တစ္ဆေ ရွာ (စ-ဆုံး)

Unicode Version

တစ္ဆေ ရွာ (စ-ဆုံး)
______________
၂၀၁၄ ခုနှစ်တုန်းက အဖြစ်တစ်ခု
တစ်ရွာလုံး ငိုသံမစဲဘဲ ခြောက်ခြားဖွယ်အရာကြီး
က ယနေ့ထက်ထိ ပြောစမှတ်ပြုနေကြဆဲပင်
———-
နွေဦးရာသီဆိုတော့ နယ်တွေ ရွာတွေမှာက ပွဲတွေ
အတော်ပေါတာပေါ့ ရှင်ပြုပွဲ မင်္ဂလာဆောင်ပွဲတွေက ခြိမ့်ခြိမ့်သဲ
ယခုလည်း မောပင်ရွာ လေးမှာ မကြာခင်ရောက်တော့မည့် ရှင်ပြုပွဲအတွက် အားတတ်သရောဖြစ်နေကြသည်
ရွာရဲ့ မျက်နှာဖုံး သူဌေးမိသားစုရဲ့ပွဲဆိုတော့
ပြောစရာမလိုအောင် စည်းကားမည်မှာအမှန်ပါ
အရင်နှစ်တွေတုန်းက ပွဲမရှိတော့ ယခုရှားရှားပါးပါး ရှင်ပြုပွဲအတွက် လူတွေပါးစပ်ဖျားဆီက
ပြောမဆုံးအောင်ပင်ဖြစ်နေကြသည်
တောပွဲတွေမှာက လျှပ်စစ်မီးမရှိသေးတော့
ထင်းတွေနဲ့ပဲ ချက်ကြပြုတ်ကြရတာ
ထို့ကြောင့် ပွဲမရောက်ခင် သုံးလေးရက်အလိုကပင်
ထင်းတွေရှာဖွေစုဆောင်းထားရသည်
ယခု ကျော်သောင်းတို့မှာလည်း ရွာကလူတွေကို
ထင်းရှာဖို့ရန် ပြောကြားရ၏
ရွာက တောတောင်တွေနဲ့အလှမ်းဝေးတော့
အနီးနား ချောင်းတွေမြစ်တွေဆီမှာပဲ ထင်းခြောက်တွေရှိတာပေါ့
ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး ထင်းခုတ်ဖို့ စက်လှေတစ်စီး ငှားရန်ပြင်ဆင်ကြသည် ရွာမှာအကြီးဆုံး
စက်လှေက အကောင်းဆုံးဖြစ်တော့ နောက်မတွန့်ဘဲ စီစဉ်ရတော့၏
ရပ်ထဲမှ ကာလသားခေါင်းကို ဦးဆောင်ပြီး ထင်းအများအပြားရှိမည့်နေရာကို စုံစမ်းရသည်
” ပြောရရင်တော့ ဆန်ကွေးမြစ်ဖျားတွေမှာ
ထင်းတွေပေါတယ်ဗျ အဲ့ဖက်က လူတွေက ချောင်းထင်းမြစ်ထင်းတွေကို
မသုံးတော့ ကျုပ်တို့အတွက်အဆင်ပြေမယ်ထင်တယ်”
” အင်း……..
မင်းပြောတာမဆိုဘူးလူအေးမောင်ရ
အဲ့ကိုသွားပြီးမှ လုံလုံလောက်လောက်ရမှာ
ကဲကွာ မင်းကကာလသားခေါင်းဆိုတော့
ရွာကလူတွေကို မင်းဘဲပြောလိုက်”
” ဟုတ်ကဲ့”
အလှုု့ဒါယကာ ကိုကျော်သောင်းမှာလည်း
လူအေးမောင် ပြောတဲ့စကားကြောင့် နည်းနည်းစိတ်သက်သာရာ ရသွားတာပေါ့
နို့မို့ဆို တခြားနေရာတွေကို သွားရင် စက်ဆီကုန်
လူပင်ပန်းတာပဲ အဖက်တင်မှာ
ညနေရောက်တော့ လူအေးမောင်တစ်ယောက်
ရွာထဲ ဆော်သြရတော့သည်
” ရွာက တစ်အိမ်တစ်ယောက်
မနက်ဖြန် စိန်လင်းအောင် စက်လှေနဲ့
ဆန်ကွေးမြစ်ဖျားကို ထင်းခုတ်ဖို့
တစ်အိမ်တစ်ယောက်လိုက်ရမည်ဖြစ်ပါကြောင်း
အသိပေးပါတယ်ခင်များ”
************
နောက်တစ်နေ့ရောက်တော့
ရွာက လှေဆိပ်ကမ်းဆီမှာ လူတွေတစ်ယောက်ပြီး
တစ်ယောက်အသီးသီးရောက်ရှိနေကြလေပြီ
ဒီရေက တတ်ကာစဆိုတော့ စုန်ရေနဲ့ အေးအေးလေး လိုက်သွားရုံပေါ့
ခနကြာတော့ လူတွေ စုံစုံလင်လင်ရောက်ကြတော့သည်
” ကဲ လူလည်းစုံပြီဆိုတော့
စက်လှေပေါ်တတ်ကြတော့
တတ်ရာမှာလည်း အလုအယက်မတတ်ကြပါနဲ့
ဒီရေက ဆွဲအားနည်းနည်းပြင်းတယ်”
စက်လှေပေါ်ကို ခင်းထားသည့် ပိန္နဲသစ်တံတား
က လူတွေတစ်ယောက်ပြီးတစ်ယောက်တတ်နေကြသည်
ဆိပ်ကမ်းလူတွေလည်း မရှိတော့ စက်လှေပေါ်လူစုံသည်နှင့် စိန်လင်းအောင်မှာ စက်ကိုစတင်နှိုးတော့၏
စက်လှေပါ်မှာတော့ စက်သံလူ လူသံတွေ ဆူညံနေလျက် တစ်ယောက်ကိုတစ်ယောက် စလိုက်
နောက်လိုက်နဲ့ ပျော်ဖို့အတော်ကောင်းလှသည်
စက်လှေက အကြီးဆိုတော့ အောက်မှာတစ်ချို့
အပေါ်ကထပ်မှာ တစ်ချို့နေကြ၏
အောက်ထပ်မှာက စက်သံဆူလွန်းတော့
နားအေးပါးအေးနဲ့နေသူတွေက အပေါ်ထပ်ဆီကို
တတ်သွားကြသည်
အပေါ်ရောက်တော့ လေတဝေ့ဝေ့တိုက်ခတ်နေလျက်
” ဘယ်ရည်းစားကို………. ချစ်ဆုံးဆိုတာ……… ပြောပြပါမောင်ရယ်………… ကျွန်မသိပါရစေ…….. အသည်းလေးတောင်ခုန်တယ်………
နှစ်ယောက်ထဲသိတဲ့………. အချစ်ကလေးပါကွယ်
အတူသွားအတူလာ………. ဟိုယခင် အတိတ်ဘဝလေးတွေ……. လှပတယ် ………..မောင်ရယ်”
စိန်လင်းအောင်ရဲ့ ကတ်ဆတ်ဆီမှ နွဲ့ယဉ်ဝင်းသီချင်းက မြစ်ပြင်ကျယ်ရဲ့ လေတွေတိုက်ခတ်နဲ့တဲ့ကြားမှာ
ဖြည်းညင်းစွာထွက်ပေါ်နေသည်
ဒီလိုနဲ့ တဖြည်းဖြည်း ခုတ်မောင်းလာရာ ဆန်ကွေးမြစ်ဖျားကို ရောက်တော့မည်ဖြစ်၏
ချောင်းကွေ့တစ်ခုရောက်၍ စက်လှေကွေ့တော့
