စာသင်ကျောင်းက သရဲမ (စ-ဆုံး)

Unicode Version

စာသင်ကျောင်းက သရဲမ (စ-ဆုံး)
—————————————-
အချိန်ကာလာအားဖြင့် ၂၀၁၂ ခုနှစ်ခန့်ကဖြစ်သည်။
ဖျာပုံခရိုင်အတွင်းရှိ ကတ်ကဘိုင်ဟု အမည်ရသည့် တောရွာကလေးတွင် မူလတန်းကျောင်းကလေးတစ်ကျောင်းရှိသည်။ ဆရာ သိန်းထိုက်စိုးက ထိုကျောင်းကလေးတွင် ကျောင်းအုပ်တာဝန်ဖြင့် ယခုနှစ်တွင် ပြောင်းရွှေ့တာဝန်ပေးခံရသည်။ မူလတန်းကျောင်းကလေးမို့ တစ်ထပ်သစ်သားကျောင်းဆောင်ရှည်ကလေးဖြစ်ပြီး ကျောင်းဆရာမများ ၆ ယောက်ခန့်သာရှိသည်။ ယောက်ျားလေးဆရာလဲ သူတစ်ယောက်တည်းဖြစ်၏။ ကျောင်းလေးနှင့်မလှမ်းမကမ်းတွင် ကျောင်းဆရာများနေနိုင်ရန်အတွက် ရွာမှ သစ်သားအိမ်တန်းကလေးဆောက်လုပ်ပေးထားပြီး ထိုအိမ်ကလေးများမှာလဲ ဆရာမများနေထိုင်လျှက်ရှိရာ နေရာလွတ်လဲမရှိတော့ပေ။

ရွာလူကြီးများက နေထိုင်ရန်စီစဉ်ပေးမည်ဟုဆိုသော်လည်း ဆရာသိန်းက ငြင်းဆန်လိုက်တော့သည်။

“ရပါတယ်ဗျာ၊ ကျွန်တော်ကယောက်ျားလေးပဲ၊ ကလေးတွေပြန်သွားတဲ့အခါ ကျောင်းကခုံတွေကိုစီပြီး ကျောင်းထဲမှာပဲ အိပ်လိုက်ပါ့မယ်”

သို့နှင့် ဆရာသိန်းအတွက် နေရေးထိုင်ရေးအဆင်ပြေသွားတော့သည်။ ကျောင်းဆင်းပြီး ကျောင်းသားများပြန်သွားသည့်အခါ ကျောင်းအနီးရှိရေတွင်းတွင် ရေမိုးချိုး အဝတ်အစားလဲပြီး ရွာထိပ်သို့ထွက်ခဲ့သည်။ ရွာထိပ်တွင်ရှိသည့် ထမင်းဆိုင်တွင် ညစာစားသောက်လိုက်ပြီးနောက် ကျောင်းသို့ပြန်လာကာ လုပ်စရာရှိသည်များကိုလုပ်ပြီးသည်နှင့် စာသင်ထိုင်ခုံတန်းတွေကို လေးငါးလုံးခန့် စုစည်းလိုက်ကာ ထိုအပေါ်မှ သင်ဖြူးဖျာတစ်ချပ်ခင်းပြီး ခေါင်းအုံးနှင့် စောင်ကိုချ၍ ခြင်ထောင်ထောင်လိုက်သည့်အခါတွင် တစ်ညတာအတွက်အိပ်ရာအသင့်ဖြစ်နေပြီဖြစ်သည်။ ဆရာသိန်းက ယောက်ျားလေးဖြစ်ပြီး နေရေးစားရေးအတွက်လဲ သိပ်အလေးအနက်မထားသောကြောင့် ထိုကဲ့သို့ပင်နေထိုင်လျှက် အဆင်ပြေနေတော့သည်။ ဆရာသိန်းနေထိုင်ရင်း တစ်လခန့်ကြာသည့်အခါတွင် ထူးဆန်းသည့်အဖြစ်အပျက်များဖြစ်ပွားတော့သည်။

(ခ)

ထိုညလဲ ခြင်ထောင်အတွင်းသို့ဝင်ခဲ့တော့သည်။ ညက ကိုးနာရီကျော်နေပြီဖြစ်ရာ အိပ်စက်ရန်အတွက် ခေါင်းချလိုက်သည်။ စာသင်ကျောင်းက ဟောခန်းကြီးဖြစ်ပြီး အလယ်တွင် ကျောက်သင်ပုန်းချပ်များနှင့်သာကာရံထားသည်မို့ တစ်ဖက်မှတစ်ဖက်သို့ လှမ်းမြင်နေရသည်။ ဆရာသိန်းအိပ်သည့်အနားရှိ နှစ်ပေမီးချောင်းကလေးကိုသာဖွင့်ထားပြီး ကျန်သည့်မီးချောင်းများအားလုံးကိုတော့ ပိတ်ထားသည်။

“အဟင့် . . အဟင့်”

လုံးဝအိပ်လို့မပျော်သေး ခပ်မှေးမှေးရှိချိန်တွင် ငိုရှိုက်သံ သဲ့သဲ့ကိုကြားလိုက်ရသည်။ တိုးတိုးတိတ်တိတ်ကလေး ငိုယိုနေခြင်းဖြစ်သည်။ ဆရာသိန်းလဲ ချက်ချင်းထထိုင်လိုက်ပြီး နောက် ငိုသံကြားရာသို့ နားစွင့်လိုက်သည်။ ငိုသံမှာ စာသင်ကျောင်းတစ်ဖက်စွန်းမှလာသံဖြစ်သည်။ မီးမှောင်ချထားသဖြင့် ထိုတစ်ဖက်စွန်းကိုသဲသဲကွဲကွဲမမြင်ရချေ၊ ဆရာသိန်းလဲ ခေါင်းအုံးနားမှ လက်နှိပ်ဓါတ်မီးကို ထုတ်လိုက်ကာ လှမ်းထိုးကြည့်လိုက်တော့ ဘာမှမတွေ့ရ။ ပြန်အိပ်စက်လိုက်တော့ ထိုငိုသံကိုမကြားရတော့။

“အဟီး . . ဟီး”
နောက်တစ်ရက်အိပ်သည့်အခါ ငိုသံမှာ ကျယ်လာတော့သည်။ ထုံးစံအတိုင်းကျောင်းထဲ လှည့်ပတ်ရှာသော်လည်း အကောင်အထည်မမြင်ရပေ။ ထိုညတွင် သုံးခါလောက်ငိုသံကြားရပြီး နောက်တော့ဘာမှမကြားရတော့ပေ။

နောက်တစ်ရက်ကျောင်းတက်တော့ ဆရာမများကို မေးကြည့်မိသည်။

“ဆရာမတို့ထဲက တစ်ယောက်ယောက် ညညဆိုကျောင်းနားလာပြီး ငိုကြသေးလား”

သူမေးသည့်အမေးကိုကြားသည့်အခါ ဆရာမများက ထူးဆန်းစွာဖြင့် သူ့ကိုကြည့်ကြသည်။

“ပေါက်ပေါက်ရှာရှာဆရာရယ်၊ ဘယ်သူကငိုမှာလဲ”

ဆရာမများထဲမှလဲ မဟုတ်တော့သည်မို့ ဆရာသိန်း နှုတ်ဆိတ်နေလိုက်သည်။

ထိုညတော့ ငိုသံက တဖြည်းဖြည်းကျယ်လောင်လာသည်။ ငိုယိုနေသည့်သူမှာ အတော်ကျယ်ကျယ်ငိုနေခြင်းဖြစ်သည်၊ ဆရာသိန်းလဲ လူမဟုတ်မှန်းသိလိုက်သည်။ သို့သော် သူက ကြောက်တတ်သူမဟုတ်ပေ။ စောင်ကိုခြုံရင်း နားကိုပိတ်ကာ ကြိတ်မှိတ်ပြီး အိပ်ပစ်လိုက်တော့သည်။

ငိုသံက တဖြည်းဖြည်း ညတိုင်း ပိုပိုဆိုးလာသည်။ နောက်တော့ငိုသံက အဝေးတွင်ငိုနေရာမှ တဖြည်းဖြည်းသူ့အနားသို့နီးကပ်လာပြီး ငိုနေတော့သည်။ ဆရာသိန်းထကြည့်ရာတွင်လဲ မည်သူမျှမတွေ့ရ။ သရဲမကြောက်တတ်သော်လည်း ငိုသံကြောင့် အိပ်ရေးပျက်သည်မို့ လူလည်း ကျန်းမာရေးထိခိုက်လာတော့သည်။

(ဂ)

တစ်ရက်၊ ရွာထဲတွင် အလှူရှိသည်မို့ ဆရာ၊ဆရာမများအတွက် အလှူမှ ထမင်းဟင်းများ မုန့်များကိုလာပေးကြသည်။ ဆရာသိန်းလဲ ညစာကို အပြင်ထွက်မစားတော့ဘဲ အလှူမှပေးသည့် ထမင်းများကိုသာစားသောက်လိုက်လေသည်။ စားပြီးပိုသည့်ထမင်းများနှင့် ဟင်းကျန်များကို ကျောင်းနံဘေးရှိ အမှိုက်ပုံးနားတွင် ဖြန့်ချထားလိုက်တော့သည်။ ခွေးလေခွေးလွင့် တစ်ကောင်ကောင် စားစေလို၍ဖြစ်သည်။ ထိုညက ငိုသံမကြားရတော့။ တစ်လလောက်ဆက်တိုက်ကြားလာရသည့်ငိုသံမှာ မကြားရတော့သဖြင့် တိတ်ဆိတ်နေသလိုခံစားရသည်။

ထိုညက အိပ်နေရင်း သူ့နားအနားမှာ ခေါ်သံကိုကြားလိုက်ရသည်။ ထို့နောက် မျက်နှာကိုလဲ လေအေးအေးများတိုက်ခတ်လာသည်။ ကျောင်းက တံခါးများပိတ်ထားသည်မို့ လေဝင်စရာအကြောင်းမရှိပေ။ နားထဲတွင်လဲ ဆရာ ဆရာနှင့် ခေါ်သံကြားသည့်အတွက် မျက်လုံးဖွင့်ကာ ကိုယ်ကိုဘေးစောင်းပြီး လှည့်ကြည့်မိလိုက်သည်။

ကျောင်းစိမ်းဝတ်စုံ အဖြူအစိမ်းဝတ်ထားသည့် အမျိုးသမီးတစ်ယောက်ကိုတွေ့ရသည်။ အသက်က ခပ်ငယ်ငယ်လူငယ်ပင်ရှိဦးမည်။ အကျီအဖြူမှာလဲ နွမ်းဖတ်နေကာ ထဘီမှာလဲ အစိမ်းရောင်တောင် သိပ်မပေါ်ချင်တော့။ ထို့အပြင် ထဘီအနားတွေက စုတ်ပြတ်နေပြီး ဖိနပ်လဲမစီးထား၊ အသားကတော့ တော်တော်ဖြူဝင်းပြီး မျက်နှာပေါက်မှာ ကရင်နှင့်ဆင်တူသည်။ ဒူးလောက်ရှည်သည့်ဆံပင်ကြီးကို ဖားလျားချထားပြီး သူ့ကိုပြုံးပြနေလေသည်။

“ကျေးဇူးတင်လိုက်တာဆရာရယ်၊ ကျွန်မလေ ညတိုင်း ဗိုက်ဆာလို့ ငိုငိုနေရတာ၊ အခုဆရာကျွေးတော့မှပဲ စားရတော့တယ်”

