူးတယ်…..။

အဲ့လိုနက်ရှိုင်းလှတဲ့တောကြီးတွေရဲ့နောက်ကွယ်မှာလည်း
သဘာဝလွန်တဲ့ဖြစ်ရပ်ဆန်းပေါင်းများစွာကလည်းရှိနေပြန်တော့တယ်……။

ကျွန်တော်တို့ရွာရဲ့…..အထက်ဘက်မိုင်၆၀ကျော်လောက်ဝေးတဲ့နေရာမှာ

`လပူခ´…ဆိုတဲ့ရွှေမှော်တစ်နေရာရှိနေခဲ့တယ်….။

လပူခဆိုတာ…..ကချင်အခေါ်အဝေါ်တစ်ခုပေါ့….။

ကျွန်တော်တို့ဗမာလိုပြန်ရင်

လပူ=မြွေ
ခ=ရေ

အဓိပ္ပါယ် ကောက်ရမယ်ဆို…..မြွေရေလို့မပြောတော့ဘူး

` မြွေချောင်း´…….ပေါ့…။

ကျွန်တော်ပြောတဲ့…၁၉၉၀၀န်းကျင်လောက်မှာဆို
အဲ့ဒီဒေသတစ်ခုလုံးမှာ…..ကချင်လူမျိုးအများစုတာနေထိုင်ခဲ့ကြတယ်……။
တောင်ယာလေးလုပ်…အမဲလေးလိုက်နဲ့
ဒါဟာ….အရင်တုန်းကသူတို့ရဲ့သမာရိုးကျလုပ်ငန်းတစ်ခုပေါ့…..။
မုဆိုးကျော်တွေဆိုတာလည်းနက်နဲပြီး…သားကောင်ပေါများတဲ့တောတွင်းနေရာတွေကို…သဘောကျတတ်ကျတာပဲမဟုတ်လား….။
ဒါပေမဲ့……အဲ့ဒီတစ်နေရာဟာ
`နတ်မြွေကြီး´..တွေရဲ့ပျော်စံရာတစ်နေရာဖြစ်ခဲ့တယ်ဆိုတာအဲ့ဒီအချိန်မှာ….စတင်သိခွင့်ရတော့တာပါပဲ……..။

#********************#*****************#

ဦးလဘန်နော်…….

ဦးလဘန်နော်တစ်ယောက်ကတော့…..တစ်ခြားမုဆိုးကျော်တွေထက်ပို၍တောကျွမ်းကျင်သည့်မုဆိုးတစ်ယောက်ဟုဆိုရပေမည်……။

အမြဲလိုလို….လူသူအရောက်အပေါက်နည်းသည့်တောနက်ကြီးများကိုသာရွေးချယ်၍သားကောင်ရှာဖွေလေ့ရှိသည်…။
ဇနီးသည်ဒေါ်ဘောက်ဂျာနှင့်အသက်၁၂နှစ်အရွယ်သားဖြစ်သူဘရန်မိုင်တို့အား…အိမ်၌သာနေစေ၍
ဦးလဘန်နော်တစ်ယောက်ထဲ…တောင်ယာခင်းစောင့်ရင်အမဲလိုက်လေ့ရှိသည်…..။
သားကောင်ကြီးများရလျှင်….သားဖြတ်ကြက်ခိုးတင်၍ရွာသို့ခနတဖြုတ်ဆင်း…လိုအပ်သည့်စားနပ်ရိက္ခ များပြန်လည်ဝယ်ယူ၍…သူ၏တောင်ယာထဲ၌သာ
အမဲလိုက်ရင်း….ဘဝကိုဖြတ်သန်းနေပေသည်….။

ဦးလဘန်နော်တစ်ယောက်…….
မှိုင်းပြာပြာနှင့်အခို့အငွေ့များရီဝေသန်းနေသည့်
တောတန်းကြီးအား…..တောင်ယာတဲထက်မှလှမ်းကြည့်လိုက်မိရင်း……အတွေးတစ်ချို့ကလည်းခေါင်းထဲဝင်ရောက်လာတော့သည်….။
အနီးနားဝန်းကျင်တိုင်းကလည်း….အခြားအမဲလိုက်သူများလာသည်ကြောင့်သားကောင်များကလည်းထင်သလိုမရလွယ်တော့…..။
ဒီတစ်ခေါက်အမဲပစ်ထွက်လျှင်
လူသူအရောက်အပေါက်နည့်မည့်….ထိုနေရာသို့စိတ်ထဲရွေးချယ်နေမိသည်……။

ဦးလဘန်နော်ကတော့…..
မုဆိုးကောင်းတစ်ဦးဟုဆိုရပေလိမ့်မည်…….။
မုဆိုးတို့၏……ထုံးစံအတိုင်း
တွေ့ရာသားကောင်တိုင်း…..ပစ်လေ့မရှိ
ကိုယ်ရည်ရွယ်သည့်…..သားကောင်မတွေ့မခြင်း
ရှာဖွေသည်…..။
မိမိရည်ရွယ်သည့်….သားကောင်တွေ့မှသာလျှင်
ဦးလဘန်နော်တစ်ယောက်…..ပစ်ခတ်ဖမ်းယူလေ့ရှိသည်….။
ဒါဟာလည်း….မုဆိုးတို့၏ကျင့်ဝတ်တစ်ခုမဟုတ်လား…..။

ခုလည်း……ဦးလဘန်နော်တစ်ယောက် ဆတ် ပစ်ရန်အတွက်…လက်စွဲတော်တူမီးနှင့်အတူ…လိုအပ်သည်တစ်ချို့ကိုဆောင်ယူရင်း…..စိတ်ကူးထားသည့်အတိုင်းတောတန်းကြီးဆီသို့ထွက်လာခဲ့တော့သည်……။

ဦးလဘန်နော်တစ်ယောက်…..
တောတန်းကြီးနားရောက်လာသည်နှင့်တောကလည်းထင်ထားသည်ထက်ပင်ပို၍ပို၍နက်လာခဲ့တော့သည်…..။
ရှေ့ရှိချုံနွယ်တစ်ချို့ကို….အသင့်ပါလာသည့်
ဓားမြှောင်နှင့်ခုတ်ထွင်ရှင်းလင်းရင်း….တောအတွင်းဘက်ဆီသို့ခြေဆန့်နေမိသည်…..။
တောကလည်းနက်လာသည်နှင့်အတူ
မျောက်အော်သံများကလည်း….ဆူညံ့လျက်….။
တစ်ခါတစ်ရံ……သူ၏ရှေ့နားကပင်
သားကောင်ငယ်တို့ကလည်း…..အလန့်တကြားခုန်ပေါက်ပြေးလွှားလျက်ပင်…..။

” အင်း…..သားကောင်တွေကတော့ပေါလှတာပဲ”

ဦးလဘန်နော်……တစ်ယောက်
စိတ်ထဲမှရေရွတ်လိုက်မိသည်….။
သို့ပေမဲ့….မည်သည့်သားကောင်ငယ်မှမပစ်ခတ်…။
သူရည်ရွယ်သည့်အတိုင်း….ဆတ်ပစ်ရန်သာစိတ်ကူးရင်း
ဆူးချုံနွယ်နည်းနိုင်မည့်နေရာတစ်နေရာသာရှာဖွေတိုးဝှေ့နေသည်….။
တစ်နေရာအရောက်…..သူ၏ခပ်လှမ်းလှမ်းအဝေးတစ်နေရာမှရေစီးသံကြောင့်…..

” ဟင်…..ဒီအထက်မှာချောင်းရှိနေပါလား….”

ဦးလဘန်နော်လည်း….ရေးစီးသံကြားသညိ့ဖက်အားမှန်းဆရင်းတိုးဝှေ့လျောက်လာခဲ့တော့သည်…..။
တဖြည်းဖြည်းနှင့်ရေစီးသံလည်းပို၍ကျယ်လောင်စွာကြားလာသည်နှင့်ချောင်းနှင့်သိပ်မဝေးတော့မှန်းဦးလဘန်နော်သဘောပေါက်မိသည်….။

တစ်နေရာအရောက်…….
ဦးလဘန်နော်ရှာဖွေနေသည့် ဆတ် ကြီးတစ်ကောင်တွေ့လေပေပြီ…..။
သဖန်းပင်အောက်….ကြွေကျနေသည့်သဖန်သီးများလာရောက်စားနေသည့် ဆတ်ကြီးကတော့…ဦးလဘန်နော်အားတွေ့ဟန်မပေါ်…..။
သဖန်းသီးများအပေါ်သာ….အာရုံများနေဟန်ရှိသည်….။
ဦးလဘန်နော်လည်း…အချိန်ဆွဲမနေတော့ပဲ
တူမီးအားအသင့်ချိန်ရွယ်လိုက်ရင်း…..ပစ်ခတ်ရန်မောင်းခလုတ်ကြားဆွဲရန်အလုပ်……………..

” ဝုန်း…………..”

” ဟာ………….”

ချောင်းဘက်ဆီမှကျယ်လောင်စွာထွက်လာသည့်အသံကြောင့်….သူရှေ့ရှိ ဆတ်ကြီးလည်းလန့်ဖြန့်ရင်း….ချံနွယ်ကြားထံသို့ဝင်ရောက်သွားချေတော့သည်…..။

” တောက်……….ဘာလဲကွာ”

ဦးလဘန်နော်….ဆတ်ကြီးအားနှမျောမိရင်း
ချောင်းဘက်မှထွက်ပေါ်သည့်အသံကြီးအားဒေါသထွက်မိသည်….။
ဝါရင့်မုဆိုးတို့သဘာအရခန့်မှန်းရလျှင်…ကြီးမားသည့်အကောင်တစ်ကောင်ချောင်းတစ်ဖက်ကမ်းသို့ခုန်ကူးသွာ်းဟန်ရှိသည်….။
ဦးလဘန်နော်လည်း….အသံကြီးအားစိတ်ဝင်စားမိရင်
ချောင်းဘက်သို့…..ခပ်သွက်သွက်နှင့်ပင်အပြေးလာလိုက်မိရင်………

” ဟာ………..”

မြင်လိုက်ရသည့်မြင်ကွင်းကြောင့်….ဦးလဘန်နော်တစ်ယောက်ပါးစပ်အဟောင်းသားဖြစ်သွားမိတော့သည်……..။
ကြီးမားလှသည့်မြွေကြီးလည်း…..ချောင်းကြီးအားဖြတ်ကျော်ရင်း….တစ်ဖက်ချုံနွယ်တောကြီးဘက်ဆီသို့တရွှေ့ရွှေ့နှင်ု့သွားနေလေသည်…..။
ဦးလဘန်နော်တစ်ယောက်…..မိမိမျက်လုံးကိုပင်မယုံကြည်နိုင်လောက်အောင်ပင်…..
တစ်ယောက်ထဲ….အံ့သြမှုကြောင့်ကြက်သေသေငြိမ်သက်နေရင်း…….

