တိုက်နွား (စ-ဆုံး)

Unicode Version

တိုက်နွား (စ-ဆုံး)
ညသန်းခေါင်ချိန်လောက် ရှိပြီဗျ။
” ဝပ် ထရိန်း ဝပ် ထရိန်း ဝပ် ထရိန်း”
နွားတွန်သံကြီး ကြားနေတာ။ ကျုပ်လည်း အိပ်ပျော်နေရာက လန့်နိုးသွားတယ်။ အဘနဲ့အမေလည်း လန့်နိုးသွားကြတယ်။
” ဘယ်သူ့နွား လွတ်နေတာလဲ မသိဘူး။ စောစောကတည်းကကြားနေရတာ၊ ရွာမြောက်ပိုင်းကစပြီး ကြားရတာ ”
အမေက အဘကို ပြောနေတာဗျ။
” ဝပ် ထရိန်း ဝပ် ထရိန်း ဝပ် ထရိန်း”
အခုကြားရတာက ကျုပ်တို့ဝိုင်းရှေ့ကဗျို့။ ကျုပ်အဘအိပ်ရာထဲက ထလာတယ်။ အိမ်ရှေ့မှာ ကာထားတဲ့ သစ်သားချောင်းတွေ ကြားကနေ ဝိုင်းအပြင်က လမ်းပေါ်ကို လှမ်းကြည့်နေတာဗျ။
” ဝပ်ထရိန်း ဝပ်ထရိန်း ဝပ်ထရိန်း”
” နွားသံကတော့ တော်တော်ကို အကောင်ကြီးမယ့်ပုံပဲဟ၊ ဒါပေမယ့် ငါလည်း ဘာနွားမှ မမြင်ပါဘူး ငွေစိန်ရာ”။
” လမသာတော့လည်း မှောင်နေတာကိုး၊ ကိုဉာဏ်ရဲ့ ဘယ်မြင်လိမ့်မတုံး”
“ဝပ် ထရိန်း”
ဟော အသံက တဖြည်းဖြည်း ဝေးသွားပြီဗျို့။ တောင်ဘက်ကို အသံကရောက်ရောက် သွားတယ်။
” ဝုတ် ဝုတ် ဝုတ် ဝုတ်၊ အီ အီ အီ”
“ဝုတ် ဝုတ် ဝုတ် ဝုတ် ကိန် ကိန်”
တောင်ပိုင်းမှာတော့ ခွေးသံတွေ ဆူညံသွားတာဗျို့။ ခွေးတစ်ကောင်ရဲ့ မချိမဆံ့ အော်လိုက်တဲ့အသံလည်း ကြားလိုက်ရတယ်။
ခွေးဟောင်သံ ဆိုတာလည်း အမျိုးမျိုး ရှိတယ်ဗျ။ မြွေတွေ့လို့ ဟောင်တဲ့အသံကတစ်မျိုး၊ ခွေးတစ်ကောင်
နယ်ကျွံလာလို့ဟောင်တဲ့အသံကတစ်မျိုး၊ နာနာဘာဝမကောင်းဆိုးဝါးကို တွေ့လို့ဟောင်တဲ့အသံကတစ်မျိုး၊ လူကိုဟောင်တဲ့အသံကတစ်မျိုးဗျ။
အခုကြားနေရတဲ့ ခွေးဟောင်သံကတော့ နယ်ကျွံလာတဲ့ ခွေးကိုဟောင်တဲ့အသံမျိုးဗျ။ ကျုပ်စိတ်ထင်တော့ စောစောက အသံကြားရတဲ့နွားကို ဟောင်တာပဲဖြစ်ရမယ်။
ခွေးတစ်ကောင်တစ်လေက နွားရဲ့နောက်ကို ပြေးလိုက်လို့ နွားကန်လိုက်တာ ထင်တယ်ဗျ။ ခွေးတစ်ကောင် မချိမဆံ့အော်တဲ့အသံ ကြားလိုက်ရတယ်။
အဘနဲ့အမေက ချက်ခြင်းပြန်အိပ်လို့ မပျော်ကြတော့ ဆေးလိပ်ထိုင်သောက်နေကြတယ်။ လူကြီးဆိုတာကလည်း
ခက်သားဗျ။ ညဘက်အချိန်မဟုတ်ဘဲ နိုးသွားရင် ချက်ခြင်းပြန်အိပ်လို့ မပျော်တော့ဘူးလေဗျာ။
” ဖုန်း ဖုန်း ဝုတ် ဝုတ် ဝူး ဝူး ဝူး ကိန် ကိန်”
” ဟဲ့နွား ဟဲ့ဘယ်ကနွားတုံး၊ နွားတွေ့လား၊”” တွေ့တော့ မတွေ့ဘူး”
” ဟော ခွေးသံတွေကော လူသံတွေကော ဆူညံနေပါလား ကိုဉာဏ်၊ ဟဲ့ တာတေ နိုးလား”
” နိုးတယ် အမေ ကျုပ်လည်း နားစွင့်နေတာ၊ ဘာဖြစ်တာလည်း မသိဘူးဗျ၊ လူသံတွေပါ ကြားလာတယ် ”
“အေး ဟုတ်တယ်၊ လူသံတွေ များလာပါလား ကိုဉာဏ်၊ ဘာတွေဖြစ်ကုန်ပြီတုံး မသိဘူးတော့”
” ကျုပ် သွားကြည့်လိုက်ရမလား အမေ”
” ဟာ မသွားနဲ့ တာတေ၊ ဘာဖြစ်မှန်းမသိတာ မဟုတ်ဘူး၊ မနက်ကျတော့ အကြောင်းစုံ သိမှာပေါ့”
အမေ ဟန့်လိုက်တာနဲ့ ကျုပ်မသွားဖြစ်တော့ဘူးဗျ။ ရာသီကလည်း ဆောင်းဝင်စဆိုတော့ အညာမှာ
အေးစပြုနေပြီလေဗျာ။ အပြင်မှာတော့ တော်တော်လေးအေးနေပြီ။ ဒါကြောင့် ကျုပ်လည်း မသွားဖြစ်တော့တာပါ။
” ဝုတ် ဝုတ် ဝုတ် ဝုတ်”
ခွေးဟောင်သံတွေကတော့ နည်းနည်းကျဲသွားပြီဗျ။ အမေနဲ့အဘရော ကျုပ်ရော နားစွင့်နေကျတုန်းဗျ။
” ကိုကြီးတာတေ ကိုကြီးတာတေ”
” ဟဲ့ တာတေ၊ နင့်ကို လာခေါ်နေတာ ဘယ်သူတွေတုန်း။ ”
အသံကြားလိုက်တာနဲ့ ကျုပ် တန်းသိတယ်ဗျ။ ကျောက်ခဲအသံလေဗျာ။
“ကျောက်ခဲဗျ အမေရ၊ ဒီကောင် ကိစ္စတော့ ရှိလာပြီ ထင်တယ်”။
ကျုပ်လည်း သုံးတောင့်ထိုး ဓါတ်မီးကို ဆွဲပြီး ဝိုင်းထဲ ဆင်းလာခဲ့တယ်။
” ဟေ့ကောင်ကျောက်ခဲ၊ လာ လာ ဝင်ခဲ့၊ ဘာတွေ ဖြစ်တာတုံးကွ”
ကျောက်ခဲနောက်မှာ သံမဏိပါ ပါလာတာဗျ။ ဒီကောင်နှစ်ကောင်လည်း ချမ်းလို့ လက်ကလေးတွေ ပိုက်ပြီး ကုတ်ကုတ်ကလေးတွေကို ဖြစ်နေတာဗျ။
” ကိုကြီးတာတေ၊ ကိုလူကျော် သေသွားပြီဗျ”
“ဘာ လူကျော် သေပြီဟုတ်လား၊ ငါ့သူငယ်ချင်း လူကျော်လေ”
“ဟုတ်တယ်ဗျ”
” ဟေ ဘာဖြစ်လို့ သေတာတုန်း၊ ညနေကတောင် ငါနဲ့တွေ့သေးတာပဲ အကောင်းကြီးပါ”
” ကိုကြီးတာတေ၊ စောစောက နွားတွန်သံကြီး မကြားဘူးလားဗျ”