ဆန်ကွေးမြစ်ဖျားပင်
” ဟင်
ဟာ ”
စက်လှေဆီက လူတွေ ရုတ်တရက် ဟာခနဲဟင်ခနဲဖြစ်သွားကြသည်
အကြောင်းမှာ သူတို့ထင်းခုတ်မည့်နေရာမှာ လူတွေအများကြီး ရောက်ရှိနေပြီး ထင်းတွေ ခုတ်နေကြခြင်းပင်
” ဘယ်လိုဖြစ်တာလဲ
ဒီဘက်က လူတွေက ချောင်းထင်းတွေ မသုံးဘူးလေ
ဂွကျပြီလားမသိတော့ဘူးဗျာ”
” ခင်များကလည်း အဲ့လောက်ထိ မစိုးရိမ်ပါနဲ့
ဒီမြစ်ဖျားတစ်လျှောက် ရှိတဲ့ထင်းတွေ ရှာခုတ်မှာပေါ့”
တစ်ယောက် တစ်ယောက်ပြောဆိုသံတွေကြောင့်
ကုန်းပေါ်မှာ ထင်းခုတ်တဲ့လူတွေက သူတို့ဆီကို ပြိုင်တူလှည့်ကြည့်လိုက်ကြသည်
” ကဲ အချိန်သိပ်မရှိတော့ဘူး
အောက်ကလူတွေကို မြန်မြန်ဆင်းခိုင်း
တော်ကြာ ဆီကုန်တာ အဖက်မတင်ဘဲနေမယ်”
လူအေးမောင်မှာ စက်လှေအောက်ထပ်ကို လျှင်မြန်မြန်ဆင်းပြီး အကုန်လုံးကို ပြောကြားရတော့၏
ရွာသားတွေမှာလည်း ဓားတို့ ပုဆိန်တို့ကို ယူကာ
ခပ်မြန်မြန်ဆင်းကြတော့သည်
အားလုံးကုန်းပေါ်ရောက်တော့မှ စိန်လင်းအောင်မှာ
ကတ်ဆတ်ကိုပိတ်ပြီး စက်သတ်ရန် ဆင်း၏
စက်ကိုပိတ်ပြီး ကုန်းပေါ်ကိုတတ်မည်အပြု
စိန်လင်းအောင်မှာ တစ်ခုကို သတိပြုမည်သည်
” ဟင် ဒီလူတွေ စက်လှေနဲ့လာတာမဟုတ်ဘူးလား
အနီးနားမှာလည်း စက်လှေနဲ့တူတာမတွေ့ပါလား
ခြေကျင်လာရအောင် ဒါကကျွန်းဆွယ်ကြီး
မြစ်ကလည်းနက်တယ်
ဘယ်လိုကြီးပါလိမ့်”
စိတ်ထဲ ဘဝင်မကျဘဲ အတွေးတွေဆက်တိုက်ဝင်လာတော့သည်
ကုန်းပေါ်ကို ဆင်းတော့ ယင်းလူတွေမှာ စိန်လင်းအောင်အား ပြိုင်တူကြည့်လိုက်ကြရာ
မသိကျိုးကျွံပြုကာ ရွာသားတွေဆီကို အပြေးသွားရတော့၏
ထင်းတောထဲရောက်တော့ ရွာသားတွေက ကိုယ်စီထင်းတွေခုတ်နေကြပြီးဖြစ်သည်
စိန်ဝင်းအောင်မှာတော့ အရိပ်ကောင်းကောင်းသစ်ပင်တစ်ပင်တွေ့လိုငြားလိုက်ရှာကြည့်၏
မလှမ်းမကမ်းဆီတွင် ခွေးတောက်နွယ်တွေရောယှက် အုပ်ဆိုင်းနေတဲ့ သဝန်ပင်အားတွေ့ရာ
အနားယူဖို့ သွားလိုက်သည်
အပင်အောက် ရောက်ပြီးခနအကြာ လေတွေမှာ ရုတ်တရက် တိုင်ခတ်လာတော့၏ သို့ပေမယ့်
လေက တခြားနေရာမှာ သစ်ရွက်တွေငြိမ်နေပြီးစိန်လင်းအောင် ထိုင်နေတဲ့ သဝန်ပင် နေရာတစ်ခုကိုသာ တိုတ်ခတ်နေသလိုပင်
လေတိုက်လာသည်နှင့်အမျှ ရုတ်တရက်မျက်လုံးတွေလည်းလေးလံလာ၏ သူ့ရဲ့နားထဲမှာလည်း
ဟိုးတစ်နေရာဆီက လာနေတဲ့ သီချင်းသံခပ်သဲ့သဲ့ကိုလည်းကြားနေရသည်
စိန်လင်းအောင်မှာ စိတ်မထိန်းနိုင်တော့ဘဲ
ခနအကြာ ထိုနေရာမှာပင် အိပ်မောကျသွားတာပေါ့
” ကိုစိန် ကိုစိန် …….”
မည်မျှထိအိပ်ပျော်သွားသည်မသိ သူ့ကိုလှုပ်နိုးတဲ့
အသံကြားမှ လန့်ကာနိုးကြတော့သည်
” ထင်းတွေလည်း အတော်ရပြီဗျ ခနနေညနေစောင်းတော့မယ် ထင်းတွေစက်လှေပေါ်တင်ပြီးပြီ ခများကိုရှာနေတာ ခုမှပဲတွေ့တယ်
ထတော့ အိမ်ပြန်ကြရအောင်”
လူအေးမောင် ပြောတော့မှ စိန်လင်းအောင် သတိပြန်ဝင်ကာ ထိုနေရာမှ ခပ်မြန်မြန်ထွက်ခွာလာခဲ့ကြသည်
သူတို့နှစ်ယောက် သတိမထားခဲ့သည်က သဝန်ပင်အောက်၌ ရပ်ပြီးကျန်ခဲ့တဲ့ မိန်းမတစ်ယောက်ပင်
ဆိပ်ကမ်းနားရောက်တော့ စိန်လင်းအောင်မှာ
လာတုန်းကတွေ့တဲ့ လူတွေရှိမလားလို့ ကြည့်လိုက်သေးသည်
” လူအေး ”
” ဗျာ ကိုစိန်”
” ငါတို့လာတုန်းက တွေ့တဲ့လူတွေရော”
” မသိဘူးလေ ပြန်ကုန်ကြပြီနေမှာပေါ့”
” အားးးးးးးး
ဖွက်ကြီး ”
လူအေးတို့စကားမဆုံးခင်မှာပင် စက်လှေပေါ်က
အော်သံကြားသဖြင့် အပြေးတတ်ကြည့်ကြရာ
ရွာသားတွေ ဓားတို့ ပုဆိန်တို့နဲ့လိုက် ခုတ်နေကြတဲ့
ဖွက်တစ်ကောင်
” ဟ မင်းတို့ ဘာတွေလုပ်နေကြတာလဲ
လွှတ်လိုက်ကြပါကွာ ညနေစောင်းနေပြီ
စက်လှေပေါ် မလုပ်သင့်တာတွေ မလုပ်ကြနဲ့ဟ”
အသက်ကြီးဆုံးဖြစ်တဲ့ ဦးညာနမှာ အော်ပြောပေမယ့် ရွာသားတွေမှာအလေးတောင်မထားပင်
ပိုဆိုးသည်က ဖွက်ကိုခုတ်နေကြသည်မှာ
မိန်းမအုပ်စုသာဖြစ်၏
” ရှင့်မလဲတော် ဖွက်ဆိုတာ စားလို့ကောင်းတယ်
အခု ဗိုက်လဲဆာနေတော့ အရေခွံကိုဆုတ်
မီးကင်ပြီး စားမှာတော့”
” ဖြူနုခင် ညည်းမီးသွားမွှေးလိုက်”
ပြောပြောဆိုဆိုဖြင့် ဖြူနုခင်မှာ စက်လှေပဲ့ပိုင်းက
