ကျွန်တော်နှင့်အလောင်းရှာပုံတော် (စ-ဆုံး)

Unicode Version

ကျွန်တော်နှင့်အလောင်းရှာပုံတော် (စ-ဆုံး)
—————————————————
“…မောင်စောဟိန်းရေ..”
ခြံရှေ့မှ ခေါ်သံကြောင့် ကျွန်တော် နွားစာစဥ်းနေရင်း ထွက်ကြည့်လိုက်တဲ့အခါ ဦးသက္ကတစ်ယောက် ဆေးလွယ်အိတ်တစ်လုံးနှင့် ရောက်နေခြင်းပင်ဖြစ်၏။
“…ဦးလေး…လာလေးဗျာခြံထဲကို…အကြမ်းရေသောက်ပါဦး…”
ကျွန်တော် ခေါ်ပေမဲ့ ဦးသက္က ပတ်ဝန်းကျင်အား အကဲခတ်လိုက်ပြီးနောက်။
“….မလာတော့ပါဘူး…လူလေးရာ..အချိန်သိပ်မရှိတော့ဘူးကွ…လာ…လာ..ငါနဲ့..ရွာနောက်ဘက်ကို…လိုက်ခဲ့ပေတော့..”
မနေ့က ဦးသက္ကပြောသော ရွာနောက်ဘက်မှာ စုန်းတိုက်ခံရ၍ ဆုံးသွားသော အရီးလေး “ဒေါ်နှင်းလှ”တို့အိမ်ကို သွားရန် လာခေါ်ခြင်းကို ကျွန်တော် သဘောပေါက်လိုက်ပါသည်။
“…ခဏစောင့်ဦးလေး…ကျွန်တော်…ယူစရာရှိတာလေး…ယူလိုက်ဦးမယ်…”
“…အေး…မြန်မြန်တော့လုပ်…လူလေးရေ…ဒီနေ့နဲ့ဆို…သုံးးရက်မြောက်ပြီကွ….အချိန်သိပ်မရတော့ဘူး…”
“…ဟုတ်ကဲ့ပါ…ဦးလေး…”
ကျွန်တော် လိုအပ်သည့်အရာများ ယူဆောင်ပြီးနောက် ဦးသက္ကနှင့်အတူ ရွာနောက်ပိုင်းကို ခပ်သုတ်သုတ် လျှောက်ခဲ့ကြပါတော့သည်။
အလောင်းမရှိသော နာရေးမှာ တိတ်ဆိတ်လျှက် ရွာသားများ ကြောက်လန့်နေကြ၍ သိပ်မလာရဲခြင်းပင် ဖြစ်ပေလိမ့်မည်။
“…ဟာ…ဆရာကြီးတို့ပါလား…အိမ်ပေါ်ကို…ကြွပါရှင်…အကြမ်းရည်နဲ့…လက်ဖက်လေး..သုံးဆောင်ပါဦး….”
နာရေးအိမ်၌ အရီးလေး ဒေါ်နှင်းလှ၏ အစ်မဖြစ်သူ ညောင်ကုန်းရွာမှ “ဒေါ် ခင်မြ”က လှိုက်လှဲစွာ ကြိုဆိုပါသည်။ သေဆုံးသူ အရီးလေး ဒေါ်နှင်းလှမှာ အပျိုကြီးဖြစ်ပြီး ဒေါ်ခင်မြကတော့ ညောင်ကုန်းရွာမှာ အိမ်ထောင်ကြပြီး သားသမီးတွေတောင် ယာထဲဆင်းနေကြပါပြီ။ မွေးခြင်း သုံးသောက်ရှိပြီး အကိုအကြီးဆုံးဖြစ်သူမှာ ဘုန်းကြီးရာသက်ပန်ဝတ်ပြီး ပျောက်ခြင်းမလှ ပျောက်သွားတာ နှစ်တွေကြာခဲ့ပေါ့။
“…ဦးလေး…ဘာဖြစ်တာလဲ…တတ်လေ…”
ခြေတံရှည်အိမ်ကြီးပေါ်သို့ ဦးသက္က တတ်ခါနီးမှ အရီးလေးရဲ့ အခေါင်းကို ကျွန်တော်နဲ့အတူ သွားကြည့်လိုက်သည်။
“…ဟင်…ဦးလေး…အလောင်းက…ပုံစံမပျက်…ရှိနေပါလားဗျ…”
ဦးသက္ကလဲ တိုးတိုးပြောရန် ကျွန်တော်အား အရိပ်အကဲ ပြလိုက်သည်မို့ ကျွန်တော်လဲ အံ့သြခြင်း များစွာဖြင့် ဦးသက္က အနောက်မှ ကပ်လိုက်ခဲ့ပါသည်။
“…ထိုင်ကြပါရှင်…ဆရာကြီးတို့အတွက်…လက်ဖက်လေး…ယူခဲ့ပါဦး…”
ကျွန်တော်နှင့်ဦးသက္က လက်ဖက်စားရင်း အကြမ်းရေသောက်ခါ ဒေါ်ခင်မြနှင့် စကားစမြည် ပြောကြပါသည်။
“…ဟဲ့…မခင်မြ…အလောင်းက….ဘယ်လိုပျောက်သွားတာတုန်း…ငါ့ကို…ပြောပြပါဦး..”
ဦးသက္က ထိုသို့ပြောသောအခါ အပြုံးဖြင့် ကြိုနေသော ဒေါခင်မြ၏ မျက်နှာမှာ မျက်ရည်များ စီးကြလာလျှက်။
“….အဟင့်…ဟင့်…ဆရာကြီးရယ်…အလောင်းမရှိတဲ့…ညီမလေးရဲ့နာရေး…ဖြစ်ပုံကတော့…ဒီလိုပါရှင်…”
ထိုနေ့ညနေက မနှင်းလှတစ်ယောက် အိမ်ထဲမှာ ဆန်ပြာနေတုန်း ရုတ်တရက် ဆန်ကောအား ပစ်ချလိုက်ပြီး မတ်တပ် ထရပ်ခါ။
“…ငါလာပြီဟေ့…”
ဟု အော်ဟစ်ရင်း အိမ်ကြီး၏ လှေကားပေါ်မှ ကျွမ်းပစ်ချလိုက်ပါတော့သည်။ ခါတိုင်းက ဒီလိုပုံစံမျိုး မကြာခဏ ဖြစ်ပေမဲ့ ယခုကတော့ အတော်ပဲ အကြနာသည်ဟု ပြောရပေမည်။ မခင်လှ တစ်ယောက် ပြန်ထမလာတော့ပါ အတူနေသော တူမဖြစ်သူ မခင်မြ၏ သမီးအကြီး မသီတာက လိုက်ဆွဲပေမဲ့ မရလိုက်ပါ အဒေါ်ဖြစ်သူကို ပွေ့ဖက်ရင်း ပတ်ဝန်းကျင်ကို အကူအညီတောင်းတော့မှ ရွာသားများ ရောက်လာခဲ့ပေမဲ့ မခင်လှတစ်ယောက် သွေးအိုင်ထဲ ဇာတ်ကျိုး၍ မရှူ့မလှ သေပွဲဝင်သွားခဲ့လေပြီ။
~~~~~~~
မနှင်းလှ၏ သတင်းကိုကြားတော့ ရွာသားများနဲ့ အစ်မဖြစ်သူ မခင်မြလဲ ရောက်လာကြပြီး ယူကြုံးမရ ဖြစ်ကြရလေသည်။ ထိုနောက် မနှင်းလှအား အခေါင်းထဲသို့ထည့်ကာ အိမ်ရှေ့ ၌ ထုတ်ထားလိုက်ကြတော့သည်။
“…ဟေ့ကောင်တွေ…အရမ်းမူးအောင်… မသောက်ကြနဲ့နော်…မင်းတို့ဒီည…အလောင်းစောင့်ရမှာ…”
ရွာထဲမှ ကာလသားခေါင်း “ကိုမြင့်အေး”က အရက်သောက်နေကြသော ကာလသားများကို ပြောလိုက်ခြင်းပင် ဖြစ်၏။
“…ဟုတ်ကဲ့ပါ…ကိုကြီးမြင်အေးရယ်…ကျုပ်တို့ …စောင့်နေကြပါဗျ…စိတ်ချသာထားခဲ့…”
ကိုမြင့်အေး အခေါင်းအား မရဲတရဲဖြင့် ကြည့်လိုက်ပြီးနောက်။
“..အေး…ဒါဆိုရင်လဲ…ငါပြန်တော့မယ်…စိတ်ချမယ်နော်…”
“စိတ်သာချ..စိတ်သာချဗျို့…အေ့..”
ကိုမြင့်အေး နာရေးအိမ်အား ကျောခိုင်းကာ ပြန်ခဲ့ပါတော့သည်။
ညသည် လဆုတ်ရက်ဖြစ်သည်မို့ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကြီးစိုးလျှက် နာရေးအိမ်မှာတော့ အောက်လင်းမီး​အိမ်ကြောင့် အလင်းရောင် ကောင်းကောင်း ရနေပါသည်။တစ်ဖြေးဖြေး ညဥ့်နက်လာသည်နှင့် ကာလသားများလဲ တောအရက်တန်ခိုးဖြင့် အပြိုပြိုအလဲလဲ ဖြစ်နေကြပြီဖြစ်၏။
“…ဝူး…..ဝူး…..ဝုတ်…ဝုတ်…ဝူး…..”
ရွာထဲမှခွေးများ ထိုးဟောင်ကာ အူနေကြပြီး တစ်ဖြေးဖြေးနှင့် ခွေးအူသံများသည် တစ်ရွာလုံးရှိ ခွေးများပါ ကူးစက်ကာ ဆူညံပွတ်လောရိုတ်နေ၏ ခွေးအူသံများ နာရေးအိမ်နှင့် တစ်ဖြေးဖြေး နီးလာပြီး သိပ်မကြာခင်မှာပဲ ခွေးအူသံများ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။ အရက်များ စိတ်ကြိုက်သောက်ထားကြသည့် ကာလသားများထဲမှာ “တင်ဆန်း”တစ်ယောက် အရက်တန်ခိုးဖြင့် အပေါ့သွားချင်လာ၍ လန့်နိုးလာ၏။
“…ဟင်…ဘာ…ဘာတွေဖြစ်ကုန်တာလဲ….”
