နတ်ဖွက်ခံရသည့်ကလေး (စ-ဆုံး)

Unicode Version

နတ်ဖွက်ခံရသည့်ကလေး (စ-ဆုံး)
—————————————–
“အမေ ကျုပ်အဖေ့ဆီထမင်းတောင်းသွားပို့မလို့
ဘာမှာလိုက်ဦးမလည်း”
“အေးအေး ဘာမှမမှာတော့ပါဘူးသားရယ်
ဂရုစိုက်သွားဦးကြားလား”
“ဟုတ်အမေ”
၁၁နှစ်အရွယ်သားဖြစ်သူ မောင်ရန်အောင်အတွက်မိခင်ဖြစ်သူဒေါ်ဇင်မာ
ကစိုးရိမ်ပြီးမှာနေခြင်းဖြစ်သည်။
မောင်ရန်အောင်လည်းဖခင်ရှိသည့်
လယ်သို့ထမင်းတောင်းအားထမ်းပြီးလာခဲ့
သည်။
မောင်ရန်အောင်တို့လယ်က ဧကကျယ်ဝန်းသလောက် လယ်ကွင်း၏
တစ်ဖက်တစ်ချက်တွင်
သစ်ပင်ကြီးများအစုံအလင်ပေါက်ရောက်လျက်
ရှိကြပေသည်။
လယ်ထဲသို့ရောက်တော့ ဖခင်ဖြစ်သူ ဦးတင်အေးကနွားတစ်ရှဉ်းဖြင့်
ထွန်ယှက်နေသည်ကိုမြင်ရလေသည်။
“အဖေရေ အဖေ ကျုပ်ထမင်းတောင်း
လာပို့တာဗ်”
လယ်လုပ်နေသည့်ဖခင်ဖြစ်သူဦးတင်အေးလည်းသားဖြစ်သူ၏အသံကိုကြားလိုက်သည့်အတွက်
နွားအားခဏရပ်နားလိုက်ပြီး
အသံလာရာသို့လှမ်းကြည့်လိုက်သည်။
“သား အစောကြီးလာပို့တာလားကွ
အဖေ ဒီမှာမအားသေးဘူး ပြီးတော့
ဗိုက်လည်းမဆာသေးဘူး ထမင်းတောင်းကို
တဲထဲထားခဲ့ သားရေ”
“ဟုတ် သားလည်းမပြန်သေးဘူး အဖေ
ခဏနေဦးမှာဗျ အဖေဆာမှထမင်း
လာစားပေါ့ တဲထဲထားခဲ့လိုက်မယ်”
“အေးအေး ထားခဲ့ အဝေးကြီးတွေ
လျှောက်သွားဆော့မနေနဲ့ဦး”
“‘ဟုတ်”
မောင်ရန်အောင်က အမြဲတမ်းသည်လိုပင်
ထမင်းတောင်းလာပို့တိုင်း ဖခင်ရှိသည့်
လယ်ကွင်းကြီးထဲ စိတ်တိုင်းကျအောင်
ဆော့ကစားပြီးမှအိမ်ပြန်တတ်သူဖြစ်သည်။
ယခုလည်းထမင်းတောင်းအား လယ်တဲထဲ
ထားခဲ့လိုက်ပြီး စိတ်ကူးပေါက်ရာ
ကစားချင်သေး၍ လယ်ကွင်းအနှံ့ပြေးလွှား
ဆော့ကစားနေခဲ့လေသည်။
ပိုးကောင်များအားလိုက်ဖမ်းလိုက်
ပုဇဉ်းများလိုက်ရိုက်လိုက်ဖြင့်
ဆော့နေရင်းမောလာ၍ သစ်ပင်အောက်ဝင်၍
ခေတ္တခဏနားနေလိုက်သည်။
မောင်ရန်အောင်သစ်ပင်ကြီးအားမော့ကြည့်လိုက်သည်။
အပင်ကအရိပ်အာဝသကောင်းသောကြောင့်
လေတဖြူးဖြူးနှင့်ရှိနေသည်။
မောင်ရန်အောင်လည်း အမောဖြေနေရင်း
မျက်လုံးကတဖြည်းဖြည်းချင်းလေးလံလာပြီး
အိပ်ချင်သလိုဖြစ်လာလေသည်။
ထို့နောက် ခဏလှဲပြီးနားဦးမည်ဟု
တွေးကာ အပင်အောက်သို့လှဲကာ
အိပ်လိုက်လေသည်။
===============
ဦးတင်အေးလည်း လယ်လုပ်ရင်း
ဗိုက်ဆာလာသဖြင့် နွားများအားအရိပ်အောက်တွင်
ကြိုးချည်ထားလိုက်ပြီး
ထမင်းစားရန်လယ်တဲသို့လာခဲ့လေသည်။
တဲသို့ရောက်တော့ ထမင်းတောင်းလေးက
ပုံစံမပျက်ရှိနေလေသည်။
ဦးတင်အေးလည်း ထမင်းတောင်းထဲမှ
ထမင်းနှင့်ဟင်းများအားခူးခပ်စားလိုက်လေသည်။
ထမင်းစားနေရင်း သားဖြစ်သူ ရန်အောင်အား
သတိရသွားဟန်ဖြင့်
“ဟိုကောင် ဆော့တာဝလို့ပြန်သွားပြီ
ထင်တယ် ဖအေကိုတောင်နှုတ်ဆက်
ဖော်မရဘူး”
ဦးတင်အေးလည်း ထိုကဲ့သို့တွေးလိုက်မိသည်။
ထမင်းစားပြီးတအောင့်နားလိုက်သည်
အနားယူပြီးသည်နှင့်လယ်ကိစ္စအလုပ်များ
ထပ်မံလုပ်ရပေတော့သည်။
………………………
“လူလေး ထထ လူလေး ထ”
မောင်ရန်အောင်လည်း သူ၏ကိုယ်ခန္ဓာအားတစ်စုံတစ်ယောက်က
လှုပ်ခက်ပြီးနှိုးလိုက်သဖြင့်
မျက်လုံးဖွင့်ကြည့်လိုက်လေသည်။
“လူလေး နိုးလာပြီးလား”
ပအသက်ကြီးကြီးအဘိုးအိုကြီးတစ်ယောက်
မောင်ရန်အောင်အားလာနှိုးနေခြင်းဖြစ်သည်
အဘိုးအို၏ပုံစံက လွန်စွာမှရှေးကျလွန်းလှသည့်ပုံစံပေါ်လွင်နေ
လေသည်။
အဘိုးအိုကြီးဝတ်ထားသည့်အဝတ်အစားများအား
မောင်ရန်အောင်တစ်ခါမှမမြင်ဖူးသည့်
ပုံစံမျိုးဖြစ်နေသည်။
မင်းညီမင်းသားသဖွယ်ဝတ်စားဆင်ယင်ထားသည့်အဘိုးအိုက မောင်ရန်နိုင်အား လာ၍စကားပြော
နေလေသည်။
“အဘက ဘယ်သူလဲဗျ ကျုပ်တစ်ခါမှ
အဘကိုမမြင်ဖူးသလို သိလည်းမသိဘူးဗျ”
“အဘကိုသားဘယ်သိမလဲ အဘက
ဟိုဘက်ရွာမှာနေတာလေ”
“သြော် ဒီလိုလား ဒါနဲ့အဘက
သားတို့ရွာကိုဘာလာလုပ်တာလဲဟင်”
“အဘက လူကလေးအဖေဆီခဏအလည်လာတာကွဲ့”
“ဒါဆိုသားအဖေဆီလိုက်ပို့ပေးမယ်လေ
အဘက ကျုပ်အဖေနဲ့သိတဲ့သူပေါ့”
“‘အေးပေါ့ကွ လူကလေးအဖေနဲ့ အဘက
သိပ်ကိုရင်းနီးကြတဲ့မိတ်ဆွေတွေပေါ့
သားကိုအဘက ပြောစရှိလို့ကွဲ့”
“ဟုတ်ပြောပါအဘ ”
“ဒီလိုကွဲ့ လူကလေးဘုရားဖူးတွေဘာတွေ
ထွက်ဖူးလား”
“ဟင့်အင်း တစ်ခါမှမသွားဖူးဘူးဗျ
အိမ်ကလိုက်မပို့ကြဘူးလေ”
“ဒါဆိုအဘက လိုက်ပို့မယ်ဆိုရင်ရော
လူကလေးကလိုက်မှာလား”
“ဟာ…လိုက်မှာပေါ့အဘရ အဘတကယ်ပြောတာလား”
“တကယ်ပြောတာပေါ့ကွ အဘကမလိမ်တတ်ပါဘူးကွ ”
“ဒါဆို ကျုပ်လိုက်မယ်အဘရာ
ဘုရားတွေကိုဝအောင်ဖူးပစ်လိုက်မယ်”
“ဒါဆိုအဘနောက်ကလိုက်ခဲ့ပေတော့
လူကလေး”
“ဟင် အဘကလည်းခြေလျင်ကြီး
ဘယ်လိုသွားကြမှာလဲဗျ သွားရမှာက
အဝေးကြီးမဟုတ်လား”
“မဝေးပါဘူးလူကလေးရယ် ခဏလေးအတွင်းလူကလေးကိုဘုရားစုံလိုက်ပို့ပေးမယ်
စိတ်ချ အဘခိုင်းတဲ့အတိုင်းသာလုပ်ပေး”
“ကျုပ်ကို အဘကဘာခိုင်းမှာလဲဗျ”