” နည်းတဲ့မြွေကြီးမဟုတ်ပါလား………”

ဦးလဘန်နော်….ရေရွတ်မိရင်း
မြွေကြီးလည်း…..ချုံနွယ်တောကြီးဘက်ဆီသို့ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်……။

” အင်း….ဒင်းလုပ်တာနဲ့ငါ့သားကောင်တော့သွားပါပြီ..”

ဦးလဘန်နော်တစ်ယောက်….အချိန်လည်းလင့်နေလေပြီဖြစ်သည့်အတွက်….သားကောင်ဆက်၍မရှာတော့ပဲ
သူ၏….တောင်ယာတဲသို့သာပြန်ရန်ဆုံးဖြတ်လိုက်တော့သည်………။

ဦးလဘန်နော်တစ်ယောက်….မနေ့က ဆတ်ကြီးအားမပစ်ခတ်လိုက်ရသည်ကိုပင်စိတ်ထဲအခဲမကျေ…..။
တွေးမိတိုင်းနှမျောနေမိသည်…..။
မုဆိုးတို့တောတွင်းပညာအရတွက်ကြည့်လည်း…..ထိုသဖန်းပင်ကြီးအောက်….သားကောင်ကြီးများနေ့စဉ်နေ့တိုင်းအစာလာ၍စားသောက်ဟန်ရှိသည်….။
ဒီတစ်ခါတော့…..ချောင်းမြောင်းပစ်ခတ်ရန်အတွက်ဦးလဘန်နော်စဉ်းစားမိသည်…..။
ထို့နောက်…….နေမွန်းမတည့်ခင်ကိုယ်ကအရင်…သားကောင်တွေထက်ဦးစွာရောက်နှင့်နေရမည်မဟုတ်လား……။

ဦးလဘန်နော်လည်း…..လိုအပ်သည်ကိုဆောင်ယူပြီးသည်နှင့်တောတန်းဘက်ဆီသို့တစ်ကျော့ပြန်ခရီးနှင်လာခဲ့ပြန်တော့သည်…..။
အချိန်အနည်းငယ်ကြာအောင်…လျောက်လာခဲ့ရင်းယမန်နေ့သဖန်းပင်ကြီးရှိသို့ရောက်လို့လာပေပြီ…..။
ဦးလဘန်နော်လည်း…..သဖန်းပင်ကြီးနှင့်ခပ်လှမ်းလှမ်းတစ်နေရာ၌ပုန်းအောင်ရင်းသားကောင်အလာကိုစောင့်စားနေလိုက်တော့သည်…..။
နာရီဝက်နီးပါးလောက်……ကြာအောင်စောင့်ဆိုင်းပြီးနောက်…သူတွက်ထားသည့်အတိုင်းပင်
ဆတ်ကြီး….သုံးကောင်လည်း
သဖန်ပင်အောက်ခြေသို့……ရောက်လာပေပြီ…..။
ဦးလဘန်နော်လည်း….ပုန်းအောင်နေသည့်နေရာမှ
တူမီးအား…..အသင့်ချိန်ရွယ်လိုက်တော့သည်…..။
ဒီတစ်ခါတော့….ဦးလဘန်နော်တစ်ယောက်
မနေ့ကအခဲမကျေသည့်အတွက်….အတိုးချပစ်ခတ်ရန်စိတ်ကူးရင်း….မောင်းခလုတ်အားဆွဲရန်ပြင်နေယုံရှိသေး…

” ဝုန်း…………….”

” ဟာ…………..”

ချောင်းဘက်ဆီမှထွက်ပေါ်လာပြန်သည့်အသံကြီးကြောင့်..ဆတ်ကြီးသုံးကောင်လည်းလန့်ဖြန့်ရင်း….ချုံနွယ်ကြားထံသို့ဝင်ရောက်သွားပြန်ချေတော့သည်……..။

” တောက်…..လုပ်ပြန်ပြီကွာ…..”

ဦးလဘန်နော်တစ်ယောက်…ခဲလေသမျှသဲရေကျဆိုသလိုပင်…..စိတ်ထဲဒေါသများအလိပ်လိပ်ထွက်လာမိရင်း…

” ဘာလဲကွာ…….နေ့တိုင်းလိုလိုဖြစ်နေပြီ….”

ဦးလဘန်နော်လည်း….မနေ့ကအတိုင်းပင်
ချောင်းဘက်ဆီသို့….ခပ်မြန်မြန်ပြေးလွှားလိုက်တော့သည်….။
ထုံးစံအတိုင်းပင်……မြွေကြီးလည်းချောင်းတစ်ဖက်ကမ်းထံသို့တရွှေ့ရွှေ့နှင့်ချုံနွယ်တောကြီးထံသို့ဝင်ရောက်သွားတော့သည်……။

” ဒီမြွေကြီးက….ဘာလို့ဒီနေရာမှာရှိနေရတာလဲ…..”

ဒီတစ်ခါတော့…..ဦးလဘန်နော်သားကောင်ထက်မြွေကြီး၏လှုပ်ခြားမှုများကိုပို၍စိတ်ဝင်စားမိလာတော့သည်…။

” အင်း……သူတို့အသိုက်များရှိနေလို့လား…ဟုတ်သေးပါဘူး..ဒီကောင်ကငါပစ်မဲ့အချိန်ဆိုဝင်ဝင်ရှုပ်ပြီ….”

ဦးလဘန်နော်….ထပ်စဉ်းစားမနေတော့ပဲ
မြွေကြီးသွားလေသည့်နောက်သို့…..အကဲခတ်ကြည့်ရန်စိတ်အားထက်သန်လာတော့သည်…..။

” ဒီကောင်ဘယ်အထိသွားလဲ……လိုက်ကြည့်ဦးမှ…”

ဦးလဘန်နော်လည်း…..ချောင်းအားဖြတ်ကျော်လိုက်ရင်း
မြွေကြီးသွားရာလမ်းကြောင်းအတိုင်းနောက်မှသတိကြီးကြီးနှင့်အကဲခတ်စူးစမ်းလိုက်တော့သည်……။

မြေကြီး၏ခနွှာကိုယ်နှင့်ပိပြားနေသည့်လမ်းကြောင်းကတော့…ဦးလဘန်နော်အတွက်အခက်အခဲမရှိလှပေ…..။
ဦးလဘန်နော်လည်း….သတိရှင်ရှင်နှင့်ပင်….။
ဒီလိုမြွေမျိုးဆိုတာ….လူကိုပါဝါးမျိုနိုင်တယ်မဟုတ်လား….။
သိခြင်စိတ်ကလည်း….ဦးလဘန်နော်တစ်ယောက်ထိပ်ဆုံး၌ရှိနေလေရဲ့……။

၁၀မိနစ်နီးပါးလောက်ပင်….ဦးလဘန်နော်လည်း
မြွေကြီးသွားသည့်လမ်းကြောင်းအတိုင်းသတိကြီးကြီးနှင့်လျောက်လာခဲ့ရင်း…..
တစ်နေရာအရောက်……..
မြွေကြီးမည်သို့မည်ပုံပျောက်ကွယ်လေသည်မသိ…..။
မြွေကြီးသွားသည့်….လမ်းကြောင်းမှာလည်းအဆုံးသတ်သွားလေပြီ…..။
ရှေ့ရှိသစ်ပင်ချုံနွယ်များလည်း…ပကတိအတိုင်းပင်…။

” ထူးဆန်းပါလား……ဒီကောင်ဘယ်လိုပျောက်သွားရတာလဲ…..”

ဦးလဘန်နော်…စိတ်ထဲ၌တော့ဘဝင်မကျ…..။

” နတ်တွေဘာတွေများလား……”

ဦးလဘန်နော်….သားကောင်ပစ်ရန်လည်းစိတ်ထဲမပါလာတော့…..စိတ်ထဲ၌တော့မတင်မကျဖြင့်စောစီးစွာပင်သူ၏တောင်ယာတဲထံသို့ဦးလှည့်ကာပြန်ခဲ့တော့သည်…..။

ဦးလဘန်နော်…နေ့စဉ်ဂူဝကိစွှများပြီးစီးသည်နှင့်
စောစောပင်…အိပ်ယာဝင်ခဲ့တော့သည်…..။
စိတ်ထဲ၌တော့…မြွေကြီးအကြောင်းစဉ်းစားနေမိသည်မှာအမှန်ပင်…….။
ပင်ပန်းမှုကြောင့်…ဦးလဘန်နော်မှာလည်း
တစ်ခနအတွင်းပင်…..အိပ်မောကျသွားချေတော့သည်…..။

” ဗျို့…..မုဆိုးကြီး…..မုဆိုးကြီး…”

ခေါ်သံအား….ဦးလဘန်နော်ကြားနေရသော်လည်း
အိမ်မက်လိုလို…ဘာလိုလိုနှင့်ဝေခွဲ၍မရ….။

တဖြည်းဖြည်းနှင့်….သူ၏မျက်လုံးထဲ၌မြင်တွေ့ရလာသည်မှာတော့……ကြီးမားတဲ့မြွေကြီးတစ်ကောင်ပင်….။
ဦးလဘန်နော်မြွေကြီးအား….အံ့သြမှုများစွာနှင့်ငြိမ်သက်ကြည့်ရှုနေမိရင်း၌ပင်မြွေကြီးမှာလည်းတဖြည်းဖြည်းနှင့်လူငယ်တစ်ဦးပုံသဏ္ဌာန် အသွင်ပြောင်းလဲလာခဲ့ရင်း……..