တင်ဆန်း အပေါ့သွားဖို့ ထလိုက်စဥ် သူတို့နဲ့ မလှမ်းမကမ်းရှိ အရီးလေး “ဒေါ်နှင်းလှ”၏ အခေါင်းအံဖုံးမှာ ပွင့်နေတာကို မြင်လိုက်ရခြင်းပင်ဖြစ်သည်။ တင်ဆန်းသည် ကြောက်တတ်သူ မဟုတ်၍ အနာသို့ကပ်ခါ အခေါင်းထဲသို့ ကြည့်လိုက်သောအခါ။
“…အောင်မလေးဗျာ…လုပ်…လုပ်ကြပါဦး…”
တင်ဆန်းတစ်ယောက် ထိုသို့ အော်ဟစ်ခါအနောက်သို့ ဖင်ထိုင်လျှက် လဲကြသွားပါတော့သည်။ အတူအိပ်နေသော ကာလသားများလဲ လန့်နိုးလာကြပြီး တင်ဆန်းအား ဆွဲထူကာ။
“…ဟေ့ကောင်တင်ဆန်း…ဘာဖြစ်တာတုန်းဟ..”
တင်ဆန်း စကားမပြောနိုင်ပါပဲ အခေါင်းဆီသို့သာ လက်ညှိုးထိုးပြနေသောကြောင့် ကာလသားများလဲ ကြည့်လိုက်ကြသောအခါ”
“…ဟာ…”
“…ဟင်….”
“…ဟိတ်ကောင်တွေ….အလောင်းမရှိတော့ဘူးကွ…လုပ်….လုပ်ကြပါဦးဟ….”
ကာလသားများ ခြေဦးတည့်ရာသို့ အလျှိုလျှို ပြေးကြပါတော့သည်။ နာရေးအိမ်သို့ ပတ်ဝန်းကျင်ရှိ လူကြီးတစ်ချို့ ရောက်လာကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပါတော့သည်။
“..အဖြစ်အပျက်ကတော့…အဲ့ဒါပါပဲ..ဆရာကြီးရယ်…”
မခင်မြ ပြန်ပြောပြသည့် အကြောင်းအရာများကို ခေါင်းတဆတ်ဆတ်ဖြင့် နားထောင်နေသည့် ဦးသက္က တစ်စုံတစ်ခုကို စဥ်းစားနေဟန်ဖြင့် သို့သော် ဟန်မပျက် အကြမ်းရည်သောက်ခါ။
“…စိတ်မပူပါနဲ့…ငါတို့…မနှင်းလှရဲ့အလောင်းကို…ရအောင်ရှာပေးပါ့မယ်…ဒါနဲ့…အလောင်းကို…တစ်ချက်သွားကြည့်ကြပါဦး….”
ဦးသက္က ပြန်ခါနီး ဒေါနှင်းလှ၏ အလောငါးအား သွားကြည့်စေ၍ ဒေါ်ခင်မြလဲ မျက်ရည်များကြားမှပင် သူ၏ တူမောင်ဖြစ်သူ သာစိန် ကို သွားကြည့်ခိုင်းပါသည်။
“…အရီးလေး…ဘာမှမရှိပါဘူးဗျ…”
အခေါင်းအနားမှ သာစိန်လှမ်းအော်တဲ့အခါ ကျွန်တော် အံသြထိတ်လန့်သွားမိပါသည်။
“..ဟဲဲ့…သာစိန်…သေချာလဲကြည့်နော်…”
“သေချာပါတယ်..အရီးလေးရယ်…ကျုပ်မျက်လုံးက…အကောင်းကြီးပါဗျ…”
သူတို့တူဝရီးနှစ်ယောက် အပြန်အလှန်ပြောနေသည်ကို ဦးသက္က ကြားကပဲ လက်ကာပြလိုက်ပြီး။
“…ကဲ…ထားလိုက်တော့….ငါတို့ဒီကိစ္စကို…အမြန်ဆုံးအဆင်ပြေအောင်…လုပ်ပေးမယ်…စိတ်ချနေပါ….။
“..အားကိုးပါတယ် ..ဆရာကြီးရယ်…ကူညီပေးပါဦး….အခုဆိုရင်…ရွာထဲကလူတွေကလဲ…ဒီကိုမလာရဲကြတော့ဘူး…အီး…ဟီး….ဟီး….”
ပြောလဲပြော ငိုလဲငိုဖြစ်နေသောကြောင့် ဒေါ်ခင်မြအား မနည်းနှစ်သိမ့်ကာ ကျွန်တော်တို့ ပြန်လာခဲ့ကြပါတော့သည်။
~~~~~~~~
“…ကဲ….ဦးလေးရေ…အလောင်းက….ရှိနေပါလျှက်နဲ့ ကျွန်တော်တို့ပဲ…မြင်နေရတာ…ဘယ်လိုလုပ်ကြမလဲ…”
ဦးသက္က အကြမ်းရေတစ်ခွက်ငှဲ့ကာ မှုတ်သောက်လိုက်ပြီးနောက်။
“…ဒီကိစ္စကို..ဘယ်သူ့ဆီ…မေးရမယ်ဆိုတာ…ငါသိပါတယ်ကွာ… ညနေ…နွားရိုင်းသွင်းချိန်ကြ…မင်းငါ့ဆီကို…တစ်ခေါက်လာခဲ့…လူလေး…”
“…ဟုတ်…ဟုတ်ကဲ့ပါ..ဦးလေး..”
ဦးသက္ကအားနှုတ်ဆက်ခါ ကျွန်တော် အိမ်သို့ပြန်လာခဲ့ပြီး ထင်းခွဲ၊ရေခပ်ဖြင့် ညနေစောင်းသွားခဲ့၏။ဦးသက္ကမှာသည့်အတိုင်း ရေချိုး အဝတ်အစားလဲကာ နွားရိုင်းသွင်းချိန် ရောက်တာနဲ့ ခပ်သွတ်သွတ် လျှောက်သွားခဲ့ပါတော့သည်။
“…အေး..လူလေး…မင်းကိုငါစောင့်နေတာကွ… လာ…သွားကြရအောင်..”
ဦးသက္ကခေါ်ရာသို့ ကျွန်တော် လိုက်ပါလာခဲ့ပြီး ရွာထိပ်မှ ညောင်လမ်းပင်ကြီးအောက် ရောက်သည်နှင့် ဦးသက္က ပါလာသော လက်ဖက်ကွမ်းယာ အမွေးနံ့သာများ ဆီမီးများ ထွန်းညှိပူဇော်လိုက်ပြီး ကျွန်တော်အား အနောက်သို့ ဆုတ်နေရန် လက်ဟန်ပြလိုက်တဲ့အခါ ကျွန်တော်လဲ အနောက်ဘက်သို့ အသာကပ်နေလိုက်ပါသည်။ အချိန်သည်ကား နေဝင်နေပြီမို့ လူလုံးမကွဲတော့ပေ။
“..ဤရွာကို…အပိုင်စားတဲ့..ရွာတော်ရှင်ကြီး.. ခင်မျာ…သိလိုသည်များ…ရှိပါသဖြင့်…ကြွရောက်ပေးပါရန်…မေတ္တာရပ်ခံပါတယ်…ခင်မျာ”
ဦးသက္က စကားဆုံးသည်နှင့် ညောင်လမ်းပင်မှ ညောင်မုတ်ဆိတ်များ လှုပ်ခါရမ်းလာပြီး ညောင်လမ်းပင်ကြီးမှာလဲ သစ်ရွက်စိမ်းများ ကြွေကြသည်အထိ လှုပ်ခါသွားပါတော့သည်။
“…ဘယ်အရေးရှိလို့…ရောက်လာတာပါလဲ.. ဆရာကြီး…”
ဦးသက္ကအရှေ့မှာ ကိုယ်ရောင်ဝါဝင်းလျှက် အသံနှင့်အတူ ရုတ်တရက်ပေါ်လာသည့် ရွာတော်ရှင်အား ကျွန်တော်ကြည့်လိုက်တဲ့အခါ အတော်ပင် ကျက်သရေရှိပြီး အေးမြတည်ငြိမ် သော အမူအယာရှိ၏။ ကျွန်တော်သည်လဲ ရွာတော်ရှင်ဆိုတာကို ကြားသာကြားခဲ့ရဖူးပြီး တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသောကြောင့် ဖြစ်နေသည်လားတော့ မသိပေ။
“….အကြောင်းကတော့…ဒီလိုပါ..ရွာတော်ရှင်ခင်မျာ… ရွာနောက်ပိုင်းက.. မနှင်းလှဟာ… စုန်းတိုက်ခံရတယ်ဆိုပြီး…လှေကားပေါ်က..ကျွမ်းပစ်ချတာ.. ဇာတ်ကျိုးသေသွားခဲ့ပါတယ်… ဒါပေမဲ့..မနှင်းလှရဲ့… အလောင်းကောင်ဟာလဲ…ကျုပ်တို့နှစ်ဦးသာ…တွေ့မြင်နေရပြီး…ကျန်လူများကြည့်ပါက…ထူးဆန်းစွာနဲ့…ပျောက်ဆုံးနေလို့ပါ..”
ရွာတော်ရှင်ဆိုသူသည် လက်သီးကိုဆုပ်လျှက် သူ၏ နဖူးအား ထိလိုက်ပြီးနောက် မျက်လွှာချရင်း ခေတ္တမျှ ကြာသောအခါ မျက်လုံးပြန်ဖွင့်လာခဲ့ပြီး ပြုံးလျှက်ဖြင့်။
“…အလောင်းက..အခေါင်းထဲမှာပဲ…ရှိပါတယ်… ဆရာကြီး…”
“မြတ်စွာဘုရား”
ဦးသက္ကနှင့်ကျွန်တော် အံသြသွားခဲ့ရသည်။
“မနှင်းလှက..သူ့အိမ်ရှေ့…ခြံစည်းရိုးအနားမှာ.. နှစ်ပေါင်းမနည်း..တည်ရှိနေတဲ့… တမာပင်ကြီးကို… ခုတ်ပစ်ခဲ့တာကိုးဗျ… အဲ့ဒီတမာပင်မှာ… ဝေမာနိက အနွယ်ဝင် ပြိတ္တာမိသားစု…နေထိုင်ကြပါတယ်… ကျွန်ုပ်ကိုယ်တိုင်…နေရာပေးထားခဲ့တာ…ကြာပါပြီ… သစ်ပင်ကြီးကို… မခုတ်ဖို့… သူတို့တွေ.. အိမ်မက်ပေးပြီး…တောင်းပန်ကြပါသေးတယ်… လက်မခံပဲ… ခုတ်ခဲ့တဲ့အတွက်… အငြိုးထားခဲ့ကြတာပေါ့လေ…”
ဦးသက္ကနှင့်ကျွန်တော် ဒီတော့မှ အနည်းငယ် နားလည်လာခဲ့သည်။ တစ်ဆက်တည်းမှာပဲ ရွာတော်ရှင်က စကားဆက်၏။
“…အလောင်းက… အခေါင်းထဲမှာပဲ….ရှိပါတယ်..သူတို့တွေ…. မကျေနပ်လို့…မမြင်အောင်. ဝှက်ထားကြလို့…ဘယ်သူကြည့်ကြည့်…မမြင်ရတာပါ…ဆရာကြီးရဲ့…သီလသမာဓိကြောင့်သာ..ဒီအလောင်းကို…ဆရာကြီးတို့တွေ…မြင်နေရတာပါပဲ”
“….သြော်….ဒါကြောင့်ကိုး…”
“မပြီးသေးဘူး….ဆရာကြီး…မနှင်းလှကို…သေဆုံးသွားတဲ့အထိ…သူတို့မလုပ်ခဲ့ကြဘူး…သူတို့က…အလောင်းပဲ…ဖျောက်ခဲ့ကြတာ…မနှင်းလှကိုသတ်တာ…အောက်လမ်းဆရာတစ်ယောက်ပဲ…ဆင်သေရွာနောက်ဘက်က…ကွင်းပြင်မှာနေတယ်….”