“လူကလေးရဲ့ လက်နှစ်ဖက်ကို အဘရဲ့
လက်ဝါးနှစ်ဖက်ပေါ် တင်ထားပြီးမျက်လုံးမှိတ်ထားလိုက်ယုံပဲ
လုပ်ရမှာပါ”
“ဟာ …အဲ့ဒီလိုလုပ်လိုက်တာနဲ့
ကိုယ်သွားချင်တဲ့နေရာကိုရောက်သွားရောလား”
“အဘပြောပြီးပြီပဲ အဘကိုသာယုံလိုက်
သြော် လူကလေးတစ်ခုသတိထားရမှာက
အဘကမပြောပဲနဲ့ မျက်လုံးကိုဖွင့်မကြည့်မိစေနဲ့
ကြားလား”
“ဟုတ်ကဲ့ အဘ ကျုပ်မှတ်ထားပါ့မယ်”
ထို့နောက် အဘိုးအိုကြီးက သူ့ရဲ့လက်ဖဝါး
နှစ်ဖက်အားဖြန့်လိုက်လေသည်။
မောင်ရန်အောင်ကလည်း သူ့ရဲ့လက်ဖဝါး
နှစ်ဖက်အား အဘိုးအိုကြီး၏လက်ဖဝါးပေါ်
တင်လိုက်လေသည်။
“ကဲ မျက်လုံးကိုမှိတ်ထားပါ စိတ်ထဲမှာ
ဘုရားကိုပဲအာရုံပြုနေလိုက် လူကလေး”
မောင်ရန်အောင်လည်း အဘိုးအိုခိုင်းသည့်
အတိုင်းမျက်လုံးအားမှိတ်ထားလိုက်ပြီး
ဘုရားအားအာရုံပြုထားလိုက်လေသည်။
ရုတ်ရက်ဆိုသလို လေအေးတစ်ချက်က
မောင်ရန်၏ကိုယ်ခန္ဓာအား ဖြတ်၍
တိုက်ခက်သွားသလိုခံစားလိုက်ရလေသည်။
ပြီးနောက် မောင်ရန်အောင်၏
ကိုယ်ခန္ဓာဟာ မြူမှုန်ပမာ ပေါ့ပါးလာသလို
စိတ်မှခံစားလာရလေသည်။
“ကဲ မျက်လုံးကိုဖွင့်ကြည့်လို့ရပါပြီ
လူကလေး”
အဘိုးအိုခိုင်းသည့်အတိုင်းမောင်ရန်အောင်
မျက်လုံးနှစ်စုံအားဖွင့်ကြည့်လိုက်ရာ
ကိုယ့်မျက်လုံးကိုယ်ပင်မယုံကြည်နိုင်
လိုက်အောင်ဖြစ်ရလေသည်။
သူတစ်ခါမှမရောက်ဖူးသော တန်ခိုးကြီးဘုရားပေါ်သို့ သူရောက်ရှိနေလေသည်။
ဘုရားရင်ပြင်ပေါ်တွင်ဘုရားဖူးလာကြသည့်လူများဖြင့်ပြည့်နှက်၍နေပေသည်။
“ဟာ အဘလူတွေမှအများကြီးပဲ
သူတို့လည်းကျုပ်လို ဘုရားဖူးလာကြတဲ့
သူတွေပေါ့နော် အဘ”
“ဟုတ်တာပေါ့လူကလေးရ ကဲလာလာ
ဘုရားကိုဦးခိုက်ကဦးစို့ ”
“ဟုတ်ကဲ့ အဘ”
မောင်ရန်အောင်နှင့်ထူးဆန်းသည့်အဘိုးအို
လည်းဘုရားရှေ့သို့ ထိုင်လိုက်ပြီး ထိခြင်းငါးပါးဖြင့်
မြတ်စွာဘုရားအားရှိခိုးလိုက်ကြလေသည်။
ဘုရားအားရှိခိုးကန်တော့ပြီးသည်နှင့်
မောင်ရန်အောင်က တစ်ခုခုကိုသတိရသွားဟန်ဖြင့်အဘိုးအိုအား
မေးလေသည်။
“အဘိုး အဘိုးကိုကျုပ်မေးရဦးမယ်ဗျ”
“အေး မေးလေ လူကလေးကဘာမေးချင်လို့တုန်း”
“အဘက ကျုပ်လက်နှစ်ဖက်ကို ကိုင်ထားလိုက်တာနဲ့ သွားချင်တဲ့နေရာကို
ရောက်အောင်သွားနိုင်တယ်ဆိုတော့
အဘကမှော်ပညာတွေတတ်ထားတာလားဗျ”
“ဟား ဟား ဟား ဟား ”
“ဟင် ဘာရယ်တာလဲဗျ အဘကလည်း
ကျုပ်မေးတာရယ်စရာပါလို့လားဗျ”
“မ မဟုတ်ပါဘူးကွာ လူကလေးမေးခွန်းကို
အဘသဘောကျလွန်းလို့ပါ
လူကလေးက လူကသာငယ်တာ
အတွေးအခေါ်ကမငယ်ပေဘူးပဲ
ဒီမယ် လူကလေးကိုသိအောင်အဘပြောပြမယ်
လူ့လောကမှာ လူတို့ဉာဏ်နဲ့မမှီတဲ့အတတ်ပညာတွေ၊ထွက်ရပ်ပေါက်သွားကြတဲ့ပုဂ္ဂိုလ်တွေ၊
လူတို့မျက်စိနဲ့မမြင်နိုင်တဲ့အစောင့်အရှောက်
တွေဆိုတာ အို …အများကြီးမှ
အများကြီးပဲရှိကြသကွဲ့
အဘလည်းထို့အတူပဲ အဲဒီလိုပုဂ္ဂိုလ်တွေထဲက
တစ်ယောက်အပါအဝင်ပဲ လူကလေး”
“ဗျာ…ဒါ ဒါဆို အဘက လူမဟုတ်ဘူးပေါ့နော်”
မောင်ရန်အောင်ကတအံ့တသြမေးလိုက်သည်။
“အေးကွဲ့ အဘကလူမဟုတ်ဘူး
လူကလေးကိုပြောပြလို့လည်း
လူကလေးနားလည်မှာမဟုတ်ဘူး
အဘလည်းဒီထပ်အများကြီးပြောခွင့်မရှိဘူးကွဲ့
လူကလေးကိုဘာကြောင့်
ဒီလိုတွေပြောဆိုနေရတာလည်းဆိုတော့
လူကလေးနဲ့အဘဟာလွန်ခဲ့တဲ့ဘဝ
အဆက်ဆက်ကပဌာန်းစက်တစ်ခုကြောင့်
ဒီဘဝမှာလူကလေးဆီကို အဘရောက်လာခဲ့တာပဲ
လူကလေး
ကဲ ကဲ နောက်ထပ် လူကလေးကိုလိုက်ပို့စရာ
နေရာတစ်ခုကျန်နေသေးတယ်
သွားကြဦးစို့ ”
“‘ဟုတ်ကဲ့ အဘ”
မောင်ရန်အောင်လည်း ထူးဆန်းသည့်အဘိုးအို
ခေါ်ဆောင်သည့်နောက်သို့ လိုက်ပါရန်
ဆုံးဖြတ်လိုက်လေသည်။
လက်ဖဝါးနှစ်ဖက်အားအပေါ်အောက်
ထပ်ထားလိုက်ကာ မျက်လုံးအားစုံမှိတ်ထား
လိုက်လေသည်။
=================
“မိန်းမရေ ဖေကြီးပြန်လာပြီဟေ့”
ဦးတင်အေး နွားလှည်းပေါ်မှမဆင်းသေးပဲ
ဇနီးသည်ဒေါ်ဇင်မာအား လှည်းပေါ်မှ
အော်ပြောလိုက်လေသည်။
ဒေါ်ဇင်မာလည်း ထမင်းအိုးချက်နေရင်းတန်းလန်းဖြင့်
အိမ်အပြင်ထွက်လာခဲ့ကာ
“ကိုတင်အေး ရှင့်သားရောပါမလာပါလား”
“သားက မနက်ကထမင်းတောင်းပို့ပြီးကတည်းကအိမ်ပြန်သွားပြီမဟုတ်လား”
“ရှင့်ကိုထမင်းသွားပို့ပြီးကတည်းက
အခုထိအိမ်ပြန်မလာသေးဘူး
ကျွန်မကရှင်နဲ့မှအတူတူပြန်လာကြမယ်
ထင်လို့လာမခေါ်တာ ”
“ဟေ ဟုတ်လား ဒါဆိုငါ့သားဘယ်တွေများ
လျှောက်သွားနေလည်းမသိဘူးကွာ
ဒုက္ခပါပဲ ဒီကောင်လေးနဲ့တော့”
“ဒါဆို ရှင်နွားဖြုတ်ပြီး ထမင်းအိုးကြည့်ထားလိုက်ဦးကျုပ် သူသွားတတ်တဲ့ သူ့သူငယ်ချင်းတွေအိမ်သွားမေးလိုက်ဦးမယ်”
“အေးအေး တွေ့ရင်ခေါ်ခဲ့ မိဘကိုစိတ်ပူအောင်လုပ်တဲ့ကောင်
ငါနဲ့တွေ့မယ်”
ဒေါ်ဇင်မာလည်း သားဖြစ်သူအတွက်စိုးရိမ်သဖြင့်
မောင်ရန်အောင် သွားတတ်သော သူ့သူငယ်ချင်းအိမ်များအား လိုက်လံမေးမြန်း
ကြည့်ရာ
“ဒီကနေ့ ရန်အောင်မလာဘူးဗျ