မီးဖိုမှာ မီးဖိုရန်ပြင်တော့သည်
ရှေ့ကမိန်းမအုပ်စုမှာ ဖွက်ကို ဓားနဲ့ထုပြီး
သေတော့မှ အရေကိုခွာကာ ဆားသတ်ပြီးမီးကင်ဖို့
လုပ်ကြ၏
စိန်လင်းအောင်တစ်ယောက် စက်လှေပေါ်တတ်ကတည်းက စိတ်တွေလေးလံနေသည်
တစ်ခုခုကြီးကြီးမားမား ဖြစ်တော့မည်ဆိုတဲ့
အသိစိတ်တွေက စိုးမိုးနေ၏
အပေါ်ထပ်တတ်ပြီး စက်လှေအခြေအနေကို တစ်ချက်ကြည့်လိုက်ရာ စက်လှေမှာ တဖြည်းဖြည်း
စောင်းလာသည်ကိုတွေ့လိုက်၏
ထင်းအလေးချိန် လူအလေးချိန်ကြောင့် စောင်းနေတယ်ထင်ပြီး အမှုမဲ့ထားပြီး ဖျာပေါ်လှဲချလိုက်သည်
နားထဲမှာလည်း သဝန်ပင်အောက်၌ကြားခဲ့တဲ့
သီချင်းသံကို စွဲနေ၏ တဖြည်းဖြည်း နေရောင်
ညိုးနွမ်းလာသည်နဲ့အမျှ အန္တရာယ် တစ်ခုက သူတို့ဆီလာနေသလိုမျိုးခံစားရတော့ မဖြစ်ဘူးဆိုတဲ့ အသိစိတ်နဲ့ စက်လှေအောက်ဖတ်ကိုဆင်းမည်အပြု
တစ်စုံတစ်ရာက စက်လှေကို တွန်းချလိုက်သလို
ဝုန်းခနဲမြည်ကာ လည်သွားသည်
အောက်ထပ်မှ အလန့်တကြားအော်သံတွေက
ရုတ်တရက်ထွက်လာရာ စိန်လင်းအောင်မှာ
အပြေးဆင်းပြီး စက်ခန်းကိုဝင်ကြည့်တော့
” မရတော့ဘူးဟေ့ စက်ခန်းကိုရေတွေဝင်ပြီး
စက်ကိုမြုပ်နေပြီ စက်လှေမှောက်တော့မယ်
အားလုံးမြန်မြန်ဆင်းကြ”
စိန်လင်းအောင်အဲ့လိုထအော်တော့ ရွာသားတွေမှာ
သေဘေးကိုကြောက်သဖြင့် ကမ်းဆီကို တဟုန်ထိုးဆင်းကြ၏
သို့သော်လည်းသူတို့ထင်ထားသလိုမဖြစ်လာပေ
လူတွေက တစ်ခါတည်းနဲ့ တစ်ဖက်တည်းကို
ပြိုင်တူဆင်းကြတော့ အလေးချိန်က တစ်ဖက်တည်းကိုပဲ အားပြုသွားရာ စက်လှေမှာ ထင်းအလေး လူအလေးကြောင့် ဝုန်းခနဲမြည်ပြီး
မှောက်ကြသွားတော့သည်
ထွက်ခွင့်တောင်မရလိုက်ခင် စက်လှေတစ်ခုလုံးက
လူတွေကိုဖိထားသလိုဖြစ်တော့ အော်ချိန်တောင်မရလိုက်ဘဲ အကုန်လုံးမြစ်ထဲ စုန်းစုန်းနစ်မြုပ်တော့၏
နေဝင်ရောင်သန်းနေသည့် မြစ်ဖျားအလယ်မှာ
ကူကယ်ရာမဲ့ လူတစ်စုက စက်လှေနဲ့အတူ
ရေအောက်ကိုတဖြည်းဖြည်းရောက်ရှိသွားကြလေသည်
**************
” အာ့ အာ့ အာ့ အာ့ အာ့ ”
မောပင်ရွာတစ်ခုလုံးတွင် အချိန်မသိအခါမသိဘဲ
နေမှောင်သည်နဲ့ ကျီးကန်းတွေ အာကြသည်
လူတွေမှာ ယခုလိုကျီးကန်းတွေထူးထူးဆန်းဆန်း
အော်ကြတော့ မကောင်းတာတစ်ခုခုဖြစ်တော့မည်ကိုကြိုသိနေ၏
ပုံမှန်ရက်တွေနဲ့မတူဘဲ ယနေ့ရွာက တိတ်ဆိတ်နေသည် တိတ်ဆိတ်တာကလည်း ထင်းခုတ်သွားသည့် လူတွေက တစ်အိမ်တစ်ယောက်ဖြစ်ရာ
လူတစ်ဝက်ခန့်ပါသွားသည့်ကြောင့်ပင်
ရွာ၌ကျန်ခဲ့သည်မှာလည်း ကလေးသူငယ် ကိုယ်ဝန်ဆောင် အဖိုးကြီးအဖွားကြီးတွေသာ
မိုးချုပ်လာသည်နဲ့အမျှ ကျီးကန်းတွေမှာ တရစပ်မနားတမ်း အော်မြည်ကြ၏
” ဖွားဖွား မေမေတို့ အခုထိမရောက်သေးဘူး
အကြာကြီးကြာတယ်နော်”
” ခနနေရင် ရောက်တော့မှာပါ မြေးလေးရယ်”
ရွာအဝင်လမ်းကို ငေးကာ ဖူးလေးတို့ မြေးအဖွားနှစ်ယောက်မှာ မျှော်နေကြသည်
လရောင်ဝိုးတဝါးသာ ထွက်လာသည့်တိုင်အောင်စောင့်နေကြပေမယ့် တစ်စုံတစ်ယောက်မှ မလာကြပေ
” ကဲ မြေးလေး ဖွားဖွား ခေါင်းတွေကိုက်နေတယ်
အိမ်ထဲဝင်ကြရအောင်နော် ခနနေမေမေတို့ ရောက်မှာပါ”
” ဟုတ်”
ငိုသံဝဲနေသည့်ဖူးလေးမှာ အပြန်လမ်းကိုလှည့်ကြည့်လှည့်ကြည့်လုပ်ပြီး မဝင်ချင်ဝင်ချင်ဝင်ရတော့၏
ဒီလိုနဲ့ ညသန်းခေါင်ရောက်လာလေပြီ ရွာထဲ အပ်ကျသံပင်မကြားရ ငြိမ်ချက်သားကောင်းနေသည်
” အူး ဝူး ဝူး………..
ထိုစဉ် ရွာစွန်ဆီမှ ရုတ်တရက် ခွေးတွေထိုးဟောင်ကြတော့၏ ခွေးဟောင်သံတွေကြောင့် အိပ်ပျော်နေသည့်လူတွေမှာ လန့်နိုးကုန်ကြသည်
ခွေးတွေမှာ တစ်စုံတစ်ရာကို ထိုးဟောင်နေကြခြင်းပင်
ခနအကြာတော့ ရွာထဲကို အပုပ်နံ့တွေ ဝင်လာ၏
ညှီနံ့တွေပါ နံလာရာ အိပ်နေတဲ့လူတွေမှာ
မအိပ်နိုင်ဘဲ အိမ်ရှေ့ထွက်ကာ လမ်းကိုထွက်ကြည့်ကြသည်
” ဟိုမှာ ရွာထဲကိုဝင်လာတာ လူတွေလား
ထင်းခုတ်သွားတဲ့ သူတွေမလား”
” အေးဟ ”
လရောင်ခပ်သဲ့သဲ့အောက်၌ ထင်းစည်းတို့
ပုဆိန်တို့ ကိုင်ကာ ရွာထဲအားဝင်လာကြတဲ့
လူအုပ်မှာ သူတို့အိမ်ဆီကို အသီးသီးဝင်သွားကြသည်
” နံလိုက်တာ ဘယ်လိုအနံ့တွေလည်းမသိဘူး”
” ဖူးလေးရေ…….”
