ထမင်းလုံးအပင်း (စ/ဆုံး)

Unicode Version

ထမင်းလုံးအပင်း (စ/ဆုံး)
——————————–
ကျွန်တော်တို့ရွာမှာဗျာ အပင်းသွင်းတယ်ဆိုပြီး ပြောလေ့ရှိခဲ့ပေမယ့် ကြားဖူးနားဝဇာတ်လမ်းထက်မပိုခဲ့ဘူး။ အခုကျွန်တော်အလုပ်လုပ်နေတဲ့ နယ်စပ်မြို့လေးမှာတော့ ဒီအပင်းသွင်းတဲ့ကိစ္စကို ကြုံတွေ့ရတော့တာပဲဗျ။ ဖြစ်ပုံကဒီလို။ ကျွန်တော့အလုပ်ရှင်လင်မယားက တရုတ်မြန်မာ ကပြား။ ယောကျာ်းနာမည်က ကိုဟုတ်စိန်၊ မိန်းမနာမည်ကမအေးမြင့်တဲ့။ သူတို့လင်မယားက တစ်ဖက်နိုင်ငံက မွေ့ရာ၊စောင်၊အိပ်ရာခင်း စတာတွေကို မြန်မာပြည်ထဲပြန်
ဖြန့်ချီတဲ့အလုပ်လုပ်တယ်။ကျွန်တော်ကတော့အလုပ်ကြမ်းသမားပေါ့။ တစ်ဖက်ကနေကုန်တင်
ကားကြီးနဲ့ပစ္စည်းတွေရောက်လာတိုင်း ပစ္စည်းတွေချ၊ ဂိုဒေါင်ထဲပို့ပေါ့ဗျာ။ ပြီးရင် အနယ်နယ်အရပ်ရပ်ကဖောက်သည်ဆိုင်ကြီးတွေဆီပို့တော့လည်း ဂို
ဒေါင်ထဲကပြန်ထုတ်၊ ကားဂိတ်သွားတင်ပေးရတဲ့အလုပ်လို့ဆိုပါတော့။
ဒီလိုနဲ့ တစ်ရက်ကြတော့ကိုဟုတ်စိန်ကနေမကောင်းဘူးဆိုပြီး အိမ်ထဲကအပြင်မထွက်တော့ဘူး။ ဒီနေရာမှာပြောချင်တာက အလုပ်ရှင်အိမ်နဲ့ ဂိုဒေါင်ဟာ တဝင်းထဲတခြံထဲ။ ခြံဝိုင်းကအတော်ကျယ်တယ်။တ
ခြားအလုပ်သမားတွေကအလုပ်ဂိုဒေါင်ဘေးမှာနေကြပေမယ့် ကျွန်တော်ကတော့မနေဖြစ်ခဲ့ဘူး။ ကျွန်တော့မိန်းမနဲ့ကလေးတွေလည်းရှိလို့ တခြားမှာငှါးနေတာပေါ့။ ကဲဆက်ပြောရရင်တော့ ကိုဟုတ်စိန်ကို
မတွေ့မမြင်ရတာ တစ်လလောက်ကြာသွားခဲ့တယ်။ သူ့မိန်းမကလည်းမျက်နှာသိပ်မကောင်းလို့ ဘာမှမမေးမိဘူးပေါ့ဗျာ။ တစ်နေ့ကြတော့မအေးမြင့်က ကျွန်တော်နဲ့ ကျွန်တော့သူငယ်ချင်း ကိုမောင်စိုးကိုခေါ်ပြီး အကူအညီတောင်းပါလေရော။
ကိုဟုတ်စိန်က လွန်ခဲ့တဲ့တစ်လလောက်ကစပြီး ဗိုက်ကြီးတဖြည်းဖြည်းပူလာတာ မနှိုင်းကောင်းနှိုင်းကောင်း ကိုးလလွယ်လို့ဆယ်လဖွားတော့မယ့်
ဗိုက်ကြီးသည်လိုဖြစ်နေတယ်တဲ့ဗျ။ ဆေးပညာအရ အသည်းခြောက်တယ်လို့ယူဆလို့ ဆေးရုံဆေးခန်းပြပေမယ့် ထူးထူးဆန်းဆန်းအသည်းခြောက်တဲ့အဖြေလည်းမထွက်ခဲ့ဘူးတဲ့။ ဘယ်လိုအကြောင်း
ကြောင့်ခုလိုဖြစ်မှန်းအဖြေရှာမရလို့ သူကတော့ တစ်ယောက်ယောက်များပြုစားထားသလားပေါ့ဗျာ။ အဲ့ဒါကျွန်တော်တို့သိတဲ့ နားလည်တတ်ကျွမ်း
တဲ့သူများရှိမလားလို့မေးတယ်။ အရင်ကသူကြားဖူးတယ်ပေါ့။ကျွန်တော်တို့အချင်းချင်းပြောနေတာကို။ ပညာနဲ့ပြုစားရင် ကုသပေးတယ်ဆိုတာဟုတ်လားလို့မေးလာတယ်။
ကျွန်တော်တို့လည်းသေချာတော့မပြောနိုင်ဘူးပေါ့။ တကယ်လို့ကုသချင်တယ်ဆိုရင် ကျွန်တော်တို့ရွာကဘုန်းဘုန်းကတော့စွမ်းတယ်လို့ပြန်ပြောပြလိုက်တယ်။ မအေးမြင့်က ဒါဆို သူတို့ကိုလိုက်ပို့ပေးပါ
တဲ့။ ကုန်ကျစရိတ်အားလုံးသူတာဝန်ယူပါ့မယ်ဆိုလာတော့ ရွာလည်းပြန်ချင်နေတဲ့ကျွန်တော်ခေါင်းညိမ့်လိုက်တာပေါ့။ ပြောမယ့်သာပြောတယ်။ ရွာကဘုန်းဘုန်းကရှိသေးလား၊ မရှိတော့ဘူးလားသေချာမသိဘူး။ ရွာကိုတစ်ခါဖုန်းပြန်ဆက်စုံစမ်းပေါ့ဗျာ။ ဘုန်းဘုန်းလည်းရှိတယ်ဆိုတော့ အကျိုးအကြောင်းလျှောက်တင်ခိုင်းပြီး သွားလိုက်ကြတော့တယ်။ မအေးမြင့်ကလူမသိစေချင်လို့ မနက် ၃နာရီလောက်အိမ်ကထွက်ရတာဗျ။ အဲ့ဒီမနက်မှပဲ ကိုဟုတ်စိန်ကိုသေချာမြင်တွေ့ရတော့တာပဲ။
တကယ်ပဲဗျာ။ သူ့ဗိုက်ကြီးကပူနေတာများ မွေးခါနီးဖွားခါနီးလိုကိုဖြစ်နေတာပဲဗျ။ သူ့သူတောင်မနိုင်ချင်ဘူး။ ကျွန်တော်နဲ့ ကိုမောင်စိုးက တွဲခေါ်ရတယ်။ ကားပေါ်မှာတစ်လမ်းလုံး ဗိုက်နာတယ်၊ ဗိုက်နာ