“အေး ကြားတယ်လေ၊ ဘယ်သူ့နွားလွတ်နေတာတုန်း”
” အဲ့ဒီနွားဝှေ့လို့ ကိုလူကျော် ပွဲချင်းပြီး သေသွားတာဗျ”
” ဟေ ဟုတ်လားကွ၊ ဒါ ဘယ်သူ့နွားတုန်း”
“ဘယ်သူ့နွားမှ မဟုတ်ဘူး ကိုကြီးတာတေ၊ နွားကို မြင်ကို မမြင်ရတာဗျ”
“ဘယ်လိုကွ၊ကျောက်ခဲရ နွားကို မမြင်ရဘူး ဟုတ်လား။ နွားက လူကို ဝှေ့ပစ်ခဲ့ပြီး ထွက်ပြေးသွားလို့လား”
“မဟုတ်ဘူးဗျ ကိုကြီးတာတေရ၊ နွားက အသံပဲကြားနေရတာ မြင်ကိုမမြင်ရဘူး”
“ဟာ ဟုတ်လား၊ အေး ငါ့အဘလည်း ပြောတယ်ကွ၊ စောစောက သူထကြည့်တာ နွားမတွေ့ဘူးတဲ့”
“ဟုတ်တယ်ဗျ နွားက ကိုကြီးတာတေတို့ဘက်ကနေ တောင်ပိုင်းကို ရောက်လာတာ။ ကိုလူကျော်တို့
ဝိုင်းရှေ့ရောက်တော့ ဝိုင်းတံခါးက ဟနေတာတဲ့ဗျ။ ဝိုင်းထဲက ခွေးတွေက ထွက်လာပြီး ဟောင်တော့ နွားက ခွေးနောက်ကို
ပြေးလိုက်ရင်း ဝိုင်းထဲရောက်လာတာဗျ။ ဝိုင်းထဲရောက်တော့ နွားထားတဲ့ တင်းကုတ်ဘက်ကို သွားလို့ နွားတွေကလည်း
နှာတေမှုတ် ရုန်းကန်လုပ်၊ခွေးတွေကလည်း ဝင်ဆွဲကြတော့ အဲ့ဒီနွားက ကိုလူကျော်တို့ ခွေးညိုကြီးကို ဆောင့်ကန်လိုက်တာ၊ ခွေးလည်း ဆန့်ငင် ဆန့်ငင်နဲ့ တစ်ခါတည်းကို သေတာတဲ့ဗျ”
“ဟေ ဒါကြောင့် ခွေးတစ်ကောင် မချိမဆံ့အော်တဲ့အသံမျိုး ကြားရတာကိုး”
” ဒီတော့ ကိုလူကျော်ရော သူ့အဘရော ဝိုင်းထဲ ပြေးဆင်း လာကြတာပေါ့ဗျ။ အဲ့ဒီမှာတင် ဝပ် ထရိန်း ဝပ် ထရိန်း
ဆိုတဲ့အသံကြီး နှစ်ချက်ဆင့် တွန်လိုက်ပြီး ကိုလူကျော်ကို ပြေးဝှေ့တာတဲ့ဗျာ၊ ကိုလူကျော် အပေါ်ကို ငါးပေလောက်
မြောက်တက်သွားပြီမှ မြေကြီးပေါ်ကို ခြေပစ်လက်ပစ် ပြုတ်ကျတာ လှုပ်ကို မလှုပ်တော့ဘူးတဲ့ဗျာ”
” ဟာ ပွဲချင်းပြီး သေရောလား”
“သေဆို ရင်ဘတ်မှာ ပေါက်နေတဲ့ နွားချိုရာကြီးက နှစ်လက်မလောက်ကို ရှိတာဗျ။ သွေးတွေမှ အိုင်ထွန်းနေတာ မြင်လို့ကိုမကောင်းပါဘူးဗျာ”
လူကျော်ဆိုတာ ကျုပ်သူငယ်ချင်းပဲလေ၊ကျုပ်ဘယ်မှာ စိတ်ကောင်းနိုင်မတုံးဗျာ၊ ကျောက်ခဲတို့ သံမဏိတို့နဲ့ ကျုပ်ချက်ခြင်း လိုက်လာခဲ့တယ်။ လူကျော်တို့ ဝိုင်းထဲမှာ လူကိုအုံနေတာဗျို့။
ကျုပ်တို့ ထနောင်းကုန်းသူကြီးနဲ့ ဆယ်အိမ်ခေါင်းတွေလည်း ရောက်နေကြပြီဗျ။ ဝိုင်းထဲမှာ အောက်လင်းဓါတ်မီးတစ်လုံး
ထွန်းထားတယ်။ လူကျော့်အလောင်းက ပက်လက် ဆန့်ဆန့်ကြီးဗျ။ ရင်အုံမှာ နွားချိုရာကြီးဗျို့၊
လုံးပတ်ကနှစ်လက်မလောက် ရှိမယ်။…
သွေးတွေက အခုထိ စီးထွက်နေတုန်းဗျ။ ဟာ ဇောင်းလျားပင်အောက်က
လူကျော့်ခွေးညိုကြီးဗျ။ ဆန့်ဆန့်ကြီသေနေတာ။ ကျုပ်တို့ရွာထဲကလူတွေက ညိုကြီးကို လက်နဲ့ စမ်းကြည့်နေကြတယ်။
“နံရိုးတွေ အကုန်လုံး ကျိုးနေတာကွ၊တော်တော်ကို ပြင်းတဲ့ ကန်ချက်ပဲ”
ညိုကြီးကို မမြင်ရတဲ့နွား ကန်သွားတာလေဗျာ။ လူကျော့်ကိုလည်း မမြင်ရတဲ့နွားကပဲ ဝှေ့သတ်သွားတာပေါ့ဗျာ။ ကျုပ်တို့ရွာမှာ ဖြစ်လိုက်ရင် အဆန်းကြီးပဲဗျ။
” ဝုတ် ဝုတ် ဝုတ် ဝပ်ထရိန်း ဝပ် ထရိန်း”
“ဟာ အရှေ့ပိုင်းကို ရောက်သွားပြီဟေ့။ ခွေးသံတွေရော နွားသံကြီးတွေရော ကြားတယ်ကွ”
ကိုဘမောင်ဆိုတဲ့လူက ထပြောလိုက်တာဗျ။ ကျုပ်ဘာလုပ်ရမယ်ဆိုတာ တွေးမိသွားပြီဗျို့။ ကျုပ်
ချက်ခြင်းအိမ်ပြန်လာတယ်။ ကျောက်ခဲတို့နှစ်ယောက်ကလည်း ကျုပ်နဲ့ ထပ်ချပ်မကွာပဲဗျ။ အိမ်ရောက်တော့ အဘတို့ အမေတို့ကို အကျိုးအကြောင်း ပြောပြလိုက်တယ်။
” ဟာ ဖြစ်မှဖြစ်ရလေဟယ်၊လူကျော်သေပါပေါ့လား”
လို့ အမေကပြောပြီး မျက်ရည်သုတ်တယ်။ အဘတို့အမေတို့က ကျုပ်သူငယ်ချင်းတွေကိုဆိုရင် လွှတ်ခင်တာဗျ။
ကျုပ်လည်း ဆေးလွယ်အိတ်ကိုယူပြီး မျက်ကွင်းဆေး ကွင်းလိုက်တယ်။ လွယ်အိတ်ထဲက ခြေမန်းကွင်းကိုရှာပြီး
အပေါ်ဆုံးမှာတင်ထားလိုက်တယ်။ ယူလို့လွယ်အောင်ပေါ့ဗျာ။ ကျုပ်ကဆေးလွယ်အိတ်ကို စလွယ်သိုင်းထားလိုက်တယ်။
ကဲ ကျောင်ခဲနဲ့သံမဏိ၊ရွာအရှေ့ပိုင်းကို သွားကြစို့ကွာ။
ကျုပ်က ရှေ့ကထွက် ဒီကောင်နှစ်ကောင်က နောက်က ကပ်ပါလာရောဗျ။
တာတေ နင် သတိဝီရိယလည်း ထားဦးနော်