“ဒါဆိုလဲ ငိုငိုမနေနဲ့ဗျာ၊ အိပ်ရေးပျက်တယ်၊ နောက်ရက်တွေ ကျုပ်ကျွေးမယ် ဟုတ်ပြီလား”

ထိုအမျိုးသမီးက ခေါင်းညိတ်လိုက်ပြီးနောက် နောက်ပြန်ကြီးလမ်းလျှောက်သွားကာ အမှောင်ထုအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ ဆရာသိန်းလဲ လန့်နိုးလာခဲ့သည်။ အိပ်မက်လား တကယ်လား သူလဲဝေခွဲမရပေ။ ရုတ်တရက် အိပ်ရာမှထကြည့်ပြီး သူခွေးအတွက်ပုံခဲ့သည့် ထမင်းကျန်ဟင်းကျန်များကို လက်နှိပ်ဓါတ်မီးနှင့် သွားထိုးကြည့်လိုက်ရာ ထမင်းတစ်စေ့တောင်မကျန်ဘဲ ပြောင်သလင်းခါနေသည့် ကြွပ်ကြွပ်အိတ်ကိုသာ မြင်တွေ့ရတော့သည်။

နောက်တစ်နေ့ ညစာကို ရွာထိပ်ရှိထမင်းဆိုင်တွင်သွားစားပြီး အပြန်တွင် ထမင်း ၂၀၀ ဖိုးဝယ်ခဲ့ပြီး ထိုဆိုင်မှ အရိုးအရင်းများနှင့် ဟင်းကျန်များကို တောင်းယူခဲ့သည်။ ဆိုင်ရှင်မေးသောအခါတွင် ကျောင်းရှိခွေးတစ်ကောင်အား ကျွေးမွေးရန်ဖြစ်ကြောင်းပြောပြလိုက်သည့်အခါတွင် ဆိုင်ရှင်က ငါးခေါင်းများ၊ ကြက်ရိုးများကိုပါ ထပ်ထည့်ပေးတော့သည်။ ဆရာသိန်းလဲ ထိုအထုပ်ကလေးကို ဆွဲလာခဲ့ပြီးနောက် အမှိုက်ပုံးနားတွင်မထားတော့ဘဲ ကျောင်းပေါ်သို့တက်သည့် အုတ်ခုံလှေကားထစ်ကလေး အောက်ဆုံးထစ်နားတွင် ကြွပ်ကြွပ်အိတ်ကလေးကို ဖြန့်ကာ ချပေးထားလိုက်တော့သည်။

ထိုညက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရာ မနက်လင်းမှသာနိုးတော့သည်။ လူတစ်ကိုယ်လုံးလဲ အားအင်ပြည့်နေသည်။ ထိုကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရသည်မှာ တစ်လခန့်ပင်ကြာခဲ့ပြီဖြစ်သည်။

တစ်နေ့ရွာရှိ အဖိုးသောင်ဟုခေါ်သည့် အဖိုးကြီးတစ်ဦးကျောင်းသို့ရောက်လာတော့ ကျောင်းနှင့်ပက်သက်သည့်အကြောင်းတွေပြောကြရင်း ဆရာသိန်းက စကားစလိုက်သည်။

“ဒါနဲ့ ဒီကျောင်းမှာအလုပ်လုပ်ရင်း သေခဲ့တဲ့ ဆရာမတွေဘာတွေရှိခဲ့ဖူးသလား”

အဖိုးသောင်က ခေတ္တစဉ်းစားနေသေးသည်။

“အင်းရှိခဲ့တယ်ကွဲ့၊ ကြာတော့ကြာပါပြီ၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကထင်တယ်၊ ကျောင်းဆရာမတော့မဟုတ်ပါဘူး၊ သူ့နာမည်က နန့်အိတုံလို့ခေါ်တယ်၊ ကရင်မလေးပဲ၊ ကျောင်းမှာဆရာလိုတော့ လုပ်အားပေးဆိုပြီး စာဝင်ပြတဲ့သူပေါ့၊ တစ်ရက်တော့ ဘာအစားမှားလဲမသိဘူး၊ ကျောင်းမှာစာသင်နေတုန်း မူးတယ်ဆိုပြီးတော့ လှဲနေရာက တစ်ကိုယ်လုံးပြာနှမ်းလာပြီး ပါးစပ်က အမြှုပ်တွေထွက်၊ နောက်တော့ဆုံးသွားတာပဲကွ”

“သြော် . . ဘာဖြစ်တာတဲ့လဲ”

“အစာအဆိပ်သင့်တယ်ပြောကြတာပဲ”

အဖိုးသောင်ပြောစကားကြောင့် ဆရာသိန်းလဲ စိတ်ထဲစိတ်မကောင်းဖြစ်သွားသည်။ သူမြင်ခဲ့ရသည့်ဆရာမလေးကိုလဲ သနားမိသွားတော့သည်။

(ဃ)

လစာထုတ်သည့်အခါတွင်တော့ ဆရာသိန်းက ဖျာပုံမြို့သို့တက်ရတော့သည်။ တစ်ကျောင်းလုံးရှိ ဆရာမများအတွက် လစာထုတ်ပြီး ပြန်ပေးရခြင်းလဲဖြစ်သည်။ ထိုနေ့က လစာထုတ်ရက်ဖြစ်သဖြင့် နေ့လည်ကတည်းက ဖျာပုံမြို့သို့ တက်ခဲ့သည်။ မိုးအလွန်ချုပ်မှပြန်ရောက်သည်ဖြစ်ရာ ဆရာသိန်းလဲ ပင်ပန်းသဖြင့် အိပ်စက်လိုက်တော့သည်။

ပက်လက်အိပ်နေရင်း လေအေးများတိုက်ခတ်လာတော့သည်။ မျက်စိဖွင့်ကြည့်လိုက်ရာ သူထောင်ထားသည့် ခြင်ထောင်ကြီးမှာ အလံကြီးတစ်ခုသဖွယ်လွင့်နေပြီး ကျောင်းမျက်နှာကြက်တွင် ပျံဝဲနေလေသည်။ ထိုစဉ် သူခြုံထားသည့်စောင်ကို လူတစ်ယောက်က ခြေရင်းကနေ ဆွဲပြီးလွှင့်ပစ်လိုက်တော့သည်။ ဆရာသိန်းလဲ ခြေရင်းကို ကြည့်လိုက်မိသည်။

“အောင်မယ်လေးဗျ”

သရဲမကြောက်တတ်သည့် ဆရာသိန်းပင် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။ သူ့ခြေရင်းတွင် အမျိုးသမီးတစ်ဦးမတ်တပ်ရပ်နေပြီး ထိုအမျိုးသမီး၏ ဆံပင်တွေက လေထဲတွင်ဝဲပျံနေကြသည်။ မျက်လုံးကြီးနှစ်လုံးကလဲ အရောင်တွေလက်နေပြီး ပါးစပ်ပြဲကြီးက နားရွက်နားအထိရှိကာ ပါးစပ်ထဲမှ ဖြူဖွေးနေသော အစွယ်တွေကိုလည်း မြင်တွေ့လိုက်ရသည်။

“နင်ငါ့ကိုဘာလို့မကျွေးတာလဲ”

“မ . . မလုပ်ပါနဲ့”

ဆရာသိန်းကပြောလိုက်သော်လည်း သူ့ခြေထောက်ကို လက်ကြီးတစ်ဖက်ဖြင့် လာဆွဲသည်။ လက်ကြီးမှာ အမွှေးကြမ်းကြီးများနှင့်ဖြစ်ပြီး ပြောင်ချော်ချော်ကြီးဖြစ်နေလေသည်။ အလွန်အေးစက်သည့်အထိအတွေ့လဲရှိသည်။ ထို့နောက် ဆရာသိန်းခြေထောက်ကိုဆွဲပြီး ခုံပေါ်မှဆွဲချလိုက်တော့သည်။ ဆရာသိန်းလဲ ဘယ်လိုဖြစ်သည်မသိ၊ တစ်ကိုယ်လုံး လှုပ်ရှားမရဘဲ လက်တွေခြေထောက်တွေက အကြောကပ်သလိုဖြစ်နေကာ သရဲမကြီးဆွဲသည့်နောက်သို့ မရုန်းကန်နိုင်ဘဲ တရွတ်တိုက်ပါလာတော့သည်။

သရဲမကြီးက သူ့ကိုဆွဲရင်း ကျောင်းတံခါးမကြီးဆီသို့ လှမ်းသွားတော့သည်။ ထိုအခါ အပေါ်ချက်၊ အောက်ချက် ချထားသော တံခါးမကြီးမှာ ဝုန်းခနဲ ပွင့်သွားပြီးနောက် သရဲမကြီးက လှေကားထိပ်မှနေ၍ ဆရာသိန်းကိုဆွဲကာ ပစ်ချလိုက်သဖြင့် ဆရာသိန်းလဲ လှေကားပေါ်မှ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားလေသည်။

“အား. . . ကျွတ် . . . ကျွတ်”

လှေကားအောက်ရောက်သည့်အခါမှသာ သူ့လက်ခြေတွေ ပြန်လှုပ်ရှား၍ရတော့သည်။ လှေကားမှာ သုံးထစ်ခန့်သာရှိသဖြင့် သိပ်တော့ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့။ လူးလဲထပြီး ကျောင်းပေါ်ပြန်တက်ကာ ကျောင်းအတွင်းဝင်ပြီး တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ ညသန်းခေါင် ၁၂ နာရီထိုးပြီဖြစ်သည်။

ဆရာသိန်းအလွန်ထိတ်လန့်သွားသည်။ သူ့ဘဝတွင် သရဲတစ္ဆေများကို ယုံလဲမယုံ၊ ကြောက်လဲ မကြောက်တတ်ခဲ့သော်လည်း အခုလို နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံရတော့ လူ့သဘာဝအတိုင်း ကြောက်စိတ်တွေပိုလာတော့သည်။ အိပ်ရာကို ပြန်ပြင်လိုက်ပြီးနောက် ခြင်ထောင်ပြန်ချကာ အိပ်စက်လိုက်တော့သည်။

နောက်တစ်နေ့ကျောင်းတက်တော့ နဖူးကရောင်နေပြီး ညိုမည်းစွဲနေသည်။ လက်ဖျံလဲ အကြောကပ်နေကာ မြှောက်လို့ချလို့သိပ်မကောင်းပေ။ ကျောင်းမတက်ခင် ဆရာမများက သူ့အလုပ်စားပွဲတွင် ဝိုင်းလာကြတော့သည်။

“ဆရာ ညကဘာဖြစ်သေးလဲ”

“ဘာ . . ဘာမှမဖြစ်ပါဘူး”

“အောင်မယ်လေး၊ ကျွန်မတို့ဝန်ထမ်းအိမ်ရာမှာတော့လေ တဟီးဟီးနဲ့ ငိုသံကြီးကြားရတာ တစ်ညလုံးပဲ၊ လိုက်ပတ်ရှာတော့လဲမတွေ့၊ ဒါနဲ့ ဘုရားစာတွေရွတ်တော့မှ ငိုသံမကြားရတော့ဘဲ ဝန်ထမ်းအိမ်ရာကို လှည့်ပတ်လျှောက်နေတဲ့ ခြေသံတွေ တစ်ညလုံးလိုလိုကြားရတယ်၊ ကျွန်မတို့ဖြင့် တစ်ညလုံးအိပ်လို့တောင်မရပါဘူးရှင်”