တယ်အော်လာတာ ကြည့်ပြီးစိတ်မကောင်းတောင်ဖြစ်မိတယ်ဗျာ။မအေးမြင့်က ကိုဟုတ်စိန်ဗိုက်ကိုပွတ်သပ်ပေးရင်း သူ့ခမျာလည်းတော်တော်ပင်ပန်းရရှာတာပဲ။ ဒီလိုနဲ့ လမ်းမှာတစ်ညအိပ်ပြီးနောက်နေ့
ညနေခင်းမှာရွာကိုရောက်လာတယ်။ ရောက်တာနဲ့ ဘုန်းကြီးကျောင်းကိုအရင်သွားကြတာပေါ့။ ဘုန်းဘုန်းက ကျွန်တော်တို့ဖက်မှာနာမည်ကြီးပဲ။ ပရောဂနိုင်တယ်ဆိုပြီးနာမည်ကျော်ကြားတယ်။သူများ
တွေလို ငါကိုင်တုတ်ပြီးကုတာမျိုးမဟုတ်ဘူးဗျ။ မေတ္တာနဲ့ပဲကုသပေးတယ်။ ဘုန်းဘုန်းရဲ့ဆေးနည်းကတော့ ဘုရားရေပဲ။
ကိုဟုတ်စိန်ရဲ့ဗိုက်ကို ဘုန်းဘုန်းကလက်လေးနဲ့သပ်ချကြည့်တယ်။ပြီးတော့ မေးတယ်။ လုပ်ငန်းခွင်မှာ၊ ပတ်ဝန်းကျင်မှာ မတည့်မခေါ်တဲ့သူရှိလားတဲ့။ မရှိပါဘူးပေါ့။ ပြောမယ့်သာပြောတာမဟုတ်ဘူး။ ကျွန်
တော့အလုပ်ရှင်လင်မယားက စိတ်သဘောကောင်းတဲ့သူတွေထဲပါတယ်။ ကိုယ့်အလုပ်သမားတွေကို ကျွေးချိန်တန်ကျွေးတယ်၊ လစာဖြတ်တာတွေသိပ်မရှိသလောက်ပဲ။ နောက်ပြီးနှစ်ကူးချိန်ဆို ရော့အင့်
ဆိုပြီး မုန့်ဖိုးတွေပေးတတ်သေးတယ်။ ညဆိုင်းဆင်းရရင်လည်း ပိုက်ဆံကပေးပြီးသားပဲ။ ပတ်ဝန်းကျင်နဲ့လည်းသင့်မြတ်တယ်။ ရန်ငြိုးရန်စဝေးလို့ မတည့်တဲ့သူခပ်ရှားရှားရယ်ဗျ။ ဘုန်းဘုန်းက စဉ်းစားပြီးဒါဆိုသူရေမန်းတိုက်မယ် ဒကာကြီးသောက်လိုက်ဆိုပြီး ရေမန်းလေးတိုက်လိုက်တာ ဆယ်မိနစ်လောက်ကြာတော့ ကိုဟုတ်စိန်က လူးလှိမ့်လာတော့တယ်။ ဗိုက်ထဲကအရမ်းပူတယ်ဆိုပြီးအော်ဟစ်နေတော့တာပဲ။
ချွေးသီးချွေးပေါက်တွေကျလို့။ သူ့ကိုကြည့်ရတာ မီးစနဲ့ထိုးသလိုပူပြီးနာနေပုံရတယ်။ ဘုန်းဘုန်းလည်း ဘာမှမဖြစ်ဘူးပေါ့။ ရေမန်းဆက်သောက်ရမယ်ဆိုပြီးထပ်တိုက်တယ်။ ကိုဟုတ်စိန်ကမသောက်ချင်တော့ဘူး။ ရေမန်းသောက်ရင်ပူတယ်လို့ပြောတယ်။ ဘုန်းဘုန်းကသောက်ပါဒကာကြီး၊ ရေကလူအတွက်ဘာအန္တရာယ်မှမဖြစ်ပါဘူးဆိုတော့မှ ရေမန်းတစ်ခွက်ထပ်သောက်တယ်။ နောက်ဆယ်မိနစ်ကြာတဲ့အခါ ကိုဟုတ်စိန်က ဘုန်းကြီးကျောင်းပေါ်အရမ်းလူးလှိမ့်နေပြီ။ ဗိုက်ထဲကအရမ်းပူတယ် မနေနိုင်တော့ဘူးဆိုပြီးတော့ အင်္ကျီတွေပါချွတ်ပစ်တယ်။ ဘယ်လောက်ထူးဆန်းလဲဗျာ။ သူ အင်္ကျီချွတ်တော့သူ့ဗိုက်ကိုအထင်းသားတွေ့ရတာပဲ။ ဝမ်းဗိုက်ပြင်တစ်ခုလုံး အနီစက်တွေပေါ်လာတာဗျ။ အားလုံးလည်းထိတ်လန့်နေကြပြီ။ အနီစက်တွေ
က တဖြည်းဖြည်းရုပ်လုံးပေါ်လာတာပဲ။ အစက်သေးသေးလေးကနေဆန်စေ့ပုံတွေလိုပြောင်းသွားတယ်ဗျ။
ကိုဟုတ်စိန်ကသူ့ဗိုက်ကိုဖိဖိပြီး ပူတယ်၊ပူတယ် အော်နေတုန်း ဘုန်းဘုန်းက ရေခွက်ထဲရေမန်းထည့်ပြီးတော့ သင်္ကန်းစကိုရေခွက်ထဲစိမ်လိုက်တယ်ဗျ။ ပြီးတော့သင်္ကန်းစကိုရေညစ်ပြီး ကိုဟုတ်စိန်ဝမ်း
ဗိုက်ပေါ်အသာလေးတင်ပေးလိုက်တာ မကြာဘူး ရေစိုနေတဲ့သင်္ကန်းစဟာ ရေတွေခြောက်သွားတယ်ဗျာ။ ဘုန်းဘုန်းလည်းအဲ့လိုထပ်ခါတလဲလဲထပ်လုပ်ရင်း ပါးစပ်ကလည်းဘုရားစာတွေရွတ်ဖတ်နေတယ်။ရေမန်းတွေစိုနေတဲ့သင်္ကန်းစဟာ တဖြည်း
ဖြည်း ရေခြောက်တာနှေးသွားပြီး ကိုဟုတ်စိန်ရဲ့ဗိုက်ပေါ်က ဆန်စေ့ပုံအနီစက်လေးလည်းတဖြည်းဖြည်းပျောက်လာတာပဲ။ နောက်တော့ အနီစက်တွေလုံးဝ
ပျောက်သွားတဲ့အချိန် ကိုဟုတ်စိန်က အရမ်းအန်ချင်တယ်လို့ပြောတယ်။