အမေက ကျုပ်ကို လှမ်းအော်ပြောတာဗျ။ ကျုပ်တို့သုံးယောက် ရွာအရှေ့ပိုင်းကိုရောက်တော့
“ဘုန် ဘုန်း ဘုန်း ဗြင်း ဗြင်း”
ဘုန်း ဘုန်း ဆိုတာက အိမ်ဝိုင်းထောင့်မှာ စိုက်ထားတဲ့ ငှက်ပျောပင်တွေကို ဝှေ့နေတာဗျ။ ဗြင်း ဗြင်း ဆိုတာက ငှက်ပျောပင်တွေနားက မန်ကျည်းပင်ကြီးကို ကိုယ်လုံးနဲ့ပွတ်တဲ့ အသံဗျ။
” ဟာ တွေ့ပြီဗျို့ တွေ့ပြီ ”
နည်းတဲ့အကောင်ကြီးမှ မဟုတ်တာဗျာ။ နွားနက်ကြီးဗျ၊အရပ်က ကျုပ်တစ်ရပ်ထက်တောင် မြင့်သေးတယ်ဗျို့။ခေါင်းကြီးက
ခွဲတောင်းတစ်လုံးလောက် ရှိတယ်။ ချိုကြီးတွေက နှစ်လက်မ ရေပိုက်လောက် ရှိတာဗျို့။ ဒီချိုနဲ့ ကျုပ်သူငယ်ချင်း လူကျော်ကို ပွဲချင်းပြီး ဝှေ့သတ်ခဲ့တာပေါ့ဗျာ။
ကျုပ် သေသေချာချာ သိသွားပြီ။ ကျုပ်ဆရာကြီးတွေနဲ့လိုက်တုန်းက မှတ်သားထားဖူးတဲ့
ဗဟုသုတအရဆိုရင် ဒါတိုက်နွားကြီးဗျ။ သူ့ကိုစီရင်တဲ့ဆရာ သေသွားလို့လား၊ ဒါမှမဟုတ်ရင် မနိုင်တော့လို့ လွတ်ကျန်ရစ်ခဲ့တာလားတော့ မသိဘူးဗျ။
ကျုပ်လည်း ခပ်လှမ်းလှမ်းကနေပဲ အကဲခတ်နေရတာဗျို့။ အနားကိုတော့ သိပ်မကပ်ရဲဘူးလေဗျာ။ ခုနကလေးတင်
ကျုပ်သူငယ်ချင်းလူကျော်ကို ဝှေ့သတ်ထားတဲ့ နွားလေဗျာ။ ကျုပ်ဘယ်လိုလုပ်ပြီး အနားကို ကပ်ရဲမှာလဲ။
ကျုပ် ဆေးလွယ်အိတ်ထဲက ဆရာနွံဖပေးထားတဲ့ ခြေမန်းကွင်းကို ထုတ်ယူလိုက်တယ်။ ခြေမန်းကွင်းကို တစ်ဆင့်
ထပ်ဖြည်လိုက်တယ်။ ခြေမန်းကွင်းအကျယ်ကြီး ဖြစ်သွားတယ်။ ဒါမှ တိုက်နွားကြီးရဲ့ခေါင်းကို စွပ်လို့ရမှာလေဗျာ။
“ရှူး ရှူး ရှူး”
တိုက်နွားကြီး နှာရှုတ်တဲ့အသံဗျ။ ခွဲတောင်းလောက်ရှိတဲ့ ခေါင်းကြီးနဲ့၊ နှစ်လက်မလောက်ရှိတဲ့ ချိုကားကြီးက
ဝှေ့ကာဝှိုက်ကာနဲ့ လှုပ်ရမ်းနေတာဗျို့။ မျက်လုံးနီကြီးနှစ်လုံးကလည်း မှောင်ထဲမှာ ရဲတောက်နေတာဗျ။ မှောင်ထဲမှာ လိုက်ကြည့်ပြီး သူ့ရဲ့ရန်သူကို လိုက်ရှာနေတဲ့ပုံပဲဗျ။
ကျုပ်နဲ့ ကျောက်ခဲတို့နှစ်ယောက်က ကပ်လျက်ဝိုင်းကြီးရှေ့က ထနောင်းပင်ကြီးနောက်မှာ ကပ်ပြီးကြည့်နေရတာဗျ။
” ဘုတ် ဘုတ် ဘုတ် ဘုတ် ဖူး ဖူး ဖူး”
ဟော တိုက်နွားကြီးက ရန်သူရဲ့အငွေ့အသက်ကို ရသွားတဲ့ပုံပဲဗျ။ မြေကြီးကိုခွာနဲ့ တဘုတ်ဘုတ် ယက်နေတယ်။ နှာခေါင်းကလည်း တဖူးဖူး မှုတ်နေတယ်။
” ဗြင်း ဗြင်း ဗြင်း ဗြင်း”
သူ့ကိုယ်လုံးကြီးကလည်း မန်ကျည်းပင်ကြီးကို တဗြင်းဗြင်းနဲ့ ပွတ်နေသေးတာဗျ။
ဒီတိုက်နွားကြီးရဲ့ခေါင်းကို ဒီခြေမန်းကွင်းစွပ်ဖို့ဆိုတာ မလွယ်လောက်ဘူးလို့ ကျုပ်ထင်တယ်ဗျ။
ဒီခြေမန်းကွင်းကြီးကို သူ့ခေါင်းက စွပ်မချခင်မှာပဲ သူ့ချိုဖျားမှာ ကျုပ်အသက်ပါသွားမှာ သေချာတယ်။
ဒီအတိုင်းလွှတ်ထားလို့ကလည်း မဖြစ်ပြန်ဘူး။ မနက်မိုးမလင်းခင် ကျုပ်တို့ရွာသားတွေ ဘယ်နှယောက် ထပ်သေမယ်ဆိုတာ ဘယ်လိုမှ မပြောတတ်ဘူးဗျ။
ကျောက်ခဲနဲ့သံမဏိက ကျုပ်ကို အကဲခတ်ပြီး ကြည့်နေတာဗျ။ သူတို့ကတော့ နွားကြီးကို ဘယ်မြင်မှာတုံးဗျာ။ အသံပဲကြားနေရတာပေါ့။
“ကိုကြီးတာတေ မြင်လား”
ကျောက်ခဲက ကျုပ်ကိုလေသံနဲ့ မေးတာဗျ။ ကျုပ်က ခေါင်းညိတ်ပြလိုက်တယ်။
” အကောင်ကြီးလား”
” ငါ့အရပ်ထက်မြင့်တယ်။ ခေါင်းက ခွဲတောင်းလောက် ရှိတယ်”
” ဟာ ဖြစ်ပါ့မလား ကိုကြီးတာတေ၊ မဖြစ်ရင်တော့ မလုပ်နဲ့ဗျာ။ တော်ကြာ ကိုကြီးတာတေ အန္တရာယ် ဖြစ်နေဦးမယ် ”
ကျုပ်က ကျောက်ခဲကို လက်ကာပြလိုက်တယ်။ ကျုပ်ဘာလုပ်ရင် ကောင်းမလဲ တွေးလိုက်တယ်။ ကျုပ် မဖဲဝါကို
သတိရသွားတာဗျ။ ကျုပ်လွယ်အိတ်ထဲက ကတ္တီပါအိတ်ကလေးကို ယူလိုက်ပြီး မဖဲဝါရဲ့ ကိုယ်ပွားအရုပ်ကလေးကို ကျောက်ခဲတို့မမြင်အောင် ထုတ်လိုက်တယ်။
“ကဲ မင်းတို့နှစ်ယောက် ဟိုသရက်ပင်ကြီးနောက်မှာ သွားနေ။ဖြည်းဖြည်းလေးသွား၊မင်းတို့ကို နွားကြီးမြင်သွားရင်
မလွယ်ဘူး”
ဒီကောင်နှစ်ကောင် ရွေ့တယ်ဆိုရုံလေးရွေ့ပြီး သရက်ပင်ကြီးနောက်မှာ ကပ်နေကြတယ်။
” သင်္ချိုင်းရှင်မ မဖဲဝါခင်ဗျား၊ထနောင်းကုန်းက တာတေ ပင့်ဖိတ်ပါတယ်။ လွှတ်အရေးကြီးနေလို့ ခုချက်ခြင်းကြွပါဗျာ ”