အသံသြသြကြီးက အိမ်ရှေ့မှ ထွက်လာရာ ဖူးလေးတို့မှာ အမေဖြစ်သူရောက်သဖြင့် ထွက်လာကြသည်
” မေမေကလဲ ကြာလိုက်တာ
သမီး စောင့်နေတာအခုထိပဲ”
နုလှမေမှာ ဘာမှမပြောဘဲ မီးဖိုချောင်ခန်းကိုဝင်ပြီး
အိုးကိုလှန်ကာ ထမင်းတွေကို အငမ်းမရစားသောက်တော့၏
အဖွားခင်လှမေက နုလှမေကိုကြည့်ပြီး ဘဝင်မကျလှ ဝင်လာကတည်းက အပုပ်နံ့တွေ မခံနိုင်အောင်နံသည် အဝတ်အစားတောင်မလဲနိုင်ဘဲ ထမင်းကိုသာတစ်ခါတည်းစားတော့သည်
တစ်ခုခုဖြစ်လာသည်မှာအမှန်ပင် သို့ပေမယ့် ဘာမျှမပြောတော့ဘဲ မသိသလိုဘဲနေလိုက်၏
ယနေ့ည ခွေးဟောင်သံတွေက ရွာထဲဆူညံနေသည်
တစ်ညလုံး အပုပ်နံ့တွေနံကာ ထင်းခုတ်သွားတဲ့အိမ်တိုင်းက လူမမာညီးသံတွေ အတိုင်းသားထွက်ပေါ်နေဆဲ
***************
” အောက် အီး အီး အွက် ……..”
နံနက်ခင်းနေရောင်သန်းလာတော့ ရွာသူကြီး
အိမ်မှာ လူစုနေကြ၏
လူတွေရှေ့ ကွက်ပျစ်ပေါ်တွင် လူမမာတစ်ယောက်
ထိုသူမှာ တခြားသူမဟုတ် စိန်လင်းအောင်ပင်
အသားရေတွေ ပြာနှမ်းကာ မျက်လုံးတွေကြောင်ပြီး တစ်စုံတစ်ရာကိုကြောက်လန့်နေသည်
” အဲ့တာ တကယ်လား
စိန်လင်းအောင်”
” ဟုတ်တယ် မနေ့ညက ရွာထဲဝင်လာတဲ့ သူတွေက
အကုန်သေပြီးပြီ သူတို့လှည့်စားတာကို မခံရစေနဲ့”
တုန်တုန်ရီရီ ပြောနေတဲ့ စိန်လင်းအောင်စကားကြောင့် ရွာသားတွေမှာ ကြောက်စိတ်မပြေကြသေးပေ
ဘာလို့လဲဆိုတော့ ညသန်းခေါင်ရောက်လာတဲ့သူတွေမှာ မနက်မိုးလင်းတော့ တစ်ယောက်မျှမရှိတော့ဘဲ ပျောက်ခြင်းမလှပျောက်သွားကြသည်
” ကျုပ်လည်း ဘုရားကယ်လို့ မသေခဲ့တာ
အဲ့ဒီအကြောင်း ကျုပ်မတွေးရဲတော့ဘူး”
စိန်ဝင်းအောင်စကားလည်းဆုံး ရွာသားတွေမှာ
ငိုကြပါလေရော
” အဖြစ်ဆိုးလည်းတာ ငါ့သမီးရယ်”
” အမယ်လေး အဖေရဲ့ သမီးအမေဆုံးပြီတဲ့”
” ငါ့သား ငါ့သားလေး အမေရင်ကွဲပါပြီ
သားလေးရယ် ”
ရွာသားတွေ ငိုကြသည်ကို သူကြီးလည်း မကြည့်ရက်ပေ မိဘချင်း ကိုယ်ချင်းစာသဖြင့် အတတ်နိုင်ဆုံး နှစ်သိမ့်ပေးရ၏
သေပြီးသူများကို ဘုန်းကြီးပင့်ကာ အမျှတန်းပေးရသည် ရွာကလူတွေစုပြီး အလှူတန်းလုပ်ကြသည်
ဒီလိုနဲ့ တစ်လခန့်အထိ ရွာထဲဘာမှမဖြစ်ခဲ့ပေမယ့်
တစ်နေ့ စိန်လင်းအောင် တစ်ယောက်ရုတ်တရက်ဆုံးရာ စိန်လင်းအောင်ဆုံးတဲ့နေကစပြီး
ပြဿနာစပါလေရော
ညသန်းခေါင်ရောက်သည်နှင့် ခွေးတွေစအူတော့သည် ရွာထဲကို ငြီးသံမျိုးစုံနဲ့ လူတွေဝင်လာကြပြန်သည် မအိပ်ဘဲနေသူများကို အမျိုးအမျိုးခြောက်လန့်ကြသည်
ဒီလိုတွေ နေ့စဉ်ရက်ဆက်ဖြစ်လာတော့ ရွာသားတွေ ကြောက်လန့်ကာ တခြားရွာဆီကိုပြောင်းပြေးကြ၏ နောက်တော့ ရွာမှာလုံးလုံးပျက်သုဉ်းသွားတော့သည်
နှစ်တွေကြာလာတော့ မောပင်ရွာကြီးမှာ အမေ့ပျောက်ခံဖြစ်လာ၏ သို့ပေမယ့် တစ်ခါတစ်ခါ လူတွေသာ အဲ့ရွာကိုရောက်သွားခဲ့လျှင် နေ့ဆို ခြောက်ကပ်နေပြီး ညသန်းခေါင်ရောက်လျှင်
အိမ်တွေဆီက ထမင်းချက်ကြ စကားတွေပြောကြနဲ့
တစ္ဆေရွာတစ်ခုကို မြင်တွေ့ကြရသည်
သက်ရှိလူသားတစ်ယောက် ၎င်းရွာကိုရောက်ခဲ့လျှင် သန်းခေါင်ယံမတိုင်ခင် ပြန်လာရ၏
သန်းခေါင်ကျော်ထိမထွက်လာခဲ့ရင် တစ္ဆေရွာသား
လူတစ်ယောက်တိုးလာမည်
ပြီးပါပြီ

Zawgyi Version

တေစၦ ႐ြာ (စ-ဆံုး)
______________
၂၀၁၄ ခုႏွစ္တုန္းက အျဖစ္တစ္ခု
တစ္႐ြာလုံး ငိုသံမစဲဘဲ ေျခာက္ျခားဖြယ္အရာႀကီး
က ယေန႔ထက္ထိ ေျပာစမွတ္ျပဳေနၾကဆဲပင္
———-
ေႏြဦးရာသီဆိုေတာ့ နယ္ေတြ ႐ြာေတြမွာက ပြဲေတြ
အေတာ္ေပါတာေပါ့ ရွင္ျပဳပြဲ မဂၤလာေဆာင္ပြဲေတြက ၿခိမ့္ၿခိမ့္သဲ
ယခုလည္း ေမာပင္႐ြာ ေလးမွာ မၾကာခင္ေရာက္ေတာ့မည့္ ရွင္ျပဳပြဲအတြက္ အားတတ္သေရာျဖစ္ေနၾကသည္
႐ြာရဲ႕ မ်က္ႏွာဖုံး သူေဌးမိသားစုရဲ႕ပြဲဆိုေတာ့
ေျပာစရာမလိုေအာင္ စည္းကားမည္မွာအမွန္ပါ
အရင္ႏွစ္ေတြတုန္းက ပြဲမရွိေတာ့ ယခုရွားရွားပါးပါး ရွင္ျပဳပြဲအတြက္ လူေတြပါးစပ္ဖ်ားဆီက
ေျပာမဆုံးေအာင္ပင္ျဖစ္ေနၾကသည္
ေတာပြဲေတြမွာက လွ်ပ္စစ္မီးမရွိေသးေတာ့
ထင္းေတြနဲ႔ပဲ ခ်က္ၾကျပဳတ္ၾကရတာ
ထို႔ေၾကာင့္ ပြဲမေရာက္ခင္ သုံးေလးရက္အလိုကပင္
ထင္းေတြရွာေဖြစုေဆာင္းထားရသည္
ယခု ေက်ာ္ေသာင္းတို႔မွာလည္း ႐ြာကလူေတြကို
ထင္းရွာဖို႔ရန္ ေျပာၾကားရ၏
႐ြာက ေတာေတာင္ေတြနဲ႔အလွမ္း​ေ၀းေတာ့
အနီးနား ေခ်ာင္းေတြျမစ္ေတြဆီမွာပဲ ထင္းေျခာက္ေတြရွိတာေပါ့
ရပ္မိရပ္ဖေတြနဲ႔ တိုင္ပင္ၿပီး ထင္းခုတ္ဖို႔ စက္ေလွတစ္စီး ငွားရန္ျပင္ဆင္ၾကသည္ ႐ြာမွာအႀကီးဆုံး
စက္ေလွက အေကာင္းဆုံးျဖစ္ေတာ့ ေနာက္မတြန္႔ဘဲ စီစဥ္ရေတာ့၏
ရပ္ထဲမွ ကာလသားေခါင္းကို ဦးေဆာင္ၿပီး ထင္းအမ်ားအျပားရွိမည့္ေနရာကို စုံစမ္းရသည္
” ေျပာရရင္ေတာ့ ဆန္ေကြးျမစ္ဖ်ားေတြမွာ
ထင္းေတြေပါတယ္ဗ် အဲ့ဖက္က လူေတြက ေခ်ာင္းထင္းျမစ္ထင္းေတြကို
မသုံးေတာ့ က်ဳပ္တို႔အတြက္အဆင္ေျပမယ္ထင္တယ္”
” အင္း……..