ဦးသက္ကနှင့်ကျွန်တော် အံ့သြခြင်းများစွာဖြင့်။ ဆင်သေရွာ ဆိုသည်မှာ ကျွန်တော်တို့နေတဲ့ရွာနဲ့ အတော်တော့ လှမ်းလှသည် ကြားထဲမှာ သုံ့ပန်လှရွာနဲ့ ကျီးတောရွာ ခြားပြီးမှ ရောက်ပေလိမ့်မည်။
“..ကဲ…အလောင်းပျောက်တဲ့….ကိစ္စကတော့…ဖြောက်ထားတဲ့သူတွေကို..ကျွန်ုပ်ခေါ်ယူဆုံးမလိုက်ပါ့မယ်..ကျန်တာကတော့…ဆရာကြီးတို့ပဲ…ဆက်လုပ်လိုက်ကြပါ…ဆရာကြီးရဲ့..သီလ၊သမာဓိကို ယုံကြည်တဲ့အတွက် အကူအညီလိုရင် ကျွန်ုပ်ဆီလာခဲ့ပါ…”
“…ကောင်းပါပြီဗျာ…”
အားလုံးကိစ္စပြီးသည်နှင့် ကျွန်တော်တို့ အိမ်ပြန်လာခဲ့ကြသည်။အိမ်ရောက်တဲ့အခါ ကျွန်တော် လွယ်အိတ်လေးကို ပစ်ချလိုက်ရင်း။
“ကဲ…ဦးလေးရေ…အမှု့ကတော့…ပိုပြီးနက်နဲလာပြီဗျ…ဘယ်လိုဆက်လုပ်ကြမလဲ…”
ဦးသက္က သူ၏လွယ်အိတ်အား တိုင်မှာချိတ်ကာ လွယ်အိတ်ထဲမှ ကွမ်းရွက်များထုတ်ကာ ကွမ်းအစ်ထဲထည့်သို့ လိုက်ပြီးနောက်။
“..မပူပါနဲ့ကွာ…ဘယ်သူက..ဘယ်လောက်ပဲစွမ်းစွမ်း…သူတို့ကို..နိုင်တဲ့သူဆိုတာ..ရှိစမြဲပါ…မင်းအိမ်ကိုပြန်..မနက်ဖြန်ကြရင်…ကြက်သား ၅၀လောက်ဝယ်ထားပြီး…နူးနေအောင်ပြုတ်…တောအရက်တစ်ပုလင်းလဲပါမယ်…ည၁၀နာရီလောက်ကြရင်…ငှက်​ပျောဖက်နဲ့ထုတ်ပြီး…ယူလာခဲ့​ချေ…ကျန်တာ…ငါဆက်လုပ်မယ်…”
“…ဟုတ်ကဲ့….ဦးလေး…”
ဦးသက္က ခိုင်းသည်ကို စိတ်ထဲမှာမှတ်လျှက် အိမ်သို့ပြန်ခဲ့ပါတော့သည်။
“ဟဲ့…လှတင်ရေ…အရီးနှင်းလှအလောင်း…ပြန်တွေ့ပြီတဲ့…”
ကျွန်တော် ခြံစည်းရိုးအနားက ကွပ်ပစ်အပေါ် နှီးထိုင်ထိုးနေတုန်း ရွာတောင်ပိုင်းမှ မတင်လှနှင့် မစိန်ချစ်တို့ နှစ်ယောက်သား စကားပြောသွားကြတာကို နားစွင့်မိနေခြင်းပင် ဖြစ်သည်။
“ဟုတ်လို့လား…စိန်ချစ်ရယ်..”
“သြော်…ဟုတ်တာပေါ့…ကျုပ်အကို..ကိုကြီးမြအေး..မနက်က..နာရေးအိမ်ကပြန်လာတာ… အလောင်းကို…အခေါင်းထဲမှာပဲ…ပြန်တွေ့တာတဲ့…ဒီနေ့ပဲ..မြေမြုပ်သင်္ဂြိုလ်မှာလေ”
ကျွန်တော် သူတို့အပြန်အလှန်ပြောနေခြင်းကို ကြားရတော့ ဦးသက္ကအား သတိရလျှက် ဒီညတော့ ဘာတွေ ဆက်ဖြစ်ဦးမည် မသိပေ။
~~~~~~~~~~~
ညသည် အလွန်ပင်တိတ်ဆိတ်လျှက် လဆုတ်ရက်မို့ လရောင်က သိပ်မရတော့ပေ ကျွန်တော်နှင့် ဦးသက္က သုံ့ပန်လှရွာနဲ့ ကျီးတောရွာအား ဖြတ်ခဲ့ကြပြီး ဆင်သေရွာနောက်ဘက်သို့ ချဥ်းကပ်ခဲ့ကြပါတော့သည်။
“..လူလေး…မြန်မြန်ကွ…ရှေ့နားမှာ…ငါတို့အစီအစဥ်စမယ်…”
ဦးသက္ကပြောသည့် ရှေ့နားကို ကြည့်လိုက်တော့ အမှောင်အရိပ်ကြောင့် သဲသဲကွဲကွဲမမြင်ရပေ။ ကျွန်တော် ခေတ္တမျှ လျှောက်လာခဲ့ပြီးနောက် ကွင်းပြင်တစ်ခုကို ရောက်တဲ့အခါ။ဦးသက္က ပါလာသော ပုဆိုးကြမ်းလေးအား မြေပေါ်ချခင်းလိုက်ပြီး ကျွန်တော်ပါလာသော ကြက်နဲ့အရက်ကို ငှက်ပျောဖက်ပေါ်တင်ကာ ကျွန်တော်အား အနောက်သို့ဆုတ်စေရင်း ကန်သင်းများဘက်သို့ မျက်နှာမူလိုက်ပြီးနောက်။
“…ကွင်းပိုင်နဲ့…နယ်ပိုင်ခင်မျာ…စားသောက်ဖွယ်ရာများ…ပြင်ဆင်ပေးထားပါတယ်…. ပျော်ပျော်ပါးပါးသုံးဆောင်ရင်း….သိလိုသည်များ…မေးပါရပါစေခင်မျာ…။
ဦးသက္က တစ်ကြိမ်ပြောပေမဲ့ ပေါ်မလာသေး ဒုတိယအကြိမ် ထပ်ပြောမှသာ သန်မာထွားကြိုင်းသော လူကြီးနှစ်ယောက် ရုတ်တရက် ပေါ်လာပြီး ခင်းထားသော ပုဆိုးကြမ်းပေါ်သို့ မျက်နှာခြင်းဆိုင် ထိုင်လိုက်ကြ၏။
“…ဆရာကြီး…ဘာများသိလိုပါသလဲ…မေးပါ…”
ထိုလူကြီးနှစ်ယောက် သောက်စားနေကြရင်းက ဦးသက္ကအား မေးလာသည့်အတွက် ဦးသက္ကလဲ ကွင်းပြင်သို့ တစ်ချက်ကြည့်ကာ။
“….ဒီလိုပါ…ကွင်းပိုင်နဲ့နယ်ပိုင်ကြီးတို့..ခင်မျာ”
ဟု အစချီကာ ဒေါ်နှင်းလှ၏ အဖြစ်အပျက်အစုံနဲ့ ရွာတော်ရှင်ပြောကြားသည်များကို ပြန်လည်ပြောပြလိုက်တဲ့အခါ။
“…ခွပ်…”
ချထားသောပုလင်းအား မြေပေါ်သို့ ဒေါသတကြီးနဲ့ ဆောင့်ချလိုက်ပြီး ပေါင်မှာ ထိုးကွင်းများနဲ့ လူကြီးက။
“..ရာရာစစ…ငါ့နယ်ထဲမှာ…ဒါမျိုးလုပ်ဝံ့သလား…ဒီကောင်ကို…ငါကြည့်မရတာကြာပြီ…တွေ့ကြသေးတာပေါ့ကွာ..”
ထိုသို့ပြောကာ ဘေးနားရှိ ကောက်ရိုးပြတ်များကို ဆွဲယူကာ တစ်ခုခုကို ရွတ်ဆိုလိုက်ပြီးနောက်။
“…ဟဲ့…ငါ၏တပည့်သားများ…ဒီကောက်ရိုးတွေက…မြွေအဖြစ်နဲ့…အဲ့ဒီကောင်ကို…သွားကိုက်ကြစမ်းဟဲ့…”
လက်ထဲမှ ကောက်ရိုးပြတ်များကို မြေပေါ်သို့ပစ်ချလိုက်သည်နှင့် ကြောက်စရာကောင်းသည့် အဆိပ်ပြင်း မြွေဟောက်ကြီးများ ဖြစ်သွားလျှက် ကွင်းပြင်များရှိဘက်သို့ အလျှိုလျှိုဖြင့် ထွက်သွားကြပါတော့သည်။ဦးသက္ကလဲ ထိုမြင်ကွင်းကို ကြည့်ကာ။
“သူ့အသက်ကိုတော့…သေအောင်မလုပ်ပါနဲ့…မှတ်လောက်အောင်…ဆုံးမပေးရင်ပဲ…ရပါပြီ..”
“ကောင်းပါပြီ…ဆရာကြီး…ဆရာကြီးရဲ့မျက်နှာကို…ထောက်ထားပြီးတော့…ကျုပ်အသက်ချမ်းသာပေးလိုက်ပါ့မယ်….။
ထိုညက စားသောက်ဖွယ်များ ကျွေးမွေးကာ ကျွန်တော်နှင့် ဦးသက္က ပြန်လာခဲ့ကြသည်။
~~~~~~~~~~~
“….ဗျို့…ဆရာကြီးရှိလားဗျ…”
ကျွန်တော်နှင့် ဦးသက္က သူတို့အိမ်လေးမှာ ရေနွေးသောက်ရင်း စကားပြောနေတုန်း အသက်၄၀ဝန်းကျင်ခန့် လူတစ်ယောက် ခြံအ​ရှေ့မှ ခေါ်သံကြောင့် ဦးသက္က ခေါင်းထောင်ကြည့်လိုက်ပြီး။
“…အေး..ရှိတယ်ကွ…အထဲဝင်ခဲ့လေ….”