ကျုပ်ကတိုးတိုးလေးပြောပြီး မဖဲဝါကို ပင့်လိုက်တယ်။ ဟော လှုပ်လာပြီ လှုပ်လာပြီ။ ကျုပ်လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ မဖဲဝါရဲ့
ကိုယ်ပွားရုပ်ကလေး လှုပ်လာပြီဗျို့။
မဖဲဝါရဲ့ကိုယ်ပွားရုပ်ကလေးမှာ အသက်ဝင်လာပြီဆိုတာ ကျုပ်သိလိုက်တယ်။
” သင်္ချိုင်းရှင်မကြီး မဖဲဝါခင်ဗျား ဒီတိုက်နွားကြီးကို ကျုပ် ခြေမန်းကွင်းစွပ်မှ ဖြစ်မယ်။ဒီတိုက်နွားကြီးက
ကျုပ်တို့ရွာသားတစ်ယောက်ကို သတ်လိုက်တယ်ဗျာ။ လွှတ်ထားရင် နောက်ထပ်လူတွေ ထပ်သတ်ဦးမှာသေချာတယ်
မဖဲဝါ။ ကျုပ်ဆရာကြီးတွေ လုပ်သလို ခြေမန်းကွင်းစွပ်ပြီး မူလပြန်ပို့မှရမှာဗျ ”
ကျုပ်လက်တစ်ဖက်က မဖဲအရုပ်ကလေးကိုကိုင်ရင်း ခြေမန်းကွင်းကို ကျုပ်သေသေချာချာ ပြင်ပြီးကိုင်လိုက်တယ်။
ဒီတုန်းမှာပဲ ကျုပ်လက်ထဲက မဖဲဝါရဲ့ ကိုယ်ပွားရုပ်ကလေးက ဆတ်ကနဲလှုပ်သွားပြီး အရုပ်ကနေ ဖြူဖြူတန်းတစ်ခု
ပြေးထွက်သွားတယ်။ ဟာ မဖဲဝါ တိုက်နွားကြီးကို ကားယားကြီး ခွစီးထားတယ်။ ဟာ နွားက ရုန်းနေပြီဗျို့။ သူ့ကို ခွစီးထားတဲ့
မဖဲဝါကြီးကို ခါချနေတာဗျ။ အရပ်ဆယ်ပေလောက်ရှိတဲ့ မဖဲဝါကြီးကလည်း ဆံပင်ဖားလျားကြီး ချလို့ဗျ။
ဟော ဟော တိုက်နွားကြီးက သူ့လည်ပင်းကိုကွေးပြီး သူ့ကိုယ်ပေါ် ခွစီးထားတဲ့ မဖဲဝါကို ချိုကြီးနဲ့ ဝှေ့နေတယ်ဗျ။
ကျုပ်ကတော့ ထနောင်းပင်ဘေးကထွက်ပြီး အဆင်သင့် ရပ်နေလိုက်တယ်။
ဟာ တိုက်နွားကြီး ကျုပ်ကို မြင်သွားပြီဗျို့။
“ဝပ် ထရိန်း ဝပ် ထရိန်း”
အသံနက်ကြီးနဲ့ နှစ်ချက်ဆင့်တွန်းလိုက်တာဗျ။
” ဘုတ် ဘုတ် ဘုတ်”
တိုက်နွားကြီးက မြေကြီးမှာ ခွာယက်နေတယ်ဗျ။ ကျုပ်ဆီကို ပြေးဝင်တော့မယ့်ပုံပဲဗျ။ ကျုပ်လည်း ခါးကိုကုန်းပြီး
အသင့်ပြင်ထားတယ်။ နွားရဲ့အာရုံက ကျုပ်ဘက်ကို ရောက်လာတုန်းမှာ မဖဲဝါရဲ့လက်ကြီးတစ်ဖက်က လေထဲကို မြောက်တက်သွားပြီး
” ဘုန်း ဘုန်း ဘုန်း”
နွားကြီးရဲ့ ကျောကုန်းကို သုံးချက်တိတိ ဆက်ရိုက်ချလိုက်တယ်ဗျို့။
တိုက်နွားကြီးကလည်း ကျောကုန်းကြီး ကော့ထွက်သွားရောဗျို့။ဒါ အခွင့်အရေးပဲ။ပြေးပြီ။ ကျုပ် ပြေးပြီ။
ကျုပ်ခုန်လိုက်ပြီ။စွပ်ပြီ။ခြေမန်းကွင်းကို မိမိရရကို စွပ်ချလိုက်ပြီဗျာ။ ကျုပ်စွပ်လိုက်တဲ့ ခြေမန်းကွင်းကြီးက
နွားကြီးရဲ့လည်ပင်းမှာ တွဲလောင်းကြီးဗျ။ ဟော နွားက ခေါင်းငုံ့ပြီး ခါချနေတယ်ဗျို့။
” ဘုန်း”
မဖဲဝါ နောက်တစ်ချက် ထပ်ရိုက်လိုက်တယ်။ ဟာ နွားကြီး ငြိမ်သွားပြီဗျို့။နွားကြီး တဖြည်းဖြည်း သေးလာပြီဗျို့။ ဟာ
နွားသိုးအရွယ် ရောက်သွားပြီ။ဟော နွားပေါက်ကလေး အရွယ်ရောက်သွားပြီ။ဟော ပျောက်သွားပြီဗျို့။
ကျုပ် မြေကြီးပေါ် ငုံ့ကြည့်လိုက်တော့ ကျုပ်စွပ်ထားတဲ့ ခြေမန်းကွင်းကြီး အလယ်မှာ နွားရုပ်ကလေးဗျ။
ရွှံ့နဲ့လုပ်ထားတာလား သစ်သားနဲ့လုပ်ထားတာလားတော့ ကျုပ်မသိဘူးဗျ။ ကျုပ်က ကျုပ်ဆရာကြီးရဲ့ ခြေမန်းကွင်းကို
ကောက်ယူလိုက်တယ်။ဟာ မဖဲဝါရဲ့လက်ကြီးတစ်ဖက်က နွားရုပ်ကလေးကို ကောက်ယူလိုက်တယ်ဗျို့။
ဟော ပျောက်သွားပြီ၊မဖဲဝါ ပျောက်သွားပြီဗျို့။ကျုပ်က ခြေမန်းကွင်းကို သေသေချာချာခွေပြီး လွယ်အိတ်ထဲမှာ
ထည့်သိမ်းလိုက်တယ်။ ပြီးတော့ မဖဲဝါရဲ့ကိုယ်ပွားရုပ်ကိုလည်း သိမ်းလိုက်တယ်။
ကျုပ် နောက်ကိုလှည့်လိုက်တာနဲ့ ကျောက်ခဲနဲ့သံမဏိက ကိစ္စပြီးသွားပြီဆိုတာ သဘောပေါက်ပြီး သရက်ပင်ကြီးနောက်ကနေ ပြေးထွက်လာကြတယ်ဗျ။
” ကိုကြီးတာတေ နွားကြီးရော၊နွားကြီးရှိသေးလားဗျ”
ကျုပ်က ခေါင်းခါပြပြီး ပြောလိုက်တယ်။ “အောက်လမ်းဆရာတစ်ယောက် လွတ်ကျန်ခဲ့တဲ့ နွားရုပ်ကလေးပါကွာ”
” ဟင် ဘယ်မှာတုံး”
” မဖဲဝါ သိမ်းသွားပြီကွ”
“ဗျာ မဖဲဝါကြီး ရောက်လာတာလား ကိုကြီးတာတေ”
” အေး ဟုတ်တယ်။ ငါပင့်လိုက်တာ၊ငါကဆရာမှ မဟုတ်တာ ကျောက်ခဲရာ ဒီတိုက်နွားကြီးကို ငါတစ်ယောက်တည်း ဘယ်လိုလုပ်နိုင်မှာလဲကွာ”
အဲ့ဒီညက ကျုပ် တစ်ညလုံး မအိပ်ရပါဘူး။ ကျုပ်သူငယ်ချင်း လူကျော်ရဲ့ အသုဘမှာ မိုးလင်းသွားခဲ့တာပေါ့ဗျာ။…..