” ဗျို့…မုဆိုးကြီး……”

လူငယ်၏…စကားတိုင်းကိုလည်းသူ၏နားမှသဲသဲကွဲကွဲကြားနေရလေ၏….။

” မုဆိုးကြီး…..နောက်တစ်ခါကျရင်အခုခင်ဗျားလာတဲ့…တောတန်းဘက်ကိုအမဲလာမပစ်ပါနဲ့ဗျာ….အဲ့နေရာကကျွန်တော်တို့နတ်မြွေကြီးတွေကျင်လည်ကျက်စားတဲ့နေရာတစ်နေရာဖြစ်နေလို့ပါ…နောက်ပြီးကျုပ်တို့မှာ…အထက်ပုဂ္ဂိုလ် ကြီးတွေတာဝန်စေခိုင်းတဲ့တစ်ချို့ကိစွှတွေလည်းရှိနေပြန်တယ်…ခင်ဗျာတို့လိုလူသားတွေမြင်တွေ့လို့မဖြစ်ဘူး….နောက်ပြီးကျွန်တော့နောက်ကိုလည်းထပ်ပြီးလိုက်မချောင်းပါနဲ့…ခုလည်းခင်ဗျားက…ကျွန်တော်ဖမ်းဖမ်းစားဖို့လုပ်နေတဲ့သားကောင်တွေကိုပစ်ခတ်ဖို့လုပ်လုပ်နေတယ်….ဒါကြောင့်ကျွန်တော်လည်းတမင်သက်သက်…ခင်ဗျားလည်းပစ်လို့မရအောင်ရေထဲခုန်ခုန်ချပြီး…သားကောင်တွေခြောက်လှန့်ပေးခဲ့တယ်…နောက်တစ်ခါမလာပါနဲ့တော့မုဆိုးကြီး…..ဒါကြောင့်မနက်ဖြန်မိုးလင်းတာနဲ့တောထဲကချောင်းအထက်မှာသစ်တုံးကြီးကန့်လန့်ခံနေရရှိတယ်……အဲ့သစ်တုံးကြီးမှာရွှေတွေကပ်နေလိမ့်မယ်……ခင်ဗျားလာယူလိုက်ပါ….ပြီးရင်တော့အမဲလည်းလာမလိုက်ပါနဲ့ကျွန်တော်ကိုလည်းလိုက်ပြီးထပ်မချောင်းပါနဲ့မုဆိုးကြီး………နက်ဖြန်ဆက်ဆက်လာယူလိုက်ပယမုဆိုးကြီး……”

ဦးလဘန်နော်လည်း…..အိမ်မက်မှလန့်နိုးလာခဲ့ရင်း

” ဟင်…..ငါ့ကိုဟိုမြွေကြီးအိမ်မက်လာပေးတာပါလား….ထူးဆန်းလိုက်တာ”

ဦးလဘန်နော်လည်း……အိမ်မက်အားမယုံတစ်ဝက်ယုံတစ်ဝက်နှင့်စဉ်းစားနေမိရင်း….ဆက်၍အိပ်မပျော်တော့…..။
အိမ်မက်ကိုသာ…..အမျိုးမျိုးတွေးတောနေမိတော့သည်….။

ဦးလဘန်နော်တစ်ယောက်လည်း…မိုးလင်းသည်နှင့်မြွေကြီးပေးသည့်အိမ်မက်အတိုင်းပင်
တောတန်းကြီးထဲရှိနေသည့်ချောင်းအထက်ဘက်ဆီသို့
ခရီးနှင်လာလိုက်တော့သည်….။
ဒီတစ်ခါတော့…သားကောင်ပစ်ရန်ရည်ရွယ်ချက်မရှိ….။
ဆန်းကြယ်သည့်အိမ်မက်အား….သိလိုစိတ်ကသာပြင်းပြနေ၍ပင်…..။
ထုံးစံအတိုင်းပင်….အနည်ငယ်ကြာအောင်လျောက်လာခဲ့ရင်း…..
ချောင်းအထက်ဘက်သို့ချုံနွယ်များအားတိုးဝှေ့ရင်း..ကန့်လန့်ခံနေသည့်သစ်တုံးကြီးအားရှာဖွေနေမိသည်…..။
ဦးလဘန်နော်လည်းအချိန်ကြာသည်အထိချောင်းအထက်ဘက်သို့လျောက်လာခဲ့ရင်း…..

” ဟင်…….”

ဦးလဘန်နော်တစ်ယောက်….မြွေကြီးပြောသည့်အတိုင်းပင်
အဝေးမှ….ချောင်းကြီးအားကန့်လန့်ခံနေသည့်သစ်တုံးကြီးအားမြင်လိုက်ရတော့သည်…..။

နေရောင်ကလည်း….သစ်တုံးကြီးထံထိုးကျဆင်းနေသည့်အတွက်…..သစ်တုံးကြီးမှာလည်းအရောင်တလျှပ်လျှပ်တောက်ပနေလျှက်…..။
ဦးလဘန်နော်လည်း…..ခြေလှမ်းခပ်သွက်သွက်နှင့်သစ်တုံးကြီးရှိသည့်နေရာထံအပြေးလာခဲ့လိုက်ရင်း…..
အနီးကပ်မြင်လိုက်၇သည့်မြင်ကွင်းကတော့….ဦးလဘန်နော်တစ်ယောက်ပါးစပ်အဟောင်းပင်ဖြစ်သွားချေတော့သည်….။
သစ်တုံးတစ်တုံးလုံးမှာမူ….ရွှေအတိကပ်ငြိတွယ်လျက်….။

” ဘုရား…..ဘုရား…..တကယ်ကြီးပါလား……”

ဦးလဘန်နော်လည်း…..အချိန်ဆွဲမတော့ပဲ
အသင့်ပါလာသည့်ဓားမြှောင်အား…..ထုတ်၍
သစ်တုံးကြီး၌…..ကပ်ငြိနေသည့်ရွှေများအား..ခြစ်ယူရန်စတင်လိုက်တော့သည်…..။

သစ်တုံးကြီး၌….ကပ်နေသည့်ရွှေတစ်ချို့ကလည်း
သူထင်သလိုလွယ်လွယ်ကူကူနှင့်မရပေ…..။
ဦးလဘန်နော်လည်း…..ခဲရာခဲဆစ်ပင်ခြစ်ယူနေရသည်….။
တစ်ဖြည်းဖြည်းနှင့်အချိန်ကလည်း…….မည်သို့ကုန်လွယ်သွားသည်မှန်းသူမသိလိုက်…..။
နေမင်းကြီးကပင်…..တောင်စွယ်တောင်စားဆီသို့တိုးဝင်ရန်ဦးတည်နေပေပြီ…….။
ဦးလဘန်နော်တစ်ယောက်……ရွှေစများလက်တစ်ဆုတ်စာရရှိပြီးနောက်…..

” အင်း……ငါတစ်ယောက်ထဲဆိုမလွယ်လောက်ဘူး…ဒီညရွာပြန်ပြီ….ငါ့အမျိုးတွေကိုခေါ်ပြီပြန်လာယူမှဖြစ်မယ်……”

ဦးလဘန်နော်တစ်ယောက်…..ရွှေစများအားပိတ်စတစ်ခုအတွင်းထည့်လိုက်ရင်း….တောင်ယာတဲဆီသို့ခရီးလှည့်လာလိုက်လေတော့သည်….။
ဦလဘန်နော်လည်း….တောင်ယာတဲသို့ရောက်သည်နှင့်အချိန်ဆိုင်းမနေလေပဲ….ရွာဆီသို့တစ်ကျော့ပြန်ခရီးနှင်ခဲ့လိုက်ပြန်တော့၏…..။

” ဟေ………..”

“လဘန်နော်……မင်းတကယ်ပြောနေတာလား…….”

” ကျုပ်တကယ်ပြောနေတာ…..ဗျ……သစ်တုံးတစ်တုံးလုံးရွှေတွေကြီးပဲ….”

ပိတ်စအတွင်းမှရွှေစတစ်ချို့ကို….အားလုံးကလည်း
စိတ်ဝင်တစားနှင့်အကဲခတ်နေကြလေသည်…..။

” ဒါဆိုရင်……ငါတို့ကိုဘုရား မ တာပဲကွ…..”

ဦလဘန်နော်လည်း….ခေါင်းတဆတ်ဆတ်ငြိမ့်နေရင်း…..

” ဟုတ်တယ်….အကို` ဂွန်ဆန်´ပြောတာမှန်တယ်….အဲ့ဒါကြောင့်……ကျုပ်တို့ထက်သူများတွေတွေ့သွားလို့မဖြစ်ဘူး…နောက်ပြီးအဲ့အနားကလည်းတခြားမုဆိုးတွေတောလည်တတ်တာကြောင့်….အချိန်ဆွဲနေရင်တော့မကောင်းဘူးဗျ……ဒါကြောင့်ကျုပ်တောင်ခုညတွင်းခြင်းပဲရွာကိုအပြေးလာခဲ့ရတာ…….”

” အင်း……ဟုတ်ပြီ လဘန်နော်……ဒါဆိုငါတို့တွေမနက်လင်းတာနဲ့….မင်းပြောတဲ့နေရာမြန်မြန်ရောက်ဖို့လိုလိမ့်မယ်….လိုအပ်တာတွေကိုဒီညတစ်ခါထဲစီစဉ်ထားရမယ်….မင်းပြောတဲ့ပုံစံအရဆိုရွှေတွေက….တော်တော်စိတ်ရှည်လက်ရှည်နဲ့ခွာယူရမယ်ကွ……”

” ဒါတော့….အသေအချာပဲကိုဂွန်ဆန်…ကျုပ်တောင်တစ်နေ့လုံးမှဒီလက်တစ်ဆုတ်ပဲရခဲ့တာ…….”

” အေး…အေး…..ဒါဆိုမင်းလည်းအနားယူလိုက်တော့….မင်းလည်းပင်ပန်းလာတာ…..လိုအပ်တာတွေကိုငါနဲ့ငါ့တူ ဆိုင်းနော် နဲ့စီစဉ်ထားလိုက်မယ်……မနက်ကြစောစောသွားကြတာပေါ့……”

” ဟုတ်ပြီ…..ကိုဂွန်ဆန်…..ဒါဆိုကျုပ်လည်းပြန်တော့မယ်….”

နှုတ်ဆက်စကားဆိုပြီးသည်နှင့်….ဦးလဘန်နော်လည်းအိမ်သို့ပြန်လာလိုက်တော့သည်………။

ရွာမှဦးလဘန်နော်၏…..တောင်ယာဆီသို့ပင်တော်တော်လျောက်ခဲ့ရသည်……။

” ကျုပ်ပြောတာ..ဟို….မြူ ငွေ့တွေဆိုင်းနေတဲ့….တောတန်းကြီးပဲအကို`ဂွန်ဆန်´….”

” အင်း…..ဒါဆိုခနတစ်ဖြုတ်နားပြီး…သွားကြတာပေါ့လဘန်နော်….”

ဦးလဘန်နော်၏….ရင်ထဲ၌တော့အတိုင်းမသိအောင်ပင်ကြည်းနူး၍နေသည်…..။
တစ်သက်လုံး….အမဲလိုက်…တောင်ယာလုပ်နှင့်ဘဝကိုပင်ပင်ပန်းပန်နှင့်ရုန်းကန်နေရတာမဟုတ်လား……။
မိသားစုအတွက်….မပူပင်မကြောင့်ကြအောင်
ထားခြင်သည့်ဆနွှ…ရှိသော်လည်း
သူကိုယ်တိုင်ပင်…မစွမ်းသာ…..။

ယခုတော့……အဲ့စိတ်ကူးတွေအထမြောက်ပေတော့မယ်…။
မုဆိုးကြီးဦးလဘန်နော်ဘဝကနေ…..သူဌေးကြီးဦးလဘန်နော်တစ်ယောက်အဖြစ်ပြောင်းလဲသွားလိမ့်မည်လို့….သူ့ကိုသူပင်မတွေးမိခဲ့……..။
မျက်လုံးအစုံမှိတ်လိုက်တိုင်း…..ခမ်းနားသည့်ပုံရိပ်တစ်ချို့ကလည်း….အတွေးထဲကူးယှက်ဖြတ်သန်းနေလေရဲ့…..။

” ငါ…ချမ်းသာပြီ……..”