ဘုန်းကြီးကျောင်းသားတစ်ယောက်က ကြွေရည်သုတ်ထားတဲ့ထွေးခံကိုယူလာပေးတော့ အဲ့ထဲအန်ချလိုက်တာ ထမင်းလုံးတွေ ညိုပုပ်ပုပ်အရောင်တောင်ထွက်နေတယ်ဗျာ။ ထွေးခံတစ်ဝက်ပြည့်သွားတယ်။
ကြည့်နေရင်း စက်ဆုပ်ရွံ့စရာကောင်းတာတော့အမှန်ပဲ။ ဒါပေမယ့်လည်း စူးစမ်းချင်တော့ သည်းခံပြီးဆက်ကြည့်နေမိတာပေါ့။ ထမင်းလုံးတွေအားရအောင်အန်ချပြီး မောသွားလို့ခွေခွေလေးလဲနေတဲ့
ကိုဟုတ်စိန်ကို ဘုန်းဘုန်းကရေမန်းထပ်တိုက်တယ်။ ရေမန်းသောက်ဖို့ထထိုင်လိုက်တော့ ဘယ်လောက်ထူးဆန်းလဲဗျာ။ ကိုဟုတ်စိန်ရဲ့ဗိုက်ကြီးက ဖောင်း
ကားမနေတော့ဘူး။ ဒါပေမယ့် ဗိုက်ဖောင်းထား
တဲ့အရှိန်ကြောင့် အပြင်အရည်ခွံကြီးကပျော့တွဲကျနေတယ်။ ပြောရရင် ပူစီပေါင်းတွေလေလျော့သွားပေမယ့် လေနဲ့ဖောင်းထားတဲ့အရှိန်ကြောင့် ပျော့တွဲနေသလိုမျိုး။
ရေမန်းသောက်ပြီးချိန်မှာတော့ ကိုဟုတ်စိန်လည်းတော်တော်လေးလန်းသွားပြီ။ ဒါပေမယ့် အားမရှိသေးဘူး။ မောနေပုံရတယ်။ ဘုန်းဘုန်းက ရေမန်းပုလင်းကြီးပေးလာတယ်ဗျ။ နေ့တိုင်းသောက်ရမယ်
ပေါ့။ ပညာဓါတ်ကအရှိန်ကျန်နေသေးတော့လော
လောဆည်အရှင်းမပျောက်နိုင်သေးဘူးတဲ့ဗျ။ စဖြစ်တဲ့နေ့ကနေ ဒီနေ့ထိ ရက် ၃၀ ဗိုက်ဖောင်းထားရင် ရေမန်းကိုလည်းရက် ၃၀ ပြည့်အောင်သောက်ရမယ်
ဆိုတယ်။ ကိုဟုတ်စိန်နဲ့ မအေးမြင့်ကတော့ဝမ်းသာမဆုံးပေါ့။ အဲ့ဒါနဲ့ ဘယ်သူကများပြုစားသလဲလို့ဘုန်းဘုန်းကိုမေးတဲ့အခါ ဘုန်းဘုန်းကမဖြေဘူး။ မေတ္တာသာပို့သဖို့မှာလိုက်တယ်။ တစ်ခုသိခဲ့တာက
ပြုစားတဲ့သူက ကိုဟုတ်စိန်ကိုထမင်းကျွေးခဲ့တယ်ဆိုတာပဲ။ အဲ့ဒါနဲ့ကျွန်တော်တို့လည်းရွာမှာတစ်ညအိပ်ပြီးပြန်လာကြတာပေါ့။
မအေးမြင့်ကတော့ ဒီကိစ္စကိုတနုံ့နုံ့နဲ့ကျေနပ်ပုံမရဘူးဗျ။ သူ့ယောကျာ်းခံစားရတာဆိုတော့လည်း မကျေနပ်နိုင်ဘူးဖြစ်နေရှာတာပေါ့။အပြန်လမ်းမှာ ကိုဟုတ်စိန်ကိုမေးတယ်။ လွန်ခဲ့တဲ့တစ်လကဘယ်သူ
ကျွေးတာစားခဲ့လဲပေါ့။ ကိုဟုတ်စိန်ကလည်းတိ
တိကျကျမမှတ်မိဘူး။အပေါင်းအသင်းများတော့ဟိုလူကကျွေးချင်ဒီလူကမွေးချင်မလား။ဟိုလူနိုးနိုးဒီလူနိုးနိုး ယုံထင်ကြောင်ထင်ပေါ့။ တိတိကျကျမဖြေနိုင်နေဘူး။ မအေးမြင့်ကလည်း သိချင်ရင်မရဘူး။ လူစာရင်းတောင်းတော့တာပဲ။ ကိုဟုတ်စိန်က မှတ်မိသလောက်ပြန်ပြောပြတယ်။လူစာရင်းထဲမှာ ထမင်း
ကျွေးတဲ့သူက ၆ယောက်လောက်ရှိနေတယ်။ ဒီလူထဲကတော့သေချာနိုင်တယ်ပေါ့။ ၆ယောက်ထဲက အနီးစပ်ဆုံးကိုခန့်မှန်းကြည့်ကြတယ်။ ဖြစ်နိုင်ချေတွေကနဲနေပြန်ရော။ အားလုံးကဆွေမကင်းမျိုးမကင်းတွေချည်း။ ဒီလိုမကောင်းတဲ့ပညာနဲ့ ပြုစားဖို့ဆိုတာဖြစ်နိုင်ချေနဲလွန်းနေတယ်။ ဒီလိုနဲ့အဖြေမပေါ်ဘဲပြန်လာခဲ့ကြတာပေါ့။
အိမ်ပြန်ရောက်တဲ့အခါ ကိုဟုတ်စိန်ကတော့အပြင်သိပ်မထွက်တော့ဘူး။ အလုပ်မှာလည်းမအေးမြင့်ပဲလာထိုင်တော့တယ်။ တစ်ညနေခင်းကြတော့ မအေးမြင့်အပြင်ခဏသွားတုန်း ကိုဟုတ်စိန်က ပျာယာပျာ
ယာနဲ့အိမ်ကနေထွက်သွားတာတွေ့လိုက်တယ်ဗျ။ ကျွန်တော်တို့လည်း လိုက်မစူးစမ်းရဲဘူး။ အလုပ်ရှင်မလား။ ဖာသိဖာသာပဲနေနေလိုက်ကြတယ်။ အဲ့ဒီအချိန်မအေးမြင့်ကလည်း ပြုန်းစားကြီးပြန်ရောက်
လာပါရော။ ကိုဟုတ်စိန်အပြင်ထွက်သွားတာသူမသိသေးဘူး။ အလုပ်ခုံမှာထိုင်ပြီး စာရင်းစာအုပ်နဲ့ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတာ။ ကိုဟုတ်စိန်ပြန်လာတော့ မအေးမြင့်ကခုံမှာရောက်နေပြီဆိုတော့ အိမ်ထဲဝင်ရဲပုံမရဘူး။ အိမ်အပြင်အကွယ်ဖက်ကနေ ကျွန်တော့ကိုလက်ယက်ခေါ်နေတယ်။