ကျွန်တော်တောင် ဒီကောင့်ကိုမျှော်နေတာ”
နောက်တစ်အိမ်သွားမေးပြန်တော့
“မလာဘူးဗျ မနေ့ကလာကစားမယ်လို့
ပြောပြီးဒီကောင်ရောက်မလာဘူး
အန္တီ”
တစ်အိမ်ပြီးတစ်အိမ်လိုက်မေးကြည့်သည်
မည်သည့်အိမ်ကမှ မောင်ရန်အောင်ရောက်လာသည်ဟု
မပြောကြပေ။
အမျိုးတွေ၏အိမ်သို့လိုက်လံမေးမြန်းကြည့်သည်
ထိ့နည်းတူသူတို့ကလည်း မလာဘူးဟု
အသံတူဖြေကြလေသည်။
“စိတ်ညစ်တာပါပဲ ဒီကောင်လေး
ဘယ်တွေများသွားနေပါလိမ့်”
ဒေါ်ဇင်မာလိုက်ရှာနေသည်မှာမိုးပင်ချုပ်သွားသည်
ဘယ်လိုမှရှာလို့မတွေ့ပေ။
ထို့ကြောင့်အိမ်သို့ပြန်လာခဲ့တော့သည်။
“မိန်းမ မင့်သားမတွေ့ခဲ့ဘူးလား”
“ဘယ်လိုမှကိုရှာလို့မတွေ့ဘူး ကိုတင်အေးရေ
ဒီကောင်လေး ဘယ်တွေများလျှောက်သွားနေလဲ
မသိဘူး ကျွန်မတော့ စိတ်ပူလွန်းလို့သေတော့မယ်”
ဒေါ်ဇင်မာကပြောရင်းငိုချလိုက်လေသည်။
“ငိုမနေပါနဲ့ မိန်းမရယ် ငါလယ်ထဲ
တစ်ခေါက်ပြန်ပြီးရှာကြည့်ပါဦးမယ်”
“ဒီအချိန်ကြီးရှင်တစ်ယောက်ထဲဘယ်လိုသွားရှာ
မှာလည်း ရှင့်ညီတွေကို သွားအကူအညီ
တောင်းပြီးကူရှာခိုင်းပေါ့တော်”
“အေးပါ မင်းသာ အိမ်ကစောင့်နေ
ငါသွားကြည့်လိုက်ဦးမယ် သလား”
“အင်းပါ ဘုရား ဘုရား တပည့်တော်မ
သားလေးဘေးမသီရန်မခပါစေနဲ့ဘုရား”
==============
ဦးတင်အေးလည်း သူ့ညီနှင့်အစ်ကိုဖြစ်သူအား
ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ဓာတ်မီးကိုယ်စီဖြင့်
ညီအစ်ကို၃ယောက်
လယ်ထဲရောက်လာကြလေသည်။
လယ်ကွင်းထဲမှစပြီး လယ်ကွင်း၏ဘေးတစ်ဖက်တစ်ချက်တိုင်းအား
လိုက်လံရှာဖွေကြရင်း ညီအစ်ကို
သုံးယောက်ပြန်ဆုံကြလေသည်။
“ကိုကြီးတင်အေးရေ ဘယ်လိုမှရှာလို့မတွေ့ဘူးဗျို့”
“ငါလည်းမတွေ့ဘူး တင်အေး မင်းရဲ့သားက
ခြေထောက်မှာဗွေပါသလား မသိဘူးကွာ
ဘယ်လိုမှရှာမတွေ့ဘူး”
“တောက်” ဒီကောင်ဘယ်တွေများ
လျှောက်သွားနေလဲမသိဘူးကွာ”
“လာ ကိုကြီးတင်အေး ရွာပြန်ကြစို့
ရွာရောက်မှတစ်ခါထပ်စဉ်းစားကြည့်ကြတာပေါ့ဗျာ”
ဦးတင်အေးတို့ ညီအစ်ကို၃ယောက်
ရွာပြန်လာကြသည်။
ဦးတင်အေး၏ညီနှင့်အစ်ကိုကလည်း
ဦးတင်အေးတို့အိမ်ထိလိုက်လာကြလေသည်။
တူတော်စပ်သဖြင့် ဦးလေး၂ယောက်လည်း
ခေါင်းမီးတောက်နေကြသည်မှာမလွဲဧကန်ပင်
ဖြစ်သည်။
အိမ်ရောက်တော့ မျှော်လင့်တကြီးဖြင့်
စောင့်နေသည့် ဒေါ်ဇင်မာက
“သားလေးရော ကိုတင်အေး ”
“မတွေ့ခဲ့ဘူး မိန်းမရေ ငါတို့လည်းရှာတာ
နှံ့နေတာပဲ ဒီကောင်ဘယ်သွားနေတာလဲ
မသိဘူး”
“ကျွန်မသားလေးသာတစ်ခုခုဖြစ်ရင်
ကျွန်မတော့ရင်ကျိုးပါပြီတော်”
“မင်းကွာနိမိတ်မရှိ ဘာမရှိ ပါးစပ်ကြီးက”
ဦးတင်အေးက ဒေါ်ဇင်မာခပ်ဆက်ဆက်
ငေါက်လိုက်လေသည်။
“ငါတစ်ခုစဉ်းစားမိပြီကွ တင်အေးရ”
“ဘာလဲကိုကြီးပြောလေ”
“အေး ဒီလိုကွ တို့ရွာတောင်ပိုင်းက
နတ်ကတော် မတင် ဆီသွားမေးကြရင်
ကောင်းမယ် သူဆိုရင်သိမှာပဲ”
“အင်း ဟုတ်သားပဲ မေ့နေလိုက်တာ
မတင်က ဘာပဲပျောက်ပျောက်
သူ့ဆီသွားမေးရင် အကုန်မှန်အောင်
ဟောနိုင်တယ်လို့ကြားဖူးတယ် ”
“ဒါဖြင့်လည်း အခုကတည်းက
သွားကြတာပေါ့ ”
“သွားမယ်ဆိုရင် ငါ့တူရန်အောင်ရဲ့
အင်္ကျီလေးတစ်ထည်ဖြစ်ဖြစ်
ယူလာခဲ့ကြ ဒါလည်းအရေးကြီးတယ်ကွ”
“သြော် ဟုတ်သားပဲ ‘
ဦးတင်အေးတို့ညီအစ်ကို၃ယောက်နှင့်
ဒေါ်ဇင်မာလည်း ရွာတောင်ပိုင်းသို့
လာခဲ့ကြလေသည်။
နတ်ကတော် မတင်၏အိမ်ရှေ့သို့
ရောက်လာကြလေသည်။
“မတင် ရေ မတင် ရှိလားရှင့်”
“ရှိပါတယ်ကွယ် ဘယ်သူလဲမသိဘူး”
“ကျွန်မတို့ရွာထဲက ဇင်မာပါ”
“သြော် ဇင်မာတို့ပါလား အိမ်ထဲဝင်ခဲ့ကြလေ
တံခါးကစေ့ထားတာ တွန်းဖွင့်ပြီးဝင်ခဲ့ရတယ်”
“ဟုတ်ကဲ့ မတင်”
==============
“ပြောဘာကိစ္စလဲ ဇင်မာ လူစုံတပ်စုံပါလား”
“ကျွန်မသားလေး မနက်က ကိုတင်အေးဆီ
ထမင်းသွားပို့ရင်း ပျောက်နေလို့
အခုထိအိမ်ကိုပြန်မရောက်လာဘူး
အဲ့ဒါကျွန်မသားလေး ဘယ်များရောက်နေသလဲ
သိချင်လို့ လာမေးတာပါ”
“ကျွန်တော့်သားလေးကို အမြန်ဆုံးတွေ့အောင်
ကူညီပေးပါဗျာ”
“ကူညီရမှာပေါ့ရှင် စိတ်ချ စိတ်ချ
ဒါနဲ့ ရှင်တို့သားလေးအသုံးအဆောင်
ပစ္စည်းတစ်ခုခု ပါလာသလား
ဒါမှအာရုံခံကြည့်လို့ရမှာမလို့ပါ”
“ဒီမှာပါလာပါတယ် ရှင့် ဒီမှာ သားအင်္ကျီလေးပါ”
နတ်ကတော် မတင်လည်း မဇင်မာလှမ်းပေးသည့်
အင်္ကျီအားယူလိုက်ပြီး နတ်ရုပ်တုများဘက်သို့
လက်အုပ်ချီလိုက်ပြီး ပါးစပ်မှ ပွစိပွစိဖြင့်
တတွတ်တွတ်ရွတ်ဖတ်နေလေသည်။
ခဏခန့်ကြာမှ မဇင်မာတို့ဘက်လှည့်လာပြီး
မျက်လုံးအားစုံမှိတ်ထားကာပြောလေသည်။
“ကလေးက ကောင်းကောင်းမွန်မွန်ရှိနေပါတယ်
လိပ်ပြာလှလွန်းလို့ နတ်ကခဏဖွက်ထားတာပါ
ဘာမှမပူနဲ့ မနက်ဖြန်မနက် နင်တို့အိမ်ကို
အကောင်းအတိုင်းပြန်ရောက်လာလိမ့်မယ်
နင်တို့သားအတွက် သိပ်စိတ်မပူနေနဲ့တော့
ပြန်ရောက်လာစေရမယ်လို့
ငါအာမခံတယ်”
“ကျေးဇူးတင်ပါတယ်ရှင် ”