ပြီးပါပြီ

Zawgyi Version

တိုက္ႏြား (စ-ဆံုး)
ညသန္းေခါင္ခ်ိန္ေလာက္ ရွိၿပီဗ်။
” ဝပ္ ထရိန္း ဝပ္ ထရိန္း ဝပ္ ထရိန္း”
ႏြားတြန္သံႀကီး ၾကားေနတာ။ က်ဳပ္လည္း အိပ္ေပ်ာ္ေနရာက လန္႔ႏိုးသြားတယ္။ အဘနဲ႔အေမလည္း လန္႔ႏိုးသြားၾကတယ္။
” ဘယ္သူ႔ႏြား လြတ္ေနတာလဲ မသိဘူး။ ေစာေစာကတည္းကၾကားေနရတာ၊ ႐ြာေျမာက္ပိုင္းကစၿပီး ၾကားရတာ ”
အေမက အဘကို ေျပာေနတာဗ်။
” ဝပ္ ထရိန္း ဝပ္ ထရိန္း ဝပ္ ထရိန္း”
အခုၾကားရတာက က်ဳပ္တို႔ဝိုင္းေရွ႕ကဗ်ိဳ႕။ က်ဳပ္အဘအိပ္ရာထဲက ထလာတယ္။ အိမ္ေရွ႕မွာ ကာထားတဲ့ သစ္သားေခ်ာင္းေတြ ၾကားကေန ဝိုင္းအျပင္က လမ္းေပၚကို လွမ္းၾကည့္ေနတာဗ်။
” ဝပ္ထရိန္း ဝပ္ထရိန္း ဝပ္ထရိန္း”
” ႏြားသံကေတာ့ ေတာ္ေတာ္ကို အေကာင္ႀကီးမယ့္ပုံပဲဟ၊ ဒါေပမယ့္ ငါလည္း ဘာႏြားမွ မျမင္ပါဘူး ေငြစ္ိန္ရာ”။
” လမသာေတာ့လည္း ေမွာင္ေနတာကိုး၊ ကိုဥာဏ္ရဲ႕ ဘယ္ျမင္လိမ့္မတုံး”
“ဝပ္ ထရိန္း”
ေဟာ အသံက တျဖည္းျဖည္း ေဝးသြားၿပီဗ်ိဳ႕။ ေတာင္ဘက္ကို အသံကေရာက္ေရာက္ သြားတယ္။
” ဝုတ္ ဝုတ္ ဝုတ္ ဝုတ္၊ အီ အီ အီ”
“ဝုတ္ ဝုတ္ ဝုတ္ ဝုတ္ ကိန္ ကိန္”
ေတာင္ပိုင္းမွာေတာ့ ေခြးသံေတြ ဆူညံသြားတာဗ်ိဳ႕။ ေခြးတစ္ေကာင္ရဲ႕ မခ်ိမဆံ့ ေအာ္လိုက္တဲ့အသံလည္း ၾကားလိုက္ရတယ္။
ေခြးေဟာင္သံ ဆိုတာလည္း အမ်ိဳးမ်ိဳး ရွိတယ္ဗ်။ ေႁမြေတြ႕လို႔ ေဟာင္တဲ့အသံကတစ္မ်ိဳး၊ ေခြးတစ္ေကာင္
နယ္ကြၽံလာလို႔ေဟာင္တဲ့အသံကတစ္မ်ိဳး၊ နာနာဘာဝမေကာင္းဆိုးဝါးကို ေတြ႕လို႔ေဟာင္တဲ့အသံကတစ္မ်ိဳး၊ လူကိုေဟာင္တဲ့အသံကတစ္မ်ိဳးဗ်။
အခုၾကားေနရတဲ့ ေခြးေဟာင္သံကေတာ့ နယ္ကြၽံလာတဲ့ ေခြးကိုေဟာင္တဲ့အသံမ်ိဳးဗ်။ က်ဳပ္စိတ္ထင္ေတာ့ ေစာေစာက အသံၾကားရတဲ့ႏြားကို ေဟာင္တာပဲျဖစ္ရမယ္။
ေခြးတစ္ေကာင္တစ္ေလက ႏြားရဲ႕ေနာက္ကို ေျပးလိုက္လို႔ ႏြားကန္လိုက္တာ ထင္တယ္ဗ်။ ေခြးတစ္ေကာင္ မခ်ိမဆံ့ေအာ္တဲ့အသံ ၾကားလိုက္ရတယ္။
အဘနဲ႔အေမက ခ်က္ျခင္းျပန္အိပ္လို႔ မေပ်ာ္ၾကေတာ့ ေဆးလိပ္ထိုင္ေသာက္ေနၾကတယ္။ လူႀကီးဆိုတာကလည္း
ခက္သားဗ်။ ညဘက္အခ်ိန္မဟုတ္ဘဲ ႏိုးသြားရင္ ခ်က္ျခင္းျပန္အိပ္လို႔ မေပ်ာ္ေတာ့ဘူးေလဗ်ာ။
” ဖုန္း ဖုန္း ဝုတ္ ဝုတ္ ဝူး ဝူး ဝူး ကိန္ ကိန္”
” ဟဲ့ႏြား ဟဲ့ဘယ္ကႏြားတုံး၊ ႏြားေတြ႕လား၊”” ေတြ႕ေတာ့ မေတြ႕ဘူး”
” ေဟာ ေခြးသံေတြေကာ လူသံေတြေကာ ဆူညံေနပါလား ကိုဥာဏ္၊ ဟဲ့ တာေတ ႏိုးလား”
” ႏိုးတယ္ အေမ က်ဳပ္လည္း နားစြင့္ေနတာ၊ ဘာျဖစ္တာလည္း မသိဘူးဗ်၊ လူသံေတြပါ ၾကားလာတယ္ ”
“ေအး ဟုတ္တယ္၊ လူသံေတြ မ်ားလာပါလား ကိုဥာဏ္၊ ဘာေတြျဖစ္ကုန္ၿပီတုံး မသိဘူးေတာ့”
” က်ဳပ္ သြားၾကည့္လိုက္ရမလား အေမ”
” ဟာ မသြားနဲ႔ တာေတ၊ ဘာျဖစ္မွန္းမသိတာ မဟုတ္ဘူး၊ မနက္က်ေတာ့ အေၾကာင္းစုံ သိမွာေပါ့”
အေမ ဟန္႔လိုက္တာနဲ႔ က်ဳပ္မသြားျဖစ္ေတာ့ဘူးဗ်။ ရာသီကလည္း ေဆာင္းဝင္စဆိုေတာ့ အညာမွာ
ေအးစျပဳေနၿပီေလဗ်ာ။ အျပင္မွာေတာ့ ေတာ္ေတာ္ေလးေအးေနၿပီ။ ဒါေၾကာင့္ က်ဳပ္လည္း မသြားျဖစ္ေတာ့တာပါ။
” ဝုတ္ ဝုတ္ ဝုတ္ ဝုတ္”
ေခြးေဟာင္သံေတြကေတာ့ နည္းနည္းက်ဲသြားၿပီဗ်။ အေမနဲ႔အဘေရာ က်ဳပ္ေရာ နားစြင့္ေနက်တုန္းဗ်။
” ကိုႀကီးတာေတ ကိုႀကီးတာေတ”
” ဟဲ့ တာေတ၊ နင့္ကို လာေခၚေနတာ ဘယ္သူေတြတုန္း။ ”
အသံၾကားလိုက္တာနဲ႔ က်ဳပ္ တန္းသိတယ္ဗ်။ ေက်ာက္ခဲအသံေလဗ်ာ။
“ေက်ာက္ခဲဗ် အေမရ၊ ဒီေကာင္ ကိစၥေတာ့ ရွိလာၿပီ ထင္တယ္”။
က်ဳပ္လည္း သုံးေတာင့္ထိုး ဓါတ္မီးကို ဆြဲၿပီး ဝိုင္းထဲ ဆင္းလာခဲ့တယ္။
” ေဟ့ေကာင္ေက်ာက္ခဲ၊ လာ လာ ဝင္ခဲ့၊ ဘာေတြ ျဖစ္တာတုံးကြ”
ေက်ာက္ခဲေနာက္မွာ သံမဏိပါ ပါလာတာဗ်။ ဒီေကာင္ႏွစ္ေကာင္လည္း ခ်မ္းလို႔ လက္ကေလးေတြ ပိုက္ၿပီး ကုတ္ကုတ္ကေလးေတြကို ျဖစ္ေနတာဗ်။
” ကိုႀကီးတာေတ၊ ကိုလူေက်ာ္ ေသသြားၿပီဗ်”
“ဘာ လူေက်ာ္ ေသၿပီဟုတ္လား၊ ငါ့သူငယ္ခ်င္း လူေက်ာ္ေလ”
“ဟုတ္တယ္ဗ်”
” ေဟ ဘာျဖစ္လို႔ ေသတာတုန္း၊ ညေနကေတာင္ ငါနဲ႔ေတြ႕ေသးတာပဲ အေကာင္းႀကီးပါ”
” ကိုႀကီးတာေတ၊ ေစာေစာက ႏြားတြန္သံႀကီး မၾကားဘူးလားဗ်”