ကျွန်တော်လည်း ခိုးကြောင်ခိုးဝှက်နဲ့ ထွက်လာရတာပေါ့။ ကိုဟုတ်စိန်က သူ့မိန်းမကိုအပြင်ပထုတ်ချင်တယ်တဲ့။ သူအပြင်ထွက်တာသိလို့မဖြစ်ဘူးလို့ပြောတယ်။ မအေးမြင့်ကလည်းအပြင်ထွက်မယ့်ပုံ
မပေါ်ဘူး။ အိမ်ထဲဝင်ဖို့က အလုပ်ဆိုင်ခန်းနေရာကဝင်ရင်ဝင်၊ ဒါမှမဟုတ် နောက်ဖေးပေါက်ကဝင်မှရတယ်။ ကျွန်တော့ကိုနောက်ဖေးတံခါးဖွင့်ပေးဖို့အကူညီတောင်းပါလေရော။ အိမ်ထဲမရောင်မလည်နဲ့ဝင်
ပြီးနောက်ဖေးတံခါးသွားဖွင့်ရတာပေါ့ဗျာ။ နောက်မှကျွန်တော်သိရတာ ကိုဟုတ်စိန်မှာ မယားငယ်လေးရှိတယ်ဆိုတာပဲ။ မယားငယ်နဲ့တွေ့ဖို့ခိုးထွက်တာ၊ မအေးမြင့်က ထမင်းလုံးအပင်းကိစ္စဖြစ်ပြီးကတည်း
ကအိမ်အပြင်ပေးမထွက်ဘူးဆိုပဲဗျ။ ဒါကြောင့်ခိုးထွက်ပြီးသွားတွေ့တာပဲ။ အပြင်ခိုးထွက်ပြီးမကြာဘူး၊ ကိုဟုတ်စိန်ဗိုက်ကြီးထပ်ပူလာလို့ ကျွန်တော်တို့ရွာကိုထပ်သွားရပြန်ရော။ အဲ့ဒီအခါမှထမင်းလုံးအပင်းသွင်းတဲ့သူက မယားငယ်လေးမှန်းသိရတာ။
မယားငယ်ကသူ့ကိုယူဖို့ပြောတာ ကိုဟုတ်စိန်ကမယူနိုင်သေးဘူးဆိုလို့ အသေလုပ်တာတဲ့ဗျာ။ ပထမတစ်ခါကမအောင်မြင်လို့ အခုတခါထပ်လုပ်တာ၊ အခုတစ်ခေါက်တော့တော်တော်ဆိုးဆိုးပဲ။ ဗိုက်
ကြီးပူရုံမကဘူး၊ နှုတ်အာစေးမိထားသလိုစကားလည်းကောင်းကောင်းမပြောနိုင်တော့ဘူးလေ။ ဘုန်းဘုန်းလည်း တစ်ပတ်လောက်ကုသပေးလိုက်
ရတယ်။ အရင်တစ်ခါ ထမင်းလုံးညိုပုပ်ပုပ်အ
ရောင်၊ အခုတခါမှာတော့ မည်းမည်းကြီးတွေထွက်လာတယ်။ လျှာလေးအာလေးဖြစ်သွားလို့ တော်
တော်ကြာစကားမပြောနိုင်ဘူး။ တစ်လလောက်
ကြာမှ အရင်လိုပြန်ကောင်းလာတော့တာ။
ကိုဟုတ်စိန်ကို ထမင်းခေါ်ကျွေးပြီးအပင်းထည့်လိုက်တာပဲ။ ဒါကိုမသိတဲ့ကိုဟုတ်စိန်က မယားအငယ်လေးပြောသမျှယုံပြီးစားသောက်မိရာက ခုလိုအပင်းမိတာပဲဗျ။ မယားငယ်လေးကလည်း စွမ်းတယ်ဆိုရမယ်။ ၂ခေါက်လုံးသေလုမျောပါးဖြစ်အောင်လုပ်နိုင်တာကိုး။နှစ်ခါဆိုတော့ဘုန်းဘုန်းလည်း သူ့ဆီပညာအလှူခံလိုက်ရတယ်။ဒါကိုမလှူဘူးငြင်းသေးတာ။ ဝင်ပူးကပ်ပေးတဲ့ကလေးမလေးက ဒေါနဲ့မောနဲ့ ပြောနေတယ်။
” ငါ့ကိုယူမယ်ကတိပေးပြီး မယူဘူး…အသက်ပေးမှကျေနပ်မယ် ”
တဲ့။ ဘုန်းဘုန်းကမေတ္တာနဲ့ဖြန်ဖြည်ပေးတဲ့အခါမှ ဒါဆို လက်ထပ်မယူရင်လည်းသူ့အတွက်တစ်ခုခုတော့ပြန်ပေးမှကျေနပ်ပါမယ်ဆိုတော့လောက်လောက်
လားလားမှမဟုတ်ရင်မရဘူးလို့ထပ်ပြောသေး
တယ်။ မအေးမြင့်က တစ်ခုခုပေးပါမယ်လို့ကတိခံ
မှ ကျေနပ်သွားတယ်ဗျ။ နောက်တော့ကျွန်တော်ကြားရတာက မယားငယ်ကိုနစ်နာကြေးခြံဝိုင်းလေးတစ်ခုဝယ်ပေးလိုက်သလိုကြားလိုက်တာပဲ။ ဟုတ်
မဟုတ်တော့မသိပေမယ့် သူတို့လည်းဒီကိစ္စကြီးကို လူသိမခံချင်ဘူးထင်တယ်။
ကျွန်တော်တို့လည်းမေးမနေတော့ပါဘူး။ ကိုဟုတ်စိန်ကတော့ အဲ့ကိစ္စဖြစ်ကတည်းက အိမ်ထဲအိမ်ပြင်ကို မထွက်တာနှစ်ချီသွားတယ်။နောက်မှ တစ်လတစ်ခါလောက်ထွက်ရင်း ခုတော့လည်း သွားလိုက်
လာလိုက်လုပ်နေပါပြီ။ ကျွန်တော်တို့ရတဲ့သင်ခန်းစာကတော့သူများကျွေးတိုင်းမစားရဲတော့ဘူး။ ဘာမှတော့မဟုတ်ဘူးပေါ့။ စားရမှာရှိန်သွားတာ။ မတတ်သာလို့စားရရင်လည်း စားဦးစားဖျားကိုဘေးဖယ်
ပြီးစားတာအကျင့်တစ်ခုလိုဖြစ်နေပါပြီ။စားဦးစား
ဖျားဖယ်ရင်အပင်းသွင်းမရဘူးလို့ပြောကြတာကိုး။ ထမင်းလုံးအပင်းတော့ကြောက်မိပါရဲ့ဗျာ။