မင္းေျပာတာမဆိုဘူးလူေအးေမာင္ရ
အဲ့ကိုသြားၿပီးမွ လုံလုံေလာက္ေလာက္ရမွာ
ကဲကြာ မင္းကကာလသားေခါင္းဆိုေတာ့
႐ြာကလူေတြကို မင္းဘဲေျပာလိုက္”
” ဟုတ္ကဲ့”
အလႈု႕ဒါယကာ ကိုေက်ာ္ေသာင္းမွာလည္း
လူေအးေမာင္ ေျပာတဲ့စကားေၾကာင့္ နည္းနည္းစိတ္သက္သာရာ ရသြားတာေပါ့
ႏို႔မို႔ဆို တျခားေနရာေတြကို သြားရင္ စက္ဆီကုန္
လူပင္ပန္းတာပဲ အဖက္တင္မွာ
ညေနေရာက္ေတာ့ လူေအးေမာင္တစ္ေယာက္
႐ြာထဲ ေဆာ္ၾသရေတာ့သည္
” ႐ြာက တစ္အိမ္တစ္ေယာက္
မနက္ျဖန္ စိန္လင္းေအာင္ စက္ေလွနဲ႔
ဆန္ေကြးျမစ္ဖ်ားကို ထင္းခုတ္ဖို႔
တစ္အိမ္တစ္ေယာက္လိုက္ရမည္ျဖစ္ပါေၾကာင္း
အသိေပးပါတယ္ခင္မ်ား”
************
ေနာက္တစ္ေန႔ေရာက္ေတာ့
႐ြာက ေလွဆိပ္ကမ္းဆီမွာ လူေတြတစ္ေယာက္ၿပီး
တစ္ေယာက္အသီးသီးေရာက္ရွိေနၾကေလၿပီ
ဒီေရက တတ္ကာစဆိုေတာ့ စုန္ေရနဲ႔ ေအးေအးေလး လိုက္သြား႐ုံေပါ့
ခနၾကာေတာ့ လူေတြ စုံစုံလင္လင္ေရာက္ၾကေတာ့သည္
” ကဲ လူလည္းစုံၿပီဆိုေတာ့
စက္ေလွေပၚတတ္ၾကေတာ့
တတ္ရာမွာလည္း အလုအယက္မတတ္ၾကပါနဲ႔
ဒီေရက ဆြဲအားနည္းနည္းျပင္းတယ္”
စက္ေလွေပၚကို ခင္းထားသည့္ ပိႏၷဲသစ္တံတား
က လူေတြတစ္ေယာက္ၿပီးတစ္ေယာက္တတ္ေနၾကသည္
ဆိပ္ကမ္းလူေတြလည္း မရွိေတာ့ စက္ေလွေပၚလူစုံသည္ႏွင့္ စိန္လင္းေအာင္မွာ စက္ကိုစတင္ႏႈိးေတာ့၏
စက္ေလွပၚမွာေတာ့ စက္သံလူ လူသံေတြ ဆူညံေနလ်က္ တစ္ေယာက္ကိုတစ္ေယာက္ စလိုက္
ေနာက္လိုက္နဲ႔ ေပ်ာ္ဖို႔အေတာ္ေကာင္းလွသည္
စက္ေလွက အႀကီးဆိုေတာ့ ေအာက္မွာတစ္ခ်ိဳ႕
အေပၚကထပ္မွာ တစ္ခ်ိဳ႕ေနၾက၏
ေအာက္ထပ္မွာက စက္သံဆူလြန္းေတာ့
​နားေအးပါးေအးနဲ႔ေနသူေတြက အေပၚထပ္ဆီကို
တတ္သြားၾကသည္
အေပၚေရာက္ေတာ့ ေလတ​ေ၀့​ေ၀့တိုက္ခတ္ေနလ်က္
” ဘယ္ရည္းစားကို………. ခ်စ္ဆုံးဆိုတာ……… ေျပာျပပါေမာင္ရယ္………… ကြၽန္မသိပါရေစ…….. အသည္းေလးေတာင္ခုန္တယ္………
ႏွစ္ေယာက္ထဲသိတဲ့………. အခ်စ္ကေလးပါကြယ္
အတူသြားအတူလာ………. ဟိုယခင္ အတိတ္ဘ၀ေလးေတြ……. လွပတယ္ ………..ေမာင္ရယ္”
စိန္လင္းေအာင္ရဲ႕ ကတ္ဆတ္ဆီမွ ႏြဲ႕ယဥ္၀င္းသီခ်င္းက ျမစ္ျပင္က်ယ္ရဲ႕ ေလေတြတိုက္ခတ္နဲ႔တဲ့ၾကားမွာ
ျဖည္းညင္းစြာထြက္ေပၚေနသည္
ဒီလိုနဲ႔ တျဖည္းျဖည္း ခုတ္ေမာင္းလာရာ ဆန္ေကြးျမစ္ဖ်ားကို ေရာက္ေတာ့မည္ျဖစ္၏
ေခ်ာင္းေကြ႕တစ္ခုေရာက္၍ စက္ေလွေကြ႕ေတာ့
ဆန္ေကြးျမစ္ဖ်ားပင္
” ဟင္
ဟာ ”
စက္ေလွဆီက လူေတြ ႐ုတ္တရက္ ဟာခနဲဟင္ခနဲျဖစ္သြားၾကသည္
အေၾကာင္းမွာ သူတို႔ထင္းခုတ္မည့္ေနရာမွာ လူေတြအမ်ားႀကီး ေရာက္ရွိေနၿပီး ထင္းေတြ ခုတ္ေနၾကျခင္းပင္
” ဘယ္လိုျဖစ္တာလဲ
ဒီဘက္က လူေတြက ေခ်ာင္းထင္းေတြ မသုံးဘူးေလ
ဂြက်ၿပီလားမသိေတာ့ဘူးဗ်ာ”
” ခင္မ်ားကလည္း အဲ့ေလာက္ထိ မစိုးရိမ္ပါနဲ႔
ဒီျမစ္ဖ်ားတစ္ေလွ်ာက္ ရွိတဲ့ထင္းေတြ ရွာခုတ္မွာေပါ့”
တစ္ေယာက္ တစ္ေယာက္ေျပာဆိုသံေတြေၾကာင့္
ကုန္းေပၚမွာ ထင္းခုတ္တဲ့လူေတြက သူတို႔ဆီကို ၿပိဳင္တူလွည့္ၾကည့္လိုက္ၾကသည္
” ကဲ အခ်ိန္သိပ္မရွိေတာ့ဘူး
ေအာက္ကလူေတြကို ျမန္ျမန္ဆင္းခိုင္း
ေတာ္ၾကာ ဆီကုန္တာ အဖက္မတင္ဘဲေနမယ္”
လူေအးေမာင္မွာ စက္ေလွေအာက္ထပ္ကို လွ်င္ျမန္ျမန္ဆင္းၿပီး အကုန္လုံးကို ေျပာၾကားရေတာ့၏
႐ြာသားေတြမွာလည္း ဓားတို႔ ပုဆိန္တို႔ကို ယူကာ