“ေအး ၾကားတယ္ေလ၊ ဘယ္သူ႔ႏြားလြတ္ေနတာတုန္း”
” အဲ့ဒီႏြားေဝွ႔လို႔ ကိုလူေက်ာ္ ပြဲခ်င္းၿပီး ေသသြားတာဗ်”
” ေဟ ဟုတ္လားကြ၊ ဒါ ဘယ္သူ႔ႏြားတုန္း”
“ဘယ္သူ႔ႏြားမွ မဟုတ္ဘူး ကိုႀကီးတာေတ၊ ႏြားကို ျမင္ကို မျမင္ရတာဗ်”
“ဘယ္လိုကြ၊ေက်ာက္ခဲရ ႏြားကို မျမင္ရဘူး ဟုတ္လား။ ႏြားက လူကို ေဝွ႔ပစ္ခဲ့ၿပီး ထြက္ေျပးသြားလို႔လား”
“မဟုတ္ဘူးဗ် ကိုႀကီးတာေတရ၊ ႏြားက အသံပဲၾကားေနရတာ ျမင္ကိုမျမင္ရဘူး”
“ဟာ ဟုတ္လား၊ ေအး ငါ့အဘလည္း ေျပာတယ္ကြ၊ ေစာေစာက သူထၾကည့္တာ ႏြားမေတြ႕ဘူးတဲ့”
“ဟုတ္တယ္ဗ် ႏြားက ကိုႀကီးတာေတတို႔ဘက္ကေန ေတာင္ပိုင္းကို ေရာက္လာတာ။ ကိုလူေက်ာ္တို႔
ဝိုင္းေရွ႕ေရာက္ေတာ့ ဝိုင္းတံခါးက ဟေနတာတဲ့ဗ်။ ဝိုင္းထဲက ေခြးေတြက ထြက္လာၿပီး ေဟာင္ေတာ့ ႏြားက ေခြးေနာက္ကို
ေျပးလိုက္ရင္း ဝိုင္းထဲေရာက္လာတာဗ်။ ဝိုင္းထဲေရာက္ေတာ့ ႏြားထားတဲ့ တင္းကုတ္ဘက္ကို သြားလို႔ ႏြားေတြကလည္း
ႏွာေတမႈတ္ ႐ုန္းကန္လုပ္၊ေခြးေတြကလည္း ဝင္ဆြဲၾကေတာ့ အဲ့ဒီႏြားက ကိုလူေက်ာ္တို႔ ေခြးညိဳႀကီးကို ေဆာင့္ကန္လိုက္တာ၊ ေခြးလည္း ဆန္႔ငင္ ဆန္႔ငင္နဲ႔ တစ္ခါတည္းကို ေသတာတဲ့ဗ်”
“ေဟ ဒါေၾကာင့္ ေခြးတစ္ေကာင္ မခ်ိမဆံ့ေအာ္တဲ့အသံမ်ိဳး ၾကားရတာကိုး”
” ဒီေတာ့ ကိုလူေက်ာ္ေရာ သူ႔အဘေရာ ဝိုင္းထဲ ေျပးဆင္း လာၾကတာေပါ့ဗ်။ အဲ့ဒီမွာတင္ ဝပ္ ထရိန္း ဝပ္ ထရိန္း
ဆိုတဲ့အသံႀကီး ႏွစ္ခ်က္ဆင့္ တြန္လိုက္ၿပီး ကိုလူေက်ာ္ကို ေျပးေဝွ႔တာတဲ့ဗ်ာ၊ ကိုလူေက်ာ္ အေပၚကို ငါးေပေလာက္
ေျမာက္တက္သြားၿပီမွ ေျမႀကီးေပၚကို ေျခပစ္လက္ပစ္ ျပဳတ္က်တာ လႈပ္ကို မလႈပ္ေတာ့ဘူးတဲ့ဗ်ာ”
” ဟာ ပြဲခ်င္းၿပီး ေသေရာလား”
“ေသဆို ရင္ဘတ္မွာ ေပါက္ေနတဲ့ ႏြားခ်ိဳရာႀကီးက ႏွစ္လက္မေလာက္ကို ရွိတာဗ်။ ေသြးေတြမွ အိုင္ထြန္းေနတာ ျမင္လို႔ကိုမေကာင္းပါဘူးဗ်ာ”
လူေက်ာ္ဆိုတာ က်ဳပ္သူငယ္ခ်င္းပဲေလ၊က်ဳပ္ဘယ္မွာ စိတ္ေကာင္းႏိုင္မတုံးဗ်ာ၊ ေက်ာက္ခဲတို႔ သံမဏိတို႔နဲ႔ က်ဳပ္ခ်က္ျခင္း လိုက္လာခဲ့တယ္။ လူေက်ာ္တို႔ ဝိုင္းထဲမွာ လူကိုအုံေနတာဗ်ိဳ႕။
က်ဳပ္တို႔ ထေနာင္းကုန္းသူႀကီးနဲ႔ ဆယ္အိမ္ေခါင္းေတြလည္း ေရာက္ေနၾကၿပီဗ်။ ဝိုင္းထဲမွာ ေအာက္လင္းဓါတ္မီးတစ္လုံး
ထြန္းထားတယ္။ လူေက်ာ့္အေလာင္းက ပက္လက္ ဆန္႔ဆန္႔ႀကီးဗ်။ ရင္အုံမွာ ႏြားခ်ိဳရာႀကီးဗ်ိဳ႕၊
လုံးပတ္ကႏွစ္လက္မေလာက္ ရွိမယ္။…
ေသြးေတြက အခုထိ စီးထြက္ေနတုန္းဗ်။ ဟာ ေဇာင္းလ်ားပင္ေအာက္က
လူေက်ာ့္ေခြးညိဳႀကီးဗ်။ ဆန္႔ဆန္႔ႀကီေသေနတာ။ က်ဳပ္တို႔႐ြာထဲကလူေတြက ညိဳႀကီးကို လက္နဲ႔ စမ္းၾကည့္ေနၾကတယ္။
“နံ႐ိုးေတြ အကုန္လုံး က်ိဳးေနတာကြ၊ေတာ္ေတာ္ကို ျပင္းတဲ့ ကန္ခ်က္ပဲ”
ညိဳႀကီးကို မျမင္ရတဲ့ႏြား ကန္သြားတာေလဗ်ာ။ လူေက်ာ့္ကိုလည္း မျမင္ရတဲ့ႏြားကပဲ ေဝွ႔သတ္သြားတာေပါ့ဗ်ာ။ က်ဳပ္တို႔႐ြာမွာ ျဖစ္လိုက္ရင္ အဆန္းႀကီးပဲဗ်။
” ဝုတ္ ဝုတ္ ဝုတ္ ဝပ္ထရိန္း ဝပ္ ထရိန္း”
“ဟာ အေရွ႕ပိုင္းကို ေရာက္သြားၿပီေဟ့။ ေခြးသံေတြေရာ ႏြားသံႀကီးေတြေရာ ၾကားတယ္ကြ”
ကိုဘေမာင္ဆိုတဲ့လူက ထေျပာလိုက္တာဗ်။ က်ဳပ္ဘာလုပ္ရမယ္ဆိုတာ ေတြးမိသြားၿပီဗ်ိဳ႕။ က်ဳပ္
ခ်က္ျခင္းအိမ္ျပန္လာတယ္။ ေက်ာက္ခဲတို႔ႏွစ္ေယာက္ကလည္း က်ဳပ္နဲ႔ ထပ္ခ်ပ္မကြာပဲဗ်။ အိမ္ေရာက္ေတာ့ အဘတို႔ အေမတို႔ကို အက်ိဳးအေၾကာင္း ေျပာျပလိုက္တယ္။
” ဟာ ျဖစ္မွျဖစ္ရေလဟယ္၊လူေက်ာ္ေသပါေပါ့လား”
လို႔ အေမကေျပာၿပီး မ်က္ရည္သုတ္တယ္။ အဘတို႔အေမတို႔က က်ဳပ္သူငယ္ခ်င္းေတြကိုဆိုရင္ လႊတ္ခင္တာဗ်။
က်ဳပ္လည္း ေဆးလြယ္အိတ္ကိုယူၿပီး မ်က္ကြင္းေဆး ကြင္းလိုက္တယ္။ လြယ္အိတ္ထဲက ေျခမန္းကြင္းကိုရွာၿပီး
အေပၚဆုံးမွာတင္ထားလိုက္တယ္။ ယူလို႔လြယ္ေအာင္ေပါ့ဗ်ာ။ က်ဳပ္ကေဆးလြယ္အိတ္ကို စလြယ္သိုင္းထားလိုက္တယ္။
ကဲ ေက်ာင္ခဲနဲ႔သံမဏိ၊႐ြာအေရွ႕ပိုင္းကို သြားၾကစို႔ကြာ။
က်ဳပ္က ေရွ႕ကထြက္ ဒီေကာင္ႏွစ္ေကာင္က ေနာက္က ကပ္ပါလာေရာဗ်။
တာေတ နင္ သတိဝီရိယလည္း ထားဦးေနာ္