သော်တာလမင်းစန္ဒာ

Zawgyi Version

ထမင္းလုံးအပင္း (စ/ဆုံး)
——————————–
ကြၽန္ေတာ္တို႔႐ြာမွာဗ်ာ အပင္းသြင္းတယ္ဆိုၿပီး ေျပာေလ့ရွိခဲ့ေပမယ့္ ၾကားဖူးနားဝဇာတ္လမ္းထက္မပိုခဲ့ဘူး။ အခုကြၽန္ေတာ္အလုပ္လုပ္ေနတဲ့ နယ္စပ္ၿမိဳ႕ေလးမွာေတာ့ ဒီအပင္းသြင္းတဲ့ကိစၥကို ႀကဳံေတြ႕ရေတာ့တာပဲဗ်။ ျဖစ္ပုံကဒီလို။ ကြၽန္ေတာ့အလုပ္ရွင္လင္မယားက တ႐ုတ္ျမန္မာ ကျပား။ ေယာက်ာ္းနာမည္က ကိုဟုတ္စိန္၊ မိန္းမနာမည္ကမေအးျမင့္တဲ့။ သူတို႔လင္မယားက တစ္ဖက္ႏိုင္ငံက ေမြ႕ရာ၊ေစာင္၊အိပ္ရာခင္း စတာေတြကို ျမန္မာျပည္ထဲျပန္
ျဖန္႔ခ်ီတဲ့အလုပ္လုပ္တယ္။ကြၽန္ေတာ္ကေတာ့အလုပ္ၾကမ္းသမားေပါ့။ တစ္ဖက္ကေနကုန္တင္
ကားႀကီးနဲ႔ပစၥည္းေတြေရာက္လာတိုင္း ပစၥည္းေတြခ်၊ ဂိုေဒါင္ထဲပို႔ေပါ့ဗ်ာ။ ၿပီးရင္ အနယ္နယ္အရပ္ရပ္ကေဖာက္သည္ဆိုင္ႀကီးေတြဆီပို႔ေတာ့လည္း ဂို
ေဒါင္ထဲကျပန္ထုတ္၊ ကားဂိတ္သြားတင္ေပးရတဲ့အလုပ္လို႔ဆိုပါေတာ့။
ဒီလိုနဲ႔ တစ္ရက္ၾကေတာ့ကိုဟုတ္စိန္ကေနမေကာင္းဘူးဆိုၿပီး အိမ္ထဲကအျပင္မထြက္ေတာ့ဘူး။ ဒီေနရာမွာေျပာခ်င္တာက အလုပ္ရွင္အိမ္နဲ႔ ဂိုေဒါင္ဟာ တဝင္းထဲတၿခံထဲ။ ၿခံဝိုင္းကအေတာ္က်ယ္တယ္။တ
ျခားအလုပ္သမားေတြကအလုပ္ဂိုေဒါင္ေဘးမွာေနၾကေပမယ့္ ကြၽန္ေတာ္ကေတာ့မေနျဖစ္ခဲ့ဘူး။ ကြၽန္ေတာ့မိန္းမနဲ႔ကေလးေတြလည္းရွိလို႔ တျခားမွာငွါးေနတာေပါ့။ ကဲဆက္ေျပာရရင္ေတာ့ ကိုဟုတ္စိန္ကို
မေတြ႕မျမင္ရတာ တစ္လေလာက္ၾကာသြားခဲ့တယ္။ သူ႔မိန္းမကလည္းမ်က္ႏွာသိပ္မေကာင္းလို႔ ဘာမွမေမးမိဘူးေပါ့ဗ်ာ။ တစ္ေန႔ၾကေတာ့မေအးျမင့္က ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့သူငယ္ခ်င္း ကိုေမာင္စိုးကိုေခၚၿပီး အကူအညီေတာင္းပါေလေရာ။
ကိုဟုတ္စိန္က လြန္ခဲ့တဲ့တစ္လေလာက္ကစၿပီး ဗိုက္ႀကီးတျဖည္းျဖည္းပူလာတာ မႏႈိင္းေကာင္းႏႈိင္းေကာင္း ကိုးလလြယ္လို႔ဆယ္လဖြားေတာ့မယ့္
ဗိုက္ႀကီးသည္လိုျဖစ္ေနတယ္တဲ့ဗ်။ ေဆးပညာအရ အသည္းေျခာက္တယ္လို႔ယူဆလို႔ ေဆး႐ုံေဆးခန္းျပေပမယ့္ ထူးထူးဆန္းဆန္းအသည္းေျခာက္တဲ့အေျဖလည္းမထြက္ခဲ့ဘူးတဲ့။ ဘယ္လိုအေၾကာင္း
ေၾကာင့္ခုလိုျဖစ္မွန္းအေျဖရွာမရလို႔ သူကေတာ့ တစ္ေယာက္ေယာက္မ်ားျပဳစားထားသလားေပါ့ဗ်ာ။ အဲ့ဒါကြၽန္ေတာ္တို႔သိတဲ့ နားလည္တတ္ကြၽမ္း
တဲ့သူမ်ားရွိမလားလို႔ေမးတယ္။ အရင္ကသူၾကားဖူးတယ္ေပါ့။ကြၽန္ေတာ္တို႔အခ်င္းခ်င္းေျပာေနတာကို။ ပညာနဲ႔ျပဳစားရင္ ကုသေပးတယ္ဆိုတာဟုတ္လားလို႔ေမးလာတယ္။
ကြၽန္ေတာ္တို႔လည္းေသခ်ာေတာ့မေျပာႏိုင္ဘူးေပါ့။ တကယ္လို႔ကုသခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔႐ြာကဘုန္းဘုန္းကေတာ့စြမ္းတယ္လို႔ျပန္ေျပာျပလိုက္တယ္။ မေအးျမင့္က ဒါဆို သူတို႔ကိုလိုက္ပို႔ေပးပါ
တဲ့။ ကုန္က်စရိတ္အားလုံးသူတာဝန္ယူပါ့မယ္ဆိုလာေတာ့ ႐ြာလည္းျပန္ခ်င္ေနတဲ့ကြၽန္ေတာ္ေခါင္းညိမ့္လိုက္တာေပါ့။ ေျပာမယ့္သာေျပာတယ္။ ႐ြာကဘုန္းဘုန္းကရွိေသးလား၊ မရွိေတာ့ဘူးလားေသခ်ာမသိဘူး။ ႐ြာကိုတစ္ခါဖုန္းျပန္ဆက္စုံစမ္းေပါ့ဗ်ာ။ ဘုန္းဘုန္းလည္းရွိတယ္ဆိုေတာ့ အက်ိဳးအေၾကာင္းေလွ်ာက္တင္ခိုင္းၿပီး သြားလိုက္ၾကေတာ့တယ္။ မေအးျမင့္ကလူမသိေစခ်င္လို႔ မနက္ ၃နာရီေလာက္အိမ္ကထြက္ရတာဗ်။ အဲ့ဒီမနက္မွပဲ ကိုဟုတ္စိန္ကိုေသခ်ာျမင္ေတြ႕ရေတာ့တာပဲ။