ခပ္ျမန္ျမန္ဆင္းၾကေတာ့သည္
အားလုံးကုန္းေပၚေရာက္ေတာ့မွ စိန္လင္းေအာင္မွာ
ကတ္ဆတ္ကိုပိတ္ၿပီး စက္သတ္ရန္ ဆင္း၏
စက္ကိုပိတ္ၿပီး ကုန္းေပၚကိုတတ္မည္အျပဳ
စိန္လင္းေအာင္မွာ တစ္ခုကို သတိျပဳမည္သည္
” ဟင္ ဒီလူေတြ စက္ေလွနဲ႔လာတာမဟုတ္ဘူးလား
အနီးနားမွာလည္း စက္ေလွနဲ႔တူတာမေတြ႕ပါလား
ေျခက်င္လာရေအာင္ ဒါကကြၽန္းဆြယ္ႀကီး
ျမစ္ကလည္းနက္တယ္
ဘယ္လိုႀကီးပါလိမ့္”
စိတ္ထဲ ဘ၀င္မက်ဘဲ အေတြးေတြဆက္တိုက္၀င္လာေတာ့သည္
ကုန္းေပၚကို ဆင္းေတာ့ ယင္းလူေတြမွာ စိန္လင္းေအာင္အား ၿပိဳင္တူၾကည့္လိုက္ၾကရာ
မသိက်ိဳးကြၽံျပဳကာ ႐ြာသားေတြဆီကို အေျပးသြားရေတာ့၏
ထင္းေတာထဲေရာက္ေတာ့ ႐ြာသားေတြက ကိုယ္စီထင္းေတြခုတ္ေနၾကၿပီးျဖစ္သည္
စိန္၀င္းေအာင္မွာေတာ့ အရိပ္ေကာင္းေကာင္းသစ္ပင္တစ္ပင္ေတြ႕လိုျငားလိုက္ရွာၾကည့္၏
မလွမ္းမကမ္းဆီတြင္ ေခြးေတာက္ႏြယ္ေတြေရာယွက္ အုပ္ဆိုင္းေနတဲ့ သ၀န္ပင္အားေတြ႕ရာ
အနားယူဖို႔ သြားလိုက္သည္
အပင္ေအာက္ ေရာက္ၿပီးခနအၾကာ ေလေတြမွာ ႐ုတ္တရက္ တိုင္ခတ္လာေတာ့၏ သို႔ေပမယ့္
ေလက တျခားေနရာမွာ သစ္႐ြက္ေတြၿငိမ္ေနၿပီးစိန္လင္းေအာင္ ထိုင္ေနတဲ့ သ၀န္ပင္ ေနရာတစ္ခုကိုသာ တိုတ္ခတ္ေနသလိုပင္
ေလတိုက္လာသည္ႏွင့္အမွ် ႐ုတ္တရက္မ်က္လုံးေတြလည္းေလးလံလာ၏ သူ႔ရဲ႕နားထဲမွာလည္း
ဟိုးတစ္ေနရာဆီက လာေနတဲ့ သီခ်င္းသံခပ္သဲ့သဲ့ကိုလည္းၾကားေနရသည္
စိန္လင္းေအာင္မွာ စိတ္မထိန္းႏိုင္ေတာ့ဘဲ
ခနအၾကာ ထိုေနရာမွာပင္ အိပ္ေမာက်သြားတာေပါ့
” ကိုစိန္ ကိုစိန္ …….”
မည္မွ်ထိအိပ္ေပ်ာ္သြားသည္မသိ သူ႔ကိုလႈပ္ႏိုးတဲ့
အသံၾကားမွ လန္႔ကာႏိုးၾကေတာ့သည္
” ထင္းေတြလည္း အေတာ္ရၿပီဗ် ခနေနညေနေစာင္းေတာ့မယ္ ထင္းေတြစက္ေလွေပၚတင္ၿပီးၿပီ ခမ်ားကိုရွာေနတာ ခုမွပဲေတြ႕တယ္
ထေတာ့ အိမ္ျပန္ၾကရေအာင္”
လူေအးေမာင္ ေျပာေတာ့မွ စိန္လင္းေအာင္ သတိျပန္၀င္ကာ ထိုေနရာမွ ခပ္ျမန္ျမန္ထြက္ခြာလာခဲ့ၾကသည္
သူတို႔ႏွစ္ေယာက္ သတိမထားခဲ့သည္က သ၀န္ပင္ေအာက္၌ ရပ္ၿပီးက်န္ခဲ့တဲ့ မိန္းမတစ္ေယာက္ပင္
ဆိပ္ကမ္းနားေရာက္ေတာ့ စိန္လင္းေအာင္မွာ
လာတုန္းကေတြ႕တဲ့ လူေတြရွိမလားလို႔ ၾကည့္လိုက္ေသးသည္
” လူေအး ”
” ဗ်ာ ကိုစိန္”
” ငါတို႔လာတုန္းက ေတြ႕တဲ့လူေတြေရာ”
” မသိဘူးေလ ျပန္ကုန္ၾကၿပီေနမွာေပါ့”
” အားးးးးးးး
ဖြက္ႀကီး ”
လူေအးတို႔စကားမဆုံးခင္မွာပင္ စက္ေလွေပၚက
ေအာ္သံၾကားသျဖင့္ အေျပးတတ္ၾကည့္ၾကရာ
႐ြာသားေတြ ဓားတို႔ ပုဆိန္တို႔နဲ႔လိုက္ ခုတ္ေနၾကတဲ့
ဖြက္တစ္ေကာင္
” ဟ မင္းတို႔ ဘာေတြလုပ္ေနၾကတာလဲ
လႊတ္လိုက္ၾကပါကြာ ညေနေစာင္းေနၿပီ
စက္ေလွေပၚ မလုပ္သင့္တာေတြ မလုပ္ၾကနဲ႔ဟ”
အသက္ႀကီးဆုံးျဖစ္တဲ့ ဦးညာနမွာ ေအာ္ေျပာေပမယ့္ ႐ြာသားေတြမွာအေလးေတာင္မထားပင္
ပိုဆိုးသည္က ဖြက္ကိုခုတ္​ေနၾကသည္မွာ
မိန္းမအုပ္စုသာျဖစ္၏
” ရွင့္မလဲေတာ္ ဖြက္ဆိုတာ စားလို႔ေကာင္းတယ္
အခု ဗိုက္လဲဆာေနေတာ့ အေရခြံကိုဆုတ္
မီးကင္ၿပီး စားမွာေတာ့”
” ျဖဴႏုခင္ ညည္းမီးသြားေမႊးလိုက္”
ေျပာေျပာဆိုဆိုျဖင့္ ျဖဴႏုခင္မွာ စက္ေလွပဲ့ပိုင္းက
မီးဖိုမွာ မီးဖိုရန္ျပင္ေတာ့သည္
ေရွ႕ကမိန္းမအုပ္စုမွာ ဖြက္ကို ဓားနဲ႔ထုၿပီး