” ကဲ….လဘန်နော်….ငါတို့အချိန်ရှိတုန်းသွားကြရအောင်ကွာ…….”

ကိုဂွန်ဆန်၏…..အသံကြောင့်
တွေးလက်စ….စိတ်ကူးများအား
ရပ်တန့်လိုက်ရင်း……တောတန်းကြီးဘက်သို့ခြေလှမ်းများဦးဆောင်၍ဦးလဘန်နော်လည်းစတင်လိုက်တော့သည်…..။

ရှေ့မှနေ၍….ဦးလဘန်နော်လည်းဦးဆောင်ကာ
တိုးဝှေ့လာခဲ့သည်…..။
အားလုံးကလည်း….ခပ်သွက်သွက်ခြေလှမ်းများဖြင့်လျောက်လာခဲ့ရင်း…..

” ရောက်တော့မှာလား……လဘန်နော်……”

” သိပ်မဝေးတော့ဘူး…..ကိုဂွန်ဆန်….ရှေ့နားဆိုချောင်းရောက်ပြီ….”

အားလုံးလည်း…..ပင်ပန်းမှုကိုဂရုမမှုနိုင်…..။
ချုံနွယ်များအား…တိုးဝှေ့၍အားခဲရင်းသာလျောက်နေကြ၏….။

သိပ်မကြာပေ…..ရေစီးသံသဲ့သဲ့အား…
အားလုံးလည်းကြားလိုက်ရတော့သည်…..။

” ရေစီးသံ……ကြားတယ်မလားကိုဂွန်ဆန်…..ကျုပ်တို့ရောက်တော့မယ်ဗျ….”

အားလုံး၏….မျက်နှာများလည်းဝင်းဝါလာရင်း…..

” ကဲ……မြန်မြန်သွားရအောင်……”

အချိန်အနည်းငယ်ကြာအောင်….လျောက်လာပြီးသည်နှင့်

” ကိုဂွန်ဆန်…..ဟိုမှာတွေ့လား…..”

ဦးလဘန်နော်၏…..လက်ညိုးညွန်ပြရာဆီသို့.. .အားလုံးအကြည့်များရောက်ရှိသွားရာ……

” ဟာ……….”

ချောင်းအားကန့်လန့်ခံ၍နေလေသည့်သစ်တုံးကြီးအားမြင်လိုက်ရတော့သည်…….။

” ငါတို့တော့…..ချမ်းသာပြီဟေ့….”

“ဟေး…….”

အားလုံးလည်း……မြန်မြန်ဆန်ဆန်နှင့်ပင်သစ်တုံးကြီးရှိသည့်ထံသို့အပြေးတစ်ပိုင်းချုံနွယ်တစ်ချို့အားတိုးဝှေ့ပြေးလွှားလိုက်ကြတော့သည်…….။

” ဟာ……..”

” ဟင်……..”

မြင်လိုက်ရသည့်မြင်ကွင်းကြောင့်….အားလုံးလည်းပါးစပ်အဟောင်းသားဖြစ်မိသွားချေတော့သည်…..။

” လဘန်နော်……မင်းပြောတော့….သစ်တုံးမှာရွှေတွေဆို….ခုဘယ်မှာလဲဟ….”

ဦးလဘန်နော်တစ်ယောက်ပင်….မယုံကြည်နိုင်သည့်မျက်လုံးများနှင့်သစ်တုံးကြီးအားကြည့်မိနေရင်း…..

” ဘယ်လိုဖြစ်သွားတာလဲ…..ရွှေတွေကဘယ်ရောက်သွားတာလဲ…..”

” မင်းပြောတဲ့စကားယုံမိတာ…..မှားပြီထင်တယ်ကွာ….”

” ကျုပ်မညာပါဘူး…ကိုဂွန်ဆန်….ကျုပ်ကိုမြွေကြီးအိမ်မက်ပေးတုန်းကကျုပ်လာယူတော့….ဒီတုံးတစ်တုံးလုံးကရွှေတွေကြီးပဲ….ခုတော့ဘယ်လိုဖြစ်ရတာလဲ…..”

ဦးလဘန်နော်တစ်ယောက်……စဉ်းစားမရ

အားလုံးလည်း…လက်မှိုင်ချငြီးငြူ နေကြရင်း…

” ကဲပါလေ…မရှိတော့မှတော့ဘာတတ်နိုင်မှာလဲ….ငါတို့နဲ့မထိုက်လို့မရတာပဲလို့သတ်မှတ်လိုက်ကြပေါ့…..”

အားလုံးလည်း…..ဦးလဘန်နော်တောင်ယာတဲထံသို့
ညအိပ်အနားယူရန်အတွက်….အားမပါသည့်ခြေလှမ်းအစုံနှင့်ပြန်လာခဲ့ကြတော့သည်…..။

#*********************#***********#

” ဗျို့..မုဆိုးကြီး…..”

ခေါ်သံကြောင့်…ဦးလဘန်နော်လှန့်နိုးလာခဲ့ရင်း

” ဟင်…..မြွေ..မြွေကြီးပါလား……”

” ဟုတ်တယ်….မုဆိုးကြီး……ခင်ဗျားကတော်တော်မိုက်မဲတဲ့လူပဲဗျာ…..”

” ဘာ….ဘာ…လို့လဲဗျာ….”

” ကျုပ်ရွှေတွေလာယူဖို့……ပြောတုန်းကခင်ဗျားတစ်ယောက်ထဲကိုပဲ…ယူဖို့ပြောခဲ့တာလေဗျာ……ဘာလို့မသက်ဆိုင်တဲ့လူတွေခေါ်ခဲ့ရတာလဲ….. ”

ဦးလဘန်နော်…..ကြက်သေသေငြိမ်သက်စွာဖြင့်ကြည့်နေမိရင်း……

” ဝမ်းနည်းပါတယ်….မုဆိုးကြီး……ဒါကခင်ဗျားလုပ်တဲ့ကံတရားပဲဗျာ….ကျုပ်လည်းမတတ်နိုင်ဘူး…ကျုပ်သွားတော့မယ်……..”

မြွေကြီးလည်း…..စကားဆုံးသည်နှင့်ဦးလဘန်နော်၏…မျက်စိရှေ့မှပင်တစ်ဖြည်းဖြည်နှင့်တောတန်းကြီးဖက်ဆီသို့တရွှေ့ရွှေ့နှင့်ပျောက်ကွယ်သွားတော့သည်…….။

(ပြီးပါပြီ)

အမှားပါလျှင်ခွင့်လွတ်ပေးကြပါ…….။

( စာဖတ်ပရိတ်သတ်တို့၏…ကြားဖူးနားဝ..ဖြစ်ရပ်မှန်များလည်း…အခက်အခဲမရှိလျှင်…ကျွုန်ုပ်၏….cbသို့ပြောပြနိုင်ကြောင်း….မေတ္တာ ရပ်ခံတောင်းဆိုပါတယ်ခင်ဗျာ…)

စာရေးသူ=Zin myo

Zawgyi Version

နတ္ေႁမြ(စ-ဆံဳး)
——————–
(ျဖစ္ရပ္မွန္) ……ေရးသားတင္ျပပါသည္။
၁၉၉၀ ခုႏွစ္၀န္းက်င္ကဆိုလွ်င္….ကြၽန္ေတာ္တို႔ရဲ႕ကခ်င္ျပည္နယ္…ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသတစ္ခုလုံးက
နက္ရႈိင္းလွတဲ့ေတာႀကီးေတြ….သဘာ၀စိမ့္ေရစမ္းေရေတြနဲ႔တကယ့္ကိုလွပတဲ့ေနရာတစ္ေနရာျဖစ္ခဲ့ဘူးတယ္…..။
ဒါေပမဲ့…….
ႏွစ္ၾကာလာသည္နဲ႔အမွ်
ရတနာေပါမ်ားတဲ့ေဒသတစ္ခုျဖစ္တာနဲ႔အညီ
ေျမေအာက္ေ႐ႊရွာတဲ့လုပ္ငန္းေတြ….ပယင္းတူးေဖာ္တဲ့လုပ္ငန္းေတြ….
ဥပေဒရဲ႕အျပင္ဘက္လုပ္ငန္းျဖစ္တဲ့
သစ္ခိုးထုတ္တဲ့လုပ္ငန္းေတြက
ကြၽန္ေတာ္တို႔…ကခ်င္ျပည္နယ္ရဲ႕အလွအပေတြကိုပ်က္စီးပစ္လိုက္ၾကေတာ့တာပဲ…..။
ဒါေတာင္ဖားကန္႔ေက်ာက္ေမွာ္ကိုထည့္မေျပာေသးဘူး….။

အဲ့လိုနက္ရႈိင္းလွတဲ့ေတာနက္ႀကီးေတြနဲ႔ရႈ႕မၿငီးႏိုင္တဲ့သဘာ၀အလွအပေတြလည္း…ကခ်င္ေျမႀကီးမွာအမ်ားႀကီးရွိပါတယ္…..။

နက္နဲတဲ့ေတာေတာင္ႀကီးေတြစိုးမိုးထားတဲ့ဟူးေကာင္တစ္ခြင္ေၾကာင့္….သားရဲေတာေကာင္တို႔ဆိုတာလည္းေပါမ်ားလြန္းပ…….။

ယခင္တုန္းကဆို…..အိမ္တိုင္းလိုလို
မုဆိုးေက်ာ္ေတြျဖစ္ခဲ့ဘူးတယ္…..။

အဲ့လိုနက္ရႈိင္းလွတဲ့ေတာႀကီးေတြရဲ႕ေနာက္ကြယ္မွာလည္း
သဘာ၀လြန္တဲ့ျဖစ္ရပ္ဆန္းေပါင္းမ်ားစြာကလည္းရွိေနျပန္ေတာ့တယ္……။

ကြၽန္ေတာ္တို႔႐ြာရဲ႕…..အထက္ဘက္မိုင္၆၀ေက်ာ္ေလာက္ေဝးတဲ့ေနရာမွာ

`လပူခ´…ဆိုတဲ့ေ႐ႊေမွာ္တစ္ေနရာရွိေနခဲ့တယ္….။

လပူခဆိုတာ…..ကခ်င္အေခၚအေဝၚတစ္ခုေပါ့….။

ကြၽန္ေတာ္တို႔ဗမာလိုျပန္ရင္

လပူ=ေႁမြ
ခ=ေရ

အဓိပၸါယ္ ေကာက္ရမယ္ဆို…..ေႁမြေရလို႔မေျပာေတာ့ဘူး

` ေႁမြေခ်ာင္း´…….ေပါ့…။

ကြၽန္ေတာ္ေျပာတဲ့…၁၉၉၀၀န္းက်င္ေလာက္မွာဆို
အဲ့ဒီေဒသတစ္ခုလုံးမွာ…..ကခ်င္လူမ်ိဳးအမ်ားစုတာေနထိုင္ခဲ့ၾကတယ္……။
ေတာင္ယာေလးလုပ္…အမဲေလးလိုက္နဲ႔
ဒါဟာ….အရင္တုန္းကသူတို႔ရဲ႕သမာ႐ိုးက်လုပ္ငန္းတစ္ခုေပါ့…..။
မုဆိုးေက်ာ္ေတြဆိုတာလည္းနက္နဲၿပီး…သားေကာင္ေပါမ်ားတဲ့ေတာတြင္းေနရာေတြကို…သေဘာက်တတ္က်တာပဲမဟုတ္လား….။
ဒါေပမဲ့……အဲ့ဒီတစ္ေနရာဟာ
`နတ္ေႁမြႀကီး´..ေတြရဲ႕ေပ်ာ္စံရာတစ္ေနရာျဖစ္ခဲ့တယ္ဆိုတာအဲ့ဒီအခ်ိန္မွာ….စတင္သိခြင့္ရေတာ့တာပါပဲ……..။

#********************#*****************#

ဦးလဘန္ေနာ္…….