ဆရာမတွေအားလုံးလဲ အိပ်ရေးပျက်နေပုံရသည်။ အားလုံးလဲ ထိတ်လန့်နေကြသည်။ ဆရာသိန်းက ဆရာမတွေကြောက်မည်စိုးသဖြင့် သူကြုံတွေ့ခဲ့ရတာတွေ မပြောတော့ဘဲ မြိုသိပ်ထားလိုက်သည်။

“ဘာမှမပူပါနဲ့ဆရာမတို့၊ ဒီညတော့ ရောက်လာမှာမဟုတ်တော့ပါဘူး၊ ဘုရားတရားလဲ များများလုပ်ကြပေါ့ဗျာ”

ဆရာသိန်းက မည်သူလုပ်နေသည်ဆိုတာကို သိလိုက်ပြီမို့ ဒေါပွသွားတော့သည်။ ညနေရောက်တော့ ထမင်း ၅၀၀ ဖိုးဝယ်ကာ အမဲသားကြော် နှစ်တုံးလဲ ဝယ်ခဲ့ပြီး ကျောင်းလှေကားအောက်ထစ်ကလေးတွင် ချထားလိုက်လေသည်။ ထို့နောက် ကျောင်းပေါ်သို့တက်ခဲ့သည်။ ခဏကြာတော့ ကျောင်းလှေကားအနီးမှ ကြွပ်ကြွပ်အိတ်သံကြားသဖြင့် ဓါတ်မီးကိုဆွဲကာ ထိုနေရာသို့ထွက်လာခဲ့တော့သည်။ လှေကားအောက်ဆုံးထစ်တွင် လေးဖက်ကုန်းနေသည့် အမျိုးသမီးတစ်ယောက်ကို မြင်တွေ့လိုက်ရသဖြင့် ဓါတ်မီးဖြင့်ထိုးလိုက်သည်။

ဓါတ်မီးရောင်အောက်တွင် မြင်နေရသည့်သူမှာ သူ့ထံထမင်းတောင်းစားနေကျ အမျိုးသမီးဖြစ်မှန်းသိလိုက်သည်။ ဆံပင်ဖားလျားချထားပြီး ကုန်းကုန်းကြီးဖြစ်နေကာ သူချထားသည့် ထမင်းထုတ်အား ပါးစပ်ဖြင့် ခွေးတစ်ကောင်လိုဟပ်ပြီး စားသောက်နေလေသည်။ ဆရာသိန်းဓါတ်မီးနှင့်ထိုးလိုက်သဖြင့် ခေါင်းမော့ကြည့်လိုက်ရာ သူ့ပါးစပ်ပြဲပြဲကြီးတွင် ထမင်းစေ့များကပ်နေသည်ကိုကြည့်ရင်း ဆရာသိန်းတစ်ယောက် လန့်သွားမိသည်။

“ဒီမှာ၊ ငါအလုပ်မအားလို့မနေ့က မကျွေးဖြစ်တာ၊ အခုအမဲသားနဲ့ကျွေးတာ ကျေနပ်တော့နော်၊ နောက်ပြီးဆရာမတွေကိုလဲ သွားမခြောက်နဲ့၊ သူတို့နဲ့ ဘာမှမဆိုင်ဘူး၊ နောက်ဆိုလစာထုတ်ရက်ဆိုရင် ငါမင်းကို ကျွေးနိုင်မှာမဟုတ်ဘူး၊ အဲဒီတစ်ရက်တော့ သည်းခံပေါ့ ဟုတ်ပြီလား”

ဆရာသိန်းပြောလိုက်သည့်အခါ ထိုအမျိုးသမီးက ခေါင်းညိတ်လိုက်ပြီးနောက် လေးဖက်ထောက်လျက် ခြေကားယား လက်ကားယားဖြင့် ကျောင်းဘေးရှိ ချုံပုတ်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။ သူချထားပေးသည့် ကြွပ်ကြွပ်အိတ်မှာလဲ ပြောင်တလင်းခါနေပြီဖြစ်သည်။

(င)

သီတင်းကျွတ်လဖြစ်သည်။
ဆရာသိန်းက ထုံးစံအတိုင်း လခထုတ်ရန် ဖျာပုံတက်ရမည်ဖြစ်သည်။ ဖျာပုံတက်ရင်း လမ်းတွင် ကျုံကဒွန်းရွာကို ဖြတ်သန်းသွားရမည်။ ကျုံကဒွန်းရွာတွင် ဘကြီးတော်သူနေထိုင်သည်။ ဘကြီးကလဲ သူ့အပေါ်ကောင်းသည်။ သူလိုတာရှိပါက ဘကြီးအားပြောလိုက်လျှင် ဆိုင်ကယ်နှင့် လာလာပို့ပေးနေကြဖြစ်သည်။ ယခုတော့ သီတင်းကျွတ်မို့ ဘကြီးကိုလဲ ကန်တော့ချင်သည်။ ရွာမှမထွက်လာခင် ရွာထဲက ထွက်သည့်လက်ဆောင်မျာ၊ ငှက်ပျောခိုင်တစ်ခိုင်ကိုလဲ သယ်ဆောင်ပြီး ကျုံကဒွန်းရွာသို့ဝင်ခဲ့သည်။

ဘကြီးကို ကန်တော့ပြီး ထိုညတော့ ထိုအိမ်တွင်ပင် အိပ်စက်မည်ဖြစ်ပြီး နောက်တစ်နေ့မနက်တွင် လစာထုတ်ကာ ရွာသို့တန်းပြန်မည်ဟု ဆုံးဖြတ်ထားသည်။ ဘကြီး၏မိသားစုများကလဲ သူ့ကိုချစ်ခင်သည်။ ဘကြီးတို့အိမ်တွင် ညစာစားပြီးစကားလက်ဆုံကျနေတော့သည်။ ကျုံကဒွန်းရွာက ကားလမ်းမနံဘေး ရွာကြီးဖြစ်သဖြင့် ဆိုင်ကလေးများအတော်စုံသည်။ ည၈နာရီကျော်တော့ တဝမ်းကွဲ ညီငယ်ဖြစ်သူက လက်ဖက်ရည်ဆိုင်ထိုင်ရန်အဖော်ခေါ်သဖြင့် လိုက်ပါခဲ့တော့သည်။ လက်ဖက်ရည်ဆိုင်နှင့် သိပ်မဝေးသည်မို့ လမ်းလျှောက်သွားကြမည်ဖြစ်သည်။

“အောင်မယ်လေးဗျ”

ခြံတံခါးမှအထွက် ညီငယ်က လန့်ပြီးအော်သံကြားသဖြင့် ဆရာသိန်းလဲ လှည့်ကြည့်မိသည်။ ဘာမှမတွေ့ရ။

“ဘာဖြစ်တာတုန်းကွ၊ အလန့်တကြားနဲ့”

“ခြံကထွက်တော့ ကျွန်တော်တို့အနောက်မှာ မိန်းကလေးတစ်ယောက်ပုံစံ မြင်လိုက်ရလို့ဗျ၊ သေချာကြည့်တော့လဲ မရှိတော့ဘူး”

“မင်းစိတ်စွဲနေတာဖြစ်မှာပါကွာ”

ဆရာသိန်းက ဘာမှမဖြစ်သလိုပုံစံပြောလိုက်ပြီး ဆက်လျှောက်လာခဲ့လိုက်သည်။ ထိုအချိန်တွင် သူ့ပုခုံးအား အနောက်မှ လက်နှင့်လှမ်းပုတ်သလိုခံစားလိုက်ရသည်။ မသိမသာကလေးလှည့်ကြည့်ရာ မည်သူမှမတွေ့။ အထိအတွေ့ကတော့ လက်နှင့်ပုတ်သည်မှာ ကြိမ်းသေသည်။ ညီငယ်ကြောက်မည်စိုး၍ ဆရာသိန်းက ဘာမှမဖြစ်သည့်ပုံစံမျိုး နေလိုက်သည်။ စိတ်ထဲတွင်လဲ တွေးနေမိသည်။

“ကျောင်းကသရဲများဖြစ်နေမလား၊ မဖြစ်နိုင်ပါဘူးလေ၊ ဒီလောက်အဝေးကြီးကို သူကကျောင်းမှာကျန်နေခဲ့တာပဲ၊ ငါစိတ်ထင်လို့ဖြစ်မှာပါ”

ဆရာသိန်းက ထိုသို့ဖြေတွေးရင်း လက်ဖက်ရည်ဆိုင်သို့ ဆက်လျှောက်လာကြတော့သည်။ လက်ဖက်ရည်ဆိုင်ကပြန်လာပြီးတော့ အိပ်ရန်ပြင်ကြသည်။ ဘကြီးအိမ်က နှစ်ထပ်ပျဉ်ထောင်အိမ်ဖြစ်ပြီး အပေါ်ထပ်ရှိ ဝရန်တာအနီးတွင် လေကတဖြူးဖြူးတိုက်ပြီး အေးမြနေသဖြင့် ဆရာသိန်းက ထိုနေရာတွင်ခြင်ထောင် ထောင်လိုက်ပြီး အိပ်လိုက်တော့သည်။ ကျန်သည့်လူများကတော့ အိပ်ခန်းများထဲတွင် အသီးသီးအိပ်စက်နေကြလေသည်။

သန်းခေါင်ယံအချိန်။
“အူ . .ဝူ . .ဝူး . .ဝူး”

ရွာလယ်လမ်းမတွင် ခွေးများက အသံရှည်ရှည်ဆွဲကာ အူနေကြတော့သည်။ ဆရာသိန်းက အိပ်ရာပြောင်းသဖြင့် သိပ်အိပ်မပျော်သေးပေ။ ထိုစဉ် သူ့နားထဲတွင် ခေါ်သံကြားလိုက်သည်။

“ဆရာ . . ဆရာ”

ဝရန်တာအပြင်မှခေါ်နေခြင်းဖြစ်သဖြင့် လှည့်ကြည့်မိလိုက်သည်။ ဝရန်တာလက်ရမ်းကို တွယ်ဖက်ကာ တက်နေသည့် ကျောင်းက သရဲမကို တွေ့လိုက်ရတော့ ဆရာသိန်းအံ့သြသွားသည်။

“ဟင် . . မင်း၊ မင်း ဘာလာလုပ်တာလဲ”

“ဆရာ၊ ဗိုက်ဆာတယ်၊ ထမင်းကျွေးပါ”

“မင်း၊ မင်း ငါ့နောက်လိုက်လာတာလား”

“ဟုတ်တယ်ဆရာ၊ ကျောင်းမှာကျန်နေခဲ့ရင် ဘာမှမစားရမှာစိုးလို့ ဆရာ့နောက်လိုက်လာခဲ့တာ၊ အရမ်းဆာနေပြီ၊ ထမင်းကျွေးပါဆရာ”

“ဘယ်လိုကျွေးရမလဲကွ၊ မိုးကလဲ ချုပ်နေပြီ၊ နောက်ပြီး ဒါသူများအိမ်ကြီးလေ”

“ကျွေးမှာလားမကျွေးဘူးလား”