တကယ္ပဲဗ်ာ။ သူ႔ဗိုက္ႀကီးကပူေနတာမ်ား ေမြးခါနီးဖြားခါနီးလိုကိုျဖစ္ေနတာပဲဗ်။ သူ႔သူေတာင္မႏိုင္ခ်င္ဘူး။ ကြၽန္ေတာ္နဲ႔ ကိုေမာင္စိုးက တြဲေခၚရတယ္။ ကားေပၚမွာတစ္လမ္းလုံး ဗိုက္နာတယ္၊ ဗိုက္နာ
တယ္ေအာ္လာတာ ၾကည့္ၿပီးစိတ္မေကာင္းေတာင္ျဖစ္မိတယ္ဗ်ာ။မေအးျမင့္က ကိုဟုတ္စိန္ဗိုက္ကိုပြတ္သပ္ေပးရင္း သူ႔ခမ်ာလည္းေတာ္ေတာ္ပင္ပန္းရရွာတာပဲ။ ဒီလိုနဲ႔ လမ္းမွာတစ္ညအိပ္ၿပီးေနာက္ေန႔
ညေနခင္းမွာ႐ြာကိုေရာက္လာတယ္။ ေရာက္တာနဲ႔ ဘုန္းႀကီးေက်ာင္းကိုအရင္သြားၾကတာေပါ့။ ဘုန္းဘုန္းက ကြၽန္ေတာ္တို႔ဖက္မွာနာမည္ႀကီးပဲ။ ပေရာဂႏိုင္တယ္ဆိုၿပီးနာမည္ေက်ာ္ၾကားတယ္။သူမ်ား
ေတြလို ငါကိုင္တုတ္ၿပီးကုတာမ်ိဳးမဟုတ္ဘူးဗ်။ ေမတၱာနဲ႔ပဲကုသေပးတယ္။ ဘုန္းဘုန္းရဲ႕ေဆးနည္းကေတာ့ ဘုရားေရပဲ။
ကိုဟုတ္စိန္ရဲ႕ဗိုက္ကို ဘုန္းဘုန္းကလက္ေလးနဲ႔သပ္ခ်ၾကည့္တယ္။ၿပီးေတာ့ ေမးတယ္။ လုပ္ငန္းခြင္မွာ၊ ပတ္ဝန္းက်င္မွာ မတည့္မေခၚတဲ့သူရွိလားတဲ့။ မရွိပါဘူးေပါ့။ ေျပာမယ့္သာေျပာတာမဟုတ္ဘူး။ ကြၽန္
ေတာ့အလုပ္ရွင္လင္မယားက စိတ္သေဘာေကာင္းတဲ့သူေတြထဲပါတယ္။ ကိုယ့္အလုပ္သမားေတြကို ေကြၽးခ်ိန္တန္ေကြၽးတယ္၊ လစာျဖတ္တာေတြသိပ္မရွိသေလာက္ပဲ။ ေနာက္ၿပီးႏွစ္ကူးခ်ိန္ဆို ေရာ့အင့္
ဆိုၿပီး မုန္႔ဖိုးေတြေပးတတ္ေသးတယ္။ ညဆိုင္းဆင္းရရင္လည္း ပိုက္ဆံကေပးၿပီးသားပဲ။ ပတ္ဝန္းက်င္နဲ႔လည္းသင့္ျမတ္တယ္။ ရန္ၿငိဳးရန္စေဝးလို႔ မတည့္တဲ့သူခပ္ရွားရွားရယ္ဗ်။ ဘုန္းဘုန္းက စဥ္းစားၿပီးဒါဆိုသူေရမန္းတိုက္မယ္ ဒကာႀကီးေသာက္လိုက္ဆိုၿပီး ေရမန္းေလးတိုက္လိုက္တာ ဆယ္မိနစ္ေလာက္ၾကာေတာ့ ကိုဟုတ္စိန္က လူးလွိမ့္လာေတာ့တယ္။ ဗိုက္ထဲကအရမ္းပူတယ္ဆိုၿပီးေအာ္ဟစ္ေနေတာ့တာပဲ။
ေခြၽးသီးေခြၽးေပါက္ေတြက်လို႔။ သူ႔ကိုၾကည့္ရတာ မီးစနဲ႔ထိုးသလိုပူၿပီးနာေနပုံရတယ္။ ဘုန္းဘုန္းလည္း ဘာမွမျဖစ္ဘူးေပါ့။ ေရမန္းဆက္ေသာက္ရမယ္ဆိုၿပီးထပ္တိုက္တယ္။ ကိုဟုတ္စိန္ကမေသာက္ခ်င္ေတာ့ဘူး။ ေရမန္းေသာက္ရင္ပူတယ္လို႔ေျပာတယ္။ ဘုန္းဘုန္းကေသာက္ပါဒကာႀကီး၊ ေရကလူအတြက္ဘာအႏၲရာယ္မွမျဖစ္ပါဘူးဆိုေတာ့မွ ေရမန္းတစ္ခြက္ထပ္ေသာက္တယ္။ ေနာက္ဆယ္မိနစ္ၾကာတဲ့အခါ ကိုဟုတ္စိန္က ဘုန္းႀကီးေက်ာင္းေပၚအရမ္းလူးလွိမ့္ေနၿပီ။ ဗိုက္ထဲကအရမ္းပူတယ္ မေနႏိုင္ေတာ့ဘူးဆိုၿပီးေတာ့ အက်ႌေတြပါခြၽတ္ပစ္တယ္။ ဘယ္ေလာက္ထူးဆန္းလဲဗ်ာ။ သူ အက်ႌခြၽတ္ေတာ့သူ႔ဗိုက္ကိုအထင္းသားေတြ႕ရတာပဲ။ ဝမ္းဗိုက္ျပင္တစ္ခုလုံး အနီစက္ေတြေပၚလာတာဗ်။ အားလုံးလည္းထိတ္လန္႔ေနၾကၿပီ။ အနီစက္ေတြ
က တျဖည္းျဖည္း႐ုပ္လုံးေပၚလာတာပဲ။ အစက္ေသးေသးေလးကေနဆန္ေစ့ပုံေတြလိုေျပာင္းသြားတယ္ဗ်။
ကိုဟုတ္စိန္ကသူ႔ဗိုက္ကိုဖိဖိၿပီး ပူတယ္၊ပူတယ္ ေအာ္ေနတုန္း ဘုန္းဘုန္းက ေရခြက္ထဲေရမန္းထည့္ၿပီးေတာ့ သကၤန္းစကိုေရခြက္ထဲစိမ္လိုက္တယ္ဗ်။ ၿပီးေတာ့သကၤန္းစကိုေရညစ္ၿပီး ကိုဟုတ္စိန္ဝမ္း
ဗိုက္ေပၚအသာေလးတင္ေပးလိုက္တာ မၾကာဘူး ေရစိုေနတဲ့သကၤန္းစဟာ ေရေတြေျခာက္သြားတယ္ဗ်ာ။ ဘုန္းဘုန္းလည္းအဲ့လိုထပ္ခါတလဲလဲထပ္လုပ္ရင္း ပါးစပ္ကလည္းဘုရားစာေတြ႐ြတ္ဖတ္ေနတယ္။ေရမန္းေတြစိုေနတဲ့သကၤန္းစဟာ တျဖည္း
ျဖည္း ေရေျခာက္တာေႏွးသြားၿပီး ကိုဟုတ္စိန္ရဲ႕ဗိုက္ေပၚက ဆန္ေစ့ပုံအနီစက္ေလးလည္းတျဖည္းျဖည္းေပ်ာက္လာတာပဲ။ ေနာက္ေတာ့ အနီစက္ေတြလုံးဝ
ေပ်ာက္သြားတဲ့အခ်ိန္ ကိုဟုတ္စိန္က အရမ္းအန္ခ်င္တယ္လို႔ေျပာတယ္။