“ကျွန်တော့်တူဘာမှမဖြစ်ဘူးပေါ့နော်”
“ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး မနက်ဖြန်မနက်လင်းတာနဲ့
အားလုံးအဆင်ပြေပြေသွားလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်ခင်ဗျာ”
ထို့နောက် ဒေါ်ဇင်မာတို့လည်း နတ်ကတော်
မတင်ဆီ၌ ရေစင်ဖိုးတင်ခဲ့ပြီး အိမ်သို့ပြန်လာခဲ့ကြလေသည်။
အိမ်ကိုပြန်ရောက်ပေမယ့်လည်း
ဦးတင်အေးနှင့်ဒေါ်ဇင်မာတို့ လင်မယား
၂ယောက်တစ်ညလုံးကောင်းစွာ
အိပ်မပျော်ခဲ့ကြပေ။
သားလေးမောင်ရန်အောင် ဘာများဖြစ်နေမလဲ
ဟုသာတွေးပူနေမိတော့သည်။
===============
မနက်လင်းတော့ ဦးတင်အေးလည်း လယ်ထဲမဆင်းနိုင် ဒေါ်ဇင်မာလည်း
အိမ်ပေါက်ဝအားမျက်တောင်မခက်
မိလောက်အောင်စိုက်ကြည့်နေမိလေသည်။
ထိုအချိန် အပြင်မှဆူဆူညံညံအသံများကြားလိုက်ရလေသည်။
ရွာထဲကလူများတစ်ယောက်တစ်ပေါက်
ပြောဆိုနေသံသည်တဖြည်းဖြည်းနှင့်
ဒေါ်ဇင်မာတို့အိမ်အနားနီး၍လာလေသည်။
“အေမ ”
“ဟင်”
“သား သားလေး”
ဦးတင်အေးနှင့်ဒေါ်ဇင်မာတို့ သားဖြစ်သူ
မောင်ရန်အောင်အားပြေးဖက်လိုက်ကြ
လေသည်။
အိမ်ထဲတွင်ဝိုင်းပြီးကြည့်နေကြသော
ရွာထဲမှလူများလည်း ဦးတင်အေးတို့
အဖြစ်ကိုကြည့်ကာဝမ်းသာပီတိဖြစ်ကာ
ပြုံးပျော်နေကြလေသည်။
“အမေနဲ့အဖေ ဘာဖြစ်လို့ငိုနေကြတာလဲဗျ
ဘာဖြစ်လို့လည်း”
“သားရယ် ဘယ်တွေလျှောက်သွားနေတာလဲ
အမေတို့မှာ သားကိုတစ်ရက်လုံးလုံး
လိုက်ရှာနေကြတာကွဲ့ ”
“ဟုတ်တယ် သား မင်းကွာ မိဘကို
စိတ်ပူအောင်လို့ တစ်ညလုံးလည်းပြန်မလာဘူး
သားတစ်ရက်လုံးလုံးပျောက်နေတာ
ဘယ်တွေလျှောက်သွားနေတာလဲကွာ”
“ဟင်.ကျုပ် ပျောက်သွားတစ်ရက်ကျော်ပြီ
ဟုတ်လား အဖေ”
“ဟုတ်တယ်လေ သားရဲ့ မင်းပျောက်သွားတာ
တစ်ရက်ကျော်ပြီလေ”
“ကျုပ် အဖေ့ကိုထမင်းတောင်းသွားပို့ရင်း
ထူးဆန်းတဲ့အဘိုးကြီးတစ်ယောက်နဲ့
တွေ့ခဲ့တယ်ဗျ ”
“ဟင်…ဘယ်ကအဘိုးကြီးတုန်း သား”
“ကျုပ်လည်း မသိဘူးဗျ ကျုပ် ကစားရင်း
ပင်ပန်းလို့အဖေ့လယ်ထဲကအပင်အောက် နားနေရင်း မှေးကနဲ အိပ်ပျော်သွားတော့
အဘိုးကြီးတစ်ယောက်က ကျုပ်ကို
လာနှိုးတယ်ဗျ ”
မောင်ရန်အောင်ပြောသည့်စကားအား
မိဘနှစ်ပါးနှင့်ရွာထဲကလူများက
တအံ့တသြနားစိုက်ထောင်နေကြသည်။
မောင်ရန်အောင်လည်း ဆက်ပြောလိုက်သည်။
“အဲ့ဒီအဘိုးကြီးက ကျုပ်ကို သူနဲ့လိုက်မလား
မေးတယ်ဗျ ကျုပ်မရောက်ဖူးတဲ့နေရာတွေကို
လိုက်ပြမယ်တဲ့ ဒါနဲ့ကျုပ်လည်း သူနဲ့
လိုက်သွားခဲ့တယ်
အမေရာ ကျုပ်တစ်ခါမှမရောက်ဖူးတဲ့
ဘုရားတွေကိုနေရာအနှံ့လိုက်ပို့တာဗျ
သူ့လက်ပေါ်ကို ကျုပ်လက်တင်ပြီး
မျက်လုံးမှိတ်လိုက်တာနဲ့ သွားချင်တဲ့နေရာကို
တန်းပြီးရောက်သွားတာဗျ
ပြီးတော့ အဘိုးကြီးကပြောတယ်
သူကလူမဟုတ်ဘူးတဲ့ ပြီးတော့
သူဝတ်ထားတဲ့အဝတ်အစားတွေက
သားတို့နဲ့လည်းမတူဘူး တော်တော်ကို
ရှေးကျလွန်းတယ်ဗျ ဗွီဒီယို ရုံမှာပြတဲ့
ရာဇဝင်ကားထဲကလိုဝတ်ထားတာဗျ
သူကစွမ်းလည်းစွမ်းတယ်
အခုလည်းသူက ကျုပ်ကိုရွာထိပ်ထိ
လိုက်ပို့ပေးတာဗျ သူ့ကိုရွာထဲခေါ်တော့
သူကရွာထဲဝင်ခွင့်မရှိဘူးလို့ပြောတယ်
အမေတို့က ကျုပ်ကို ညအထိပြန်မလာဘူးလို့
ပြောပေမယ့် ကျုပ်သွားနေတဲ့နေရာတွေ
အားလုံးရယ် အခုပြန်လာတော့လည်း နေ့ခင်းဘက်တွေချည်းပဲ”
“ဟင် ဘုရား ဘုရား အမေ့သားလေး
တော်သေးတာပေါ့ သေကံမရောက်
သက်မပျောက်တာ ”
ဒေါ်ဇင်မာက သားဖြစ်သူအားစိုးရိမ်တကြီး
ပြောလိုက်သည်။
ထိုအချိန် ရွာထဲမှ အသက်ကြီးကြီး
လူကြီးတစ်ယောက်ကစကားဝင်ပြော
လိုက်လေသည်။
“ဇင်မာ နင့်သားပြောပုံအရဆိုရင်
နင့်သားကိုခေါ်သွားတဲ့လူက
နတ်ပဲဖြစ်ရမယ် နင့်သားကိုချစ်လို့ခန္ဓာကိုယ်ကို
ဖွက်ထားပြီး ဝိညာဉ်ကိုသာ
ခေါ်ယူပြီး မောင်ရန်အောင်လေးသွားချင်တဲ့
နေရာတွေကို သူလိုက်ပို့တာပဲဖြစ်မယ်
ပြီးတော့ ဘုံဘဝတွေမတူကြတော့
အချိန်တွေလည်းမတူကြပေဘူးပေါ့
မောင်ရန်အောင်လေးသွားတာ အချိန်ပိုင်း
လေးတအောင့်ဆိုပေမယ့် လူ့သက်တမ်းအချိန်အရ
ရက်ချီပြီးကြာသွားတာပေါ့ကွယ်”
“ဟုတ်တယ် ခင်ဗျားပြော ကျွန်တော်
ထောက်ခံတယ် ဒီလိုအဖြစ်အပျက်မျိုးတွေ
ကျုပ်ကြားဖူးခဲ့တယ် အခုမှ ကျုပ်သားလေး
ကိုယ်တွေ့ ကြုံခဲ့ရပြီပေါ့ဗျာ”
ဦးတင်အေးလည်း ထိုလူကြီး၏
ပြောစကားအားထောက်ခံလိုက်လေသည်။
“ကဲ သားလေး နောက်ကို အပင်ကြီးတွေ
အောက်ရောက်ရင် မအိပ်ပါနဲ့နော်
ပြီးတော့ ကိုယ်မသိတဲ့လူတစ်ယောက်က
လာခေါ်ရင်ဘယ်တော့မှလိုက်မသွားမိစေနဲ့
တော်သေးတာပေါ့ အခုဟာက သားကို
ချစ်တဲ့ နတ်ပုဂ္ဂိုလ်ဖြစ်နေလို့
နေရာချင်းလဲမယ့် နာနာဘာဝသာဆို
အမေ့သားလေး အဖြစ်ကိုအမေတွေးတောင်
မတွေးရဲတော့ဘူး
နောင်ကိုဘယ်မှလျှောက်ပြီးလိုက်မသွားပါနဲ့သား
ရယ် ကြားလားအမေပြောတာ”
“ဟုတ်ကဲ့ ကြားပါတယ် အမေရ
ကျုပ်နားလည်ပါပြီ”
မောင်ရန်အောင်၏ထူးဆန်းသည့်