သရဲမအသံက ခပ်အုပ်အုပ်မဟုတ်တော့ဘဲ အသံနက်ကြီးအဖြစ်ပြောင်းလဲသွားသည်။ ချက်ချင်းပင် သူထောင်ထားသည့် ခြင်ထောင်ကြီးမှာ ကြိုးပြတ်ကျသွားပြီးနောက် သရဲမက သူ့အားခုန်အုပ်လိုက်လေသည်။ သူလဲ လှုပ်ရှား၍မရတော့။ သရဲမက သူ့ရင်ဘတ်ပေါ်တက်ထိုင်ပြီးနောက် သူ့လည်ပင်းကို လက်နှင့်ညှစ်နေတော့သည်။

“အု . . အု . . ဝူး . . ဝူး၊ ဒုန်း . . ဒုန်း”

ဝရန်တာမှ မပီမသအော်ဟစ်သံများနှင့် ခြေဆောင့်သံများကိုကြားရသည့်အတွက် အိမ်ရှိလူများက ပြေးလာကြသည်။ သူ့ကိုဝိုင်းဆွဲတော့မှ သူလဲ လှုပ်ရှားလို့ရသွားတော့သည်။ တစ်ကိုယ်လုံးချွေးတွေပြန်နေပြီး လည်ပင်းကလဲ အညှစ်ခံထားရသဖြင့် အသက်ရှုကြပ်နေကာ အသက်ကိုမနည်း လုရှုနေရသည်။ ဘကြီးဖြစ်သူက ဗဟုသုတစုံသူဖြစ်သဖြင့် ချက်ချင်းသိလိုက်ပြီး ဆရာသိန်းအား ပရိတ်ရေများတိုက်ပြီး ပရိတ်ရေဖြင့်လဲ တစ်ကိုယ်လုံးကို ပက်ဖြန်းပေးလိုက်တော့သည်။

(စ)

“ငါ့တူ မင်းဘာဖြစ်လာတာလဲ၊ ငါ့ကို အကုန်ပြောပြစမ်းကွာ”

ဒီတော့မှ ဆရာသိန်းက သူဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ပြန်ပြောပြလိုက်တော့သည်။ ဘကြီးဖြစ်သူက ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။

“မင်းက မလုပ်သင့်တာလုပ်ခဲ့တာ၊ မင်းလုပ်တာက အမှတ်တမဲ့ သရဲမွေးလိုက်တာနဲ့တူတူပဲ၊ အခုမင်းအစာမကျွေးတော့ မင်းနောက်ကိုလိုက်ပြီး ပြဿနာရှာနေပြီမဟုတ်လား”

“ဒါ . . ဒါဆိုကျွန်တော်ဘာလုပ်ရမလဲ”

“ငါ့အထင်တော့ ဒီဆရာမလေးက ကျောင်းမှာစွဲနေတာဖြစ်မယ်၊ သူသေတော့ ရက်လည်ဆွမ်းသွပ်ကို သူ့အိမ်မှာလုပ်ပြီး ကျောင်းမှာမလုပ်လိုက်တာနေမယ်ကွ၊ ဒီတော့ ငါ့တူဘာမှမပူနဲ့၊ မနက်ဖြန်လစာထုတ်ပြီး ရွာရောက်ရင် ကျောင်းမှာ ဘုန်းကြီးတွေပင့်ပြီး အလှူတစ်ခုလုပ်လိုက်ပါ၊ ပြီးရင်တော့ သူ့နာမည်နဲ့ အမျှအတန်းပေးဝေခိုင်းလိုက်”

နောက်တစ်နေ့လစာထုတ်ပြီးသောအခါ ရွာသို့ပြန်လာဖြစ်သည်။ လစာထုတ်ရင်းမြို့ပေါ်ကနေ နှစ်ထပ်သင်္ကန်းတစ်စုံကိုလဲ ဝယ်ယူလာခဲ့တော့သည်။ ရွာထိပ်တွင် ထုံးစံအတိုင်း ထမင်းဝယ်ပြီး ထိုညတော့ ကျောင်းအောက်တွင်ထမင်းကျွေးဖြစ်သည်။ လှေကားရင်းတွင် ကုန်းကုန်းကွကွဖြင့်လာရောက်စားသောက်သော သရဲမကိုကြည့်ရင်း ဆရာသိန်း သနားမိနေသည်။

“မပူပါနဲ့ အိတုံရေ၊ နောက်ရက်ဆို မင်းအတွက်ငါအလှူအတန်းလုပ်ပေးမှာပါ”

တနင်္ဂနွေတစ်ရက်တွင် ဆရာသိန်းနှင့် ကျောင်းရှိဆရာမများပေါင်းစပ်ပြီး ကျောင်းတွင်ပင် ဘုန်းကြီးဆွမ်းကပ်ကြသည်။ ဆရာသိန်းက သူဝယ်လာသည့် သင်္ကန်းကိုလဲ ဆရာတော်အားဆက်ကပ်လိုက်ပြီးနောက် ဆရာတော်က အမျှအတန်းပေးဝေတော့သည်။

“အိတုံရေ ငါတို့လုပ်ကုသိုလ်ကောင်းမှုတွေကို နင့်ကိုအမျှပေးဝေမယ်၊ နင်လဲ သာဓုခေါ်ပါနော်”

“အမျှ၊ အမျှ၊ ယူတော်မူကြပါကုန်သော် သာဓု၊ သာဓု၊ သာဓု”

သာဓုခေါ်သံနှင့်အတူ အလှူလေးတစ်ခုပြီးစီးသွားတော့သည်။

ထိုည။
ဆရာသိန်းက စိတ်ထဲတစ်မျိုးဖြစ်နေသည်။ အိတုံအမျှရပါ့မလား၊ ကျွတ်လွတ်သွားပါ့မလားဟု တွေးနေမိသည်။ နေ့လည်အလှူမှကျန်သော ကြက်သားဟင်း အရိုးအရင်းများနှင့် ထမင်းများကိုရောနယ်ပြီးနောက် ထုံးစံအတိုင်းလှေကားထစ်တွင် ချပေးထားမိသည်။ ချပေးပြီး ပြန်တက်လာစဉ် အနောက်မှ သူ့ကိုခေါ်သံကြားလိုက်တော့သည်။

“ဆရာ . . ဆရာ”

အိတုံအသံဖြစ်နေသဖြင့် ဆရာသိန်းလဲလှည့်ကြည့်လိုက်သည်။ ထိုအခါ အိတုံမှာ အဖြူရောင်သစ်လွင်နေသည့် အကျီကလေးနှင့် ဖက်ဖူးရောင်စိမ်းစိုနေသော အစိမ်းရောင်ထဘီကလေးကို ဝတ်ဆင်ထားကာ ဆံပင်များမှာလဲ သပ်သပ်ရပ်ရပ်နှင့် လှပနေလေသည်။

“အိတုံသွားတော့မယ်၊ ဆရာ့ကိုလဲ လာနှုတ်ဆက်တာပါ၊ ဆရာ့ကျေးဇူးတွေ အိတုံအပေါ်မှာအများကြီးရှိတာကို အိတုံဘယ်တော့မှမမေ့ပါဘူးဆရာ”

အိတုံအပြောကို ဆရာသိန်းဘာမှပြန်မပြောနိုင်တော့ဘဲ ခေါင်းသာညိတ်လိုက်မိသည်။ အိတုံက တစ်ဖက်သို့လှည့်သွားပြီးနောက် ကျောင်းရှေ့လမ်းကလေးအတိုင်း တဖြည်းဖြည်းလျှောက်သွားရင်း မှုန်ဝါးကာပျောက်ကွယ်သွားတော့သည်။ ဆရာသိန်းလဲ အိတုံကိုကြည့်နေရင်း နှစ် နှစ်ဆယ်ကျော်ကြာ စာသင်ကျောင်းကလေးကိုစိတ်စွဲနေသည့် ဆရာမကလေးအကြောင်းကိုတွေးရင်း ရင်ထဲဝမ်းနည်းနေမိသည်။

“သွားတော့အိတုံရေ၊ နောက်ဘဝကျရင် ဒီလိုအဖြစ်ဆိုးမျိုးမတွေ့ပါစေနဲ့၊ ကျောင်းဆရာမကြီးဖြစ်ပြီး ကလေးတွေကို စာတွေလဲအများကြီးသင်ပေးနိုင်ပါစေ”

ဆရာသိန်းနှုတ်က ထိုသို့ပြောလိုက်သည့်အခါ အိတုံက လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ လှေကားထစ်တွင်ချထားပေးသည့် ထမင်းပုံကလေးမှာ မနက်ရောက်သည့်အတိုင်နေရာမပျက်ရှိနေသေးသည်။ ထိုနောက်ပိုင်းမှစ၍ ကျောင်းကလေးတွင် မည်သည့်ငိုယိုသံကိုမှမကြားရတော့ပေ။

ပြီးပါပြီ။
အဂ္ဂဇော်။

Zawgyi Version

စာသင္ေက်ာင္းက သရဲမ (စ-ဆံုး)
—————————————-
အခ်ိန္ကာလာအားျဖင့္ ၂၀၁၂ ခုႏွစ္ခန႔္ကျဖစ္သည္။
ဖ်ာပုံခ႐ိုင္အတြင္းရွိ ကတ္ကဘိုင္ဟု အမည္ရသည့္ ေတာ႐ြာကေလးတြင္ မူလတန္းေက်ာင္းကေလးတစ္ေက်ာင္းရွိသည္။ ဆရာ သိန္းထိုက္စိုးက ထိုေက်ာင္းကေလးတြင္ ေက်ာင္းအုပ္တာဝန္ျဖင့္ ယခုႏွစ္တြင္ ေျပာင္းေ႐ႊ႕တာဝန္ေပးခံရသည္။ မူလတန္းေက်ာင္းကေလးမို႔ တစ္ထပ္သစ္သားေက်ာင္းေဆာင္ရွည္ကေလးျဖစ္ၿပီး ေက်ာင္းဆရာမမ်ား ၆ ေယာက္ခန႔္သာရွိသည္။ ေယာက္်ားေလးဆရာလဲ သူတစ္ေယာက္တည္းျဖစ္၏။ ေက်ာင္းေလးႏွင့္မလွမ္းမကမ္းတြင္ ေက်ာင္းဆရာမ်ားေနႏိုင္ရန္အတြက္ ႐ြာမွ သစ္သားအိမ္တန္းကေလးေဆာက္လုပ္ေပးထားၿပီး ထိုအိမ္ကေလးမ်ားမွာလဲ ဆရာမမ်ားေနထိုင္လွ်က္ရွိရာ ေနရာလြတ္လဲမရွိေတာ့ေပ။

႐ြာလူႀကီးမ်ားက ေနထိုင္ရန္စီစဥ္ေပးမည္ဟုဆိုေသာ္လည္း ဆရာသိန္းက ျငင္းဆန္လိုက္ေတာ့သည္။

“ရပါတယ္ဗ်ာ၊ ကြၽန္ေတာ္ကေယာက္်ားေလးပဲ၊ ကေလးေတြျပန္သြားတဲ့အခါ ေက်ာင္းကခုံေတြကိုစီၿပီး ေက်ာင္းထဲမွာပဲ အိပ္လိုက္ပါ့မယ္”