ကျွန်တော်တို့ ထိုင်နေတဲ့ အိမ်ရှေ့ကွပ်ပစ်ပေါ်သို့ ထိုလူဝင်လာပြီး ရိုသေစွာ လက်အုပ်ချီကာဖြင့်။
“….ဆရာကြီး…ကျွန်တော်နာမည်က..”ဘသိုက်” လို့….ခေါ်ပါတယ်…ဆင်သေရွာမှာ..နေပါတယ်…”
ဦးသက္က ဘာမှမပြောသေးပဲ ပြုံးလျှက်ဖြင့် အကြမ်းရေလေး မှုတ်​သောက်ကာ နားထောင်နေသည်။
“…ကျွန်တော်…အောက်လမ်းပညာနဲ့…ဒေါ်နှင်းမြကို…အသက်သေတဲ့အထိ…ဒုက္ခပေးခဲ့မိပါတယ်..ဆရာကြီး…”
ကျွန်တော်လဲ ဒီတော့မှာ ထိုလူဟာ ရွာတော်ရှင်ပြောသော ဆင်သေရွာမှ အောက်လမ်းဆရာဆိုတာ သိလိုက်ရ၏။ ထိုနောက် ဦးသက္က ကွမ်းအစ်ထဲမှာ ကွမ်းသီးများကို ထုတ်ကာ ကွမ်းညှပ်ဖြင့် တတောက်တောက် ညှပ်ရင်းနဲ့ ထိုလူအား မေးပါတော့သည်။
“…ကောင်းပါပြီ…ကိုယ့်အပြစ်ကို..ဝန်ခံတာဟာ…ကောင်းတဲ့အရာပါပဲ…ဒီလိုယုတ်ကန်းတဲ့..ပညာတွေနဲ့…အသက်မွေးဝမ်းကြောင်း…မပြုပါနဲ့..”
“…ဟုတ်…ဟုတ်ကဲ့ပါ…ဆရာကြီး…ကျွန်တော်လဲ….မလုပ်ရဲတော့ပါဘူး…ညဘက်တွေဆို…မြွေဟောက်ကြီးတွေ…ကျွန်တော်အိမ်ထဲထိ…ရောက်လာပြီး…မြွေတွန်သံတွေလဲ…တစ်ခြံလုံးဆူညံနေလို့…ကျွန်တော်မအိပ်ရတာ..သုံးရက်ရှိပါပြီဆရာကြီး…ကျွန်တော်ကို…ညသန်းခေါင်အချိန်မှာ…ပေါင်မှာထိုးကွင်းတွေနဲ့လူကြီးက…လက်ပံကုန်းရွာမှာနေတဲ့…ဆရာကြီးကို…တောင်းပန်ဖို့လာပြောလို့…ကျွန်တော်လာခဲ့ရတာပါ…ဆရာကြီး…”
ဦးသက္က သက်ပြင်းတစ်ချက်ချကာ။
“…ဒါနဲ့…မင်းကိုဘယ်သူက…မနှင်းလှကို…လုပ်ကြံခိုင်းတာလဲ…အမှန်တိုင်းပြောပါ..”
ဘသိုက်ဆိုသူသည် ဘေးပတ်ဝန်းကျင်ကို သေခြာလိုက်ကြည့်ပြီးနောက်။
“…ကျွန်တော်ကို…ဒီလိုလုပ်ဖို့အတွက်…မနှင်းလှရဲ့အစ်မ…ဒေါ်ခင်မြခိုင်းတာပါ…”
“….မြတ်စွာဘုရား…”
ကျွန်တော်နှုတ်မှ အာမေဋိတ်သံ ထွက်သွားပြီး ရင်ဘက်ဖိကာ လူတွေရဲ့လောဘအား အတော်ပင် ကြောက်ရွံမိပါတော့သည်။ထိုနောက် ဦးသက္ကက။
“…ကဲ….ကောင်းပါပြီ….မင်းလဲပြန်တော့…လောဘကြီးတဲ့…မခင်မြကတော့…တူသောအကျိုး…ပေးပါလိမ့်မယ်ကိုယ်လုပ်ခဲ့တဲ့…အကုသိုလ်အပြစ်ကတော့…ကိုယ်နဲ့သာဆိုင်တာမို့…ခံလိုက်ဦးပေါ့..ဒါပေမဲ့…မင်းမှာရှိတဲ့…မကောင်းတဲ့ပညာတွေအကုန်လုံး…ငါ့ကိုလှူခဲ့ပါ…အလှူခံပါတယ်…”
“…ဟုတ်ကဲ့ပါ…ဆရာကြီး…ကျွန်တော်လှူပါ့မယ်..”
ဦးသက္က ကွမ်းတစ်ရွက်ကို လက်ဖြင့်အုပ်မန်းပြီး အောက်လမ်းဆရာ ကိုဘသိုက်အား စားစေလျှက် ပြီးတဲ့အခါမှာတော့”
“ကဲ…သွားပေဦးတော့…မောင်ဘသိုက်ရေ…ဒီကနေ့ကစ…မကောင်းတာမှန်သမျှ..မင်းဘာလုပ်လုပ်..မစွမ်းတော့ပါဘူး…ရှေ့ဆက်ပြီး…ခုနှစ်ရက်သားသမီးတွေကို…ကယ်တင်နိုင်ပါစေကွာ…”
ကိုဘသိုက် ဦးသက္ကအားကန်တော့ပြီးနောက် ပြန်ထွက်သွားပါတော့သည်။
“ကဲ…လူလေးရေ…ငါတို့ဒီရက်ထဲ…ခရီးထွက်ကြရအောင်…ပြင်ဆင်ထားဦး…”
ဦးသက္က၏ ရုတ်တရက် ပြောလာသော စကား​ကြောင့် ကျွန်တော် ကြောင်ကြည့်ကာ။
“ဘယ်အရေးရှိလို့တုန်း…ဦးလေးရဲ့…”
ဦးသက္က ဘုရားကျောင်းဆောင်ပေါ်မှ အနီးရောင်ပိတ်စဖြင့် ပတ်ထားသော အရာကိုယူကာ ဖွင့်လိုက်တဲ့အခါ ရွှေရောင် ပေစာရွက်လေးတစ်ရွက် ထွက်လာ၏။
“အဲ့ဒါဘာလဲ…ဦးလေး….”
ဦးသက္ကပြုံးလျှက်။
“…ဒါဘုရားပြိုသိုက်က…အကူအညီတောင်းလာတဲ့ပေစာပဲ…လူလေး….”
ကျွန်တော်သေခြာကြည့်ပြီး။
“ဘုရားပြိုသိုက်…ဟုတ်လားဦးလေး…”
“အေး…ဟုတ်တယ်ကွ…ထိန်ပင်ရွာရဲ့…တောင်ဘက်မှာ…ဘုရားပြိုသိုက်ဆိုတာရှိတယ်…အခုရွာတွေက…အဲ့ဒီဘက်အထိချဲ့လာတဲ့အခါ…သူတို့လဲ…မနေနိုင်တော့တာနဲ့….သိုက်ပြောင်းဖို့…လုပ်နေကြတယ်…ငါတို့က…သူတို့လိုရာအထိရောက်အောင်…ကူညီပေးဖို့ပါပဲ…”
အလောင်းပျောက် ရှာပုံတော်ပြီးတဲ့အခါ ကျွန်တော်နဲ့ဘုရားပြိုသိုက် ဘယ်လိုလာဦးမလဲဆိုတာကတော့ စောင့်မျှော်ဖတ်ရှူ့ပေးပါဦးခင်မျာ။🙏
ပြီးပါပြီ။
ဆက်လက်ကြိုးစားပါဦးမည်။
ကျွန်တော်ရဲ့နောက်ထွက်မည့် စာမူလေးက
“ကျွန်တော်နှင့်​ဘုရားပြိုသိုက်”ပဲ ဖြစ်ပါတယ် စောင့်မျှော် အားပေးကြပါဦးဗျ။
#လေလွင့်လူ(တွံတေး)8.11.2023

Zawgyi Version

ကြၽန္ေတာ္ႏွင့္အေလာင္းရွာပုံေတာ္ (စ-ဆုံး)
—————————————————
“…ေမာင္ေစာဟိန္းေရ..”
ၿခံေရွ႕မွ ေခၚသံေၾကာင့္ ကြၽန္ေတာ္ ႏြားစာစဥ္းေနရင္း ထြက္ၾကည့္လိုက္တဲ့အခါ ဦးသကၠတစ္ေယာက္ ေဆးလြယ္အိတ္တစ္လုံးႏွင့္ ေရာက္ေနျခင္းပင္ျဖစ္၏။
“…ဦးေလး…လာေလးဗ်ာၿခံထဲကို…အၾကမ္းေရေသာက္ပါဦး…”
ကြၽန္ေတာ္ ေခၚေပမဲ့ ဦးသကၠ ပတ္ဝန္းက်င္အား အကဲခတ္လိုက္ၿပီးေနာက္။
“….မလာေတာ့ပါဘူး…လူေလးရာ..အခ်ိန္သိပ္မရွိေတာ့ဘူးကြ…လာ…လာ..ငါနဲ႔..႐ြာေနာက္ဘက္ကို…လိုက္ခဲ့ေပေတာ့..”
မေန႔က ဦးသကၠေျပာေသာ ႐ြာေနာက္ဘက္မွာ စုန္းတိုက္ခံရ၍ ဆုံးသြားေသာ အရီးေလး “ေဒၚႏွင္းလွ”တို႔အိမ္ကို သြားရန္ လာေခၚျခင္းကို ကြၽန္ေတာ္ သေဘာေပါက္လိုက္ပါသည္။
“…ခဏေစာင့္ဦးေလး…ကြၽန္ေတာ္…ယူစရာရွိတာေလး…ယူလိုက္ဦးမယ္…”
“…ေအး…ျမန္ျမန္ေတာ့လုပ္…လူေလးေရ…ဒီေန႔နဲ႔ဆို…သုံးးရက္ေျမာက္ၿပီကြ….အခ်ိန္သိပ္မရေတာ့ဘူး…”
“…ဟုတ္ကဲ့ပါ…ဦးေလး…”
ကြၽန္ေတာ္ လိုအပ္သည့္အရာမ်ား ယူေဆာင္ၿပီးေနာက္ ဦးသကၠႏွင့္အတူ ႐ြာေနာက္ပိုင္းကို ခပ္သုတ္သုတ္ ေလွ်ာက္ခဲ့ၾကပါေတာ့သည္။
အေလာင္းမရွိေသာ နာေရးမွာ တိတ္ဆိတ္လွ်က္ ႐ြာသားမ်ား ေၾကာက္လန္႔ေနၾက၍ သိပ္မလာရဲျခင္းပင္ ျဖစ္ေပလိမ့္မည္။
“…ဟာ…ဆရာႀကီးတို႔ပါလား…အိမ္ေပၚကို…ႂကြပါရွင္…အၾကမ္းရည္နဲ႔…လက္ဖက္ေလး..သုံးေဆာင္ပါဦး….”