ဘုန္းႀကီးေက်ာင္းသားတစ္ေယာက္က ေႂကြရည္သုတ္ထားတဲ့ေထြးခံကိုယူလာေပးေတာ့ အဲ့ထဲအန္ခ်လိုက္တာ ထမင္းလုံးေတြ ညိဳပုပ္ပုပ္အေရာင္ေတာင္ထြက္ေနတယ္ဗ်ာ။ ေထြးခံတစ္ဝက္ျပည့္သြားတယ္။
ၾကည့္ေနရင္း စက္ဆုပ္႐ြံ႕စရာေကာင္းတာေတာ့အမွန္ပဲ။ ဒါေပမယ့္လည္း စူးစမ္းခ်င္ေတာ့ သည္းခံၿပီးဆက္ၾကည့္ေနမိတာေပါ့။ ထမင္းလုံးေတြအားရေအာင္အန္ခ်ၿပီး ေမာသြားလို႔ေခြေခြေလးလဲေနတဲ့
ကိုဟုတ္စိန္ကို ဘုန္းဘုန္းကေရမန္းထပ္တိုက္တယ္။ ေရမန္းေသာက္ဖို႔ထထိုင္လိုက္ေတာ့ ဘယ္ေလာက္ထူးဆန္းလဲဗ်ာ။ ကိုဟုတ္စိန္ရဲ႕ဗိုက္ႀကီးက ေဖာင္း
ကားမေနေတာ့ဘူး။ ဒါေပမယ့္ ဗိုက္ေဖာင္းထား
တဲ့အရွိန္ေၾကာင့္ အျပင္အရည္ခြံႀကီးကေပ်ာ့တြဲက်ေနတယ္။ ေျပာရရင္ ပူစီေပါင္းေတြေလေလ်ာ့သြားေပမယ့္ ေလနဲ႔ေဖာင္းထားတဲ့အရွိန္ေၾကာင့္ ေပ်ာ့တြဲေနသလိုမ်ိဳး။
ေရမန္းေသာက္ၿပီးခ်ိန္မွာေတာ့ ကိုဟုတ္စိန္လည္းေတာ္ေတာ္ေလးလန္းသြားၿပီ။ ဒါေပမယ့္ အားမရွိေသးဘူး။ ေမာေနပုံရတယ္။ ဘုန္းဘုန္းက ေရမန္းပုလင္းႀကီးေပးလာတယ္ဗ်။ ေန႔တိုင္းေသာက္ရမယ္
ေပါ့။ ပညာဓါတ္ကအရွိန္က်န္ေနေသးေတာ့ေလာ
ေလာဆည္အရွင္းမေပ်ာက္ႏိုင္ေသးဘူးတဲ့ဗ်။ စျဖစ္တဲ့ေန႔ကေန ဒီေန႔ထိ ရက္ ၃၀ ဗိုက္ေဖာင္းထားရင္ ေရမန္းကိုလည္းရက္ ၃၀ ျပည့္ေအာင္ေသာက္ရမယ္
ဆိုတယ္။ ကိုဟုတ္စိန္နဲ႔ မေအးျမင့္ကေတာ့ဝမ္းသာမဆုံးေပါ့။ အဲ့ဒါနဲ႔ ဘယ္သူကမ်ားျပဳစားသလဲလို႔ဘုန္းဘုန္းကိုေမးတဲ့အခါ ဘုန္းဘုန္းကမေျဖဘူး။ ေမတၱာသာပို႔သဖို႔မွာလိုက္တယ္။ တစ္ခုသိခဲ့တာက
ျပဳစားတဲ့သူက ကိုဟုတ္စိန္ကိုထမင္းေကြၽးခဲ့တယ္ဆိုတာပဲ။ အဲ့ဒါနဲ႔ကြၽန္ေတာ္တို႔လည္း႐ြာမွာတစ္ညအိပ္ၿပီးျပန္လာၾကတာေပါ့။
မေအးျမင့္ကေတာ့ ဒီကိစၥကိုတႏုံ႔ႏုံ႔နဲ႔ေက်နပ္ပုံမရဘူးဗ်။ သူ႔ေယာက်ာ္းခံစားရတာဆိုေတာ့လည္း မေက်နပ္ႏိုင္ဘူးျဖစ္ေနရွာတာေပါ့။အျပန္လမ္းမွာ ကိုဟုတ္စိန္ကိုေမးတယ္။ လြန္ခဲ့တဲ့တစ္လကဘယ္သူ
ေကြၽးတာစားခဲ့လဲေပါ့။ ကိုဟုတ္စိန္ကလည္းတိ
တိက်က်မမွတ္မိဘူး။အေပါင္းအသင္းမ်ားေတာ့ဟိုလူကေကြၽးခ်င္ဒီလူကေမြးခ်င္မလား။ဟိုလူႏိုးႏိုးဒီလူႏိုးႏိုး ယုံထင္ေၾကာင္ထင္ေပါ့။ တိတိက်က်မေျဖႏိုင္ေနဘူး။ မေအးျမင့္ကလည္း သိခ်င္ရင္မရဘူး။ လူစာရင္းေတာင္းေတာ့တာပဲ။ ကိုဟုတ္စိန္က မွတ္မိသေလာက္ျပန္ေျပာျပတယ္။လူစာရင္းထဲမွာ ထမင္း
ေကြၽးတဲ့သူက ၆ေယာက္ေလာက္ရွိေနတယ္။ ဒီလူထဲကေတာ့ေသခ်ာႏိုင္တယ္ေပါ့။ ၆ေယာက္ထဲက အနီးစပ္ဆုံးကိုခန္႔မွန္းၾကည့္ၾကတယ္။ ျဖစ္ႏိုင္ေခ်ေတြကနဲေနျပန္ေရာ။ အားလုံးကေဆြမကင္းမ်ိဳးမကင္းေတြခ်ည္း။ ဒီလိုမေကာင္းတဲ့ပညာနဲ႔ ျပဳစားဖို႔ဆိုတာျဖစ္ႏိုင္ေခ်နဲလြန္းေနတယ္။ ဒီလိုနဲ႔အေျဖမေပၚဘဲျပန္လာခဲ့ၾကတာေပါ့။
အိမ္ျပန္ေရာက္တဲ့အခါ ကိုဟုတ္စိန္ကေတာ့အျပင္သိပ္မထြက္ေတာ့ဘူး။ အလုပ္မွာလည္းမေအးျမင့္ပဲလာထိုင္ေတာ့တယ္။ တစ္ညေနခင္းၾကေတာ့ မေအးျမင့္အျပင္ခဏသြားတုန္း ကိုဟုတ္စိန္က ပ်ာယာပ်ာ
ယာနဲ႔အိမ္ကေနထြက္သြားတာေတြ႕လိုက္တယ္ဗ်။ ကြၽန္ေတာ္တို႔လည္း လိုက္မစူးစမ္းရဲဘူး။ အလုပ္ရွင္မလား။ ဖာသိဖာသာပဲေနေနလိုက္ၾကတယ္။ အဲ့ဒီအခ်ိန္မေအးျမင့္ကလည္း ျပဳန္းစားႀကီးျပန္ေရာက္
လာပါေရာ။ ကိုဟုတ္စိန္အျပင္ထြက္သြားတာသူမသိေသးဘူး။ အလုပ္ခုံမွာထိုင္ၿပီး စာရင္းစာအုပ္နဲ႔ဖုန္းတစ္လုံးနဲ႔အလုပ္ရႈပ္ေနတာ။ ကိုဟုတ္စိန္ျပန္လာေတာ့ မေအးျမင့္ကခုံမွာေရာက္ေနၿပီဆိုေတာ့ အိမ္ထဲဝင္ရဲပုံမရဘူး။ အိမ္အျပင္အကြယ္ဖက္ကေန ကြၽန္ေတာ့ကိုလက္ယက္ေခၚေနတယ္။