သို႔ႏွင့္ ဆရာသိန္းအတြက္ ေနေရးထိုင္ေရးအဆင္ေျပသြားေတာ့သည္။ ေက်ာင္းဆင္းၿပီး ေက်ာင္းသားမ်ားျပန္သြားသည့္အခါ ေက်ာင္းအနီးရွိေရတြင္းတြင္ ေရမိုးခ်ိဳး အဝတ္အစားလဲၿပီး ႐ြာထိပ္သို႔ထြက္ခဲ့သည္။ ႐ြာထိပ္တြင္ရွိသည့္ ထမင္းဆိုင္တြင္ ညစာစားေသာက္လိုက္ၿပီးေနာက္ ေက်ာင္းသို႔ျပန္လာကာ လုပ္စရာရွိသည္မ်ားကိုလုပ္ၿပီးသည္ႏွင့္ စာသင္ထိုင္ခုံတန္းေတြကို ေလးငါးလုံးခန႔္ စုစည္းလိုက္ကာ ထိုအေပၚမွ သင္ျဖဴးဖ်ာတစ္ခ်ပ္ခင္းၿပီး ေခါင္းအုံးႏွင့္ ေစာင္ကိုခ်၍ ျခင္ေထာင္ေထာင္လိုက္သည့္အခါတြင္ တစ္ညတာအတြက္အိပ္ရာအသင့္ျဖစ္ေနၿပီျဖစ္သည္။ ဆရာသိန္းက ေယာက္်ားေလးျဖစ္ၿပီး ေနေရးစားေရးအတြက္လဲ သိပ္အေလးအနက္မထားေသာေၾကာင့္ ထိုကဲ့သို႔ပင္ေနထိုင္လွ်က္ အဆင္ေျပေနေတာ့သည္။ ဆရာသိန္းေနထိုင္ရင္း တစ္လခန႔္ၾကာသည့္အခါတြင္ ထူးဆန္းသည့္အျဖစ္အပ်က္မ်ားျဖစ္ပြားေတာ့သည္။

(ခ)

ထိုညလဲ ျခင္ေထာင္အတြင္းသို႔ဝင္ခဲ့ေတာ့သည္။ ညက ကိုးနာရီေက်ာ္ေနၿပီျဖစ္ရာ အိပ္စက္ရန္အတြက္ ေခါင္းခ်လိုက္သည္။ စာသင္ေက်ာင္းက ေဟာခန္းႀကီးျဖစ္ၿပီး အလယ္တြင္ ေက်ာက္သင္ပုန္းခ်ပ္မ်ားႏွင့္သာကာရံထားသည္မို႔ တစ္ဖက္မွတစ္ဖက္သို႔ လွမ္းျမင္ေနရသည္။ ဆရာသိန္းအိပ္သည့္အနားရွိ ႏွစ္ေပမီးေခ်ာင္းကေလးကိုသာဖြင့္ထားၿပီး က်န္သည့္မီးေခ်ာင္းမ်ားအားလုံးကိုေတာ့ ပိတ္ထားသည္။

“အဟင့္ . . အဟင့္”

လုံးဝအိပ္လို႔မေပ်ာ္ေသး ခပ္ေမွးေမွးရွိခ်ိန္တြင္ ငိုရႈိက္သံ သဲ့သဲ့ကိုၾကားလိုက္ရသည္။ တိုးတိုးတိတ္တိတ္ကေလး ငိုယိုေနျခင္းျဖစ္သည္။ ဆရာသိန္းလဲ ခ်က္ခ်င္းထထိုင္လိုက္ၿပီး ေနာက္ ငိုသံၾကားရာသို႔ နားစြင့္လိုက္သည္။ ငိုသံမွာ စာသင္ေက်ာင္းတစ္ဖက္စြန္းမွလာသံျဖစ္သည္။ မီးေမွာင္ခ်ထားသျဖင့္ ထိုတစ္ဖက္စြန္းကိုသဲသဲကြဲကြဲမျမင္ရေခ်၊ ဆရာသိန္းလဲ ေခါင္းအုံးနားမွ လက္ႏွိပ္ဓါတ္မီးကို ထုတ္လိုက္ကာ လွမ္းထိုးၾကည့္လိုက္ေတာ့ ဘာမွမေတြ႕ရ။ ျပန္အိပ္စက္လိုက္ေတာ့ ထိုငိုသံကိုမၾကားရေတာ့။

“အဟီး . . ဟီး”
ေနာက္တစ္ရက္အိပ္သည့္အခါ ငိုသံမွာ က်ယ္လာေတာ့သည္။ ထုံးစံအတိုင္းေက်ာင္းထဲ လွည့္ပတ္ရွာေသာ္လည္း အေကာင္အထည္မျမင္ရေပ။ ထိုညတြင္ သုံးခါေလာက္ငိုသံၾကားရၿပီး ေနာက္ေတာ့ဘာမွမၾကားရေတာ့ေပ။

ေနာက္တစ္ရက္ေက်ာင္းတက္ေတာ့ ဆရာမမ်ားကို ေမးၾကည့္မိသည္။

“ဆရာမတို႔ထဲက တစ္ေယာက္ေယာက္ ညညဆိုေက်ာင္းနားလာၿပီး ငိုၾကေသးလား”

သူေမးသည့္အေမးကိုၾကားသည့္အခါ ဆရာမမ်ားက ထူးဆန္းစြာျဖင့္ သူ႔ကိုၾကည့္ၾကသည္။

“ေပါက္ေပါက္ရွာရွာဆရာရယ္၊ ဘယ္သူကငိုမွာလဲ”

ဆရာမမ်ားထဲမွလဲ မဟုတ္ေတာ့သည္မို႔ ဆရာသိန္း ႏႈတ္ဆိတ္ေနလိုက္သည္။

ထိုညေတာ့ ငိုသံက တျဖည္းျဖည္းက်ယ္ေလာင္လာသည္။ ငိုယိုေနသည့္သူမွာ အေတာ္က်ယ္က်ယ္ငိုေနျခင္းျဖစ္သည္၊ ဆရာသိန္းလဲ လူမဟုတ္မွန္းသိလိုက္သည္။ သို႔ေသာ္ သူက ေၾကာက္တတ္သူမဟုတ္ေပ။ ေစာင္ကိုၿခဳံရင္း နားကိုပိတ္ကာ ႀကိတ္မွိတ္ၿပီး အိပ္ပစ္လိုက္ေတာ့သည္။

ငိုသံက တျဖည္းျဖည္း ညတိုင္း ပိုပိုဆိုးလာသည္။ ေနာက္ေတာ့ငိုသံက အေဝးတြင္ငိုေနရာမွ တျဖည္းျဖည္းသူ႔အနားသို႔နီးကပ္လာၿပီး ငိုေနေတာ့သည္။ ဆရာသိန္းထၾကည့္ရာတြင္လဲ မည္သူမွ်မေတြ႕ရ။ သရဲမေၾကာက္တတ္ေသာ္လည္း ငိုသံေၾကာင့္ အိပ္ေရးပ်က္သည္မို႔ လူလည္း က်န္းမာေရးထိခိုက္လာေတာ့သည္။

(ဂ)

တစ္ရက္၊ ႐ြာထဲတြင္ အလႉရွိသည္မို႔ ဆရာ၊ဆရာမမ်ားအတြက္ အလႉမွ ထမင္းဟင္းမ်ား မုန႔္မ်ားကိုလာေပးၾကသည္။ ဆရာသိန္းလဲ ညစာကို အျပင္ထြက္မစားေတာ့ဘဲ အလႉမွေပးသည့္ ထမင္းမ်ားကိုသာစားေသာက္လိုက္ေလသည္။ စားၿပီးပိုသည့္ထမင္းမ်ားႏွင့္ ဟင္းက်န္မ်ားကို ေက်ာင္းနံေဘးရွိ အမႈိက္ပုံးနားတြင္ ျဖန႔္ခ်ထားလိုက္ေတာ့သည္။ ေခြးေလေခြးလြင့္ တစ္ေကာင္ေကာင္ စားေစလို၍ျဖစ္သည္။ ထိုညက ငိုသံမၾကားရေတာ့။ တစ္လေလာက္ဆက္တိုက္ၾကားလာရသည့္ငိုသံမွာ မၾကားရေတာ့သျဖင့္ တိတ္ဆိတ္ေနသလိုခံစားရသည္။

ထိုညက အိပ္ေနရင္း သူ႔နားအနားမွာ ေခၚသံကိုၾကားလိုက္ရသည္။ ထို႔ေနာက္ မ်က္ႏွာကိုလဲ ေလေအးေအးမ်ားတိုက္ခတ္လာသည္။ ေက်ာင္းက တံခါးမ်ားပိတ္ထားသည္မို႔ ေလဝင္စရာအေၾကာင္းမရွိေပ။ နားထဲတြင္လဲ ဆရာ ဆရာႏွင့္ ေခၚသံၾကားသည့္အတြက္ မ်က္လုံးဖြင့္ကာ ကိုယ္ကိုေဘးေစာင္းၿပီး လွည့္ၾကည့္မိလိုက္သည္။

ေက်ာင္းစိမ္းဝတ္စုံ အျဖဴအစိမ္းဝတ္ထားသည့္ အမ်ိဳးသမီးတစ္ေယာက္ကိုေတြ႕ရသည္။ အသက္က ခပ္ငယ္ငယ္လူငယ္ပင္ရွိဦးမည္။ အက်ီအျဖဴမွာလဲ ႏြမ္းဖတ္ေနကာ ထဘီမွာလဲ အစိမ္းေရာင္ေတာင္ သိပ္မေပၚခ်င္ေတာ့။ ထို႔အျပင္ ထဘီအနားေတြက စုတ္ျပတ္ေနၿပီး ဖိနပ္လဲမစီးထား၊ အသားကေတာ့ ေတာ္ေတာ္ျဖဴဝင္းၿပီး မ်က္ႏွာေပါက္မွာ ကရင္ႏွင့္ဆင္တူသည္။ ဒူးေလာက္ရွည္သည့္ဆံပင္ႀကီးကို ဖားလ်ားခ်ထားၿပီး သူ႔ကိုၿပဳံးျပေနေလသည္။

“ေက်းဇူးတင္လိုက္တာဆရာရယ္၊ ကြၽန္မေလ ညတိုင္း ဗိုက္ဆာလို႔ ငိုငိုေနရတာ၊ အခုဆရာေကြၽးေတာ့မွပဲ စားရေတာ့တယ္”

“ဒါဆိုလဲ ငိုငိုမေနနဲ႔ဗ်ာ၊ အိပ္ေရးပ်က္တယ္၊ ေနာက္ရက္ေတြ က်ဳပ္ေကြၽးမယ္ ဟုတ္ၿပီလား”

ထိုအမ်ိဳးသမီးက ေခါင္းညိတ္လိုက္ၿပီးေနာက္ ေနာက္ျပန္ႀကီးလမ္းေလွ်ာက္သြားကာ အေမွာင္ထုအတြင္းသို႔ ဝင္ေရာက္ေပ်ာက္ကြယ္သြားေတာ့သည္။ ဆရာသိန္းလဲ လန႔္ႏိုးလာခဲ့သည္။ အိပ္မက္လား တကယ္လား သူလဲေဝခြဲမရေပ။ ႐ုတ္တရက္ အိပ္ရာမွထၾကည့္ၿပီး သူေခြးအတြက္ပုံခဲ့သည့္ ထမင္းက်န္ဟင္းက်န္မ်ားကို လက္ႏွိပ္ဓါတ္မီးႏွင့္ သြားထိုးၾကည့္လိုက္ရာ ထမင္းတစ္ေစ့ေတာင္မက်န္ဘဲ ေျပာင္သလင္းခါေနသည့္ ႂကြပ္ႂကြပ္အိတ္ကိုသာ ျမင္ေတြ႕ရေတာ့သည္။