ကိုယ်တွေ့ ဖြစ်ရပ်အကြောင်းကို
တစ်ရွာလုံးပြောမဆုံးဖြစ်နေကြတော့
သည်။

Zawgyi Version

နတ္ဖြက္ခံရသည့္ကေလး (စ-ဆံုး)
—————————————–
“အေမ က်ဳပ္အေဖ့ဆီထမင္းေတာင္းသြားပို႔မလို႔
ဘာမွာလိုက္ဦးမလည္း”
“ေအးေအး ဘာမွမမွာေတာ့ပါဘူးသားရယ္
ဂ႐ုစိုက္သြားဦးၾကားလား”
“ဟုတ္အေမ”
၁၁ႏွစ္အ႐ြယ္သားျဖစ္သူ ေမာင္ရန္ေအာင္အတြက္မိခင္ျဖစ္သူေဒၚဇင္မာ
ကစိုးရိမ္ၿပီးမွာေနျခင္းျဖစ္သည္။
ေမာင္ရန္ေအာင္လည္းဖခင္ရွိသည့္
လယ္သို႔ထမင္းေတာင္းအားထမ္းၿပီးလာခဲ့
သည္။
ေမာင္ရန္ေအာင္တို႔လယ္က ဧကက်ယ္ဝန္းသေလာက္ လယ္ကြင္း၏
တစ္ဖက္တစ္ခ်က္တြင္
သစ္ပင္ႀကီးမ်ားအစုံအလင္ေပါက္ေရာက္လ်က္
ရွိၾကေပသည္။
လယ္ထဲသို႔ေရာက္ေတာ့ ဖခင္ျဖစ္သူ ဦးတင္ေအးကႏြားတစ္ရွဥ္းျဖင့္
ထြန္ယွက္ေနသည္ကိုျမင္ရေလသည္။
“အေဖေရ အေဖ က်ဳပ္ထမင္းေတာင္း
လာပို႔တာဗ္”
လယ္လုပ္ေနသည့္ဖခင္ျဖစ္သူဦးတင္ေအးလည္းသားျဖစ္သူ၏အသံကိုၾကားလိုက္သည့္အတြက္
ႏြားအားခဏရပ္နားလိုက္ၿပီး
အသံလာရာသို႔လွမ္းၾကည့္လိုက္သည္။
“သား အေစာႀကီးလာပို႔တာလားကြ
အေဖ ဒီမွာမအားေသးဘူး ၿပီးေတာ့
ဗိုက္လည္းမဆာေသးဘူး ထမင္းေတာင္းကို
တဲထဲထားခဲ့ သားေရ”
“ဟုတ္ သားလည္းမျပန္ေသးဘူး အေဖ
ခဏေနဦးမွာဗ် အေဖဆာမွထမင္း
လာစားေပါ့ တဲထဲထားခဲ့လိုက္မယ္”
“ေအးေအး ထားခဲ့ အေဝးႀကီးေတြ
ေလွ်ာက္သြားေဆာ့မေနနဲ႔ဦး”
“‘ဟုတ္”
ေမာင္ရန္ေအာင္က အၿမဲတမ္းသည္လိုပင္
ထမင္းေတာင္းလာပို႔တိုင္း ဖခင္ရွိသည့္
လယ္ကြင္းႀကီးထဲ စိတ္တိုင္းက်ေအာင္
ေဆာ့ကစားၿပီးမွအိမ္ျပန္တတ္သူျဖစ္သည္။
ယခုလည္းထမင္းေတာင္းအား လယ္တဲထဲ
ထားခဲ့လိုက္ၿပီး စိတ္ကူးေပါက္ရာ
ကစားခ်င္ေသး၍ လယ္ကြင္းအႏွံ႔ေျပးလႊား
ေဆာ့ကစားေနခဲ့ေလသည္။
ပိုးေကာင္မ်ားအားလိုက္ဖမ္းလိုက္
ပုဇဥ္းမ်ားလိုက္႐ိုက္လိုက္ျဖင့္
ေဆာ့ေနရင္းေမာလာ၍ သစ္ပင္ေအာက္ဝင္၍
ေခတၱခဏနားေနလိုက္သည္။
ေမာင္ရန္ေအာင္သစ္ပင္ႀကီးအားေမာ့ၾကည့္လိုက္သည္။
အပင္ကအရိပ္အာဝသေကာင္းေသာေၾကာင့္
ေလတျဖဴးျဖဴးႏွင့္ရွိေနသည္။
ေမာင္ရန္ေအာင္လည္း အေမာေျဖေနရင္း
မ်က္လုံးကတျဖည္းျဖည္းခ်င္းေလးလံလာၿပီး
အိပ္ခ်င္သလိုျဖစ္လာေလသည္။
ထို႔ေနာက္ ခဏလွဲၿပီးနားဦးမည္ဟု
ေတြးကာ အပင္ေအာက္သို႔လွဲကာ
အိပ္လိုက္ေလသည္။
===============
ဦးတင္ေအးလည္း လယ္လုပ္ရင္း
ဗိုက္ဆာလာသျဖင့္ ႏြားမ်ားအားအရိပ္ေအာက္တြင္
ႀကိဳးခ်ည္ထားလိုက္ၿပီး
ထမင္းစားရန္လယ္တဲသို႔လာခဲ့ေလသည္။
တဲသို႔ေရာက္ေတာ့ ထမင္းေတာင္းေလးက
ပုံစံမပ်က္ရွိေနေလသည္။
ဦးတင္ေအးလည္း ထမင္းေတာင္းထဲမွ
ထမင္းႏွင့္ဟင္းမ်ားအားခူးခပ္စားလိုက္ေလသည္။
ထမင္းစားေနရင္း သားျဖစ္သူ ရန္ေအာင္အား
သတိရသြားဟန္ျဖင့္
“ဟိုေကာင္ ေဆာ့တာဝလို႔ျပန္သြားၿပီ
ထင္တယ္ ဖေအကိုေတာင္ႏႈတ္ဆက္
ေဖာ္မရဘူး”
ဦးတင္ေအးလည္း ထိုကဲ့သို႔ေတြးလိုက္မိသည္။
ထမင္းစားၿပီးတေအာင့္နားလိုက္သည္
အနားယူၿပီးသည္ႏွင့္လယ္ကိစၥအလုပ္မ်ား
ထပ္မံလုပ္ရေပေတာ့သည္။
………………………
“လူေလး ထထ လူေလး ထ”
ေမာင္ရန္ေအာင္လည္း သူ၏ကိုယ္ခႏၶာအားတစ္စုံတစ္ေယာက္က
လႈပ္ခက္ၿပီးႏႈိးလိုက္သျဖင့္
မ်က္လုံးဖြင့္ၾကည့္လိုက္ေလသည္။
“လူေလး ႏိုးလာၿပီးလား”
ပအသက္ႀကီးႀကီးအဘိုးအိုႀကီးတစ္ေယာက္
ေမာင္ရန္ေအာင္အားလာႏႈိးေနျခင္းျဖစ္သည္
အဘိုးအို၏ပုံစံက လြန္စြာမွေရွးက်လြန္းလွသည့္ပုံစံေပၚလြင္ေန
ေလသည္။
အဘိုးအိုႀကီးဝတ္ထားသည့္အဝတ္အစားမ်ားအား
ေမာင္ရန္ေအာင္တစ္ခါမွမျမင္ဖူးသည့္
ပုံစံမ်ိဳးျဖစ္ေနသည္။
မင္းညီမင္းသားသဖြယ္ဝတ္စားဆင္ယင္ထားသည့္အဘိုးအိုက ေမာင္ရန္ႏိုင္အား လာ၍စကားေျပာ
ေနေလသည္။
“အဘက ဘယ္သူလဲဗ် က်ဳပ္တစ္ခါမွ
အဘကိုမျမင္ဖူးသလို သိလည္းမသိဘူးဗ်”
“အဘကိုသားဘယ္သိမလဲ အဘက
ဟိုဘက္႐ြာမွာေနတာေလ”
“ေၾသာ္ ဒီလိုလား ဒါနဲ႔အဘက
သားတို႔႐ြာကိုဘာလာလုပ္တာလဲဟင္”
“အဘက လူကေလးအေဖဆီခဏအလည္လာတာကြဲ႕”
“ဒါဆိုသားအေဖဆီလိုက္ပို႔ေပးမယ္ေလ
အဘက က်ဳပ္အေဖနဲ႔သိတဲ့သူေပါ့”
“‘ေအးေပါ့ကြ လူကေလးအေဖနဲ႔ အဘက
သိပ္ကိုရင္းနီးၾကတဲ့မိတ္ေဆြေတြေပါ့
သားကိုအဘက ေျပာစရွိလို႔ကြဲ႕”
“ဟုတ္ေျပာပါအဘ ”
“ဒီလိုကြဲ႕ လူကေလးဘုရားဖူးေတြဘာေတြ
ထြက္ဖူးလား”
“ဟင့္အင္း တစ္ခါမွမသြားဖူးဘူးဗ်
အိမ္ကလိုက္မပို႔ၾကဘူးေလ”
“ဒါဆိုအဘက လိုက္ပို႔မယ္ဆိုရင္ေရာ
လူကေလးကလိုက္မွာလား”
“ဟာ…လိုက္မွာေပါ့အဘရ အဘတကယ္ေျပာတာလား”
“တကယ္ေျပာတာေပါ့ကြ အဘကမလိမ္တတ္ပါဘူးကြ ”
“ဒါဆို က်ဳပ္လိုက္မယ္အဘရာ
ဘုရားေတြကိုဝေအာင္ဖူးပစ္လိုက္မယ္”
“ဒါဆိုအဘေနာက္ကလိုက္ခဲ့ေပေတာ့
လူကေလး”
“ဟင္ အဘကလည္းေျခလ်င္ႀကီး
ဘယ္လိုသြားၾကမွာလဲဗ် သြားရမွာက
အေဝးႀကီးမဟုတ္လား”
“မေဝးပါဘူးလူကေလးရယ္ ခဏေလးအတြင္းလူကေလးကိုဘုရားစုံလိုက္ပို႔ေပးမယ္
စိတ္ခ် အဘခိုင္းတဲ့အတိုင္းသာလုပ္ေပး”