အေမက က်ဳပ္ကို လွမ္းေအာ္ေျပာတာဗ်။ က်ဳပ္တို႔သုံးေယာက္ ႐ြာအေရွ႕ပိုင္းကိုေရာက္ေတာ့
“ဘုန္ ဘုန္း ဘုန္း ျဗင္း ျဗင္း”
ဘုန္း ဘုန္း ဆိုတာက အိမ္ဝိုင္းေထာင့္မွာ စိုက္ထားတဲ့ ငွက္ေပ်ာပင္ေတြကို ေဝွ႔ေနတာဗ်။ ျဗင္း ျဗင္း ဆိုတာက ငွက္ေပ်ာပင္ေတြနားက မန္က်ည္းပင္ႀကီးကို ကိုယ္လုံးနဲ႔ပြတ္တဲ့ အသံဗ်။
” ဟာ ေတြ႕ၿပီဗ်ိဳ႕ ေတြ႕ၿပီ ”
နည္းတဲ့အေကာင္ႀကီးမွ မဟုတ္တာဗ်ာ။ ႏြားနက္ႀကီးဗ်၊အရပ္က က်ဳပ္တစ္ရပ္ထက္ေတာင္ ျမင့္ေသးတယ္ဗ်ိဳ႕။ေခါင္းႀကီးက
ခြဲေတာင္းတစ္လုံးေလာက္ ရွိတယ္။ ခ်ိဳႀကီးေတြက ႏွစ္လက္မ ေရပိုက္ေလာက္ ရွိတာဗ်ိဳ႕။ ဒီခ်ိဳနဲ႔ က်ဳပ္သူငယ္ခ်င္း လူေက်ာ္ကို ပြဲခ်င္းၿပီး ေဝွ႔သတ္ခဲ့တာေပါ့ဗ်ာ။
က်ဳပ္ ေသေသခ်ာခ်ာ သိသြားၿပီ။ က်ဳပ္ဆရာႀကီးေတြနဲ႔လိုက္တုန္းက မွတ္သားထားဖူးတဲ့
ဗဟုသုတအရဆိုရင္ ဒါတိုက္ႏြားႀကီးဗ်။ သူ႔ကိုစီရင္တဲ့ဆရာ ေသသြားလို႔လား၊ ဒါမွမဟုတ္ရင္ မႏိုင္ေတာ့လို႔ လြတ္က်န္ရစ္ခဲ့တာလားေတာ့ မသိဘူးဗ်။
က်ဳပ္လည္း ခပ္လွမ္းလွမ္းကေနပဲ အကဲခတ္ေနရတာဗ်ိဳ႕။ အနားကိုေတာ့ သိပ္မကပ္ရဲဘူးေလဗ်ာ။ ခုနကေလးတင္
က်ဳပ္သူငယ္ခ်င္းလူေက်ာ္ကို ေဝွ႔သတ္ထားတဲ့ ႏြားေလဗ်ာ။ က်ဳပ္ဘယ္လိုလုပ္ၿပီး အနားကို ကပ္ရဲမွာလဲ။
က်ဳပ္ ေဆးလြယ္အိတ္ထဲက ဆရာႏြံဖေပးထားတဲ့ ေျခမန္းကြင္းကို ထုတ္ယူလိုက္တယ္။ ေျခမန္းကြင္းကို တစ္ဆင့္
ထပ္ျဖည္လိုက္တယ္။ ေျခမန္းကြင္းအက်ယ္ႀကီး ျဖစ္သြားတယ္။ ဒါမွ တိုက္ႏြားႀကီးရဲ႕ေခါင္းကို စြပ္လို႔ရမွာေလဗ်ာ။
“ရႉး ရႉး ရႉး”
တိုက္ႏြားႀကီး ႏွာရႈတ္တဲ့အသံဗ်။ ခြဲေတာင္းေလာက္ရွိတဲ့ ေခါင္းႀကီးနဲ႔၊ ႏွစ္လက္မေလာက္ရွိတဲ့ ခ်ိဳကားႀကီးက
ေဝွ႔ကာဝႈိက္ကာနဲ႔ လႈပ္ရမ္းေနတာဗ်ိဳ႕။ မ်က္လုံးနီႀကီးႏွစ္လုံးကလည္း ေမွာင္ထဲမွာ ရဲေတာက္ေနတာဗ်။ ေမွာင္ထဲမွာ လိုက္ၾကည့္ၿပီး သူ႔ရဲ႕ရန္သူကို လိုက္ရွာေနတဲ့ပုံပဲဗ်။
က်ဳပ္နဲ႔ ေက်ာက္ခဲတို႔ႏွစ္ေယာက္က ကပ္လ်က္ဝိုင္းႀကီးေရွ႕က ထေနာင္းပင္ႀကီးေနာက္မွာ ကပ္ၿပီးၾကည့္ေနရတာဗ်။
” ဘုတ္ ဘုတ္ ဘုတ္ ဘုတ္ ဖူး ဖူး ဖူး”
ေဟာ တိုက္ႏြားႀကီးက ရန္သူရဲ႕အေငြ႕အသက္ကို ရသြားတဲ့ပုံပဲဗ်။ ေျမႀကီးကိုခြာနဲ႔ တဘုတ္ဘုတ္ ယက္ေနတယ္။ ႏွာေခါင္းကလည္း တဖူးဖူး မႈတ္ေနတယ္။
” ျဗင္း ျဗင္း ျဗင္း ျဗင္း”
သူ႔ကိုယ္လုံးႀကီးကလည္း မန္က်ည္းပင္ႀကီးကို တျဗင္းျဗင္းနဲ႔ ပြတ္ေနေသးတာဗ်။
ဒီတိုက္ႏြားႀကီးရဲ႕ေခါင္းကို ဒီေျခမန္းကြင္းစြပ္ဖို႔ဆိုတာ မလြယ္ေလာက္ဘူးလို႔ က်ဳပ္ထင္တယ္ဗ်။
ဒီေျခမန္းကြင္းႀကီးကို သူ႔ေခါင္းက စြပ္မခ်ခင္မွာပဲ သူ႔ခ်ိဳဖ်ားမွာ က်ဳပ္အသက္ပါသြားမွာ ေသခ်ာတယ္။
ဒီအတိုင္းလႊတ္ထားလို႔ကလည္း မျဖစ္ျပန္ဘူး။ မနက္မိုးမလင္းခင္ က်ဳပ္တို႔႐ြာသားေတြ ဘယ္ႏွေယာက္ ထပ္ေသမယ္ဆိုတာ ဘယ္လိုမွ မေျပာတတ္ဘူးဗ်။
ေက်ာက္ခဲနဲ႔သံမဏိက က်ဳပ္ကို အကဲခတ္ၿပီး ၾကည့္ေနတာဗ်။ သူတို႔ကေတာ့ ႏြားႀကီးကို ဘယ္ျမင္မွာတုံးဗ်ာ။ အသံပဲၾကားေနရတာေပါ့။
“ကိုႀကီးတာေတ ျမင္လား”
ေက်ာက္ခဲက က်ဳပ္ကိုေလသံနဲ႔ ေမးတာဗ်။ က်ဳပ္က ေခါင္းညိတ္ျပလိုက္တယ္။
” အေကာင္ႀကီးလား”
” ငါ့အရပ္ထက္ျမင့္တယ္။ ေခါင္းက ခြဲေတာင္းေလာက္ ရွိတယ္”
” ဟာ ျဖစ္ပါ့မလား ကိုႀကီးတာေတ၊ မျဖစ္ရင္ေတာ့ မလုပ္နဲ႔ဗ်ာ။ ေတာ္ၾကာ ကိုႀကီးတာေတ အႏၲရာယ္ ျဖစ္ေနဦးမယ္ ”
က်ဳပ္က ေက်ာက္ခဲကို လက္ကာျပလိုက္တယ္။ က်ဳပ္ဘာလုပ္ရင္ ေကာင္းမလဲ ေတြးလိုက္တယ္။ က်ဳပ္ မဖဲဝါကို
သတိရသြားတာဗ်။ က်ဳပ္လြယ္အိတ္ထဲက ကတၱီပါအိတ္ကေလးကို ယူလိုက္ၿပီး မဖဲဝါရဲ႕ ကိုယ္ပြားအ႐ုပ္ကေလးကို ေက်ာက္ခဲတို႔မျမင္ေအာင္ ထုတ္လိုက္တယ္။
“ကဲ မင္းတို႔ႏွစ္ေယာက္ ဟိုသရက္ပင္ႀကီးေနာက္မွာ သြားေန။ျဖည္းျဖည္းေလးသြား၊မင္းတို႔ကို ႏြားႀကီးျမင္သြားရင္
မလြယ္ဘူး”
ဒီေကာင္ႏွစ္ေကာင္ ေ႐ြ႕တယ္ဆို႐ုံေလးေ႐ြ႕ၿပီး သရက္ပင္ႀကီးေနာက္မွာ ကပ္ေနၾကတယ္။
” သခ်ႋဳင္းရွင္မ မဖဲဝါခင္ဗ်ား၊ထေနာင္းကုန္းက တာေတ ပင့္ဖိတ္ပါတယ္။ လႊတ္အေရးႀကီးေနလို႔ ခုခ်က္ျခင္းႂကြပါဗ်ာ ”