ေသေတာ့မွ အေရကိုခြာကာ ဆားသတ္ၿပီးမီးကင္ဖို႔
လုပ္ၾက၏
စိန္လင္းေအာင္တစ္ေယာက္ စက္ေလွေပၚတတ္ကတည္းက စိတ္ေတြေလးလံေနသည္
တစ္ခုခုႀကီးႀကီးမားမား ျဖစ္ေတာ့မည္ဆိုတဲ့
အသိစိတ္ေတြက စိုးမိုးေန၏
အေပၚထပ္တတ္ၿပီး စက္ေလွအေျခအေနကို တစ္ခ်က္ၾကည့္လိုက္ရာ စက္ေလွမွာ တျဖည္းျဖည္း
ေစာင္းလာသည္ကိုေတြ႕လိုက္၏
ထင္းအေလးခ်ိန္ လူအေလးခ်ိန္ေၾကာင့္ ေစာင္းေနတယ္ထင္ၿပီး အမႈမဲ့ထားၿပီး ဖ်ာေပၚလွဲခ်လိုက္သည္
နားထဲမွာလည္း သ၀န္ပင္ေအာက္၌ၾကားခဲ့တဲ့
သီခ်င္းသံကို စြဲေန၏ တျဖည္းျဖည္း ေနေရာင္
ညိဳးႏြမ္းလာသည္နဲ႔အမွ် အႏၲရာယ္ တစ္ခုက သူတို႔ဆီလာေနသလိုမ်ိဳးခံစားရေတာ့ မျဖစ္ဘူးဆိုတဲ့ အသိစိတ္နဲ႔ စက္ေလွေအာက္ဖတ္ကိုဆင္းမည္အျပဳ
တစ္စုံတစ္ရာက စက္ေလွကို တြန္းခ်လိုက္သလို
၀ုန္းခနဲျမည္ကာ လည္သြားသည္
ေအာက္ထပ္မွ အလန္႔တၾကားေအာ္သံေတြက
႐ုတ္တရက္ထြက္လာရာ စိန္လင္းေအာင္မွာ
အေျပးဆင္းၿပီး စက္ခန္းကို၀င္ၾကည့္ေတာ့
” မရေတာ့ဘူးေဟ့ စက္ခန္းကိုေရေတြ၀င္ၿပီး
စက္ကိုျမဳပ္ေနၿပီ စက္ေလွေမွာက္ေတာ့မယ္
အားလုံးျမန္ျမန္ဆင္းၾက”
စိန္လင္းေအာင္အဲ့လိုထေအာ္ေတာ့ ႐ြာသားေတြမွာ
ေသေဘးကိုေၾကာက္သျဖင့္ ကမ္းဆီကို တဟုန္ထိုးဆင္းၾက၏
သို႔ေသာ္လည္းသူတို႔ထင္ထားသလိုမျဖစ္လာေပ
လူေတြက တစ္ခါတည္းနဲ႔ တစ္ဖက္တည္းကို
ၿပိဳင္တူဆင္းၾကေတာ့ အေလးခ်ိန္က တစ္ဖက္တည္းကိုပဲ အားျပဳသြားရာ စက္ေလွမွာ ထင္းအေလး လူအေလးေၾကာင့္ ၀ုန္းခနဲျမည္ၿပီး
ေမွာက္ၾကသြားေတာ့သည္
ထြက္ခြင့္ေတာင္မရလိုက္ခင္ စက္ေလွတစ္ခုလုံးက
လူေတြကိုဖိထားသလိုျဖစ္ေတာ့ ေအာ္ခ်ိန္ေတာင္မရလိုက္ဘဲ အကုန္လုံးျမစ္ထဲ စုန္းစုန္းနစ္ျမဳပ္ေတာ့၏
ေန၀င္ေရာင္သန္းေနသည့္ ျမစ္ဖ်ားအလယ္မွာ
ကူကယ္ရာမဲ့ လူတစ္စုက စက္ေလွနဲ႔အတူ
ေရေအာက္ကိုတျဖည္းျဖည္းေရာက္ရွိသြားၾကေလသည္
**************
” အာ့ အာ့ အာ့ အာ့ အာ့ ”
ေမာပင္႐ြာတစ္ခုလုံးတြင္ အခ်ိန္မသိအခါမသိဘဲ
ေနေမွာင္သည္နဲ႔ က်ီးကန္းေတြ အာၾကသည္
လူေတြမွာ ယခုလိုက်ီးကန္းေတြထူးထူးဆန္းဆန္း
ေအာ္ၾကေတာ့ မေကာင္းတာတစ္ခုခုျဖစ္ေတာ့မည္ကိုႀကိဳသိေန၏
ပုံမွန္ရက္ေတြနဲ႔မတူဘဲ ယေန႔႐ြာက တိတ္ဆိတ္ေနသည္ တိတ္ဆိတ္တာကလည္း ထင္းခုတ္သြားသည့္ လူေတြက တစ္အိမ္တစ္ေယာက္ျဖစ္ရာ
လူတစ္၀က္ခန္႔ပါသြားသည့္ေၾကာင့္ပင္
႐ြာ၌က်န္ခဲ့သည္မွာလည္း ကေလးသူငယ္ ကိုယ္၀န္ေဆာင္ အဖိုးႀကီးအဖြားႀကီးေတြသာ
မိုးခ်ဳပ္လာသည္နဲ႔အမွ် က်ီးကန္းေတြမွာ တရစပ္မနားတမ္း ေအာ္ျမည္ၾက၏
” ဖြားဖြား ေမေမတို႔ အခုထိမေရာက္ေသးဘူး
အၾကာႀကီးၾကာတယ္ေနာ္”
” ခနေနရင္ ေရာက္ေတာ့မွာပါ ေျမးေလးရယ္”
႐ြာအ၀င္လမ္းကို ေငးကာ ဖူးေလးတို႔ ေျမးအဖြားႏွစ္ေယာက္မွာ ေမွ်ာ္ေနၾကသည္
လေရာင္၀ိုးတ၀ါးသာ ထြက္လာသည့္တိုင္ေအာင္ေစာင့္ေနၾကေပမယ့္ တစ္စုံတစ္ေယာက္မွ မလာၾကေပ
” ကဲ ေျမးေလး ဖြားဖြား ေခါင္းေတြကိုက္ေနတယ္
အိမ္ထဲ၀င္ၾကရေအာင္ေနာ္ ခနေနေမေမတို႔ ေရာက္မွာပါ”
” ဟုတ္”
ငိုသံ၀ဲေနသည့္ဖူးေလးမွာ အျပန္လမ္းကိုလွည့္ၾကည့္လွည့္ၾကည့္လုပ္ၿပီး မ၀င္ခ်င္၀င္ခ်င္၀င္ရေတာ့၏
ဒီလိုနဲ႔ ညသန္းေခါင္ေရာက္လာေလၿပီ ႐ြာထဲ အပ္က်သံပင္မၾကားရ ၿငိမ္ခ်က္သားေကာင္းေနသည္
” အူး ဝူး ဝူး………..