ဦးလဘန္ေနာ္တစ္ေယာက္ကေတာ့…..တစ္ျခားမုဆိုးေက်ာ္ေတြထက္ပို၍ေတာကြၽမ္းက်င္သည့္မုဆိုးတစ္ေယာက္ဟုဆိုရေပမည္……။

အၿမဲလိုလို….လူသူအေရာက္အေပါက္နည္းသည့္ေတာနက္ႀကီးမ်ားကိုသာေ႐ြးခ်ယ္၍သားေကာင္ရွာေဖြေလ့ရွိသည္…။
ဇနီးသည္ေဒၚေဘာက္ဂ်ာႏွင့္အသက္၁၂ႏွစ္အရြယ္သားျဖစ္သူဘရန္မိုင္တို႔အား…အိမ္၌သာေနေစ၍
ဦးလဘန္ေနာ္တစ္ေယာက္ထဲ…ေတာင္ယာခင္းေစာင့္ရင္အမဲလိုက္ေလ့ရွိသည္…..။
သားေကာင္ႀကီးမ်ားရလွ်င္….သားျဖတ္ၾကက္ခိုးတင္၍႐ြာသို႔ခနတျဖဳတ္ဆင္း…လိုအပ္သည့္စားနပ္ရိကၡ မ်ားျပန္လည္၀ယ္ယူ၍…သူ၏ေတာင္ယာထဲ၌သာ
အမဲလိုက္ရင္း….ဘ၀ကိုျဖတ္သန္းေနေပသည္….။

ဦးလဘန္ေနာ္တစ္ေယာက္…….
မႈိင္းျပာျပာႏွင့္အခို႔အေငြ႕မ်ားရီေဝသန္းေနသည့္
ေတာတန္းႀကီးအား…..ေတာင္ယာတဲထက္မွလွမ္းၾကည့္လိုက္မိရင္း……အေတြးတစ္ခ်ိဳ႕ကလည္းေခါင္းထဲ၀င္ေရာက္လာေတာ့သည္….။
အနီးနား၀န္းက်င္တိုင္းကလည္း….အျခားအမဲလိုက္သူမ်ားလာသည္ေၾကာင့္သားေကာင္မ်ားကလည္းထင္သလိုမရလြယ္ေတာ့…..။
ဒီတစ္ေခါက္အမဲပစ္ထြက္လွ်င္
လူသူအေရာက္အေပါက္နည့္မည့္….ထိုေနရာသို႔စိတ္ထဲေ႐ြးခ်ယ္ေနမိသည္……။

ဦးလဘန္ေနာ္ကေတာ့…..
မုဆိုးေကာင္းတစ္ဦးဟုဆိုရေပလိမ့္မည္…….။
မုဆိုးတို႔၏……ထုံးစံအတိုင္း
ေတြ႕ရာသားေကာင္တိုင္း…..ပစ္ေလ့မရွိ
ကိုယ္ရည္႐ြယ္သည့္…..သားေကာင္မေတြ႕မျခင္း
ရွာေဖြသည္…..။
မိမိရည္႐ြယ္သည့္….သားေကာင္ေတြ႕မွသာလွ်င္
ဦးလဘန္ေနာ္တစ္ေယာက္…..ပစ္ခတ္ဖမ္းယူေလ့ရွိသည္….။
ဒါဟာလည္း….မုဆိုးတို႔၏က်င့္၀တ္တစ္ခုမဟုတ္လား…..။

ခုလည္း……ဦးလဘန္ေနာ္တစ္ေယာက္ ဆတ္ ပစ္ရန္အတြက္…လက္စြဲေတာ္တူမီးႏွင့္အတူ…လိုအပ္သည္တစ္ခ်ိဳ႕ကိုေဆာင္ယူရင္း…..စိတ္ကူးထားသည့္အတိုင္းေတာတန္းႀကီးဆီသို႔ထြက္လာခဲ့ေတာ့သည္……။

ဦးလဘန္ေနာ္တစ္ေယာက္…..
ေတာတန္းႀကီးနားေရာက္လာသည္ႏွင့္ေတာကလည္းထင္ထားသည္ထက္ပင္ပို၍ပို၍နက္လာခဲ့ေတာ့သည္…..။
ေရွ႕ရွိခ်ဳံႏြယ္တစ္ခ်ိဳ႕ကို….အသင့္ပါလာသည့္
ဓားေျမႇာင္ႏွင့္ခုတ္ထြင္ရွင္းလင္းရင္း….ေတာအတြင္းဘက္ဆီသို႔ေျခဆန္႔ေနမိသည္…..။
ေတာကလည္းနက္လာသည္ႏွင့္အတူ
ေမ်ာက္ေအာ္သံမ်ားကလည္း….ဆူညံ့လ်က္….။
တစ္ခါတစ္ရံ……သူ၏ေရွ႕နားကပင္
သားေကာင္ငယ္တို႔ကလည္း…..အလန္႔တၾကားခုန္ေပါက္ေျပးလႊားလ်က္ပင္…..။

” အင္း…..သားေကာင္ေတြကေတာ့ေပါလွတာပဲ”

ဦးလဘန္ေနာ္……တစ္ေယာက္
စိတ္ထဲမွေရ႐ြတ္လိုက္မိသည္….။
သို႔ေပမဲ့….မည္သည့္သားေကာင္ငယ္မွမပစ္ခတ္…။
သူရည္႐ြယ္သည့္အတိုင္း….ဆတ္ပစ္ရန္သာစိတ္ကူးရင္း
ဆူးခ်ဳံႏြယ္နည္းႏိုင္မည့္ေနရာတစ္ေနရာသာရွာေဖြတိုးေဝွ႔ေနသည္….။
တစ္ေနရာအေရာက္…..သူ၏ခပ္လွမ္းလွမ္းအေဝးတစ္ေနရာမွေရစီးသံေၾကာင့္…..

” ဟင္…..ဒီအထက္မွာေခ်ာင္းရွိေနပါလား….”

ဦးလဘန္ေနာ္လည္း….ေရးစီးသံၾကားသည္ိ့ဖက္အားမွန္းဆရင္းတိုးေဝွ႔ေလ်ာက္လာခဲ့ေတာ့သည္…..။
တျဖည္းျဖည္းႏွင့္ေရစီးသံလည္းပို၍က်ယ္ေလာင္စြာၾကားလာသည္ႏွင့္ေခ်ာင္းႏွင့္သိပ္မေဝးေတာ့မွန္းဦးလဘန္ေနာ္သေဘာေပါက္မိသည္….။

တစ္ေနရာအေရာက္…….
ဦးလဘန္ေနာ္ရွာေဖြေနသည့္ ဆတ္ ႀကီးတစ္ေကာင္ေတြ႕ေလေပၿပီ…..။
သဖန္းပင္ေအာက္….ေႂကြက်ေနသည့္သဖန္သီးမ်ားလာေရာက္စားေနသည့္ ဆတ္ႀကီးကေတာ့…ဦးလဘန္ေနာ္အားေတြ႕ဟန္မေပၚ…..။
သဖန္းသီးမ်ားအေပၚသာ….အာ႐ုံမ်ားေနဟန္ရွိသည္….။
ဦးလဘန္ေနာ္လည္း…အခ်ိန္ဆြဲမေနေတာ့ပဲ
တူမီးအားအသင့္ခ်ိန္႐ြယ္လိုက္ရင္း…..ပစ္ခတ္ရန္ေမာင္းခလုတ္ၾကားဆြဲရန္အလုပ္……………..

” ဝုန္း…………..”

” ဟာ………….”

ေခ်ာင္းဘက္ဆီမွက်ယ္ေလာင္စြာထြက္လာသည့္အသံေၾကာင့္….သူေရွ႕ရွိ ဆတ္ႀကီးလည္းလန္႔ျဖန္႔ရင္း….ခ်ံႏြယ္ၾကားထံသို႔၀င္ေရာက္သြားေခ်ေတာ့သည္…..။

” ေတာက္……….ဘာလဲကြာ”

ဦးလဘန္ေနာ္….ဆတ္ႀကီးအားႏွေမ်ာမိရင္း
ေခ်ာင္းဘက္မွထြက္ေပၚသည့္အသံႀကီးအားေဒါသထြက္မိသည္….။
၀ါရင့္မုဆိုးတို႔သဘာအရခန္႔မွန္းရလွ်င္…ႀကီးမားသည့္အေကာင္တစ္ေကာင္ေခ်ာင္းတစ္ဖက္ကမ္းသို႔ခုန္ကူးသြာ္းဟန္ရွိသည္….။
ဦးလဘန္ေနာ္လည္း….အသံႀကီးအားစိတ္၀င္စားမိရင္
ေခ်ာင္းဘက္သို႔…..ခပ္သြက္သြက္ႏွင့္ပင္အေျပးလာလိုက္မိရင္………

” ဟာ………..”

ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္….ဦးလဘန္ေနာ္တစ္ေယာက္ပါးစပ္အေဟာင္းသားျဖစ္သြားမိေတာ့သည္……..။
ႀကီးမားလွသည့္ေႁမြႀကီးလည္း…..ေခ်ာင္းႀကီးအားျဖတ္ေက်ာ္ရင္း….တစ္ဖက္ခ်ဳံႏြယ္ေတာႀကီးဘက္ဆီသို႔တေ႐ႊ႕ေ႐ႊ႕ႏွင္ု႔သြားေနေလသည္…..။
ဦးလဘန္ေနာ္တစ္ေယာက္…..မိမိမ်က္လုံးကိုပင္မယုံၾကည္ႏိုင္ေလာက္ေအာင္ပင္…..
တစ္ေယာက္ထဲ….အံ့ၾသမႈေၾကာင့္ၾကက္ေသေသၿငိမ္သက္ေနရင္း…….