ေနာက္တစ္ေန႔ ညစာကို ႐ြာထိပ္ရွိထမင္းဆိုင္တြင္သြားစားၿပီး အျပန္တြင္ ထမင္း ၂၀၀ ဖိုးဝယ္ခဲ့ၿပီး ထိုဆိုင္မွ အ႐ိုးအရင္းမ်ားႏွင့္ ဟင္းက်န္မ်ားကို ေတာင္းယူခဲ့သည္။ ဆိုင္ရွင္ေမးေသာအခါတြင္ ေက်ာင္းရွိေခြးတစ္ေကာင္အား ေကြၽးေမြးရန္ျဖစ္ေၾကာင္းေျပာျပလိုက္သည့္အခါတြင္ ဆိုင္ရွင္က ငါးေခါင္းမ်ား၊ ၾကက္႐ိုးမ်ားကိုပါ ထပ္ထည့္ေပးေတာ့သည္။ ဆရာသိန္းလဲ ထိုအထုပ္ကေလးကို ဆြဲလာခဲ့ၿပီးေနာက္ အမႈိက္ပုံးနားတြင္မထားေတာ့ဘဲ ေက်ာင္းေပၚသို႔တက္သည့္ အုတ္ခုံေလွကားထစ္ကေလး ေအာက္ဆုံးထစ္နားတြင္ ႂကြပ္ႂကြပ္အိတ္ကေလးကို ျဖန႔္ကာ ခ်ေပးထားလိုက္ေတာ့သည္။

ထိုညက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားရာ မနက္လင္းမွသာႏိုးေတာ့သည္။ လူတစ္ကိုယ္လုံးလဲ အားအင္ျပည့္ေနသည္။ ထိုကဲ့သို႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္မအိပ္ရသည္မွာ တစ္လခန႔္ပင္ၾကာခဲ့ၿပီျဖစ္သည္။

တစ္ေန႔႐ြာရွိ အဖိုးေသာင္ဟုေခၚသည့္ အဖိုးႀကီးတစ္ဦးေက်ာင္းသို႔ေရာက္လာေတာ့ ေက်ာင္းႏွင့္ပက္သက္သည့္အေၾကာင္းေတြေျပာၾကရင္း ဆရာသိန္းက စကားစလိုက္သည္။

“ဒါနဲ႔ ဒီေက်ာင္းမွာအလုပ္လုပ္ရင္း ေသခဲ့တဲ့ ဆရာမေတြဘာေတြရွိခဲ့ဖူးသလား”

အဖိုးေသာင္က ေခတၱစဥ္းစားေနေသးသည္။

“အင္းရွိခဲ့တယ္ကြဲ႕၊ ၾကာေတာ့ၾကာပါၿပီ၊ လြန္ခဲ့တဲ့ အႏွစ္ႏွစ္ဆယ္ေလာက္ကထင္တယ္၊ ေက်ာင္းဆရာမေတာ့မဟုတ္ပါဘူး၊ သူ႔နာမည္က နန႔္အိတုံလို႔ေခၚတယ္၊ ကရင္မေလးပဲ၊ ေက်ာင္းမွာဆရာလိုေတာ့ လုပ္အားေပးဆိုၿပီး စာဝင္ျပတဲ့သူေပါ့၊ တစ္ရက္ေတာ့ ဘာအစားမွားလဲမသိဘူး၊ ေက်ာင္းမွာစာသင္ေနတုန္း မူးတယ္ဆိုၿပီးေတာ့ လွဲေနရာက တစ္ကိုယ္လုံးျပာႏွမ္းလာၿပီး ပါးစပ္က အျမႇဳပ္ေတြထြက္၊ ေနာက္ေတာ့ဆုံးသြားတာပဲကြ”

“ေၾသာ္ . . ဘာျဖစ္တာတဲ့လဲ”

“အစာအဆိပ္သင့္တယ္ေျပာၾကတာပဲ”

အဖိုးေသာင္ေျပာစကားေၾကာင့္ ဆရာသိန္းလဲ စိတ္ထဲစိတ္မေကာင္းျဖစ္သြားသည္။ သူျမင္ခဲ့ရသည့္ဆရာမေလးကိုလဲ သနားမိသြားေတာ့သည္။

(ဃ)

လစာထုတ္သည့္အခါတြင္ေတာ့ ဆရာသိန္းက ဖ်ာပုံၿမိဳ႕သို႔တက္ရေတာ့သည္။ တစ္ေက်ာင္းလုံးရွိ ဆရာမမ်ားအတြက္ လစာထုတ္ၿပီး ျပန္ေပးရျခင္းလဲျဖစ္သည္။ ထိုေန႔က လစာထုတ္ရက္ျဖစ္သျဖင့္ ေန႔လည္ကတည္းက ဖ်ာပုံၿမိဳ႕သို႔ တက္ခဲ့သည္။ မိုးအလြန္ခ်ဳပ္မွျပန္ေရာက္သည္ျဖစ္ရာ ဆရာသိန္းလဲ ပင္ပန္းသျဖင့္ အိပ္စက္လိုက္ေတာ့သည္။

ပက္လက္အိပ္ေနရင္း ေလေအးမ်ားတိုက္ခတ္လာေတာ့သည္။ မ်က္စိဖြင့္ၾကည့္လိုက္ရာ သူေထာင္ထားသည့္ ျခင္ေထာင္ႀကီးမွာ အလံႀကီးတစ္ခုသဖြယ္လြင့္ေနၿပီး ေက်ာင္းမ်က္ႏွာၾကက္တြင္ ပ်ံဝဲေနေလသည္။ ထိုစဥ္ သူၿခဳံထားသည့္ေစာင္ကို လူတစ္ေယာက္က ေျခရင္းကေန ဆြဲၿပီးလႊင့္ပစ္လိုက္ေတာ့သည္။ ဆရာသိန္းလဲ ေျခရင္းကို ၾကည့္လိုက္မိသည္။

“ေအာင္မယ္ေလးဗ်”

သရဲမေၾကာက္တတ္သည့္ ဆရာသိန္းပင္ လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္သြားသည္။ သူ႔ေျခရင္းတြင္ အမ်ိဳးသမီးတစ္ဦးမတ္တပ္ရပ္ေနၿပီး ထိုအမ်ိဳးသမီး၏ ဆံပင္ေတြက ေလထဲတြင္ဝဲပ်ံေနၾကသည္။ မ်က္လုံးႀကီးႏွစ္လုံးကလဲ အေရာင္ေတြလက္ေနၿပီး ပါးစပ္ၿပဲႀကီးက နား႐ြက္နားအထိရွိကာ ပါးစပ္ထဲမွ ျဖဴေဖြးေနေသာ အစြယ္ေတြကိုလည္း ျမင္ေတြ႕လိုက္ရသည္။

“နင္ငါ့ကိုဘာလို႔မေကြၽးတာလဲ”

“မ . . မလုပ္ပါနဲ႔”

ဆရာသိန္းကေျပာလိုက္ေသာ္လည္း သူ႔ေျခေထာက္ကို လက္ႀကီးတစ္ဖက္ျဖင့္ လာဆြဲသည္။ လက္ႀကီးမွာ အေမႊးၾကမ္းႀကီးမ်ားႏွင့္ျဖစ္ၿပီး ေျပာင္ေခ်ာ္ေခ်ာ္ႀကီးျဖစ္ေနေလသည္။ အလြန္ေအးစက္သည့္အထိအေတြ႕လဲရွိသည္။ ထို႔ေနာက္ ဆရာသိန္းေျခေထာက္ကိုဆြဲၿပီး ခုံေပၚမွဆြဲခ်လိုက္ေတာ့သည္။ ဆရာသိန္းလဲ ဘယ္လိုျဖစ္သည္မသိ၊ တစ္ကိုယ္လုံး လႈပ္ရွားမရဘဲ လက္ေတြေျခေထာက္ေတြက အေၾကာကပ္သလိုျဖစ္ေနကာ သရဲမႀကီးဆြဲသည့္ေနာက္သို႔ မ႐ုန္းကန္ႏိုင္ဘဲ တ႐ြတ္တိုက္ပါလာေတာ့သည္။

သရဲမႀကီးက သူ႔ကိုဆြဲရင္း ေက်ာင္းတံခါးမႀကီးဆီသို႔ လွမ္းသြားေတာ့သည္။ ထိုအခါ အေပၚခ်က္၊ ေအာက္ခ်က္ ခ်ထားေသာ တံခါးမႀကီးမွာ ဝုန္းခနဲ ပြင့္သြားၿပီးေနာက္ သရဲမႀကီးက ေလွကားထိပ္မွေန၍ ဆရာသိန္းကိုဆြဲကာ ပစ္ခ်လိုက္သျဖင့္ ဆရာသိန္းလဲ ေလွကားေပၚမွ ဒလိမ့္ေခါက္ေကြး ျပဳတ္က်သြားေလသည္။

“အား. . . ကြၽတ္ . . . ကြၽတ္”

ေလွကားေအာက္ေရာက္သည့္အခါမွသာ သူ႔လက္ေျခေတြ ျပန္လႈပ္ရွား၍ရေတာ့သည္။ ေလွကားမွာ သုံးထစ္ခန႔္သာရွိသျဖင့္ သိပ္ေတာ့ျပင္းျပင္းထန္ထန္ ဒဏ္ရာမရခဲ့။ လူးလဲထၿပီး ေက်ာင္းေပၚျပန္တက္ကာ ေက်ာင္းအတြင္းဝင္ၿပီး တိုင္ကပ္နာရီကိုလွမ္းၾကည့္လိုက္ေတာ့ ညသန္းေခါင္ ၁၂ နာရီထိုးၿပီျဖစ္သည္။

ဆရာသိန္းအလြန္ထိတ္လန႔္သြားသည္။ သူ႔ဘဝတြင္ သရဲတေစၦမ်ားကို ယုံလဲမယုံ၊ ေၾကာက္လဲ မေၾကာက္တတ္ခဲ့ေသာ္လည္း အခုလို နဖူးေတြ႕ ဒူးေတြ႕ ေတြ႕ႀကဳံရေတာ့ လူ႔သဘာဝအတိုင္း ေၾကာက္စိတ္ေတြပိုလာေတာ့သည္။ အိပ္ရာကို ျပန္ျပင္လိုက္ၿပီးေနာက္ ျခင္ေထာင္ျပန္ခ်ကာ အိပ္စက္လိုက္ေတာ့သည္။

ေနာက္တစ္ေန႔ေက်ာင္းတက္ေတာ့ နဖူးကေရာင္ေနၿပီး ညိဳမည္းစြဲေနသည္။ လက္ဖ်ံလဲ အေၾကာကပ္ေနကာ ေျမႇာက္လို႔ခ်လို႔သိပ္မေကာင္းေပ။ ေက်ာင္းမတက္ခင္ ဆရာမမ်ားက သူ႔အလုပ္စားပြဲတြင္ ဝိုင္းလာၾကေတာ့သည္။

“ဆရာ ညကဘာျဖစ္ေသးလဲ”

“ဘာ . . ဘာမွမျဖစ္ပါဘူး”