“က်ဳပ္ကို အဘကဘာခိုင္းမွာလဲဗ်”
“လူကေလးရဲ႕ လက္ႏွစ္ဖက္ကို အဘရဲ႕
လက္ဝါးႏွစ္ဖက္ေပၚ တင္ထားၿပီးမ်က္လုံးမွိတ္ထားလိုက္ယုံပဲ
လုပ္ရမွာပါ”
“ဟာ …အဲ့ဒီလိုလုပ္လိုက္တာနဲ႔
ကိုယ္သြားခ်င္တဲ့ေနရာကိုေရာက္သြားေရာလား”
“အဘေျပာၿပီးၿပီပဲ အဘကိုသာယုံလိုက္
ေၾသာ္ လူကေလးတစ္ခုသတိထားရမွာက
အဘကမေျပာပဲနဲ႔ မ်က္လုံးကိုဖြင့္မၾကည့္မိေစနဲ႔
ၾကားလား”
“ဟုတ္ကဲ့ အဘ က်ဳပ္မွတ္ထားပါ့မယ္”
ထို႔ေနာက္ အဘိုးအိုႀကီးက သူ႔ရဲ႕လက္ဖဝါး
ႏွစ္ဖက္အားျဖန္႔လိုက္ေလသည္။
ေမာင္ရန္ေအာင္ကလည္း သူ႔ရဲ႕လက္ဖဝါး
ႏွစ္ဖက္အား အဘိုးအိုႀကီး၏လက္ဖဝါးေပၚ
တင္လိုက္ေလသည္။
“ကဲ မ်က္လုံးကိုမွိတ္ထားပါ စိတ္ထဲမွာ
ဘုရားကိုပဲအာ႐ုံျပဳေနလိုက္ လူကေလး”
ေမာင္ရန္ေအာင္လည္း အဘိုးအိုခိုင္းသည့္
အတိုင္းမ်က္လုံးအားမွိတ္ထားလိုက္ၿပီး
ဘုရားအားအာ႐ုံျပဳထားလိုက္ေလသည္။
႐ုတ္ရက္ဆိုသလို ေလေအးတစ္ခ်က္က
ေမာင္ရန္၏ကိုယ္ခႏၶာအား ျဖတ္၍
တိုက္ခက္သြားသလိုခံစားလိုက္ရေလသည္။
ၿပီးေနာက္ ေမာင္ရန္ေအာင္၏
ကိုယ္ခႏၶာဟာ ျမဴမႈန္ပမာ ေပါ့ပါးလာသလို
စိတ္မွခံစားလာရေလသည္။
“ကဲ မ်က္လုံးကိုဖြင့္ၾကည့္လို႔ရပါၿပီ
လူကေလး”
အဘိုးအိုခိုင္းသည့္အတိုင္းေမာင္ရန္ေအာင္
မ်က္လုံးႏွစ္စုံအားဖြင့္ၾကည့္လိုက္ရာ
ကိုယ့္မ်က္လုံးကိုယ္ပင္မယုံၾကည္ႏိုင္
လိုက္ေအာင္ျဖစ္ရေလသည္။
သူတစ္ခါမွမေရာက္ဖူးေသာ တန္ခိုးႀကီးဘုရားေပၚသို႔ သူေရာက္ရွိေနေလသည္။
ဘုရားရင္ျပင္ေပၚတြင္ဘုရားဖူးလာၾကသည့္လူမ်ားျဖင့္ျပည့္ႏွက္၍ေနေပသည္။
“ဟာ အဘလူေတြမွအမ်ားႀကီးပဲ
သူတို႔လည္းက်ဳပ္လို ဘုရားဖူးလာၾကတဲ့
သူေတြေပါ့ေနာ္ အဘ”
“ဟုတ္တာေပါ့လူကေလးရ ကဲလာလာ
ဘုရားကိုဦးခိုက္္ကဦးစို႔ ”
“ဟုတ္ကဲ့ အဘ”
ေမာင္ရန္ေအာင္ႏွင့္ထူးဆန္းသည့္အဘိုးအို
လည္းဘုရားေရွ႕သို႔ ထိုင္လိုက္ၿပီး ထိျခင္းငါးပါးျဖင့္
ျမတ္စြာဘုရားအားရွိခိုးလိုက္ၾကေလသည္။
ဘုရားအားရွိခိုးကန္ေတာ့ၿပီးသည္ႏွင့္
ေမာင္ရန္ေအာင္က တစ္ခုခုကိုသတိရသြားဟန္ျဖင့္အဘိုးအိုအား
ေမးေလသည္။
“အဘိုး အဘိုးကိုက်ဳပ္ေမးရဦးမယ္ဗ်”
“ေအး ေမးေလ လူကေလးကဘာေမးခ်င္လို႔တုန္း”
“အဘက က်ဳပ္လက္ႏွစ္ဖက္ကို ကိုင္ထားလိုက္တာနဲ႔ သြားခ်င္တဲ့ေနရာကို
ေရာက္ေအာင္သြားႏိုင္တယ္ဆိုေတာ့
အဘကေမွာ္ပညာေတြတတ္ထားတာလားဗ်”
“ဟား ဟား ဟား ဟား ”
“ဟင္ ဘာရယ္တာလဲဗ် အဘကလည္း
က်ဳပ္ေမးတာရယ္စရာပါလို႔လားဗ်”
“မ မဟုတ္ပါဘူးကြာ လူကေလးေမးခြန္းကို
အဘသေဘာက်လြန္းလို႔ပါ
လူကေလးက လူကသာငယ္တာ
အေတြးအေခၚကမငယ္ေပဘူးပဲ
ဒီမယ္ လူကေလးကိုသိေအာင္အဘေျပာျပမယ္
လူ႔ေလာကမွာ လူတို႔ဉာဏ္နဲ႔မမွီတဲ့အတတ္ပညာေတြ၊ထြက္ရပ္ေပါက္သြားၾကတဲ့ပုဂၢိဳလ္ေတြ၊
လူတို႔မ်က္စိနဲ႔မျမင္ႏိုင္တဲ့အေစာင့္အေရွာက္
ေတြဆိုတာ အို …အမ်ားႀကီးမွ
အမ်ားႀကီးပဲရွိၾကသကြဲ႕
အဘလည္းထို႔အတူပဲ အဲဒီလိုပုဂၢိဳလ္ေတြထဲက
တစ္ေယာက္အပါအဝင္ပဲ လူကေလး”
“ဗ်ာ…ဒါ ဒါဆို အဘက လူမဟုတ္ဘူးေပါ့ေနာ္”
ေမာင္ရန္ေအာင္ကတအံ့တၾသေမးလိုက္သည္။
“ေအးကြဲ႕ အဘကလူမဟုတ္ဘူး
လူကေလးကိုေျပာျပလို႔လည္း
လူကေလးနားလည္မွာမဟုတ္ဘူး
အဘလည္းဒီထပ္အမ်ားႀကီးေျပာခြင့္မရွိဘူးကြဲ႕
လူကေလးကိုဘာေၾကာင့္
ဒီလိုေတြေျပာဆိုေနရတာလည္းဆိုေတာ့
လူကေလးနဲ႔အဘဟာလြန္ခဲ့တဲ့ဘဝ
အဆက္ဆက္ကပဌာန္းစက္တစ္ခုေၾကာင့္
ဒီဘဝမွာလူကေလးဆီကို အဘေရာက္လာခဲ့တာပဲ
လူကေလး
ကဲ ကဲ ေနာက္ထပ္ လူကေလးကိုလိုက္ပို႔စရာ
ေနရာတစ္ခုက်န္ေနေသးတယ္
သြားၾကဦးစို႔ ”
“‘ဟုတ္ကဲ့ အဘ”
ေမာင္ရန္ေအာင္လည္း ထူးဆန္းသည့္အဘိုးအို
ေခၚေဆာင္သည့္ေနာက္သို႔ လိုက္ပါရန္
ဆုံးျဖတ္လိုက္ေလသည္။
လက္ဖဝါးႏွစ္ဖက္အားအေပၚေအာက္
ထပ္ထားလိုက္ကာ မ်က္လုံးအားစုံမွိတ္ထား
လိုက္ေလသည္။
=================
“မိန္းမေရ ေဖႀကီးျပန္လာၿပီေဟ့”
ဦးတင္ေအး ႏြားလွည္းေပၚမွမဆင္းေသးပဲ
ဇနီးသည္ေဒၚဇင္မာအား လွည္းေပၚမွ
ေအာ္ေျပာလိုက္ေလသည္။
ေဒၚဇင္မာလည္း ထမင္းအိုးခ်က္ေနရင္းတန္းလန္းျဖင့္
အိမ္အျပင္ထြက္လာခဲ့ကာ
“ကိုတင္ေအး ရွင့္သားေရာပါမလာပါလား”
“သားက မနက္ကထမင္းေတာင္းပို႔ၿပီးကတည္းကအိမ္ျပန္သြားၿပီမဟုတ္လား”
“ရွင့္ကိုထမင္းသြားပို႔ၿပီးကတည္းက
အခုထိအိမ္ျပန္မလာေသးဘူး
ကြၽန္မကရွင္နဲ႔မွအတူတူျပန္လာၾကမယ္
ထင္လို႔လာမေခၚတာ ”
“ေဟ ဟုတ္လား ဒါဆိုငါ့သားဘယ္ေတြမ်ား
ေလွ်ာက္သြားေနလည္းမသိဘူးကြာ
ဒုကၡပါပဲ ဒီေကာင္ေလးနဲ႔ေတာ့”
“ဒါဆို ရွင္ႏြားျဖဳတ္ၿပီး ထမင္းအိုးၾကည့္ထားလိုက္ဦးက်ဳပ္ သူသြားတတ္တဲ့ သူ႔သူငယ္ခ်င္းေတြအိမ္သြားေမးလိုက္ဦးမယ္”
“ေအးေအး ေတြ႕ရင္ေခၚခဲ့ မိဘကိုစိတ္ပူေအာင္လုပ္တဲ့ေကာင္
ငါနဲ႔ေတြ႕မယ္”
ေဒၚဇင္မာလည္း သားျဖစ္သူအတြက္စိုးရိမ္သျဖင့္
ေမာင္ရန္ေအာင္ သြားတတ္ေသာ သူ႔သူငယ္ခ်င္းအိမ္မ်ားအား လိုက္လံေမးျမန္း
ၾကည့္ရာ
“ဒီကေန႔ ရန္ေအာင္မလာဘူးဗ်