ထိုစဥ္ ႐ြာစြန္ဆီမွ ႐ုတ္တရက္ ေခြးေတြထိုးေဟာင္ၾကေတာ့၏ ေခြးေဟာင္သံေတြေၾကာင့္ အိပ္ေပ်ာ္ေနသည့္လူေတြမွာ လန္႔ႏိုးကုန္ၾကသည္
ေခြးေတြမွာ တစ္စုံတစ္ရာကို ထိုးေဟာင္ေနၾကျခင္းပင္
ခနအၾကာေတာ့ ႐ြာထဲကို အပုပ္နံ႔ေတြ ၀င္လာ၏
ညႇီနံ႔ေတြပါ နံလာရာ အိပ္ေနတဲ့လူေတြမွာ
မအိပ္ႏိုင္ဘဲ အိမ္ေရွ႕ထြက္ကာ လမ္းကိုထြက္ၾကည့္ၾကသည္
” ဟိုမွာ ႐ြာထဲကို၀င္လာတာ လူေတြလား
ထင္းခုတ္သြားတဲ့ သူေတြမလား”
” ေအးဟ ”
လေရာင္ခပ္သဲ့သဲ့ေအာက္၌ ထင္းစည္းတို႔
ပုဆိန္တို႔ ကိုင္ကာ ႐ြာထဲအား၀င္လာၾကတဲ့
လူအုပ္မွာ သူတို႔အိမ္ဆီကို အသီးသီး၀င္သြားၾကသည္
” နံလိုက္တာ ဘယ္လိုအနံ႔ေတြလည္းမသိဘူး”
” ဖူးေလးေရ…….”
အသံၾသၾသႀကီးက အိမ္ေရွ႕မွ ထြက္လာရာ ဖူးေလးတို႔မွာ အေမျဖစ္သူေရာက္သျဖင့္ ထြက္လာၾကသည္
” ေမေမကလဲ ၾကာလိုက္တာ
သမီး ေစာင့္ေနတာအခုထိပဲ”
ႏုလွေမမွာ ဘာမွမေျပာဘဲ မီးဖိုေခ်ာင္ခန္းကို၀င္ၿပီး
အိုးကိုလွန္ကာ ထမင္းေတြကို အငမ္းမရစားေသာက္ေတာ့၏
အဖြားခင္လွေမက ႏုလွေမကိုၾကည့္ၿပီး ဘ၀င္မက်လွ ၀င္လာကတည္းက အပုပ္နံ႔ေတြ မခံႏိုင္ေအာင္နံသည္ အ၀တ္အစားေတာင္မလဲႏိုင္ဘဲ ထမင္းကိုသာတစ္ခါတည္းစားေတာ့သည္
တစ္ခုခုျဖစ္လာသည္မွာအမွန္ပင္ သို႔ေပမယ့္ ဘာမွ်မေျပာေတာ့ဘဲ မသိသလိုဘဲေနလိုက္၏
ယေန႔ည ေခြးေဟာင္သံေတြက ႐ြာထဲဆူညံေနသည္
တစ္ညလုံး အပုပ္နံ႔ေတြနံကာ ထင္းခုတ္သြားတဲ့အိမ္တိုင္းက လူမမာညီးသံေတြ အတိုင္းသားထြက္ေပၚေနဆဲ
***************
” ေအာက္ အီး အီး အြက္ ……..”
နံနက္ခင္းေနေရာင္သန္းလာေတာ့ ႐ြာသူႀကီး
အိမ္မွာ လူစုေနၾက၏
လူေတြေရွ႕ ကြက္ပ်စ္ေပၚတြင္ လူမမာတစ္ေယာက္
ထိုသူမွာ တျခားသူမဟုတ္ စိန္လင္းေအာင္ပင္
အသားေရေတြ ျပာႏွမ္းကာ မ်က္လုံးေတြေၾကာင္ၿပီး ​တစ္စုံတစ္ရာကိုေၾကာက္လန္႔ေနသည္
” အဲ့တာ တကယ္လား
စိန္လင္းေအာင္”
” ဟုတ္တယ္ မေန႔ညက ႐ြာထဲ၀င္လာတဲ့ သူေတြက
အကုန္ေသၿပီးၿပီ သူတို႔လွည့္စားတာကို မခံရေစနဲ႔”
တုန္တုန္ရီရီ ေျပာေနတဲ့ စိန္လင္းေအာင္စကားေၾကာင့္ ႐ြာသားေတြမွာ ေၾကာက္စိတ္မေျပၾကေသးေပ
ဘာလို႔လဲဆိုေတာ့ ညသန္းေခါင္ေရာက္လာတဲ့သူေတြမွာ မနက္မိုးလင္းေတာ့ တစ္ေယာက္မွ်မရွိေတာ့ဘဲ ေပ်ာက္ျခင္းမလွေပ်ာက္သြားၾကသည္
” က်ဳပ္လည္း ဘုရားကယ္လို႔ မေသခဲ့တာ
အဲ့ဒီအေၾကာင္း က်ဳပ္မေတြးရဲေတာ့ဘူး”
စိန္၀င္းေအာင္စကားလည္းဆုံး ႐ြာသားေတြမွာ
ငိုၾကပါေလေရာ
” အျဖစ္ဆိုးလည္းတာ ငါ့သမီးရယ္”
” အမယ္ေလး အေဖရဲ႕ သမီးအေမဆုံးၿပီတဲ့”
” ငါ့သား ငါ့သားေလး အေမရင္ကြဲပါၿပီ
သားေလးရယ္ ”
႐ြာသားေတြ ငိုၾကသည္ကို သူႀကီးလည္း မၾကည့္ရက္ေပ မိဘခ်င္း ကိုယ္ခ်င္းစာသျဖင့္ အတတ္ႏိုင္ဆုံး ႏွစ္သိမ့္ေပးရ၏
ေသၿပီးသူမ်ားကို ဘုန္းႀကီးပင့္ကာ အမွ်တန္းေပးရသည္ ႐ြာကလူေတြစုၿပီး အလႉတန္းလုပ္ၾကသည္
ဒီလိုနဲ႔ တစ္လခန္႔အထိ ႐ြာထဲဘာမွမျဖစ္ခဲ့ေပမယ့္
တစ္ေန႔ စိန္လင္းေအာင္ တစ္ေယာက္႐ုတ္တရက္ဆုံးရာ စိန္လင္းေအာင္ဆုံးတဲ့ေနကစၿပီး
ျပႆနာစပါေလေရာ
ညသန္းေခါင္ေရာက္သည္ႏွင့္ ေခြးေတြစအူေတာ့သည္ ႐ြာထဲကို ၿငီးသံမ်ိဳးစုံနဲ႔ လူေတြ၀င္လာၾကျပန္သည္ မအိပ္ဘဲေနသူမ်ားကို အမ်ိဳးအမ်ိဳးေျခာက္လန္႔ၾကသည္
ဒီလိုေတြ ေန႔စဥ္ရက္ဆက္ျဖစ္လာေတာ့ ႐ြာသားေတြ ေၾကာက္လန္႔ကာ တျခား႐ြာဆီကိုေျပာင္းေျပးၾက၏ ေနာက္ေတာ့ ႐ြာမွာလုံးလုံးပ်က္သုဥ္းသြားေတာ့သည္
ႏွစ္ေတြၾကာလာေတာ့ ေမာပင္႐ြာႀကီးမွာ အေမ့ေပ်ာက္ခံျဖစ္လာ၏ သို႔ေပမယ့္ တစ္ခါတစ္ခါ လူေတြသာ အဲ့႐ြာကိုေရာက္သြားခဲ့လွ်င္ ေန႔ဆို ေျခာက္ကပ္ေနၿပီး ညသန္းေခါင္ေရာက္လွ်င္
အိမ္ေတြဆီက ထမင္းခ်က္ၾက စကားေတြေျပာၾကနဲ႔
တေစၦ႐ြာတစ္ခုကို ျမင္ေတြ႕ၾကရသည္
သက္ရွိလူသားတစ္ေယာက္ ၎႐ြာကိုေရာက္ခဲ့လွ်င္ သန္းေခါင္ယံမတိုင္ခင္ ျပန္လာရ၏
သန္းေခါင္ေက်ာ္ထိမထြက္လာခဲ့ရင္ တေစၦ႐ြာသား
လူတစ္ေယာက္တိုးလာမည္
ၿပီးပါၿပီ