“ေအာင္မယ္ေလး၊ ကြၽန္မတို႔ဝန္ထမ္းအိမ္ရာမွာေတာ့ေလ တဟီးဟီးနဲ႔ ငိုသံႀကီးၾကားရတာ တစ္ညလုံးပဲ၊ လိုက္ပတ္ရွာေတာ့လဲမေတြ႕၊ ဒါနဲ႔ ဘုရားစာေတြ႐ြတ္ေတာ့မွ ငိုသံမၾကားရေတာ့ဘဲ ဝန္ထမ္းအိမ္ရာကို လွည့္ပတ္ေလွ်ာက္ေနတဲ့ ေျခသံေတြ တစ္ညလုံးလိုလိုၾကားရတယ္၊ ကြၽန္မတို႔ျဖင့္ တစ္ညလုံးအိပ္လို႔ေတာင္မရပါဘူးရွင္”

ဆရာမေတြအားလုံးလဲ အိပ္ေရးပ်က္ေနပုံရသည္။ အားလုံးလဲ ထိတ္လန႔္ေနၾကသည္။ ဆရာသိန္းက ဆရာမေတြေၾကာက္မည္စိုးသျဖင့္ သူႀကဳံေတြ႕ခဲ့ရတာေတြ မေျပာေတာ့ဘဲ ၿမိဳသိပ္ထားလိုက္သည္။

“ဘာမွမပူပါနဲ႔ဆရာမတို႔၊ ဒီညေတာ့ ေရာက္လာမွာမဟုတ္ေတာ့ပါဘူး၊ ဘုရားတရားလဲ မ်ားမ်ားလုပ္ၾကေပါ့ဗ်ာ”

ဆရာသိန္းက မည္သူလုပ္ေနသည္ဆိုတာကို သိလိုက္ၿပီမို႔ ေဒါပြသြားေတာ့သည္။ ညေနေရာက္ေတာ့ ထမင္း ၅၀၀ ဖိုးဝယ္ကာ အမဲသားေၾကာ္ ႏွစ္တုံးလဲ ဝယ္ခဲ့ၿပီး ေက်ာင္းေလွကားေအာက္ထစ္ကေလးတြင္ ခ်ထားလိုက္ေလသည္။ ထို႔ေနာက္ ေက်ာင္းေပၚသို႔တက္ခဲ့သည္။ ခဏၾကာေတာ့ ေက်ာင္းေလွကားအနီးမွ ႂကြပ္ႂကြပ္အိတ္သံၾကားသျဖင့္ ဓါတ္မီးကိုဆြဲကာ ထိုေနရာသို႔ထြက္လာခဲ့ေတာ့သည္။ ေလွကားေအာက္ဆုံးထစ္တြင္ ေလးဖက္ကုန္းေနသည့္ အမ်ိဳးသမီးတစ္ေယာက္ကို ျမင္ေတြ႕လိုက္ရသျဖင့္ ဓါတ္မီးျဖင့္ထိုးလိုက္သည္။

ဓါတ္မီးေရာင္ေအာက္တြင္ ျမင္ေနရသည့္သူမွာ သူ႔ထံထမင္းေတာင္းစားေနက် အမ်ိဳးသမီးျဖစ္မွန္းသိလိုက္သည္။ ဆံပင္ဖားလ်ားခ်ထားၿပီး ကုန္းကုန္းႀကီးျဖစ္ေနကာ သူခ်ထားသည့္ ထမင္းထုတ္အား ပါးစပ္ျဖင့္ ေခြးတစ္ေကာင္လိုဟပ္ၿပီး စားေသာက္ေနေလသည္။ ဆရာသိန္းဓါတ္မီးႏွင့္ထိုးလိုက္သျဖင့္ ေခါင္းေမာ့ၾကည့္လိုက္ရာ သူ႔ပါးစပ္ၿပဲၿပဲႀကီးတြင္ ထမင္းေစ့မ်ားကပ္ေနသည္ကိုၾကည့္ရင္း ဆရာသိန္းတစ္ေယာက္ လန႔္သြားမိသည္။

“ဒီမွာ၊ ငါအလုပ္မအားလို႔မေန႔က မေကြၽးျဖစ္တာ၊ အခုအမဲသားနဲ႔ေကြၽးတာ ေက်နပ္ေတာ့ေနာ္၊ ေနာက္ၿပီးဆရာမေတြကိုလဲ သြားမေျခာက္နဲ႔၊ သူတို႔နဲ႔ ဘာမွမဆိုင္ဘူး၊ ေနာက္ဆိုလစာထုတ္ရက္ဆိုရင္ ငါမင္းကို ေကြၽးႏိုင္မွာမဟုတ္ဘူး၊ အဲဒီတစ္ရက္ေတာ့ သည္းခံေပါ့ ဟုတ္ၿပီလား”

ဆရာသိန္းေျပာလိုက္သည့္အခါ ထိုအမ်ိဳးသမီးက ေခါင္းညိတ္လိုက္ၿပီးေနာက္ ေလးဖက္ေထာက္လ်က္ ေျခကားယား လက္ကားယားျဖင့္ ေက်ာင္းေဘးရွိ ခ်ဳံပုတ္အတြင္းသို႔ ဝင္ေရာက္ကာ ေပ်ာက္ကြယ္သြားေတာ့သည္။ သူခ်ထားေပးသည့္ ႂကြပ္ႂကြပ္အိတ္မွာလဲ ေျပာင္တလင္းခါေနၿပီျဖစ္သည္။

(င)

သီတင္းကြၽတ္လျဖစ္သည္။
ဆရာသိန္းက ထုံးစံအတိုင္း လခထုတ္ရန္ ဖ်ာပုံတက္ရမည္ျဖစ္သည္။ ဖ်ာပုံတက္ရင္း လမ္းတြင္ က်ဳံကဒြန္း႐ြာကို ျဖတ္သန္းသြားရမည္။ က်ဳံကဒြန္း႐ြာတြင္ ဘႀကီးေတာ္သူေနထိုင္သည္။ ဘႀကီးကလဲ သူ႔အေပၚေကာင္းသည္။ သူလိုတာရွိပါက ဘႀကီးအားေျပာလိုက္လွ်င္ ဆိုင္ကယ္ႏွင့္ လာလာပို႔ေပးေနၾကျဖစ္သည္။ ယခုေတာ့ သီတင္းကြၽတ္မို႔ ဘႀကီးကိုလဲ ကန္ေတာ့ခ်င္သည္။ ႐ြာမွမထြက္လာခင္ ႐ြာထဲက ထြက္သည့္လက္ေဆာင္မ်ာ၊ ငွက္ေပ်ာခိုင္တစ္ခိုင္ကိုလဲ သယ္ေဆာင္ၿပီး က်ဳံကဒြန္း႐ြာသို႔ဝင္ခဲ့သည္။

ဘႀကီးကို ကန္ေတာ့ၿပီး ထိုညေတာ့ ထိုအိမ္တြင္ပင္ အိပ္စက္မည္ျဖစ္ၿပီး ေနာက္တစ္ေန႔မနက္တြင္ လစာထုတ္ကာ ႐ြာသို႔တန္းျပန္မည္ဟု ဆုံးျဖတ္ထားသည္။ ဘႀကီး၏မိသားစုမ်ားကလဲ သူ႔ကိုခ်စ္ခင္သည္။ ဘႀကီးတို႔အိမ္တြင္ ညစာစားၿပီးစကားလက္ဆုံက်ေနေတာ့သည္။ က်ဳံကဒြန္း႐ြာက ကားလမ္းမနံေဘး ႐ြာႀကီးျဖစ္သျဖင့္ ဆိုင္ကေလးမ်ားအေတာ္စုံသည္။ ည၈နာရီေက်ာ္ေတာ့ တဝမ္းကြဲ ညီငယ္ျဖစ္သူက လက္ဖက္ရည္ဆိုင္ထိုင္ရန္အေဖာ္ေခၚသျဖင့္ လိုက္ပါခဲ့ေတာ့သည္။ လက္ဖက္ရည္ဆိုင္ႏွင့္ သိပ္မေဝးသည္မို႔ လမ္းေလွ်ာက္သြားၾကမည္ျဖစ္သည္။

“ေအာင္မယ္ေလးဗ်”

ၿခံတံခါးမွအထြက္ ညီငယ္က လန႔္ၿပီးေအာ္သံၾကားသျဖင့္ ဆရာသိန္းလဲ လွည့္ၾကည့္မိသည္။ ဘာမွမေတြ႕ရ။

“ဘာျဖစ္တာတုန္းကြ၊ အလန႔္တၾကားနဲ႔”

“ၿခံကထြက္ေတာ့ ကြၽန္ေတာ္တို႔အေနာက္မွာ မိန္းကေလးတစ္ေယာက္ပုံစံ ျမင္လိုက္ရလို႔ဗ်၊ ေသခ်ာၾကည့္ေတာ့လဲ မရွိေတာ့ဘူး”

“မင္းစိတ္စြဲေနတာျဖစ္မွာပါကြာ”

ဆရာသိန္းက ဘာမွမျဖစ္သလိုပုံစံေျပာလိုက္ၿပီး ဆက္ေလွ်ာက္လာခဲ့လိုက္သည္။ ထိုအခ်ိန္တြင္ သူ႔ပုခုံးအား အေနာက္မွ လက္ႏွင့္လွမ္းပုတ္သလိုခံစားလိုက္ရသည္။ မသိမသာကေလးလွည့္ၾကည့္ရာ မည္သူမွမေတြ႕။ အထိအေတြ႕ကေတာ့ လက္ႏွင့္ပုတ္သည္မွာ ႀကိမ္းေသသည္။ ညီငယ္ေၾကာက္မည္စိုး၍ ဆရာသိန္းက ဘာမွမျဖစ္သည့္ပုံစံမ်ိဳး ေနလိုက္သည္။ စိတ္ထဲတြင္လဲ ေတြးေနမိသည္။

“ေက်ာင္းကသရဲမ်ားျဖစ္ေနမလား၊ မျဖစ္ႏိုင္ပါဘူးေလ၊ ဒီေလာက္အေဝးႀကီးကို သူကေက်ာင္းမွာက်န္ေနခဲ့တာပဲ၊ ငါစိတ္ထင္လို႔ျဖစ္မွာပါ”

ဆရာသိန္းက ထိုသို႔ေျဖေတြးရင္း လက္ဖက္ရည္ဆိုင္သို႔ ဆက္ေလွ်ာက္လာၾကေတာ့သည္။ လက္ဖက္ရည္ဆိုင္ကျပန္လာၿပီးေတာ့ အိပ္ရန္ျပင္ၾကသည္။ ဘႀကီးအိမ္က ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ျဖစ္ၿပီး အေပၚထပ္ရွိ ဝရန္တာအနီးတြင္ ေလကတျဖဴးျဖဴးတိုက္ၿပီး ေအးျမေနသျဖင့္ ဆရာသိန္းက ထိုေနရာတြင္ျခင္ေထာင္ ေထာင္လိုက္ၿပီး အိပ္လိုက္ေတာ့သည္။ က်န္သည့္လူမ်ားကေတာ့ အိပ္ခန္းမ်ားထဲတြင္ အသီးသီးအိပ္စက္ေနၾကေလသည္။

သန္းေခါင္ယံအခ်ိန္။
“အူ . .ဝူ . .ဝူး . .ဝူး”

႐ြာလယ္လမ္းမတြင္ ေခြးမ်ားက အသံရွည္ရွည္ဆြဲကာ အူေနၾကေတာ့သည္။ ဆရာသိန္းက အိပ္ရာေျပာင္းသျဖင့္ သိပ္အိပ္မေပ်ာ္ေသးေပ။ ထိုစဥ္ သူ႔နားထဲတြင္ ေခၚသံၾကားလိုက္သည္။