” နည္းတဲ့ေႁမြႀကီးမဟုတ္ပါလား………”

ဦးလဘန္ေနာ္….ေရ႐ြတ္မိရင္း
ေႁမြႀကီးလည္း…..ခ်ဳံႏြယ္ေတာႀကီးဘက္ဆီသို႔၀င္ေရာက္ေပ်ာက္ကြယ္သြားေလေတာ့သည္……။

” အင္း….ဒင္းလုပ္တာနဲ႔ငါ့သားေကာင္ေတာ့သြားပါၿပီ..”

ဦးလဘန္ေနာ္တစ္ေယာက္….အခ်ိန္လည္းလင့္ေနေလၿပီျဖစ္သည့္အတြက္….သားေကာင္ဆက္၍မရွာေတာ့ပဲ
သူ၏….ေတာင္ယာတဲသို႔သာျပန္ရန္ဆုံးျဖတ္လိုက္ေတာ့သည္………။

ဦးလဘန္ေနာ္တစ္ေယာက္….မေန႔က ဆတ္ႀကီးအားမပစ္ခတ္လိုက္ရသည္ကိုပင္စိတ္ထဲအခဲမေက်…..။
ေတြးမိတိုင္းႏွေမ်ာေနမိသည္…..။
မုဆိုးတို႔ေတာတြင္းပညာအရတြက္ၾကည့္လည္း…..ထိုသဖန္းပင္ႀကီးေအာက္….သားေကာင္ႀကီးမ်ားေန႔စဥ္ေန႔တိုင္းအစာလာ၍စားေသာက္ဟန္ရွိသည္….။
ဒီတစ္ခါေတာ့…..ေခ်ာင္းေျမာင္းပစ္ခတ္ရန္အတြက္ဦးလဘန္ေနာ္စဥ္းစားမိသည္…..။
ထို႔ေနာက္…….ေနမြန္းမတည့္ခင္ကိုယ္ကအရင္…သားေကာင္ေတြထက္ဦးစြာေရာက္ႏွင့္ေနရမည္မဟုတ္လား……။

ဦးလဘန္ေနာ္လည္း…..လိုအပ္သည္ကိုေဆာင္ယူၿပီးသည္ႏွင့္ေတာတန္းဘက္ဆီသို႔တစ္ေက်ာ့ျပန္ခရီးႏွင္လာခဲ့ျပန္ေတာ့သည္…..။
အခ်ိန္အနည္းငယ္ၾကာေအာင္…ေလ်ာက္လာခဲ့ရင္းယမန္ေန႔သဖန္းပင္ႀကီးရွိသို႔ေရာက္လို႔လာေပၿပီ…..။
ဦးလဘန္ေနာ္လည္း…..သဖန္းပင္ႀကီးႏွင့္ခပ္လွမ္းလွမ္းတစ္ေနရာ၌ပုန္းေအာင္ရင္းသားေကာင္အလာကိုေစာင့္စားေနလိုက္ေတာ့သည္…..။
နာရီ၀က္နီးပါးေလာက္……ၾကာေအာင္ေစာင့္ဆိုင္းၿပီးေနာက္…သူတြက္ထားသည့္အတိုင္းပင္
ဆတ္ႀကီး….သုံးေကာင္လည္း
သဖန္ပင္ေအာက္ေျခသို႔……ေရာက္လာေပၿပီ…..။
ဦးလဘန္ေနာ္လည္း….ပုန္းေအာင္ေနသည့္ေနရာမွ
တူမီးအား…..အသင့္ခ်ိန္႐ြယ္လိုက္ေတာ့သည္…..။
ဒီတစ္ခါေတာ့….ဦးလဘန္ေနာ္တစ္ေယာက္
မေန႔ကအခဲမေက်သည့္အတြက္….အတိုးခ်ပစ္ခတ္ရန္စိတ္ကူးရင္း….ေမာင္းခလုတ္အားဆြဲရန္ျပင္ေနယုံရွိေသး…

” ဝုန္း…………….”

” ဟာ…………..”

ေခ်ာင္းဘက္ဆီမွထြက္ေပၚလာျပန္သည့္အသံႀကီးေၾကာင့္..ဆတ္ႀကီးသုံးေကာင္လည္းလန္႔ျဖန္႔ရင္း….ခ်ဳံႏြယ္ၾကားထံသို႔၀င္ေရာက္သြားျပန္ေခ်ေတာ့သည္……..။

” ေတာက္…..လုပ္ျပန္ၿပီကြာ…..”

ဦးလဘန္ေနာ္တစ္ေယာက္…ခဲေလသမွ်သဲေရက်ဆိုသလိုပင္…..စိတ္ထဲေဒါသမ်ားအလိပ္လိပ္ထြက္လာမိရင္း…

” ဘာလဲကြာ…….ေန႔တိုင္းလိုလိုျဖစ္ေနၿပီ….”

ဦးလဘန္ေနာ္လည္း….မေန႔ကအတိုင္းပင္
ေခ်ာင္းဘက္ဆီသို႔….ခပ္ျမန္ျမန္ေျပးလႊားလိုက္ေတာ့သည္….။
ထုံးစံအတိုင္းပင္……ေႁမြႀကီးလည္းေခ်ာင္းတစ္ဖက္ကမ္းထံသို႔တေ႐ႊ႕ေ႐ႊ႕ႏွင့္ခ်ဳံႏြယ္ေတာႀကီးထံသို႔၀င္ေရာက္သြားေတာ့သည္……။

” ဒီေႁမြႀကီးက….ဘာလို႔ဒီေနရာမွာရွိေနရတာလဲ…..”

ဒီတစ္ခါေတာ့…..ဦးလဘန္ေနာ္သားေကာင္ထက္ေႁမြႀကီး၏လႈပ္ျခားမႈမ်ားကိုပို၍စိတ္၀င္စားမိလာေတာ့သည္…။

” အင္း……သူတို႔အသိုက္မ်ားရွိေနလို႔လား…ဟုတ္ေသးပါဘူး..ဒီေကာင္ကငါပစ္မဲ့အခ်ိန္ဆို၀င္၀င္ရႈပ္ၿပီ….”

ဦးလဘန္ေနာ္….ထပ္စဥ္းစားမေနေတာ့ပဲ
ေႁမြႀကီးသြားေလသည့္ေနာက္သို႔…..အကဲခတ္ၾကည့္ရန္စိတ္အားထက္သန္လာေတာ့သည္…..။

” ဒီေကာင္ဘယ္အထိသြားလဲ……လိုက္ၾကည့္ဦးမွ…”

ဦးလဘန္ေနာ္လည္း…..ေခ်ာင္းအားျဖတ္ေက်ာ္လိုက္ရင္း
ေႁမြႀကီးသြားရာလမ္းေၾကာင္းအတိုင္းေနာက္မွသတိႀကီးႀကီးႏွင့္အကဲခတ္စူးစမ္းလိုက္ေတာ့သည္……။

ေျမႀကီး၏ခႏႊာကိုယ္ႏွင့္ပိျပားေနသည့္လမ္းေၾကာင္းကေတာ့…ဦးလဘန္ေနာ္အတြက္အခက္အခဲမရွိလွေပ…..။
ဦးလဘန္ေနာ္လည္း….သတိရွင္ရွင္ႏွင့္ပင္….။
ဒီလိုေႁမြမ်ိဳးဆိုတာ….လူကိုပါဝါးမ်ိဳႏိုင္တယ္မဟုတ္လား….။
သိျခင္စိတ္ကလည္း….ဦးလဘန္ေနာ္တစ္ေယာက္ထိပ္ဆုံး၌ရွိေနေလရဲ႕……။

၁၀မိနစ္နီးပါးေလာက္ပင္….ဦးလဘန္ေနာ္လည္း
ေႁမြႀကီးသြားသည့္လမ္းေၾကာင္းအတိုင္းသတိႀကီးႀကီးႏွင့္ေလ်ာက္လာခဲ့ရင္း…..
တစ္ေနရာအေရာက္……..
ေႁမြႀကီးမည္သို႔မည္ပုံေပ်ာက္ကြယ္ေလသည္မသိ…..။
ေႁမြႀကီးသြားသည့္….လမ္းေၾကာင္းမွာလည္းအဆုံးသတ္သြားေလၿပီ…..။
ေရွ႕ရွိသစ္ပင္ခ်ဳံႏြယ္မ်ားလည္း…ပကတိအတိုင္းပင္…။

” ထူးဆန္းပါလား……ဒီေကာင္ဘယ္လိုေပ်ာက္သြားရတာလဲ…..”

ဦးလဘန္ေနာ္…စိတ္ထဲ၌ေတာ့ဘ၀င္မက်…..။

” နတ္ေတြဘာေတြမ်ားလား……”

ဦးလဘန္ေနာ္….သားေကာင္ပစ္ရန္လည္းစိတ္ထဲမပါလာေတာ့…..စိတ္ထဲ၌ေတာ့မတင္မက်ျဖင့္ေစာစီးစြာပင္သူ၏ေတာင္ယာတဲထံသို႔ဦးလွည့္ကာျပန္ခဲ့ေတာ့သည္…..။

ဦးလဘန္ေနာ္…ေန႔စဥ္ဂူ၀ကိစႊမ်ားၿပီးစီးသည္ႏွင့္
ေစာေစာပင္…အိပ္ယာ၀င္ခဲ့ေတာ့သည္…..။
စိတ္ထဲ၌ေတာ့…ေႁမြႀကီးအေၾကာင္းစဥ္းစားေနမိသည္မွာအမွန္ပင္…….။
ပင္ပန္းမႈေၾကာင့္…ဦးလဘန္ေနာ္မွာလည္း
တစ္ခနအတြင္းပင္…..အိပ္ေမာက်သြားေခ်ေတာ့သည္…..။

” ဗ်ိဳ႕…..မုဆိုးႀကီး…..မုဆိုးႀကီး…”

ေခၚသံအား….ဦးလဘန္ေနာ္ၾကားေနရေသာ္လည္း
အိမ္မက္လိုလို…ဘာလိုလိုႏွင့္ေဝခြဲ၍မရ….။

တျဖည္းျဖည္းႏွင့္….သူ၏မ်က္လုံးထဲ၌ျမင္ေတြ႕ရလာသည္မွာေတာ့……ႀကီးမားတဲ့ေႁမြႀကီးတစ္ေကာင္ပင္….။
ဦးလဘန္ေနာ္ေႁမြႀကီးအား….အံ့ၾသမႈမ်ားစြာႏွင့္ၿငိမ္သက္ၾကည့္ရႈေနမိရင္း၌ပင္ေႁမြႀကီးမွာလည္းတျဖည္းျဖည္းႏွင့္လူငယ္တစ္ဦးပုံသဏၭာန္ အသြင္ေျပာင္းလဲလာခဲ့ရင္း……..