ကြၽန္ေတာ္လည္း ခိုးေၾကာင္ခိုးဝွက္နဲ႔ ထြက္လာရတာေပါ့။ ကိုဟုတ္စိန္က သူ႔မိန္းမကိုအျပင္ပထုတ္ခ်င္တယ္တဲ့။ သူအျပင္ထြက္တာသိလို႔မျဖစ္ဘူးလို႔ေျပာတယ္။ မေအးျမင့္ကလည္းအျပင္ထြက္မယ့္ပုံ
မေပၚဘူး။ အိမ္ထဲဝင္ဖို႔က အလုပ္ဆိုင္ခန္းေနရာကဝင္ရင္ဝင္၊ ဒါမွမဟုတ္ ေနာက္ေဖးေပါက္ကဝင္မွရတယ္။ ကြၽန္ေတာ့ကိုေနာက္ေဖးတံခါးဖြင့္ေပးဖို႔အကူညီေတာင္းပါေလေရာ။ အိမ္ထဲမေရာင္မလည္နဲ႔ဝင္
ၿပီးေနာက္ေဖးတံခါးသြားဖြင့္ရတာေပါ့ဗ်ာ။ ေနာက္မွကြၽန္ေတာ္သိရတာ ကိုဟုတ္စိန္မွာ မယားငယ္ေလးရွိတယ္ဆိုတာပဲ။ မယားငယ္နဲ႔ေတြ႕ဖို႔ခိုးထြက္တာ၊ မေအးျမင့္က ထမင္းလုံးအပင္းကိစၥျဖစ္ၿပီးကတည္း
ကအိမ္အျပင္ေပးမထြက္ဘူးဆိုပဲဗ်။ ဒါေၾကာင့္ခိုးထြက္ၿပီးသြားေတြ႕တာပဲ။ အျပင္ခိုးထြက္ၿပီးမၾကာဘူး၊ ကိုဟုတ္စိန္ဗိုက္ႀကီးထပ္ပူလာလို႔ ကြၽန္ေတာ္တို႔႐ြာကိုထပ္သြားရျပန္ေရာ။ အဲ့ဒီအခါမွထမင္းလုံးအပင္းသြင္းတဲ့သူက မယားငယ္ေလးမွန္းသိရတာ။
မယားငယ္ကသူ႔ကိုယူဖို႔ေျပာတာ ကိုဟုတ္စိန္ကမယူႏိုင္ေသးဘူးဆိုလို႔ အေသလုပ္တာတဲ့ဗ်ာ။ ပထမတစ္ခါကမေအာင္ျမင္လို႔ အခုတခါထပ္လုပ္တာ၊ အခုတစ္ေခါက္ေတာ့ေတာ္ေတာ္ဆိုးဆိုးပဲ။ ဗိုက္
ႀကီးပူ႐ုံမကဘူး၊ ႏႈတ္အာေစးမိထားသလိုစကားလည္းေကာင္းေကာင္းမေျပာႏိုင္ေတာ့ဘူးေလ။ ဘုန္းဘုန္းလည္း တစ္ပတ္ေလာက္ကုသေပးလိုက္
ရတယ္။ အရင္တစ္ခါ ထမင္းလုံးညိဳပုပ္ပုပ္အ
ေရာင္၊ အခုတခါမွာေတာ့ မည္းမည္းႀကီးေတြထြက္လာတယ္။ လွ်ာေလးအာေလးျဖစ္သြားလို႔ ေတာ္
ေတာ္ၾကာစကားမေျပာႏိုင္ဘူး။ တစ္လေလာက္
ၾကာမွ အရင္လိုျပန္ေကာင္းလာေတာ့တာ။
ကိုဟုတ္စိန္ကို ထမင္းေခၚေကြၽးၿပီးအပင္းထည့္လိုက္တာပဲ။ ဒါကိုမသိတဲ့ကိုဟုတ္စိန္က မယားအငယ္ေလးေျပာသမွ်ယုံၿပီးစားေသာက္မိရာက ခုလိုအပင္းမိတာပဲဗ်။ မယားငယ္ေလးကလည္း စြမ္းတယ္ဆိုရမယ္။ ၂ေခါက္လုံးေသလုေမ်ာပါးျဖစ္ေအာင္လုပ္ႏိုင္တာကိုး။ႏွစ္ခါဆိုေတာ့ဘုန္းဘုန္းလည္း သူ႔ဆီပညာအလႉခံလိုက္ရတယ္။ဒါကိုမလႉဘူးျငင္းေသးတာ။ ဝင္ပူးကပ္ေပးတဲ့ကေလးမေလးက ေဒါနဲ႔ေမာနဲ႔ ေျပာေနတယ္။
” ငါ့ကိုယူမယ္ကတိေပးၿပီး မယူဘူး…အသက္ေပးမွေက်နပ္မယ္ ”
တဲ့။ ဘုန္းဘုန္းကေမတၱာနဲ႔ျဖန္ျဖည္ေပးတဲ့အခါမွ ဒါဆို လက္ထပ္မယူရင္လည္းသူ႔အတြက္တစ္ခုခုေတာ့ျပန္ေပးမွေက်နပ္ပါမယ္ဆိုေတာ့ေလာက္ေလာက္
လားလားမွမဟုတ္ရင္မရဘူးလို႔ထပ္ေျပာေသး
တယ္။ မေအးျမင့္က တစ္ခုခုေပးပါမယ္လို႔ကတိခံ
မွ ေက်နပ္သြားတယ္ဗ်။ ေနာက္ေတာ့ကြၽန္ေတာ္ၾကားရတာက မယားငယ္ကိုနစ္နာေၾကးၿခံဝိုင္းေလးတစ္ခုဝယ္ေပးလိုက္သလိုၾကားလိုက္တာပဲ။ ဟုတ္
မဟုတ္ေတာ့မသိေပမယ့္ သူတို႔လည္းဒီကိစၥႀကီးကို လူသိမခံခ်င္ဘူးထင္တယ္။
ကြၽန္ေတာ္တို႔လည္းေမးမေနေတာ့ပါဘူး။ ကိုဟုတ္စိန္ကေတာ့ အဲ့ကိစၥျဖစ္ကတည္းက အိမ္ထဲအိမ္ျပင္ကို မထြက္တာႏွစ္ခ်ီသြားတယ္။ေနာက္မွ တစ္လတစ္ခါေလာက္ထြက္ရင္း ခုေတာ့လည္း သြားလိုက္
လာလိုက္လုပ္ေနပါၿပီ။ ကြၽန္ေတာ္တို႔ရတဲ့သင္ခန္းစာကေတာ့သူမ်ားေကြၽးတိုင္းမစားရဲေတာ့ဘူး။ ဘာမွေတာ့မဟုတ္ဘူးေပါ့။ စားရမွာရွိန္သြားတာ။ မတတ္သာလို႔စားရရင္လည္း စားဦးစားဖ်ားကိုေဘးဖယ္
ၿပီးစားတာအက်င့္တစ္ခုလိုျဖစ္ေနပါၿပီ။စားဦးစား
ဖ်ားဖယ္ရင္အပင္းသြင္းမရဘူးလို႔ေျပာၾကတာကိုး။ ထမင္းလုံးအပင္းေတာ့ေၾကာက္မိပါရဲ႕ဗ်ာ။
ေသာ္တာလမင္းစႏၵာ