နာေရးအိမ္၌ အရီးေလး ေဒၚႏွင္းလွ၏ အစ္မျဖစ္သူ ေညာင္ကုန္း႐ြာမွ “ေဒၚ ခင္ျမ”က လႈိက္လွဲစြာ ႀကိဳဆိုပါသည္။ ေသဆုံးသူ အရီးေလး ေဒၚႏွင္းလွမွာ အပ်ိဳႀကီးျဖစ္ၿပီး ေဒၚခင္ျမကေတာ့ ေညာင္ကုန္း႐ြာမွာ အိမ္ေထာင္ၾကၿပီး သားသမီးေတြေတာင္ ယာထဲဆင္းေနၾကပါၿပီ။ ေမြးျခင္း သုံးေသာက္ရွိၿပီး အကိုအႀကီးဆုံးျဖစ္သူမွာ ဘုန္းႀကီးရာသက္ပန္ဝတ္ၿပီး ေပ်ာက္ျခင္းမလွ ေပ်ာက္သြားတာ ႏွစ္ေတြၾကာခဲ့ေပါ့။
“…ဦးေလး…ဘာျဖစ္တာလဲ…တတ္ေလ…”
ေျခတံရွည္အိမ္ႀကီးေပၚသို႔ ဦးသကၠ တတ္ခါနီးမွ အရီးေလးရဲ႕ အေခါင္းကို ကြၽန္ေတာ္နဲ႔အတူ သြားၾကည့္လိုက္သည္။
“…ဟင္…ဦးေလး…အေလာင္းက…ပုံစံမပ်က္…ရွိေနပါလားဗ်…”
ဦးသကၠလဲ တိုးတိုးေျပာရန္ ကြၽန္ေတာ္အား အရိပ္အကဲ ျပလိုက္သည္မို႔ ကြၽန္ေတာ္လဲ အံ့ၾသျခင္း မ်ားစြာျဖင့္ ဦးသကၠ အေနာက္မွ ကပ္လိုက္ခဲ့ပါသည္။
“…ထိုင္ၾကပါရွင္…ဆရာႀကီးတို႔အတြက္…လက္ဖက္ေလး…ယူခဲ့ပါဦး…”
ကြၽန္ေတာ္ႏွင့္ဦးသကၠ လက္ဖက္စားရင္း အၾကမ္းေရေသာက္ခါ ေဒၚခင္ျမႏွင့္ စကားစျမည္ ေျပာၾကပါသည္။
“…ဟဲ့…မခင္ျမ…အေလာင္းက….ဘယ္လိုေပ်ာက္သြားတာတုန္း…ငါ့ကို…ေျပာျပပါဦး..”
ဦးသကၠ ထိုသို႔ေျပာေသာအခါ အၿပဳံးျဖင့္ ႀကိဳေနေသာ ေဒါခင္ျမ၏ မ်က္ႏွာမွာ မ်က္ရည္မ်ား စီးၾကလာလွ်က္။
“….အဟင့္…ဟင့္…ဆရာႀကီးရယ္…အေလာင္းမရွိတဲ့…ညီမေလးရဲ႕နာေရး…ျဖစ္ပုံကေတာ့…ဒီလိုပါရွင္…”
ထိုေန႔ညေနက မႏွင္းလွတစ္ေယာက္ အိမ္ထဲမွာ ဆန္ျပာေနတုန္း ႐ုတ္တရက္ ဆန္ေကာအား ပစ္ခ်လိုက္ၿပီး မတ္တပ္ ထရပ္ခါ။
“…ငါလာၿပီေဟ့…”
ဟု ေအာ္ဟစ္ရင္း အိမ္ႀကီး၏ ေလွကားေပၚမွ ကြၽမ္းပစ္ခ်လိုက္ပါေတာ့သည္။ ခါတိုင္းက ဒီလိုပုံစံမ်ိဳး မၾကာခဏ ျဖစ္ေပမဲ့ ယခုကေတာ့ အေတာ္ပဲ အၾကနာသည္ဟု ေျပာရေပမည္။ မခင္လွ တစ္ေယာက္ ျပန္ထမလာေတာ့ပါ အတူေနေသာ တူမျဖစ္သူ မခင္ျမ၏ သမီးအႀကီး မသီတာက လိုက္ဆြဲေပမဲ့ မရလိုက္ပါ အေဒၚျဖစ္သူကို ေပြ႕ဖက္ရင္း ပတ္ဝန္းက်င္ကို အကူအညီေတာင္းေတာ့မွ ႐ြာသားမ်ား ေရာက္လာခဲ့ေပမဲ့ မခင္လွတစ္ေယာက္ ေသြးအိုင္ထဲ ဇာတ္က်ိဳး၍ မရႉ႔မလွ ေသပြဲဝင္သြားခဲ့ေလၿပီ။
~~~~~~~
မႏွင္းလွ၏ သတင္းကိုၾကားေတာ့ ႐ြာသားမ်ားနဲ႔ အစ္မျဖစ္သူ မခင္ျမလဲ ေရာက္လာၾကၿပီး ယူႀကဳံးမရ ျဖစ္ၾကရေလသည္။ ထိုေနာက္ မႏွင္းလွအား အေခါင္းထဲသို႔ထည့္ကာ အိမ္ေရွ႕ ၌ ထုတ္ထားလိုက္ၾကေတာ့သည္။
“…ေဟ့ေကာင္ေတြ…အရမ္းမူးေအာင္… မေသာက္ၾကနဲ႔ေနာ္…မင္းတို႔ဒီည…အေလာင္းေစာင့္ရမွာ…”
႐ြာထဲမွ ကာလသားေခါင္း “ကိုျမင့္ေအး”က အရက္ေသာက္ေနၾကေသာ ကာလသားမ်ားကို ေျပာလိုက္ျခင္းပင္ ျဖစ္၏။
“…ဟုတ္ကဲ့ပါ…ကိုႀကီးျမင္ေအးရယ္…က်ဳပ္တို႔ …ေစာင့္ေနၾကပါဗ်…စိတ္ခ်သာထားခဲ့…”
ကိုျမင့္ေအး အေခါင္းအား မရဲတရဲျဖင့္ ၾကည့္လိုက္ၿပီးေနာက္။
“..ေအး…ဒါဆိုရင္လဲ…ငါျပန္ေတာ့မယ္…စိတ္ခ်မယ္ေနာ္…”
“စိတ္သာခ်..စိတ္သာခ်ဗ်ိဳ႕…ေအ့..”
ကိုျမင့္ေအး နာေရးအိမ္အား ေက်ာခိုင္းကာ ျပန္ခဲ့ပါေတာ့သည္။
ညသည္ လဆုတ္ရက္ျဖစ္သည္မို႔ ပတ္ဝန္းက်င္တစ္ခုလုံး အေမွာင္ႀကီးစိုးလွ်က္ နာေရးအိမ္မွာေတာ့ ေအာက္လင္းမီး​အိမ္ေၾကာင့္ အလင္းေရာင္ ေကာင္းေကာင္း ရေနပါသည္။တစ္ေျဖးေျဖး ညဥ့္နက္လာသည္ႏွင့္ ကာလသားမ်ားလဲ ေတာအရက္တန္ခိုးျဖင့္ အၿပိဳၿပိဳအလဲလဲ ျဖစ္ေနၾကၿပီျဖစ္၏။
“…ဝူး…..ဝူး…..ဝုတ္…ဝုတ္…ဝူး…..”
႐ြာထဲမွေခြးမ်ား ထိုးေဟာင္ကာ အူေနၾကၿပီး တစ္ေျဖးေျဖးႏွင့္ ေခြးအူသံမ်ားသည္ တစ္႐ြာလုံးရွိ ေခြးမ်ားပါ ကူးစက္ကာ ဆူညံပြတ္ေလာ႐ိုတ္ေန၏ ေခြးအူသံမ်ား နာေရးအိမ္ႏွင့္ တစ္ေျဖးေျဖး နီးလာၿပီး သိပ္မၾကာခင္မွာပဲ ေခြးအူသံမ်ား ႐ုတ္တရက္ တိတ္ဆိတ္သြားေလသည္။ အရက္မ်ား စိတ္ႀကိဳက္ေသာက္ထားၾကသည့္ ကာလသားမ်ားထဲမွာ “တင္ဆန္း”တစ္ေယာက္ အရက္တန္ခိုးျဖင့္ အေပါ့သြားခ်င္လာ၍ လန္႔ႏိုးလာ၏။
“…ဟင္…ဘာ…ဘာေတြျဖစ္ကုန္တာလဲ….”
တင္ဆန္း အေပါ့သြားဖို႔ ထလိုက္စဥ္ သူတို႔နဲ႔ မလွမ္းမကမ္းရွိ အရီးေလး “ေဒၚႏွင္းလွ”၏ အေခါင္းအံဖုံးမွာ ပြင့္ေနတာကို ျမင္လိုက္ရျခင္းပင္ျဖစ္သည္။ တင္ဆန္းသည္ ေၾကာက္တတ္သူ မဟုတ္၍ အနာသို႔ကပ္ခါ အေခါင္းထဲသို႔ ၾကည့္လိုက္ေသာအခါ။
“…ေအာင္မေလးဗ်ာ…လုပ္…လုပ္ၾကပါဦး…”
တင္ဆန္းတစ္ေယာက္ ထိုသို႔ ေအာ္ဟစ္ခါအေနာက္သို႔ ဖင္ထိုင္လွ်က္ လဲၾကသြားပါေတာ့သည္။ အတူအိပ္ေနေသာ ကာလသားမ်ားလဲ လန္႔ႏိုးလာၾကၿပီး တင္ဆန္းအား ဆြဲထူကာ။
“…ေဟ့ေကာင္တင္ဆန္း…ဘာျဖစ္တာတုန္းဟ..”
တင္ဆန္း စကားမေျပာႏိုင္ပါပဲ အေခါင္းဆီသို႔သာ လက္ညႇိဳးထိုးျပေနေသာေၾကာင့္ ကာလသားမ်ားလဲ ၾကည့္လိုက္ၾကေသာအခါ”
“…ဟာ…”
“…ဟင္….”
“…ဟိတ္ေကာင္ေတြ….အေလာင္းမရွိေတာ့ဘူးကြ…လုပ္….လုပ္ၾကပါဦးဟ….”