က်ဳပ္ကတိုးတိုးေလးေျပာၿပီး မဖဲဝါကို ပင့္လိုက္တယ္။ ေဟာ လႈပ္လာၿပီ လႈပ္လာၿပီ။ က်ဳပ္လက္ထဲမွာ ဆုပ္ကိုင္ထားတဲ့ မဖဲဝါရဲ႕
ကိုယ္ပြား႐ုပ္ကေလး လႈပ္လာၿပီဗ်ိဳ႕။
မဖဲဝါရဲ႕ကိုယ္ပြား႐ုပ္ကေလးမွာ အသက္ဝင္လာၿပီဆိုတာ က်ဳပ္သိလိုက္တယ္။
” သခ်ႋဳင္းရွင္မႀကီး မဖဲဝါခင္ဗ်ား ဒီတိုက္ႏြားႀကီးကို က်ဳပ္ ေျခမန္းကြင္းစြပ္မွ ျဖစ္မယ္။ဒီတိုက္ႏြားႀကီးက
က်ဳပ္တို႔႐ြာသားတစ္ေယာက္ကို သတ္လိုက္တယ္ဗ်ာ။ လႊတ္ထားရင္ ေနာက္ထပ္လူေတြ ထပ္သတ္ဦးမွာေသခ်ာတယ္
မဖဲဝါ။ က်ဳပ္ဆရာႀကီးေတြ လုပ္သလို ေျခမန္းကြင္းစြပ္ၿပီး မူလျပန္ပို႔မွရမွာဗ် ”
က်ဳပ္လက္တစ္ဖက္က မဖဲအ႐ုပ္ကေလးကိုကိုင္ရင္း ေျခမန္းကြင္းကို က်ဳပ္ေသေသခ်ာခ်ာ ျပင္ၿပီးကိုင္လိုက္တယ္။
ဒီတုန္းမွာပဲ က်ဳပ္လက္ထဲက မဖဲဝါရဲ႕ ကိုယ္ပြား႐ုပ္ကေလးက ဆတ္ကနဲလႈပ္သြားၿပီး အ႐ုပ္ကေန ျဖဴျဖဴတန္းတစ္ခု
ေျပးထြက္သြားတယ္။ ဟာ မဖဲဝါ တိုက္ႏြားႀကီးကို ကားယားႀကီး ခြစီးထားတယ္။ ဟာ ႏြားက ႐ုန္းေနၿပီဗ်ိဳ႕။ သူ႔ကို ခြစီးထားတဲ့
မဖဲဝါႀကီးကို ခါခ်ေနတာဗ်။ အရပ္ဆယ္ေပေလာက္ရွိတဲ့ မဖဲဝါႀကီးကလည္း ဆံပင္ဖားလ်ားႀကီး ခ်လို႔ဗ်။
ေဟာ ေဟာ တိုက္ႏြားႀကီးက သူ႔လည္ပင္းကိုေကြးၿပီး သူ႔ကိုယ္ေပၚ ခြစီးထားတဲ့ မဖဲဝါကို ခ်ိဳႀကီးနဲ႔ ေဝွ႔ေနတယ္ဗ်။
က်ဳပ္ကေတာ့ ထေနာင္းပင္ေဘးကထြက္ၿပီး အဆင္သင့္ ရပ္ေနလိုက္တယ္။
ဟာ တိုက္ႏြားႀကီး က်ဳပ္ကို ျမင္သြားၿပီဗ်ိဳ႕။
“ဝပ္ ထရိန္း ဝပ္ ထရိန္း”
အသံနက္ႀကီးနဲ႔ ႏွစ္ခ်က္ဆင့္တြန္းလိုက္တာဗ်။
” ဘုတ္ ဘုတ္ ဘုတ္”
တိုက္ႏြားႀကီးက ေျမႀကီးမွာ ခြာယက္ေနတယ္ဗ်။ က်ဳပ္ဆီကို ေျပးဝင္ေတာ့မယ့္ပုံပဲဗ်။ က်ဳပ္လည္း ခါးကိုကုန္းၿပီး
အသင့္ျပင္ထားတယ္။ ႏြားရဲ႕အာ႐ုံက က်ဳပ္ဘက္ကို ေရာက္လာတုန္းမွာ မဖဲဝါရဲ႕လက္ႀကီးတစ္ဖက္က ေလထဲကို ေျမာက္တက္သြားၿပီး
” ဘုန္း ဘုန္း ဘုန္း”
ႏြားႀကီးရဲ႕ ေက်ာကုန္းကို သုံးခ်က္တိတိ ဆက္႐ိုက္ခ်လိုက္တယ္ဗ်ိဳ႕။
တိုက္ႏြားႀကီးကလည္း ေက်ာကုန္းႀကီး ေကာ့ထြက္သြားေရာဗ်ိဳ႕။ဒါ အခြင့္အေရးပဲ။ေျပးၿပီ။ က်ဳပ္ ေျပးၿပီ။
က်ဳပ္ခုန္လိုက္ၿပီ။စြပ္ၿပီ။ေျခမန္းကြင္းကို မိမိရရကို စြပ္ခ်လိုက္ၿပီဗ်ာ။ က်ဳပ္စြပ္လိုက္တဲ့ ေျခမန္းကြင္းႀကီးက
ႏြားႀကီးရဲ႕လည္ပင္းမွာ တြဲေလာင္းႀကီးဗ်။ ေဟာ ႏြားက ေခါင္းငုံ႔ၿပီး ခါခ်ေနတယ္ဗ်ိဳ႕။
” ဘုန္း”
မဖဲဝါ ေနာက္တစ္ခ်က္ ထပ္႐ိုက္လိုက္တယ္။ ဟာ ႏြားႀကီး ၿငိမ္သြားၿပီဗ်ိဳ႕။ႏြားႀကီး တျဖည္းျဖည္း ေသးလာၿပီဗ်ိဳ႕။ ဟာ
ႏြားသိုးအ႐ြယ္ ေရာက္သြားၿပီ။ေဟာ ႏြားေပါက္ကေလး အ႐ြယ္ေရာက္သြားၿပီ။ေဟာ ေပ်ာက္သြားၿပီဗ်ိဳ႕။
က်ဳပ္ ေျမႀကီးေပၚ ငုံ႔ၾကည့္လိုက္ေတာ့ က်ဳပ္စြပ္ထားတဲ့ ေျခမန္းကြင္းႀကီး အလယ္မွာ ႏြား႐ုပ္ကေလးဗ်။
႐ႊံ႕နဲ႔လုပ္ထားတာလား သစ္သားနဲ႔လုပ္ထားတာလားေတာ့ က်ဳပ္မသိဘူးဗ်။ က်ဳပ္က က်ဳပ္ဆရာႀကီးရဲ႕ ေျခမန္းကြင္းကို
ေကာက္ယူလိုက္တယ္။ဟာ မဖဲဝါရဲ႕လက္ႀကီးတစ္ဖက္က ႏြား႐ုပ္ကေလးကို ေကာက္ယူလိုက္တယ္ဗ်ိဳ႕။
ေဟာ ေပ်ာက္သြားၿပီ၊မဖဲဝါ ေပ်ာက္သြားၿပီဗ်ိဳ႕။က်ဳပ္က ေျခမန္းကြင္းကို ေသေသခ်ာခ်ာေခြၿပီး လြယ္အိတ္ထဲမွာ
ထည့္သိမ္းလိုက္တယ္။ ၿပီးေတာ့ မဖဲဝါရဲ႕ကိုယ္ပြား႐ုပ္ကိုလည္း သိမ္းလိုက္တယ္။
က်ဳပ္ ေနာက္ကိုလွည့္လိုက္တာနဲ႔ ေက်ာက္ခဲနဲ႔သံမဏိက ကိစၥၿပီးသြားၿပီဆိုတာ သေဘာေပါက္ၿပီး သရက္ပင္ႀကီးေနာက္ကေန ေျပးထြက္လာၾကတယ္ဗ်။
” ကိုႀကီးတာေတ ႏြားႀကီးေရာ၊ႏြားႀကီးရွိေသးလားဗ်”
က်ဳပ္က ေခါင္းခါျပၿပီး ေျပာလိုက္တယ္။ “ေအာက္လမ္းဆရာတစ္ေယာက္ လြတ္က်န္ခဲ့တဲ့ ႏြား႐ုပ္ကေလးပါကြာ”
” ဟင္ ဘယ္မွာတုံး”
” မဖဲဝါ သိမ္းသြားၿပီကြ”
“ဗ်ာ မဖဲဝါႀကီး ေရာက္လာတာလား ကိုႀကီးတာေတ”
” ေအး ဟုတ္တယ္။ ငါပင့္လိုက္တာ၊ငါကဆရာမွ မဟုတ္တာ ေက်ာက္ခဲရာ ဒီတိုက္ႏြားႀကီးကို ငါတစ္ေယာက္တည္း ဘယ္လိုလုပ္ႏိုင္မွာလဲကြာ”
အဲ့ဒီညက က်ဳပ္ တစ္ညလုံး မအိပ္ရပါဘူး။ က်ဳပ္သူငယ္ခ်င္း လူေက်ာ္ရဲ႕ အသုဘမွာ မိုးလင္းသြားခဲ့တာေပါ့ဗ်ာ။…..
ၿပီးပါၿပီ