ကြၽန္ေတာ္ေတာင္ ဒီေကာင့္ကိုေမွ်ာ္ေနတာ”
ေနာက္တစ္အိမ္သြားေမးျပန္ေတာ့
“မလာဘူးဗ် မေန႔ကလာကစားမယ္လို႔
ေျပာၿပီးဒီေကာင္ေရာက္မလာဘူး
အႏၲီ”
တစ္အိမ္ၿပီးတစ္အိမ္လိုက္ေမးၾကည့္သည္
မည္သည့္အိမ္ကမွ ေမာင္ရန္ေအာင္ေရာက္လာသည္ဟု
မေျပာၾကေပ။
အမ်ိဳးေတြ၏အိမ္သို႔လိုက္လံေမးျမန္းၾကည့္သည္
ထိ့နည္းတူသူတို႔ကလည္း မလာဘူးဟု
အသံတူေျဖၾကေလသည္။
“စိတ္ညစ္တာပါပဲ ဒီေကာင္ေလး
ဘယ္ေတြမ်ားသြားေနပါလိမ့္”
ေဒၚဇင္မာလိုက္ရွာေနသည္မွာမိုးပင္ခ်ဳပ္သြားသည္
ဘယ္လိုမွရွာလို႔မေတြ႕ေပ။
ထို႔ေၾကာင့္အိမ္သို႔ျပန္လာခဲ့ေတာ့သည္။
“မိန္းမ မင့္သားမေတြ႕ခဲ့ဘူးလား”
“ဘယ္လိုမွကိုရွာလို႔မေတြ႕ဘူး ကိုတင္ေအးေရ
ဒီေကာင္ေလး ဘယ္ေတြမ်ားေလွ်ာက္သြားေနလဲ
မသိဘူး ကြၽန္မေတာ့ စိတ္ပူလြန္းလို႔ေသေတာ့မယ္”
ေဒၚဇင္မာကေျပာရင္းငိုခ်လိုက္ေလသည္။
“ငိုမေနပါနဲ႔ မိန္းမရယ္ ငါလယ္ထဲ
တစ္ေခါက္ျပန္ၿပီးရွာၾကည့္ပါဦးမယ္”
“ဒီအခ်ိန္ႀကီးရွင္တစ္ေယာက္ထဲဘယ္လိုသြားရွာ
မွာလည္း ရွင့္ညီေတြကို သြားအကူအညီ
ေတာင္းၿပီးကူရွာခိုင္းေပါ့ေတာ္”
“ေအးပါ မင္းသာ အိမ္ကေစာင့္ေန
ငါသြားၾကည့္လိုက္ဦးမယ္ သလား”
“အင္းပါ ဘုရား ဘုရား တပည့္ေတာ္မ
သားေလးေဘးမသီရန္မခပါေစနဲ႔ဘုရား”
==============
ဦးတင္ေအးလည္း သူ႔ညီႏွင့္အစ္ကိုျဖစ္သူအား
ျဖစ္ေၾကာင္းကုန္စင္ေျပာျပၿပီး ဓာတ္မီးကိုယ္စီျဖင့္
ညီအစ္ကို၃ေယာက္
လယ္ထဲေရာက္လာၾကေလသည္။
လယ္ကြင္းထဲမွစၿပီး လယ္ကြင္း၏ေဘးတစ္ဖက္တစ္ခ်က္တိုင္းအား
လိုက္လံရွာေဖြၾကရင္း ညီအစ္ကို
သုံးေယာက္ျပန္ဆုံၾကေလသည္။
“ကိုႀကီးတင္ေအးေရ ဘယ္လိုမွရွာလို႔မေတြ႕ဘူးဗ်ိဳ႕”
“ငါလည္းမေတြ႕ဘူး တင္ေအး မင္းရဲ႕သားက
ေျခေထာက္မွာေဗြပါသလား မသိဘူးကြာ
ဘယ္လိုမွရွာမေတြ႕ဘူး”
“ေတာက္” ဒီေကာင္ဘယ္ေတြမ်ား
ေလွ်ာက္သြားေနလဲမသိဘူးကြာ”
“လာ ကိုႀကီးတင္ေအး ႐ြာျပန္ၾကစို႔
႐ြာေရာက္မွတစ္ခါထပ္စဥ္းစားၾကည့္ၾကတာေပါ့ဗ်ာ”
ဦးတင္ေအးတို႔ ညီအစ္ကို၃ေယာက္
႐ြာျပန္လာၾကသည္။
ဦးတင္ေအး၏ညီႏွင့္အစ္ကိုကလည္း
ဦးတင္ေအးတို႔အိမ္ထိလိုက္လာၾကေလသည္။
တူေတာ္စပ္သျဖင့္ ဦးေလး၂ေယာက္လည္း
ေခါင္းမီးေတာက္ေနၾကသည္မွာမလြဲဧကန္ပင္
ျဖစ္သည္။
အိမ္ေရာက္ေတာ့ ေမွ်ာ္လင့္တႀကီးျဖင့္
ေစာင့္ေနသည့္ ေဒၚဇင္မာက
“သားေလးေရာ ကိုတင္ေအး ”
“မေတြ႕ခဲ့ဘူး မိန္းမေရ ငါတို႔လည္းရွာတာ
ႏွံ႔ေနတာပဲ ဒီေကာင္ဘယ္သြားေနတာလဲ
မသိဘူး”
“ကြၽန္မသားေလးသာတစ္ခုခုျဖစ္ရင္
ကြၽန္မေတာ့ရင္က်ိဳးပါၿပီေတာ္”
“မင္းကြာနိမိတ္မရွိ ဘာမရွိ ပါးစပ္ႀကီးက”
ဦးတင္ေအးက ေဒၚဇင္မာခပ္ဆက္ဆက္
ေငါက္လိုက္ေလသည္။
“ငါတစ္ခုစဥ္းစားမိၿပီကြ တင္ေအးရ”
“ဘာလဲကိုႀကီးေျပာေလ”
“ေအး ဒီလိုကြ တို႔႐ြာေတာင္ပိုင္းက
နတ္ကေတာ္ မတင္ ဆီသြားေမးၾကရင္
ေကာင္းမယ္ သူဆိုရင္သိမွာပဲ”
“အင္း ဟုတ္သားပဲ ေမ့ေနလိုက္တာ
မတင္က ဘာပဲေပ်ာက္ေပ်ာက္
သူ႔ဆီသြားေမးရင္ အကုန္မွန္ေအာင္
ေဟာႏိုင္တယ္လို႔ၾကားဖူးတယ္ ”
“ဒါျဖင့္လည္း အခုကတည္းက
သြားၾကတာေပါ့ ”
“သြားမယ္ဆိုရင္ ငါ့တူရန္ေအာင္ရဲ႕
အက်ႌေလးတစ္ထည္ျဖစ္ျဖစ္
ယူလာခဲ့ၾက ဒါလည္းအေရးႀကီးတယ္ကြ”
“ေၾသာ္ ဟုတ္သားပဲ ‘
ဦးတင္ေအးတို႔ညီအစ္ကို၃ေယာက္ႏွင့္
ေဒၚဇင္မာလည္း ႐ြာေတာင္ပိုင္းသို႔
လာခဲ့ၾကေလသည္။
နတ္ကေတာ္ မတင္၏အိမ္ေရွ႕သို႔
ေရာက္လာၾကေလသည္။
“မတင္ ေရ မတင္ ရွိလားရွင့္”
“ရွိပါတယ္ကြယ္ ဘယ္သူလဲမသိဘူး”
“ကြၽန္မတို႔႐ြာထဲက ဇင္မာပါ”
“ေၾသာ္ ဇင္မာတို႔ပါလား အိမ္ထဲဝင္ခဲ့ၾကေလ
တံခါးကေစ့ထားတာ တြန္းဖြင့္ၿပီးဝင္ခဲ့ရတယ္”
“ဟုတ္ကဲ့ မတင္”
==============
“ေျပာဘာကိစၥလဲ ဇင္မာ လူစုံတပ္စုံပါလား”
“ကြၽန္မသားေလး မနက္က ကိုတင္ေအးဆီ
ထမင္းသြားပို႔ရင္း ေပ်ာက္ေနလို႔
အခုထိအိမ္ကိုျပန္မေရာက္လာဘူး
အဲ့ဒါကြၽန္မသားေလး ဘယ္မ်ားေရာက္ေနသလဲ
သိခ်င္လို႔ လာေမးတာပါ”
“ကြၽန္ေတာ့္သားေလးကို အျမန္ဆုံးေတြ႕ေအာင္
ကူညီေပးပါဗ်ာ”
“ကူညီရမွာေပါ့ရွင္ စိတ္ခ် စိတ္ခ်
ဒါနဲ႔ ရွင္တို႔သားေလးအသုံးအေဆာင္
ပစၥည္းတစ္ခုခု ပါလာသလား
ဒါမွအာ႐ုံခံၾကည့္လို႔ရမွာမလို႔ပါ”
“ဒီမွာပါလာပါတယ္ ရွင့္ ဒီမွာ သားအက်ႌေလးပါ”
နတ္ကေတာ္ မတင္လည္း မဇင္မာလွမ္းေပးသည့္
အက်ႌအားယူလိုက္ၿပီး နတ္႐ုပ္တုမ်ားဘက္သို႔
လက္အုပ္ခ်ီလိုက္ၿပီး ပါးစပ္မွ ပြစိပြစိျဖင့္
တတြတ္တြတ္႐ြတ္ဖတ္ေနေလသည္။
ခဏခန္႔ၾကာမွ မဇင္မာတို႔ဘက္လွည့္လာၿပီး
မ်က္လုံးအားစုံမွိတ္ထားကာေျပာေလသည္။
“ကေလးက ေကာင္းေကာင္းမြန္မြန္ရွိေနပါတယ္
လိပ္ျပာလွလြန္းလို႔ နတ္ကခဏဖြက္ထားတာပါ
ဘာမွမပူနဲ႔ မနက္ျဖန္မနက္ နင္တို႔အိမ္ကို
အေကာင္းအတိုင္းျပန္ေရာက္လာလိမ့္မယ္
နင္တို႔သားအတြက္ သိပ္စိတ္မပူေနနဲ႔ေတာ့
ျပန္ေရာက္လာေစရမယ္လို႔
ငါအာမခံတယ္”
“ေက်းဇူးတင္ပါတယ္ရွင္ ”
“ကြၽန္ေတာ့္တူဘာမွမျဖစ္ဘူးေပါ့ေနာ္”
“ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ဘူး မနက္ျဖန္မနက္လင္းတာနဲ႔
အားလုံးအဆင္ေျပေျပသြားလိမ့္မယ္”
“ေက်းဇူးတင္ပါတယ္ခင္ဗ်ာ”
ထို႔ေနာက္ ေဒၚဇင္မာတို႔လည္း နတ္ကေတာ္
မတင္ဆီ၌ ေရစင္ဖိုးတင္ခဲ့ၿပီး အိမ္သို႔ျပန္လာခဲ့ၾကေလသည္။
အိမ္ကိုျပန္ေရာက္ေပမယ့္လည္း
ဦးတင္ေအးႏွင့္ေဒၚဇင္မာတို႔ လင္မယား
၂ေယာက္တစ္ညလုံးေကာင္းစြာ
အိပ္မေပ်ာ္ခဲ့ၾကေပ။
သားေလးေမာင္ရန္ေအာင္ ဘာမ်ားျဖစ္ေနမလဲ
ဟုသာေတြးပူေနမိေတာ့သည္။
===============
မနက္လင္းေတာ့ ဦးတင္ေအးလည္း လယ္ထဲမဆင္းႏိုင္ ေဒၚဇင္မာလည္း
အိမ္ေပါက္ဝအားမ်က္ေတာင္မခက္
မိေလာက္ေအာင္စိုက္ၾကည့္ေနမိေလသည္။
ထိုအခ်ိန္ အျပင္မွဆူဆူညံညံအသံမ်ားၾကားလိုက္ရေလသည္။
႐ြာထဲကလူမ်ားတစ္ေယာက္တစ္ေပါက္
ေျပာဆိုေနသံသည္တျဖည္းျဖည္းႏွင့္
ေဒၚဇင္မာတို႔အိမ္အနားနီး၍လာေလသည္။
“ေအမ ”
“ဟင္”
“သား သားေလး”
ဦးတင္ေအးႏွင့္ေဒၚဇင္မာတို႔ သားျဖစ္သူ
ေမာင္ရန္ေအာင္အားေျပးဖက္လိုက္ၾက
ေလသည္။
အိမ္ထဲတြင္ဝိုင္းၿပီးၾကည့္ေနၾကေသာ
႐ြာထဲမွလူမ်ားလည္း ဦးတင္ေအးတို႔
အျဖစ္ကိုၾကည့္ကာဝမ္းသာပီတိျဖစ္ကာ
ၿပဳံးေပ်ာ္ေနၾကေလသည္။
“အေမနဲ႔အေဖ ဘာျဖစ္လို႔ငိုေနၾကတာလဲဗ်
ဘာျဖစ္လို႔လည္း”
“သားရယ္ ဘယ္ေတြေလွ်ာက္သြားေနတာလဲ
အေမတို႔မွာ သားကိုတစ္ရက္လုံးလုံး
လိုက္ရွာေနၾကတာကြဲ႕ ”
“ဟုတ္တယ္ သား မင္းကြာ မိဘကို
စိတ္ပူေအာင္လို႔ တစ္ညလုံးလည္းျပန္မလာဘူး
သားတစ္ရက္လုံးလုံးေပ်ာက္ေနတာ
ဘယ္ေတြေလွ်ာက္သြားေနတာလဲကြာ”
“ဟင္.က်ဳပ္ ေပ်ာက္သြားတစ္ရက္ေက်ာ္ၿပီ
ဟုတ္လား အေဖ”
“ဟုတ္တယ္ေလ သားရဲ႕ မင္းေပ်ာက္သြားတာ
တစ္ရက္ေက်ာ္ၿပီေလ”
“က်ဳပ္ အေဖ့ကိုထမင္းေတာင္းသြားပို႔ရင္း
ထူးဆန္းတဲ့အဘိုးႀကီးတစ္ေယာက္နဲ႔
ေတြ႕ခဲ့တယ္ဗ် ”
“ဟင္…ဘယ္ကအဘိုးႀကီးတုန္း သား”
“က်ဳပ္လည္း မသိဘူးဗ် က်ဳပ္ ကစားရင္း
ပင္ပန္းလို႔အေဖ့လယ္ထဲကအပင္ေအာက္ နားေနရင္း ေမွးကနဲ အိပ္ေပ်ာ္သြားေတာ့
အဘိုးႀကီးတစ္ေယာက္က က်ဳပ္ကို
လာႏႈိးတယ္ဗ် ”
ေမာင္ရန္ေအာင္ေျပာသည့္စကားအား
မိဘႏွစ္ပါးႏွင့္႐ြာထဲကလူမ်ားက
တအံ့တၾသနားစိုက္ေထာင္ေနၾကသည္။
ေမာင္ရန္ေအာင္လည္း ဆက္ေျပာလိုက္သည္။
“အဲ့ဒီအဘိုးႀကီးက က်ဳပ္ကို သူနဲ႔လိုက္မလား
ေမးတယ္ဗ် က်ဳပ္မေရာက္ဖူးတဲ့ေနရာေတြကို
လိုက္ျပမယ္တဲ့ ဒါနဲ႔က်ဳပ္လည္း သူနဲ႔
လိုက္သြားခဲ့တယ္
အေမရာ က်ဳပ္တစ္ခါမွမေရာက္ဖူးတဲ့
ဘုရားေတြကိုေနရာအႏွံ႔လိုက္ပို႔တာဗ်
သူ႔လက္ေပၚကို က်ဳပ္လက္တင္ၿပီး
မ်က္လုံးမွိတ္လိုက္တာနဲ႔ သြားခ်င္တဲ့ေနရာကို
တန္းၿပီးေရာက္သြားတာဗ်
ၿပီးေတာ့ အဘိုးႀကီးကေျပာတယ္
သူကလူမဟုတ္ဘူးတဲ့ ၿပီးေတာ့
သူဝတ္ထားတဲ့အဝတ္အစားေတြက
သားတို႔နဲ႔လည္းမတူဘူး ေတာ္ေတာ္ကို
ေရွးက်လြန္းတယ္ဗ် ဗြီဒီယို ႐ုံမွာျပတဲ့
ရာဇဝင္ကားထဲကလိုဝတ္ထားတာဗ်
သူကစြမ္းလည္းစြမ္းတယ္
အခုလည္းသူက က်ဳပ္ကို႐ြာထိပ္ထိ
လိုက္ပို႔ေပးတာဗ် သူ႔ကို႐ြာထဲေခၚေတာ့
သူက႐ြာထဲဝင္ခြင့္မရွိဘူးလို႔ေျပာတယ္
အေမတို႔က က်ဳပ္ကို ညအထိျပန္မလာဘူးလို႔
ေျပာေပမယ့္ က်ဳပ္သြားေနတဲ့ေနရာေတြ
အားလုံးရယ္ အခုျပန္လာေတာ့လည္း ေန႔ခင္းဘက္ေတြခ်ည္းပဲ”
“ဟင္ ဘုရား ဘုရား အေမ့သားေလး
ေတာ္ေသးတာေပါ့ ေသကံမေရာက္
သက္မေပ်ာက္တာ ”
ေဒၚဇင္မာက သားျဖစ္သူအားစိုးရိမ္တႀကီး
ေျပာလိုက္သည္။
ထိုအခ်ိန္ ႐ြာထဲမွ အသက္ႀကီးႀကီး
လူႀကီးတစ္ေယာက္ကစကားဝင္ေျပာ
လိုက္ေလသည္။
“ဇင္မာ နင့္သားေျပာပုံအရဆိုရင္
နင့္သားကိုေခၚသြားတဲ့လူက
နတ္ပဲျဖစ္ရမယ္ နင့္သားကိုခ်စ္လို႔ခႏၶာကိုယ္ကို
ဖြက္ထားၿပီး ဝိညာဥ္ကိုသာ
ေခၚယူၿပီး ေမာင္ရန္ေအာင္ေလးသြားခ်င္တဲ့
ေနရာေတြကို သူလိုက္ပို႔တာပဲျဖစ္မယ္
ၿပီးေတာ့ ဘုံဘဝေတြမတူၾကေတာ့
အခ်ိန္ေတြလည္းမတူၾကေပဘူးေပါ့
ေမာင္ရန္ေအာင္ေလးသြားတာ အခ်ိန္ပိုင္း
ေလးတေအာင့္ဆိုေပမယ့္ လူ႔သက္တမ္းအခ်ိန္အရ
ရက္ခ်ီၿပီးၾကာသြားတာေပါ့ကြယ္”
“ဟုတ္တယ္ ခင္ဗ်ားေျပာ ကြၽန္ေတာ္
ေထာက္ခံတယ္ ဒီလိုအျဖစ္အပ်က္မ်ိဳးေတြ
က်ဳပ္ၾကားဖူးခဲ့တယ္ အခုမွ က်ဳပ္သားေလး
ကိုယ္ေတြ႕ ႀကဳံခဲ့ရၿပီေပါ့ဗ်ာ”
ဦးတင္ေအးလည္း ထိုလူႀကီး၏
ေျပာစကားအားေထာက္ခံလိုက္ေလသည္။
“ကဲ သားေလး ေနာက္ကို အပင္ႀကီးေတြ
ေအာက္ေရာက္ရင္ မအိပ္ပါနဲ႔ေနာ္
ၿပီးေတာ့ ကိုယ္မသိတဲ့လူတစ္ေယာက္က
လာေခၚရင္ဘယ္ေတာ့မွလိုက္မသြားမိေစနဲ႔
ေတာ္ေသးတာေပါ့ အခုဟာက သားကို
ခ်စ္တဲ့ နတ္ပုဂၢိဳလ္ျဖစ္ေနလို႔
ေနရာခ်င္းလဲမယ့္ နာနာဘာဝသာဆို
အေမ့သားေလး အျဖစ္ကိုအေမေတြးေတာင္
မေတြးရဲေတာ့ဘူး
ေနာင္ကိုဘယ္မွေလွ်ာက္ၿပီးလိုက္မသြားပါနဲ႔သား
ရယ္ ၾကားလားအေမေျပာတာ”
“ဟုတ္ကဲ့ ၾကားပါတယ္ အေမရ
က်ဳပ္နားလည္ပါၿပီ”
ေမာင္ရန္ေအာင္၏ထူးဆန္းသည့္
ကိုယ္ေတြ႕ ျဖစ္ရပ္အေၾကာင္းကို
တစ္႐ြာလုံးေျပာမဆုံးျဖစ္ေနၾကေတာ့
သည္။