” ဗ်ိဳ႕…မုဆိုးႀကီး……”

လူငယ္၏…စကားတိုင္းကိုလည္းသူ၏နားမွသဲသဲကြဲကြဲၾကားေနရေလ၏….။

” မုဆိုးႀကီး…..ေနာက္တစ္ခါက်ရင္အခုခင္ဗ်ားလာတဲ့…ေတာတန္းဘက္ကိုအမဲလာမပစ္ပါနဲ႔ဗ်ာ….အဲ့ေနရာကကြၽန္ေတာ္တို႔နတ္ေႁမြႀကီးေတြက်င္လည္က်က္စားတဲ့ေနရာတစ္ေနရာျဖစ္ေနလို႔ပါ…ေနာက္ၿပီးက်ဳပ္တို႔မွာ…အထက္ပုဂၢိဳလ္ ႀကီးေတြတာ၀န္ေစခိုင္းတဲ့တစ္ခ်ိဳ႕ကိစႊေတြလည္းရွိေနျပန္တယ္…ခင္ဗ်ာတို႔လိုလူသားေတြျမင္ေတြ႕လို႔မျဖစ္ဘူး….ေနာက္ၿပီးကြၽန္ေတာ့ေနာက္ကိုလည္းထပ္ၿပီးလိုက္မေခ်ာင္းပါနဲ႔…ခုလည္းခင္ဗ်ားက…ကြၽန္ေတာ္ဖမ္းဖမ္းစားဖို႔လုပ္ေနတဲ့သားေကာင္ေတြကိုပစ္ခတ္ဖို႔လုပ္လုပ္ေနတယ္….ဒါေၾကာင့္ကြၽန္ေတာ္လည္းတမင္သက္သက္…ခင္ဗ်ားလည္းပစ္လို႔မရေအာင္ေရထဲခုန္ခုန္ခ်ၿပီး…သားေကာင္ေတြေျခာက္လွန္႔ေပးခဲ့တယ္…ေနာက္တစ္ခါမလာပါနဲ႔ေတာ့မုဆိုးႀကီး…..ဒါေၾကာင့္မနက္ျဖန္မိုးလင္းတာနဲ႔ေတာထဲကေခ်ာင္းအထက္မွာသစ္တုံးႀကီးကန္႔လန္႔ခံေနရရွိတယ္……အဲ့သစ္တုံးႀကီးမွာေ႐ႊေတြကပ္ေနလိမ့္မယ္……ခင္ဗ်ားလာယူလိုက္ပါ….ၿပီးရင္ေတာ့အမဲလည္းလာမလိုက္ပါနဲ႔ကြၽန္ေတာ္ကိုလည္းလိုက္ၿပီးထပ္မေခ်ာင္းပါနဲ႔မုဆိုးႀကီး………နက္ျဖန္ဆက္ဆက္လာယူလိုက္ပယမုဆိုးႀကီး……”

ဦးလဘန္ေနာ္လည္း…..အိမ္မက္မွလန္႔ႏိုးလာခဲ့ရင္း

” ဟင္…..ငါ့ကိုဟိုေႁမြႀကီးအိမ္မက္လာေပးတာပါလား….ထူးဆန္းလိုက္တာ”

ဦးလဘန္ေနာ္လည္း……အိမ္မက္အားမယုံတစ္၀က္ယုံတစ္၀က္ႏွင့္စဥ္းစားေနမိရင္း….ဆက္၍အိပ္မေပ်ာ္ေတာ့…..။
အိမ္မက္ကိုသာ…..အမ်ိဳးမ်ိဳးေတြးေတာေနမိေတာ့သည္….။

ဦးလဘန္ေနာ္တစ္ေယာက္လည္း…မိုးလင္းသည္ႏွင့္ေႁမြႀကီးေပးသည့္အိမ္မက္အတိုင္းပင္
ေတာတန္းႀကီးထဲရွိေနသည့္ေခ်ာင္းအထက္ဘက္ဆီသို႔
ခရီးႏွင္လာလိုက္ေတာ့သည္….။
ဒီတစ္ခါေတာ့…သားေကာင္ပစ္ရန္ရည္႐ြယ္ခ်က္မရွိ….။
ဆန္းၾကယ္သည့္အိမ္မက္အား….သိလိုစိတ္ကသာျပင္းျပေန၍ပင္…..။
ထုံးစံအတိုင္းပင္….အနည္ငယ္ၾကာေအာင္ေလ်ာက္လာခဲ့ရင္း…..
ေခ်ာင္းအထက္ဘက္သို႔ခ်ဳံႏြယ္မ်ားအားတိုးေဝွ႔ရင္း..ကန္႔လန္႔ခံေနသည့္သစ္တုံးႀကီးအားရွာေဖြေနမိသည္…..။
ဦးလဘန္ေနာ္လည္းအခ်ိန္ၾကာသည္အထိေခ်ာင္းအထက္ဘက္သို႔ေလ်ာက္လာခဲ့ရင္း…..

” ဟင္…….”

ဦးလဘန္ေနာ္တစ္ေယာက္….ေႁမြႀကီးေျပာသည့္အတိုင္းပင္
အေဝးမွ….ေခ်ာင္းႀကီးအားကန္႔လန္႔ခံေနသည့္သစ္တုံးႀကီးအားျမင္လိုက္ရေတာ့သည္…..။

ေနေရာင္ကလည္း….သစ္တုံးႀကီးထံထိုးက်ဆင္းေနသည့္အတြက္…..သစ္တုံးႀကီးမွာလည္းအေရာင္တလွ်ပ္လွ်ပ္ေတာက္ပေနလွ်က္…..။
ဦးလဘန္ေနာ္လည္း…..ေျခလွမ္းခပ္သြက္သြက္ႏွင့္သစ္တုံးႀကီးရွိသည့္ေနရာထံအေျပးလာခဲ့လိုက္ရင္း…..
အနီးကပ္ျမင္လိုက္၇သည့္ျမင္ကြင္းကေတာ့….ဦးလဘန္ေနာ္တစ္ေယာက္ပါးစပ္အေဟာင္းပင္ျဖစ္သြားေခ်ေတာ့သည္….။
သစ္တုံးတစ္တုံးလုံးမွာမူ….ေ႐ႊအတိကပ္ၿငိတြယ္လ်က္….။

” ဘုရား…..ဘုရား…..တကယ္ႀကီးပါလား……”

ဦးလဘန္ေနာ္လည္း…..အခ်ိန္ဆြဲမေတာ့ပဲ
အသင့္ပါလာသည့္ဓားေျမႇာင္အား…..ထုတ္၍
သစ္တုံးႀကီး၌…..ကပ္ၿငိေနသည့္ေ႐ႊမ်ားအား..ျခစ္ယူရန္စတင္လိုက္ေတာ့သည္…..။

သစ္တုံးႀကီး၌….ကပ္ေနသည့္ေ႐ႊတစ္ခ်ိဳ႕ကလည္း
သူထင္သလိုလြယ္လြယ္ကူကူႏွင့္မရေပ…..။
ဦးလဘန္ေနာ္လည္း…..ခဲရာခဲဆစ္ပင္ျခစ္ယူေနရသည္….။
တစ္ျဖည္းျဖည္းႏွင့္အခ်ိန္ကလည္း…….မည္သို႔ကုန္လြယ္သြားသည္မွန္းသူမသိလိုက္…..။
ေနမင္းႀကီးကပင္…..ေတာင္စြယ္ေတာင္စားဆီသို႔တိုး၀င္ရန္ဦးတည္ေနေပၿပီ…….။
ဦးလဘန္ေနာ္တစ္ေယာက္……ေ႐ႊစမ်ားလက္တစ္ဆုတ္စာရရွိၿပီးေနာက္…..

” အင္း……ငါတစ္ေယာက္ထဲဆိုမလြယ္ေလာက္ဘူး…ဒီည႐ြာျပန္ၿပီ….ငါ့အမ်ိဳးေတြကိုေခၚၿပီျပန္လာယူမွျဖစ္မယ္……”

ဦးလဘန္ေနာ္တစ္ေယာက္…..ေ႐ႊစမ်ားအားပိတ္စတစ္ခုအတြင္းထည့္လိုက္ရင္း….ေတာင္ယာတဲဆီသို႔ခရီးလွည့္လာလိုက္ေလေတာ့သည္….။
ဦလဘန္ေနာ္လည္း….ေတာင္ယာတဲသို႔ေရာက္သည္ႏွင့္အခ်ိန္ဆိုင္းမေနေလပဲ….႐ြာဆီသို႔တစ္ေက်ာ့ျပန္ခရီးႏွင္ခဲ့လိုက္ျပန္ေတာ့၏…..။

” ေဟ………..”

“လဘန္ေနာ္……မင္းတကယ္ေျပာေနတာလား…….”

” က်ဳပ္တကယ္ေျပာေနတာ…..ဗ်……သစ္တုံးတစ္တုံးလုံးေ႐ႊေတြႀကီးပဲ….”

ပိတ္စအတြင္းမွေ႐ႊစတစ္ခ်ိဳ႕ကို….အားလုံးကလည္း
စိတ္၀င္တစားႏွင့္အကဲခတ္ေနၾကေလသည္…..။

” ဒါဆိုရင္……ငါတို႔ကိုဘုရား မ တာပဲကြ…..”

ဦလဘန္ေနာ္လည္း….ေခါင္းတဆတ္ဆတ္ၿငိမ့္ေနရင္း…..

” ဟုတ္တယ္….အကို` ဂြန္ဆန္´ေျပာတာမွန္တယ္….အဲ့ဒါေၾကာင့္……က်ဳပ္တို႔ထက္သူမ်ားေတြေတြ႕သြားလို႔မျဖစ္ဘူး…ေနာက္ၿပီးအဲ့အနားကလည္းတျခားမုဆိုးေတြေတာလည္တတ္တာေၾကာင့္….အခ်ိန္ဆြဲေနရင္ေတာ့မေကာင္းဘူးဗ်……ဒါေၾကာင့္က်ဳပ္ေတာင္ခုညတြင္းျခင္းပဲ႐ြာကိုအေျပးလာခဲ့ရတာ…….”

” အင္း……ဟုတ္ၿပီ လဘန္ေနာ္……ဒါဆိုငါတို႔ေတြမနက္လင္းတာနဲ႔….မင္းေျပာတဲ့ေနရာျမန္ျမန္ေရာက္ဖို႔လိုလိမ့္မယ္….လိုအပ္တာေတြကိုဒီညတစ္ခါထဲစီစဥ္ထားရမယ္….မင္းေျပာတဲ့ပုံစံအရဆိုေ႐ႊေတြက….ေတာ္ေတာ္စိတ္ရွည္လက္ရွည္နဲ႔ခြာယူရမယ္ကြ……”

” ဒါေတာ့….အေသအခ်ာပဲကိုဂြန္ဆန္…က်ဳပ္ေတာင္တစ္ေန႔လုံးမွဒီလက္တစ္ဆုတ္ပဲရခဲ့တာ…….”