ကာလသားမ်ား ေျခဦးတည့္ရာသို႔ အလွ်ိဳလွ်ိဳ ေျပးၾကပါေတာ့သည္။ နာေရးအိမ္သို႔ ပတ္ဝန္းက်င္ရွိ လူႀကီးတစ္ခ်ိဳ႕ ေရာက္လာၾကၿပီး ႐ုတ္႐ုတ္သဲသဲ ျဖစ္ကုန္ၾကပါေတာ့သည္။
“..အျဖစ္အပ်က္ကေတာ့…အဲ့ဒါပါပဲ..ဆရာႀကီးရယ္…”
မခင္ျမ ျပန္ေျပာျပသည့္ အေၾကာင္းအရာမ်ားကို ေခါင္းတဆတ္ဆတ္ျဖင့္ နားေထာင္ေနသည့္ ဦးသကၠ တစ္စုံတစ္ခုကို စဥ္းစားေနဟန္ျဖင့္ သို႔ေသာ္ ဟန္မပ်က္ အၾကမ္းရည္ေသာက္ခါ။
“…စိတ္မပူပါနဲ႔…ငါတို႔…မႏွင္းလွရဲ႕အေလာင္းကို…ရေအာင္ရွာေပးပါ့မယ္…ဒါနဲ႔…အေလာင္းကို…တစ္ခ်က္သြားၾကည့္ၾကပါဦး….”
ဦးသကၠ ျပန္ခါနီး ေဒါႏွင္းလွ၏ အေလာငါးအား သြားၾကည့္ေစ၍ ေဒၚခင္ျမလဲ မ်က္ရည္မ်ားၾကားမွပင္ သူ၏ တူေမာင္ျဖစ္သူ သာစိန္ ကို သြားၾကည့္ခိုင္းပါသည္။
“…အရီးေလး…ဘာမွမရွိပါဘူးဗ်…”
အေခါင္းအနားမွ သာစိန္လွမ္းေအာ္တဲ့အခါ ကြၽန္ေတာ္ အံၾသထိတ္လန္႔သြားမိပါသည္။
“..ဟဲဲ့…သာစိန္…ေသခ်ာလဲၾကည့္ေနာ္…”
“ေသခ်ာပါတယ္..အရီးေလးရယ္…က်ဳပ္မ်က္လုံးက…အေကာင္းႀကီးပါဗ်…”
သူတို႔တူဝရီးႏွစ္ေယာက္ အျပန္အလွန္ေျပာေနသည္ကို ဦးသကၠ ၾကားကပဲ လက္ကာျပလိုက္ၿပီး။
“…ကဲ…ထားလိုက္ေတာ့….ငါတို႔ဒီကိစၥကို…အျမန္ဆုံးအဆင္ေျပေအာင္…လုပ္ေပးမယ္…စိတ္ခ်ေနပါ….။
“..အားကိုးပါတယ္ ..ဆရာႀကီးရယ္…ကူညီေပးပါဦး….အခုဆိုရင္…႐ြာထဲကလူေတြကလဲ…ဒီကိုမလာရဲၾကေတာ့ဘူး…အီး…ဟီး….ဟီး….”
ေျပာလဲေျပာ ငိုလဲငိုျဖစ္ေနေသာေၾကာင့္ ေဒၚခင္ျမအား မနည္းႏွစ္သိမ့္ကာ ကြၽန္ေတာ္တို႔ ျပန္လာခဲ့ၾကပါေတာ့သည္။
~~~~~~~~
“…ကဲ….ဦးေလးေရ…အေလာင္းက….ရွိေနပါလွ်က္နဲ႔ ကြၽန္ေတာ္တို႔ပဲ…ျမင္ေနရတာ…ဘယ္လိုလုပ္ၾကမလဲ…”
ဦးသကၠ အၾကမ္းေရတစ္ခြက္ငွဲ႔ကာ မႈတ္ေသာက္လိုက္ၿပီးေနာက္။
“…ဒီကိစၥကို..ဘယ္သူ႔ဆီ…ေမးရမယ္ဆိုတာ…ငါသိပါတယ္ကြာ… ညေန…ႏြား႐ိုင္းသြင္းခ်ိန္ၾက…မင္းငါ့ဆီကို…တစ္ေခါက္လာခဲ့…လူေလး…”
“…ဟုတ္…ဟုတ္ကဲ့ပါ..ဦးေလး..”
ဦးသကၠအားႏႈတ္ဆက္ခါ ကြၽန္ေတာ္ အိမ္သို႔ျပန္လာခဲ့ၿပီး ထင္းခြဲ၊ေရခပ္ျဖင့္ ညေနေစာင္းသြားခဲ့၏။ဦးသကၠမွာသည့္အတိုင္း ေရခ်ိဳး အဝတ္အစားလဲကာ ႏြား႐ိုင္းသြင္းခ်ိန္ ေရာက္တာနဲ႔ ခပ္သြတ္သြတ္ ေလွ်ာက္သြားခဲ့ပါေတာ့သည္။
“…ေအး..လူေလး…မင္းကိုငါေစာင့္ေနတာကြ… လာ…သြားၾကရေအာင္..”
ဦးသကၠေခၚရာသို႔ ကြၽန္ေတာ္ လိုက္ပါလာခဲ့ၿပီး ႐ြာထိပ္မွ ေညာင္လမ္းပင္ႀကီးေအာက္ ေရာက္သည္ႏွင့္ ဦးသကၠ ပါလာေသာ လက္ဖက္ကြမ္းယာ အေမြးနံ႔သာမ်ား ဆီမီးမ်ား ထြန္းညႇိပူေဇာ္လိုက္ၿပီး ကြၽန္ေတာ္အား အေနာက္သို႔ ဆုတ္ေနရန္ လက္ဟန္ျပလိုက္တဲ့အခါ ကြၽန္ေတာ္လဲ အေနာက္ဘက္သို႔ အသာကပ္ေနလိုက္ပါသည္။ အခ်ိန္သည္ကား ေနဝင္ေနၿပီမို႔ လူလုံးမကြဲေတာ့ေပ။
“..ဤ႐ြာကို…အပိုင္စားတဲ့..႐ြာေတာ္ရွင္ႀကီး.. ခင္မ်ာ…သိလိုသည္မ်ား…ရွိပါသျဖင့္…ႂကြေရာက္ေပးပါရန္…ေမတၱာရပ္ခံပါတယ္…ခင္မ်ာ”
ဦးသကၠ စကားဆုံးသည္ႏွင့္ ေညာင္လမ္းပင္မွ ေညာင္မုတ္ဆိတ္မ်ား လႈပ္ခါရမ္းလာၿပီး ေညာင္လမ္းပင္ႀကီးမွာလဲ သစ္႐ြက္စိမ္းမ်ား ေႂကြၾကသည္အထိ လႈပ္ခါသြားပါေတာ့သည္။
“…ဘယ္အေရးရွိလို႔…ေရာက္လာတာပါလဲ.. ဆရာႀကီး…”
ဦးသကၠအေရွ႕မွာ ကိုယ္ေရာင္ဝါဝင္းလွ်က္ အသံႏွင့္အတူ ႐ုတ္တရက္ေပၚလာသည့္ ႐ြာေတာ္ရွင္အား ကြၽန္ေတာ္ၾကည့္လိုက္တဲ့အခါ အေတာ္ပင္ က်က္သေရရွိၿပီး ေအးျမတည္ၿငိမ္ ေသာ အမူအယာရွိ၏။ ကြၽန္ေတာ္သည္လဲ ႐ြာေတာ္ရွင္ဆိုတာကို ၾကားသာၾကားခဲ့ရဖူးၿပီး တစ္ႀကိမ္တစ္ခါမွ် မျမင္ခဲ့ဖူးေသာေၾကာင့္ ျဖစ္ေနသည္လားေတာ့ မသိေပ။
“….အေၾကာင္းကေတာ့…ဒီလိုပါ..႐ြာေတာ္ရွင္ခင္မ်ာ… ႐ြာေနာက္ပိုင္းက.. မႏွင္းလွဟာ… စုန္းတိုက္ခံရတယ္ဆိုၿပီး…ေလွကားေပၚက..ကြၽမ္းပစ္ခ်တာ.. ဇာတ္က်ိဳးေသသြားခဲ့ပါတယ္… ဒါေပမဲ့..မႏွင္းလွရဲ႕… အေလာင္းေကာင္ဟာလဲ…က်ဳပ္တို႔ႏွစ္ဦးသာ…ေတြ႕ျမင္ေနရၿပီး…က်န္လူမ်ားၾကည့္ပါက…ထူးဆန္းစြာနဲ႔…ေပ်ာက္ဆုံးေနလို႔ပါ..”
႐ြာေတာ္ရွင္ဆိုသူသည္ လက္သီးကိုဆုပ္လွ်က္ သူ၏ နဖူးအား ထိလိုက္ၿပီးေနာက္ မ်က္လႊာခ်ရင္း ေခတၱမွ် ၾကာေသာအခါ မ်က္လုံးျပန္ဖြင့္လာခဲ့ၿပီး ၿပဳံးလွ်က္ျဖင့္။
“…အေလာင္းက..အေခါင္းထဲမွာပဲ…ရွိပါတယ္… ဆရာႀကီး…”
“ျမတ္စြာဘုရား”
ဦးသကၠႏွင့္ကြၽန္ေတာ္ အံၾသသြားခဲ့ရသည္။
“မႏွင္းလွက..သူ႔အိမ္ေရွ႕…ၿခံစည္း႐ိုးအနားမွာ.. ႏွစ္ေပါင္းမနည္း..တည္ရွိေနတဲ့… တမာပင္ႀကီးကို… ခုတ္ပစ္ခဲ့တာကိုးဗ်… အဲ့ဒီတမာပင္မွာ… ေဝမာနိက အႏြယ္ဝင္ ၿပိတၱာမိသားစု…ေနထိုင္ၾကပါတယ္… ကြၽႏ္ုပ္ကိုယ္တိုင္…ေနရာေပးထားခဲ့တာ…ၾကာပါၿပီ… သစ္ပင္ႀကီးကို… မခုတ္ဖို႔… သူတို႔ေတြ.. အိမ္မက္ေပးၿပီး…ေတာင္းပန္ၾကပါေသးတယ္… လက္မခံပဲ… ခုတ္ခဲ့တဲ့အတြက္… အၿငိဳးထားခဲ့ၾကတာေပါ့ေလ…”
ဦးသကၠႏွင့္ကြၽန္ေတာ္ ဒီေတာ့မွ အနည္းငယ္ နားလည္လာခဲ့သည္။ တစ္ဆက္တည္းမွာပဲ ႐ြာေတာ္ရွင္က စကားဆက္၏။
“…အေလာင္းက… အေခါင္းထဲမွာပဲ….ရွိပါတယ္..သူတို႔ေတြ…. မေက်နပ္လို႔…မျမင္ေအာင္. ဝွက္ထားၾကလို႔…ဘယ္သူၾကည့္ၾကည့္…မျမင္ရတာပါ…ဆရာႀကီးရဲ႕…သီလသမာဓိေၾကာင့္သာ..ဒီအေလာင္းကို…ဆရာႀကီးတို႔ေတြ…ျမင္ေနရတာပါပဲ”
“….ေၾသာ္….ဒါေၾကာင့္ကိုး…”
“မၿပီးေသးဘူး….ဆရာႀကီး…မႏွင္းလွကို…ေသဆုံးသြားတဲ့အထိ…သူတို႔မလုပ္ခဲ့ၾကဘူး…သူတို႔က…အေလာင္းပဲ…ေဖ်ာက္ခဲ့ၾကတာ…မႏွင္းလွကိုသတ္တာ…ေအာက္လမ္းဆရာတစ္ေယာက္ပဲ…ဆင္ေသ႐ြာေနာက္ဘက္က…ကြင္းျပင္မွာေနတယ္….”