“ဆရာ . . ဆရာ”

ဝရန္တာအျပင္မွေခၚေနျခင္းျဖစ္သျဖင့္ လွည့္ၾကည့္မိလိုက္သည္။ ဝရန္တာလက္ရမ္းကို တြယ္ဖက္ကာ တက္ေနသည့္ ေက်ာင္းက သရဲမကို ေတြ႕လိုက္ရေတာ့ ဆရာသိန္းအံ့ၾသသြားသည္။

“ဟင္ . . မင္း၊ မင္း ဘာလာလုပ္တာလဲ”

“ဆရာ၊ ဗိုက္ဆာတယ္၊ ထမင္းေကြၽးပါ”

“မင္း၊ မင္း ငါ့ေနာက္လိုက္လာတာလား”

“ဟုတ္တယ္ဆရာ၊ ေက်ာင္းမွာက်န္ေနခဲ့ရင္ ဘာမွမစားရမွာစိုးလို႔ ဆရာ့ေနာက္လိုက္လာခဲ့တာ၊ အရမ္းဆာေနၿပီ၊ ထမင္းေကြၽးပါဆရာ”

“ဘယ္လိုေကြၽးရမလဲကြ၊ မိုးကလဲ ခ်ဳပ္ေနၿပီ၊ ေနာက္ၿပီး ဒါသူမ်ားအိမ္ႀကီးေလ”

“ေကြၽးမွာလားမေကြၽးဘူးလား”

သရဲမအသံက ခပ္အုပ္အုပ္မဟုတ္ေတာ့ဘဲ အသံနက္ႀကီးအျဖစ္ေျပာင္းလဲသြားသည္။ ခ်က္ခ်င္းပင္ သူေထာင္ထားသည့္ ျခင္ေထာင္ႀကီးမွာ ႀကိဳးျပတ္က်သြားၿပီးေနာက္ သရဲမက သူ႔အားခုန္အုပ္လိုက္ေလသည္။ သူလဲ လႈပ္ရွား၍မရေတာ့။ သရဲမက သူ႔ရင္ဘတ္ေပၚတက္ထိုင္ၿပီးေနာက္ သူ႔လည္ပင္းကို လက္ႏွင့္ညႇစ္ေနေတာ့သည္။

“အု . . အု . . ဝူး . . ဝူး၊ ဒုန္း . . ဒုန္း”

ဝရန္တာမွ မပီမသေအာ္ဟစ္သံမ်ားႏွင့္ ေျခေဆာင့္သံမ်ားကိုၾကားရသည့္အတြက္ အိမ္ရွိလူမ်ားက ေျပးလာၾကသည္။ သူ႔ကိုဝိုင္းဆြဲေတာ့မွ သူလဲ လႈပ္ရွားလို႔ရသြားေတာ့သည္။ တစ္ကိုယ္လုံးေခြၽးေတြျပန္ေနၿပီး လည္ပင္းကလဲ အညႇစ္ခံထားရသျဖင့္ အသက္ရႈၾကပ္ေနကာ အသက္ကိုမနည္း လုရႈေနရသည္။ ဘႀကီးျဖစ္သူက ဗဟုသုတစုံသူျဖစ္သျဖင့္ ခ်က္ခ်င္းသိလိုက္ၿပီး ဆရာသိန္းအား ပရိတ္ေရမ်ားတိုက္ၿပီး ပရိတ္ေရျဖင့္လဲ တစ္ကိုယ္လုံးကို ပက္ျဖန္းေပးလိုက္ေတာ့သည္။

(စ)

“ငါ့တူ မင္းဘာျဖစ္လာတာလဲ၊ ငါ့ကို အကုန္ေျပာျပစမ္းကြာ”

ဒီေတာ့မွ ဆရာသိန္းက သူျဖစ္ပ်က္ခဲ့သည့္အရာအားလုံးကို ျပန္ေျပာျပလိုက္ေတာ့သည္။ ဘႀကီးျဖစ္သူက ေခါင္းတညိတ္ညိတ္ႏွင့္ နားေထာင္ေနသည္။

“မင္းက မလုပ္သင့္တာလုပ္ခဲ့တာ၊ မင္းလုပ္တာက အမွတ္တမဲ့ သရဲေမြးလိုက္တာနဲ႔တူတူပဲ၊ အခုမင္းအစာမေကြၽးေတာ့ မင္းေနာက္ကိုလိုက္ၿပီး ျပႆနာရွာေနၿပီမဟုတ္လား”

“ဒါ . . ဒါဆိုကြၽန္ေတာ္ဘာလုပ္ရမလဲ”

“ငါ့အထင္ေတာ့ ဒီဆရာမေလးက ေက်ာင္းမွာစြဲေနတာျဖစ္မယ္၊ သူေသေတာ့ ရက္လည္ဆြမ္းသြပ္ကို သူ႔အိမ္မွာလုပ္ၿပီး ေက်ာင္းမွာမလုပ္လိုက္တာေနမယ္ကြ၊ ဒီေတာ့ ငါ့တူဘာမွမပူနဲ႔၊ မနက္ျဖန္လစာထုတ္ၿပီး ႐ြာေရာက္ရင္ ေက်ာင္းမွာ ဘုန္းႀကီးေတြပင့္ၿပီး အလႉတစ္ခုလုပ္လိုက္ပါ၊ ၿပီးရင္ေတာ့ သူ႔နာမည္နဲ႔ အမွ်အတန္းေပးေဝခိုင္းလိုက္”

ေနာက္တစ္ေန႔လစာထုတ္ၿပီးေသာအခါ ႐ြာသို႔ျပန္လာျဖစ္သည္။ လစာထုတ္ရင္းၿမိဳ႕ေပၚကေန ႏွစ္ထပ္သကၤန္းတစ္စုံကိုလဲ ဝယ္ယူလာခဲ့ေတာ့သည္။ ႐ြာထိပ္တြင္ ထုံးစံအတိုင္း ထမင္းဝယ္ၿပီး ထိုညေတာ့ ေက်ာင္းေအာက္တြင္ထမင္းေကြၽးျဖစ္သည္။ ေလွကားရင္းတြင္ ကုန္းကုန္းကြကြျဖင့္လာေရာက္စားေသာက္ေသာ သရဲမကိုၾကည့္ရင္း ဆရာသိန္း သနားမိေနသည္။

“မပူပါနဲ႔ အိတုံေရ၊ ေနာက္ရက္ဆို မင္းအတြက္ငါအလႉအတန္းလုပ္ေပးမွာပါ”

တနဂၤေႏြတစ္ရက္တြင္ ဆရာသိန္းႏွင့္ ေက်ာင္းရွိဆရာမမ်ားေပါင္းစပ္ၿပီး ေက်ာင္းတြင္ပင္ ဘုန္းႀကီးဆြမ္းကပ္ၾကသည္။ ဆရာသိန္းက သူဝယ္လာသည့္ သကၤန္းကိုလဲ ဆရာေတာ္အားဆက္ကပ္လိုက္ၿပီးေနာက္ ဆရာေတာ္က အမွ်အတန္းေပးေဝေတာ့သည္။

“အိတုံေရ ငါတို႔လုပ္ကုသိုလ္ေကာင္းမႈေတြကို နင့္ကိုအမွ်ေပးေဝမယ္၊ နင္လဲ သာဓုေခၚပါေနာ္”

“အမွ်၊ အမွ်၊ ယူေတာ္မူၾကပါကုန္ေသာ္ သာဓု၊ သာဓု၊ သာဓု”

သာဓုေခၚသံႏွင့္အတူ အလႉေလးတစ္ခုၿပီးစီးသြားေတာ့သည္။

ထိုည။
ဆရာသိန္းက စိတ္ထဲတစ္မ်ိဳးျဖစ္ေနသည္။ အိတုံအမွ်ရပါ့မလား၊ ကြၽတ္လြတ္သြားပါ့မလားဟု ေတြးေနမိသည္။ ေန႔လည္အလႉမွက်န္ေသာ ၾကက္သားဟင္း အ႐ိုးအရင္းမ်ားႏွင့္ ထမင္းမ်ားကိုေရာနယ္ၿပီးေနာက္ ထုံးစံအတိုင္းေလွကားထစ္တြင္ ခ်ေပးထားမိသည္။ ခ်ေပးၿပီး ျပန္တက္လာစဥ္ အေနာက္မွ သူ႔ကိုေခၚသံၾကားလိုက္ေတာ့သည္။

“ဆရာ . . ဆရာ”

အိတုံအသံျဖစ္ေနသျဖင့္ ဆရာသိန္းလဲလွည့္ၾကည့္လိုက္သည္။ ထိုအခါ အိတုံမွာ အျဖဴေရာင္သစ္လြင္ေနသည့္ အက်ီကေလးႏွင့္ ဖက္ဖူးေရာင္စိမ္းစိုေနေသာ အစိမ္းေရာင္ထဘီကေလးကို ဝတ္ဆင္ထားကာ ဆံပင္မ်ားမွာလဲ သပ္သပ္ရပ္ရပ္ႏွင့္ လွပေနေလသည္။

“အိတုံသြားေတာ့မယ္၊ ဆရာ့ကိုလဲ လာႏႈတ္ဆက္တာပါ၊ ဆရာ့ေက်းဇူးေတြ အိတုံအေပၚမွာအမ်ားႀကီးရွိတာကို အိတုံဘယ္ေတာ့မွမေမ့ပါဘူးဆရာ”

အိတုံအေျပာကို ဆရာသိန္းဘာမွျပန္မေျပာႏိုင္ေတာ့ဘဲ ေခါင္းသာညိတ္လိုက္မိသည္။ အိတုံက တစ္ဖက္သို႔လွည့္သြားၿပီးေနာက္ ေက်ာင္းေရွ႕လမ္းကေလးအတိုင္း တျဖည္းျဖည္းေလွ်ာက္သြားရင္း မႈန္ဝါးကာေပ်ာက္ကြယ္သြားေတာ့သည္။ ဆရာသိန္းလဲ အိတုံကိုၾကည့္ေနရင္း ႏွစ္ ႏွစ္ဆယ္ေက်ာ္ၾကာ စာသင္ေက်ာင္းကေလးကိုစိတ္စြဲေနသည့္ ဆရာမကေလးအေၾကာင္းကိုေတြးရင္း ရင္ထဲဝမ္းနည္းေနမိသည္။

“သြားေတာ့အိတုံေရ၊ ေနာက္ဘဝက်ရင္ ဒီလိုအျဖစ္ဆိုးမ်ိဳးမေတြ႕ပါေစနဲ႔၊ ေက်ာင္းဆရာမႀကီးျဖစ္ၿပီး ကေလးေတြကို စာေတြလဲအမ်ားႀကီးသင္ေပးႏိုင္ပါေစ”

ဆရာသိန္းႏႈတ္က ထိုသို႔ေျပာလိုက္သည့္အခါ အိတုံက လုံးဝေပ်ာက္ကြယ္သြားၿပီျဖစ္သည္။ ေလွကားထစ္တြင္ခ်ထားေပးသည့္ ထမင္းပုံကေလးမွာ မနက္ေရာက္သည့္အတိုင္ေနရာမပ်က္ရွိေနေသးသည္။ ထိုေနာက္ပိုင္းမွစ၍ ေက်ာင္းကေလးတြင္ မည္သည့္ငိုယိုသံကိုမွမၾကားရေတာ့ေပ။

ၿပီးပါၿပီ။
အဂၢေဇာ္။