” ေအး…ေအး…..ဒါဆိုမင္းလည္းအနားယူလိုက္ေတာ့….မင္းလည္းပင္ပန္းလာတာ…..လိုအပ္တာေတြကိုငါနဲ႔ငါ့တူ ဆိုင္းေနာ္ နဲ႔စီစဥ္ထားလိုက္မယ္……မနက္ၾကေစာေစာသြားၾကတာေပါ့……”

” ဟုတ္ၿပီ…..ကိုဂြန္ဆန္…..ဒါဆိုက်ဳပ္လည္းျပန္ေတာ့မယ္….”

ႏႈတ္ဆက္စကားဆိုၿပီးသည္ႏွင့္….ဦးလဘန္ေနာ္လည္းအိမ္သို႔ျပန္လာလိုက္ေတာ့သည္………။

႐ြာမွဦးလဘန္ေနာ္၏…..ေတာင္ယာဆီသို႔ပင္ေတာ္ေတာ္ေလ်ာက္ခဲ့ရသည္……။

” က်ဳပ္ေျပာတာ..ဟို….ျမဴ ေငြ႕ေတြဆိုင္းေနတဲ့….ေတာတန္းႀကီးပဲအကို`ဂြန္ဆန္´….”

” အင္း…..ဒါဆိုခနတစ္ျဖဳတ္နားၿပီး…သြားၾကတာေပါ့လဘန္ေနာ္….”

ဦးလဘန္ေနာ္၏….ရင္ထဲ၌ေတာ့အတိုင္းမသိေအာင္ပင္ၾကည္းႏူး၍ေနသည္…..။
တစ္သက္လုံး….အမဲလိုက္…ေတာင္ယာလုပ္ႏွင့္ဘ၀ကိုပင္ပင္ပန္းပန္ႏွင့္႐ုန္းကန္ေနရတာမဟုတ္လား……။
မိသားစုအတြက္….မပူပင္မေၾကာင့္ၾကေအာင္
ထားျခင္သည့္ဆႏႊ…ရွိေသာ္လည္း
သူကိုယ္တိုင္ပင္…မစြမ္းသာ…..။

ယခုေတာ့……အဲ့စိတ္ကူးေတြအထေျမာက္ေပေတာ့မယ္…။
မုဆိုးႀကီးဦးလဘန္ေနာ္ဘ၀ကေန…..သူေဌးႀကီးဦးလဘန္ေနာ္တစ္ေယာက္အျဖစ္ေျပာင္းလဲသြားလိမ့္မည္လို႔….သူ႔ကိုသူပင္မေတြးမိခဲ့……..။
မ်က္လုံးအစုံမွိတ္လိုက္တိုင္း…..ခမ္းနားသည့္ပုံရိပ္တစ္ခ်ိဳ႕ကလည္း….အေတြးထဲကူးယွက္ျဖတ္သန္းေနေလရဲ႕…..။

” ငါ…ခ်မ္းသာၿပီ……..”

” ကဲ….လဘန္ေနာ္….ငါတို႔အခ်ိန္ရွိတုန္းသြားၾကရေအာင္ကြာ…….”

ကိုဂြန္ဆန္၏…..အသံေၾကာင့္
ေတြးလက္စ….စိတ္ကူးမ်ားအား
ရပ္တန္႔လိုက္ရင္း……ေတာတန္းႀကီးဘက္သို႔ေျခလွမ္းမ်ားဦးေဆာင္၍ဦးလဘန္ေနာ္လည္းစတင္လိုက္ေတာ့သည္…..။

ေရွ႕မွေန၍….ဦးလဘန္ေနာ္လည္းဦးေဆာင္ကာ
တိုးေဝွ႔လာခဲ့သည္…..။
အားလုံးကလည္း….ခပ္သြက္သြက္ေျခလွမ္းမ်ားျဖင့္ေလ်ာက္လာခဲ့ရင္း…..

” ေရာက္ေတာ့မွာလား……လဘန္ေနာ္……”

” သိပ္မေဝးေတာ့ဘူး…..ကိုဂြန္ဆန္….ေရွ႕နားဆိုေခ်ာင္းေရာက္ၿပီ….”

အားလုံးလည္း…..ပင္ပန္းမႈကိုဂရုမမႈႏိုင္…..။
ခ်ဳံႏြယ္မ်ားအား…တိုးေဝွ႔၍အားခဲရင္းသာေလ်ာက္ေနၾက၏….။

သိပ္မၾကာေပ…..ေရစီးသံသဲ့သဲ့အား…
အားလုံးလည္းၾကားလိုက္ရေတာ့သည္…..။

” ေရစီးသံ……ၾကားတယ္မလားကိုဂြန္ဆန္…..က်ဳပ္တို႔ေရာက္ေတာ့မယ္ဗ်….”

အားလုံး၏….မ်က္ႏွာမ်ားလည္း၀င္းဝါလာရင္း…..

” ကဲ……ျမန္ျမန္သြားရေအာင္……”

အခ်ိန္အနည္းငယ္ၾကာေအာင္….ေလ်ာက္လာၿပီးသည္ႏွင့္

” ကိုဂြန္ဆန္…..ဟိုမွာေတြ႕လား…..”

ဦးလဘန္ေနာ္၏…..လက္ညိဳးၫြန္ျပရာဆီသို႔.. .အားလုံးအၾကည့္မ်ားေရာက္ရွိသြားရာ……

” ဟာ……….”

ေခ်ာင္းအားကန္႔လန္႔ခံ၍ေနေလသည့္သစ္တုံးႀကီးအားျမင္လိုက္ရေတာ့သည္…….။

” ငါတို႔ေတာ့…..ခ်မ္းသာၿပီေဟ့….”

“ေဟး…….”

အားလုံးလည္း……ျမန္ျမန္ဆန္ဆန္ႏွင့္ပင္သစ္တုံးႀကီးရွိသည့္ထံသို႔အေျပးတစ္ပိုင္းခ်ဳံႏြယ္တစ္ခ်ိဳ႕အားတိုးေဝွ႔ေျပးလႊားလိုက္ၾကေတာ့သည္…….။

” ဟာ……..”

” ဟင္……..”

ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္….အားလုံးလည္းပါးစပ္အေဟာင္းသားျဖစ္မိသြားေခ်ေတာ့သည္…..။

” လဘန္ေနာ္……မင္းေျပာေတာ့….သစ္တုံးမွာေ႐ႊေတြဆို….ခုဘယ္မွာလဲဟ….”

ဦးလဘန္ေနာ္တစ္ေယာက္ပင္….မယုံၾကည္ႏိုင္သည့္မ်က္လုံးမ်ားႏွင့္သစ္တုံးႀကီးအားၾကည့္မိေနရင္း…..

” ဘယ္လိုျဖစ္သြားတာလဲ…..ေ႐ႊေတြကဘယ္ေရာက္သြားတာလဲ…..”

” မင္းေျပာတဲ့စကားယုံမိတာ…..မွားၿပီထင္တယ္ကြာ….”

” က်ဳပ္မညာပါဘူး…ကိုဂြန္ဆန္….က်ဳပ္ကိုေႁမြႀကီးအိမ္မက္ေပးတုန္းကက်ဳပ္လာယူေတာ့….ဒီတုံးတစ္တုံးလုံးကေ႐ႊေတြႀကီးပဲ….ခုေတာ့ဘယ္လိုျဖစ္ရတာလဲ…..”

ဦးလဘန္ေနာ္တစ္ေယာက္……စဥ္းစားမရ

အားလုံးလည္း…လက္မႈိင္ခ်ၿငီးျငဴ ေနၾကရင္း…

” ကဲပါေလ…မရွိေတာ့မွေတာ့ဘာတတ္ႏိုင္မွာလဲ….ငါတို႔နဲ႔မထိုက္လို႔မရတာပဲလို႔သတ္မွတ္လိုက္ၾကေပါ့…..”

အားလုံးလည္း…..ဦးလဘန္ေနာ္ေတာင္ယာတဲထံသို႔
ညအိပ္အနားယူရန္အတြက္….အားမပါသည့္ေျခလွမ္းအစုံႏွင့္ျပန္လာခဲ့ၾကေတာ့သည္…..။

#*********************#***********#

” ဗ်ိဳ႕..မုဆိုးႀကီး…..”

ေခၚသံေၾကာင့္…ဦးလဘန္ေနာ္လွန္႔ႏိုးလာခဲ့ရင္း

” ဟင္…..ေႁမြ..ေႁမြႀကီးပါလား……”

” ဟုတ္တယ္….မုဆိုးႀကီး……ခင္ဗ်ားကေတာ္ေတာ္မိုက္မဲတဲ့လူပဲဗ်ာ…..”

” ဘာ….ဘာ…လို႔လဲဗ်ာ….”

” က်ဳပ္ေ႐ႊေတြလာယူဖို႔……ေျပာတုန္းကခင္ဗ်ားတစ္ေယာက္ထဲကိုပဲ…ယူဖို႔ေျပာခဲ့တာေလဗ်ာ……ဘာလို႔မသက္ဆိုင္တဲ့လူေတြေခၚခဲ့ရတာလဲ….. ”

ဦးလဘန္ေနာ္…..ၾကက္ေသေသၿငိမ္သက္စြာျဖင့္ၾကည့္ေနမိရင္း……

” ၀မ္းနည္းပါတယ္….မုဆိုးႀကီး……ဒါကခင္ဗ်ားလုပ္တဲ့ကံတရားပဲဗ်ာ….က်ဳပ္လည္းမတတ္ႏိုင္ဘူး…က်ဳပ္သြားေတာ့မယ္……..”

ေႁမြႀကီးလည္း…..စကားဆုံးသည္ႏွင့္ဦးလဘန္ေနာ္၏…မ်က္စိေရွ႕မွပင္တစ္ျဖည္းျဖည္ႏွင့္ေတာတန္းႀကီးဖက္ဆီသို႔တေ႐ႊ႕ေ႐ႊ႕ႏွင့္ေပ်ာက္ကြယ္သြားေတာ့သည္…….။

(ၿပီးပါၿပီ)

အမွားပါလွ်င္ခြင့္လြတ္ေပးၾကပါ…….။

( စာဖတ္ပရိတ္သတ္တို႔၏…ၾကားဖူးနား၀..ျဖစ္ရပ္မွန္မ်ားလည္း…အခက္အခဲမရွိလွ်င္…ကြၽဳႏ္ုပ္၏….cbသို႔ေျပာျပႏိုင္ေၾကာင္း….ေမတၱာ ရပ္ခံေတာင္းဆိုပါတယ္ခင္ဗ်ာ…)

စာေရးသူ=Zin myo