ဦးသကၠႏွင့္ကြၽန္ေတာ္ အံ့ၾသျခင္းမ်ားစြာျဖင့္။ ဆင္ေသ႐ြာ ဆိုသည္မွာ ကြၽန္ေတာ္တို႔ေနတဲ့႐ြာနဲ႔ အေတာ္ေတာ့ လွမ္းလွသည္ ၾကားထဲမွာ သုံ႔ပန္လွ႐ြာနဲ႔ က်ီးေတာ႐ြာ ျခားၿပီးမွ ေရာက္ေပလိမ့္မည္။
“..ကဲ…အေလာင္းေပ်ာက္တဲ့….ကိစၥကေတာ့…ေျဖာက္ထားတဲ့သူေတြကို..ကြၽႏ္ုပ္ေခၚယူဆုံးမလိုက္ပါ့မယ္..က်န္တာကေတာ့…ဆရာႀကီးတို႔ပဲ…ဆက္လုပ္လိုက္ၾကပါ…ဆရာႀကီးရဲ႕..သီလ၊သမာဓိကို ယုံၾကည္တဲ့အတြက္ အကူအညီလိုရင္ ကြၽႏ္ုပ္ဆီလာခဲ့ပါ…”
“…ေကာင္းပါၿပီဗ်ာ…”
အားလုံးကိစၥၿပီးသည္ႏွင့္ ကြၽန္ေတာ္တို႔ အိမ္ျပန္လာခဲ့ၾကသည္။အိမ္ေရာက္တဲ့အခါ ကြၽန္ေတာ္ လြယ္အိတ္ေလးကို ပစ္ခ်လိုက္ရင္း။
“ကဲ…ဦးေလးေရ…အမႈ႕ကေတာ့…ပိုၿပီးနက္နဲလာၿပီဗ်…ဘယ္လိုဆက္လုပ္ၾကမလဲ…”
ဦးသကၠ သူ၏လြယ္အိတ္အား တိုင္မွာခ်ိတ္ကာ လြယ္အိတ္ထဲမွ ကြမ္း႐ြက္မ်ားထုတ္ကာ ကြမ္းအစ္ထဲထည့္သို႔ လိုက္ၿပီးေနာက္။
“..မပူပါနဲ႔ကြာ…ဘယ္သူက..ဘယ္ေလာက္ပဲစြမ္းစြမ္း…သူတို႔ကို..ႏိုင္တဲ့သူဆိုတာ..ရွိစၿမဲပါ…မင္းအိမ္ကိုျပန္..မနက္ျဖန္ၾကရင္…ၾကက္သား ၅၀ေလာက္ဝယ္ထားၿပီး…ႏူးေနေအာင္ျပဳတ္…ေတာအရက္တစ္ပုလင္းလဲပါမယ္…ည၁၀နာရီေလာက္ၾကရင္…ငွက္​ေပ်ာဖက္နဲ႔ထုတ္ၿပီး…ယူလာခဲ့​ေခ်…က်န္တာ…ငါဆက္လုပ္မယ္…”
“…ဟုတ္ကဲ့….ဦးေလး…”
ဦးသကၠ ခိုင္းသည္ကို စိတ္ထဲမွာမွတ္လွ်က္ အိမ္သို႔ျပန္ခဲ့ပါေတာ့သည္။
“ဟဲ့…လွတင္ေရ…အရီးႏွင္းလွအေလာင္း…ျပန္ေတြ႕ၿပီတဲ့…”
ကြၽန္ေတာ္ ၿခံစည္း႐ိုးအနားက ကြပ္ပစ္အေပၚ ႏွီးထိုင္ထိုးေနတုန္း ႐ြာေတာင္ပိုင္းမွ မတင္လွႏွင့္ မစိန္ခ်စ္တို႔ ႏွစ္ေယာက္သား စကားေျပာသြားၾကတာကို နားစြင့္မိေနျခင္းပင္ ျဖစ္သည္။
“ဟုတ္လို႔လား…စိန္ခ်စ္ရယ္..”
“ေၾသာ္…ဟုတ္တာေပါ့…က်ဳပ္အကို..ကိုႀကီးျမေအး..မနက္က..နာေရးအိမ္ကျပန္လာတာ… အေလာင္းကို…အေခါင္းထဲမွာပဲ…ျပန္ေတြ႕တာတဲ့…ဒီေန႔ပဲ..ေျမျမဳပ္သၿဂႋဳလ္မွာေလ”
ကြၽန္ေတာ္ သူတို႔အျပန္အလွန္ေျပာေနျခင္းကို ၾကားရေတာ့ ဦးသကၠအား သတိရလွ်က္ ဒီညေတာ့ ဘာေတြ ဆက္ျဖစ္ဦးမည္ မသိေပ။
~~~~~~~~~~~
ညသည္ အလြန္ပင္တိတ္ဆိတ္လွ်က္ လဆုတ္ရက္မို႔ လေရာင္က သိပ္မရေတာ့ေပ ကြၽန္ေတာ္ႏွင့္ ဦးသကၠ သုံ႔ပန္လွ႐ြာနဲ႔ က်ီးေတာ႐ြာအား ျဖတ္ခဲ့ၾကၿပီး ဆင္ေသ႐ြာေနာက္ဘက္သို႔ ခ်ဥ္းကပ္ခဲ့ၾကပါေတာ့သည္။
“..လူေလး…ျမန္ျမန္ကြ…ေရွ႕နားမွာ…ငါတို႔အစီအစဥ္စမယ္…”
ဦးသကၠေျပာသည့္ ေရွ႕နားကို ၾကည့္လိုက္ေတာ့ အေမွာင္အရိပ္ေၾကာင့္ သဲသဲကြဲကြဲမျမင္ရေပ။ ကြၽန္ေတာ္ ေခတၱမွ် ေလွ်ာက္လာခဲ့ၿပီးေနာက္ ကြင္းျပင္တစ္ခုကို ေရာက္တဲ့အခါ။ဦးသကၠ ပါလာေသာ ပုဆိုးၾကမ္းေလးအား ေျမေပၚခ်ခင္းလိုက္ၿပီး ကြၽန္ေတာ္ပါလာေသာ ၾကက္နဲ႔အရက္ကို ငွက္ေပ်ာဖက္ေပၚတင္ကာ ကြၽန္ေတာ္အား အေနာက္သို႔ဆုတ္ေစရင္း ကန္သင္းမ်ားဘက္သို႔ မ်က္ႏွာမူလိုက္ၿပီးေနာက္။
“…ကြင္းပိုင္နဲ႔…နယ္ပိုင္ခင္မ်ာ…စားေသာက္ဖြယ္ရာမ်ား…ျပင္ဆင္ေပးထားပါတယ္…. ေပ်ာ္ေပ်ာ္ပါးပါးသုံးေဆာင္ရင္း….သိလိုသည္မ်ား…ေမးပါရပါေစခင္မ်ာ…။
ဦးသကၠ တစ္ႀကိမ္ေျပာေပမဲ့ ေပၚမလာေသး ဒုတိယအႀကိမ္ ထပ္ေျပာမွသာ သန္မာထြားႀကိဳင္းေသာ လူႀကီးႏွစ္ေယာက္ ႐ုတ္တရက္ ေပၚလာၿပီး ခင္းထားေသာ ပုဆိုးၾကမ္းေပၚသို႔ မ်က္ႏွာျခင္းဆိုင္ ထိုင္လိုက္ၾက၏။
“…ဆရာႀကီး…ဘာမ်ားသိလိုပါသလဲ…ေမးပါ…”
ထိုလူႀကီးႏွစ္ေယာက္ ေသာက္စားေနၾကရင္းက ဦးသကၠအား ေမးလာသည့္အတြက္ ဦးသကၠလဲ ကြင္းျပင္သို႔ တစ္ခ်က္ၾကည့္ကာ။
“….ဒီလိုပါ…ကြင္းပိုင္နဲ႔နယ္ပိုင္ႀကီးတို႔..ခင္မ်ာ”
ဟု အစခ်ီကာ ေဒၚႏွင္းလွ၏ အျဖစ္အပ်က္အစုံနဲ႔ ႐ြာေတာ္ရွင္ေျပာၾကားသည္မ်ားကို ျပန္လည္ေျပာျပလိုက္တဲ့အခါ။
“…ခြပ္…”
ခ်ထားေသာပုလင္းအား ေျမေပၚသို႔ ေဒါသတႀကီးနဲ႔ ေဆာင့္ခ်လိုက္ၿပီး ေပါင္မွာ ထိုးကြင္းမ်ားနဲ႔ လူႀကီးက။
“..ရာရာစစ…ငါ့နယ္ထဲမွာ…ဒါမ်ိဳးလုပ္ဝံ့သလား…ဒီေကာင္ကို…ငါၾကည့္မရတာၾကာၿပီ…ေတြ႕ၾကေသးတာေပါ့ကြာ..”
ထိုသို႔ေျပာကာ ေဘးနားရွိ ေကာက္႐ိုးျပတ္မ်ားကို ဆြဲယူကာ တစ္ခုခုကို ႐ြတ္ဆိုလိုက္ၿပီးေနာက္။
“…ဟဲ့…ငါ၏တပည့္သားမ်ား…ဒီေကာက္႐ိုးေတြက…ေႁမြအျဖစ္နဲ႔…အဲ့ဒီေကာင္ကို…သြားကိုက္ၾကစမ္းဟဲ့…”
လက္ထဲမွ ေကာက္႐ိုးျပတ္မ်ားကို ေျမေပၚသို႔ပစ္ခ်လိုက္သည္ႏွင့္ ေၾကာက္စရာေကာင္းသည့္ အဆိပ္ျပင္း ေႁမြေဟာက္ႀကီးမ်ား ျဖစ္သြားလွ်က္ ကြင္းျပင္မ်ားရွိဘက္သို႔ အလွ်ိဳလွ်ိဳျဖင့္ ထြက္သြားၾကပါေတာ့သည္။ဦးသကၠလဲ ထိုျမင္ကြင္းကို ၾကည့္ကာ။
“သူ႔အသက္ကိုေတာ့…ေသေအာင္မလုပ္ပါနဲ႔…မွတ္ေလာက္ေအာင္…ဆုံးမေပးရင္ပဲ…ရပါၿပီ..”
“ေကာင္းပါၿပီ…ဆရာႀကီး…ဆရာႀကီးရဲ႕မ်က္ႏွာကို…ေထာက္ထားၿပီးေတာ့…က်ဳပ္အသက္ခ်မ္းသာေပးလိုက္ပါ့မယ္….။
ထိုညက စားေသာက္ဖြယ္မ်ား ေကြၽးေမြးကာ ကြၽန္ေတာ္ႏွင့္ ဦးသကၠ ျပန္လာခဲ့ၾကသည္။
~~~~~~~~~~~
“….ဗ်ိဳ႕…ဆရာႀကီးရွိလားဗ်…”
ကြၽန္ေတာ္ႏွင့္ ဦးသကၠ သူတို႔အိမ္ေလးမွာ ေရေႏြးေသာက္ရင္း စကားေျပာေနတုန္း အသက္၄၀ဝန္းက်င္ခန္႔ လူတစ္ေယာက္ ၿခံအ​ေရွ႕မွ ေခၚသံေၾကာင့္ ဦးသကၠ ေခါင္းေထာင္ၾကည့္လိုက္ၿပီး။
“…ေအး..ရွိတယ္ကြ…အထဲဝင္ခဲ့ေလ….”
ကြၽန္ေတာ္တို႔ ထိုင္ေနတဲ့ အိမ္ေရွ႕ကြပ္ပစ္ေပၚသို႔ ထိုလူဝင္လာၿပီး ႐ိုေသစြာ လက္အုပ္ခ်ီကာျဖင့္။
“….ဆရာႀကီး…ကြၽန္ေတာ္နာမည္က..”ဘသိုက္” လို႔….ေခၚပါတယ္…ဆင္ေသ႐ြာမွာ..ေနပါတယ္…”
ဦးသကၠ ဘာမွမေျပာေသးပဲ ၿပဳံးလွ်က္ျဖင့္ အၾကမ္းေရေလး မႈတ္​ေသာက္ကာ နားေထာင္ေနသည္။
“…ကြၽန္ေတာ္…ေအာက္လမ္းပညာနဲ႔…ေဒၚႏွင္းျမကို…အသက္ေသတဲ့အထိ…ဒုကၡေပးခဲ့မိပါတယ္..ဆရာႀကီး…”
ကြၽန္ေတာ္လဲ ဒီေတာ့မွာ ထိုလူဟာ ႐ြာေတာ္ရွင္ေျပာေသာ ဆင္ေသ႐ြာမွ ေအာက္လမ္းဆရာဆိုတာ သိလိုက္ရ၏။ ထိုေနာက္ ဦးသကၠ ကြမ္းအစ္ထဲမွာ ကြမ္းသီးမ်ားကို ထုတ္ကာ ကြမ္းညႇပ္ျဖင့္ တေတာက္ေတာက္ ညႇပ္ရင္းနဲ႔ ထိုလူအား ေမးပါေတာ့သည္။
“…ေကာင္းပါၿပီ…ကိုယ့္အျပစ္ကို..ဝန္ခံတာဟာ…ေကာင္းတဲ့အရာပါပဲ…ဒီလိုယုတ္ကန္းတဲ့..ပညာေတြနဲ႔…အသက္ေမြးဝမ္းေၾကာင္း…မျပဳပါနဲ႔..”
“…ဟုတ္…ဟုတ္ကဲ့ပါ…ဆရာႀကီး…ကြၽန္ေတာ္လဲ….မလုပ္ရဲေတာ့ပါဘူး…ညဘက္ေတြဆို…ေႁမြေဟာက္ႀကီးေတြ…ကြၽန္ေတာ္အိမ္ထဲထိ…ေရာက္လာၿပီး…ေႁမြတြန္သံေတြလဲ…တစ္ၿခံလုံးဆူညံေနလို႔…ကြၽန္ေတာ္မအိပ္ရတာ..သုံးရက္ရွိပါၿပီဆရာႀကီး…ကြၽန္ေတာ္ကို…ညသန္းေခါင္အခ်ိန္မွာ…ေပါင္မွာထိုးကြင္းေတြနဲ႔လူႀကီးက…လက္ပံကုန္း႐ြာမွာေနတဲ့…ဆရာႀကီးကို…ေတာင္းပန္ဖို႔လာေျပာလို႔…ကြၽန္ေတာ္လာခဲ့ရတာပါ…ဆရာႀကီး…”
ဦးသကၠ သက္ျပင္းတစ္ခ်က္ခ်ကာ။
“…ဒါနဲ႔…မင္းကိုဘယ္သူက…မႏွင္းလွကို…လုပ္ႀကံခိုင္းတာလဲ…အမွန္တိုင္းေျပာပါ..”
ဘသိုက္ဆိုသူသည္ ေဘးပတ္ဝန္းက်င္ကို ေသျခာလိုက္ၾကည့္ၿပီးေနာက္။
“…ကြၽန္ေတာ္ကို…ဒီလိုလုပ္ဖို႔အတြက္…မႏွင္းလွရဲ႕အစ္မ…ေဒၚခင္ျမခိုင္းတာပါ…”
“….ျမတ္စြာဘုရား…”
ကြၽန္ေတာ္ႏႈတ္မွ အာေမဋိတ္သံ ထြက္သြားၿပီး ရင္ဘက္ဖိကာ လူေတြရဲ႕ေလာဘအား အေတာ္ပင္ ေၾကာက္႐ြံမိပါေတာ့သည္။ထိုေနာက္ ဦးသကၠက။
“…ကဲ….ေကာင္းပါၿပီ….မင္းလဲျပန္ေတာ့…ေလာဘႀကီးတဲ့…မခင္ျမကေတာ့…တူေသာအက်ိဳး…ေပးပါလိမ့္မယ္ကိုယ္လုပ္ခဲ့တဲ့…အကုသိုလ္အျပစ္ကေတာ့…ကိုယ္နဲ႔သာဆိုင္တာမို႔…ခံလိုက္ဦးေပါ့..ဒါေပမဲ့…မင္းမွာရွိတဲ့…မေကာင္းတဲ့ပညာေတြအကုန္လုံး…ငါ့ကိုလႉခဲ့ပါ…အလႉခံပါတယ္…”
“…ဟုတ္ကဲ့ပါ…ဆရာႀကီး…ကြၽန္ေတာ္လႉပါ့မယ္..”
ဦးသကၠ ကြမ္းတစ္႐ြက္ကို လက္ျဖင့္အုပ္မန္းၿပီး ေအာက္လမ္းဆရာ ကိုဘသိုက္အား စားေစလွ်က္ ၿပီးတဲ့အခါမွာေတာ့”
“ကဲ…သြားေပဦးေတာ့…ေမာင္ဘသိုက္ေရ…ဒီကေန႔ကစ…မေကာင္းတာမွန္သမွ်..မင္းဘာလုပ္လုပ္..မစြမ္းေတာ့ပါဘူး…ေရွ႕ဆက္ၿပီး…ခုႏွစ္ရက္သားသမီးေတြကို…ကယ္တင္ႏိုင္ပါေစကြာ…”
ကိုဘသိုက္ ဦးသကၠအားကန္ေတာ့ၿပီးေနာက္ ျပန္ထြက္သြားပါေတာ့သည္။
“ကဲ…လူေလးေရ…ငါတို႔ဒီရက္ထဲ…ခရီးထြက္ၾကရေအာင္…ျပင္ဆင္ထားဦး…”
ဦးသကၠ၏ ႐ုတ္တရက္ ေျပာလာေသာ စကား​ေၾကာင့္ ကြၽန္ေတာ္ ေၾကာင္ၾကည့္ကာ။
“ဘယ္အေရးရွိလို႔တုန္း…ဦးေလးရဲ႕…”
ဦးသကၠ ဘုရားေက်ာင္းေဆာင္ေပၚမွ အနီးေရာင္ပိတ္စျဖင့္ ပတ္ထားေသာ အရာကိုယူကာ ဖြင့္လိုက္တဲ့အခါ ေ႐ႊေရာင္ ေပစာ႐ြက္ေလးတစ္႐ြက္ ထြက္လာ၏။
“အဲ့ဒါဘာလဲ…ဦးေလး….”
ဦးသကၠၿပဳံးလွ်က္။
“…ဒါဘုရားၿပိဳသိုက္က…အကူအညီေတာင္းလာတဲ့ေပစာပဲ…လူေလး….”
ကြၽန္ေတာ္ေသျခာၾကည့္ၿပီး။
“ဘုရားၿပိဳသိုက္…ဟုတ္လားဦးေလး…”
“ေအး…ဟုတ္တယ္ကြ…ထိန္ပင္႐ြာရဲ႕…ေတာင္ဘက္မွာ…ဘုရားၿပိဳသိုက္ဆိုတာရွိတယ္…အခု႐ြာေတြက…အဲ့ဒီဘက္အထိခ်ဲ႕လာတဲ့အခါ…သူတို႔လဲ…မေနႏိုင္ေတာ့တာနဲ႔….သိုက္ေျပာင္းဖို႔…လုပ္ေနၾကတယ္…ငါတို႔က…သူတို႔လိုရာအထိေရာက္ေအာင္…ကူညီေပးဖို႔ပါပဲ…”
အေလာင္းေပ်ာက္ ရွာပုံေတာ္ၿပီးတဲ့အခါ ကြၽန္ေတာ္နဲ႔ဘုရားၿပိဳသိုက္ ဘယ္လိုလာဦးမလဲဆိုတာကေတာ့ ေစာင့္ေမွ်ာ္ဖတ္ရႉ႔ေပးပါဦးခင္မ်ာ။🙏
ၿပီးပါၿပီ။
ဆက္လက္ႀကိဳးစားပါဦးမည္။
ကြၽန္ေတာ္ရဲ႕ေနာက္ထြက္မည့္ စာမူေလးက
“ကြၽန္ေတာ္ႏွင့္​ဘုရားၿပိဳသိုက္”ပဲ ျဖစ္ပါတယ္ ေစာင့္ေမွ်ာ္ အားေပးၾကပါဦးဗ်။
#ေလလြင့္လူ(တြံေတး)8.11.2023